← Chapters

အခန်း ၁၄၇

Vol. 13 Ch. 147

အခန်း ၁၄၇

Vol. 13 Ch. 147

အခန်း။ ၁၄၇

တရားရုံးတော်၏ ပထမအဆင့် စီရင်ချက်ကို လူသိရှင်ကြား ကြေညာလိုက်သည့်အခါ အွန်လိုင်းလောကတစ်ခုလုံး တုန်လှုပ်ချောက်ချားသွားခဲ့သည်။

ရှဲ့စီယုအနေဖြင့် အသက်အရွယ်ကြီးရင့်သူအား လျော်ကြေးငွေ ယွမ် ၁.၃ သန်း ပေးလျော်ရန်၊ ထောင်ဒဏ် ၁၀ နှစ် ကျခံရန်နှင့် သတ်လတ်ပိုင်းအရွယ် အမျိုးသမီးအတွက် ထပ်မံ၍ ယွမ် ၁ သိန်း ပေးအပ်ရန်၊ စုစုပေါင်း ယွမ် ၁.၄ သန်း လျော်ကြေးပေးအပ်ရမည်ဟု ပြင်းထန်စွာ အမိန့်ချမှတ်လိုက်သည်။

ဤစီရင်ချက်နှင့်ပတ်သက်၍ လူမှုကွန်ရက်ပေါ်တွင် ဝေဖန်သံများ ဟိန်းထွက်လာခဲ့သည်။

"ဒီခေတ်ကာလမှာ လူကောင်းတစ်ယောက်အဖြစ် နေထိုင်ဖို့ဆိုတာ မဖြစ်နိုင်တော့တာလား။ စေတနာထားပြီး ကူညီမိတာကပဲ ထောင်ကျရမယ့် အကြောင်းရင်း ဖြစ်သွားရမှာလား။

ရှဲ့စီယုဆိုတာ ကျောင်းပြီးခါစ လူငယ်တစ်ယောက်ပါ။ ဒီစီရင်ချက်က သူမအတွက် တရားမျှတပါရဲ့လား"

တစ်ဦးက မေးခွန်းထုတ်လိုက်သည်။

"ရယ်စရာကောင်းလိုက်တာ။ ရှဲ့စီယုက စေတနာနဲ့ ကူညီလိုက်တာကို အဘိုးအိုဘက်က သိန်းချီပြီး ငွေညှစ်နေတာ။ သူမ မာစီဒီးကား စီးထားတာကို မြင်ပြီး ချမ်းသာတယ်လို့ ထင်နေတာလား။ အခုတော့ ငွေကို အဓမ္မတောင်းဆိုနေကြပြီ"

နောက်တစ်ဦးက ပြောလိုက်သည်။

"တရားသူကြီးက မင်းမတိုက်မိရင် ဘာလို့ ကူညီတာလဲဆိုပြီး မေးခွန်းထုတ်သွားတာကို ကျွန်တော် လုံးဝ နားမလည်နိုင်ဘူး။ ဒါက အင်မတန်မှ ရုပ်ဆိုးတဲ့ စီရင်ချက်ပဲ။ ဒီတရားသူကြီးရဲ့ မိသားစုဝင်တွေ လမ်းပေါ်မှာ လဲကျနေရင် ဘယ်သူကများ ကူညီရဲတော့မှာလဲ" ဟု ပြင်းထန်စွာ ဝေဖန်ကြသည်။

ဤစီရင်ချက်သည် အလွန်ပင် မတရားကြောင်းနှင့် မယုတ္တိရှိကြောင်း ပရိသတ်များက ဝိုင်းဝန်း ပြောဆိုနေကြသည်။

ရှဲ့စီယုအနေဖြင့် မည်သည့်အမှားမျှ မပြုလုပ်ခဲ့ဘဲ လူကြီးသူမကို ကူညီမိခြင်းသည်ပင်လျှင် အပြစ်တစ်ခု ဖြစ်သွားခဲ့ရသည့် အခြေအနေအတွက် အံ့ဩမဆုံး ဖြစ်နေကြသည်။

အဲ့ဒီအမျိုးသမီးကရော ဘာဖြစ်လို့လဲ၊ သူမကိုလည်း တိုက်မိလို့လား၊ ဘာကြောင့်များ ယွမ်တစ်သိန်း လျော်ကြေး ပေးရမှာလဲဟုလည်း မေးခွန်းထုတ်မှုများ ရှိနေသည်။

ရှေ့နေဂူချန်အနေဖြင့် ဤအမှုတွင် မည်ကဲ့သို့ ဝင်ရောက်စွက်ဖက်ကာ တရားမျှတမှုကို ရှာဖွေပေးမည်ကိုလည်း အများက စောင့်ကြည့်နေကြသည်။

ဤအမှုသည် အမှန်တကယ်ပင် ရယ်စရာကောင်းလှသည်။

လမ်းပေါ်တွင် တစ်စုံတစ်ယောက် အသက်အန္တရာယ်ဖြစ်နေလျှင်ပင် ကိုယ်နှင့် မသက်ဆိုင်သလို မျက်စိမှိတ်ထားမှသာ ထောင်မကျမည့် အခြေအနေမျိုးကို ရောက်ရှိသွားသကဲ့သို့ ခံစားနေရသည်။

တစ်ဖက်တွင်မူ အဘိုးအို၏သားဖြစ်သူ ကျန်းကျီချန်မှာမူ စီရင်ချက်ကြောင့် အလွန်အမင်း စိတ်ကျေနပ်နေသည်။

ယွမ် ၁.၃ သန်းဆိုသော ငွေကြေးပမာဏကို ရရှိတော့မည်ဖြစ်ရာ သူ၏ လောဘဇောမှာ အထွတ်အထိပ်သို့ ရောက်ရှိနေသည်။

သူသည် ရှဲ့စီယု၏ မိသားစု ချမ်းသာကြွယ်ဝကြောင်း ကောင်းစွာသိထားသည့်အတွက် ငွေကြေးပမာဏကို အဆမတန် တောင်းဆိုရန်သာ အာရုံရှိနေသည်။

မည်သို့ပင်ဖြစ်စေ သူသည် ရှဲ့စီယု တိုက်မိသည်ဟုသာ အခိုင်အမာ ပြောဆိုလျက် လျော်ကြေးရရှိရေးအတွက် အကြပ်ကိုင်နေသည်။

ရှဲ့စီယုမှာမူ ငွေကြေးကို ချက်ချင်းမပေးအပ်သေးသည့်အတွက် အဘိုးအိုမှာ ဆေးရုံတွင် တစ်ယောက်တည်း ကျန်ခဲ့ရသည်။

အဘိုးအိုတွင် သားသမီး ၆ ယောက် သား ၄ ယောက်၊ သမီး ၂ ယောက် ရှိသော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ ဆေးကုသစရိတ်ကို တာဝန်ယူပေးလိုခြင်းမရှိပေ။

ဆေးရုံတွင်လည်း ငွေပေးချေမှုမရှိဘဲ ဆက်လက်ကုသရန် အခက်အခဲရှိနေသည်။

အဘိုးအိုမှာ နှလုံးရောဂါအပြင် ခြေထောက်ကျိုး ဒဏ်ရာများနှင့် အခြားထိခိုက်ဒဏ်ရာများဖြင့် သားသမီးများ၏ လစ်လျူရှုမှုကို ခံခဲ့ရသည်။

နောက်ဆုံးတွင်မူ ပြုစုစောင့်ရှောက်သူမဲ့လျက် အဘိုးအိုမှာ ဆေးရုံပေါ်တွင်ပင် အသက်ဆုံးရှုံးသွားခဲ့ရတော့သည်။

အဘိုးအို ကွယ်လွန်သွားပြီးနောက်တွင်လည်း သားသမီး ၆ ယောက်စလုံးမှာ အဖေဖြစ်သူ၏ နောက်ဆုံးခရီးကို စီစဉ်ပေးရန် လုံးဝစိတ်မဝင်စားကြပေ။

သူတို့သည် အဖေဖြစ်သူ၏ သေဆုံးမှုအတွက် ရှဲ့စီယုအား အပြစ်ပုံချကာ သူမအနေဖြင့် ဆေးကုသစရိတ်ကို ကြိုတင်ပေးချေရန် ငြင်းဆန်ခဲ့ခြင်းကြောင့်သာ အဘိုးအို သေဆုံးရခြင်းဖြစ်သည်ဟု စွပ်စွဲကာ ပြောဆိုနေကြသည်။

ဆေးဖိုးဝါးခ မပေးနိုင်သည့် အကြောင်းအရင်းကို မေးမြန်းလျှင်မူ သူတို့မှာ ငွေကြေးမတတ်နိုင်ကြောင်း၊ ဆေးဖိုးပေးရန် လုံးဝမဖြစ်နိုင်ကြောင်း ထပ်ခါတလဲလဲ ငြင်းဆိုကြသည်။

ယခုအခါ အဆိုပါ သားသမီး ၆ ယောက်မှာ စားပွဲတစ်ခုတည်းတွင် စုရုံးထိုင်နေကြသည်။

သားအကြီးဆုံးဖြစ်သူ ကျန်းကျီချန် က "မကြာခင်မှာ ငါတို့ လက်ထဲကို ယွမ် ၁.၃ သန်း ရောက်လာတော့မယ်။ တရားရုံးက ငါတို့ဘက်ကနေ စီရင်ချက်ချပေးလိုက်ပြီလေ" ဟု ဝင့်ကြွားစွာ ပြောသည်။

ဒုတိယသားဖြစ်သူကလည်း ချက်ချင်းပင် ထောက်ခံစကား ပြောလိုက်သည်။

"ဒီငွေ ၁.၃ သန်းရရင် အဖေ့ရဲ့ ကိစ္စတွေကို ရှင်းလင်းပြီးရင် ပိုက်ဆံကို ခွဲဝေယူကြမယ်။ ဒါတွေအားလုံးက အဲဒီ ရှဲ့စီယုကြောင့်ပဲ။ ငါတို့က ကြိုပေးခိုင်းတာကို သူမက ငြင်းဆန်တယ်လေ။ သူတို့မိသားစုက ဒီလောက် ချမ်းသာနေတာ။ ပိုက်ဆံနည်းနည်း ပေးလိုက်တာ ဘာဖြစ်သွားမှာမို့လို့လဲ။ နည်းနည်းလေးတောင် မပေးနိုင်ရအောင် တကယ့်ကို ရက်စက်တဲ့ မိန်းမပဲ"

ထိုသို့ ရှဲ့စီယုကိုပင် ပြန်လည် အပြစ်တင်ကြသည်။

အကြီးဆုံးသမီးဖြစ်သူကလည်း "လူကိုတိုက်ပြီးမှ အရှက်မရှိတဲ့သူတွေပဲ" ဟု ထောက်ခံသည်။

ကျန်းကျီချန်က "ဟုတ်တယ် တိုက်မိတာကို မဝန်ခံဘဲနဲ့ ကိုယ့်ကိုကိုယ် မှန်တယ်လို့ ထင်နေတာ။ အခုတော့ တရားရုံးက စီရင်ချက်ချလိုက်ပြီ။ အခုမှပဲ စိတ်ထဲ အေးချမ်းသွားတော့တယ်" ဟု ပြောဆိုကြသည်။

အမှန်စင်စစ်တွင် သားသမီး ၆ ယောက်စလုံးသည် သူတို့၏ဖခင်မှာ လမ်းဘေးတွင် ကိုယ်တိုင်လဲကျသွားခြင်းဖြစ်ပြီး မည်သူမျှ မကူညီရဲခဲ့ကြောင်း ကောင်းစွာ သိရှိထားကြသည်။ သို့သော် ရှဲ့စီယုမှာ စေတနာဖြင့် ကူညီပေးခဲ့သူဖြစ်ပြီး သူမစီးလာသည့်ကားမှာလည်း မာစီဒီးဖြစ်နေသဖြင့် ချမ်းသာသူတစ်ဦးအဖြစ် သတ်မှတ်ကာ ပိုက်ဆံအလွယ်တကူ ရနိုင်မည်ဟု တွက်ဆခဲ့ကြသည်။

ရာချီတန်ဖိုးရှိသော ကားကို စီးနိုင်သူက သူတို့လို ဆင်းရဲသားတွေကို ပိုက်ဆံနည်းနည်းလောက် မပေးနိုင်ရအောင်လားဟုပင် သူတို့က တွေးတောနေကြသည်။

....

တစ်ဖက်တွင်လည်း သတ်လတ်ပိုင်းအရွယ် အမျိုးသမီးဖြစ်သူ ကျူးဂွေးကျန်းမှာ ပရော်ဖက်ရှင်နယ် လိမ်လည်သူတစ်ဦး ဖြစ်သည်။

ထိုအချိန်တွင် သူမမှာ မာကျောက်ကစားနေရင်း တရားရုံး၏ စီရင်ချက်အကြောင်း ကြားသိလိုက်ရ၍ အလွန်ပင် ကျေနပ်နေသည်။

သူမအတွက်မူ တစ်ကြိမ် လိမ်လည်လိုက်ရုံဖြင့် ယွမ် ၁ သိန်း ရရှိလိုက်ခြင်းက အလွန်အမြတ်များလှသည်။

ကျူးဂွေးကျန်းသည် လိမ်လည်ရန် ရွေးချယ်သည့်အခါတိုင်းတွင် ကားအကောင်းစားများကိုသာ ပစ်မှတ်ထားလေ့ရှိသည်။

သူမသည် အကြိမ်ပေါင်းများစွာ လိမ်လည်ခဲ့ပြီး တစ်ခါတစ်ရံတွင် ဘာမှမရခဲ့သည့်တိုင် အများအားဖြင့် ကားပိုင်ရှင်များမှာ ပြဿနာကို မလိုလားကြသဖြင့် ယွမ် ၅၀ သို့မဟုတ် ၁၀၀ ပေးကာ ပြီးစေလိုက်ကြသည်။

ဤနည်းလမ်းသည် ကျူးဂွေးကျန်းအတွက် အလုပ်လုပ်စရာမလိုဘဲ ငွေရှာနိုင်သည့် အကောင်းဆုံးနည်းလမ်း ဖြစ်လာခဲ့သည်။

သူမအနေဖြင့် လိမ်လည်ခြင်းဖြင့်သာ နေ့စဉ်ဘဝကို ဖြတ်သန်းနေပြီး တစ်ခါတစ်ရံ ဖမ်းဆီးခံရသည့်တိုင် အရူးတစ်ယောက်လို ဟန်ဆောင်ကာ လွတ်မြောက်အောင် ပြုလုပ်လေ့ရှိသည်။

ထိုသို့ အကြိမ်ကြိမ် အောင်မြင်မှုများ ရရှိခဲ့သောကြောင့် ကျူးဂွေးကျန်းသည် လိမ်လည်ခြင်းဖြင့်သာ ငွေရှာရန် အကျင့်ပါနေခဲ့သည်။

ရှဲ့စီယုကို လိမ်လည်၍ ငွေရပြီးနောက်ပိုင်းတွင်လည်း ကျူးဂွေးကျန်းမှာ ရက်အတော်ကြာ မာကျောက်ကစားခဲ့သည်။

သို့သော် ကံမကောင်းစွာဖြင့် ထိုမာကျောက်ပွဲများတွင် သူမ ယွမ် ၁ သိန်းခန့် ဆုံးရှုံးသွားခဲ့ရသည်။ ရုတ်တရက်ဆိုသလို ငွေကြေးပြတ်လပ်လာသဖြင့် ကျူးဂွေးကျန်း စိတ်ပူလာသည်။

"ရှဲ့စီယုဆီက ရရမယ့် ငွေတွေက ဘာလို့ ဒီလောက်ကြာနေရတာလဲ" ဟု တွေးတောရင်း သုံးစရာငွေ လိုအပ်လာသည့်အတွက် နောက်ထပ် လိမ်လည်မှုတစ်ခု ပြုလုပ်ရန် စိတ်ကူးမိတော့သည်။

ထိုညတွင်ပင် ကျူးဂွေးကျန်းသည် လမ်းမပေါ်သို့ ထွက်လာခဲ့သည်။

သို့သော် ထိုညက သူမ၏ လိမ်လည်မှုများမှာ အဆင်မပြေပေ။

သူမသည် အသက်အန္တရာယ် မဖြစ်စေမည့် အနေအထားဖြင့်သာ လိမ်လည်လိုသူ ဖြစ်သည့်အတွက် အချိန်အတော်ကြာ ကြိုးစားသော်လည်း အဆင်မပြေဖြစ်လာရာ စိတ်လှုပ်ရှားလာသည်။

နောက်ဆုံးတွင်မူ ဖြည်းညှင်းစွာ မောင်းနှင်လာသည့် SUV ကားတစ်စီးကို ပစ်မှတ်ထားလိုက်သည်။

သူမသည် ကားဆီသို့ အရှိန်ဖြင့် ပြေးဝင်တိုက်လိုက်သည်။

ထိုကားမှာ ယွမ် ၅ သိန်းကျော် တန်ဖိုးရှိသည့် ဝမ်ကျဲကားအမျိုးအစား ဖြစ်သည်။

ကားမောင်းသူမှာ သူ၏ဇနီးသည် ကလေးမီးဖွားတော့မည်ဖြစ်၍ ဆေးရုံသို့ အသည်းအသန် သွားရောက်နေသူဖြစ်သည်။

ရုတ်တရက် ဘရိတ်အုပ်လိုက်ရသဖြင့် ဇနီးသည်မှာ ပိုမိုဝေဒနာ ခံစားသွားရသည်။

ဝမ်ကျဲကားမောင်းသူက ကျူးဂွေးကျန်းကို ကြည့်ကာ ပြောသည်။

"မင်း ငါ့ကို တိုက်လိုက်တာ။ ယွမ် ၅ သောင်းပေး မပေးရင် ရဲတိုင်လိုက်မယ်။ မင်း ဒီနေ့ ဘယ်မှ သွားရမှာမဟုတ်ဘူး"

ကျူးဂွေးကျန်းက အော်ဟစ်ပြောဆို လိုက်သည်။

ယာဉ်မောင်းက "အခုက ကိစ္စရှိလို့ပါ။ ကျွန်တော့်ဇနီးသည် ကလေးမွေးတော့မှာမို့ ဆေးရုံအရေးပေါ် သွားနေရတာ။ နောက်မှပဲ ရှင်းကြရအောင်" ဟု တောင်းပန်သည်။

သို့သော် ကျူးဂွေးကျန်းကမူ ကားကို ဖက်တွယ်ထားကာ "မရှင်းရင် ငါမဖယ်ဘူး။ မင်းဇနီး ကလေးမွေးတာနဲ့ ငါနဲ့ ဘာဆိုင်လို့လဲ" ဟု ခေါင်းမာစွာ ငြင်းဆိူနေဆဲပင်။

၎င်းမှာ လိမ်လည်နေမှန်း သိသော်လည်း ယာဉ်မောင်းမှာ အချိန်မရှိတော့ပေ။

အရေးပေါ် အခြေအနေဖြစ်နေသဖြင့် "ကျွန်တော့်ကို QR ကုဒ်ပေး ၅ သောင်း လွှဲပေးလိုက်မယ်" ဟု ပြောကာ ကျူးဂွေးကျန်းထံသို့ ငွေလွှဲပေးလိုက်သည်။

ငွေရသွားသည့်အခါ ကျူးဂွေးကျန်းက "မင်း ကြားတာ လွဲနေပြီ အခု ၁ သိန်းဖြစ်သွားပြီ။ ၁ သိန်းပေးမှ မင်းကို လွှတ်ပေးမယ်" ဟု အလွယ်တကူ ငွေရသည်ကို မြင်ရ၍ ပိုမ

တောင်းလိုက်သည်။

အချိန်မရှိသည့် ယာဉ်မောင်းမှာ နောက်ထပ် ၅ သောင်း ထပ်လွှဲပေးလိုက်ရသည်။

ငွေ ၁ သိန်း ရသွားပြီးနောက် ကျူးဂွေးကျန်းမှာ ကျေနပ်စွာဖြင့် ထွက်ခွာသွားသည်။

ယာဉ်မောင်းမှာ ဇနီးသည်ကို ဆေးရုံသို့ အမြန်ဆုံး ပို့ဆောင်ပေးနိုင်ခဲ့သည်။

ဆေးရုံရောက်သည့်အခါ သူသည် အင်တာနက်ပေါ်တွင် လူမှုကွန်ရက်၌ ပျံ့နှံ့နေသော သတင်းတစ်ပုဒ်ကို သတိရသွားသည်။

ထိုအရာကတော့ အဘိုးအိုကို ကူညီမိသည့်အတွက် ထောင် ၁၀ နှစ်ကျပြီး ယွမ် ၁.၃ သန်း လျော်ကြေးပေးရသည့် ရှဲ့စီယု၏ သတင်းနှင့် ထိုအမှုတွင် ပါဝင်ပတ်သက်နေသည့် ကျူးဂွေးကျန်း အမည်ရှိ သတ်လတ်ပိုင်းအရွယ် အမျိုးသမီး၏ သတင်းပင်။

All Chapters