← Chapters

အခန်း ၃၁၀

Vol. 31 Ch. 310

အခန်း ၃၁၀

Vol. 31 Ch. 310

အခန်း(၃၁၀)

မနှစ်က သရုပ်ဆောင်ကလပ် ဥက္ကဋ္ဌက မိုက်တဲ့ ကောင်မလေးတစ်ယောက်လေ။ သူမ အခုထိ မှတ်မိနေတုန်းပဲ။ ဥက္ကဋ္ဌဟောင်းက အရပ်နည်းနည်းရှည်ပြီး ဆံပင်တိုတိုနဲ့။ အဝေးကကြည့်ရင် ယောကျ်ားလေးနဲ့တူတယ်ဆိုပြီး သူငယ်ချင်းတွေက အမြဲစကြပေမယ့် သူမကတော့ ပြုံးပြီးပဲ တုံ့ပြန်တတ်တယ်။ သူမ ကျောင်းပြီးသွားတော့ ဥက္ကဋ္ဌနေရာကို လက်ရှိဥက္ကဋ္ဌဆီ လွှဲပေးခဲ့တယ်။ သရုပ်ဆောင်ကလပ်မှာ နှစ်နှစ်ဆက်တိုက် မိန်းကလေးဥက္ကဋ္ဌတွေ ဖြစ်လာလို့ ကျောင်းပြီးသွားတဲ့သူတွေ အကုန်လုံး အံ့ဩခဲ့ကြသေးတယ်။

လက်ရှိ ဥက္ကဋ္ဌကလည်း ယောကျ်ားလေးပုံစံ ဖမ်းထားတာပဲ။ မနှစ်က ဥက္ကဋ္ဌနဲ့ ကွာခြားတာတစ်ခုက သူမက အရပ်ပုတော့ နည်းနည်းပိုချစ်စရာကောင်းနေတာပေါ့။ ဒါပေမဲ့ သူမရှေ့မှာတော့ ဘယ်သူမှ အဲဒီလို မပြောရဲကြပါဘူး။ ချစ်စရာကောင်းတယ်လို့ အပြောခံရတာကို သူမက သိပ်မုန်းတာကိုး။

"စီနီယာဟယ်နာ က ဂေါချန်း ပြဇာတ်ပွဲတော်မှာ ပါဝင်မယ်လို့ ကြားတယ်"

"ဂေါချန်း ပြဇာတ်ပွဲတော် ဟုတ်လား"

ကြမ်းပြင်ပေါ် ရင်ဘတ်ကပ်ပြီး ခါးဆန့်နေတဲ့ သူမက ခေါင်းကို ဝုန်းခနဲ မော့လာခဲ့တယ်။ စီနီယာဟယ်နာဆိုတာ ကျောင်းပြီးသွားတဲ့ ကလပ်ဥက္ကဋ္ဌဟောင်းလေ။ သူမအကြောင်း တစ်ခါတလေ ကြားရပေမယ့် ပြဇာတ်ပွဲတော်မှာ ပါဝင်မယ်ဆိုတာကိုတော့ အခုမှ ပထမဆုံး ကြားဖူးတာပဲ။

"နိုင်ငံတကာပွဲတော်ကို ပြောတာလား"

"မဟုတ်ဘူး၊ အဲဒီနောက်မှာလုပ်မယ့် ကောလိပ်ပွဲတော်လေ။ နိုင်ငံတကာပွဲတော်က တကယ့်ပြဇာတ်အဖွဲ့တွေကိုပဲ လက်ခံတာဆိုတော့ ကောလိပ်ကလပ်တွေ ပါခွင့်ရမှာ မဟုတ်ဘူး"

"အာ... ဟုတ်ပြီ"

သူမ ခေါင်းညိတ်လိုက်တယ်။ သူမရဲ့ ဘလော့ဂ်အတွက် အချက်အလက်ရှာရင်းနဲ့ ပြဇာတ်ပွဲတော် အမျိုးအစားတွေ အများကြီးရှိမှန်း သူမ သိခဲ့ရတယ်။ ကောလိပ်အဆင့် ပြဇာတ်ပွဲတော်တွေကနေ မြို့နယ်အဆင့်၊ နိုင်ငံအဆင့်၊ နိုင်ငံတကာအဆင့် ပွဲတော်တွေအထိ ရှိတာလေ။ ဒီလိုပွဲတော်တွေ အများကြီးကို နှစ်စဉ် နိုင်ငံအနှံ့ ကျင်းပလေ့ရှိတယ်။ အဲဒီအထဲမှာမှ ဂေါချန်း နိုင်ငံတကာ ပြဇာတ်ပွဲတော်က တော်တော်လေး နာမည်ကြီးတယ်။ သူမ သိထားသလောက်ဆို ဂေါချန်း မှာ ဒေသခံ ခြောက်သောင်းလောက်ပဲ ရှိပေမယ့် ပွဲတော်အတွက် လာလည်တဲ့ ဧည့်သည်အရေအတွက်က အဲဒီထက် နှစ်ဆလောက် ပိုများတယ်တဲ့။

"အားရင်တော့ သွားချင်သား"

"နိုဝင်ဘာလမှာ လုပ်မှာဆိုတော့ အချိန်ရရင် သွားလို့ရမှာပါ" ဥက္ကဋ္ဌက ပြုံးပြီး ပြောလိုက်တယ်။

ဥက္ကဋ္ဌဟောင်းဟယ်နာ နဲ့ လက်ရှိဥက္ကဋ္ဌက တော်တော်လေး ရင်းနှီးကြတယ်။ ညီအစ်မအရင်းတွေလိုပဲလေ။ သူတို့နှစ်ယောက်လုံး သရုပ်ဆောင်ရတာကို ရူးသွပ်ကြတာချင်းလည်း တူသေးတယ်။ ကွာခြားတာ တစ်ခုကတော့ လက်ရှိဥက္ကဋ္ဌက သရုပ်ဆောင်အလုပ်ကို သူမရဲ့ အသက်မွေးဝမ်းကျောင်းအဖြစ် ရွေးချယ်မထားတာပဲ။ အထက်တန်းပြီးရင် ရပ်တန်းကရပ်ဖို့ သူမ ဆုံးဖြတ်ထားပြီးသားလေ။ နွေရာသီ သရုပ်ဆောင်ပြိုင်ပွဲ ပြီးတာနဲ့ ကလပ်ကို စီမံခန့်ခွဲတဲ့အပိုင်းကိုပဲ အာရုံစိုက်တော့မယ်လို့ သူမ ကြေညာထားခဲ့တယ်။

"စားစရာတွေ ဝယ်လာပြီ"

အစားအသောက် သွားဝယ်တဲ့ ဂျူနီယာတွေ ပြန်ရောက်လာကြတယ်။ သူတို့တွေ အစားအသောက်တွေကို အလယ်မှာထားပြီး ဝိုင်းထိုင်လိုက်ကြတယ်။ သူမက ထမင်းစားချိန်ကို သဘောကျတယ်။ ကိုယ်နဲ့ တည့်တဲ့သူတွေနဲ့ အတူတူ စားသောက်ရတာက တော်တော်လေး ပျော်စရာကောင်းတဲ့ ကိစ္စတစ်ခုပဲလေ။

'မာရူးရော ထမင်းစားပြီးလောက်ပြီလား မသိဘူး' လို့ သူမက ကင်ဘပ်တစ်လိပ်ကို ပါးစပ်ထဲ ကောက်ထည့်ရင်း တွေးလိုက်မိတယ်။

ဒီနှစ်ထဲမှာ မာရူး တော်တော်လေး အလုပ်များနေတယ်။ မကြာသေးခင်ကမှ ဇာတ်လမ်းတွဲ ရိုက်ကွင်းကို သွားခဲ့ရတယ်လို့ သူ ပြောပြဖူးတယ်။ အေဂျင်စီက ကိစ္စတွေရော ကလပ်က ကိစ္စတွေပါ နှစ်ခုလုံးကို သူ ကိုင်တွယ်နေရတာဆိုတော့ တော်တော်လေး ပင်ပန်းနေလောက်ပြီ။ သူတို့ မတွေ့ဖြစ်တာ နှစ်ပတ်လောက် ရှိနေပြီဆိုပေမယ့် သူမက ဖုန်းဆက်ရုံကလွဲပြီး ဘာမှ ပိုမလုပ်ဖြစ်တာက အဲဒီအကြောင်းကြောင့်ပဲလေ။ မာရူးကို နည်းနည်းလောက် အနားရစေချင်လို့ပါ။

မာရူးက စကားတော်တော်များပေမယ့် သူ့ရဲ့ စိုးရိမ်ပူပန်မှုတွေအကြောင်းကိုတော့ ဘယ်တော့မှ ထုတ်မပြောတတ်ဘူး။ မာရူးက တော်တော်လေး ခံနိုင်ရည်ရှိတဲ့သူမို့လို့ သူ့ရှေ့က အခက်အခဲမှန်သမျှကို ပြုံးပြုံးလေး ရင်ဆိုင်ဖြေရှင်းသွားလိမ့်မယ်လို့ ရင်ဘတ်ထဲက တစ်ထောင့်တစ်နေရာမှာ သူမ တွေးထားခဲ့ဖူးတယ်။ ဒါပေမဲ့ ရုပ်ရှင်ရုံမှာ တိတ်တဆိတ် ငိုနေတဲ့ မာရူးကို မြင်လိုက်ရကတည်းက သူမ လန့်သွားသလို သူ့ကိုလည်း သနားသွားမိတယ်။ အဲဒီနေ့က မာရူး ဘာလို့ငိုလဲဆိုတာကို သူမ ဘယ်တော့မှ သိခွင့်မရခဲ့ပါဘူး။ သူမ မေးကြည့်တဲ့အခါမှာ ရုပ်ရှင်က ဝမ်းနည်းစရာကောင်းလို့ ငိုတာပါဆိုတဲ့ အဖြေကိုပဲ ပြန်ရခဲ့တယ်။

အဲဒီနေ့ကစပြီး မာရူးအပေါ် သူမ ပိုပြီး နားလည်ပေးသင့်တယ်လို့ တွေးမိသွားတယ်။ မာရူးမှာလည်း အားနည်းတဲ့အပိုင်းလေးတွေ ရှိတယ်ဆိုတာကို သူမ နားလည်လိုက်ပြီလေ။ သူက သူ့အပူတွေကို ဘယ်တော့မှ ထုတ်မပြောတတ်တော့ သူမကပဲ သူ့ကို ပိုပြီး နားလည်ပေးရလိမ့်မယ်။

"ဝအောင်သာ စားကြ။ ဒီညလည်း ငါတို့ ၁၁ နာရီအထိ နေရဦးမှာ"

"ဟုတ်..."

ဂျူနီယာတွေက အစားအသောက်တွေကို ကမန်းကတန်း စစားကြတော့တယ်။ သူမရဲ့ သူငယ်ချင်းတွေလည်း အတူတူပါပဲ။ သူမလည်း ငါးဖယ်ဟင်းရည်ကို စသောက်လိုက်တယ်။ ပွဲတော်ရက်မတိုင်ခင်အထိ ဒီအချိန်ဇယားအတိုင်းပဲ ဆက်သွားရဖို့ များတယ်။ ဗိုက်ပြည့်အောင် မစားထားရင် သူတို့တွေ ပင်ပန်းပြီး လဲကျကုန်လိမ့်မယ်။

ထမင်းစားပြီးတော့ လေ့ကျင့်ခန်း မစခင် သွေးပူလေ့ကျင့်ခန်း နည်းနည်း လုပ်လိုက်ကြတယ်။ သူတို့က စင်မြင့်ကိုလည်း ပြင်ဆင်ထားပြီး ပြဇာတ်ဝတ်စုံတွေကိုလည်း ဝတ်ဆင်ထားကြတယ်။ ပထမနှစ်တွေ စင်ပေါ်မှာ ဘယ်လိုခံစားရမလဲဆိုတာကို သိသွားအောင်လို့ ဒီလိုမျိုး လုပ်ထားတာလေ။ တစ်ခေါက် လေ့ကျင့်ပြီးတာနဲ့ သူတို့တွေ ဥက္ကဋ္ဌနားကို စုရုံးရောက်ရှိလာကြတယ်။

"တော်တော်လေး ကောင်းတယ်။ နောက်တစ်ခေါက် မစခင် ခဏနားကြရအောင်။ ပင်ပန်းမှန်း သိပေမယ့် အခုလောလောဆယ်တော့ သည်းခံပေးကြပါ။ တကယ့်ပွဲမှာ အမှားမလုပ်မိဖို့ဆိုတာ အိပ်ရာက နိုးနိုးချင်း မသိစိတ်ကနေ ကိုယ့်ဒိုင်ယာလော့ဂ်တွေကို ရေရွတ်နိုင်တဲ့အထိ လေ့ကျင့်ထားမှ ရမှာ။ ဒုတိယနှစ်တွေဆို ငါဘာပြောလဲ နားလည်တယ်မလား"

ဥက္ကဋ္ဌရဲ့ အမေးကို သူမ ခေါင်းညိတ်ပြလိုက်တယ်။ စင်ပေါ်ရောက်ရင် လူတွေ ခေါင်းထဲ ဘာမှမရှိတော့ဘဲ ဗလာဖြစ်သွားတတ်တဲ့ အချိန်တွေ ရှိတယ်လေ။ ဘယ်လောက်ပဲ အမှားမလုပ်ဘူးလို့ ဆုံးဖြတ်ထားပါစေ၊ စင်ပေါ်မှာ အသေးအမွှား အမှားလေးတွေတော့ ရှိလာတတ်တာပဲ။ အကြောင်းအရင်းမရှိဘဲ အသံတွေ ဝင်သွားတတ်သလို ခန္ဓာကိုယ်ကြီးကလည်း အလိုလို တောင့်တင်းသွားတတ်တယ်။ အဲဒီလို အခြေအနေမျိုးကနေ လွတ်မြောက်ဖို့ တစ်ခုတည်းသော နည်းလမ်းက ခန္ဓာကိုယ်ထဲ စွဲမြဲနေတဲ့ သရုပ်ဆောင်မှုပဲလေ။ လေ့ကျင့်မှုဆိုတာ အာမခံတစ်ခုလိုပဲ။ မလိုအပ်ရင် အကောင်းဆုံးဆိုပေမယ့်၊ 'တကယ်လို့များ' ဆိုတဲ့ အခြေအနေမျိုးက ရုတ်တရက် ရောက်လာတတ်ပြီး အဲဒီလိုအချိန်မျိုးမှာ လေ့ကျင့်ထားတာတွေက အသုံးဝင်လာတာပေါ့။

သူတို့တွေ အနားယူနေတုန်းမှာပဲ လေ့ကျင့်ရေးအခန်းတံခါး ပွင့်လာခဲ့တယ်။

"နင်တို့တွေ လေ့ကျင့်နေကြတုန်းပဲကိုး"

ကောင်မလေးတစ်ယောက်က ကော်ဖီတစ်ခွက်ကို ကိုင်ပြီး ဝင်လာတယ်။ အသက် နှစ်ဆယ်လယ်လောက်ရှိမယ့် အမျိုးသားတစ်ယောက်ကလည်း ကော်ဖီတွေ ကိုင်ပြီး ဝင်လာခဲ့တယ်။ အဲဒီကော်ဖီတွေက ကျောင်းအပြင်ဘက်က ဆိုင်ကနေ ဝယ်လာတာလေ။

"နင်တို့တွေ လေ့ကျင့်နေလောက်သေးတယ်လို့ ထင်နေတာ၊ ငါ ထင်တဲ့အတိုင်းပဲ"

ပထမနှစ်နဲ့ ဒုတိယနှစ်တွေ အကုန် မတ်တတ်ရပ်လိုက်ကြတယ်။ သူမလည်း အတူတူပဲ။ လီချယ်ရင်။ သူမက ဒီကျောင်းကို တက်နေတဲ့ နာမည်ကြီး အနုပညာရှင်တွေထဲက တစ်ယောက်လေ။ သရုပ်ဆောင်ကလပ်က မဟုတ်ပေမယ့် သူမက တစ်ခါတလေ လက်ဆောင်တွေ လာပေးပြီး အားပေးစကားတွေ ပြောတတ်လို့ အကုန်လုံးက သူ့ကို သဘောကျကြတယ်။ ပိန်ပိန်ပါးပါး ကိုယ်လုံးလေးနဲ့ ဆံပင်တိုတိုလေးထားထားတဲ့ သူမက ယောကျ်ားလေးတွေကြားမှာ အရမ်းနာမည်ကြီးတဲ့ ထိပ်တန်း အိုင်ဒေါအဖွဲ့တစ်ခုရဲ့ အဖွဲ့ဝင်တစ်ယောက်ပဲ။ အခုတလော ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်နေပြီး တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး နာမည်ကြီးလာနေတာပေါ့။

"စီနီယာ၊ ရှုတင်ရှိတယ်လို့ ပြောထားတယ် မဟုတ်လား" ကော်ဖီခွက်ကို လှမ်းယူရင်း သူမက ချယ်ရင် ကို မေးလိုက်တယ်။

ချယ်ရင် မှာ ဓာတ်ပုံရိုက်စရာ ရှိတယ်လို့ သူမ ကြားထားတာကိုး။

"အကုန်ပြီးသွားလို့ပေါ့။ ထိုင်ကြပါဟ၊ နင်တို့က ဘာလို့ မတ်တတ်ကြီးတွေ ရပ်နေကြတာလဲ"

ချယ်ရင် က ဥက္ကဋ္ဌဘေးမှာ ဝင်ထိုင်လိုက်တယ်။ ကော်ဖီတွေ ယူလာပေးတဲ့ အမျိုးသားကတော့ ကားထဲမှာ စောင့်နေမယ်လို့ ချယ်ရင် ကို ပြောပြီး ထွက်သွားတယ်။ သူမရဲ့ မန်နေဂျာ ဖြစ်ပုံရတယ်။

"ကျေးဇူးပဲဟေ့။ ငါတို့လည်း အချိုတည်းစရာ တစ်ခုခု လိုနေတာနဲ့ အတော်ပဲ" ဥက္ကဋ္ဌက ပိုက်ကို ကိုက်ရင်း ပြောလိုက်တယ်။

ဒါက သူမ အကြိုက်ဆုံး ကော်ဖီအမျိုးအစားဖြစ်တဲ့ မိုချာလေ။

"လေ့ကျင့်ရတာ အဆင်ပြေရဲ့လား"

"အဆင်ပြေပါတယ်။ ကလေးတွေလည်း တော်ကြတယ်။ နင်ရော ဘယ်လိုလဲ။ ဒီကို ရောက်နေမှတော့ ဇာတ်လမ်းတွဲအကြောင်း နည်းနည်းလောက် ပြောပြပါလား။ နင့်ပရိသတ်တွေရှေ့ ရောက်နေတာဆိုတော့လေ"

ယောကျ်ားလေးတွေ အကုန်လုံးက 'ကျွန်တော်က ပရိသတ်ပါ' လို့ ဝမ်းသာအားရ အော်လိုက်ကြတယ်။ ချယ်ရင် က ခပ်ရေးရေး ပြုံးလိုက်ရင်း စကားစတယ်။

"ခက်တယ်ဟ။ အခုလောက်ဆို ကျင့်သားရနေပြီဆိုပေမယ့် ရိုက်ကွင်းသွားရတိုင်း အမြဲတမ်း အသစ်လိုပဲ ခံစားနေရတုန်းပဲ။ အဲဒီက သရုပ်ဆောင်တွေက အရမ်းတော်ကြတော့ သူတို့ကြောင့်ပဲ ငါပါ ပိုကြည့်ကောင်းနေသလို ခံစားရတယ်။ ကိုယ့်အရည်အချင်းနဲ့ကိုယ် ချီးကျူးခံချင်ပေမယ့် တော်တော်လေး ခက်တယ်။ နင်တို့... ဇာတ်လမ်းတွဲကို ကြည့်ပြီးပြီလား။ ငါ တော်တော်လေး အမ်းနေတယ်မလား"

"မအမ်းပါဘူး။ တီဗွီထဲမှာ ကြည့်ရတာ ဘာမှတောင် မသိသာဘူး"

"စီနီယာ အရမ်းတော်တာပါ"

"ဟုတ်တယ်"

ဂျူနီယာတွေ အကုန်လုံးက သူမကို ဝိုင်းချီးကျူးကြတယ်။ ချယ်ရင် က ဝမ်းသာလွန်းလို့ မျက်နှာလေး ရဲတက်လာတယ်။ ကော်ဖီသောက်ရင်း သူမကို စောင့်ကြည့်နေတဲ့ သူမကလည်း စိတ်ထဲမှာ အဲဒီလိုပုံစံမျိုးလေး လုပ်ကြည့်နေမိတယ်။ သူမသာ အဲဒီလိုမျိုး လုပ်ပြရင် မာရူး သဘောကျပါ့မလား။ သူမ မျက်နှာ ချက်ချင်း ပူထူလာပြီး ခေါင်းကို ခါယမ်းပစ်လိုက်တယ်။ သူ့ရှေ့မှာ ချစ်စရာကောင်းအောင် သွားလုပ်ပြဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။

ချယ်ရင် ရဲ့ အမူအရာလေးတွေတိုင်းက သူမရဲ့ ခန္ဓာကိုယ်ပုံစံလေးကြောင့် ချစ်စရာကောင်းနေတယ်။ ယောကျ်ားလေးရော မိန်းကလေးတွေပါ သူမကို ဘာလို့ ဝိုင်းချစ်ကြလဲဆိုတာကို သူမ သဘောပေါက်သွားသလိုပဲ။ ဘယ်သူမဆို အိုင်ဒေါဖြစ်လာနိုင်တာမှ မဟုတ်တာလေ။

"အာ... ဟုတ်သားပဲ။ ဇာတ်လမ်းတွဲ လာတော့မယ် မဟုတ်လား။ ဒီနေ့ သောကြာနေ့လေ"

"အေး ဟုတ်တယ်"

"အတူတူ ကြည့်ကြမလား"

"မလုပ်ပါနဲ့ဟာ။ ရှက်စရာကြီး"

ချယ်ရင် က ကိုယ်လေးကို လိမ်ကာကောက်ကာနဲ့ ပြောလိုက်တယ်။ ဥက္ကဋ္ဌက လေ့ကျင့်ရေးအခန်း ထောင့်နားမှာရှိတဲ့ တီဗွီအကြီးကြီးကို ဖွင့်လိုက်တယ်။ လေ့လာစရာ ဗီဒီယိုတွေ ကြည့်တာကလွဲရင် သိပ်မသုံးဖြစ်တဲ့ တီဗွီကြီး ပွင့်လာခဲ့တယ်။ သူမက တီဗွီဘေးက အဝေးထိန်းခလုတ်နဲ့ လိုင်းပြောင်းလိုက်တယ်။

"RBS က လာတာမလား"

"အေး"

RBS လိုင်းကို ပြောင်းလိုက်တယ်။ ကြော်ငြာတွေ လာနေတုန်းပဲ။ ညာဘက် အပေါ်ထောင့်မှာတော့ 'Youth Generation' ဆိုတဲ့ လိုဂိုလေး ပေါ်နေတယ်။

"ခဏနေ စတော့မယ်ထင်တယ်"

"ဟယ်... ရှက်စရာကြီး ဖြစ်တော့မှာပဲ"

"ကိုယ့်သရုပ်ဆောင်မှုကိုကိုယ် ရှက်နေစရာ မလိုပါဘူးဟာ"

ဥက္ကဋ္ဌက အသံချဲ့လိုက်တယ်။ တီဗွီထဲမှာတော့ ခေါင်းလျှော်ရည် ကြော်ငြာတစ်ခု လာနေတယ်။ ဆံပင်ရှည်ရှည်နဲ့ မင်းသမီးတစ်ယောက်က တောက်ပနေတဲ့ သူမရဲ့ ဆံကေသာကို ကြွားလုံးထုတ်နေတယ်။

"ကင်ဆူယွန်း ပဲ"

"ဒီတလော သူ တီဗွီမှာ ခဏခဏ ပါတယ်နော်"

ဂျူနီယာတွေ ပြောနေတဲ့ အသံတွေကို ကြားလိုက်ရတယ်။

အဲဒီမင်းသမီးကို သူမ တကယ် သိထားတယ်။ သူမကို အပြင်မှာ မြင်ဖူးတယ်လေ။ မာရူး ဆေးရုံတက်ရတုန်းက သူမ လာကြည့်ဖူးတယ်။ တီဗွီမှာ သူမကို မြင်ရတိုင်း အဲဒီတုန်းက ဆုံခဲ့ရတာက အိမ်မက်တစ်ခုလိုပဲ။

'ဒါပေမဲ့ သူက မာရူးနဲ့ သိပ်ရင်းနှီးတဲ့ပုံ မပေါ်ပါဘူး။ သူ့ရဲ့ ပထမဆုံး အမြင်ကလည်း... သိပ်တော့ အဆင်မပြေဘူး'

ပထမဆုံး အမြင်ပေါ် အခြေခံပြီး လူတစ်ယောက်ကို အကဲဖြတ်တာ ဘယ်လောက်တောင် မိုက်မဲလဲဆိုတာ သူမ သိပေမယ့် ဆူယွန်းကို ပထမဆုံး မြင်လိုက်ရတုန်းက ခံစားချက်က အရမ်းကို ကြမ်းတမ်းလွန်းလို့ အခုထိ သူမကို ကြည့်မရသေးဘူးလေ။ တီဗွီထဲမှာ တက်ကြွစွာ ပြုံးရွှင်နေတဲ့ သူမကို ကြည့်ရတာတောင် တစ်ခုခု လွဲမှားနေသလို ခံစားရတယ်။

မဟုတ်သေးပါဘူး၊ သူမက မနာလိုဖြစ်နေတာလည်း ပါမှာပါ။ သူမက လှလွန်းတော့လည်း ဒါက သိပ်တော့ မဆန်းပါဘူး။ သူမက သက်ပြင်းတိုးတိုးလေး ချလိုက်တယ်။ ပြန်တွေးကြည့်မယ်ဆိုရင် အဲဒီတုန်းက မာရူးဆီ လာလည်တဲ့သူတွေ အကုန်လုံးမှာ ဆွဲဆောင်မှုရှိတဲ့ ဝန်းကျင်တစ်ခုစီ ရှိနေကြတယ်။ အကုန်လုံးက ထူးခြားပြီး လှပနေကြတာပဲ။

"ဘာတွေ စဉ်းစားနေတာလဲ"

ရုတ်တရက် မျက်နှာတစ်ခု အနားကပ်လာတာကို မြင်လိုက်ရတော့ သူမ လန့်သွားပြီး ပိုက်ကို လွှတ်ချလိုက်တယ်။ ချယ်ရင် ပဲ။ အဲဒီနောက် သူမရဲ့ မျက်လုံးတွေက တွန့်ကြေနေတဲ့ ပိုက်တွေဆီ ရောက်သွားတယ်။ ဒါက သူမရဲ့ စိတ်အခြေအနေကို ကိုယ်စားပြုနေသလိုပဲ။

"ဒီလိုပါပဲ... ဟိုတွေးဒီတွေးပေါ့"

သူတို့ မတွေ့ရတာ ကြာပြီမို့လို့ ဒီလိုတွေ ဖြစ်နေတာလားလို့ သူမ တွေးမိတယ်။ ကိုယ့်ကိုယ်ကိုယ် သနားစရာကောင်းတယ်လို့ ခံစားလာရတယ်။ တခြားလူတွေနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်မနေတော့ဘူးလို့ သူမ ဆုံးဖြတ်လိုက်တယ်။ ဒီလိုလုပ်နေလို့ ဘာမှ ကောင်းလာမှာ မဟုတ်ဘူးလေ။ ပြီးတော့ မာရူးကလည်း သူမကို သူ့ကိုပဲ ကြည့်နေအောင် လုပ်မယ်၊ သူ မရှိဘဲ မနေနိုင်အောင် လုပ်မယ်လို့ ပြောထားသေးတာပဲ။ အဲဒါက သူကိုယ်တိုင်လည်း တခြားဘယ်သူ့ကိုမှ ကြည့်မှာမဟုတ်ဘူးလို့ သွယ်ဝိုက်ပြီး ပြောလိုက်တာပဲ ဖြစ်မှာပါ။ သူမရဲ့ အတွေးတွေက မာရူးဆီ ပြန်ရောက်သွားပြန်တယ်။ သူမရဲ့ မျက်လုံးတွေက တောက်ပလာပြီး ပိုက်ကို အားရပါးရ ကိုက်ပစ်လိုက်တယ်။

'ဟင်း'

တစ်ခုခုကြောင့် သူမ ရှုံးသွားသလို ခံစားလိုက်ရတယ်။ တကယ်လို့များ မာရူးသာ ဒါကို သိသွားရင် ပြဲပြဲကြီး ပြုံးပြီးတော့ သူမကို တစ်နေကုန် စနောက်နေမှာ သေချာတယ်။

"ချစ်သူတွေ ရန်ဖြစ်ထားကြတာလား"

ချယ်ရင် ရဲ့ အမေးကို ကြားလိုက်ရတော့ သူမ အနေရခက်စွာနဲ့ ချောင်းဟန့်လိုက်တယ်။ သူတို့နှစ်ယောက်က ဂျူနီယာတွေရဲ့ အာရုံစိုက်မှုကိုပါ ရသွားခဲ့တယ်။ သူမရဲ့ အမေးကို ရှောင်လွှဲဖို့အတွက် ဆက်ပြီးတော့ ချောင်းဟန့်နေလိုက်တယ်။

"စပြီ စပြီ"

ဥက္ကဋ္ဌရဲ့ စကားသံကို ကြားလိုက်ရတော့ အကုန်လုံးက တီဗွီဆီ အာရုံရောက်သွားကြတယ်။ ဖန်သားပြင်က ခဏလောက် မှောင်ကျသွားပြီးနောက် တစ်ကျောင်းလုံးကို တစ်ချက်တည်း ရိုက်ပြလိုက်တယ်။ ဒါက အိုင်ဒေါလေးယောက်ကို အဓိကဇာတ်ကောင်အဖြစ်ထားပြီး ရိုက်ထားတဲ့ လူငယ်ဇာတ်လမ်းတွဲလေ။ စလွှင့်ခါစတုန်းကတော့ ဝေဖန်သံတွေ တော်တော်လေး ဆူညံခဲ့တယ်။ ဒါပေမဲ့ တတိယအပတ် ရောက်လာတဲ့အခါမှာတော့ လူတွေက သရုပ်ဆောင်တွေကို ဝေဖန်တာထက် အားပေးထောက်ခံလာကြတယ်။ ဒါကို အင်တာနက်မှာ ရှာကြည့်လိုက်တာနဲ့ အလွယ်တကူ သိနိုင်ပါတယ်။

"အာ... သူ ပါလာပြီ"

"ရှက်စရာကြီးဟာ၊ ထပ်မပြောနဲ့တော့" ချယ်ရင် က သူမရဲ့ အောက်နှုတ်ခမ်းကို ကိုက်ရင်း ပြောလိုက်တယ်။

ဇာတ်လမ်းတွဲထဲမှာတော့ ချယ်ရင် ကို ချယ်ဘိုးလ်သူဌေးကြီးရဲ့ သမီး ဆိုးသွမ်းတဲ့ ကောင်မလေးတစ်ယောက်အနေနဲ့ ပုံဖော်ထားတယ်။ သူမက မနှစ်မြို့တဲ့သူတွေကို ဗြောင်ကျကျ အထင်သေးတတ်ပြီး လူတိုင်းကို သူမဘက်ပါအောင် ငွေကြေးနဲ့ သိမ်းသွင်းလေ့ရှိတယ်။ ကိုရီးယားဇာတ်လမ်းတွဲတွေထဲက စံပြ ဗီလိန် ဇာတ်ကောင်တစ်ယောက်ပေါ့။

"အဆင်မပြေသလို မဖြစ်ဘူးလား" ချယ်ရင် က သတိထားပြီး မေးလိုက်တယ်။

သူမက ခေါင်းကို အဆက်မပြတ် ခါယမ်းပြလိုက်တယ်။

"လုံးဝ အဆင်မပြေသလို မဖြစ်ပါဘူး"

"တကယ်လား။ တော်သေးတာပေါ့။ ဒါရိုက်တာက ငါ့ကို ဒီထက်ပိုပြီး ယုတ်မာတဲ့ပုံစံ သရုပ်ဆောင်စေချင်တာ၊ ဒါပေမဲ့ ငါ တကယ် သဘောမပေါက်ခဲ့ဘူး။ အကောင်းဆုံးတော့ ကြိုးစားခဲ့တာပဲ၊ ဒါပေမဲ့ ကိုယ့်ဟာကိုယ် ပြန်ကြည့်ရတာ တော်တော်လေး ထူးဆန်းနေတယ်"

"အဲဒီလို လုံးဝမဟုတ်ဘူး။ စီနီယာက တကယ့်ကို ဆိုးသွမ်းတဲ့ ကောင်မလေးနဲ့ တူတယ်။ စီနီယာ သရုပ်ဆောင် အရမ်းကောင်းတာပဲ"

"ဟင်... တကယ်လား။ ကြည့်ရတာ သိပ်မဆိုးဘူးမလား။ ဟိုလေ... ငါက စိတ်ထားကောင်းတဲ့သူဆိုတော့... ဟေ" ချယ်ရင် က မပီပြင်တဲ့ အပြုံးလေးတစ်ခုနဲ့ ပြန်မေးလိုက်တယ်။

သူမက ခေါင်းလေးကို စောင်းလိုက်တယ်။ အဲဒီလို လုပ်လိုက်တဲ့အခါ ချယ်ရင် က 'ဘာမှမဟုတ်ပါဘူး' လို့ ပြောပြီး တီဗွီဘက်ကို ပြန်လှည့်သွားတယ်။ သူမ တစ်ခုခု အမှားလုပ်မိသွားလို့လား။

သူမက ဒူးနှစ်ဖက်ကို စုလိုက်ပြီး ဇာတ်လမ်းတွဲကို စကြည့်နေလိုက်တယ်။ အရမ်းကို ကြီးမားကျယ်ပြန့်တဲ့ ကျောင်းကြီးရဲ့ မြင်ကွင်းအပြည့်ကို ထင်ထင်ရှားရှား ပြသထားတယ်။

"ပြီးခဲ့တဲ့ တစ်ခေါက်ကတည်းက တွေးနေတာ၊ အဲဒါက ဘယ်နေရာကြီးလဲ။ ကောလိပ်ကြီး မဟုတ်လား"

"မဟုတ်ဘူး။ အဲဒါ ဆိုးလ်က အထက်တန်းကျောင်းလေ၊ နာမည်က ဆန်ဂမ် အထက်တန်းကျောင်း"

"အဲဒါ အထက်တန်းကျောင်းလား။ အရမ်းကို မိုက်တာပဲ"

"ငါတို့ကျောင်းကလည်း သိပ်မဆိုးပါဘူး"

"အဲဒီနေရာနဲ့ ယှဉ်လိုက်ရင် ငါတို့ကျောင်းက သမုဒ္ဒရာထဲက ရေတစ်စက်လောက်ပဲ ရှိတာပါ"

ဥက္ကဋ္ဌနဲ့ ချယ်ရင် တို့ အပြန်အလှန် စကားပြောနေကြတယ်။ ဥက္ကဋ္ဌ ပြောသလိုပဲ၊ ဇာတ်လမ်းတွဲထဲက ကျောင်းကြီးမှာ အထက်တန်းကျောင်းတစ်ကျောင်းမှာ မရှိနိုင်လောက်အောင် ကောင်းလွန်းတဲ့ အဆောက်အဦတွေ ရှိနေတယ်။ ဝတ္ထုတွေထဲမှာပဲ ပါလေ့ရှိတဲ့ သူဌေးသားသမီးတွေ တက်တဲ့ ကျောင်းတစ်ကျောင်းနဲ့ တူနေတာကိုး။

အခန်းပြောင်းသွားပြီး အားကစားရုံတစ်ခု ပေါ်လာတယ်။ ယောကျ်ားလေးတွေ အားကစားလုပ်နေတဲ့ အခန်းတိုလေးတစ်ခု အပြီးမှာတော့ အဓိကဇာတ်ကောင်တွေ ထွက်လာကြတယ်။ သူတို့က ဘတ်စကက်ဘော ကစားနေတာလေ။ အရပ်ရှည်ရှည် မင်းသားတွေ ဘတ်စကက်ဘော ကစားနေတာက တော်တော်လေး ကြည့်ကောင်းတယ်။ သူတို့ရဲ့ ခန္ဓာကိုယ် အချိုးအစားက ကင်မရာထဲမှာ တော်တော်လေး လှနေတော့ ဒါကို ကြည့်ရတာနဲ့တင် မျက်စိပသာဒ ဖြစ်နေပြီလေ။

နောက်ဆုံးမှာတော့ အဓိကဇာတ်ကောင် နှစ်ယောက် ရန်စဖြစ်ကြတယ်။ သူတို့က စင်ဒရဲလားလို ကောင်မလေးတစ်ယောက်အတွက် ရန်ဖြစ်နေကြတာလေ။ ချယ်ရင် ရောက်လာပြီး ရန်ပွဲကို ဝင်ဆွဲဖို့ ကြိုးစားပေမယ့် အချည်းနှီးပဲ ဖြစ်သွားတယ်။ အဲဒီနောက် အဓိကဇာတ်ကောင် နှစ်ယောက်က ပိုပြီး နီးကပ်သွားကြတယ်။ အချိန်မရွေး ထိုးကြိတ်တော့မယ့်အတိုင်း တစ်ယောက်နဲ့တစ်ယောက် စိုက်ကြည့်နေကြတယ်။ အဲဒီအချိန်မှာပဲ အခန်းပြောင်းသွားပြီး လေထဲ မြှောက်ထားတဲ့ လက်သီးကို အနီးကပ် ရိုက်ပြလိုက်တယ်။

အဲဒီအချိန်မှာပဲ သူမရဲ့ ဂုတ်ပိုးကို ရေခဲတုံးတစ်ခု လာကပ်လိုက်သလိုမျိုး သူမ လန့်ဖျပ်သွားတယ်။ ဇာတ်လိုက်ရဲ့ လက်သီးချက်ကြောင့် လဲကျသွားတဲ့ ကောင်လေးက သူမအတွက် အရမ်းကို ရင်းနှီးနေလွန်းတယ်။ ခဏလောက်တော့ သူမ အမြင်မှားတာများလားလို့ တွေးလိုက်မိပေမယ့် နောက်အခန်းမှာ အချိန်တိုလေးအတွင်း ရိုက်ပြသွားတဲ့ သူ့မျက်နှာကို မြင်လိုက်ရတယ်။ သူက သေချာပေါက် မာရူးပဲ။

"ဒါဆို ဒီဇာတ်လမ်းတွဲပေါ့"

မသိစိတ်ကနေ သူမ အသံထွက်ပြီး ပြောလိုက်မိပေမယ့် အသံက တော်တော်လေး ကျယ်သွားပုံရတယ်။ ဥက္ကဋ္ဌ၊ ချယ်ရင် နဲ့ ကလပ်က အဖွဲ့ဝင်တွေ အကုန်လုံး သူမကို လှမ်းကြည့်လာကြတယ်။

"ဘာကို ဒီဇာတ်လမ်းတွဲလဲဆိုတာ ဘာပြောတာလဲ"

"ဟင်... အာ... ငါ့သူငယ်ချင်းတစ်ယောက်က ဒီဇာတ်လမ်းတွဲမှာ ဇာတ်ရံအနေနဲ့ ပါမယ်လို့ ပြောဖူးလို့ပါ"

"နင့်သူငယ်ချင်းလား။ ဘယ်သူလဲ"

"ခုနက လဲကျသွားတဲ့တစ်ယောက်လေ"

"အာ... တကယ်လား"

ဥက္ကဋ္ဌက ဖန်သားပြင်ကို ကြည့်ရင်း ပြောလိုက်တယ်။

"ဟေ... အဲဒါ ဝူဆောင်း က ကောင်လေး မဟုတ်လား။ သူပဲလေ။ သရုပ်ဆောင်ပွဲတော်တုန်းက အစ်မဟယ်နာက သူက အကြည့်ရဆုံးပဲဆိုပြီး လက်ညှိုးထိုးပြခဲ့တာ"

တခြားတစ်ယောက်က မာရူးကို ဆေးခန်းဆီ တွဲခေါ်သွားတာကို ကြည့်ရင်း ဥက္ကဋ္ဌက ပြောလိုက်တယ်။ ဒါကို ကြားတော့ ဒုတိယနှစ်တွေကလည်း သူတို့အမြင်တွေကို ဝင်ပြောကြတယ်။

"သူက နင့်ကို ဖမ်းဆွဲပြီး အော်ခဲ့တဲ့ ကောင်လေး မဟုတ်လား။ အန်ဆန် မှာတုန်းကလေ၊ ဟုတ်တယ်မလား။ သူ့နာမည်က... ဟန်မာရူး မဟုတ်လား။ ဟုတ်တယ်၊ ဟန်မာရူးပဲ"

"အာ... မှတ်မိပြီ။ အဲဒီနားမှာ တီးဝိုင်းတစ်ခု ဖျော်ဖြေနေတာလေ။ ဟုတ်တယ်၊ အဲဒီ ထူးထူးဆန်းဆန်း ကောင်လေးပဲ။ သူ့ကို 'မှတ်ထားပါ' လို့ ပြောခဲ့တဲ့ တစ်ယောက်လေ"

လွန်ခဲ့တဲ့ တစ်နှစ်က ဇာတ်လမ်းကို ပြောရင်း သူမရဲ့ သူငယ်ချင်းတွေ တခစ်ခစ် ရယ်ကြတော့တယ်။ ဥက္ကဋ္ဌက သံသယဖြစ်စရာ အပြုံးတစ်ခုနဲ့ သူမကို လှမ်းကြည့်လိုက်တယ်။ သူမက အဲဒီအကြည့်တွေ အကုန်လုံးကို ရှောင်လွှဲဖို့အတွက် ခေါင်းကို ငုံ့ထားလိုက်တယ်။ ရုတ်တရက်ကြီး သူမဆီ လျှောက်လာပြီး သူ့ကို မှတ်ထားပေးဖို့ ပြောခဲ့တဲ့ အဲဒီအချိန်က မာရူးကို သူမ ပြန်သတိရသွားတယ်။

ဥက္ကဋ္ဌနဲ့ သူငယ်ချင်းတွေက သူမအနားကို ကပ်လာပြီး သူက နင့်ရည်းစားလား ဆိုပြီးတော့ လက်နဲ့တို့ကာ မေးကြတော့တယ်။ အဆက်မပြတ် အတင်းမြန်းနေတာတွေကြောင့် နောက်ဆုံးတော့ သူမ ခေါင်းညိတ်ပြလိုက်ရတယ်။ ဒီလိုနဲ့ပဲ အတန်းဖော်တွေအပြင် ကလပ်က သူငယ်ချင်းတွေပါ ဒီအကြောင်းကို သိသွားကြတော့တယ်။

"နင် တစ်ခါတလေ ဝတ်လာတတ်တဲ့ လက်စွပ်ရဲ့ ဇာစ်မြစ်ကို အခုမှပဲ သိတော့တယ်"

ဥက္ကဋ္ဌက ဒီကိစ္စကို ထပ်ပြီး အစဖော်နေပြန်တယ်။ သူမက နှုတ်ခမ်းကို ကိုက်ထားပြီး ဘာမှ ပြန်မဖြေပေမယ့် ဥက္ကဋ္ဌရဲ့ ခေါင်းမာမှုကတော့ အဆုံးသတ်မယ့်ပုံ မပေါ်ဘူး။

ဥက္ကဋ္ဌနဲ့ ကျန်တဲ့အဖွဲ့ဝင်တွေရဲ့ အကြည့်တွေကို သူမ ရှောင်လွှဲနေတုန်းမှာပဲ သူမရဲ့ ဘယ်ဘက်ပါးပြင်ကို စိုက်ကြည့်နေတဲ့ အကြည့်စူးစူးတစ်ခုကို ခံစားလိုက်ရတယ်။ အေးစက်စက် အဲဒီအကြည့်ကြောင့် အဲဒီဘက်ကို သူမ ခေါင်းလှည့်ကြည့်မိသွားတယ်။ အဲဒီမှာ ညှိုးငယ်နေတဲ့ မျက်လုံးတွေနဲ့ သူမကို စိုက်ကြည့်နေတဲ့ ချယ်ရင် ကို တွေ့လိုက်ရတယ်။ ဒါပေမဲ့ အဲဒီအကြည့်က ချက်ချင်းဆိုသလို ပျောက်ကွယ်သွားတယ်။ ပြုံးနေတဲ့ ချယ်ရင် ပဲ ကျန်ခဲ့တော့တယ်။

"အာ... ဇာတ်လမ်းတွဲထဲမှာ ငါလည်း ပါတာပဲ"

သူမက ချယ်ရင် ကို အကဲခတ်နေတာမို့လို့ ဒီစကားတွေကို ကြားလိုက်ရတာ။ ဒါပေမဲ့ တခြားဘယ်သူမှ ကြားလိုက်ပုံမရဘူး။ ခဏလောက်တော့ သူမ ငေးကြောင်သွားတယ်။ ဥက္ကဋ္ဌနဲ့ သူငယ်ချင်းတွေရဲ့ ရယ်သံတွေက ပျောက်ကွယ်သွားသလို ခံစားလိုက်ရတယ်။

"ဟိုလေ... ငါ သွားတော့မယ်။ နင်တို့ကို အကြာကြီး အနှောင့်အယှက် မပေးသင့်ဘူး"

ချယ်ရင် က မတ်တတ်ရပ်လိုက်တယ်။

"ပြန်တော့မလို့လား"

"အေး။ လေ့ကျင့်ရတာ အဆင်ပြေပါစေ။ နောက်မှ တစ်ခေါက် လာလည်ဦးမယ်"

"အိုကေ။ ငါတို့လည်း ဇာတ်လမ်းတွဲကို ပျော်ပျော်ကြီး ဆက်ကြည့်လိုက်ဦးမယ်"

"အာ... အေးပါ။ ကောင်းကောင်း ကြည့်ကြ"

ချယ်ရင် က လက်ပြနှုတ်ဆက်ရင်း ထွက်သွားခဲ့တယ်။

သူမက လက်ကို မြှောက်လိုက်ပြီး သူမရဲ့ ဘယ်ဘက်ပါးပြင်ကို ပွတ်သပ်လိုက်တယ်။ ပါးရိုက်ခံလိုက်ရသလိုမျိုး ထုံကျဉ်နေသလိုပဲ။

* * * * * * * * *

All Chapters