← Chapters

အခန်း ၃၉၉

Vol. 40 Ch. 399

အခန်း ၃၉၉

Vol. 40 Ch. 399

အခန်း (၃၉၉) မဟာသိုင်းသခင် ကျဆုံးခြင်း... ကောင်းကင်နှင့် မြေကြီး ပြန့်လွင့်သွားခြင်း

ရုတ်တရက် လှုပ်ရှားလာသော ကျောက်ရှန်းကျစ်၏ ပစ်မှတ်မှာ နန်ကုန်းကျီထံသို့ တိုက်ရိုက် ဦးတည်နေလေသည်။

ဓားစွမ်းအင်များ ရွာကျလာသည့် တစ်ခဏမှာပင် ခေါင်းလောင်းထိုးသံ တစ်ချက်က လေဟာနယ် တစ်ခွင်လုံး ပဲ့တင်ထပ်သွားလေသည်။

ချီမိသားစု၏ မြင့်မြတ်သောလက်နက် ဝိညာဉ်ဖိနှိပ်ခြင်း ခေါင်းလောင်းပင်ဖြစ်သည်။

ဤမြင့်မြတ်သောလက်နက်ကို မိသားစုခေါင်းဆောင် ချီကျန်းနန် ကိုယ်တိုင် အမြဲတမ်း ကိုင်ဆောင်လေ့ရှိပြီး ယခုတစ်ခေါက် အရှေ့ပင်လယ်သို့လည်း ယူဆောင်လာခဲ့ခြင်း ဖြစ်လေသည်။ တိုက်ဆိုင်စွာပင် သူ၏ ပစ်မှတ်မှာလည်း နန်ကုန်းကျီပင် ဖြစ်နေချေပြီ။

လက်ဆယ်ချောင်းလုံးကို ဒဏ်ရာရစေမည့်အစား လက်တစ်ချောင်းကို အပြတ်ဖြတ်ပစ်လိုက်သည်က ပို၍ ကောင်းမွန်လှပေသည်။

ဤသည်မှာ ကျောက်ရှန်းကျစ်နှင့် ချီကျန်းနန်တို့ ကြိုတင် တိုင်ပင်ထားခဲ့သော ရလဒ်ပင် ဖြစ်လေသည်။ နောက်ဆုံးတွင် တိုက်ပွဲ အခြေအနေ တင်းမာမသွားစေရန် အခွင့်ကောင်းယူ၍ တစ်ယောက်ကို အရင်ဆုံး သတ်ဖြတ်ရန် ဆုံးဖြတ်ထားခဲ့ကြခြင်း ပင်တကား။

ရုတ်တရက် ဝင်ရောက်လာသော တိုက်ခိုက်မှုများကြောင့် ချင်းထျန်းမိစ္ဆာဂိုဏ်းမှ လူများ ချက်ချင်းပင် အကြီးအကျယ် ထိတ်လန့်သွားကြလေသည်။ ဤနေရာတွင် လူပုန်းအောင်းနေမည်ဟု သူတို့ အိပ်မက်ပင် မမက်ခဲ့ဖူးချေ။ ပုစဉ်းကောင်ကို ဖမ်းမည့် ခူကောင်၏ နောက်ကွယ်တွင် ငှက်ဝါလေး ရှိနေသည် ဆိုသည့်စကားအတိုင်း ယခု သူတို့ကိုယ်တိုင်က ခူကောင်များ ဖြစ်နေခဲ့ပြီတကား။

"ဘာ..."

"သေစမ်း..."

နန်ကုန်းကျီနှင့် တုန်းဖန်းမင်ယွဲ့တို့ နှစ်ယောက်စလုံး တစ်ပြိုင်နက်တည်း ထိတ်လန့်ဒေါသတကြီး အော်ဟစ်လိုက်ကြလေသည်။

ခေါင်းလောင်းသံ ထွက်ပေါ်လာသည်နှင့် နန်ကုန်းကျီ၏ ခန္ဓာကိုယ်ကြီး ရုတ်တရက် တန့်သွားကာ သူ၏ မူလဝိညာဉ်မှာ တိုက်ခိုက်ခံလိုက်ရလေသည်။ မျက်စိရှေ့တွင်ပင် ပစ်မှတ်တစ်ခု အဖြစ်သို့ ရောက်ရှိသွားတော့မည့် အချိန်တွင် တုန်းဖန်းမင်ယွဲ့က ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူမ၏ လက်ထဲမှ လက်ဝါးအရွယ်အစားရှိ မှန်ဝိုင်းလေး တစ်ချပ်ထံမှ တောက်ပသော အလင်းတန်း တစ်ခု ဖြတ်ပြေးသွားလေသည်။

လုံးဝ တွန့်ဆုတ်နေခြင်းမရှိဘဲ ချင်းထျန်းမိစ္ဆာဂိုဏ်း၏ မြင့်မြတ်သောလက်နက် ဖြစ်သော ထျန်းရွှမ် မှန်ကြေးမုံကို တိုက်ရိုက် အသုံးပြုလိုက်ခြင်း ပင်ဖြစ်သည်။

ထို အလင်းတန်းက နန်ကုန်းကျီ၏ ကိုယ်ပေါ်သို့ လွှမ်းခြုံသွားပြီး သူ့ကို ချက်ချင်း သတိဝင်လာစေခဲ့လေသည်။ သို့သော် ဤအခိုက်အတန့်တွင် တစ်လှမ်း နောက်ကျသွားခဲ့ပြီ ဖြစ်ကာ ဓားစွမ်းအင် မြစ်ကြီးတစ်စင်းက နန်ကုန်းကျီ၏ ကိုယ်ပေါ်သို့ တိုက်ရိုက် ရွာချသွားလေတော့သည်။

ရှန်ရှန်းအဆင့် နှောင်းပိုင်း မဟာသိုင်းသခင် တစ်ပါး၏ အစွမ်းကုန် တိုက်ခိုက်မှု စွမ်းအားမှာ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှပေသည်။

နန်ကုန်းကျီသည် ဖုန်းယွင် စာရင်းဝင် အစွမ်းထက်သူ တစ်ယောက် ဖြစ်သော်ငြား ခုခံကာကွယ်ရန် အလွန် ခက်ခဲလှပေသည်။ သူ၏ ကိုယ်ပေါ်ရှိ အကာအကွယ် ချီစွမ်းအင်များ ချက်ချင်း ပျက်စီးသွားပြီး ဝတ်ဆင်ထားသော နတ်ဘုရား ချပ်ဝတ်တန်ဆာ မှာလည်း အတင်းအဓမ္မ ရိုက်ခွဲခံလိုက်ရလေသည်။ ရူးသွပ် ကြမ်းတမ်းလှသော ဓားစွမ်းအင်များကြောင့် သူ၏ အဝတ်အစားများ အားလုံး စုတ်ပြတ်သတ် သွားရလေသည်။

တစ်ကိုယ်လုံးတွင် ဓားဒဏ်ရာများ ပြည့်နှက်သွားပြီး ခွန်အားများ အားလုံး ဆုံးရှုံးသွားသည့်အလား အကွာအဝေး ကျန်းပေါင်း ရာချီ အထိ လွင့်စင်ထွက်သွားရလေသည်။ သွေးဟောင်း တစ်လုတ်ကို အန်ထုတ်လိုက်ရပြီး ဖရိုဖရဲ ဖြစ်နေသော ဆံပင်များနှင့် အလွန်တရာ သနားစရာ ကောင်းလောက်အောင် စုတ်ပြတ်သတ်နေလေသည်။

သူ၏ မျက်ဝန်းများထဲတွင် ထိတ်လန့်ဒေါသထွက်မှုများ အပြည့်အဝ ပေါ်လွင်နေလေသည်။

"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ... မင်းတို့... မင်းတို့..."

တုန်းဖန်းမင်ယွဲ့က နန်ကုန်းကျီ၏ အရှေ့တွင် ချက်ချင်း ဝင်ရောက် ကာကွယ်လိုက်ပြီး သူမ၏ မျက်လုံးများက အရှေ့ဘက်ရှိ လူများကို အလွန်အမင်း သတိထားကာ စိုက်ကြည့်နေလေသည်။ ယင်ချုံဟိုင်က ဤအခြေအနေကို မြင်သောအခါ သူတို့၏ နောက်ကွယ်သို့ အလျင်အမြန် ဝင်ရောက် ရပ်တန့်လိုက်လေသည်။

သူ၏ စွမ်းအားမှာ သာမန်မျှသာ ဖြစ်သော်ငြား မည်သို့ပင်ဆိုစေ ဓမ္မရုပ်တု အဆင့်ရှိ မဟာသိုင်းသခင် တစ်ပါး ပင်ဖြစ်လေသည်။

ကျောက်ရှန်းကျစ်က လေဟာနယ် အတွင်းမှ ထွက်ပေါ်လာလေသည်။ အစိမ်းရောင် ဝတ်ရုံရှည်ကို ဆင်မြန်းထားပြီး ပြိုင်ဘက်ကင်း အလှတရားကို ပိုင်ဆိုင်ထားကာ ကိုယ်ပေါ်မှ ဓားမြည်သံများ အဆက်မပြတ် ထွက်ပေါ်နေလေသည်။ ချီကျန်းနန်ကလည်း အခြား တစ်ဖက်မှ လျှောက်လာပြီး လက်ထဲတွင် ရွှေရောင် ခေါင်းလောင်းငယ်လေးကို ပင့်ဆောင်ထားကာ သူတို့၏ ဆုတ်ပေါက် အားလုံးကို အသေ ပိတ်ဆို့လိုက်လေသည်။

"မတွေ့ရတာ ကြာပြီ တာအိုမိတ်ဆွေ နှစ်ယောက်..."

ချီကျန်းနန်၏ နှုတ်ခမ်းထောင့် အနည်းငယ် တွန့်ကွေးသွားပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လွင်လာလေသည်။

ချီမိသားစု၏ ခေါင်းဆောင် တစ်ယောက် အနေဖြင့် ချင်းထျန်းမိစ္ဆာဂိုဏ်းမှ ဓမ္မမင်းကြီး နှစ်ပါးကို သေချာပေါက် သိရှိထားပြီးသား ပင်ဖြစ်သည်။ အရင်က အဆက်အသွယ် ရှိခဲ့ဖူးသော်ငြား အလွန် ရင်းနှီးကျွမ်းဝင်ခြင်းတော့ မရှိချေ။

"ချီကျန်းနန် ကျောက်ရှန်းကျစ် မင်းတို့က ငါကိုယ်တော်ကို လာပြီး တိုက်ခိုက်ရဲတယ်ပေါ့ မြင့်မြတ်သောဂိုဏ်းတော် က မင်းတို့ရဲ့ နောက်ကွယ်က အင်အားစုတွေကို အပြတ်အသတ် ဖျက်ဆီးပစ်မှာကို မကြောက်ဘူးလား..."

နန်ကုန်းကျီက လက်တစ်ဖက်ဖြင့် ရင်ဘတ်ကို ဖိထားရင်း ခြိမ်းခြောက် စကားဆိုလိုက်လေသည်။

"တကယ်လို့များ ကြောက်နေမယ်ဆိုရင် ကျုပ် ဒီနေရာကို ရောက်နေမှာ မဟုတ်ဘူး..."

မြောက်ပိုင်းနယ် ပေလင် ချီမိသားစုသည် ချင်းထျန်းမိစ္ဆာဂိုဏ်းကို အမှန်တကယ်ပင် မယှဉ်နိုင်ချေ။ သို့သော် ကျန်းချဲ့ ဤနေရာတွင် ကျဆုံးသွားမည်ကို သူ လက်ပိုက်ကြည့်နေ၍ မဖြစ်နိုင်ပေ။ မည်သည့်အရာက ပို၍ အရေးကြီးသည် ဆိုသည်ကို သူ ကိုယ်တိုင် ကောင်းစွာ ချိန်ဆထားပြီး ဖြစ်လေသည်။

"ကောင်းတယ် ကောင်းတယ်ကွာ..."

နန်ကုန်းကျီမှာ ဒေါသအလွန်ထွက်လွန်းသဖြင့် ရယ်မော လိုက်လေတော့သည်။

အခြား တစ်ဖက်တွင်တော့ ကျန်းချဲ့က ချူးဟယ်ကို အပြတ်အသတ် စုပ်ယူ ခြောက်သွေ့သွားစေခဲ့ပြီ ဖြစ်လေသည်။ ဤအခိုက်အတန့်တွင် သူ၏ နေမင်းကိုးစင်း မြင့်မြတ်သောခန္ဓာကိုယ်မှာ ကျန်းချဲ့၏ ဖျက်ဆီးခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။ ကိုယ်ပေါ်ရှိ အရှိန်အဝါများ အလွန်အမင်း အားနည်း ညှိုးနွမ်းနေပြီး ခန္ဓာကိုယ်မှာလည်း အလွန် ပိန်ချုံးနေကာ ငရဲတွင်း နက်ကြီးထဲမှ တွားသွား၍ ထွက်လာသော မိစ္ဆာတစ္ဆေ တစ်ကောင်အလား ပင်ဖြစ်သည်။

"ဟင့်အင်း... မလုပ်ပါနဲ့..."

မူလ ပင်မ စွမ်းအားများကို စုပ်ယူခံရသည့် ဖြစ်စဉ် အတွင်း ချူးဟယ်၏ စိတ်ဝိညာဉ်မှာလည်း ကျန်းချဲ့၏ အကြီးအကျယ် ဖိနှိပ် ချေမှုန်းမှုကို ခံလိုက်ရလေသည်။ ယခုအခါတွင် အစစ်အမှန်နှင့် အတုအယောင်ကိုပင် မခွဲခြား နိုင်တော့ဘဲ ပါးစပ်မှ အဆက်မပြတ် အော်ဟစ် နေလေတော့သည်။

"လူငယ်လေး နောက်ဘဝကျရင် ဒီလောက်ကြီး မာန မထောင်လွှားပါနဲ့ကွာ..."

"ခွပ်" ဟူသော အရိုးကျိုးသံ တစ်ချက် ထွက်ပေါ်လာသည်နှင့် ချူးဟယ်၏ အသက်ငွေ့များ အားလုံးကို ကျန်းချဲ့က အပြတ်အသတ် ဖြတ်တောက် လိုက်လေပြီ။ ခေါင်းကြီးမှာလည်း အားအင် ကင်းမဲ့စွာဖြင့် အောက်သို့ စိုက်ကျသွားလေသည်။ ထိုအချိန်မှစ၍ ချင်းထျန်းမိစ္ဆာဂိုဏ်း၏ မြင့်မြတ်သောသားတော် ချူးဟယ် အပြီးတိုင် ကျဆုံးသွားခဲ့လေပြီ။

အလောင်းကောင်ကြီးကို ဘေးသို့ ပေါ့ပေါ့ပါးပါး ပစ်ချလိုက်ပြီးနောက် ကျန်းချဲ့၏ ရင်ထဲတွင် သူ၏ လက်ရှိ အခြေအနေမှာ ပြိုင်ဘက်ကင်းလောက်အောင် အစွမ်းထက် နေကြောင်း ခံစားလိုက်ရလေသည်။

အစွန်းရောက် ယန်ချီစွမ်းအင် လက်ဝယ်သို့ ရရှိသွားပြီ ဖြစ်သည်။ ဤသည်မှာ သူ ဓမ္မရုပ်တု အဆင့်သို့ တက်လှမ်းရန် လိုအပ်သော ယဇ်ပူဇော် ပစ္စည်းများ အားလုံး စုဆောင်းမိသွားပြီ ဖြစ်ကြောင်း အဓိပ္ပာယ် သက်ရောက်လေသည်။ အချိန်မရွေး နေရာမရွေး ယဇ်ပူဇော်မှု ပြုလုပ်နိုင်ပြီး ဓမ္မရုပ်တု အဆင့် မဟာသိုင်းသခင် အဖြစ်သို့ တက်လှမ်းနိုင်ပြီ ဖြစ်လေသည်။

တုန်းဖန်းမင်ယွဲ့နှင့် နန်ကုန်းကျီတို့၏ မျက်နှာထားမှာ ဖြူလိုက် မည်းလိုက် ဖြစ်နေပြီး အလွန် ကြည့်ရ ဆိုးနေလေသည်။

"အစကတည်းက ငါကိုယ်တော် နောက်ကွယ်ကနေ အကွက်ဆင်ထားတာကို မင်း ရိပ်မိနေခဲ့တာလား..."

တုန်းဖန်းမင်ယွဲ့က လေးနက်သော လေသံဖြင့် မေးလိုက်လေသည်။ အလွန် နက်နဲသော ခရမ်းရောင် သူငယ်အိမ်များက ကျန်းချဲ့ကို စူးစိုက်ကြည့်နေပြီး အဖြေတစ်ခုကို ရှာဖွေလိုနေလေသည်။

"ဒီလိုပဲ သတ်မှတ်လို့ ရပါတယ်..."

ကျန်းချဲ့ ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်ပြီး အင်္ကျီလက်စကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ ချီရွှယ်မိစ္ဆာသခင်၏ အစစ်အမှန် ရုပ်သွင် ပေါ်ထွက်လာလေသည်။ မဟာသိုင်းသခင် လေးပါး၏ အရှိန်အဝါများ အချင်းချင်း ချိတ်ဆက်သွားပြီး လေဟာနယ် တစ်ခုလုံးကို လွှမ်းခြုံ သွားလေသည်။ ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြီးကိုလည်း လုံးဝ ဖုံးကွယ်ထားခြင်း မရှိတော့ချေ။

ယခုအခါ လေးယောက်နှင့် သုံးယောက် ဖြစ်သွားပြီဖြစ်ရာ အသာစီး ရမှုမှာ သူတို့ဘက်တွင် ရှိနေလေပြီ။

"ဒီနေ့တော့ ငါကိုယ်တော်ရဲ့ မျက်လုံးတွေ ပိတ်ကွယ်သွားလိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့ဘူး နန်ကုန်း တာအိုအစ်ကိုကြီး ဒီနေ့ ငါကိုယ်တော်ကြောင့် ခင်ဗျား အကျပ်အတည်းနဲ့ ကြုံတွေ့ခဲ့ရတယ် ခင်ဗျား အရင် သွားနှင့်ပါ ငါကိုယ်တော် ကျန်ရစ်ခဲ့ပြီး နောက်ကနေ တားဆီးပေးထားမယ် ငါကိုယ်တော်ကို သတ်ချင်ရင်တော့ အတူတူ သေပေးမယ့်သူ ရှိမှ ဖြစ်လိမ့်မယ်..."

ခရမ်းရောင်နဂါး ဓမ္မမင်းကြီး၏ မျက်ဝန်းများထဲတွင် အနည်းငယ် အပြစ်ရှိသလို ခံစားနေရလေသည်။ အရာအားလုံးက သူမ ကြောင့်သာ သူတို့ အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်ဟု တွေးတောမိသဖြင့် နောက်ဆက်တွဲ ဆိုးကျိုးများ အားလုံးကို သူမ ကိုယ်တိုင် တာဝန်ယူ ဖြေရှင်းရမည်ဟု ဆုံးဖြတ်လိုက်ခြင်း ပင်ဖြစ်သည်။

နန်ကုန်းကျီက တုန်းဖန်းမင်ယွဲ့ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ရုတ်တရက် အပြင်းအထန် လှုပ်ရှားလိုက်လေသည်။ လင်းယုန် ငှက်မြည်သံ တစ်ချက် ထွက်ပေါ်လာပြီး ယင်ချုံဟိုင်ကို ရုတ်တရက် လွှမ်းခြုံသွားလေသည်။ သူ၏ လက်နှစ်ဖက်မှာ လင်းယုန် ငှက်လက်သည်းများအလား ယင်ချုံဟိုင်၏ ခေါင်းကို ဆုပ်ကိုင် လိုက်လေသည်။

"ဟင့်အင်း... မလုပ်ပါနဲ့ ဓမ္မမင်းကြီး..."

နန်ကုန်းကျီ၏ ရုတ်တရက် တိုက်ခိုက်မှုကြောင့် ယင်ချုံဟိုင် အနေဖြင့် တုံ့ပြန်ရန် လုံးဝ အချိန်မရလိုက်ချေ။ အန္တရာယ်ကို သတိပြုမိသည့် အချိန်တွင်တော့ သူ၏ ခန္ဓာကိုယ် တစ်ခုလုံး တစ်ဖက်လူ၏ ဖိနှိပ် ချုပ်နှောင်ခြင်းကို ခံလိုက်ရပြီ ဖြစ်လေသည်။ ခန္ဓာကိုယ် တစ်ခုလုံး တောင့်တင်း သွားသည့်အလား လုံးဝ လှုပ်ရှား၍ မရနိုင်တော့ချေ။

"မြင့်မြတ်သောဂိုဏ်းတော် အတွက် အသက် စွန့်လွှတ်ရတာ မင်းအတွက် ထိုက်တန်တဲ့ သေဆုံးခြင်းပါပဲ..."

ကြောက်မက်ဖွယ်ကောင်းသော ဝါးမျို စုပ်ယူခြင်း စွမ်းအားကြီး တစ်ခုက ယင်ချုံဟိုင်ကို ချက်ချင်း လွှမ်းခြုံ သွားလေသည်။ သူ၏ ယွမ်ယင်း အလင်းတန်းများ လျင်မြန်စွာ မှေးမှိန် သွားပြီး နန်ကုန်းကျီ၏ ဝါးမျို စုပ်ယူခြင်းကို ခံလိုက်ရလေသည်။ ထို့နောက် နန်ကုန်းကျီ၏ ကိုယ်ပေါ်ရှိ အရှိန်အဝါများ တဖြည်းဖြည်း ပြန်လည် ပြည့်ဝ လာခဲ့လေသည်။

"နန်ကုန်း တာအိုအစ်ကိုကြီး ခင်ဗျား..."

တုန်းဖန်းမင်ယွဲ့ ကြက်သေသေ သွားပြီး မျက်နှာထား မည်းမှောင် သွားလေသည်။

"ရှန်ရှန်းအဆင့် နှောင်းပိုင်း မဟာသိုင်းသခင် နှစ်ပါးနဲ့ ရှန်ရှန်းအဆင့် အလယ်ပိုင်းနဲ့ ညီမျှတဲ့ မဟာသိုင်းသခင် နှစ်ပါး အပြင် မြင့်မြတ်သောလက်နက် တစ်ခုလည်း ပါသေးတယ် ငါတို့ နှစ်ယောက် အတွက် ဘာ အသာစီး ရမှုမှ မရှိတော့ဘူး ငါကိုယ်တော် ကိုယ်တိုင်လည်း အပြင်းအထန် ဒဏ်ရာ ရထားသေးတယ် နည်းနည်းလေး မှားယွင်းသွားတာနဲ့ ငါတို့ နှစ်ယောက်စလုံး ဒီနေ့ ဒီနေရာမှာတင် သေရလိမ့်မယ် ဒါကြောင့် ငါကိုယ်တော်ကိုပဲ ကျန်ရစ်ခဲ့ပါရစေ မြင့်မြတ်သောလက်နက် ကို ငါ့ကို ပေးပါ..."

နန်ကုန်းကျီ၏ လျှို့ဝှက် ကျင့်စဉ်မှာ သေချာပေါက် ပေးဆပ်ရမှု ကင်းမဲ့နေခြင်း မဟုတ်ချေ။ သူ ယခင်က အပြင်းအထန် ဒဏ်ရာ ရရှိထားခဲ့ပြီး ယခုအခါ ယင်ချုံဟိုင်၏ ယွမ်ယင်း ကို ဝါးမျို စုပ်ယူ လိုက်သော်ငြား စွမ်းအား နှစ်ခုမှာ လုံးဝ တူညီသော သဘောတရားများ မဟုတ်ဘဲ အချင်းချင်း ဆန့်ကျင် တိုက်ခိုက် နေကြလေသည်။ သူသည် ခေတ္တခဏမျှသာ ငှားရမ်း အသုံးပြု နိုင်ပြီး လုံးဝ ချေဖျက် စုပ်ယူနိုင်စွမ်း မရှိချေ။

"မင်းတို့ ဘယ်သူမှ ထွက်သွားလို့ မရဘူး ဒီနေရာမှာပဲ နေခဲ့ကြတော့..."

ကျန်းချဲ့တို့ လူစု အနေဖြင့် သူတို့ကို တိုင်ပင် ဆွေးနွေး နေရန် အချိန် လုံးဝ ပေးမည် မဟုတ်ချေ။ အမှန်တကယ်တော့ နန်ကုန်းကျီက ယင်ချုံဟိုင် အပေါ် တိုက်ခိုက် လိုက်သည့် အချိန် ကတည်းက လူလေးယောက်စလုံး တစ်ပြိုင်နက်တည်း လှုပ်ရှား လိုက်ကြပြီ ဖြစ်လေသည်။

ဓားပုံစံ ဓမ္မရုပ်တု တစ်ခုက ကောင်းကင်သို့ ထိုးတက်သွားသော ဓားစွမ်းအင်များကို ထုတ်လွှတ် လိုက်လေသည်။

ရွှေရောင် ခေါင်းလောင်းကြီး တစ်ခုက ကောင်းကင်နှင့် မြေကြီးကို ဖိနှိပ် ချုပ်နှောင် လိုက်လေသည်။

နဂါး ပုံစံ ပုံရိပ်ယောင်ကြီး တစ်ခုက ကောင်းကင် တစ်ခွင်လုံးကို ဖုံးကွယ် သွားစေလေသည်။

သွေးပင်လယ်ကြီး တစ်ခုက လေဟာနယ် ထက်တွင် ပေါ်ထွက်လာပြီး အဆုံးအစမရှိသော သတ်ဖြတ်ခြင်း အရှိန်အဝါ များကို လွှမ်းခြုံ သွားစေလေသည်။

စတင် လှုပ်ရှားလိုက်သည်နှင့် လေးယောက်စလုံး အစွမ်းကုန် တိုက်ခိုက် လိုက်ကြခြင်း ပင်ဖြစ်သည်။

သေရာပါ ရန်သူများ အဖြစ် သတ်မှတ် ပြီးသွားပြီ ဖြစ်ရာ မည်သူကမျှ လက်ညှာ နေမည် မဟုတ်ဘဲ တစ်ဖက် လူများ အားလုံးကို ဤနေရာ တွင် အပြတ်အသတ် ရှင်းလင်း ပစ်ရန် ရည်ရွယ် ထားကြလေသည်။

"မလုပ်ပါနဲ့..."

တုန်းဖန်းမင်ယွဲ့က ငြင်းဆန်ရန် ပြင်လိုက်သော်ငြား နန်ကုန်းကျီ၏ တွန်းထုတ် ခြင်းကို ခံလိုက်ရပြီး ထျန်းရွှမ် မှန်ကြေးမုံ ကိုပါ လုယူ သွားခြင်း ခံလိုက်ရလေသည်။ သူ၏ နောက်ကွယ် တွင် ပေတစ်ရာကျော် အရွယ်အစား ရှိသော ဧရာမ လင်းယုန်ငှက်ကြီး တစ်ကောင်က လေဟာနယ် ထက်တွင် ပေါ်ထွက် လာပြီး ကျယ်လောင်သော မြည်သံကြီး တစ်ချက်နှင့်အတူ လူလေးယောက်ဆီသို့ ဝင်ရောက် သတ်ဖြတ် လိုက်လေသည်။

"ငါကိုယ်တော်က သိုင်းသူတော်စင် ဖြစ်လာဖို့ မျှော်လင့်ချက် မရှိတော့ဘူး မင်းဆီမှာ မျှော်လင့်ချက် ရှိသေးတယ် မင်း အသက်ရှင်နေတာက မြင့်မြတ်သောဂိုဏ်းတော် အတွက် ပိုပြီး အသုံးဝင်လိမ့်မယ် မြန်မြန် ထွက်သွားတော့..."

နန်ကုန်းကျီက အသံနိမ့်နိမ့်ဖြင့် အော်ဟစ်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် အလွန်တရာ ရက်စက် ကြမ်းကြုတ်သော အမူအရာများ ပေါ်လွင်နေလေသည်။

သူ၏ ဓမ္မရုပ်တုကြီးကို ရူးသွပ်စွာ အသက်သွင်း အသုံးပြု လိုက်လေသည်။

သို့သော် နန်ကုန်းကျီသည် ဝါရင့် မဟာသိုင်းသခင်ကြီး တစ်ပါး ဖြစ်ပြီး ဖုန်းယွင် စာရင်းဝင် နာမည်ကျော် တစ်ယောက် ဖြစ်လင့်ကစား မဟာသိုင်းသခင် လေးပါး၏ အစွမ်းကုန် တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန် တွင်တော့ ကြီးမားလှသော ကွာဟချက်ကို ခံစား လိုက်ရလေသည်။

သူ၏ ဓမ္မရုပ်တုမှာ ထိပ်တိုက် ရင်ဆိုင် မိသည်နှင့် ဝိညာဉ်ဖိနှိပ်ခြင်း ခေါင်းလောင်း၏ လေဟာနယ် တွင် အသေ ချုပ်နှောင်ခြင်းကို ခံလိုက်ရလေသည်။

ထို့နောက် အစိမ်းရောင် ဧရာမ ဓားကြီး တစ်လက်က တိုက်ရိုက် ဖောက်ထွင်း သွားပြီး နဂါး ပုံစံ ပုံရိပ်ယောင်ကြီး ကလည်း လင်းယုန် ဓမ္မရုပ်တု အပေါ်သို့ ရစ်ပတ် သွားလေသည်။ အဆုံးအစမရှိသော သွေးပင်လယ်ကြီး ကလည်း ရူးသွပ်စွာ လွှမ်းခြုံ သွားလေတော့သည်။

"ဂျိန်း..."

ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံကြီးက လေဟာနယ် တစ်ခုလုံး ပဲ့တင်ထပ် သွားပြီး နန်ကုန်းကျီ၏ လင်းယုန် ဓမ္မရုပ်တုကြီးမှာ နေရာ တွင်ပင် အစိတ်စိတ်အမွှာမွှာ ပျက်စီး သွားလေသည်။ ကြီးမားလှသော စွမ်းအင် လှိုင်းဂယက်များက အရပ်လေးမျက်နှာ သို့ လွင့်စင် ထွက်ပေါ်သွားပြီး ဖြတ်သန်း သွားသော နေရာတိုင်းရှိ အရာအားလုံးကို ပြာကျ သွားစေလေသည်။

လျှို့ဝှက်နယ်မြေ ဟုပင် သတ်မှတ်၍ မရနိုင်သော ဤ ဧရိယာလေးမှာ ဤမျှလောက် ကြီးမားသော ရိုက်ခတ်မှုကြီးကို လုံးဝ ခံနိုင်ရည် မရှိတော့ချေ။ အမှန်တကယ်တော့ ယခင်က တိုက်ခိုက်မှုများ ကတည်းက လေဟာနယ် များကို မတည်မငြိမ် ဖြစ်စေကာ ပျက်စီးလုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်လေသည်။

ယခုအခါ တွင်တော့ အမှန်တကယ်ပင် ပျက်စီး သွားခဲ့ချေပြီ။

တစ်လက်မချင်းစီ အက်ကွဲ ပျက်စီး လာပြီး လောကကြီး တစ်ခုလုံး ပျောက်ကွယ် သွားသည့်အလား ပင်ဖြစ်သည်။

တစ်ချိန်တည်း မှာပင် ဓမ္မရုပ်တု ပျက်စီး သွားမှု ကြောင့် ဖြစ်ပေါ်လာသော ရိုက်ခတ်မှုက နန်ကုန်းကျီကို နောက်တစ်ကြိမ် အပြင်းအထန် ဒဏ်ရာ ရရှိသွားစေခဲ့လေသည်။ နှုတ်ခမ်းထောင့်မှ သွေးများ အဆက်မပြတ် စီးကျ လာပြီး သူ၏ ခန္ဓာကိုယ် တစ်ခုလုံး မှာလည်း ယိမ်းယိုင် နေကာ လေဟာနယ် ထက်မှ ပြုတ်ကျလုနီးပါး ဖြစ်သွားရလေသည်။

"သွားကြမယ်..."

ဤအခိုက်အတန့်တွင် ကျန်းချဲ့၊ ချီကျန်းနန်နှင့် အခြား သူများသည် အောင်ပွဲကို ဆက်လက် အသုံးချကာ လိုက်လံ တိုက်ခိုက်ခြင်း မပြုကြတော့ဘဲ အလင်းတန်းများ အဖြစ် ပြောင်းလဲကာ အလျင်အမြန်ပင် ဆုတ်ခွာ လိုက်ကြလေသည်။ ဘေးပတ်ဝန်းကျင်ရှိ လေဟာနယ် များမှာ ပြိုကျ ပျက်စီး နေပြီဖြစ်ရာ အချိန် ဆက်ဆွဲ နေမည် ဆိုပါက သူတို့ကို သတ်ဖြတ် နိုင်ကောင်း သတ်ဖြတ် နိုင်မည် ဖြစ်သော်ငြား သူတို့ ကိုယ်တိုင်လည်း အာကာသ လေဝဲဂယက်များ အတွင်းသို့ စုပ်ယူ ခံရမည် ဖြစ်လေသည်။

သိုင်းသူတော်စင်များ သာလျှင် အာကာသ လေဝဲဂယက်၏ ရိုက်ခတ်မှုကို ရင်ဆိုင် နိုင်စွမ်း ရှိလေသည်။ သူတို့ ကဲ့သို့သော ဓမ္မရုပ်တု အဆင့် ကျင့်ကြံသူများ အတွက်တော့ ကိုးဆယ်ရာခိုင်နှုန်း သေချာပေါက် သေဆုံးမည့် အခြေအနေမျိုး ပင်ဖြစ်သည်။ အသက်ကို ပုံအောကာ လောင်းကြေး ထပ်ရန် လုံးဝ မလိုအပ်ချေ။

အကယ်၍ ချင်းထျန်းမိစ္ဆာဂိုဏ်းမှ လူ နှစ်ယောက်သာ ရဲတင်း မည်ဆိုပါက ကျန်းချဲ့တို့ အနေဖြင့် လေးစားပါတယ် ဟုသာ ပြောဆို နိုင်တော့မည် ဖြစ်လေသည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် ကျန်းချဲ့တို့ လူစုသည် ဤ လေဟာနယ် အတွင်းမှ ထွက်ခွာ သွားကြပြီး နန်ကုန်းကျီနှင့် တုန်းဖန်းမင်ယွဲ့တို့ နှစ်ယောက်သာ ထို နေရာတွင် ကျန်ရစ် ခဲ့လေတော့သည်။

"သွားမယ်..."

နန်ကုန်းကျီ သွားကို တင်းတင်း ကြိတ်လိုက်ပြီး မိမိ၏ မူလဝိညာဉ်ကို လောင်ကျွမ်း စေကာ တုန်းဖန်းမင်ယွဲ့ကို ခေါ်ဆောင်၍ ဤ နေရာမှ ထွက်ခွာရန် ပြင်ဆင် လိုက်လေသည်။ သို့သော် တုန်းဖန်းမင်ယွဲ့က မျက်မှောင် တင်းတင်း ကြုတ်ထားပြီး လေးနက်သော လေသံဖြင့် ပြန်ပြော လိုက်လေသည်။

"အပြင် ထွက်ရင်လည်း သေရမှာပဲလေ ထျန်းရွှမ် မှန်ကြေးမုံ ကို အားကိုးပြီး တစ်ခါလောက် လောင်းကြေး ထပ်ကြည့်ရအောင်..."

"မလုပ်နဲ့ ထျန်းရွှမ် မှန်ကြေးမုံကို ငါ့ကို ပေး မင်းအတွက် ထွက်ပေါက် ရှိသေးတယ် တကယ်လို့ အန္တရာယ်ကို စွန့်ပြီး လောင်းကြေး ထပ်မယ်ဆိုရင် ငါတို့ နှစ်ယောက်စလုံး သေချာပေါက် သေရလိမ့်မယ် ဒီ တိုက်ပွဲမှာ ငါတို့ ပေါ့ဆ သွားခဲ့တယ် ဒါပေမဲ့ လူတစ်ယောက် ကတော့ မဖြစ်မနေ အသက်ရှင် နေရမယ် လင်းကျန့်တောင်... ကျန်းချဲ့... ပေလင် ချီမိသားစု... သူတို့ အကုန်လုံးကို ကလဲ့စား ချေရမယ်..."

နန်ကုန်းကျီက အသံနိမ့်နိမ့်ဖြင့် အော်ဟစ် လိုက်ပြီး စကား ဆက်မပြော တော့ဘဲ လေဟာနယ် အတွင်းမှ တိုက်ရိုက် ထွက်ခွာ သွားလေသည်။ တုန်းဖန်းမင်ယွဲ့ လည်း မျက်မှောင် တင်းတင်း ကြုတ်ထားလျက် နောက်မှ လိုက်သွား ရုံသာ တတ်နိုင် တော့လေသည်။

စစ်မှန်သော နဂါးလျှို့ဝှက်နယ်မြေ၏ အပြင်ဘက် တွင်။

ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးမုန်တိုင်းများက ဆက်လက် တိုက်ခတ် နေဆဲ ပင်ဖြစ်သည်။ ထို့အပြင် အတွင်းပိုင်း လေဟာနယ်၏ ပြိုကျ ပျက်စီးမှု ကြောင့် မိုးကြိုးမုန်တိုင်းများမှာ ပို၍ပင် ပြင်းထန် ကြမ်းတမ်း လာခဲ့လေသည်။ သို့သော် ဤသည်မှာ ကျန်းချဲ့တို့ လူစု အပေါ် ထိရောက်သော ခြိမ်းခြောက်မှု တစ်ခု လုံးဝ မဖြစ်စေနိုင်ချေ။

ယခုအခါ သူတို့သည် မိုးကြိုးမုန်တိုင်း၏ အပြင်ဘက် တွင် ရပ်တည် နေကြပြီး အချင်းချင်း နေရာယူကာ ချင်းထျန်းမိစ္ဆာဂိုဏ်းမှ ဓမ္မမင်းကြီး နှစ်ပါး ပေါ်ထွက် လာမည့် အချိန်ကို စောင့်ဆိုင်း နေကြလေသည်။

"ဂျိန်း..."

ပြင်းထန်သော ပေါက်ကွဲသံကြီး တစ်ချက်နှင့်အတူ ပုံရိပ် နှစ်ခုက ဝေဝါးစွာ ပေါ်ထွက် လာလေသည်။ ထို သူများမှာ နန်ကုန်းကျီနှင့် တုန်းဖန်းမင်ယွဲ့တို့ ပင်ဖြစ်သည်။ သို့သော် ယခင်ကနှင့် နှိုင်းယှဉ် ပါက နန်ကုန်းကျီသည် ကြီးမားသော ဆုံးဖြတ်ချက် တစ်ခုခုကို ချမှတ် လိုက်သည့် အလား ပင်ဖြစ်သည်။

ခေါင်း တစ်ခုလုံးရှိ ဆံပင် အနက်ရောင်များမှာ ယခုအခါ ဖြူဖွေး သွားခဲ့ပြီ ဖြစ်ပြီး ကိုယ်ပေါ်ရှိ အရေပြားများမှာလည်း သစ်ခေါက်များ အလား တွန့်လိမ် ရှုံ့တွ နေလေသည်။

သို့သော် သူ၏ ကိုယ်ပေါ်မှ ဖိအားကြီး ကတော့ ယခင်က ထက် အများကြီး ပိုမို ကြီးမား နေလေသည်။

လက်ထဲ တွင်လည်း အလွန် ထူးခြား ပြောင်မြောက်သော ရတနာ မှန်ကြေးမုံကို ပင့်ဆောင် ထားလေသည်။

နှစ်ဖက် စလုံး၏ အရှိန်အဝါများ စတင် တိုက်ခိုက် မိကြလေသည်။ နန်ကုန်းကျီက နောက်သို့ လှည့်ကာ တုန်းဖန်းမင်ယွဲ့ကို တစ်ချက် ကြည့်လိုက်ပြီးနောက် နှုတ်ခမ်းထောင့် တွင် ရူးသွပ်သော အပြုံး တစ်ခု ပေါ်လွင် လာလေသည်။

"တာအို မိတ်ဆွေတို့ အားလုံး အတူတူ သေပေး ကြတော့..."

စကား အဆုံးတွင် နန်ကုန်းကျီသည် လုံးဝ တွန့်ဆုတ် နေခြင်း မရှိဘဲ ထျန်းရွှမ် မှန်ကြေးမုံကို စတင် အသုံးပြု လိုက်လေသည်။ သူသည် ကျန်းချဲ့တို့နှင့် နောက်ဆုံး အချိန် အထိ တိုက်ခိုက်ပြီးမှ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲရန် ရွေးချယ် ခဲ့ခြင်း မဟုတ်ဘဲ ယခု အချိန်ကို ရွေးချယ် လိုက်ခြင်း ပင်ဖြစ်သည်။

အကြောင်းမူကား သူ တစ်ယောက်တည်း ဆက်လက် တောင့်ခံ ထားနိုင်မည် မဟုတ်သောကြောင့် ပင်ဖြစ်သည်။ အကယ်၍ အချိန် အကြာကြီး ကြန့်ကြာ နေမည် ဆိုပါက တုန်းဖန်းမင်ယွဲ့ပါ ထွက်သွား နိုင်မည် မဟုတ်တော့ချေ။

ပြတ်ပြတ်သားသား ဆုံးဖြတ် ရမည် ဖြစ်လေသည်။

ထိုသို့ လုပ်မှသာ တစ်ဖက်လူ အတွက် အသက်ရှင်ရန် အခွင့်အရေး တစ်ခု ရှာဖွေ ပေးနိုင်မည် ဖြစ်လေသည်။

ယခု အချိန်တွင် နန်ကုန်းကျီသည် အလွန်တရာ ကြီးမြတ်သော စိတ်ဓာတ်ကို ပြသ နေလေသည်။ သူ၏ လုပ်ရပ်က တုန်းဖန်းမင်ယွဲ့ကိုပင် အလွန်အမင်း အံ့အားသင့် သွားစေခဲ့လေသည်။ အကြောင်းမူကား သူတို့ နှစ်ယောက် အကြားရှိ ဆက်ဆံရေးမှာ အမှန်တကယ်တော့ ထိုမျှလောက် အထိ ကောင်းမွန်ခြင်း မရှိသောကြောင့် ပင်ဖြစ်သည်။

ချင်းထျန်းမိစ္ဆာဂိုဏ်း၏ ဓမ္မမင်းကြီးများ အဖြစ် အဆင့်အတန်း တူညီ ကြရုံ သက်သက်သာ ဖြစ်လေသည်။

သို့သော် ယခုအခါ နန်ကုန်းကျီက သူမကို အသက်ရှင် ခွင့် ပေးပြီး မိမိ ကိုယ်တိုင် သေဆုံးရန် ရွေးချယ် ခဲ့လေသည်။

ဤသည်မှာ တုန်းဖန်းမင်ယွဲ့ အတွက်တော့ ကြီးမားလှသော တုန်လှုပ်မှုကြီး တစ်ရပ် ပင်ဖြစ်ပေတကား။

နောက်တစ်ခဏ တွင်တော့ နန်ကုန်းကျီ၏ ကိုယ်ပေါ်မှ နတ်ဘုရား အလင်းတန်းများ လွင့်စင် ထွက်ပေါ်လာပြီး လက်ထဲရှိ ထျန်းရွှမ် မှန်ကြေးမုံကြီး ရုတ်တရက် ကြီးထွား လာကာ ပေတစ်ရာကျော် အရွယ်အစား အထိ ပြောင်းလဲ သွားလေသည်။ ဘေးပတ်ဝန်းကျင်ရှိ လေဟာနယ်ကို တိုက်ရိုက် ပိတ်ဆို့ လိုက်ပြီး နေရာ တစ်ခု တွင်သာ ထွက်ပေါက် တစ်ခု ချန်ထား ရစ်ခဲ့လေသည်။

တုန်းဖန်းမင်ယွဲ့ ဤ မြင်ကွင်းကို မြင်သောအခါ သွားကို တင်းတင်း ကြိတ်လိုက်ပြီး ကျေးဇူးတင် စကား ဆိုရန်ပင် အချိန် မရလိုက်ဘဲ အလင်းတန်း တစ်ခု အဖြစ် ပြောင်းလဲကာ တိုက်ရိုက် ထွက်ပြေး လွတ်မြောက် သွားလေတော့သည်။

တုန်းဖန်းမင်ယွဲ့ ထွက်ခွာ သွားပြီးနောက် နန်ကုန်းကျီ ရူးသွပ်စွာ ရယ်မော လိုက်ပြီး ဘေးပတ်ဝန်းကျင်ရှိ လေဟာနယ်ကို အသေ ပိတ်ဆို့ လိုက်လေသည်။ ဤသည်မှာ လည်း ထျန်းရွှမ် မှန်ကြေးမုံ၏ စွမ်းရည်များ ထဲမှ တစ်ခု ပင်ဖြစ်သည်။ ထို့နောက် သူ၏ လက်နှစ်ဖက်ကို ဆန့်တန်း လိုက်လေသည်။

အလင်းတန်း တစ်ခု အဖြစ် ပြောင်းလဲကာ ရတနာ မှန်ကြေးမုံ အတွင်းသို့ တိုက်ရိုက် ဝင်ရောက် သွားလေတော့သည်။

ဤကဲ့သို့သော ပြောင်းလဲမှုက ကျန်းချဲ့နှင့် ချီရွှယ်မိစ္ဆာသခင်တို့ကို အမည်မသိ ရင်းနှီး ကျွမ်းဝင်မှုတစ်ခု ခံစား လိုက်ရစေချေပြီ။ အတိတ်က နဂါးကျား တာအိုဂိုဏ်း၏ ဂိုဏ်းချုပ် ရှင်ရွှီ တာအိုဆရာ လည်း ဤကဲ့သို့ပင် ပြုမူ ခဲ့ပြီး လူတိုင်းကို သူနှင့်အတူ အသေခံ ရန် ဆွဲခေါ် ခဲ့သည် မဟုတ်ပါလော။

"မကောင်းတော့ဘူး မြန်မြန် ထွက်ပြေးကြ..."

လူအများ တစ်ပြိုင်နက်တည်း သတိဝင် လာကြပြီး ချီကျန်းနန် သတိပေး လိုက်ပြီးနောက် အခြား သူများကို ပင် ဂရုစိုက် နေရန် အချိန် မရတော့ဘဲ ဝိညာဉ်ဖိနှိပ်ခြင်း ခေါင်းလောင်း အတွင်းသို့ တိုက်ရိုက် ဝင်ရောက် သွားလေသည်။ မြင့်မြတ်သောလက်နက် ကို အသုံးပြုကာ မြင့်မြတ်သောလက်နက် ကို အတင်းအဓမ္မ ခုခံရန် ကြိုးပမ်း လိုက်ခြင်း ပင်ဖြစ်သည်။

ကျောက်ရှန်းကျစ်၏ မျက်နှာ ဖြူရော် သွားပြီး လှည့်ထွက်ကာ ဤ နေရာမှ ထွက်ခွာရန် ပြင်ဆင် လိုက်လေသည်။ သို့သော် ဘေးပတ်ဝန်းကျင်ရှိ လေဟာနယ် များမှာ ပိတ်ဆို့ ခံထားရပြီ ဖြစ်ရာ သူမ၏ ပျံသန်း မှု အမြန်နှုန်းမှာ အလွန်အမင်း နှေးကွေး နေလေသည်။

ကျန်းချဲ့ ကတော့ ဤကိစ္စကို ကြိုတင် မျှော်လင့် ထားခဲ့ပြီး ဖြစ်လေသည်။ ဤ မြင်ကွင်းကို မြင်သောအခါ လုံးဝ တွန့်ဆုတ် နေခြင်း မရှိဘဲ သွေးပင်လယ် နတ်ပုတီးစေ့ကို အသက်သွင်း ကာ ကျောက်ရှန်းကျစ်နှင့် ဝိညာဉ်ဖိနှိပ်ခြင်း ခေါင်းလောင်းတို့ အားလုံးကို လွှမ်းခြုံ လိုက်လေသည်။ ဘေးပတ်ဝန်းကျင်ရှိ အရာအားလုံး မျက်စိတစ်မှိတ် အတွင်းမှာပင် ပျောက်ကွယ် သွားလေတော့သည်။

နတ်ပုတီးစေ့ တစ်လုံး သာလျှင် လေဟာနယ် ထက်တွင် လွင့်မျော နေလေသည်။

ချီရွှယ်မိစ္ဆာသခင် မှာမူ တုန်းဖန်းမင်ယွဲ့ ထွက်ခွာ သွားသည့် အချိန် ကတည်းက အခြေအနေ မဟန် မှန်း ကြိုတင် ရိပ်မိ နေခဲ့ပြီး ဖြစ်လေသည်။ ကျန်းချဲ့ကို သတိပေး လိုက်ပြီးနောက် သွေးပင်လယ် နတ်ပုတီးစေ့ အတွင်းသို့ ပထမဆုံး ဝင်ရောက် ပုန်းအောင်း သွားခဲ့သူ ပင်ဖြစ်သည်။

"သေစမ်း..."

ဤ မြင်ကွင်းကို မြင်သောအခါ နန်ကုန်းကျီ၏ မျက်နှာ ချက်ချင်း မည်းမှောင် သွားလေသည်။ ထျန်းရွှမ် မှန်ကြေးမုံ၏ စွမ်းအား အရ ဆိုလျှင် ကျန်းချဲ့တို့ အနေဖြင့် အခြား မြင့်မြတ်သောလက်နက် တစ်ခု၏ အကာအကွယ်ကို ရယူ ထားလျှင်တောင်မှ သေချာပေါက် အပြင်းအထန် ဒဏ်ရာ ရရှိသွားမည် ဖြစ်လေသည်။

ထို မြင့်မြတ်သောလက်နက် ကိုပင် ဖျက်ဆီး ပစ်နိုင်စွမ်း ရှိလေသည်။

သို့သော် ယခုအခါ လူ အားလုံး လုံးဝ အရိပ်အယောင် ပင် မကျန်တော့ဘဲ ပျောက်ကွယ် သွားခဲ့ကြပြီ ဖြစ်လေသည်။

ထင်ရှား သည်က ကျန်းချဲ့တို့၏ လက်ထဲတွင် လေဟာနယ် ထူးခြား ရတနာ တစ်ခု ရှိနေခြင်း ပင်ဖြစ်သည်။ ထို့အပြင် သက်ရှိ လူများ ပင် အသက်ရှင် နေထိုင် နိုင်စွမ်း ရှိသော ထူးခြား ရတနာ ပင်ဖြစ်သည်။ အကယ်၍ သူ ယခု အချိန်တွင် ထွက်ခွာ သွားမည် ဆိုပါက အသက်ရှင်ရန် အခွင့်အရေး ရှိကောင်း ရှိနိုင်ပေသည်။

သို့သော် ပြဿနာမှာ သူသည် အရာအားလုံးကို လောင်ကျွမ်း စေခဲ့ပြီး ဖြစ်ရာ ရပ်တန့်ရန် လုံးဝ အခွင့်အရေး မရှိတော့ချေ။

နောက်ဆုံး အချိန် တွင်တော့ လေဟာနယ်၏ အပြင်ဘက် သို့ သတင်းစကား တစ်ခု ပေးပို့ လိုက်ရုံသာ တတ်နိုင် တော့လေသည်။ ထို့နောက် ထျန်းရွှမ် မှန်ကြေးမုံကို ယူဆောင် ကာ ထို ထူးခြား ရတနာ နတ်ပုတီးစေ့ အပေါ်သို့ တိုက်ရိုက် ဖိချ လိုက်လေသည်။ မြင့်မြတ်သောလက်နက်၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲ ခြင်း စွမ်းအား ဖြင့် အနီးကပ် တိုက်ခိုက် ကာ ထို လူများကို ရတနာ အတွင်း၌ ပင် သေဆုံး သွားစေရန် ရည်ရွယ် လိုက်ခြင်း ပင်ဖြစ်သည်။

သို့သော် သူ အနီးသို့ ရောက်ရှိ သွားသည်နှင့် သွေးပင်လယ် နတ်ပုတီးစေ့မှာ ဝိညာဉ် သိစိတ် ရှိနေသည့် အလား အောက်ဘက် သို့ ချက်ချင်း ပြုတ်ကျ သွားလေသည်။ အမြန်နှုန်း မှာလည်း အလွန် လျင်မြန် လွန်းလှပေသည်။

"ဂျိန်း..."

နန်ကုန်းကျီသည် နောက်ဆုံး တွင်တော့ သွေးပင်လယ် နတ်ပုတီးစေ့၏ အနီးသို့ ရောက်ရှိရန် အခွင့်အရေး လုံးဝ မရခဲ့ချေ။ သူ ကိုယ်တိုင် ဆက်လက်၍ မတောင့်ခံ နိုင်တော့ဘဲ ပေါက်ကွဲသံကြီး တစ်ချက်နှင့်အတူ လေဟာနယ် တစ်ခုလုံးမှာ ဤ အခိုက်အတန့် တွင် ရပ်တန့် သွားသည့် အလား ပင်ဖြစ်သည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် အလွန်တရာ တောက်ပ လှသော အလင်းတိုင်ကြီး တစ်ခုက ကောင်းကင်ဘုံ ကိုးထပ် အထိ တိုက်ရိုက် ထိုးတက် သွားလေသည်။

မြင့်မြတ်သောလက်နက် ၏ စွမ်းအားများ အပြည့်အဝ ပေါက်ကွဲ ထွက်လာလေသည်။ ဓမ္မရုပ်တု အဆင့် မူလဝိညာဉ် ကို လမ်းပြ အဖြစ် အသုံးပြု ကာ မြင့်မြတ်သောလက်နက် ၏ အခြေခံ အုတ်မြစ်ကို အခြေခံ ပြီး အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသော ရိုက်ခတ်မှု လှိုင်းလုံးကြီး တစ်ခုကို ဖန်တီး လိုက်လေသည်။ ဘေးပတ်ဝန်းကျင်ရှိ အရာအားလုံး မျက်စိတစ်မှိတ် အတွင်းမှာပင် အငွေ့ပျံ သွားလေတော့သည်။

မိုးကြိုးမုန်တိုင်းများ စုစည်း နေသော ထို သေမင်းတမန် နယ်မြေကြီး ပင်လျှင် ချက်ချင်း ရှင်းလင်း ခံလိုက်ရလေသည်။

ပေါက်ကွဲမှု၏ ဗဟိုချက် မှ စတင် ကာ အရပ်လေးမျက်နှာ သို့ လွင့်စင် ထွက်ပေါ် သွားလေသည်။ လေဟာနယ်ကြီး ပင်လျှင် ဤ အခိုက်အတန့် တွင် တစ်ချက် တုန်ခါ သွားရပြီး အောက်ဘက်ရှိ ပင်လယ်ရေ များမှာလည်း ကောင်းကင် အထိ မြင့်မားသော လှိုင်းလုံးကြီးများ အဖြစ် မြင့်တက် လာခဲ့လေတော့သည်။

All Chapters