← Chapters

အခန်း ၄၂

Vol. 5 Ch. 42

အခန်း ၄၂

Vol. 5 Ch. 42

အခန်း (၄၂) အိမ်သစ်တက် ထမင်းစားပွဲ

"ကောင်းပါပြီ... ဒါဆိုရင်တော့ ကျေးဇူးတင်ပါတယ် ညီမလေး..."

ဝမ်တာ့ကျွမ်း၏ ဇနီးက ပြုံးရွှင်စွာဖြင့် ပြောကြားကာ ပိတ်စများကို အသာ အယာ ခေါက်သိမ်း၍ ဘေးတွင် ထားလိုက်လေ၏။

၎င်းတို့နှစ်ဦးမှာ ပိတ်စများကို ဖြတ်တောက်ခြင်းနှင့် အနားသတ်ခြင်းများ ပြု လုပ်ရင်း စကားလက်ဆုံ ကျနေခဲ့ကြရာ မသိမသာပင် မွန်းတည့်ချိန်သို့ ရောက် ရှိလာခဲ့လေတော့သည်။

နေမင်းမှာ ကောင်းကင်အလယ်သို့ ရောက်ရှိနေသည်ကို မြင်တွေ့လိုက်ရသ ဖြင့် ဝမ်တာ့ကျွမ်း၏ ဇနီးသည် ထျဲ့တန်အာ၏ လက်ကို ဆွဲကာ အိမ်ပြန်ရန် နှုတ်ဆက်လိုက်လေ၏။

ခေတ္တမျှ ကြာပြီးနောက် သူမသည် အပြာရောင် ပိတ်စအိတ်အသေးလေး တစ် လုံးကို ကိုင်ဆောင်ကာ ပြန်လည်ရောက်ရှိလာပြီး ထျန်ရှောင်ယာ၏ လက်ထဲ သို့ ထိုးထည့်ပေးလိုက်လေတော့သည်...။

"ညီမလေး... ဒါက အစ်မကိုယ်တိုင် လုပ်ထားတဲ့ အသီးအရွက်ခြောက်တွေ ပါ..."

"အာလူးခြောက်၊ မုန်လာဥခြောက်နဲ့ မုန်ညင်းချဉ်ခြောက်တွေ အကုန်ပါတယ် လေ... စွပ်ပြုတ်ထဲ ထည့်သောက်တာဖြစ်ဖြစ်၊ ဟင်းကြော်ထဲ ထည့်တာဖြစ် ဖြစ် အဆင်ပြေမှာပါ..."

သူမ၏ စိတ်ရင်းမှန်သော မျက်နှာအမူအရာကို မြင်တွေ့လိုက်ရသဖြင့် ထျန် ရှောင်ယာက သူမ၏လက်ကို ဆုပ်ကိုင်ကာ ပြောလိုက်လေသည်...။

"မရီးရယ်... အဲဒီလောက်အထိ အားနာစရာ မလိုပါဘူး..."

"ကျွန်မတို့က အိမ်နီးချင်းတွေပဲဥစ္စာ... ဒါက ပိတ်စအပိုင်းအစလေးတွေပဲ ရှိ တာပါ... ကလေးလေး ဝတ်လိုက်လို့ လှနေရင်ပဲ ကျွန်မ ကျေနပ်ပါပြီ..."

"ဒါတော့ မဖြစ်ဘူးလေ... ဒီလောက် ကောင်းတဲ့ ပိတ်စတွေကို ဒီအတိုင်း ယူရ ရင် အစ်မ စိတ်ထဲ မကောင်းလို့ပါ..."

ဝမ်တာ့ကျွမ်း၏ ဇနီးက အတင်းအကျပ် ပေးနေသည်ကို မြင်တွေ့ရသဖြင့် ထျန်ရှောင်ယာသည်လည်း ထပ်မံ၍ ငြင်းဆန်ရန် ခက်ခဲသွားခဲ့ပြီး လက်ခံ လိုက်ရလေတော့သည်...။

"ကောင်းပါပြီ... ကျေးဇူးတင်ပါတယ် မရီး..."

ထျန်ရှောင်ယာက အသီးအရွက်ခြောက်များကို လက်ခံလိုက်သည်ကို မြင်တွေ့ လိုက်ရသောအခါ ဝမ်တာ့ကျွမ်း၏ ဇနီး၏ မျက်နှာထက်တွင် ကြင်နာသော အပြုံးတစ်ခု ချက်ချင်းပင် ပေါ်ပေါက်လာခဲ့လေ၏။ သူမက အလျင်စလိုပင် ပြောလိုက်လေသည်...။

"လက်ခံလိုက်တာ ကောင်းတယ်... ညီမလေးလည်း အလုပ်တွေ ဆက်လုပ် တော့နော်... အစ်မလည်း အိမ်ပြန်ပြီး ထမင်းချက်ရဦးမယ်... ထျဲ့တန်ကလည်း အိမ်မှာ စောင့်နေတာဆိုတော့လေ..."

ထိုသို့ ပြောဆိုပြီးနောက် သူမသည် ပေါ့ပါးသော ခြေလှမ်းများဖြင့် လှည့်ထွက် သွားခဲ့လေတော့သည်။ သူမသည် တံခါးဝသို့ ရောက်ရှိချိန်တွင် ထျန်ရှောင်ယာ အား နောက်သို့ လှည့်၍ လက်ယမ်းပြလိုက်ပြီးနောက် သူမ၏ ခြံဝင်းအတွင်း သို့ လျင်မြန်စွာပင် ဝင်ရောက်သွားခဲ့လေတော့။

ထျန်ရှောင်ယာသည် စားပွဲပေါ်ရှိ အသီးအရွက်ခြောက်များကို ကြည့်လိုက်ပြီး နောက် သူမ၏ ဘေးရှိ ပိတ်စများကို ကြည့်ကာ မပြုံးဘဲ မနေနိုင်တော့ချေ... သူမ၏ စိတ်နှလုံးအတွင်း၌လည်း နွေးထွေးမှုကို ခံစားလိုက်ရလေသည်။

"ကလင်…ကလင်…"

ထျန်ရှောင်ယာက မော့ကြည့်လိုက်ရာ ကျိုးချန်ယဲ့သည် ခြံတံခါးကို တွန်းဖွင့် ကာသူ၏ စက်ဘီးကို ခြံထဲသို့ တွန်းသွင်းလာသည်ကို မြင်တွေ့လိုက်ရလေ၏။

စက်ဘီးလက်ကိုင်တွင် ပိုက်ကွန်အိတ်တစ်လုံး ချိတ်ဆွဲထားပြီး ၎င်းအတွင်း၌ အလူမီနီယမ် ထမင်းချိုင့် နှစ်လုံး ပါဝင်နေခဲ့လေသည်။

"အာယဲ့... ပြန်လာပြီလား..."

ထျန်ရှောင်ယာက ပြုံးရွှင်စွာဖြင့် ကြိုဆိုလိုက်လေ၏။

"မိန်းမ... ဗိုက်ဆာနေပြီလား... အစ်ကို အစိုးရပိုင် စားသောက်ဆိုင်ကနေ ဟင်း နှစ်ပွဲနဲ့ ပေါင်းမုန့်တွေ ဝယ်လာခဲ့တယ်..."

ကျိုးချန်ယဲ့သည် ပိုက်ကွန်အိတ်ကို မြှောက်ပြကာ သူမ၏ရှေ့တွင် ယမ်းပြလိုက် လေရာ သူ၏ မျက်ဝန်းများတွင်လည်း အပြုံးများဖြင့် ပြည့်နှက်နေခဲ့ပေသည်။

"သိပ်မဆာသေးပါဘူး... နေ့လယ်ကမှ မက်မွန်သီး ကိတ်မုန့်လေးတွေ စား ထားတာဆိုတော့လေ..."

ထျန်ရှောင်ယာက ပိုက်ကွန်အိတ်ကို လှမ်းယူရင်း ပြုံးလျက် ပြောလိုက်လေ ၏။

"စားချင်တာရှိရင် စားပါ... ကုန်သွားရင် အစ်ကို ထပ်ဝယ်ပေးမယ်လေ... နောက်တစ်နေ့ အစ်ကို အားတဲ့အခါကျရင် ထောက်ပံ့ရေးနဲ့ အရောင်းသမဝါ ယမဆိုင်ကို အတူတူ သွားကြမယ်... မင်း အကြိုက်ဆုံး မုန့်တွေကိုရွေးပြီးဝယ် လာခဲ့မယ်လေ..."

ကျိုးချန်ယဲ့က ပြောပြောဆိုဆိုဖြင့် စက်ဘီးကို သက်ငယ်မိုးထားသော နေရာ တွင် ရပ်နားလိုက်ပြီးနောက် သူ၏ဇနီး၏ လက်ကို ဆွဲကာ အိမ်မကြီးထဲသို့ လျှောက်လှမ်းဝင်ရောက်သွားခဲ့လေတော့သည်။

သူသည် သူ၏ဇနီးအား နတ်ဘုရားရှစ်ပါး စတုရန်းစားပွဲကြီးတွင် ထိုင်နိုင်ရန် ကူညီပေးပြီးနောက် ထမင်းချိုင့်ကို ကျွမ်းကျင်စွာ ဖွင့်လိုက်လေသည်။

မွှေးကြိုင်လှသော မာပိုတိုဟူး၏ ရနံ့မှာ အရင်ဆုံး ပျံ့လွင့်လာခဲ့လေသည်။ နီရဲ နေသော ဆီများကြားတွင် နူးညံ့ကာ ဖြူဖွေးနေသော တိုဟူးတုံးလေးများနှင့် ဝက်သားစင်းထားသည်များမှာ အရောင်အသွေး တောက်ပနေခဲ့ပေသည်။

အခြား ထမင်းချိုင့်တစ်လုံးတွင်မူ ခရမ်းချဉ်သီး ငါးဟင်း ပါဝင်နေခဲ့ပြီး ချိုမြိန် သော ဟင်းရည်မှာ ငါးများအတွင်းသို့ စိမ့်ဝင်နေသည်မှာ အတော်ပင် စားချင် စဖွယ် ကောင်းလှပေတော့သည်။

ထို့နောက် သူသည် သူ၏ ပတ္တူအိတ်အတွင်းမှ ဆီစိမ်စက္ကူဖြင့် ထုပ်ထားသော အထုပ်ကို ထုတ်ယူလိုက်ရာ ပူပူနွေးနွေးနှင့် နူးညံ့လှသော ပေါင်းမုန့်ဖြူ ခြောက်လုံးကို မြင်တွေ့လိုက်ရလေသည်။

ကျိုးချန်ယဲ့သည် လမ်းတွင် သူ၏ စနစ်နေရာလွတ်အတွင်းမှ ဤအရာများကို သီးသန့် ထုတ်ယူလာခဲ့ခြင်း ဖြစ်ပေသည်...။ သို့မှသာ သူ၏ဇနီးအတွက် အာ ဟာရ ဖြည့်တင်းပေးနိုင်မည် မဟုတ်ပါလော။

စားပွဲပေါ်ရှိ အစားအစာများကို ကြည့်ရှုရင်း ထျန်ရှောင်ယာက တိုးညှင်းစွာ ရေရွတ်လိုက်လေသည်... ။

"အာယဲ့... ကျွန်မတို့ အမြဲတမ်း ဒီလိုမျိုး စားနေရင် ပိုက်ဆံတွေ အများကြီး ကုန်မှာပေါ့… မဟုတ်ဘူးလား..."

"ဒါက နှမြောစရာ မဟုတ်ပါဘူး... ဒါ့အပြင် မင်းက အခု ကိုယ်ဝန်နဲ့ဆိုတော့ အာဟာရ လိုအပ်တာပေါ့... မင်းရော ကလေးရော အာဟာရ ပြည့်ဝနေမှ ဖြစ်မှာလေ..."

ကျိုးချန်ယဲ့သည် တူကို သူ၏ဇနီး၏ လက်ထဲသို့ ထည့်ပေးရင်း ယုံကြည်မှုအ ပြည့်ဖြင့် ပြောလိုက်လေသည်...။

"ပြီးတော့ မင်းရဲ့ ယောက်ျားရဲ့ စွမ်းဆောင်ရည်ကိုလည်း ယုံကြည်ရမယ်လေ... မင်းနဲ့ ငါတို့ကလေးကို ငါ ကောင်းကောင်း ထားနိုင်ပါတယ်... စိတ်မပူပါနဲ့..."

"ကဲ... စားကြစို့..."

သူသည် နူးညံ့သော တိုဟူးတစ်တုံးကို ခပ်ယူကာ သူမ၏ ပန်းကန်ထဲသို့ ထည့် ပေးလိုက်ပြီးနောက် အရိုးမပါသော ငါးတစ်ပွဲကိုပါ ထပ်မံ၍ ရွေးချယ်ပေး လိုက်လေသည်...။

"မြန်မြန်စားနော်... အေးသွားရင် အရသာ မရှိတော့ဘူး..."

"ဩော်... ဒါနဲ့..."

သူသည် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပုံဖြင့် ပြုံးလျက် ဆက်ပြော လိုက်လေသည်...။

"ဒီနေ့ ကျောင်းသွားတော့ အဆောင်ဖော်တွေက မင်း ပီကင်းကို ရောက်နေမှန်း သိသွားကြတယ်လေ... အဲဒါနဲ့ သူတို့က အိမ်သစ်တက် ထမင်းစားပွဲလေး လုပ် ပေးဖို့နဲ့ ထမင်း လာစားချင်တယ်လို့ ပြောနေကြတာ..."

"ဒါပေါ့... အစ်ကို့သူငယ်ချင်းတွေကို ဖိတ်သင့်တာပေါ့..."

ထျန်ရှောင်ယာက ခေါင်းညိတ်လိုက်လေသည်...။

"ဘယ်တော့လောက် ဖိတ်လိုက်ရင် ကောင်းမလဲ..."

"ဒီတစ်ပတ် ပိတ်ရက်ဆိုရင်ရော ဘယ်လိုလဲ... အဲဒီနေ့ကျရင် ကျောင်းပိတ် ရက်ဆိုတော့ အားလုံးလည်း အားတာပေါ့..."

ကျိုးချန်ယဲ့က ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလိုက်လေသည်...၊

"ဟင်းချက်စရာတွေကို အစ်ကို ကြိုဝယ်ထားလိုက်မယ်... ပြီးရင် အစိုးရပိုင် စားသောက်ဆိုင်ကနေ အသားဟင်းအချို့လည်း ဝယ်လာခဲ့မယ်လေ... အိမ် မှာကျရင်တော့ ရိုးရိုး အသီးအရွက်ကြော် အနည်းငယ်လောက်ပဲ လုပ်လိုက် ကြတာပေါ့..."

"အိမ်မှာကျရင် ထမင်းပဲ ကြိုချက်ထားလိုက်နော်... ကိုယ့်ကိုယ်ကိုယ် ပင်ပန်း အောင် မလုပ်ပါနဲ့... ဟုတ်ပြီလား..."

"ကောင်းပါပြီရှင်..."

ထျန်ရှောင်ယာက ဘာမှမတတ်နိုင်သလို မျက်လုံးလေး ကလည်ကလည် လုပ် လိုက်မိသော်လည်း သူမ၏ ရင်ထဲတွင်မူ ချိုမြိန်သော ခံစားမှုကို ရရှိနေခဲ့ ပေသည်။

သူမ၏ ယောက်ျားမှာ ထိုကဲ့သို့ပင်... သူမအား အမြဲတမ်း ပုလဲရုပ်လေး တစ် ရုပ် ကဲ့သို့ ဂရုတစိုက် ဆက်ဆံလေ့ရှိပြီး ဘာကိုမျှ ခိုင်းလေ့ မရှိချေ... အလုပ် အားလုံးကို သူကိုယ်တိုင်သာ ထမ်းဆောင်ချင်နေခဲ့ခြင်း ဖြစ်ပေသည်။

အကယ်၍သာ သူသည် အပ်ချုပ်ပညာကို မတတ်မြောက်ခဲ့ပါက ကလေးအ တွက် အင်္ကျီများကိုလည်း သူကိုယ်တိုင်ပင် အတင်းအကျပ် ချုပ်ပေးနေပေ လိမ့်မည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကျောင်းပိတ်ရက်သို့ ရောက်ရှိလာခဲ့လေပြီ။

အရုဏ်တက်ချိန်သို့ ရောက်ရှိလာသောအခါ ကျိုးချန်ယဲ့သည် အိပ်ရာမှ တိတ်ဆိတ်စွာ ထလိုက်လေ၏။ သူသည် အိပ်ပျော်နေသော သူ၏ဇနီးအား နှိုးမိမည်ကို စိုးရိမ်သဖြင့် သူမ၏ နဖူးကိုသာ ညင်သာစွာ နမ်းလိုက်ပြီးနောက် စက်ဘီးကို ခြံပြင်သို့ တွန်းထုတ်လာခဲ့လေတော့သည်။

သူသည် စက်ဘီးကို ထောက်ပံ့ရေးနှင့် သမဝါယမအရောင်းဆိုင်သို့ တိုက်ရိုက် မောင်းနှင်သွားခဲ့ပြီး အထဲတွင် ဟိုကြည့်သည်ကြည့် နှစ်ခေါက်ခန့် လျှောက် သွားကာ အကြောင်းပြချက်အဖြစ် ခေါက်ဆွဲ နှစ်ကျင်းနှင့် ဆားတစ်ထုပ်ကို ဝယ်ယူလိုက်လေ၏။

ထောက်ပံ့ရေးနှင့် သမဝါယမအရောင်းဆိုင်မှ ထွက်လာပြီးနောက် သူသည် တိတ်ဆိတ်သော လမ်းကြားလေးတစ်ခုအတွင်းသို့ ကွေ့ဝင်သွားခဲ့လေသည်။ ပတ်ဝန်းကျင်တွင် လူသူမရှိသည်ကို သေချာစေရန် စစ်ဆေးပြီးနောက် သူ စိတ်ကူးလိုက်သည်နှင့် တစ်ပြိုင်နက် စနစ်နေရာလွတ်အတွင်းသို့ ဝင်ရောက် သွားခဲ့လေတော့သည်။

စနစ်နေရာလွတ်အတွင်းသို့ ရောက်ရှိသွားသောအခါ ကျိုးချန်ယဲ့သည် အသက် ရှူရသည်မှာ အလွန်ပင် လွယ်ကူသွားသလို ခံစားလိုက်ရလေ၏။

အနက်ရောင်မြေဆီလွှာရှိ ဆေးဖက်ဝင် အပင်များမှာ အတော်ပင် မြင့်တက် လာခဲ့လေ၏။ သူ ယခင်က စိုက်ပျိုးထားသော သာမန်ဆေးဖက်ဝင် အပင် အချို့ ကို ရိတ်သိမ်းပြီး ဖြစ်ကာ ထောက်ပံ့ရေးနှင့် သမဝါယမအရောင်းဆိုင်သို့ ရောင်းချခဲ့ပြီး ဖြစ်လေသည်။

ထောက်ပံ့ရေးနှင့် သမဝါယမအရောင်းဆိုင်များတွင် ဆေးဖက်ဝင် အပင်များ အတွက် သီးသန့် စုဆောင်းရေးနေရာများ ရှိသော်လည်း ၎င်းတို့၏ ဈေးနှုန်း များမှာ မှောင်ခိုဈေးကွက်လောက်မူ မကောင်းလှချေ။

သို့သော်လည်း တည်ငြိမ်မှု ရှိစေရန်အတွက် သူသည် ငွေပိုရမည့်အရေးထက် တရားဝင် လမ်းကြောင်းများကိုသာ ပိုမိုနှစ်သက်လေသည်... သို့မှသာ သူ စိတ် အေးနိုင်မည် မဟုတ်ပါလော။

သူသည် စနစ်နေရာလွတ်အတွင်းမှ ကောက်ပဲသီးနှံများစွာကို ရိတ်သိမ်းပြီး ဖြစ်ကာ ၎င်းတို့ကို ကုန်တိုက်ကြီး၏ မြေအောက် ဒုတိယထပ်ရှိ ဂိုဒေါင် အတွင်း၌ သိမ်းဆည်းထားခဲ့လေသည်။ ၎င်းတို့မှာ သူ ဆယ်နှစ်ကျော် စား သောက်ရန်ပင် လုံလောက်လှပေ၏။

သူသည် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရန်အတွက်လည်း မြေကွက်အသေး လေးတစ်ခုကို သီးသန့် ဖယ်ထားခဲ့ရာ ယခုအခါတွင်မူ ဟင်းသီးဟင်းရွက်များ မှာ စိမ်းစိုကာ ဖြစ်ထွန်းနေခဲ့ပြီး တကယ်ကို လတ်ဆတ်လှပေသည်။

ယခင်က သူ အိမ်သို့ ယူဆောင်သွားခဲ့သော ဟင်းသီးဟင်းရွက်များမှာလည်း သူကိုယ်တိုင် စိုက်ပျိုးထားသော ခြံထဲမှ ခူးယူခဲ့ခြင်း ဖြစ်ပေရာ ထောက်ပံ့ရေး နှင့် သမဝါယမအရောင်းဆိုင်မှ ဝယ်ယူသော အရာများထက် သေချာပေါက် အရသာ ပိုမိုကောင်းမွန်လှပေသည်။

တောင်ခြေရှိ မြက်ခင်းပြင်တွင် ချိုးချိုး ခြံခတ်ထားသော မွေးမြူရေးခြံတွင် လည်း ယခုအခါ၌ ဝက်များ၊ နွားများနှင့် သိုးများမှာ ဆယ်ကောင်ကျော်အထိ ရှိနေပြီဖြစ်ကာ ၎င်းတို့မှာ သတ်မှတ်ထားသော နေရာများတွင် အေးအေးဆေး ဆေး သွားလာနေလျက်ရှိကြလေ၏။

ယခင်တစ်ခေါက်က သူသည် မွေးမြူရေး တိရစ္ဆာန်များကို စနစ်နေရာလွတ် အတွင်းသို့ ထည့်လိုက်ချိန်တွင် ချိုးချိုး၏ ခန္ဓာကိုယ်အတွင်းရှိ လျှပ်စစ်စွမ်း အင်များမှာ ပုံမှန်မဟုတ်ဘဲ လှုပ်ရှားနေခဲ့သည်ကို သူ သတိရလိုက်မိလေ သည်...။ ၎င်းမှာ အဆင့်တက်ရန် အရေးကြီးသော အချိန်သို့ ရောက်ရှိနေသည့် ပုံပင်။

ချိုးချိုးက "ငါ အဆင့်တက်တော့မယ်" ဟု အလျင်စလို ပြောဆိုပြီးနောက် ပျောက်ကွယ်သွားခဲ့ရာ ယခုအခါတွင် သူ မည်သို့ဖြစ်နေသည်ကို မည်သူမျှ မသိရှိနိုင်ချေ။

သို့သော်လည်း သူ ယခုအချိန်အထိ အကျေနပ်ဆုံးမှာ စနစ်နေရာလွတ်၏ အလိုအလျောက် သန့်ရှင်းရေး စနစ်ပင် ဖြစ်လေသည်။ ယခင်က သူသည် တိရစ္ဆာန်များ၏ စွန့်ပစ်ပစ္စည်းများကို မည်သို့ ကိုင်တွယ်ရမည်ကို စိုးရိမ်ခဲ့ဖူး သော်လည်း ယခုအခါတွင်မူ မည်သို့မျှ စိုးရိမ်ရန် မလိုတော့ဘဲ အလွန်ပင် သန့်ရှင်းနေခဲ့ပေသည်။

မွေးမြူရေးခြံ၏ ဘေးရှိ သစ်သီးခြံများတွင်လည်း သစ်သီးများမှာ အမြဲတမ်း မှည့်နေခဲ့ပြီး ၎င်းတို့ကို မခူးယူလျှင်ပင် ပုပ်သိုးသွားခြင်း မရှိသဖြင့် စိတ်အေး စရာ ကောင်းလှပေသည်။

စနစ်နေရာလွတ်ကြီး ဖြစ်ထွန်းနေသည်ကို မြင်တွေ့ရခြင်းက သူ့အား ကြီးမား သော အောင်မြင်မှု ခံစားချက်ကို ပေးစွမ်းနိုင်ခဲ့လေ၏။

သူသည် အရင်ဆုံး ဂေါ်ဖီထုပ်ကြီး နှစ်ထုပ်၊ နူးညံ့သော ပဲသီးစိမ်း တစ်ဆုပ်နှင့် တောက်ပသော ခရမ်းချဉ်သီး အနည်းငယ်ကို ခူးယူလိုက်ပြီးနောက် အအေး ခန်းထဲမှ လတ်ဆတ်သော ဝက်ဗိုက်သား တစ်ပိုင်းကို ထုတ်ယူလိုက်လေ သည်။

ထို့နောက် သူသည် ကုန်တိုက်ကြီး၏ မြေအောက်ထပ်ရှိ အသင့်စား အစားအ စာများ ထားရှိရာ နေရာသို့ သွားရောက်လိုက်ရာ စားသောက်ဆိုင်မှ မှာယူထား သော ဟင်းလျာများကို သပ်သပ်ရပ်ရပ် စီစဉ်ထားသည်ကို မြင်တွေ့လိုက်ရ လေ၏။

သူတို့သည် ပွဲပေါင်း တစ်ရာခန့်ကို တစ်ပြိုင်နက်တည်း မှာယူထားခဲ့ခြင်း ဖြစ် သော်လည်း ယခုအချိန်အထိ တစ်ပွဲသာ အသုံးပြုရသေးပေသည်။

သူသည် ဟင်းလေးမျိုးကို ရွေးချယ်လိုက်လေသည်...၊

၎င်းတို့မှာ ငါးအချိုအချဉ်ချက်၊ ဝက်သားနီချက်၊ ငရုတ်သီးနှင့် ဝက်အူကြော်နှင့် ဝက်နှလုံးကြော်တို့ပင် ဖြစ်လေသည်။

စနစ်နေရာလွတ်အတွင်း၌ လတ်ဆတ်နေအောင် ထိန်းသိမ်းထားနိုင်သဖြင့် ၎င်း တို့ကို ထုတ်ယူကာ နွှေးလိုက်ရုံဖြင့် စားသောက်နိုင်မည် ဖြစ်ပေရာ အလွန်ပင် အဆင်ပြေလှပေသည်။

ကျိုးချန်ယဲ့က ဤသို့စီစဉ်လိုက်လေသည်။ အသင့်စား ဟင်းလေးပွဲကို နွှေး လိုက်မည်ဖြစ်ပြီး အခြား ဟင်းလေးပွဲဖြစ်သော ဂေါ်ဖီထုပ် ချဉ်စပ်ကြော်၊ ကြက် သွန်မြိတ်နှင့် ဝက်သားကြော်၊ ခရမ်းချဉ်သီးနှင့် ကြက်ဥကြော်နှင့် ပဲသီး စိမ်းခြောက်ကြော် တို့ကိုမူ သူကိုယ်တိုင် ကြော်မည် ဖြစ်လေသည်။

စုစုပေါင်း ဟင်း ရှစ်ပွဲ ရှိနေပြီဖြစ်ကာ အသားနှင့် အသီးအရွက်များ ရောယှက် နေသဖြင့် လူကြီးအမျိုးသား အချို့ စားသောက်ရန် လုံလောက်လှပေသည်။

သူသည် အရက်ကိုလည်း မေ့ထား၍ မဖြစ်ပေရာ သိုလှောင်စင်ပေါ်မှ ပြောင်း အရက် နှစ်ပုလင်းကို ယူဆောင်ကာ ဟင်းလျာများနှင့်အတူ ဂုန်နီအိတ်ထဲသို့ ထည့်လိုက်ပြီးနောက် စနစ်နေရာလွတ်အတွင်းမှ ပြန်လည်ထွက်ခွာကာ သူ၏ စက်ဘီးကို အိမ်သို့ နင်းလာခဲ့လေတော့သည်။

ခြံဝင်းအတွင်းသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် ထျန်ရှောင်ယာသည် အိပ်ရာ မှ နိုးနေပြီဖြစ်ကာ မီးဖိုချောင်တံခါးဝတွင် ထိုင်လျက် ပန်းကန်များကို ဆေး ကြောနေသည်ကို မြင်တွေ့လိုက်ရလေသည်။

"အာယဲ့... ပြန်လာပြီလား... ဟင်းချက်စရာတွေ ဝယ်လာခဲ့လား..."

သူမက မော့ကြည့်ကာ ပြုံးလျက် မေးမြန်းလိုက်လေသည်။

"ဝယ်လာခဲ့တယ်... အကုန်လုံး လတ်ဆတ်နေတာပဲ..."

ကျိုးချန်ယဲ့သည် ဂုန်နီအိတ်ကို မီးဖိုပေါ်သို့ တင်လိုက်လေသည်...။

"ကြည့်ပါဦး... ဂေါ်ဖီထုပ်၊ ပဲသီးစိမ်း၊ ခရမ်းချဉ်သီး၊ ကြက်သွန်မြိတ်... ပြီး တော့ အသားလည်း ပါတယ်... ဒါတွေဆိုရင် အတော်လေး အလုပ်များသွား မှာပေါ့..."

ထျန်ရှောင်ယာက အနီးကပ် ကြည့်ရှုလိုက်ရာ သူမ၏ မျက်ဝန်းများမှာ တောက်ပသွားခဲ့လေသည်...။

"ဒီ ဟင်းသီးဟင်းရွက်တွေက တကယ်ကို လတ်ဆတ်တာပဲ... ထောက်ပံ့ရေး နှင့် သမဝါယမအရောင်းဆိုင်က အရာတွေထက်တောင် ပိုကောင်းနေသေး တယ်..."

"လမ်းမှာ ကိုယ်တိုင်စိုက်တဲ့ ဟင်းသီးဟင်းရွက်တွေကို ထောက်ပံ့ရေးနဲ့ သမ ဝါယမအရောင်းဆိုင်ဆီ သွားပို့မယ့် ရွာသားတစ်ယောက်နဲ့ တွေ့လိုက်လို့လေ... အဲဒါကြောင့် သူ့ဆီကနေ အကုန်လုံး ဝယ်လာခဲ့တာ... ဈေးလည်း သက်သာ တယ်လေ..."

ကျိုးချန်ယဲ့က ပေါ့ပေါ့ပါးပါးပင် ရယ်မောလိုက်ပြီး သူမ၏ ဆံနွယ်များကို ဖွဖွ လေး ပွတ်သပ်လိုက်လေသည်...။

"မိန်းမကတော့ နားနေလိုက်နော်... အစ်ကိုပဲ အကုန်လုံး လုပ်လိုက်ပါ့မယ်..."

"မိန်းမကတော့ ဘေးကနေ ကြည့်နေပြီး အစ်ကို့ကို ပန်းကန်နဲ့ ဇွန်းလေးတွေပဲ ကမ်းပေးလိုက်ပေါ့..."

ထျန်ရှောင်ယာက ငြင်းဆန်ရန် ခက်ခဲသွားသဖြင့် ကုလားထိုင်လေးပေါ်တွင် ထိုင်လျက် သူ မီးဖိုချောင်ထဲ၌ အလုပ်များနေသည်ကို ကြည့်နေခဲ့လေတော့ သည်။

ကျိုးချန်ယဲ့သည် လျင်မြန်ကာ ကျွမ်းကျင်စွာ အလုပ်လုပ်နေခဲ့လေ၏။ သူ သည် အရင်ဆုံး စနစ်နေရာလွတ်အတွင်းမှ ထုတ်ယူလာခဲ့သော ဟင်းလျာများ ကို ကြွေပန်းကန်လုံးကြီးများအတွင်းသို့ ထည့်ကာ အိုးထဲ၌ နွှေးလိုက်လေ သည်။

၎င်းတို့သည် အသားများကို လှီးဖြတ်ခြင်း၊ ဟင်းသီးဟင်းရွက်များကို ဆေး ကြောခြင်းနှင့် ကြက်သွန်ဖြူများကို ထုထောင်းခြင်းများ ပြုလုပ်ကြလေ၏။ မီးဖိုထဲမှ မီးတောက်သံများနှင့်အတူ မီးခိုးများနှင့် ရနံ့များမှာ လေထုအတွင်း၌ လျင်မြန်စွာပင် ပြည့်နှက်သွားခဲ့လေတော့သည်။

ခြံပြင်မှ ခြေသံများ ဆူညံစွာ ထွက်ပေါ်လာခဲ့ပြီး တစ်စုံတစ်ယောက်က လှမ်း ခေါ်လိုက်သံကို ကြားလိုက်ရလေသည်...။

"ကျိုးချန်ယဲ့... အိမ်မှာ ရှိရဲ့လား... ငါတို့တွေ ထမင်းလာစားပြီဟေ့..."

ကျိုးချန်ယဲ့သည် သူ၏လက်များကို သုတ်လိုက်ပြီး ထျန်ရှောင်ယာအား ဘာမှ မတတ်နိုင်သလို ပြုံးပြလိုက်ကာ ၎င်းတို့အား ကြိုဆိုရန် အပြင်သို့ ထွက်လာခဲ့ လေတော့သည်...။

"ရောက်လာကြပြီလား... ရောက်လာကြပြီလား... ငါတို့လင်မယားက မင်းတို့ ကို စောင့်နေတာကွ..."

All Chapters