အခန်း ၃၉၃
Vol. 40 Ch. 393
အခန်း (၃၉၃) ငြိမ်းချမ်းရေးဆွေးနွေးမှု၏ လျှို့ဝှက်ချက်... ကျဲ့ယွင်၏ ဖိတ်ခေါ်မှု
လေဝိညာဉ်နတ်ပုတီးစေ့ လက်ဝယ်သို့ ရောက်ရှိလာခဲ့ပြီ။
ဤတစ်ခေါက် မြို့တော်သို့ လာရောက်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာလည်း နောက်ဆုံးတွင် အောင်မြင်သွားခဲ့ပြီ ဖြစ်ရာ သူ၏ ကြိုးစားအားထုတ်မှုများ အရာထင်ခဲ့ပြီဟု ဆိုရမည်။ နောက်ထပ် လုပ်ဆောင်ရန် ကျန်ရှိနေသည်က အရှေ့ပင်လယ်သို့ သွားရောက်ရန်ပင် ဖြစ်လေသည်။
စစ်မှန်သော နဂါးရတနာဆေး ကိုသာ ရရှိမည်ဆိုပါက ဓမ္မရုပ်တုအဆင့်သို့ တက်လှမ်းရန် သူ၏ ခြေလှမ်းများမှာ လက်တစ်ကမ်း အကွာအဝေး၌သာ ရှိတော့မည် ဖြစ်လေသည်။
"ဒီပစ္စည်းက မင်းနဲ့ ထိုက်တန်လို့ ရတာပါ ကျေးဇူးတင်စရာ မလိုပါဘူး..."
ကျီချန်တောက် က လက်ယမ်းလိုက်ပြီး ပေါ့ပေါ့ပါးပါးပင် ပြောလိုက်လေသည်။
လေဝိညာဉ်နတ်ပုတီးစေ့ တစ်လုံးဆိုသည်မှာ သူ၏ မျက်လုံးထဲတွင် အရေးတယူ လုပ်စရာအကြောင်း လုံးဝ မရှိပေ။ တကယ်တမ်း သူ့ကို ဂရုစိုက်မိစေသည်က ကျန်းချဲ့ ဆိုသည့် လူငယ်လေးပင် ဖြစ်သည်။
"အခု လောလောဆယ် မင်း မြို့တော်မှာပဲ အချိန် တစ်ခုလောက် နေလိုက်ပါ မင်းရဲ့ ရာထူး ကိစ္စကို ငါကိုယ်တော် စီစဉ် ပေးနေတယ် ပြီးတော့ ငါကိုယ်တော် မင်းကို ခိုင်းစရာ ကိစ္စ တစ်ခု ရှိသေးတယ်..."
ကျန်းချဲ့၏ မျက်ဝန်းများထဲတွင် တွန့်ဆုတ်သွားသော အရိပ်အယောင် အချို့ ဖြတ်ပြေးသွားပြီးနောက် ပြောလိုက်လေသည်။
"လက်အောက်ငယ်သား မြို့တော် ကနေ အချိန် တစ်ခုလောက် ထွက်သွား ခွင့်ပြုပါ တစ်လ အတွင်း သေချာပေါက် ပြန်လာ ခဲ့ပါ့မယ်..."
စစ်မှန်သော နဂါးလျှို့ဝှက်နယ်မြေက အရှေ့တွင် စောင့်ကြိုနေပြီဖြစ်ရာ ကျန်းချဲ့ အနေဖြင့် အချိန် အကြာကြီး ဆက်လက် မနှောင့်နှေးချင်တော့ပေ။
အကြောင်းမူကား ကျောက်ရှန်းကျစ် ထံမှ သတင်းစကား ရရှိထားပြီးဖြစ်ကာ သူမ၏ ကျင့်ကြံခြင်း အဆင့်မှာ အပြည့်အဝ တည်ငြိမ်သွားပြီဖြစ်၍ အချိန်မရွေး အရှေ့ပင်လယ်သို့ ထွက်ခွာနိုင်ပြီ ဖြစ်ကြောင်း သိထားရသောကြောင့်ပင်။
တစ်ချိန်တည်းမှာပင် ကျန်းချဲ့သည် မြို့တော်၌ ရှိနေစဉ်အတွင်း ယင်ချုံဟိုင် နှင့် အဆက်အသွယ် လုံးဝ မဖြတ်တောက်ခဲ့ပေ။ အပြန်အလှန် စမ်းသပ်မှုများ ပြုလုပ်ကာ တစ်ဖက်လူ၏ သံသယများကို တတ်နိုင်သမျှ လျှော့ချနိုင်ရန် ကြိုးပမ်းနေခဲ့လေသည်။
နောက်ထပ် အကြောင်းရင်း တစ်ခုကတော့ သူ အမြန်ဆုံး လှုပ်ရှားရန် လိုအပ်နေခြင်းပင် ဖြစ်သည်။
နဂါးမွေးမြူရေးကန် တိုက်ပွဲက သူ၏ အစွမ်းအစများကို ဆယ်ပုံရှစ်ပုံခန့် ဖော်ပြပြီးသား ဖြစ်သွားခဲ့လေပြီ။ ကောင်းကင်နှင့်လူသား တစ်သားတည်းဖြစ်တည်ခြင်း အဆင့်သို့ ရောက်ရှိနေပြီဆိုသည့် အချက်ကို မြင်နိုင်သူ မများပြားလှဘဲ ယခုအချိန်အထိ ကောလာဟလများ မထွက်ပေါ်သေးသော်လည်း ရာနှုန်းပြည့် လုံခြုံသည်ဟု သူ မယုံကြည်ရဲပေ။
အကယ်၍ ချူးဟယ် သာ ထိတ်လန့်ပြီး ထွက်ပြေးသွားမည်ဆိုပါက သူ၏ အစွန်းရောက် ယန်ချီစွမ်းအင်များ အတွက် အခွင့်အရေးသစ်ကို ပြန်လည် ရှာဖွေရတော့မည် ဖြစ်လေသည်။
ထို့ကြောင့် ကျန်းချဲ့သည် တိုက်ပွဲတွင် အနိုင်ရရှိခဲ့သော်လည်း ချန်ချင်းဖန် အား အကူအညီတောင်းကာ တိုက်ပွဲ၏ သက်ရောက်မှု ဂယက်များကို တတ်နိုင်သမျှ လျှော့ချပေးရန် တောင်းဆိုခဲ့လေသည်။
လုကျဲ့ယွင် က ဇာကူမု ၏ အင်အားများကို တစ်ဝက်ကျော်ခန့် အထိ ကုန်ခမ်းအောင် လုပ်ဆောင်နိုင်ခဲ့သောကြောင့်သာ သူ ဤမျှလွယ်ကူစွာ အနိုင်ရရှိခဲ့ခြင်း ဖြစ်ကြောင်း သတင်းလွှင့်စေခဲ့လေသည်။ ဤနည်းလမ်းတွင် ဟာကွက်များ ရှိနေသော်လည်း တခြား ရွေးချယ်စရာ မရှိတော့ချေ။
ကျီချန်တောက် က ကျန်းချဲ့ကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်လေသည်။ သူ၏ မျက်ဝန်းအောက်ခြေတွင် အလင်းတန်းများ တောက်ပသွားပြီး ခေါင်းကို ဖြည်းညင်းစွာ ညိတ်ပြလိုက်လေသည်။
"ဒီလို ဆိုမှတော့လည်း ကောင်းပါပြီလေ..."
ဧကရာဇ်မြို့တော် ရွှီမိသားစု၏ ရှေးဟောင်းအိမ်တော်။
ရွှီချိုးယွဲ့ ၏ ဖခင်ဖြစ်သူ စစ်မက်ရေးရာဌာန ဒုတိယဝန်ကြီး အဖြစ် ရာထူးတိုးမြှင့်ခံရပြီးနောက် မြို့တော်၏ အပြင်ဘက်ရှိ ဤရှေးဟောင်းအိမ်တော်ကြီးမှာ တဖြည်းဖြည်း စွန့်ပစ်ခံလာရလေသည်။
အတိတ်ကို လွမ်းဆွတ်တတ်သော တတိယမင်းသား၏ မိဖုရား ရွှီချိုးယွဲ့ တစ်ယောက်တည်းသာလျှင် အချိန်ကာလတစ်ခု ကြာတိုင်း ဤနေရာသို့ လာရောက် သန့်ရှင်းရေး ပြုလုပ်လေ့ရှိလေသည်။ ယနေ့လည်း ထုံးစံအတိုင်းပင် ဖြစ်လေသည်။
အပြာနုရောင် ဂါဝန်ရှည်ကို ဆင်မြန်းထားသော ရွှီချိုးယွဲ့ သည် ဘေးပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ရှုလိုက်ပြီးနောက် သာမန်မျှသာဖြစ်သော လျှို့ဝှက်ခန်း တစ်ခန်း၏ တံခါးကို တွန်းဖွင့်လိုက်လေသည်။
လျှို့ဝှက်ခန်း အတွင်း၌တော့ ကျောခိုင်းထားသော ပုံရိပ်တစ်ခုက မတ်မတ်ရပ်နေလေသည်။
အပြာရင့်ရောင် ဝတ်ရုံရှည်ကို ဆင်မြန်းထားပြီး ခန္ဓာကိုယ် ပိန်ပါးကာ အားနည်းနေသယောင် ရှိသော်လည်း သူ၏ ကိုယ်ပေါ်တွင် ကြီးမားလှသော တောင်တန်းကြီးများအလား ခမ်းနားထည်ဝါသော အရှိန်အဝါများ ကိန်းအောင်းနေလေသည်။
"အပြာရောင်လင်းနို့နန်းတော် မြို့တော် ဌာနခွဲ က ရွှီချိုးယွဲ့ တရားစောင့်ဓမ္မမင်းကြီး ကို အရိုအသေ ပေးပါတယ်..."
ရွှီချိုးယွဲ့ က ခါးညွှတ်ကာ အရိုအသေပေးလိုက်ပြီး သူမ၏ မျက်နှာပေါ်တွင် အေးစက်စက် အမူအရာများသာ လွှမ်းမိုးနေလေသည်။ ယခုအချိန်မှသာ သူမ၏ အစစ်အမှန် စရိုက်လက္ခဏာများ ပေါ်လွင်လာသည့်အလား ပင်ဖြစ်သည်။
အပြာရောင်ဝတ်ရုံနှင့် ပုံရိပ်သည် ဖြည်းညင်းစွာ လှည့်ကြည့်လာရာ အလွန် ကြောက်မက်ဖွယ်ကောင်းသော မျက်နှာတစ်ခု ပေါ်လွင်လာလေသည်။
ပါးရိုးများ ချောင်ကျနေပြီး မျက်နှာအနှံ့ အမာရွတ်များ ပြည့်နှက်နေကာ မျက်ခုံးမွှေးနှင့် မုတ်ဆိတ်မွှေး လုံးဝမရှိချေ။ အပြာရောင် သူငယ်အိမ်များထဲတွင် မိစ္ဆာအလင်းတန်းများ တောက်ပနေပြီး အလွန် ထိတ်လန့်ဖွယ် ကောင်းလှပေသည်။
သူ၏ အစစ်အမှန် အဆင့်အတန်းမှာ ခရမ်းရောင်နဂါးဆောင် မှ တုန်းဖန်းမင်ယွဲ့ ၊ ကောင်းကင်လင်းယုန်ဆောင် မှ နန်ကုန်းကျီ တို့နှင့် နာမည်ဂုဏ်သတင်း တူညီသော ချင်းထျန်းမိစ္ဆာဂိုဏ်း ၏ တရားစောင့်ဓမ္မမင်းကြီး လေးပါးထဲမှ တစ်ပါးဖြစ်သည့် အပြာရောင်လင်းနို့နန်းတော် ၏ သခင် အပြာရောင်လင်းနို့ ဓမ္မမင်းကြီး ပေဟန်ကျုံး ပင်ဖြစ်လေသည်။
"ကျန်းချဲ့ ကိစ္စက ဘယ်လို ဖြစ်တာလဲ ဘာဖြစ်လို့ ကျီချန်ရှန်း နဲ့ ရန်သူတွေ ဖြစ်သွား ရတာလဲ ငါကိုယ်တော် ရဲ့ အစီအစဉ် က ကျီချန်ရှန်း နဲ့ ကျန်းချဲ့ ကို တစ်ဘက်တည်းမှာ ရပ်တည် စေချင် ခဲ့တာလေ..."
ပေဟန်ကျုံး ၏ နှုတ်ခမ်းဖျားမှ ခြောက်ကပ်ပြီး အက်ကွဲနေသော အသံကြီး ထွက်ပေါ်လာလေသည်။ ခြောက်သွေ့နေသော သစ်ခေါက်နှစ်ခု အချင်းချင်း ပွတ်တိုက်နေသည့်အလား ကြမ်းတမ်းနေပြီး အသံထဲတွင် စူးရှသော အသံအချို့ပင် ရောယှက်နေလေသည်။
ရွှီချိုးယွဲ့ ချက်ချင်းပင် အပြာရောင်လင်းနို့ ဓမ္မမင်းကြီး ၏ အရှေ့တွင် ဒူးထောက် ချလိုက်လေသည်။
"တရားစောင့်ဓမ္မမင်းကြီး ခွင့်လွှတ် ပေးတော်မူပါ ခွင့်လွှတ် ပေးတော်မူပါ..."
ရွှီမိသားစု သည် ကျီချန်ရှန်း ၏ အင်အားစုအတွင်းသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ပြီးနောက် ချင်းထျန်းမိစ္ဆာဂိုဏ်း သည်လည်း ကျီချန်ရှန်း ကို တိတ်တဆိတ် ထောက်ပံ့ပေးနေခဲ့လေသည်။
သို့သော် ဝမ်းနည်းစရာ ကောင်းသည်မှာ ချင်းထျန်းမိစ္ဆာဂိုဏ်း ၏ အင်အားများကို မျက်နှာစာတွင် အပြည့်အဝ ထုတ်ဖော်ရန် မဖြစ်နိုင်ချေ။ အနက်ရောင်ရုံးတော် နှင့် သွေးဝတ်စုံအစောင့်တပ် အစောင့်အရှောက်များ သိရှိသွားမည်ကို စိုးရိမ်သဖြင့် ကျီချန်ရှန်း ကို အစွမ်းကုန် ထောက်ပံ့ပေးရန် လုံးဝ မဝံ့ရဲခဲ့ပေ။
ထိုအရာများအပြင် ကျီချန်ရှန်း သည် အရည်အချင်းပိုင်းတွင် ကျီချန်ချန် နှင့် ကျီချန်ကျစ် တို့ကို လုံးဝ မယှဉ်နိုင်သောကြောင့် ဤအစီအစဉ်မှာ တိုးတက်မှု နှေးကွေးနေခဲ့ရလေသည်။ သို့သော် ချင်းထျန်းမိစ္ဆာဂိုဏ်း ၏ အဓိက အာရုံစိုက်မှုမှာ ဤနေရာတွင်သာ အပြည့်အဝ ရှိနေခြင်းတော့ မဟုတ်ပေ။
ကျန်းချဲ့ မြို့တော်သို့ ရောက်ရှိလာပြီးနောက် ပေဟန်ကျုံး ၏ အကြံအစည်များ ပြောင်းလဲသွားခဲ့လေသည်။ သူသည် ရွှီမိသားစု ကို စစ်တုရင်ရုပ် အဖြစ် အသုံးချကာ ကျီချန်ရှန်း နှင့် ကျန်းချဲ့ တို့ ပူးပေါင်းမိစေရန် ကြိုးပမ်းလိုခဲ့လေသည်။
သူတို့နှစ်ယောက်သာ တစ်ဘက်တည်းတွင် ရပ်တည်သွားမည် ဆိုပါက ကျန်းချဲ့၏ အားနည်းချက်ကို သူတို့ ကောင်းစွာ ဆုပ်ကိုင်နိုင်မည် ဖြစ်လေသည်။ လိုအပ်လာပါက ရွှီမိသားစု ကို စတေး၍ ကျန်းချဲ့ ကိုပါ ရေနစ်သူ ဖောင်ဆွဲသကဲ့သို့ တွန်းချနိုင်မည် ဖြစ်ပြီး ချင်းထျန်းမိစ္ဆာဂိုဏ်း နှင့် လျှို့ဝှက် ပူးပေါင်းနေသည် ဆိုသည့် ပြစ်မှုကြီးကို ကျန်းချဲ့၏ ခေါင်းပေါ်သို့ ပုံချနိုင်မည် ဖြစ်လေသည်။
ဤသည်မှာ ဧကရာဇ်မင်း အကြောက်ရွံ့ဆုံးသော ကိစ္စရပ်ပင် ဖြစ်လေသည်။
ကျန်းချဲ့ကို အလွယ်တကူ ထောင်ချောက်ဆင်နိုင်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ရက်အနည်းငယ် စောင့်ဆိုင်းပြီးနောက် သူ ကြားလိုက်ရသည်မှာ ကျန်းချဲ့ နှင့် ကျီချန်ရှန်း တို့ ရန်သူတွေ ဖြစ်သွားပြီး ကြီးမားသော ရန်ငြိုးများပင် တည်ဆောက်ပြီးသွားပြီ ဆိုသည့် သတင်းများသာ ဖြစ်လေသည်။
"ပြောစမ်း တကယ်တမ်း ဘာတွေ ဖြစ်ခဲ့တာလဲ..."
ပေဟန်ကျုံး က အေးစက်စက် လေသံဖြင့် မေးလိုက်ပြီး ရွှီချိုးယွဲ့ ၏ တောင်းပန်မှုများကို လုံးဝ ဂရုမစိုက်ချေ။
"တရားစောင့်ဓမ္မမင်းကြီး ကို လျှောက်တင် ပါတယ် ကျွန်တော်မျိုးမ အနေနဲ့ အစကတည်းက ဒီ ကိစ္စကို စီစဉ် နေခဲ့တာပါ ဒါပေမဲ့ အဲ့ဒီ ကျီချန်ရှန်း က တကယ်ကို အသုံးမကျ တဲ့ ကောင်ပါ ဘေးနားက အကြံပေး အမတ် တွေရဲ့ သွေးထိုး စကားတွေကို နားယောင် ပြီး ကျန်းချဲ့ ကို အတင်းအကျပ် အလျှော့ပေး လာအောင် လုပ်ခဲ့တယ် ရလဒ် အနေနဲ့ အောင်မြင်မှု မရတဲ့ အပြင် ရန်ငြိုး တွေပါ ဖွဲ့မိ သွားတာပါ ပြီးတော့ ကျီချန်ရှန်း ရဲ့ မယ်တော် မိဖုရားကြီး ကလည်း ဉာဏ်နည်း လွန်းတယ် ကိုယ်တိုင် ကိုယ်ကျ အာဏာပြ ပြီး ဖိနှိပ် ခဲ့တယ် ဒါပေမဲ့ နောက်ဆုံး မှာ ကျန်းချဲ့ ရဲ့ ဒေါသ ကို ဆွပေး သလို ဖြစ်သွားပြီး အခုလို အခြေအနေ မျိုး အထိ ရောက်သွား ရတာပါ..."
ရွှီချိုးယွဲ့ ၏ မျက်နှာပေါ်တွင် မတတ်နိုင်သည့် အမူအရာများ ပေါ်လွင်နေလေသည်။
ကျီချန်ရှန်း ကို ဤမျှလောက် အလောတကြီး မလုပ်ဆောင်ရန် သူမ အစောကတည်းက သတိပေးခဲ့လေသည်။ ကျန်းချဲ့ ကဲ့သို့သော ထိပ်တန်း ပါရမီရှင် တစ်ယောက်ကို ဆွဲဆောင်စည်းရုံးရန်မှာ ဖြည်းဖြည်းချင်း အချိန်ယူ၍သာ လုပ်ဆောင်ရမည် မဟုတ်ပါလော။
သို့သော် ပြဿနာမှာ သူမသည် ကျီချန်ရှန်း ၏ ဘေးတွင် ရောက်ရှိနေသည်မှာ မကြာသေးသဖြင့် အဆုံးအဖြတ်ပေးနိုင်သော ဩဇာအာဏာ လုံးဝ မရှိသေးချေ။ ထို့ကြောင့်ပင် ဤကဲ့သို့သော အလွဲအချော်များ ဖြစ်ပေါ်လာရခြင်း ဖြစ်လေသည်။
ပြဿနာများ ဖြစ်ပေါ်လာပြီးနောက် သူမ ပြန်လည် ကုစားရန် ကြိုးစားခဲ့သော်လည်း အခြေအနေကို ပြန်လည် ထိန်းချုပ်ရန် လုံးဝ မဖြစ်နိုင်တော့ချေ။
အကြောင်းမူကား ကျီချန်ရှန်း နှင့် မိဖုရားကြီး တို့သည် သူတို့၏ လုပ်ရပ်များကို ပြန်လည် သုံးသပ်ခြင်း မပြုဘဲ ကျန်းချဲ့ ကသာ ယဉ်ကျေးမှု မရှိကြောင်း အပြစ်တင် နေကြသောကြောင့် ပင်ဖြစ်သည်။ ယခုအချိန်သည် မည်သည့်အချိန် ဖြစ်နေကြောင်းကိုပင် သူတို့ သတိမပြုမိကြချေ။ အိမ်ရှေ့စံ နေရာကို လုယူရမည့် အရေးကြီးဆုံး အချိန်ကာလတွင်ပင် ကိုယ်ရေးကိုယ်တာ ဒေါသများကို ရှေ့တန်းတင် နေကြဆဲ ပင်ဖြစ်သည်။
ရွှီချိုးယွဲ့ ၏ ရှင်းပြချက်များကို နားထောင်ပြီးနောက် ပေဟန်ကျုံး မျက်မှောင်ကြုတ်သွားလေသည်။
"ကျီချန်ရှန်း က တကယ်ပဲ ဒီလောက်တောင် တုံးအ နေတာလား..."
"သူက တုံးတာ မဟုတ်ပါဘူး တုံးမှန်း ကိုယ့်ကိုယ်ကိုယ် မသိတာပါ ပြတ်သား တဲ့ ဆုံးဖြတ်ချက် မရှိဘူး ဘေးလူ တွေရဲ့ စကား တွေကို အလွယ်တကူ နားယောင် ပြီး တွေးတော ထားတာတွေ ချက်ချင်း ပြောင်းလဲ တတ်တယ် ယိမ်းယိုင် နေတတ်တာပါ..."
ရွှီချိုးယွဲ့ က တိုးညှင်းစွာ ပြန်ဖြေလိုက်လေသည်။
"ဒီလို ဆိုမှတော့ ကျန်းချဲ့ ကို ရေထဲ ဆွဲချ မယ့် အခွင့်အရေး ကြီးက ဒီအတိုင်း ကြီး အလဟဿ ဆုံးရှုံး သွားရပြီပေါ့..."
ပေဟန်ကျုံး ၏ လေသံမှာ အလွန် အေးစက်သွားလေသည်။
ရွှီချိုးယွဲ့ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး မျက်ဝန်းများထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုများ ပေါ်လွင်လာလေသည်။ ထို့နောက် အလျင်အမြန် ခေါင်းမော့ကာ ပြောလိုက်လေသည်။
"ကျွန်တော်မျိုးမ ကြားထား တာက ကျန်းချဲ့ က မိန်းမ အရမ်း လိုက်စား တတ်တဲ့ အကျင့် ရှိတယ်တဲ့ တကယ်လို့များ အလှအပ နဲ့ မြှူဆွယ် မယ် ဆိုရင် အဲ့ဒီ အပြင် ကျွန်တော်မျိုးမ ရဲ့ မင်းသား ရဲ့ မိဖုရား ဆိုတဲ့ တားမြစ် ထားတဲ့ အဆင့်အတန်း နဲ့ပါ ပေါင်းစပ် လိုက်မယ် ဆိုရင် တချို့ တလေတော့ သူ့ကို ထောင်ချောက် ထဲ ဆွဲသွင်း နိုင်မယ့် မျှော်လင့်ချက် ရှိလောက် ပါသေးတယ်..."
"မိုက်မဲ လိုက်တာ ကျန်းချဲ့ က သာမန် မိသားစု ကနေ ဆင်းသက် လာတယ် ဆိုပေမဲ့ သူ့ရဲ့ စိတ်ဓာတ် က အရမ်းကို ကြံ့ခိုင်တယ် အဲ့ဒီလိုမှ မဟုတ်ရင် မြင့်မြတ်သော ဂိုဏ်းတော် ကတောင် အလေးထား ရလောက်တဲ့ အဆင့် အထိ ဘယ်လိုလုပ်ပြီး ရောက်လာ နိုင်မှာလဲ မိန်းမ လှလှ လေး တစ်ယောက် ကို မြင်တာနဲ့ အလွယ်တကူ သွေးဆောင် ခံရမယ် လို့ မင်းက တကယ်ပဲ ထင်နေတာလား ဒါ့အပြင် မင်းရဲ့ ရုပ်ရည် က သာမန် အဆင့် လောက်ပဲ ရှိတာလေ လောက ကြီးကို တုန်လှုပ် သွားစေနိုင် လောက်တဲ့ အလှတရား မျိုးမှ မရှိတာ ကျန်းချဲ့ ကို ဘယ်လို လုပ်ပြီး စွဲလမ်း အောင် လုပ်နိုင် မှာလဲ တကယ်လို့များ မင်းက အလှအပ နဲ့ မြှူဆွယ် မယ် ဆိုရင် သူက ပိုပြီးတောင် သတိထား သွားလိမ့်မယ်..."
ပေဟန်ကျုံး က အေးစက်စက် လေသံဖြင့် အော်ဟစ်လိုက်လေသည်။
သူ၏ အမြင်တွင် သိုင်းလောက အတွင်း၌ နာမည်တစ်လုံးဖြင့် ရပ်တည်နိုင်သော သူများ အားလုံးသည် မိန်းမအလှကို အလွန်အကျွံ စွဲလမ်းမက်မောခြင်း လုံးဝ မရှိကြချေ။ အထူးသဖြင့် ကျန်းချဲ့ ကဲ့သို့သော ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက် အနေဖြင့်ဆိုလျှင် ပို၍ပင် ဖြစ်နိုင်ခြေ နည်းပါးလှပေသည်။
"ကျွန်တော်မျိုးမ မိုက်မဲ လွန်းလှပါတယ် ကျွန်တော်မျိုးမ ဉာဏ်နည်း လွန်းလှပါတယ်..."
ရွှီချိုးယွဲ့ သည် ပေဟန်ကျုံး ကို အလွန်အမင်း ကြောက်ရွံ့နေသည့်အလား အလျင်အမြန်ပင် တောင်းပန်လိုက်လေသည်။
"ထားလိုက် ပါတော့ ကျန်းချဲ့ ကို ထောင်ချောက် ထဲ ဆွဲသွင်း လို့ မရတော့ မှတော့ ဒီ ကိစ္စ ကို ဒီမှာပဲ ရပ်လိုက် ကြတာပေါ့ မင်းကို ခိုင်းစရာ နောက်ထပ် ကိစ္စ တစ်ခု ရှိသေးတယ်..."
ပေဟန်ကျုံး က စိတ်မရှည်သော မျက်နှာထားဖြင့် လက်ယမ်းကာ ပြောလိုက်လေသည်။
ရွှီချိုးယွဲ့ သက်ပြင်းတစ်ချက် ချလိုက်နိုင်ပြီး အလျင်အမြန်ပင် ခေါင်းညိတ်လိုက်လေသည်။
"တရားစောင့်ဓမ္မမင်းကြီး အမိန့် ပေးတော်မူပါ..."
"ပြန်ရောက် တာနဲ့ မင်း အဖေ ကို သွားပြော လိုက် မြို့တော် က အရာရှိ တချို့ နဲ့ ပူးပေါင်း ပြီး တော်ဝင်နန်းတော် နဲ့ မြောက်ပိုင်း လူရိုင်း တွေ အကြား ငြိမ်းချမ်းရေး ဆွေးနွေး မှု အောင်မြင် အောင် နောက်ကွယ် ကနေ တွန်းအား ပေးခိုင်း လိုက် ဘယ်လို နည်းလမ်း ကိုပဲ သုံးရ သုံးရ မဖြစ်မနေ အောင်မြင် အောင် လုပ်ရမယ် တကယ်လို့ မလုပ်နိုင် ဘူး ဆိုရင်တော့ မင်းကိုယ်တိုင် အပြာရောင်လင်းနို့ နန်းတော် ဆီ သွားပြီး ငါကိုယ်တော် ရဲ့ မိစ္ဆာ လင်းနို့ တွေ အတွက် အစာ သွားလုပ် လိုက်တော့..."
ပေဟန်ကျုံး က အေးစက်စက် လေသံဖြင့် အမိန့်ပေးလိုက်လေသည်။
"ငြိမ်း... ငြိမ်းချမ်းရေး ဆွေးနွေး ရမယ် ဟုတ်လား..."
ရွှီချိုးယွဲ့ ခေါင်းမော့လာပြီး သူမ၏ မျက်ဝန်းများထဲတွင် မယုံကြည်နိုင်မှုများ အပြည့်အဝ ပေါ်လွင်နေလေသည်။
မူလက သူမ တွေးတောထားသည်မှာ တော်ဝင်နန်းတော် နှင့် မြောက်ပိုင်းလူရိုင်းများ ငြိမ်းချမ်းရေး ဆွေးနွေးခြင်းသည် ချင်းထျန်းမိစ္ဆာဂိုဏ်း အတွက် အလွန် အန္တရာယ်ကြီးမားသော ကိစ္စရပ်တစ်ခု ဖြစ်သဖြင့် အစွမ်းကုန် တားဆီးဟန့်တားရမည် ဟူ၍ပင်။
မည်သို့ပင်ဆိုစေ တော်ဝင်နန်းတော် သာ အချိန်ရသွားမည် ဆိုပါက ပထမဆုံး အနေဖြင့် ချင်းထျန်းမိစ္ဆာဂိုဏ်း ကို အပြတ်ရှင်းလင်းမည်မှာ သေချာလှပေသည်။ ယခုတော့ ဘယ်လိုဖြစ်ရတာလဲ။ အပြာရောင်လင်းနို့ ဓမ္မမင်းကြီး ကများ တော်ဝင်နန်းတော် ၏ သူလျှို ဖြစ်နေတာလား။
"ဘာလဲ မင်းက သဘော မတူဘူးလား..."
ပေဟန်ကျုံး ၏ အေးစက်စက် အကြည့်များက ရွှီချိုးယွဲ့ ၏ အပေါ်သို့ ကျရောက်သွားလေသည်။
"မ... မဟုတ်ရ ပါဘူး ကျွန်တော်မျိုးမ မဝံ့ရဲ ပါဘူး..."
ပေဟန်ကျုံး က လက်နောက်ပစ်ကာ မတ်မတ်ရပ်လိုက်ပြီး အရှေ့ဘက်ရှိ အမှောင်ထုကြီးကို စိုက်ကြည့်ရင်း ပြောလိုက်လေသည်။
"ဒီ ကိစ္စ က မြင့်မြတ်သော ဂိုဏ်းတော် ရဲ့ ကြီးမားတဲ့ အစီအစဉ် ကြီး တစ်ခု နဲ့ သက်ဆိုင် နေတယ် မင်း အနေနဲ့ အကြောင်းရင်း ကို သိစရာ မလိုဘူး ခိုင်းတဲ့ အတိုင်း သာ လုပ်လိုက်..."
မြောက်ပိုင်းလူရိုင်းများ နှင့် ချင်းထျန်းမိစ္ဆာဂိုဏ်း မှ ထိပ်တန်း ခေါင်းဆောင် အချို့မှလွဲ၍ မြောက်ပိုင်း လူရိုင်းများ၏ ငြိမ်းချမ်းရေး ဆွေးနွေးခြင်း ဆိုသည်မှာ ဟန်ပြသက်သက်သာ ဖြစ်ကြောင်း သိရှိသူ အလွန် နည်းပါးလှပေသည်။
ဤတစ်ကြိမ် မြောက်ပိုင်းလူရိုင်း မင်းသားလေး မြို့တော်သို့ လာရောက်ခြင်းမှာလည်း လှည့်စားမှု သက်သက်သာ ဖြစ်လေသည်။ အစစ်အမှန် အခြေအနေမှာ ချင်းထျန်းမိစ္ဆာဂိုဏ်း သည် မြောက်ပိုင်းလူရိုင်းများ နှင့် လျှို့ဝှက် သဘောတူညီမှု ရယူထားပြီး ဖြစ်လေသည်။
၎င်းမှာ တော်ဝင်နန်းတော် ၏ ငြိမ်းချမ်းရေး လိုလားမှုကို အခွင့်ကောင်းယူကာ မြောက်ပိုင်း နယ်စပ်ခံတပ် များမှ စစ်တပ်များကို ဆုတ်ခွာစေရန် ဖြစ်သည်။ တော်ဝင်နန်းတော် သာ စစ်တပ်များကို ဆုတ်ခွာလိုက်ပါက နယ်စပ်တွင် အစွမ်းထက်သူ အရေအတွက် အလွန်အမင်း လျော့ကျသွားမည် ဖြစ်လေသည်။
ထိုအချိန်ကျလျှင် ချင်းထျန်းမိစ္ဆာဂိုဏ်း က ရုတ်တရက် ဝင်ရောက် တိုက်ခိုက်ပြီး မြောက်ပိုင်း လူရိုင်းမြင်းသည်တော်များ အတွက် နယ်စပ်ခံတပ်များကို ဖွင့်ပေးလိုက်မည် ဖြစ်သည်။ ဤသို့ဖြင့် မြောက်ပိုင်းလူရိုင်းများ အလယ်ပိုင်းဒေသ အတွင်းသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာမည် ဖြစ်ကာ တော်ဝင်နန်းတော် အကြီးအကျယ် ဖရိုဖရဲ ဖြစ်သွားမည်မှာ သေချာလှပေသည်။
ထိုအခွင့်အရေးကို အသုံးချကာ ချင်းထျန်းမိစ္ဆာဂိုဏ်း က တောင်ပိုင်းမှနေ၍ ပုန်ကန်ထကြွမည် ဖြစ်လေသည်။ ဤသည်မှာ သူတို့၏ ကြီးမားလှသော အကြံအစည်ကြီး ပင်ဖြစ်သည်။ သို့သော် ဤကိစ္စမှာ လွယ်ကူသော အလုပ်တစ်ခုတော့ မဟုတ်ချေ။ အရေးအကြီးဆုံးမှာ တော်ဝင်နန်းတော် နှင့် ကျီချန်တောက် ၏ သံသယကို လုံးဝ မဖြစ်ပေါ်စေရန် ပင်ဖြစ်သည်။ အကယ်၍ ရိပ်မိသွားပါက သူတို့၏ အကြံအစည်များ အားလုံး သဲထဲရေသွန် ဖြစ်သွားမည် မဟုတ်ပါလော။
ထို့ကြောင့်ပင် မြောက်ပိုင်းသံတမန်များ ညီလာခံ တက်ရောက်ချိန်တွင် တော်ဝင်နန်းတော် အား နယ်စပ်မြို့ကြီးများကို စွန့်လွှတ်ရန် အကြောင်းမဲ့ တောင်းဆိုခဲ့ခြင်း ပင်ဖြစ်သည်။ ၎င်း၏ အဓိက ရည်ရွယ်ချက်မှာ နောက်ပိုင်းတွင် ငြိမ်းချမ်းရေး စည်းကမ်းချက်များကို အချိန်ဆွဲ ဆွေးနွေးနိုင်ရန်အတွက် ကြိုတင် ပြင်ဆင်ထားခြင်း ပင်ဖြစ်သည်။
နဂါးမွေးမြူရေးကန် တိုက်ပွဲတွင် အကယ်၍ ကျန်းချဲ့ သာ ဇာကူမု ကို ရှုံးနိမ့်သွားမည် ဆိုလျှင်တောင်မှ မြောက်ပိုင်းသံတမန်များ အနေဖြင့် မြို့တော်တွင် အချိန်ကာလ တစ်ခုအထိ ဆက်လက် နေထိုင်သွားမည်သာ ဖြစ်သည်။ သူတို့၏ တောင်းဆိုချက်များကို အဆက်မပြတ် နောက်ဆုတ်ပေးကာ အချိန်ဆွဲသွားမည် ဖြစ်လေသည်။ နောက်ဆုံးတွင် သူတို့၏ အစစ်အမှန် ရည်ရွယ်ချက်ကို အောင်မြင်အောင် လုပ်ဆောင်မည် ဖြစ်သည်။ ၎င်းမှာ နယ်စပ် စစ်တပ်များကို ရွှေ့ပြောင်းစေခြင်း ပင်ဖြစ်သည်။ ဤသည်မှာသာ အရာအားလုံး၏ အစစ်အမှန် အမှန်တရား ပင်ဖြစ်သည်။
"ဟုတ်ကဲ့ပါ ကျွန်တော်မျိုးမ နားလည် ပါပြီ တရားစောင့်ဓမ္မမင်းကြီး ရဲ့ အမိန့်တော် တွေကို အဖေ့ ဆီ သေချာပေါက် ပို့ပေး လိုက်ပါ့မယ်..."
ရွှီချိုးယွဲ့ သည် အသေးစိတ် အခြေအနေများကို မသိရှိသော်လည်း ဤကိစ္စ၏ အရေးကြီးပုံကိုတော့ ကောင်းစွာ သဘောပေါက်ထားလေသည်။ နည်းနည်းလေး မှားယွင်းသွားသည်နှင့် တစ်မိသားစုလုံး သေမင်းနှင့် ရင်ဆိုင်ရမည် မဟုတ်ပါလော။ သို့သော် အပြာရောင်လင်းနို့နန်းတော် ၏ တပည့်တစ်ယောက် အနေဖြင့် သူမတွင် ရွေးချယ်ခွင့် လုံးဝ မရှိချေ။
"ကျန်းညီလေး ကောင်းကင် က ရတနာ တွေ လိုချင် လား..."
တိန့်ရှန်းလုံ စားသောက်ဆိုင် တွင် ကျန်းချဲ့ ပြန်လည် ထွက်ခွာရန် ပြင်ဆင်နေစဉ် လုကျဲ့ယွင် က ရုတ်တရက် ရောက်ရှိလာပြီး စကားအနည်းငယ် ပြောဆိုပြီးနောက် လူကို လန့်ဖျပ်သွားစေနိုင်သော စကားများကို ပြောဆိုလာလေသည်။ ကျန်းချဲ့ ပင်လျှင် နေရာတွင် ကြက်သေသေ သွားရလေသည်။
စက္ကန့် အနည်းငယ်မျှ တိတ်ဆိတ်နေပြီးနောက် ရုတ်တရက် မေးလိုက်လေသည်။
"လုအစ်ကိုကြီး ခင်ဗျား ဦးနှောက် များ ချို့ယွင်း သွားတာလား..."
လုကျဲ့ယွင် က ခေါင်းရမ်းလိုက်လေသည်။
"ကျုပ် က ကျန်းညီလေး ကို ကံကြမ္မာ အခွင့်အရေး တစ်ခု လက်ဆောင် ပေးချင် ရုံပါပဲ..."
ကျန်းချဲ့ သည် တစ်ဖက်လူ၏ မျက်ဝန်းများကို စက္ကန့်အနည်းငယ်မျှ စူးစိုက်ကြည့်လိုက်ပြီးနောက် လုကျဲ့ယွင် က နောက်ပြောင်နေခြင်း မဟုတ်ကြောင်း သိရှိသွားသဖြင့် ချက်ချင်းပင် ပြန်ပြောလိုက်လေသည်။
"လုအစ်ကိုကြီး ပွင့်ပွင့်လင်းလင်း သာ ပြောပါ..."
လုကျဲ့ယွင် က ဘေးပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး လက်ကို အလျင်အမြန် မြှောက်ကာ အကာအကွယ် အစီအရင် တစ်ခုကို ဖန်တီးလိုက်လေသည်။ သူ၏ အမူအရာမှာ လျှို့ဝှက်ဆန်းကြယ်နေပြီး ဆက်ပြောလိုက်လေသည်။
"ဒီ ကိစ္စ က ကျုပ်တို့ နှစ်ယောက် စလုံး ရဲ့ အသက် အန္တရာယ် နဲ့ သက်ဆိုင် နေတယ် ကျုပ် က ကျန်းညီလေး ကို မယုံကြည် လို့ မဟုတ်ပါဘူး ဒါပေမဲ့ ဒီ ကိစ္စ က အရမ်း လျှို့ဝှက် ထားဖို့ လိုအပ် လို့ပါ ကျန်းညီလေး အနေနဲ့ စိတ်နှလုံး သစ္စာ အရင် ဆိုပေး လို့ ရမလား သေချာတာ ပေါ့ ကျုပ် က အရင်ဆုံး သစ္စာ ဆိုပါ့မယ်..."
ထိုသို့ ပြောပြီးသည်နှင့် သူသည် ကျန်းချဲ့ ၏ အရှေ့တွင် သွေးသစ္စာ တိုက်ရိုက် ဆိုလိုက်လေသည်။
ဤကိစ္စနှင့် ပတ်သက်၍ မည်သည့် သတင်းကိုမျှ လုံးဝ ဖွင့်ဟမည် မဟုတ်ကြောင်း၊ အကယ်၍ နောက်ပိုင်းတွင် သတင်း ပေါက်ကြားသွားခဲ့လျှင်တောင်မှ ကျန်းချဲ့ ကို လုံးဝ အပတ်သက်ခံမည် မဟုတ်ကြောင်း ကျိန်တွယ်လိုက်လေသည်။
ကျန်းချဲ့ အနေဖြင့် မူလက အနည်းငယ် တွန့်ဆုတ်နေခဲ့သော်လည်း လုကျဲ့ယွင် က ဤမျှလောက်အထိ လေးနက်နေသဖြင့် တစ်ဖက်လူ ပြောဆိုသော ကံကြမ္မာ အခွင့်အရေး ဆိုသည်မှာ အဘယ်နည်း ဆိုသည်ကို အရင်ဆုံး နားထောင်ကြည့်ရန် ဆုံးဖြတ်လိုက်ပြီး သွေးသစ္စာ လိုက်ဆိုလိုက်လေသည်။
"အခုတော့ လုအစ်ကိုကြီး ပြောလို့ ရပြီ မဟုတ်လား..."
"ကျုပ် နောက်ထပ် စကား နည်းနည်း လောက် ထပ်ပြော ပါရစေ ကျန်းညီလေး ဘေးနား က စီနီယာ ချီရွှယ် မှာ အခု ချိန်ထိ ရှန်ရှန်းအဆင့် နှောင်းပိုင်း ရဲ့ စွမ်းအား တွေ ရှိနေသေး လား ဆိုတာကို သိပါရစေ ဒါက အရမ်း အရေးကြီး တဲ့ ကိစ္စ မို့လို့ပါ..."
လုကျဲ့ယွင် က ရုတ်တရက် မေးလိုက်လေသည်။
ကျန်းချဲ့ မျက်လုံးများကို အနည်းငယ် မှေးကျဉ်းလိုက်လေသည်။
ဤကိစ္စနှင့် ပတ်သက်၍ သူ သိပ်ပြီး မအံ့ဩမိချေ။ ချီရွှယ်မိစ္ဆာသခင် သူ၏ ဘေးတွင် ရှိနေကြောင်းကို သိရှိသူ မနည်းလှပေ။ အထူးသဖြင့် တောင်ပိုင်းယွဲ့ သို့ သွားရောက်ခဲ့သော ခရီးစဉ်ကို ရည်ရွယ်ချက် ရှိသူများက အစောကြီးကတည်းက စုံစမ်း သိရှိထားပြီးသား ပင်ဖြစ်သည်။ ကျီချန်တောက် ကိုယ်တိုင်ပင်လျှင် ဤကိစ္စကို အပြည့်အဝ ယုံကြည်နေသည် မဟုတ်ပါလော။
ထို့ကြောင့် လုကျဲ့ယွင် သိရှိနေခြင်းမှာ အဆန်းတော့ မဟုတ်ချေ။
သို့သော် ဤသည်က စွမ်းအားနှင့် ဘာဆိုင်လို့လဲ။ အကယ်၍ ရှန်ရှန်းအဆင့် နှောင်းပိုင်း ၏ စွမ်းအားသာ မရှိလျှင် ဤကံကြမ္မာ အခွင့်အရေး တွင် ဝင်ရောက် ပတ်သက်ခွင့် မရှိဘူး လို့များ ဆိုလိုချင်တာလား။
အချိန်အနည်းငယ် စဉ်းစားပြီးနောက် သူက ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်လေသည်။
"စီနီယာ ချီရွှယ် ရဲ့ စွမ်းအား တွေက အခုချိန် ထိ ရှိနေဆဲ ပါပဲ..."
ဤစကားမှာ သေချာပေါက် အလိမ်အညာ သက်သက်သာ ဖြစ်လေသည်။ ချီရွှယ်မိစ္ဆာသခင် ၏ လက်ရှိ စွမ်းအားများမှာ ရုပ်ခန္ဓာ အကန့်အသတ်များကြောင့် အများဆုံး ဓမ္မရုပ်တု အဆင့်လောက်သာ ထုတ်ဖော် အသုံးပြုနိုင်စွမ်း ရှိလေသည်။
အကယ်၍ ကျန်းချဲ့ ကသာ သူ့အတွက် သင့်တော်သော ရုပ်ခန္ဓာ တစ်ခုကို ရှာဖွေပေးနိုင်မည် ဆိုလျှင်တော့ တစ်မျိုး ဖြစ်သွားမည် ဖြစ်သည်။ သို့သော် သူ၏ ဘေးတွင် ရှန်ရှန်းအဆင့် နှောင်းပိုင်း မဟာသိုင်းသခင် များ ပြတ်လပ်နေခြင်း လုံးဝ မရှိချေ။ ကျောက်ရှန်းကျစ် ကို အချိန်မရွေး ခေါ်ယူ အသုံးပြုနိုင်သည် မဟုတ်ပါလော။
"ဒါဆိုရင် လည်း ကောင်းတာပေါ့..."
လုကျဲ့ယွင် သက်ပြင်း တစ်ချက် ချလိုက်လေသည်။ သူသည် အလွန် ကြီးမားသော အန္တရာယ်ကို ရင်ဆိုင်ပြီး ကျန်းချဲ့ အား ဖွင့်ဟ ဝန်ခံခဲ့ခြင်း ဖြစ်လေသည်။ အကယ်၍ တစ်ဖက်လူသာ သူ၏ လိုအပ်ချက်ကို မပြည့်မီခဲ့ပါက သူ အကြီးအကျယ် အရှုံးပေါ်သွားမည် မဟုတ်ပါလော။ ကံကောင်းထောက်မစွာဖြင့် သူ လောင်းကြေး ထပ်ခဲ့သည်မှာ မှန်ကန်သွားခဲ့လေပြီ။
"ပြောပါဦး..."
"ပွင့်ပွင့်လင်းလင်း ပြောရရင် ကျုပ် က ကျန်းညီလေး ကို ဖိတ်ခေါ် တဲ့ ကံကြမ္မာ အခွင့်အရေး ဆိုတာ က တကယ်တော့ အဲ့ဒီ မြောက်ပိုင်း လူရိုင်း သံတမန် တွေကို ပြောတာပါ ကျုပ်ဆီမှာ တိကျ သေချာတဲ့ သတင်း တွေ ရှိနေတယ် အဲ့ဒီ သံတမန် တွေရဲ့ ကိုယ်ပေါ်မှာ သယံဇာတ အရင်းအမြစ် တွေ အများကြီး ပါလာတယ် ပြီးတော့ အသက်တစ်ရာ နတ်ကြာပန်း ပန်းကိုးပွင့် နတ်နှင်းရည် ယင်ဝိညာဉ် သစ်သား လိုမျိုး ကောင်းကင် က ရတနာ တွေလည်း အများကြီး ပါလာတယ်..."
လုကျဲ့ယွင် သည် စကားပြောနေရင်း ကျန်းချဲ့ ၏ မျက်နှာထားကို အဆက်မပြတ် အကဲခတ် နေလေသည်။
"လုအစ်ကိုကြီး က ကျုပ်ကို လိမ်နေတာတော့ မဟုတ်ပါဘူး နော် ဒီ ပစ္စည်း တွေက မြောက်ပိုင်း လူရိုင်း သံတမန် တွေ ဆီမှာ ဘယ်လို လုပ်ပြီး ရှိနေနိုင် မှာလဲ..."
ကျန်းချဲ့ အနည်းငယ် သံသယ ဝင်သွားလေသည်။ မည်သို့ပင်ဆိုစေ ဤအရာများ အားလုံးမှာ အလွန် အဖိုးတန်သော ရတနာများ ပင်ဖြစ်သည်။ မြောက်ပိုင်းလူရိုင်း သံတမန်များ ထံတွင် ရှိမရှိ ဆိုသည်ကို အသာထားဦး။ တကယ်လို့ ရှိနေခဲ့မည် ဆိုလျှင်တောင်မှ လုကျဲ့ယွင် က ဘယ်လိုလုပ်ပြီး သိနေရသနည်း။
"ကျုပ် သစ္စာ ဆိုရဲ ပါတယ် တစ်ခွန်း မှ လိမ်မပြော ပါဘူး သတင်း ဘယ်က ရလဲ ဆိုတာ ကတော့ အရမ်း အရေးကြီး လွန်းလို့ ကျုပ် ပြောပြ လို့ မရပါဘူး ဒါပေမဲ့ ကျန်းညီလေး ကျုပ်ကို ယုံကြည် ပေးပါ ကျုပ် သွေးသစ္စာ ထပ်ဆို ပေးလို့ ရပါတယ် လုံးဝ လိမ်ပြော နေတာ မဟုတ်ပါဘူး..."
လုကျဲ့ယွင် က တည်ကြည် လေးနက်သော အမူအရာဖြင့် အသံနိမ့်နိမ့်ဖြင့် ပြောလိုက်လေသည်။
အမှန်တကယ်တော့ သူ ပြောဆိုခဲ့သည်များ အားလုံးမှာ အလိမ်အညာ တစ်ခွန်းမျှ မပါဝင်ချေ။ အကြောင်းမူကား ဤသတင်းများ အားလုံးမှာ သူ၏ မှတ်ဉာဏ်များ ထဲမှ ဆင်းသက်လာခြင်း ဖြစ်သောကြောင့် ပင်ဖြစ်သည်။
ထို့ကြောင့်ပင် သူသည် တော်ဝင်နန်းတော် အတွင်းသို့ အလွယ်တကူ ဝင်ရောက် ခိုလှုံခဲ့ခြင်း ဖြစ်လေသည်။ သူ၏ ရည်ရွယ်ချက်မှာ ဤကိစ္စကို ပိုမို နီးကပ်စွာ စုံစမ်း ထောက်လှမ်းနိုင်ရန် သက်သက်သာ ဖြစ်လေသည်။
လုကျဲ့ယွင် ၏ စကားများ အပေါ် ကျန်းချဲ့ သည် တစ်ဝက်ယုံ တစ်ဝက်မယုံ ဖြစ်နေပြီး သူ၏ မျက်ဝန်းများထဲတွင် အနည်းငယ် တွန့်ဆုတ်နေသော အရိပ်အယောင်များ ပေါ်လွင်နေလေသည်။
လုကျဲ့ယွင် ပြောဆိုခဲ့သော ကောင်းကင် က ရတနာ မျိုးစုံ နှင့် ပန်းကိုးပွင့် နတ်နှင်းရည် ကဲ့သို့သော အရာများကို လက်ရှိ အချိန်တွင် သူ လုံးဝ အသုံးမပြုနိုင်သေးသည်မှာ မှန်ပေသည်။ သို့သော် နောင်တစ်ချိန် ယဇ်ပူဇော်ရာတွင် အသုံးဝင်လာမည်လား ဆိုသည်ကိုတော့ ကျန်းချဲ့ ကိုယ်တိုင်လည်း မပြောနိုင်သေးချေ။
"ဒီ ကိစ္စ က အရမ်းကို အန္တရာယ် များလွန်း နေတယ် မဟုတ်လား..."
ကျန်းချဲ့ က ရုတ်တရက် မေးလိုက်လေသည်။
ကျန်းချဲ့ ၏ မျက်နှာပေါ်တွင် တွန့်ဆုတ်နေသော အရိပ်အယောင်များ ပေါ်လွင်နေပြီး ဝင်ရောက် ပတ်သက်လိုခြင်း မရှိသည်ကို မြင်သောအခါ လုကျဲ့ယွင် သွားကို တင်းတင်း ကြိတ်လိုက်လေသည်။
"တကယ်လို့ ကျန်းညီလေး သာ ပူးပေါင်း ဖို့ သဘောတူ မယ် ဆိုရင် ကျီချန်ရှန်း သားအမိ ကို အသေကိုင် လို့ ရမယ့် လျှို့ဝှက်ချက် တစ်ခုကို ကျုပ် ပြောပြ ပါ့မယ်..."
ကျန်းချဲ့ ၏ မျက်ဝန်းများ တောက်ပသွားပြီး နှုတ်ခမ်းထောင့် အနည်းငယ် တွန့်ကွေးသွားလေသည်။
"လုအစ်ကိုကြီး ဘယ်တော့ လှုပ်ရှား မလဲ ဆိုတာ ကျုပ်တို့ သေချာ တိုင်ပင် ကြတာပေါ့…”