← Chapters

အခန်း ၄၃

Vol. 5 Ch. 43

အခန်း ၄၃

Vol. 5 Ch. 43

အခန်း (၄၃) ပြိုင်ဘက်များနှင့် ဆုံတွေ့ခြင်း

ခြံတံခါး ပွင့်သွားသည်နှင့် တစ်ပြိုင်နက် လျူကျန့်ကော်၊ လီဝေကျွင်းနှင့် ဝမ်အိုက်တန့် ဟူသော လူငယ်သုံးဦးသည် လက်ထဲ၌ လက်ဆောင် အသီးသီး ကို ကိုင်ဆောင်လျက် တန်းစီဝင်ရောက်လာခဲ့ကြလေသည်။

အချို့က ပန်းသီးတစ်အိတ်၊ အချို့က ပီကင်း အထူးထုတ် လျည်းရိုးမုန့် နှစ်ဗူး နှင့် အချို့ကမူ အရက် နှစ်ပုလင်းကို ကိုင်ဆောင်ထားကြလေသည်။

"ကျိုးချန်ယဲ့... အိမ်သစ်တက်တာ ဂုဏ်ယူပါတယ်ဗျာ..."

လျူကျန့်ကော်က ရှေ့သို့ လှမ်းတက်လိုက်ပြီး မျက်နှာတွင် ပြုံးဖြီးဖြီးဖြင့် ကျိုးချန်ယဲ့၏ ပခုံးကို ပုတ်လိုက်လေ၏။

"လောင်ကျိုး... မရီးရော ဘယ်မှာလဲ..."

ဝမ်အိုက်တန့်က ပြုံးလျက် အထဲသို့ စူးစမ်းကြည့်ရင်း မေးမြန်းလိုက်လေ သည်။

"ဝင်ခဲ့ကြ... ဝင်ခဲ့ကြ... အားမနာနဲ့..."

ကျိုးချန်ယဲ့က ၎င်းတို့အား အိမ်မကြီးထဲသို့ ဝင်နိုင်ရန် ဘေးသို့ ဖယ်ပေးလိုက် လေသည်...။

"မိန်းမရေ... အစ်ကို့ ညီအစ်ကိုတွေ ရောက်လာကြပြီ..."

ထျန်ရှောင်ယာသည် နူးညံ့သော အပြုံးတစ်ခုကို ဆင်မြန်းလျက် မီးဖိုချောင် ထဲမှ ထွက်လာခဲ့လေသည်...။

" ထိုင်ကြပါဦးရှင်... ကျွန်မ ရေလဖက်ရည်ငှဲ့ပေးပါ့မယ်..."

ထိုလူငယ်များသည် ထျန်ရှောင်ယာအား မြင်တွေ့လိုက်ရသောအခါ မျက်ဝန်း များမှာ တောက်ပသွားခဲ့လေတော့သည်။

၎င်းတို့သည် ကုလားထိုင်ပေါ်မှ အလျင်အစလို ထလိုက်ကြပြီး ဆူညံစွာပင် နှုတ်ဆက်လိုက်ကြလေသည်...။

"တွေ့ရတာဝမ်းသာပါတယ် မရီး..."

"တွေ့ရတာဝမ်းသာပါတယ် မရီး..."

"မရီး... အဲဒီလောက်အထိ အားနာမနေပါနဲ့... ကျွန်တော်တို့ ရေငတ်ရင် ကိုယ့် ဘာသာပဲ ယူသောက်ပါ့မယ်..."

"ဟုတ်ပါတယ်... ဟုတ်ပါတယ်..."

"ဩော်... ဒါနဲ့ မရီး... ဒါက ကျွန်တော်တို့ရဲ့ အမှတ်တရ လက်ဆောင်လေးပါ..."

လျူကျန့်ကော်က သူ၏လက်ထဲမှ ပစ္စည်းများကို ထျန်ရှောင်ယာထံသို့ ကမ်း ပေးရင်း ပြောလိုက်လေ၏။

"မရီးကို ဒုက္ခပေးမိတာ အားနာစရာကြီးဗျာ..."

ဝမ်အိုက်တန့်ကလည်း ယဉ်ကျေးစွာဖြင့် ပြောဆိုလိုက်လေသည်။

လီဝေကျွင်းကမူ သူ၏ ခေါင်းအနောက်ဘက်ကို ကုတ်ရင်း ခေတ္တမျှ တုံ့ဆိုင်း နေပြီးနောက် နောက်ဆုံးတွင် မျက်နှာနီရဲလျက် ခေါ်လိုက်လေသည်...။

"မရီး..."

ထျန်ရှောင်ယာက ပြုံးလိုက်ပြီး ပြောလိုက်လေသည်...။

"အားလုံးက တကယ်ကို စိတ်ကောင်းရှိကြတာပဲ... အာယဲ့နဲ့ ကျွန်မဆီကို အား လုံး ရောက်လာကြတာကို တကယ်ပဲ ဝမ်းသာပါတယ်ရှင်..."

သူမသည် မီးဖိုချောင်ထဲသို့ ပြန်လှည့်ဝင်သွားရင်း ဆက်ပြောလိုက်လေ၏...။

"စကားပြောနှင့်ကြဦးနော်... ကျွန်မ ဟင်းတွေ ကျက်ပြီလား သွားကြည့်လိုက် ဦးမယ်..."

ကျိုးချန်ယဲ့သည် ၎င်းတို့နှင့်အတူ လက်ဖက်ရည်သောက်ရင်း ကျောင်းမှ စိတ် ဝင်စားဖွယ်ရာ အကြောင်းအရာများနှင့် ၎င်းတို့၏ မိသားစုများအကြောင်းကို မေးမြန်းကာ စကားစမြည် ပြောဆိုနေခဲ့လေရာ အခြေအနေမှာ အလွန်ပင် နွေး ထွေးနေခဲ့ပေတော့သည်။

ခေတ္တမျှ ကြာပြီးနောက် မီးဖိုချောင်ထဲမှ ထျန်ရှောင်ယာ၏ အသံ ထွက်ပေါ်လာ ခဲ့လေသည်...။

"ထမင်းစားလို့ ရပါပြီရှင်..."

အိမ်မကြီးထဲရှိ လူများသည် ၎င်းတို့ကိုယ်ကို သူစိမ်းများကဲ့သို့ သဘောမထား ကြချေ။ အားလုံးက ထလိုက်ကြပြီး အင်္ကျီလက်များကို မကာ မီးဖိုချောင်သို့ သွားရောက်၍ ဟင်းပွဲများ ခပ်ယူခြင်းနှင့် စားပွဲပြင်ခြင်းများကို အပြိုင်အဆိုင် ကူညီပေးကြလေတော့သည်။

စားပွဲပေါ်တွင် ဟင်း ရှစ်ပွဲဖြင့် ပြည့်နှက်နေသည်ကို မြင်တွေ့လိုက်ရသောအခါ ထိုလူငယ်များမှာ အံ့အားသင့်လျက် မျက်လုံးများ ပြူးထွက်သွားခဲ့ကြလေ၏။

"ဝိုး... လောင်ကျိုး... ဒါကတော့ သိပ်ကို ခမ်းနားလွန်းတယ်..."

ဝမ်အိုက်တန့်က တံတွေးကို ခက်ခဲစွာ မျိုချလိုက်လေသည်...။

"ဒါက အစိုးရပိုင် စားသောက်ဆိုင်က ထမင်းဝိုင်းထက်တောင် ပိုပြီး ကောင်း နေသေးတယ်..."

"ဒါ... ဒါက တကယ်ကို ကောင်းလွန်းတာပဲ..."

လီဝေကျွင်းကလည်း အာမေဍိတ်သံ ထွက်ပေါ်လာခဲ့လေ၏။

ကျိုးချန်ယဲ့က ပြုံးလိုက်ပြီး ၎င်းတို့အား အရက်ငှဲ့ပေးလိုက်လေသည်...။

"ချီးကျူးမနေကြနဲ့တော့... စားကြ စားကြ... ဒီနေ့တော့ အဝသောက်ပြီး အားရ ပါးရ စားကြနော်... ဗိုက်မဝသေးရင် ထပ်ရှိသေးတယ်..."

ထျန်ရှောင်ယာသည် ဘေးတွင် ထိုင်လျက် ၎င်းတို့ ခွက်ချင်းတိုက်ကာ ရယ် မောပျော်ရွှင်စွာ စကားပြောနေကြသည်ကို နူးညံ့သော အပြုံးများဖြင့် ကြည့်ရှု နေခဲ့လေ၏။

ကျိုးချန်ယဲ့သည် သူမ၏ ပန်းကန်ထဲသို့ ဟင်းများကို တစ်ခါတစ်ရံ ထည့်ပေး လိုက်ပြီး ပိုစားရန် တိုက်တွန်းနေခဲ့ရာ သူ၏ မျက်ဝန်းများတွင်လည်း ကြင်နာမှု များ လျှံထွက်နေခဲ့ပေသည်။

အရက်နှင့် ဟင်းလျာများစွာ စားသောက်ပြီးနောက်တွင် ထိုလူငယ်များ၏ မျက်နှာများမှာ နီရဲလာခဲ့ပြီး စကားများလည်း ပိုမိုများလာခဲ့လေတော့သည်။

လျူကျန့်ကော်က ကျိုးချန်ယဲ့၏ ပခုံးကို ပုတ်လိုက်ပြီး သူ၏မျက်ဝန်းများတွင် အားကျစိတ်ရိပ်များ ထင်ဟပ်လျက် ပြောလိုက်လေသည်...။

"ကျိုးချန်ယဲ့... မင်းကတော့ တကယ်ကို ကံကောင်းတာပဲကွာ... ဒီလောက်လှပ ပြီး သိတတ်တဲ့ ဇနီးသည်ကို ရထားတဲ့အပြင် ကလေးလည်း ရတော့မှာဆို တော့... ငါတို့တော့ တကယ်ကို အားကျမိတယ်ကွာ..."

"ဟုတ်တာပေါ့... နောက်ကျရင် မရီးကို ဒီထက်ပိုပြီး ကောင်းကောင်း ဆက်ဆံ ရမယ်နော်..."

လီဝေကျွင်းကလည်း ဝင်ရောက် ထောက်ခံ ပြောလိုက်လေ၏။

ကျိုးချန်ယဲ့သည် သူ၏အရက်ခွက်ကို မြှောက်ကာ သူ၏ဇနီးအား ကြည့်လိုက် ပြီး ခိုင်မာသော မျက်ဝန်းများဖြင့် ပြောလိုက်လေသည်...။

"ဒါပေါ့... ကျွန်တော့်ဘဝရဲ့ ကျန်ရှိတဲ့ အချိန်တွေကို သူတို့ သားအမိနဲ့ပဲ အတူ တူ ဖြတ်သန်းသွားမှာပါ..."

ထျန်ရှောင်ယာ၏ ပါးပြင်လေးများမှာ အနည်းငယ် နီရဲသွားခဲ့ပြီး ၎င်းတို့၏ ချီးကျူးစကားများကြောင့် ရှက်ကိုးရှက်ကန်း ဖြစ်နေခဲ့လေ၏။ သူမသည် ခေါင်းငုံ့ကာ လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်ပြီး စိတ်နှလုံးအတွင်း၌မူ ချိုမြိန်သော နွေးထွေးမှုကို ခံစားလိုက်ရလေတော့သည်။

အိမ်သစ်တက် ထမင်းစားပွဲလေးမှာ နေ့လယ်ပိုင်းအထိ ကြာမြင့်ခဲ့လေ၏။

သူ၏ အတန်းဖော်များကို လိုက်လံပို့ဆောင်ပေးပြီးနောက် ကျိုးချန်ယဲ့သည် ပန်းကန်ခွက်ယောက်များကို သိမ်းဆည်းလိုက်ရာ သူ၏ဇနီးမှာ အနည်းငယ် ပင်ပန်းနေသော ပုံစံရှိသည်ကို မြင်တွေ့လိုက်ရသဖြင့် စိတ်မကောင်းဖြစ်လျက် သူမအား အိပ်ရာသို့ သွားရောက် နားနေရန် ကူညီပေးလိုက်လေသည်။

"ပင်ပန်းနေပြီလား... ခဏလောက် နားလိုက်ဦးနော်..."

ကျိုးချန်ယဲ့သည် ဇနီးဖြစ်သူအား စောင်ခြုံပေးလိုက်လေသည်...။

"မီးဖိုချောင်ကို အစ်ကို သွားပြီး သိမ်းလိုက်ပါ့မယ်..."

ထျန်ရှောင်ယာက သူမ၏ နားထင်ကို ပွတ်သပ်လိုက်ရာ သူမ၏မျက်ဝန်းများ တွင် ပင်ပန်းရိပ်များ ရှိနေဆဲ ဖြစ်သော်လည်း သူမက ပြုံးလျက် သူ၏လက်ကို ဆုပ်ကိုင်လိုက်လေသည်...။

"အစ်ကိုလည်း ဒီမနက်ကတည်းက အလုပ်များနေတာပဲဥစ္စာ... ခဏလောက် နားလိုက်ပါဦး... ညနေကျမှ အတူတူ သိမ်းကြမယ်လေ..."

ကျိုးချန်ယဲ့က သူမ၏ လက်ဖမိုးကို ပုတ်ပေးလိုက်လေသည်...။

"စိတ်မပူပါနဲ့... ခဏလေးနဲ့ ပြီးသွားမှာပါ... မင်း ခဏလောက် အိပ်လိုက်နော်... အစ်ကို ပြီးရင် လာနားပါ့မယ်..."

ထျန်ရှောင်ယာက "အင်း" ဟု တိုးညှင်းစွာ ပြန်ထူးလိုက်ပြီးနောက် နှစ်ခြိုက် စွာပင် အိပ်ပျော်သွားခဲ့လေတော့သည်။

မည်မျှကြာသွားသည်ကို မသိရဘဲ ထျန်ရှောင်ယာသည် သူမ၏မျက်လုံးများ ကို ဝေဝေဝါးဝါးဖြင့် ဖွင့်လိုက်လေသည်။

အပြင်ဘက်ရှိ နေမင်းမှာ အတော်ပင် နိမ့်ဆင်းသွားခဲ့ပြီဖြစ်ရာ ကုတင်ဘေးရှိ ကျိုးချန်ယဲ့၏အပေါ်သို့ ပြတင်းပေါက်မှတစ်ဆင့် ဝါကျင့်ကျင့် အလင်းရောင် မှိန်မှိန်လေးသာ ဖြာကျနေခဲ့လေတော့သည်။

သူသည် စာအုပ်ဖတ်ခြင်းတွင် အာရုံစိုက်နေခဲ့ပြီး ထိုအလင်းရောင်မှာ သူ၏ မျက်နှာအမူအရာကို နူးညံ့စေလျက် သူ၏နဖူးပေါ်မှ ဆံနွယ်စလေးများကိုပင် ရွှေရောင်အလင်းတန်းများသဖွယ် တောက်ပစေခဲ့လေ၏။

ထျန်ရှောင်ယာသည် ထိုမြင်ကွင်းကို ကြည့်ရှုရင်း မျက်တောင်မခတ်မိဘဲ ငေး မောနေမိလေတော့သည်။

ကျိုးချန်ယဲ့သည် လှုပ်ရှားမှုကို သတိပြုမိသွားခဲ့ပြီး စာအုပ်ကို ပိတ်ကာ နောက် သို့ လှည့်ကြည့်လိုက်ရာ သူမ၏ ငေးကြည့်နေသော မျက်ဝန်းများနှင့် ဆုံတွေ့ သွားခဲ့လေ၏။

သူ၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ချက်ချင်းပင် ပေါ်ပေါက်လာခဲ့ပြီး ညင် သာသော အသံဖြင့် မေးလိုက်လေသည်...။

"နိုးပြီလား... ဗိုက်ဆာနေပြီလား..."

ထိုအခါမှ ထျန်ရှောင်ယာ သတိဝင်လာခဲ့ပြီး သူမ၏ ပါးပြင်လေးများမှာ နီရဲ သွားခဲ့လေတော့သည်။ သူမသည် အကြည့်ကို အမြန်လွှဲလိုက်ပြီး တိုးညှင်းစွာ ပြောလိုက်လေသည်...။

"အင်း... နည်းနည်းပါ..."

"ခေါက်ဆွဲ စားမလား... ကြက်ဥ နှစ်လုံးပါ ထည့်ပေးမယ်လေ... အရသာရှိမှာ သေချာတယ်..."

ကျိုးချန်ယဲ့က မေးလိုက်လေ၏။

"ဟုတ်ကဲ့..."

ထျန်ရှောင်ယာက ခေါင်းညိတ်လိုက်လေသည်။

ကျိုးချန်ယဲ့ ထရန် ပြင်လိုက်ချိန်မှာပင် ထျန်ရှောင်ယာက သူ့အား တားလိုက် လေသည်...။

"ကျွန်မလည်း အတူတူ လိုက်ခဲ့မယ်လေ... ဒီအတိုင်းကြီး အမြဲတမ်း လှဲနေရ တာကလည်း သက်သောင့်သက်သာ မရှိဘူး... အစ်ကို့ကိုလည်း ကူညီပေးလို့ ရတာပေါ့..."

သူတို့နှစ်ဦးမှာ မီးဖိုချောင်ထဲသို့ အတူတူ ဝင်သွားခဲ့ကြလေ၏။ ကျိုးချန်ယဲ့က ရေနွေးအိုး တည်နေချိန်တွင် ထျန်ရှောင်ယာမှာမူ ကုလားထိုင်လေး တစ်လုံးကို ယူကာ သူ၏ဘေးတွင် ထိုင်လျက် ကြက်သွန်ဖြူများကို အခွံနွှာပေးနေခဲ့လေ သည်။

မီးဖိုချောင်အတွင်းမှ တိုးညှင်းသော စကားပြောသံများမှာ တစ်ခါတစ်ရံ လွင့်ပျံ လာခဲ့ပြီး နွေးထွေးကာ သက်သောင့်သက်သာရှိသော အခြေအနေလေး မှာ တည်ငြိမ်အေးချမ်းလှသော ပုံရိပ်တစ်ခုကို ဖန်တီးပေးလျက်ရှိ နေခဲ့လေတော့ သည်။

အိမ်သစ်တက် ထမင်းစားပွဲ၏ နွေးထွေးမှုများမှာ ကျန်ရှိနေဆဲဖြစ်သော်လည်း ဘဝမှာမူ ပုံမှန်အတိုင်းပင် ဆက်လက် လည်ပတ်နေခဲ့လေ၏။

ကျိုးချန်ယဲ့သည် နံနက်ခင်း အလင်းရောင်တွင် သူ၏စက်ဘီးကို ကျောင်းရှိရာ သို့ စီးနင်းသွားဆဲဖြစ်ကာ ညနေဆည်းဆာ အချိန်တွင်မူ စိုးရိမ်စိတ်များဖြင့် အိမ်သို့ ပြန်လာလေ့ရှိပေသည်။

ထျန်ရှောင်ယာအတွက်မူ ကျိုးချန်ယဲ့၏ အထူးတလည် ဂရုစိုက်မှုများကြောင့် သူမ ပထမဆုံး ရောက်ရှိလာစဉ်က ရှိခဲ့သော ရှက်ကိုးရှက်ကန်း ဖြစ်မှုများမှာ ပျောက်ကွယ်သွားခဲ့လေသည်။

အနေတော် ဖြစ်နေသော အင်္ကျီများမှာ သူမ၏ တင့်တယ်သော ခန္ဓာကိုယ်ပုံစံ ကို ပေါ်လွင်စေခဲ့ပြီး ကိုယ်ဝန် ရှစ်လနီးပါး ရှိနေပြီဖြစ်သော်လည်း သူမအား လေးလံထိုင်းမှိုင်းစေခြင်း မရှိဘဲ နူးညံ့သော မိခင်လောင်း တစ်ဦး၏ တောက်ပ မှုကိုသာ ပိုမို တိုးပွားစေခဲ့လေသည်။

သူမ၏ မျက်ခုံးနှင့် မျက်ဝန်းအစုံမှာ နူးညံ့သော တောက်ပမှုများကို ရရှိလာခဲ့ ရာ မြို့ပြမှ မိန်းကလေး တစ်ဦးထက်ပင် အလှအပမှာ လျော့နည်းခြင်း မရှိခဲ့ ချေ။

ထိုနေ့ နေ့လယ်ပိုင်းတွင် ထျန်ရှောင်ယာသည် ညနေပိုင်းတွင် ကျိုးချန်ယဲ့ အကြိုက်ဆုံး ဟင်းလျာဖြစ်သော ဖက်ထုပ်များ လုပ်ပေးရန်အတွက် ဟင်းသီး ဟင်းရွက်ခြံထဲမှ လတ်လတ်ဆတ်ဆတ် ခူးယူလာသော ကြက်သွန်မြိတ်များ ကို ရွေးချယ်နေခဲ့လေသည်။

ရုတ်တရက် ခြံဝင်းတံခါးပြင်ပမှ တမင်တကာ ကျယ်လောင်အောင် လုပ်ထား သော ခြေသံများကို ကြားလိုက်ရပြီးနောက် တစ်စုံတစ်ယောက်က အထဲသို့ အတင်းအကျပ် ဝင်ရောက်လာခဲ့လေတော့သည်။

"မင်းက ကျိုးချန်ယဲ့ရဲ့ ကျေးလက်က ဇနီးသည်လား..."

ချင်းရှောင်ယွန်းသည် သူမ၏ လက်မောင်းများကို ပိုက်ထားလျက် သူမ၏ မေး စေ့ကို အနည်းငယ် မြှင့်ထားပြီး ထျန်ရှောင်ယာအား ဖီးနစ်မျက်ဝန်းများဖြင့် မဖုံးကွယ်နိုင်သော စူးစမ်းမှုနှင့် အံ့အားသင့်မှုများဖြင့် အထက်အောက် စုန်ဆန် ကြည့်လိုက်လေသည်။

သူမသည် ဟျောင်လီလီ၏ မြှောက်ပင့်ပေးမှုကြောင့် ကျိုးချန်ယဲ့မှာ ကျေးလက်မှ မိန်းကလေးတစ်ဦးနှင့် လက်ထပ်လိုက်ပြီ ဖြစ်ကြောင်း သိရှိ လိုက်ရသဖြင့် သူမထက် နိမ့်ကျသော ကျေးလက်မိန်းကလေး တစ်ဦးအား ကျိုးချန်ယဲ့က ပိုမိုတန်ဖိုးထားနေသည်ကို အလွန်ပင် စိတ်တိုနေခဲ့ခြင်း ဖြစ်ပေ သည်။

သူမသည် ထိုကျေးလက် ဇနီးသည်မှာ ကြောက်ရွံ့တတ်ပြီး ခေတ်နောက်ကျ နေသော သူတစ်ဦး ဖြစ်ရမည်ဟု ထင်မှတ်ထားခဲ့ရာ သူမကဲ့သို့သော တက္က သိုလ်ကျောင်းသူတစ်ဦးနှင့် မည်သို့ ယှဉ်နိုင်ပါမည်နည်း။

သို့သော်လည်း သူမ၏ရှေ့မှ ထျန်ရှောင်ယာမှာမူ ရိုးရိုးရှင်းရှင်း ဝတ်ဆင် ထားသော်လည်း တောက်ပကာ ကွေးညွတ်နေသော မျက်ဝန်းများနှင့် ဖြူစင် သော အသားအရေကို ပိုင်ဆိုင်ထားလျက်ရှိလေသည်။

သူမထံမှ ချင်းရှောင်ယွန်း မျှော်လင့်ထားသော ဝမ်းနည်းမှုနှင့် နိမ့်ကျမှုများကို မတွေ့ရဘဲ နူးညံ့ကာ တင့်တယ်သော အရှိန်အဝါကိုသာ ခံစားလိုက်ရလေရာ သူမ သေချာစွာ ပြင်ဆင်ထားချိန်ထက်ပင် ပိုမို၍ မျက်စိပသာဒ ဖြစ်နေခဲ့ပေ သည်။

သူမ၏နောက်မှ ဟျောင်လီလီကမူ ပိုမို၍ မနာလိုဖြစ်နေသော ပုံစံရှိနေခဲ့ပြီး သူ မ၏ နှုတ်ခမ်းထက်တွင် လှောင်ပြုံးတစ်ခုက ရှိနေခဲ့လေ၏။

ထျန်ရှောင်ယာမှာ သူမ၏ လက်မှာ ဟင်းသီးဟင်းရွက်ခြင်းပေါ်တွင် တင်ထား လျက် ခေတ္တမျှ တုံ့ဆိုင်းနေပြီးမှ ခေါင်းညိတ်ပြလိုက်လေသည်...။

"ဟုတ်ပါတယ်... ကျွန်မပါပဲ... ရှင်တို့က ဘယ်သူတွေလဲဟင်..."

"ငါတို့က ဘယ်သူတွေလဲ ဟုတ်လား..."

ဟျောင်လီလီက ရှေ့သို့ တစ်လှမ်း တိုးလိုက်ပြီး သူမ၏ အသံမှာ တည်ငြိမ် နေသော လေထုကို ခွဲထုတ်လိုက်သည့် ကျောက်ခဲတစ်လုံးကဲ့သို့ စူးရှနေခဲ့လေ သည်...။

"ငါတို့က ကျိုးချန်ယဲ့ရဲ့ သူငယ်ချင်းတွေလေ..."

"နင့်ကို ငါ ပြောလိုက်မယ်... နင် သူ့ကို လက်ထပ်လိုက်ရုံနဲ့ အရာအားလုံး အဆင်ပြေသွားပြီလို့ မထင်လိုက်နဲ့ဦး... နင်က တခြားလူရဲ့ ယောက်ျားကို ခိုးယူတဲ့ ကောင်မပဲ..."

"နင်သာ မရှိဘူးဆိုရင် ချင်းရှောင်ယွန်းနဲ့ ကျိုးချန်ယဲ့တို့က အတူတူ ရှိနေ ကြလောက်ပြီ... နင်ကော ဒီမှာနေပြီး ဇိမ်ခံနေနိုင်ပါ့မလား..."

"ဘာ..."

ထျန်ရှောင်ယာ၏ မျက်နှာမှာ ချက်ချင်းပင် ဖြူလျော့သွားခဲ့ပြီး သူမ၏ သူငယ် အိမ်မှာ အနည်းငယ် ကျဉ်းမြောင်းသွားခဲ့ကာ သူမ၏ နှလုံးသားမှာလည်း လေး လံသော တူတစ်ခုဖြင့် အထုခံလိုက်ရသလို တဝီဝီ မြည်ဟီးနေခဲ့လေတော့ သည်။

သူမသည် သူမ၏ဗိုက်ကို ဗီဇအရပင် အသာအယာ ကိုင်ထားလိုက်ပြီး သူမ၏ လက်ချောင်းလေးများမှာလည်း မသိမသာပင် အင်္ကျီစကို ဆုပ်ကိုင်ထားမိကာ စိတ်ထဲတွင် ရှုပ်ထွေးနေခဲ့လေတော့သည်။

ကျိုးချန်ယဲ့ သူမအပေါ် ထားရှိခဲ့သော ကြင်နာမှုအားလုံးနှင့် သူမအား ပေးခဲ့ သော နူးညံ့သည့် ကတိစကား အားလုံးမှာ ယခု ရုတ်တရက် စွပ်စွဲချက်များ ကြောင့် ဝေဝါးသွားခဲ့ရလေပြီဖြစ်ချေသည်။

*ဒါဆိုရင်... သူက အပြင်မှာ တကယ်ပဲ တခြားလူနဲ့ ပတ်သက်မှုတွေ ရှိနေတာ လား... ခြောက်လလောက်အထိ လုံးဝ အဆက်အသွယ် ပြတ်နေခဲ့တာက လည်း...*

သူမ၏ ကျောရိုးတစ်လျှောက် အေးစိမ့်မှုကို ခံစားလိုက်ရပြီး သူမ၏ဗိုက်ထဲ မှလည်း ရုတ်တရက် စူးအောင့်သော နာကျင်မှုတစ်ခု ပေါ်ပေါက်လာခဲ့ရာ သူမ အား ကိုယ်ကို ကိုင်းသွားစေခဲ့လေတော့သည်။

" အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြီး ပြောမနေနဲ့..."

ထျန်ရှောင်ယာ၏ မျက်နှာမှာ ပိုမို ဖြူလျော့လာချိန်မှာပင် ဘေးအိမ်မှ အန်တီ ကျူသည် ဟင်းသီးဟင်းရွက်ခြင်းကို ကိုင်ဆောင်လျက် လမ်းလျှောက်လာခဲ့ ရာ ခြံထဲမှ ဆူညံသံများကို ကြားလိုက်ရသဖြင့် ချက်ချင်းပင် ရပ်တန့်ကာ ကြိမ်းမောင်းလိုက်လေတော့သည်။

သူမသည် ထျန်ရှောင်ယာ၏ ဘေးတွင် ထူထဲသော နံရံတစ်ခုကဲ့သို့ ရပ်တန့် လိုက်လေသည်...။

"ငါတို့ အိမ်နီးချင်းတွေက အာယဲ့ဟာ ဘယ်လိုလူစားမျိုးလဲဆိုတာ ရှင်းရှင်း လင်းလင်း မြင်နေရတာပဲ... သူက ရှောင်ယာ့ကို သူ့မျက်စိထဲက ပုလဲလုံးလေး လိုတောင် တန်ဖိုးထားတာလေ... အခုကျမှ ဘယ်က ရည်းစားဟောင်း ရောက် လာရတာလဲ..."

"မင်းတို့လို မိန်းကလေးငယ်တွေက စကားပြောရင် အသိတရားလေး ရှိကြ ပါဦး... အကြောင်းပြချက် မရှိဘဲ တခြားလူရဲ့ ဇနီးကို လာပြီး သိက္ခာချနေ တာ... မင်းတို့မှာ အရှက်ဆိုတာ မရှိကြတော့ဘူးလား..."

All Chapters