အခန်း ၁၅၀
Vol. 13 Ch. 150
အခန်း။ ၁၅၀
နံနက် ၉ နာရီခွဲအချိန်။
တရားရုံးအတွင်းဝန်မှာ မတ်တပ်ရပ်လိုက်သည်။
တရားခွင်အတွင်းရှိသူများနှင့် အွန်လိုင်းမှ စောင့်ကြည့်နေကြသူအားလုံးမှာ လေးစားမှုအပြည့်ဖြင့် ငြိမ်သက်သွားကြသည်။
တရားခွင်မှာ စတင်တော့မည်ပင်။
တရားရုံးအတွင်းဝန် "တရားသူကြီးများအား ကြိုဆိုသောအားဖြင့် အားလုံး မတ်တပ်ရပ်ပေးကြပါ"
တရားခွင်အတွင်းရှိသူအားလုံး တစ်ပြိုင်နက်တည်း မတ်တပ်ရပ်လိုက်ကြသည်။
တရားရုံးအတွင်းဝန် "တရားသူကြီးချုပ်နဲ့ တွဲဖက်တရားသူကြီးတို့ကို ကြိုဆိုပါတယ်"
အားလုံး၏ အကြည့်အောက်တွင် တရားသူကြီးချုပ် ယန်လီဝေ၊ တွဲဖက်တရားသူကြီး တင်ရှန်းလင် နှင့် တွဲဖက်တရားသူကြီး ချန်ရွှယ်ဂျွန်းတို့ တရားခွင်အတွင်းသို့ ဝင်ရောက်လာကြသည်။ တရားသူကြီးချုပ် ယန်လီဝေက အခန်းတွင်းရှိ လူတိုင်းကို တစ်ချက်ဝေ့ကြည့်လိုက်သည်။
"ထိုင်နိုင်ကြပါပြီ"
တရားသူကြီးချုပ်က တရားစီရင်ရေးတူကို ရိုက်လိုက်သည်။
တရားရုံးအတွင်းဝန်က "အခု တရားရုံးရဲ့ စည်းကမ်းချက်တွေကို ကြေညာပါ့မယ်"
"တရားစွဲဆိုရာတွင် ပါဝင်သူအားလုံးသည် တရားရုံး၏ စည်းကမ်းများကို လိုက်နာရမည်ဖြစ်ပြီး ဆူညံခြင်း သို့မဟုတ် တရားစီရင်ရေးကို အနှောင့်အယှက် မဖြစ်စေရပါ။ ပြောဆိုချက်များ၊ လျှောက်လဲချက်များနှင့် ငြင်းခုံမှုများအတွက် တရားသူကြီးချုပ်၏ ခွင့်ပြုချက် လိုအပ်ပါသည်"
"လေ့လာသူများအနေဖြင့် အောက်ပါစည်းကမ်းများကို လိုက်နာရမည်
၁။ တရားခွင်အတွင်း မှတ်တမ်းတင်ခြင်း၊ ဗီဒီယိုရိုက်ခြင်း၊ ဓာတ်ပုံရိုက်ခြင်း သို့မဟုတ် မိုဘိုင်းဆက်သွယ်ရေးကိရိယာများဖြင့် တရားရုံးလှုပ်ရှားမှုများကို ဖြန့်ဝေခြင်း မပြုရ။
၂။ မိမိသဘောအတိုင်း သွားလာခြင်းနှင့် တရားစီရင်ရေးနေရာသို့ ဝင်ရောက်ခြင်း မပြုရ။
၃။ ခွင့်ပြုချက်မရှိဘဲ ပြောဆိုခြင်း သို့မဟုတ် မေးခွန်းထုတ်ခြင်း မပြုရ။
၄။ လက်ခုပ်တီးခြင်း၊ အော်ဟစ်ခြင်း၊ ရုန်းရင်းဆန်ခတ်ဖြစ်စေခြင်း သို့မဟုတ် တရားစီရင်ရေးကို အနှောင့်အယှက်ဖြစ်စေမည့် အခြားလုပ်ရပ်များ မပြုလုပ်ရ"
တရားရုံးအတွင်းဝန်က တရားသူကြီးချုပ်ကို ကြည့်ကာ "တရားသူကြီးချုပ်ခင်ဗျာ တရားလို ကျန်းကျီချန်နဲ့ ကျူးဂွေးကျန်း၊ တရားခံ ရှဲ့စီယုတို့အားလုံး တရားရုံးကို ရောက်ရှိနေပါပြီ။ တရားခွင်ကို အခုချက်ချင်း စတင်နိုင်ပါပြီခင်ဗျာ"
တရားသူကြီးချုပ် ယန်လီဝေ "အခု တရားရုံးအစည်းအဝေးကို စတင်ကြောင်း ကြေညာလိုက်တယ်"
ယန်လီဝေ "မူလတရားခံ ရှဲ့စီယုက ဂျင်ချန်မြို့တော် အဆင့် ၃ ပြည်သူ့တရားရုံးက ချမှတ်ခဲ့တဲ့ အမှုအမှတ် ၃၁၉ စီရင်ချက်အပေါ် မကျေနပ်လို့ ဒီတရားရုံးကို အယူခံဝင်လာတာပါ။ ဟွာရှ ဟာဆီယား နိုင်ငံရဲ့ အရပ်ဘက် ကျင့်ထုံးဥပဒေနဲ့ သက်ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်တွေအရ... ဒီအမှုကို လူသိရှင်ကြား ပွင့်လင်းမြင်သာစွာ စစ်ဆေးကြားနာသွားမှာ ဖြစ်ပါတယ်"
"တရားလိုနဲ့ တရားခံ နှစ်ဖက်စလုံးအနေနဲ့ ခင်ဗျားတို့ရဲ့ လျှောက်လဲချက်တွေကို တင်ပြနိုင်ပါပြီ"
ယန်လီဝေက တရားလိုဘက်သို့ ကြည့်လိုက်သည်။
တရားလိုဘက်မှ ရှေ့နေနှစ်ဦးမှာ အလှည့်ကျ ပြောဆိုကြသည်။
"တရားသူကြီးချုပ်ခင်ဗျာ... အသက် ၇၆ နှစ်အရွယ် ကျွန်တော်တို့ရဲ့ တရားလို ကျန်းဂူဘင်ဟာ ချန်ဖုန်းလမ်းမကနေ အိမ်အပြန်မှာ ရှဲ့စီယု မောင်းနှင်တဲ့ မာစီဒီးကားနဲ့ တိုက်မိပြီး အရိုးကျိုးတာအပါအဝင် ဒဏ်ရာအများအပြား ရရှိခဲ့ပါတယ်။
အဲဒီဖြစ်စဉ် ဖြစ်ပြီးနောက်မှာ ရှဲ့စီယုဟာ အခင်းဖြစ်ပွားမှုကို ဝန်ခံခဲ့ပေမဲ့ ကျွန်တော်တို့ရဲ့ တရားလို ကျန်းဂူဘင်ကို တိုက်မိခဲ့တာမဟုတ်ဘူးလို့ ဇွတ်ငြင်းခဲ့ပါတယ်။
ဒါကြောင့် ကျန်းဂူဘင်ခမျာ ဆေးရုံတက်နေရပေမဲ့ ဆေးဖိုးမပေးနိုင်ခဲ့ရှာပါဘူး။
ရှဲ့စီယုဘက်ကလည်း ဆေးကုသစရိတ် ကြိုတင်စိုက်ထုတ်ပေးဖို့နဲ့ တာဝန်ယူဖို့ ငြင်းဆန်ခဲ့တာကြောင့် ကျန်းဂူဘင်ရဲ့ အခြေအနေက ပိုပြီးဆိုးရွားလာပြီး နောက်ဆုံးမှာ နှလုံးဖောက်ပြီး ကွယ်လွန်သွားခဲ့ရပါတယ်..."
"ဒါကြောင့် ရှဲ့စီယုက ကျန်းဂူဘင် သေဆုံးရမှုအတွက် တိုက်ရိုက်တာဝန်ရှိတယ်လို့ ကျွန်တော်တို့ လျှောက်လဲအပ်ပါတယ်။ သူမက ငွေကြေးပေးလျော်ဖို့ ငြင်းဆန်ပြီး တာဝန်ရှောင်လွှဲခဲ့တဲ့အတွက်... ကျူးလွန်တဲ့ ပြစ်မှုက ပိုပြီးတော့တောင် ကြီးလေးနေပါတယ်။
ကျွန်တော်တို့အနေနဲ့ ရှဲ့စီယုကို ပိုမိုပြင်းထန်တဲ့ ပြစ်ဒဏ်ဖြစ်တဲ့ တစ်သက်တစ်ကျွန်း အပြစ်ပေးဖို့နဲ့... လျော်ကြေးငွေ ယွမ် ၁.၃ သန်း တိတိ ပေးလျော်စေဖို့ တောင်းဆိုပါတယ်ခင်ဗျာ..."
နောက်ထပ် ရှေ့နေတစ်ဦးကလည်း မာန်ပါပါဖြင့် ထပ်ဆင့် လျှောက်လဲပြန်သည်။
"ကျွန်တော်တို့ရဲ့ တရားလို ကျူးဂွေးကျန်းဟာလည်း အဲဒီနေ့က အခင်းဖြစ်ပွားရာနေရာမှာ ရှိနေခဲ့တာပါ။ ရှဲ့စီယုက ကျန်းဂူဘင်ကို တိုက်မိပြီးတဲ့နောက် ကျူးဂွေးကျန်းကိုပါ ဆက်တိုက်မိခဲ့လို့ ကွင်းဆက်မတော်တဆမှု ဖြစ်ပွားခဲ့ရပါတယ်။
ကားလိုင်စင်ရတာ ၁ လပဲ ရှိသေးတဲ့ ကားမောင်းသင်ကာစ အသစ်စက်စက် ရှဲ့စီယုဟာ ဒီဖြစ်ရပ်အတွက် အဓိက တာဝန်ယူရမှာပါ။
ကျွန်တော်တို့ဘက်က ဆေးကုသစရိတ်၊ လုပ်ခလစာဆုံးရှုံးမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေအတွက်... နစ်နာကြေး ယွမ် ၁ သိန်း တောင်းဆိုပါတယ်..."
ကျူးဂွေးကျန်းနှင့် ကျန်းကျီချန်တို့သည် လျော်ကြေးရရှိရန် မျှော်လင့်ချက်ဖြင့် တရားလိုဘက်မှ စားပွဲတွင် ထိုင်နေကြသည်။
သူတို့ နှစ်ဦးမှာ တစ်ယောက်နှင့်တစ်ယောက် မသိကျွမ်းကြသော်လည်း ရည်ရွယ်ချက်မှာ တစ်ခုတည်းဖြစ်သည်။
ကျန်းကျီချန်က တီးတိုးရေရွတ်သည်။
"မာစီဒီးစီးတဲ့ မိန်းမက ပိုက်ဆံနည်းနည်းလောက် ပေးလိုက်တာနဲ့ ဘာဖြစ်သွားမှာမို့လို့လဲ။ ယွမ် ၁.၄ သန်းပဲဟာ အေးဆေးပဲဟာ"
ကျူးဂွေးကျန်းကလည်း စိတ်ထဲမှ ကြိတ်ပျော်နေသည်။
"အဲ့ဒီကားပေါ်က ပိုက်ဆံအိတ်ကိုပဲ မျှော်နေတာ။ ရှဲ့စီယု ထောင်ထဲရောက်သွားမလား ဘာဖြစ်မလဲဆိုတာကတော့ ငါနဲ့ ဘာမှမဆိုင်ဘူး။ ပိုက်ဆံရဖို့က အဓိကပဲ"
ရှေ့နေများက ဆေးရုံဘေလ်များနှင့် အထောက်အထားစာရွက်များကို တင်ပြကြသည်။
သူတို့၏ ပန်းတိုင်မှာ ငွေကြေးရရှိရေးပင်။
ကျန်းကျီချန်က မတ်တပ်ရပ်ကာ အော်ဟစ်လိုက်သည်။
"ကျွန်တော့်အဖေ သေသွားပြီ။ ခင်ဗျားတို့က ကျွန်တော်တို့ကို ခွင့်လွှတ်ကြောင်း စာရေးခိုင်းနေတာလား ဘာအကြောင်းပြချက်နဲ့လဲ အရင်တုန်းက ခင်ဗျားတို့ ဘယ်ရောက်နေတာလဲ အခု ကျွန်တော်တို့က ယွမ် ၂ သန်း တောင်းဆိုတယ်။ ၂ သန်းပေးရင် ခွင့်လွှတ်ကြောင်း စာရေးပေးမယ်။ မဟုတ်ရင်တော့ မရဘူး မေ့လိုက်တော့"
ကျန်းကျီချန်က ချက်ချင်းပင် ယွမ် ၂ သန်း တောင်းဆို လိုက်သည်။
သို့သော် ရှဲ့စီယု၏ မိသားစုအတွက် ယွမ် ၂ သန်းဆိုသည်မှာ အလွန်များပြားသော ပမာဏဖြစ်ပြီး ငွေသားအနေဖြင့် ထုတ်ပေးရန် မဖြစ်နိုင်ပေ။
ယွမ် ၁.၄ သန်းပင်လျှင် သူတို့အတွက် အခက်အခဲကြီး ဖြစ်နေသည်။
ထိုအခါ ဂူချန်က လက်ကိုမြှောက်လိုက်သည်။
တရားသူကြီးချုပ် ယန်လီဝေက ဂူချန်ကို ကြည့်ကာ
"တရားခံဘက်က ရှေ့နေ ပြောလိုတာကို တင်ပြပါ"
ဂူချန်က အေးဆေးတည်ငြိမ်စွာပင် စတင်ပြောကြားလိုက်သည်။
"ကျွန်တော်တို့ရဲ့ အမြင်အရ ပထမအဆင့် တရားသူကြီး လီယွမ်ရဲ့ စီရင်ချက်မှာ အမှားအယွင်းများစွာ ရှိနေပါတယ်။ ကျွန်တော်တို့ရဲ့ တောင်းဆိုချက်တွေကို တင်ပြပါရစေ"
"ပထမအချက်အနေနဲ့ ကျွန်တော်တို့ရဲ့ အမှုသည် ရှဲ့စီယုမှာ အပြစ်မရှိပါဘူး။ ချက်ချင်း ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်"
"ဒုတိယအချက်အနေနဲ့ ပထမအဆင့် တရားသူကြီး လီယွမ်က အမှုမှာ အကြီးအကျယ် မှားယွင်းစွာ စီရင်ချက်ချခဲ့ပါတယ်။ ရှဲ့စီယုကို ထောင်ဒဏ် ၁၀ နှစ်၊ လျော်ကြေး ယွမ် ၁.၄ သန်း ပေးဆောင်ခိုင်းခဲ့တာက တရားမျှတမှု မရှိပါဘူး။
ဒါကြောင့် တရားရုံးအနေနဲ့ လီယွမ် ရဲ့ လုပ်ဆောင်ချက်တွေကို ပြန်လည်စစ်ဆေးပြီး အရေးယူဖို့ တောင်းဆိုပါတယ်။
ဒီစီရင်ချက်မှားယွင်းမှုကြောင့် ရှဲ့စီယုက ၁၅ ရက်ကြာ ထိန်းသိမ်းခံခဲ့ရတဲ့အတွက် နစ်နာကြေး ယွမ် ၃ သောင်း ပေးလျော်ဖို့ တောင်းဆိုပါတယ်"
"တတိယအချက်အနေနဲ့ တရားလို ကျန်းဂူဘင်နဲ့ သားဖြစ်သူ ကျန်းကျီချန်တို့က ငွေညှစ်မှုပြုလုပ်ခဲ့တဲ့အတွက် ယွမ် ၂ သန်း တောင်းဆိုမှုမှာ ပါဝင်နေပါတယ်။ ဒါကြောင့် ကျန်းကျီချန်ကို ထောင်ဒဏ် ၁၅ နှစ် ချမှတ်ပေးဖို့နှင့် ရှဲ့စီယုကို နစ်နာကြေး ယွမ် ၅ သောင်း ပေးဆောင်ဖို့ တောင်းဆိုပါတယ်"
"စတုတ္ထအချက်အနေနဲ့ တရားလို ကျူးဂွေးကျန်းက ကျွန်တော်တို့ အမှုသည်ဆီကနေ ယွမ် ၁ သိန်းကျော်ကို အဓမ္မငွေညှစ်ယူခဲ့ပါတယ်။ သူမရဲ့ အခြား ငွေညှစ်မှုများစွာကို ပေါင်းလိုက်ရင် ယွမ် ၂ သိန်းကျော် ရှိပါတယ်။ ဒါကြောင့် ကျူးဂွေးကျန်းကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်ပေးဖို့နဲ့ ငွေညှစ်ယူထားတဲ့ ပစ္စည်းတွေကို ပြန်လည်ပေးအပ်ဖို့ တောင်းဆိုပါတယ်"
ဂူချန်၏ တောင်းဆိုချက် ၄ ချက်ကို ပြောကြားပြီးနောက် တရားခွင်တစ်ခုလုံးနှင့် တိုက်ရိုက်ထုတ်လွှင့်မှုကြည့်နေသူများမှာ တုန်လှုပ်သွားကြသည်။
တရားသူကြီးချုပ် ယန်လီဝေနှင့် တွဲဖက်တရားသူကြီးများမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အံ့ဩနေကြသည်။
ဤတောင်းဆိုချက်များထဲတွင် တရားသူကြီးတစ်ဦးကိုပါ အရေးယူရန်နှင့် တရားလိုနှစ်ဦးကို ထောင်ချရန် ပါဝင်နေသည်။
တကယ်တော့ ရှဲ့စီယုက တရားခံ ဖြစ်နေရမှာ မဟုတ်ဘူးလား...
အခုတော့... တရားလိုနဲ့ တရားခံ ကဏ္ဍက လုံးဝကို ပြောင်းပြန် ဖြစ်နေပါလား...
တိုက်ရိုက်ထုတ်လွှင့်မှုကြည့်နေသူများမှာလည်း အံ့အားသင့်ကာ မှတ်ချက်များ အမျိုးမျိုး ပေးနေကြသည်။
[ဝါး ရှေ့နေဂူ တကယ့်ကို မိုက်တယ် တောင်းဆိုချက် ၄ ချက်နဲ့ တိုက်စစ်ဆင်တာ အတော်ပဲ]
[ရှေ့နေဂူက တရားလိုနှစ်ယောက်စလုံးကိုပါ ပြန်တရားစွဲလိုက်တာလား။ တကယ့်ကို အံ့ဩဖို့ကောင်းလိုက်တာ]
[ဒီခေတ်မှာ လူကြီးတွေကို ငွေညှစ်ဖို့ မတော်တဆမှု ဟန်ဆောင်တာ အရမ်းများနေပြီ။ သူတို့ ထောင်ကျကို ကျရမယ် အကျိုးဆက် မရှိဘူးဆိုရင် သူတို့ အကြိမ်ကြိမ် ငွေညှစ်နေကြဦးမှာပဲ]
[လူကောင်းတစ်ယောက်က ကူညီမိလို့ ထောင်ကျရမှာလား ဒါက တကယ့်ကို မတရားမှုပဲ။ ဥပဒေဆိုတာ နိုင်ငံသားတိုင်းကို ကာကွယ်ရမှာ မဟုတ်ဘူးလား။ အခုတော့ လူကောင်းတစ်ယောက် အနိုင်ကျင့်ခံရပြီး ထောင်ထဲ ရောက်နေရတာလား]
ပီကင်းတက္ကသိုလ်မှ ကျောင်းသားများမှာလည်း ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။
"တကယ်ကြီးလား... ရှေ့နေဂူက တရားခံရှေ့နေလား ဒါမှမဟုတ် တရားလိုရှေ့နေလား။ သူက တရားခံဘက်ကနေ ကိုင်တွယ်နေတာ မဟုတ်ဘူးလား။ ဒါပေမဲ့ သူက တရားလိုတွေကို ထောင်ဒဏ် ၁၀ နှစ် ကျစေချင်နေတာပဲ"