← Chapters

အခန်း ၁၄၉

Vol. 13 Ch. 149

အခန်း ၁၄၉

Vol. 13 Ch. 149

အခန်း။ ၁၄၉

တရားရုံးချိန်းနေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ဂျင်ချန်မြို့တော် အဆင့်မြင့် ပြည်သူ့တရားရုံးတွင် ရှဲ့စီယု၏ အမှုအား ဒုတိယအဆင့် ရုံးတင်စစ်ဆေးရန် အသင့်ပြင်ထားပြီဖြစ်သည်။

ရှေ့နေ ဂူချန်သည် ရှဲ့စီယုနှင့် ထပ်မံတွေ့ဆုံသည်။

ရှဲ့စီယုက မျက်ရည်များ ဝဲလျက်

"ရှေ့နေဂူ ကျွန်မ တကယ် မတိုက်မိပါဘူး။ သူတို့အားလုံးက ကျွန်မကို မဟုတ်မမှန် စွပ်စွဲနေကြတာပါ။ ဖမ်းဆီးထိန်းသိမ်းရေးစခန်းမှာ နေခဲ့ရတာ လဝက်လောက် ရှိပြီ။ ကျွန်မ အရမ်း စိတ်ဆင်းရဲရပါတယ်" ဟု ပြောသည်။

ဂူချန်က "ကျွန်တော် သိပါတယ်" ဟု ပြောသည်။

ရှဲ့စီယုက စိတ်ထိခိုက်စွာဖြင့် ဆက်ပြောသည်။

"ရှေ့နေဂူ ဘာကြောင့်လဲ။ ဘာလို့ လူကောင်းတစ်ယောက်က ထောင် ၁၀ နှစ် ကျခံရမှာလဲ။ ဘာလို့ လူကောင်းတစ်ယောက်က ယွမ် ၁.၄ သန်း လျော်ကြေးပေးရမှာလဲ။ ဒါကို ကျွန်မ လုံးဝ လက်မခံနိုင်ပါဘူး"

ပထမအဆင့် တရားရုံး၏ စီရင်ချက်သည် ရှဲ့စီယုအတွက် ပြင်းထန်သော ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့ရသည်။

ပထမအဆင့်တွင်လည်း ရှေ့နေတစ်ဦး ငှားရမ်းခဲ့သော်လည်း အခြေအနေကို ပြောင်းလဲနိုင်ခြင်းမရှိဘဲ ထောင်ဒဏ် ၁၀ နှစ် အမိန့်ချမှတ်ခံခဲ့ရသည်။

ရှဲ့စီယုမှာ စိတ်လှုပ်ရှားမှု လွန်ကဲနေသည်။

သူမသည် အမှန်တကယ်ပင် ကူညီလိုစိတ်ဖြင့် စေတနာထားခဲ့ခြင်းပင်။

လမ်းဘေးတွင် နာကျင်စွာ လဲကျနေသည့် အဘိုးအိုကို မြင်သောအခါ တွန့်ဆုတ်မနေဘဲ ကူညီခဲ့မိခြင်းသည် သူမအတွက် ကျိန်စာတစ်ခု ဖြစ်သွားခဲ့သည်။

လူတိုင်းက သူမကိုသာ တိုက်မိသူဟု စွပ်စွဲပြီး အဘိုးအို၏ မိသားစုဝင်များကလည်း လက်ညှိုးထိုးကာ ဆဲဆိုကြသည်။

အင်တာနက် အသုံးပြုသူ အချို့က အာမခံကုမ္ပဏီကို တိုင်ကြားပြီး အာမခံမှတစ်ဆင့် ရှင်းခိုင်းရန် အကြံပြုခဲ့သည်။

သို့သော် ရှဲ့စီယုသည် လုံးဝ လက်မခံခဲ့ပေ။

အကယ်၍ အာမခံကိုသာ ရှင်းခိုင်းလိုက်လျှင် သူမကိုယ်တိုင် တိုက်မိကြောင်း ဝန်ခံရာရောက်သွားမည် ဖြစ်သောကြောင့်ပင်။

ပုံမှန်အားဖြင့် လူတစ်ဦးကို ကားတိုက်မိပါက ရဲတိုင်ခြင်း၊ ၁၂၀ အရေးပေါ်ဆေးကုသရေး ခေါ်ခြင်းနှင့် အာမခံကို အကြောင်းကြားခြင်းတို့ ပြုလုပ်ရသည်။

သို့သော် ရှဲ့စီယုမှာ မည်သူ့ကိုမျှ တိုက်မိခြင်း မရှိခဲ့ပေ။

ငါ ကိုယ်တိုင်လည်း မလုပ်ခဲ့တဲ့ အလုပ်အတွက် ဘာဖြစ်လို့ ဝန်ခံပြီး ငွေလျော်ပေးရမှာလဲ... ဘယ်လိုနည်းနဲ့မှ မလျော်ပေးနိုင်ဘူး...

"ရှေ့နေဂူ ကျွန်မ ထောင်မကျချင်ဘူး။ ဒီလို မတရားတဲ့ စွပ်စွဲချက်မျိုးကိုလည်း လက်မခံနိုင်ဘူး။ သူတို့က ကျွန်မကို စွပ်စွဲရုံတင်မကဘဲ ယွမ် ၁.၄ သန်းပါ တောင်းဆိုနေကြတာ။ ကျွန်မတို့ မိသားစုက သာမန်ပါပဲ။ ဒီလောက်ငွေပမာဏကို ဘယ်ကနေ ရှာပေးရမှာလဲ။ တကယ်လို့ ကျွန်မ တိုက်မိတာ အမှန်ဆိုရင်တော့ အိမ်ကိုပါ ရောင်းပြီး လျော်ပေးမှာပါ။ ဒါပေမဲ့ ဒါက ကျွန်မနဲ့ လုံးဝ မသက်ဆိုင်တဲ့ ကိစ္စပါ"

ရှဲ့စီယုက ရင်ဖွင့်သည်။

ရှဲ့စီယု စကားပြောလေ စိတ်လှုပ်ရှားလေ ဖြစ်လာသည်။

ဂူချန်က သူမကို ငြိမ်သက်စေရန် ပြောလိုက်သည်

"စိတ်မပူပါနဲ့ ဒီအမှုကို ကျွန်တော် တာဝန်ယူပေးပါ့မယ်။ ကျွန်တော် ပြောတာကို သေချာနားထောင်ပါ။ ဒီနေ့ တရားခွင်မှာ ကျွန်တော်တို့ ဒီလိုမျိုး ဆက်လက် ဆောင်ရွက်သွားကြမယ်..."

နံနက် ၉ နာရီတိတိတွင် တရားရုံးချိန်း စတင်သည်။

တရားလိုဖြစ်သူ ကျန်းကျီချန်နှင့် ကျူးဂွေးကျန်းတို့ တရားခွင်အတွင်း ဝင်ရောက်လာကြသည်။ ကျန်းကျီချန်က ဖခင်ဖြစ်သူ၏ ဓာတ်ပုံကို ကိုင်ဆောင်ထားသည်။

တရားခံ ရှဲ့စီယုလည်း တရားခွင်သို့ ရောက်ရှိလာသည်။

ပရိသတ်နေရာတွင် တရားလိုဘက်နှင့် တရားခံဘက်မှ မိသားစုဝင်များ ပြည့်နှက်နေပြီး အွန်လိုင်းမှ ကြည့်ရှုသူများမှာလည်း အထွတ်အထိပ်သို့ ရောက်ရှိနေသည်။

[သေစမ်း …. ရှဲ့စီယုကို ပထမအဆင့်မှာ ထောင် ၁၀ နှစ် ချလိုက်တာလား ယွမ် ၁.၄ သန်း လျော်ခိုင်းလိုက်တာလား]

[ကျွန်တော် ဘာကိုမှ ဂရုမစိုက်ဘူး။ ရှဲ့စီယုကိုပဲ ယုံတယ်။ တကယ်လို့ ရှဲ့စီယု တိုက်မိတာဆိုရင် အာမခံကို ခေါ်မှာပေါ့။ မာစီဒီးစီးတဲ့သူက အာမခံမပါဘဲ ဘယ်နေပါ့မလဲ။ ဒါပေမဲ့ ရှဲ့စီယုက အာမခံကို မခေါ်သလို တစ်ပြားမှလည်း မပေးဘူးဆိုတာ သူမ မတိုက်မိဘူးဆိုတဲ့ အထောက်အထားပဲ]

[ဟုတ်တယ် မတိုက်မိရင် ဘာလို့ အာမခံကို ခေါ်မှာလဲ]

[ပထမအဆင့် တရားသူကြီးက လူမိုက်ပဲ။ လူကောင်းတစ်ယောက်ကို အခုလိုမျိုး ထောင် ၁၀ နှစ် ချလိုက်တာ တကယ့်ကို ရယ်စရာပဲ။ ဒါကို လက်ခံနိုင်ပါ့မလား]

[ကျွန်တော်တော့ လုံးဝ လက်မခံနိုင်ဘူး။ နောက်ဆို ဘယ်သူကများ လူကြီးကို ကူညီရဲတော့မှာလဲ။ ကျွန်တော်ဆိုရင် လုံးဝ မကူညီတော့ဘူး]

[စိတ်မပူပါနဲ့ ရှေ့နေဂူ ဝင်လာပြီပဲ]

[ရှေ့နေဂူကို ယုံကြည်လိုက်စမ်းပါ။ ရှေ့နေဂူက ၅ မှု ကိုင်တွယ်ထားတာမှာ ၁၀၀ ရာခိုင်နှုန်း အနိုင်ရထားတာလေ။ ရှေ့နေဂူကဘယ်တော့မှ မရှုံးဘူး]

[ရှဲ့စီယုကို စွပ်စွဲတဲ့ ချန်ဖုန်းလမ်းမမှာ CCTV ကင်မရာတွေ မရှိဘူး။ အဲဒီအချိန်က လမ်းပေါ်မှာ ရှဲ့စီယု ကားတစ်စီးတည်း ရှိနေတာကြောင့် အကုန်လုံးက သူမကိုပဲ လက်ညှိုးထိုးနေကြတာ။ ဒီအမှုကို ပြန်လှန်ဖို့ တကယ့်ကို ခက်ခဲပါတယ်]

ရှေ့နေဂူချန်နှင့် ရွှယ်ချင်းချင်းတို့သည် နာရီဝက် ကြိုရောက်နေကြသည်။

ဂူချန်သည် တရားခွင်မစခင် တရားခံရှေ့နေနေရာတွင် ခေါင်းမှီ၍ အိပ်ပျော်နေသည်။

တိုက်ရိုက်ထုတ်လွှင့်မှုကြည့်နေသူများမှာ အံ့အားသင့်နေကြသည်။

[……]

[ဟားဟား ရှေ့နေစုန်းပြူးကြီး အိပ်ပျော်သွားပြီ]

[ရှေ့နေဂူ အိပ်နေပြီဆိုတော့ ဒီအမှု သေချာပေါက် အနိုင်ရတော့မှာပေါ့။ ဟုတ်တယ်မလား]

တစ်ချိန်တည်းတွင် ပီကင်းတက္ကသိုလ် ဥပဒေဌာနတွင်လည်း ကျောင်းသားများက တိုက်ရိုက်ထုတ်လွှင့်မှုကို စိတ်ဝင်တစား ကြည့်ရှုနေကြသည်။

ဂူချန်သည် မကြာမီ ပီကင်းတက္ကသိုလ်တွင် ပါမောက္ခအဖြစ် စတင်သင်ကြားတော့မည်ဖြစ်ရာ ပါမောက္ခ ယန်ကျုံးယင်းက ကျောင်းသားများကို

"ရှေ့နေဂူက ကျွန်တော်တို့ကျောင်းရဲ့ ဆရာတစ်ယောက်ဖြစ်လာတော့မှာပါ။ သူ ဒီအမှုကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ သေချာကြည့်ထားကြပါ။ သူကိုင်တွယ်သမျှ အမှုတိုင်းက ဥပဒေကျောင်းသားတွေအတွက် သင်ခန်းစာကောင်းတွေ ဖြစ်လာလိမ့်မယ်" ဟု ပြောကြားလိုက်သည်။

[66666]

[ရှေ့နေဂူ တကယ်တော်တာပါ။ တကယ်လို့သာ ကျွန်တော့်နေရာမှာဆိုရင် ဒီအမှုကို ဘယ်လိုမှ ပြန်လှန်နိုင်မှာ မဟုတ်ဘူး]

[ရှေ့နေဂူ ဒီအမှုကို ပြန်လှန်ပြီး ရှဲ့စီယုကို အပြစ်မရှိကြောင်း အမိန့်ချမှတ်နိုင်ပါ့မလား]

အပြစ်မရှိကြောင်း အမိန့်ချမှတ်ဖို့ဆိုတာ တကယ်ကို ခက်ခဲသည်။

ထောင်ဒဏ် ၁၀ နှစ်ကနေ လွတ်မြောက်ဖို့ကိုပင် အများက မျှော်လင့်နေကြသည်။

ဂူချန်ကတော့ အိပ်ပျော်နေဆဲပင်။

All Chapters