← Chapters

အခန်း ၃၈

Vol. 4 Ch. 38

အခန်း ၃၈

Vol. 4 Ch. 38

အခန်း (၃၈) ငါ့ဝါဂွမ်းအင်္ကျီလေး မည်သို့လွင့်ထွက်သွားသနည်း

သူ့သား ပြေးထွက်သွားသည်ကို ကြည့်ရင်း လျူဖူရှန့်သည် ရယ်မောကာ တိုးတိတ်စွာ ကျိန်ဆဲလိုက်ပြီးနောက် စားပွဲပေါ်ရှိ ကျုံးဟွာ စီးကရက်ဘူးကို ကောက်ယူကာ ပြုံးလိုက်လေသည်။

“ခွေးကောင်လေး သတ္တိတော့ရှိသားပဲ…”

အပြင်သို့ ပြေးထွက်လာပြီးနောက် လျူအာကျူးက တစ်စုံတစ်ရာကို သတိရသွား၏။

သူ၏ဘိုးဘေးသည် ထိုမျှလောက် စွမ်းဆောင်နိုင်ခဲ့ပါလျက် ထိုအချိန်က ပစ္စည်းတချို့ကို ဖွက်ထားရန် အဘယ်ကြောင့် မတွေးမိခဲ့သနည်းဟု သူ၏ဖခင်ကို မေးရန် မေ့သွားခဲ့လေသည်။

ထို့ပြင် သူ၏အဘိုးနှင့် အဘွား အပါအဝင် မိသားစုဆွေမျိုးများအကြောင်းကိုလည်း သူ့ဖခင်က တစ်ခါမျှ မပြောပြခဲ့ဖူးချေ။

လျူအာကျူးသည် ပြန်လှည့်ကာ မေးချင်သော်လည်း အရိုက်ခံရမည်ကို ကြောက်သဖြင့် နောက်မှသာ မေးတော့မည်ဟု ဆုံးဖြတ်လိုက်သည်။

သူသည် ခေါင်းကိုလှည့်ကြည့်လိုက်ရာ သူ့မိခင် ဟင်းချက်နေသည်ကို မြင်လိုက်ရ၏။ သူမသည် မျက်ရည်များကို သုတ်နေသော်လည်း နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ရှိနေလေသည်။ ဖြုန်းတီးပစ်လိုက်သော ကောက်နှံများအတွက် နှမြောနေသော်လည်း အောင်မြင်နေသော သားဖြစ်သူကို တွေးမိသောအခါ ပြုံးရွှင်မှုကို မတားဆီးနိုင်တော့ပေ။

မိခင်ဖြစ်သူ ပျော်ရွှင်နေသည်ကို မြင်သောအခါ လျူအာကျူးသည် ခေတ္တမျှ စဉ်းစားလိုက်ပြီး အမည်းရောင် ဆယ်တန်ငွေစက္ကူကြီး နှစ်ရွက်ကို ထုတ်ယူကာ ကမ်းပေးလိုက်သည်။

“အမေ…”

“သား ဗိုက်ဆာနေပြီမဟုတ်လား အမေ အခုပဲ... အိုကွယ်…”

နျူဟုန်ဟွာသည် မျက်ရည်များကို သုတ်လိုက်ပြီး ငွေများကို မြင်သောအခါ လန့်ဖျပ်သွားသည်။ သူမသည် တံခါးပိတ်ထားခြင်း ရှိမရှိ အမြန်စစ်ဆေးလိုက်ပြီးနောက် သားဖြစ်သူ၏လက်ကို ဆွဲကိုင်ကာ ငွေများကို လျူအာကျူး၏ လက်ထဲသို့ တင်းကျပ်စွာ ပြန်ထည့်ပေးလိုက်သည်။

ကြမ်းတမ်းနေသော မိခင်၏လက်များကြောင့် လျူအာကျူးမှာ နာကျင်စွာ တွန့်သွားပြီး ဘာလုပ်ရမှန်းမသိစွာဖြင့် ပြောလိုက်လေသည်။

“အမေ ဘာလုပ်နေတာလဲ ဒါက သားရှာထားတာ ခိုးလာတာမဟုတ်ဘူး…”

နျူဟုန်ဟွာသည် ပို၍ပင် ထိတ်လန့်သွားပြီး သားဖြစ်သူ၏ ပါးစပ်ကို အမြန်ပိတ်လိုက်သည်။

“ဘာတွေ လျှောက်ပြောနေတာလဲ အဲဒီလို မပြောရဘူး…”

လျူအာကျူးသည် မိခင်၏လက်ထဲမှ ရုန်းထွက်လိုက်ပြီး ရှင်းပြလေသည်။

“ကောင်းပါပြီ သား မပြောတော့ဘူး အဲဒါဆိုရင်လည်း လူကြီးနှစ်ယောက်အတွက် သားရဲ့ ကန်တော့ငွေအဖြစ် သိမ်းထားလိုက်ပါ…”

“အိုး မဖြစ်ဘူး လုံးဝ မဖြစ်ဘူး…”

နျူဟုန်ဟွာသည် အပူလောင်သွားသည့်အလား ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားလေသည်။

“ဒီငွေကို သားပဲ သိမ်းထားပါ အမေက သားပိုက်ဆံကို ဘယ်လိုလုပ် ယူလို့ရမှာလဲ ဒါက အရမ်းများလွန်းတယ် အမေ တစ်နှစ်လုံး အလုပ်လုပ်ရင်တောင် ဒီလောက်မရှာနိုင်ဘူး…”

ဤအချိန်တွင် လူများသည် အလုပ်ရမှတ်အပေါ် အခြေခံ၍ ငွေကြေးတွက်ချက်ကာ ကောက်နှံများကို ခွဲဝေယူကြရဆဲ ဖြစ်သည်။ တစ်ခါတစ်ရံတွင် နှစ်ကုန်၌ ရိက္ခာများ လက်ခံရရှိပြီး အလုပ်ရမှတ်များကို တွက်ချက်ပြီးနောက် ထုတ်လုပ်ရေးအဖွဲ့ထံသို့ပင် ငွေပြန်လည် ပေးဆပ်ရသေးသည်။ ထို့ကြောင့် နျူဟုန်ဟွာသည် ငွေတစ်ပြားတစ်ချပ်မျှ မရရှိခဲ့သည့်အပြင် အိမ်ကို ရောင်းချလျှင်ပင် အဖွဲ့ထံမှ အကြွေးများကို ဆပ်နိုင်မည်မဟုတ်ပေ။

လျူအာကျူးသည် သူမ၏ ငြင်းဆန်မှုများကို ဂရုမစိုက်ဘဲ မိခင်၏လက်ထဲသို့ ငွေများကို အတင်းထည့်ပေးကာ ပြောလိုက်သည်။

“ယူထားဆို ယူထားလိုက်ပါ အိုးကို မြန်မြန်သွားကြည့်ပါဦး တူးတော့မယ်…”

“ဒုက္ခပါပဲ ငါ့အိုးလေး…”

နျူဟုန်ဟွာသည် စစ်ဆေးရန် သစ်သားဇွန်းကို အမြန်ဆွဲယူလိုက်ပြီး အခြားလက်တစ်ဖက်ကမူ ငွေများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရာ အားစိုက်လွန်းသဖြင့် သွေးကြောများပင် ထောင်ထနေသည်။

သူမ တင်းကျပ်စွာ ဆုပ်ကိုင်ထားရမည်ဖြစ်၏။ အကယ်၍ ပြုတ်ကျသွားပြီး လေတိုက်သွားလျှင်ဖြစ်စေ၊ မီးထဲပြုတ်ကျပြီး လောင်ကျွမ်းသွားလျှင်ဖြစ်စေ အခက်တွေ့ပေမည်။ ထို့ကြောင့် မည်သို့လုပ်ရမည်ကို သူမ တွေးပူနေမိတော့သည်။

နျူဟုန်ဟွာမှာ လုံးဝကို ကမောက်ကမ ဖြစ်နေတော့သည်။

ထိုအချိန်တွင် လျူအာကျူးသည် သူ၏အိမ်မှ ထွက်လာခဲ့ပြီး ဘေးအိမ်ရှိ အစ်ကိုကြီး၏ အိမ်သို့ သွားလိုက်လေသည်။

သူ၏အစ်ကိုကြီးသည် ခြံဝင်းထဲတွင် သူ၏ သီးသန့်စစ်ကြောရေးကုလားထိုင်ရှေ့၌ ဆောင့်ကြောင့်ထိုင်နေပြီး မျက်မှောင်ကြုတ်ကာ ဆေးတံကို ဖွာရင်း ပြဿနာကို မည်သို့ဖြေရှင်းရမည်နည်းဟု စဉ်းစားနေလေသည်။

နျီဇီသည်လည်း ဖခင်ဖြစ်သူကို အတုခိုးကာ ဘေးတွင် ဆောင့်ကြောင့်ထိုင်ရင်း မျက်မှောင်ကြုတ်ကာ သက်ပြင်းချနေ၏။ သူမသည် သစ်ကိုင်းငယ်လေးတစ်ခုကို ကိုင်ထားပြီး ဆေးတံအဖြစ် ဟန်ဆောင်ကာ တစ်ခါတစ်ရံတွင် ထိုသစ်ကိုင်းကို စုပ်လိုက်ပြီးနောက် လေတစ်ချက်မှုတ်ထုတ်နေလေသည်။ သူမ၏ပုံစံလေးမှာ အလွန်ပင် ချစ်စရာကောင်းလှသည်။

မရီးဖြစ်သူမှာ အဝတ်လျှော်နေပြီး သားအဖနှစ်ယောက်ကို တစ်ခါတစ်ရံ မော့ကြည့်နေလေသည်။ သူမသည် ရယ်ချင်နေသော်လည်း ခင်ပွန်းဖြစ်သူ၏ ယုံကြည်မှုကို ထိခိုက်မည်စိုးသဖြင့် မရယ်ရဲပေ။

တံခါးဖွင့်သံကို ကြားလိုက်ရသောအခါ တစ်မိသားစုလုံး လှည့်ကြည့်လာကြသည်။

နျီဇီသည် ပထမဆုံး ပျော်ရွှင်စွာ ခုန်ထလိုက်ပြီး ငှက်ငယ်လေးတစ်ကောင်ပမာ လက်နှစ်ဖက်ကို ဆန့်တန်းကာ လျူအာကျူးထံသို့ ပြေးလာလေသည်။

“ဦးလေး…”

လျူအာကျူးသည် နျီဇီကို ပွေ့ချီလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။

“ဦးလေးကို နမ်းလိုက်ပါဦး ဦးလေးက သမီးကို ပစ္စည်းကောင်းလေးတစ်ခု ပေးမယ်…”

နျီဇီသည် လျူအာကျူးကို ဖက်ထားပြီး ပါးနှစ်ဖက်စလုံးကို နမ်းလိုက်ကာ ပျော်ရွှင်စွာ မေးလေသည်။

“ဦးလေး သမီးကို ဘာပေးမှာလဲ…”

“သေချာကြည့်ထားနော် ဟပ်ချလောင်း…”

လျူအာကျူးသည် မျက်လှည့်ပြနေသည့်အလား လက်ကို ဖြန့်ပြလိုက်ရာ ယုန်ဖြူနို့သကြားလုံး နှစ်လုံး ပေါ်လာလေသည်။

နျီဇီတစ်ယောက် အရမ်းပျော်သွားမည်ဟု သူထင်ထားခဲ့သော်လည်း သူမကမူ နားမလည်နိုင်သည့်ပုံစံဖြင့် ထိုသကြားလုံးနှစ်လုံးကို လက်သေးသေးလေးဖြင့် ထိုးဆွကာ ပြောလေသည်။

“ဒါက ပန်းချီကားလား သေချာဆွဲထားတာပဲနော်…”

လျူအာကျူးက ကြောင်အမ်းသွားပြီးနောက် နျီဇီသည် သကြားလုံးကို တစ်ခါမျှ မစားဖူးကြောင်း သို့မဟုတ် တစ်ခါမျှပင် မမြင်ဖူးကြောင်းကို သတိပြုမိသွားလေသည်။

“ပါးစပ်ဟလိုက်…”

သူသည် သနားသွားသည့်ဟန်ဖြင့် အခွံကိုခွာကာ သကြားလုံးကို နျီဇီ၏ ဟထားသော ပါးစပ်ငယ်လေးထဲသို့ ခွံ့ပေးလိုက်သည်။

နျီဇီသည် သူမ၏လျှာဖြင့် သတိတကြီး လျက်ကြည့်လေသည်။ မကြာမီတွင် နို့သကြားလုံးအပြင်ဘက်ရှိ စားသုံးနိုင်သော ဆန်စက္ကူလွှာလေး အရည်ပျော်သွားပြီး ချိုမြိန်သော ရနံ့များ ပြန့်လွင့်လာတော့သည်။

ချက်ချင်းပင် နျီဇီလေးသည် မျက်လုံးများ ပြူးကျယ်သွားကာ စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်သည်။

“ချိုတယ် အရမ်းချိုတာပဲ…”

သူမ၏ ပါးစပ်လေးမှာ သေးငယ်ပြီး နို့သကြားလုံးက အနည်းငယ် ကြီးမားနေသည်။ အသံကျယ်ကျယ်ထွက်လိုက်လျှင် သကြားလုံး ပြုတ်ကျသွားမည်ကို စိုးရိမ်သဖြင့် သူမသည် အရင်ဆုံး အော်လိုက်ပြီးနောက် ညစ်ပေနေသော လက်သေးသေးလေးဖြင့် ပါးစပ်ကို အမြန်အုပ်ကာ အသံတိုးတိုးလေးဖြင့် ပြောသည်။( ယုန်ဖြူနို့သကြားလုံးကို ဖတ်ပါများပြီး စာရေးသူလည်း PEP နို့သကြားလုံးစွဲသွားတာခုထိပဲ။ အနည်းဆုံး တစ်လနှစ်ထုပ်စားဖြစ်‌တယ်)

“အရမ်းချိုတာပဲ…”

နျီဇီလေးက ပျော်ရွှင်စွာဖြင့် မျက်လုံးလေးများ လခြမ်းကွေးလေးသဏ္ဌာန် ဖြစ်သွားသည်ကို ကြည့်ရင်း လျူအာကျူးသည် ပြုံးလိုက်ပြီး အခြားသကြားလုံးတစ်လုံးကိုပါ သူမထံသို့ တိတ်တဆိတ် ထည့်ပေးလိုက်သည်။

မမျှော်လင့်ဘဲ နျီဇီသည် နှစ်ချက်ခန့် ကိုက်လိုက်ရာ နို့သကြားလုံးမှာ နှစ်ပိုင်းကွဲသွားပြီး သူမ၏ လက်ဖဝါးငယ်လေးပေါ်သို့ ထွေးထုတ်လိုက်လေသည်။

အကြီးတစ်ပိုင်းနှင့် အသေးတစ်ပိုင်းဖြစ်နေသော နို့သကြားလုံး နှစ်ပိုင်းကို ကြည့်ကာ နျီဇီသည် စိတ်ကိုတင်းလိုက်ပြီး အသေးပိုင်းကို စားလိုက်သည်။ ထို့နောက် လက်သေးသေးလေးပေါ်ရှိ အကြီးပိုင်းကို လျူအာကျူး၏ ပါးစပ်နားသို့ တိုးပေးကာ ပြောလိုက်သည်။

“ဦးလေး စားလေ ဦးလေးလည်း စား…”

လျူအာကျူးမှာ အလွန်ပင် စိတ်လှုပ်ရှားကြည်နူးသွားရမိတော့သည်။

နျီဇီသည် သကြားလုံးကို ပထမဆုံးအကြိမ် စားဖူးခြင်းဖြစ်သည်မှာ ထင်ရှားသော်လည်း သူမသည် ဤမျှအရသာရှိသော အစားအစာ၏ ထက်ဝက်ကျော်ကို သူနှင့် မျှဝေစားရန် လိုလားနေသည်။

နောင်မျိုးဆက်များတွင်မူ သူ၏မြေးကို စားစရာတစ်ခုခု ပေးတိုင်း ထိုကောင်လေးက သူ့အား တစ်ခါမျှပြန်မကျွေးဖူးချေ။ သူဝယ်လာသော အရာများကိုပင် အရသာမတွေ့ဟု ညည်းညူတတ်ပြီး ကြမ်းပြင်ပေါ်တွင် ထိုင်ငိုကာ အမြဲလိုလို ရစ်တတ်သေးသည်။

“လိမ္မာလိုက်တဲ့ နျီဇီလေး သမီးပဲစားလိုက်ပါ ဦးလေးမစားတော့ဘူး…”

လျူအာကျူးသည် နျီဇီကို မြတ်နိုးစွာ တင်းကျပ်စွာ ဖက်ထားလိုက်ပြီး သူ၏မျက်နှာနှင့် သူမ၏ပါးပြင်ကို ပွတ်သပ်လိုက်ရာ သူမ၏ ပါးပြင်လေးမှာ ကြမ်းတမ်းနေပြီး အက်ကွဲနေကြောင်းကို သတိပြုမိသွားလေသည်။

ဤသို့ဆိုလျှင်တော့ အဆင်မပြေနိုင်ပေ။

လျူအာကျူးသည် မျက်နှာသစ်ပေးရန်နှင့် မျက်နှာလိမ်းခရင်မ် လိမ်းပေးရန် ရည်ရွယ်၍ နျီဇီကို ရေစည်ကြီးရှိရာသို့ အမြန်ခေါ်သွားလေသည်။

သူ လျှောက်သွားစဉ် မရီးဖြစ်သူ လီဆွေ့ဆွေ့က စူးစမ်းလိုစိတ်ဖြင့် မေးလေသည်။

“ကျူးဇီ နျီဇီကို ဘာပေးလိုက်တာလဲ ဘာတွေ အဲဒီလောက်တောင် ချိုနေရတာလဲ…”

နျီဇီလေးသည် အောက်ဆင်းချင်သဖြင့် လျူအာကျူး၏ ရင်ခွင်ထဲတွင် ချက်ချင်း ရုန်းကန်လေသည်။

လျူအာကျူးက သူမကို အောက်ချပေးလိုက်၏။ နျီဇီသည် သူမ၏ ခြေထောက်တိုလေးများဖြင့် လီဆွေ့ဆွေ့ထံသို့ ပြေးသွားကာ ပြောလေသည်။

“အမေ စားကြည့်…”

တံတွေးများ ပေကျံနေဆဲဖြစ်သော နို့သကြားလုံးကို မြင်သောအခါ လီဆွေ့ဆွေ့သည် လျက်ကြည့်လိုက်ပြီး ချက်ချင်း အံ့ဩသွားလေသည်။

“သကြားလုံးလား ဒါက ဘယ်လိုလုပ် သကြားလုံး ဖြစ်နေရတာလဲ ကျူးဇီ မြန်မြန်ပြန်ယူသွားပြီး အဖေ့ကို အားရှိအောင် သွားကျွေးလိုက်ပါ…”

ပြောပြီးနောက် လီဆွေ့ဆွေ့သည် ထိုသကြားလုံးတစ်ဝက်ကို ယူလိုက်ပြီး နျီဇီလေး၏ အခြားလက်တစ်ဖက်ကို ဖြဲကာ သူမ တင်းကျပ်စွာ ဆုပ်ကိုင်ထားသော နို့သကြားလုံးကိုပါ လုယူလိုက်သည်။

ဤပစ္စည်းမှာ ကျေးလက်ဒေသတွင် နို့မှုန့်ကဲ့သို့ ရှားပါးလှသည်မဟုတ်သော်လည်း နှစ်သစ်ကူးနှင့် ပွဲတော်ရက်များတွင်ပင် မြင်တွေ့ရခဲသော ရတနာတစ်ပါး ဖြစ်နေသည်မှာ သေချာလေသည်။

ရွာထဲတွင် ကလေးတစ်ယောက် သစ်သီးသကြားလုံးတစ်လုံး စားရခြင်းကပင် ထူးခြားနေပြီ ဖြစ်၏။ လီဆွေ့ဆွေ့မှာ နျီဇီ သကြားလုံးတစ်ဝက် စားရသည်ကိုပင် အပြည့်အဝ ကျေနပ်နေပြီ ဖြစ်လေသည်။

ယောက္ခမဖြစ်သူမှာ ကန်းပေါ်တွင် လဲလျောင်းနေရဆဲ ဖြစ်သောကြောင့် ကောင်းပစ္စည်းများအားလုံးကို နျီဇီအား သူမ မကျွေးရဲပေ။

နျီဇီလေးမှာ စေတနာဖြင့် မိခင်ကို မျှဝေကျွေးမွေးရန် ကြိုးစားပြီးနောက် တစ်ဝက်ကျန်နေသော အပိုင်းကို အယူခံရသည့်အပြင် အလုံးလိုက်ကိုပါ အလုခံလိုက်ရမည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူမ၏ မျက်လုံးလေးများ ချက်ချင်း နီရဲလာကာ နှုတ်ခမ်းလေးမဲ့သွားပြီး ငိုတော့မည့်ပုံ ပေါက်သွားလေသည်။

လီဆွေ့ဆွေ့က ချက်ချင်း မျက်စောင်းထိုးကာ ပြောလိုက်သည်။

“ငိုဖို့ မကြိုးစားနဲ့နော်…”

နျီဇီလေးမှာ အလွန်ထိတ်လန့်သွားသဖြင့် အထိတ်တလန့် ထွက်ပြေးလေရာ သူမကို ကာကွယ်ပေးရန် လက်နှစ်ဖက်ဆန့်တန်းထားသော လျူတာ့လျန်အား ကွေ့ပတ်ကာ လျူအာကျူးကို ရှာရန် ပြေးသွားလေတော့သည်။

လျူတာ့လျန်မှာ ကြောင်အမ်းသွားသည်။ သူ၏ ဝါဂွမ်းအင်္ကျီလေး မည်သို့လွင့်ထွက်သွားသနည်း။

“မရီး သူ့ကိုသာ စားခွင့်ပေးလိုက်ပါ ကျွန်တော် မနေ့ညက ခရိုင်မြို့ကိုသွားပြီး တော်တော်များများ ဝယ်လာခဲ့တယ် အစ်ကိုကြီးတို့ နှစ်ယောက်အတွက်လည်း ပစ္စည်းတချို့ ပါသေးတယ် နောက်မှ အမေ့ဆီသွားယူလိုက်ပါ…”

လျူအာကျူးသည် ပြောနေရင်း သစ်သားဇလုံထဲသို့ ရေအေး အနည်းငယ် အရင်လောင်းထည့်လိုက်ပြီးနောက် ရေနွေး အနည်းငယ် ထပ်ထည့်လိုက်လေသည်။

ထိုစကားကို ကြားသောအခါ လီဆွေ့ဆွေ့မှာ ငြိမ်ငြိမ်မထိုင်နိုင်တော့ပေ။ သူမသည် မတ်တတ်ရပ်ကာ အပြင်သို့ ထွက်လာရင်း ပြောလေသည်။

“ကျူးဇီ ဘာလို့ ပိုက်ဆံတွေ ဖြုန်းတီးနေရတာလဲ ငါတို့အတွက် ဘာတွေ ယူလာခဲ့တာလဲ သကြားလုံးကော ဝယ်လာသေးတာလား ဟိုကောင်မလေးကို အလိုလိုက်ရာကျနေမယ် မျက်နှာသစ်ဖို့ ရေယူနေတာလား လျန်ဇီ မြန်မြန်လုပ်ပြီး ကျူးဇီအတွက် မျက်နှာသုတ်ပုဝါ သွားယူပေးလိုက်ပါဦး…”

နောက်ဆုံးဝါကျမှာ ဘေးခြံဝင်းဆီမှ ထွက်ပေါ်လာခြင်း ဖြစ်လေသည်။

လျူတာ့လျန်မှာ စကားစရာမရှိ ဖြစ်သွားသော်လည်း အစ်ကိုဖြစ်သူက ညီဖြစ်သူကို မည်သို့လုပ် ဝန်ဆောင်မှု ပေးနိုင်မည်နည်း။ ထို့ကြောင့် သူသည် နေရာမှပင်မထဘဲ အိမ်ထဲသို့ လက်ညှိုးထိုးကာ ပြောလိုက်သည်။

“မျက်နှာသုတ်ပုဝါက အိမ်ထဲမှာ ရှိတယ် ကိုယ့်ဟာကိုယ်ပဲ သွားယူလိုက်…”

လျူအာကျူးသည် မျက်နှာသုတ်ပုဝါ ယူရန် အိမ်ထဲသို့ဝင်သွားပြီး နျီဇီ၏ မျက်နှာကို ရေနွေးနွေးလေးဖြင့် အရင်သစ်ပေးလိုက်လေသည်။ ကံကောင်းထောက်မစွာဖြင့် အက်ကွဲနေမှုများမှာ အသစ်ဖြစ်သဖြင့် ရေနွေးဖြင့် ဆေးကြောလိုက်သောအခါ အတော်လေး သက်သာသွားလေသည်။

ထို့နောက် သူသည် မျက်နှာလိမ်းခရင်မ်ကို ထုတ်ယူကာ လက်ဖြင့် အများအပြား ကော်ယူလိုက်ပြီး နျီဇီ၏ မျက်နှာပေါ်တွင် စတင်လိမ်းကျံပေးလေသည်။

လျူတာ့လျန်သည် မတော်တဆ မော့ကြည့်လိုက်မိပြီး ချက်ချင်းပင် အော်ပြောလိုက်လေသည်။

“ရပ်လိုက်စမ်း…”

All Chapters