← Chapters

အခန်း ၄၆

Vol. 5 Ch. 46

အခန်း ၄၆

Vol. 5 Ch. 46

အခန်း (၄၆) ကျောင်းထုတ်ခံရခြင်း

"ဖြစ်နိုင်ပါတယ်... ဖြစ်နိုင်ပါတယ်..."

ချိုးချိုး၏ အသံတွင် သေချာရေရာမှု မရှိသော အရိပ်အယောင်များ ပါဝင်နေ ခဲ့ပြီး သူမ၏ ပင်မဒေတာများကို ရှာဖွေနေသည့်ပုံပင်။

"ချိုးချိုးက အဆင့်မြှင့်တင်ပြီးနောက်မှသာ ပင်မစနစ် တည်ရှိနေတာကို အာရုံ ခံနိုင်ခဲ့တာလေ... ကြည့်ရတာတော့... အဲဒါက လက်အောက်ခံ စနစ်အားလုံးကို စီမံခန့်ခွဲတဲ့ စူပါစနစ်ကြီး ဖြစ်တယ်နဲ့တူတယ်..."

"ခုနတင်ပဲ ချိုးချိုးက ပင်မစနစ်ဆီကို အကြွေးစနစ်အတွက် လျှောက်ထား လိုက်တာ... အဲဒါက တကယ်ပဲ အတည်ပြုချက် ရလာလိမ့်မယ်လို့ မထင်ထား ခဲ့ဘူး... "

ကျိုးချန်ယဲ့က မျက်ခုံးပင့်လိုက်သော်လည်း ထပ်မံ၍ မမေးမြန်းတော့ချေ။ လက်အောက်ခံစနစ်ဖြစ်စေ၊ ပင်မစနစ်ဖြစ်စေ... ချိုးချိုးသည် ချိုးချိုးသာ ဖြစ်နေသရွေ့ သူ စိတ်အေးရပေမည်။

သူက ချက်ချင်းပင် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်လေသည်...။

"ကောင်းပြီ... အတိုးက ပြဿနာ မရှိပါဘူး... ချိုးချိုး... ဝမ်ဝေမင်နဲ့ သူ့သားရဲ့ ပြစ်မှုဆိုင်ရာ သက်သေတွေကို ရှာပေးပါ... ပိုပြီး အသေးစိတ်လေ ပိုကောင်း လေပဲ..."

"လက်ခံရရှိပါပြီ သခင်... ရမှတ် (၁၀) မှတ်ကို အောင်မြင်စွာ နှုတ်ယူလိုက်ပါ ပြီ... အခု ဝမ်ဝေမင်နဲ့ ဝမ်ချန်တို့ရဲ့ ပြစ်မှုဆိုင်ရာ သက်သေတွေကို ရှာဖွေနေပါ တယ်..."

"စီ…စီ…စီ…"

"ဒေတာများကို ရယူနေပါသည်..."

သူ၏ရှေ့မှ အပြာနုရောင် မျက်နှာပြင်မှာ ချက်ချင်းပင် ပြောင်းလဲသွားခဲ့ပြီး ယခင်က ဘာမျှမရှိသော နေရာတွင် စာသားများမှာ လျင်မြန်စွာ လိမ့်တက်လာ ခဲ့ကာ ရှင်းလင်းသော သက်သေအထောက်အထားများကို တစ်ကြောင်းချင်းစီ ဖော်ပြလာခဲ့လေတော့သည်...။

[ဝမ်ဝေမင်သည် စာရင်းကိုင် ရာထူးကို အသုံးပြု၍ (၁၉၇၁) ခုနှစ်မှစတင်ကာ ပစ္စည်းဆုံးရှုံးမှုများကို မမှန်မကန် သတင်းပို့ခြင်းဖြင့် အများပိုင်ငွေ (၄,၂၃၀) ယွမ်ကို အလွဲသုံးစား ပြုလုပ်ခဲ့သည်။]

[(၁၉၇၂) ခုနှစ်တွင် အုတ်ဖိုပိုင်ရှင်တစ်ဦးထံမှ ငွေသား (၁,၀၀၀) ယွမ်ကို လာဘ် ငွေအဖြစ် လက်ခံခဲ့သည်။]

[(၁၉၇၃) ခုနှစ်တွင် ရိက္ခာဗျူရို၏ ဂိုဒေါင်အတွင်းမှ ရိက္ခာ ကျင်း (၁,၅၀၀) ကို ခိုးယူခဲ့သည်။]

[၁၉၇၄ ခုနှစ်...]

[သူ၏သားဖြစ်သူ ဝမ်ချန်သည် ဖခင်ဖြစ်သူအား စာရင်းဇယားများ မမှန်မကန် ပြုလုပ်ရာတွင်လည်းကောင်း၊ အလွဲသုံးစားလုပ်ထားသော ငွေများကို လွှဲ ပြောင်းရာတွင်လည်းကောင်း ကူညီပေးခဲ့သည်။]

ကျိုးချန်ယဲ့၏ အကြည့်များမှာ စူးရှသွားခဲ့လေ၏။ လက်ရှိ အခြေအနေမှာ ယခင်လောက် ပြင်းထန်ခြင်း မရှိတော့သော်လည်း ကိုယ်ကျင့်တရားဆိုင်ရာ ကိစ္စရပ်မှာမူ အရေးကြီးသော ကိစ္စတစ်ရပ်ပင် ဖြစ်လေသည်...။

အထူးသဖြင့် ၎င်းမှာ အဂတိလိုက်စားမှုနှင့် ပတ်သက်နေသဖြင့် ပိုမို၍ ကြီး လေးလှပေသည်။

"ဒီသက်သေတွေကို စာရွက်စာတမ်းတွေအဖြစ် ထုတ်ယူလို့ ရမလား..."

ကျိုးချန်ယဲ့က သူ၏ စိတ်ထဲမှ စိုးရိမ်တကြီး မေးလိုက်လေ၏။

"ရပါတယ် သခင်..."

မျက်နှာပြင်၏ အောက်ခြေတွင် "သက်သေများ ထုတ်ယူရန် (၁၀ မှတ်)" ဟူ သော ရွေးချယ်စရာတစ်ခု ပေါ်ထွက်လာခဲ့လေသည်။

ကျိုးချန်ယဲ့က ထိုခလုတ်ကို နှိပ်လိုက်လေ၏။

"သခင်သည် ရမှတ် (၁၀) မှတ်ကို အသုံးပြုပြီး 'သက်သေအထောက်အထား ဖော်ပြခြင်း' ဝန်ဆောင်မှုကို လဲလှယ်နိုင်ပါတယ်... သခင့်ရဲ့ ရှေ့မှာ စာရွက်စာ တမ်းများ ထွက်ပေါ်လာပါလိမ့်မယ်..."

အပြာရောင် မျက်နှာပြင်ပေါ်တွင် နီရဲကာ မျက်စိစူးစရာ ကောင်းလှသော စာသားတစ်ကြောင်းမှာ ချက်ချင်းပင် ပေါ်ထွက်လာခဲ့လေသည်...။

[အကြွေးရမှတ် - (၂၀) (အတိုး ၂ မှတ်၊ စုစုပေါင်း ပေးဆပ်ရန် ရမှတ် ၂၂) ]

ကျိုးချန်ယဲ့ : *အဲဒီလောက်အထိတော့ မလိုပါဘူး...*

"သခင်... စာရွက်စာတမ်းတွေကို သခင်ရဲ့ စနစ်နေရာလွတ်ထဲမှာရှိတဲ့ အခန်း ထဲမှာ သိမ်းဆည်းထားလိုက်ပါပြီ... သခင် စိတ်ကူးလိုက်ရုံနဲ့ အဲဒါတွေကို ထုတ် ယူနိုင်ပါတယ်..."

ကျိုးချန်ယဲ့သည် ချက်ချင်းပင် စိတ်ကို စုစည်းလိုက်ရာ သူ၏ လက်ထဲ၌ သေ သပ်စွာ ချုပ်လုပ်ထားသော စာရွက်စာတမ်း အထပ်လိုက်မှာ လေထဲမှ ပေါ် လာခဲ့လေသည်...။ စာရွက်ပေါ်ရှိ လက်ရေးများနှင့် စာရင်းအင်း အသေးစိတ် များမှာလည်း ရှင်းလင်းစွာ မြင်တွေ့နိုင်လေသည်။

သူသည် ထိုစာရွက်စာတမ်းများကို လျင်မြန်စွာ လှန်လှောကြည့်ရှုလိုက်ပြီး အရေးကြီးသော အချက်အလက်များ အားလုံး ပါဝင်နေသည်ကို အတည်ပြု ပြီးနောက် ဆုံးဖြတ်ချက် တစ်ခု ချလိုက်လေတော့သည်။

လူနာဆောင်သို့ ပြန်ရောက်သောအခါ ထျန်ရှောင်ယာမှာ နှစ်ခြိုက်စွာ အိပ်ပျော် နေဆဲပင် ဖြစ်လေ၏။ သူသည် စာရွက်အလွတ်တစ်ရွက်ကို ရှာဖွေကာ အမည် မဖော်ဘဲ တိုင်ကြားစာတစ်စောင်ကို ရေးသားလိုက်လေသည်။

ထိုစာထဲတွင် ဝမ်ဝေမင်၏ အလွဲသုံးစားမှုနှင့် လာဘ်ပေးလာဘ်ယူမှု အချက် အလက်များကို အသေးစိတ် ရေးသားထားပြီး အဓိက သက်သေ အထောက် အထားများကိုလည်း ပူးတွဲထားလိုက်လေ၏။

တစ်ချိန်တည်းမှာပင် ချင်းရှောင်ယွန်း၊ ဟျောင်လီလီနှင့် ဝမ်ချန်တို့အကြား ပတ်သက်မှုများကိုလည်း မသိမသာ ထည့်သွင်း ရေးသားထားခဲ့လေသည်..။ သူ၏ ရေးသားမှုမှာ တည်ငြိမ်ကာ ဘက်လိုက်မှု မရှိသော်လည်း စကားလုံး တစ်လုံးချင်းစီတိုင်းမှာ ထိရောက်မှုရှိလှပေသည်။

ရေးသားပြီးနောက်တွင် သူသည် အနက်ရောင် စာအိတ်တစ်ခုကို ထုတ်ယူကာ တိုင်ကြားစာနှင့် သက်သေ အထောက်အထားများကို အထဲသို့ ထိုးထည့်လိုက် လေတော့သည်။

ညဉ့်နက်လာသောအခါ ဆေးရုံစင်္ကြံလမ်းများမှာ တိတ်ဆိတ်နေခဲ့ပြီး တာဝန် ကျ သူနာပြုများ၏ ခြေသံများကိုသာ တစ်ခါတစ်ရံ ကြားနေရလေသည်။

ကျိုးချန်ယဲ့သည် ဆေးရုံတံခါးဝမှ တိတ်ဆိတ်စွာ ထွက်ခွာလာခဲ့လေ၏။ ညချမ်း လေညင်းမှာ အနည်းငယ် အေးစိမ့်နေခဲ့ပေသည်။ သူသည် ဆေးရုံ နောက်ဘက်ရှိ ကျဉ်းမြောင်းသော လမ်းကြားလေးအတွင်းသို့ ရင်းနှီးစွာဖြင့် ကွေ့ဝင်သွားခဲ့လေသည်။

ပတ်ဝန်းကျင်တွင် လူသူမရှိသည်ကို အတည်ပြုပြီးနောက် သူသည် သူ၏ စနစ် နေရာလွတ်အတွင်းသို့ ဝင်ရောက်သွားခဲ့လေတော့သည်။

"သခင်..."

သူ စနစ်နေရာလွတ်အတွင်းသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် လုံးဝန်းကာ ဖောင်းအိနေသော အရာတစ်ခုမှာ သူ၏ ရှေ့တွင် ပေါ်ထွက်လာခဲ့လေသည်။

ချိုးချိုးသည် ချောကလက်အရသာ အိုက်စကရင်ကို ကိုင်ဆောင်လျက် လျက် နေလျက်ရှိပြီး သူမ၏ လုံးဝန်းသော မျက်နှာလေးဖြင့် သူ့အား မော့ကြည့်နေခဲ့ လေသည်။

"..."

ကျိုးချန်ယဲ့သည် သူ၏ လက်ကို မြှောက်ကာ နားထင်ကို ဖိလိုက်မိပြီး ဘာမှမ တတ်နိုင်သလို ရယ်လည်း ရယ်ချင်နေခဲ့လေသည်...။

"တကယ်ပဲ... ဘယ်လောက်ပဲ အဆင့်တက်တက်... မင်းရဲ့ အစားကြူးတဲ့ စရိုက်ကတော့ မပြောင်းလဲဘူးပဲ..."

သူသည် ချိုးချိုး၏ နူးညံ့သော ပါးပြင်လေးများကို ဆွဲညှစ်လိုက်ပြီး နူးညံ့သော အသံဖြင့် ပြောလိုက်လေသည်...။

"သွားဆော့တော့နော် ကလေးလေး..."

ထို့နောက် သူသည် စနစ်အရောင်းဆိုင်၏ ပထမထပ်ရှိ နေ့စဉ်သုံး ပစ္စည်းများ ထားရှိရာ စင်ဆီသို့ လျင်မြန်စွာ လျှောက်လှမ်းသွားခဲ့လေသည်။

သူသည် များစွာ တုံ့ဆိုင်းမနေဘဲ စင်ပေါ်မှ အမဲနက်ဆုံး အရောင်ရှိသော ဖောင် ဒေးရှင်း တစ်ခုကို ရွေးချယ်လိုက်ပြီး ဂွမ်းဖတ်လေးဖြင့် သူ၏ မျက်နှာနှင့် လည် ပင်းတို့တွင် ဂရုတစိုက် လိမ်းကျံလိုက်လေသည်။ သူ၏ မူလက ဖြူစင်သော အသားအရေမှာ နှစ်ရှည်လများ နေရောင်နှင့် လေဒဏ်ကို ခံထားရသကဲ့သို့ ကြေးနီရောင်သို့ ချက်ချင်းပင် ပြောင်းလဲသွားခဲ့လေတော့သည်။

ထို့နောက် သူသည် မျက်ခုံးဆွဲတံကို ယူကာ စိပ်ပြီး ရှုပ်ထွေးနေသော မျက်ခုံး များကို ဆွဲလိုက်ရာ ၎င်းတို့မှာ ပိုမို၍ ကြမ်းတမ်းသော ပုံစံ ပေါ်ထွက်လာခဲ့ လေတော့သည်။ သူသည် သူ၏ မျက်ဝန်းထောင့်များနှင့် နဖူးပြင်ပေါ်တွင် လည်း ပါးလွှာသော အရေးအကြောင်း အချို့ကို အသာအယာ ဆွဲလိုက်လေ သည်။

ထို့နောက်တွင် ကြိုတင်ပြင်ဆင်ထားသော နှုတ်ခမ်းမွှေးတုကို တပ်ဆင်လိုက် ပြီး ထိပ်ပြောင်သော ဆံပင်တုကိုပါ ဆောင်းလိုက်လေ၏။

နောက်ဆုံးတွင် သူသည် အရောင်လွင့်ကာ ဖာထေးထားသော အပြာရောင် အင်္ကျီအိုကြီးကို ဝတ်ဆင်လိုက်လေသည်။

မှန်ထဲတွင်မူ အသက် ငါးဆယ်အရွယ်ခန့်ရှိပြီး မျက်နှာတွင် လောကဓံကို ခံစား ထားရသော ကျေးလက်မှ အဖိုးအိုတစ်ဦး၏ ပုံရိပ်မှာ ရုတ်တရက် ပေါ်ထွက် လာခဲ့လေတော့သည်။

ကျိုးချန်ယဲ့သည် မှန်ထဲမှ သူ့ကိုယ်သူ ကြည့်ကာ ကျေနပ်စွာဖြင့် ပြုံးလိုက်လေ သည်...။

"ဒီပုံစံနဲ့ဆိုရင် ငါ့မိန်းမကိုယ်တိုင် ငါ့ရှေ့မှာ ရပ်နေရင်တောင် တစ်ချက်လောက် ကြည့်ရုံနဲ့ ငါမှန်း သိမှာ မဟုတ်တော့ဘူး..."

အရာအားလုံးကို သေချာစွာ စဉ်းစားပြီးနောက် သူသည် စနစ်နေရာလွတ် အတွင်းမှ ထွက်ခွာလာခဲ့ပြီး ဇာတ်ကိုပု ခါးကို ကုန်းလျက် တိတ်ဆိတ်သော လမ်းကြားတစ်လျှောက် လျင်မြန်စွာ လျှောက်လှမ်းသွားခဲ့လေတော့သည်။

သူ၏ ဦးတည်ရာမှာ ပီကင်း မြို့နယ် စည်းကမ်းထိန်းသိမ်းရေး ကော်မရှင်၏ တိုင်ကြားစာ သေတ္တာပင် ဖြစ်လေတော့သည်။

လမ်းတစ်လျှောက်တွင် သူသည် ပတ်ဝန်းကျင်ကို သတိထား စောင့်ကြည့်နေခဲ့ ပြီး သူ၏နောက်မှ မည်သူမျှ လိုက်မလာသည်ကို အတည်ပြုပြီးနောက် သစ်ပင်ရိပ်များကို အကာအကွယ်ယူကာ စာအိတ်ကို သေတ္တာအတွင်းသို့ ဂရု တစိုက် ထည့်လိုက်လေ၏။

"ဗုတ်"

ခနဲ မြည်သံနှင့်အတူ စာအိတ်မှာ သေတ္တာအတွင်းသို့ ကျရောက်သွားခဲ့ရာ ကျိုးချန်ယဲ့၏ စိတ်နှလုံးမှာလည်း ငြိမ်သက်သွားခဲ့လေတော့သည်။

သူသည် ထိုနေရာတွင် ကြာမြင့်စွာ မနေတော့ဘဲ လှည့်ထွက်ကာ မှောင်မည်း နေသော ညအမှောင်အတွင်းသို့ တိုးဝင် ပျောက်ကွယ်သွားခဲ့လေတော့သည်။

သူ၏ ကျောပြင်မှာ ခိုင်မာကာ ပြတ်သားနေခဲ့ပေတော့၏။

အချို့သော အမှောင်ထုများကိုမူ တစ်စုံတစ်ယောက်က မိမိကိုယ်တိုင်၏ လက် ဖြင့် ဆွဲဆုတ်ပစ်ရမည် မဟုတ်ပါလော။

ဤတစ်ကြိမ်တွင်မူ သူသည် သူ၏ ယခင်ဘဝမှ အကျန်အကြွင်းများကို အဆုံး သတ်ပေးလိုက်တော့မည် ဖြစ်ပေသည်။

နှစ်ရက်ကြာပြီးနောက်တွင် ကျောင်းပိတ်ရက်သို့ ရောက်ရှိလာခဲ့လေပြီဖြစ် ချေ၏။

နံနက်စောစောတွင် အန်တီဆွန်းသည် ကြက်ဥအိတ်နှင့် မုယောနို့မှုန့် တစ်ဗူးကို ကိုင်ဆောင်လျက် သူမ၏ သားဖြစ်သူ ဝမ်အိုက်တန့်နှင့်အတူ ဆေးရုံသို့ အ လျင်စလို လာရောက်ခဲ့လေသည်။

သူမသည် ရှောင်ယာ့အကြောင်းကို အမြဲတစေ တွေးတောနေခဲ့သော်လည်း မကြာသေးမီက ရပ်ကွက်ကော်မတီရုံးတွင် အလွန်တရာ အလုပ်များနေခဲ့ သဖြင့် အသက်ရှူရန်ပင် အချိန်မရဘဲ ရှိနေခဲ့ခြင်း ဖြစ်ပေသည်။

ကံကောင်းထောက်မစွာဖြင့် သူမ၏သားဖြစ်သူ ဆေးရုံသို့ သွားရောက်ပြီး နောက် ရှောင်ယာမှာ ကိုယ်ဝန်ပျက်ကျမည့် လက္ခဏာ အနည်းငယ်သာ ရှိပြီး အဆင်ပြေကြောင်း၊ အနားယူရန်သာ လိုအပ်ကြောင်း ပြန်လည်ပြောပြခဲ့ သဖြင့် သူမ၏ စိုးရိမ်စိတ်များကို ထိန်းချုပ်ထားနိုင်ခဲ့ခြင်း ဖြစ်လေသည်။

ယခု ကျောင်းပိတ်ရက်သို့ ရောက်ရှိလာသောအခါ သူမသည် ကိုယ်တိုင် လာ ရောက်ကြည့်ရှုရန် အတင်းအကျပ် ဆုံးဖြတ်ခဲ့ခြင်းဖြစ်လေသည်။ သူမအနေ ဖြင့် သူမ၏မျက်စိဖြင့် အဆင်ပြေသည်ကို မြင်တွေ့ရမှသာ စိတ်အေးနိုင်မည် မဟုတ်ပါလော။

လူနာဆောင်အတွင်း၌ ထျန်ရှောင်ယာသည် စွပ်ပြုတ်သောက်ပြီးကာစ ဖြစ် ကာ ကုတင်ခေါင်းရင်းကို မှီထားစဉ် အန်တီဆွန်းနှင့် ဝမ်အိုက်တန့်တို့ ဝင်လာ သည်ကို မြင်တွေ့လိုက်ရလေ၏။ သူမ အမြန်ပင် မတ်မတ်ထိုင်ရန် ကြိုးစား လိုက်ပြီး မေးလိုက်လေသည်...။

"အန်တီဆွန်း... အစ်ကိုဝမ်... ဘာလို့ ဒီအထိ ရောက်လာကြတာလဲဟင်..."

"လိမ္မာလိုက်တဲ့ ကလေးလေးရယ်... အန်တီ့ကို အဲဒီလောက်အထိ အားနာနေဖို့ မလိုပါဘူး..."

အန်တီဆွန်းက ကြက်ဥအိတ်ကို ကုတင်ဘေးရှိ စားပွဲပေါ်သို့ တင်လိုက်ပြီး သူမ ၏ ပုခုံးကို လှမ်း၍ ဖိထားလိုက်လေသည်...။

"မြန်မြန် လှဲနေလိုက်... မလှုပ်နဲ့ဦး... မင်း ကိုယ့်ကိုယ်ကိုယ် သေချာ ဂရုစိုက် ရမယ်လေ... ဗိုက်ထဲက ကလေးက သိပ်ကို အဖိုးတန်တာလေ..."

သူမသည် ကုလားထိုင်တစ်လုံးကို ဆွဲယူကာ ထိုင်လိုက်ပြီး ထျန်ရှောင်ယာ၏ မျက်နှာကို စူးစမ်းကြည့်ရှုလိုက်လေ၏။ သူမ အဆင်ပြေပုံရသည်ကို မြင်တွေ့ လိုက်ရသောအခါမှ သက်ပြင်းတစ်ချက် ချလိုက်နိုင်လေတော့သည်။

"အဲဒီနေ့က သတင်းကို ကြားလိုက်ရတော့ အန်တီမှာ တကယ်ကို လန့်သွား တာပဲ... နှလုံးတောင် အပြင်ပေါက်ထွက်လုမတတ်ပဲ..."

"အိုက်တန့်ကသာ မင်း အဆင်ပြေပါလိမ့်မယ်လို့ အာမမခံခဲ့ရင် အန်တီ အဲဒီည ကတည်းက အပြေးအလွှား လာမိမှာ သေချာတယ်..."

ထျန်ရှောင်ယာက ပြုံးလိုက်ပြီး နူးညံ့စွာ ပြောလိုက်လေသည်...။

"ဘာမှ မဖြစ်ပါဘူး အန်တီဆွန်းရယ်... ကိုယ်ဝန်ပျက်ကျမယ့် လက္ခဏာ နည်းနည်း ရှိတာဆိုတော့ ရက်နည်းနည်းလောက် နားလိုက်ရင် အဆင်ပြေသွား မှာပါ... အာယဲ့ကလည်း ကျွန်မကို တစ်ချိန်လုံး ဂရုစိုက်ပေးနေတာလေ..."

ကျိုးချန်ယဲ့က ရေနွေးအိုးကို ယူကာ အန်တီဆွန်းအတွက် ရေတစ်ခွက် ငှဲ့ပေး ရန် ပြင်လိုက်သော်လည်း လှုပ်ခါကြည့်လိုက်သောအခါ အထဲတွင် ရေမရှိ တော့သည်ကို တွေ့လိုက်ရလေသည်...။

"အန်တီဆွန်း... အန်တီတို့ ရှောင်ယာနဲ့ ခဏ စကားပြောနေကြဦးနော်... ကျွန် တော် ရေသွားခပ်လိုက်ပါဦးမယ်..."

ထိုအရာကို မြင်တွေ့လိုက်ရသောအခါ ဝမ်အိုက်တန့်သည်လည်း ထလိုက်ပြီး ကုတင်ဘေးရှိ လူနှစ်ဦးအား ပြုံးပြကာ ပြောလိုက်လေသည်...။

"ကျွန်တော်လည်း လောင်ကျိုးနဲ့အတူ လိုက်သွားလိုက်ဦးမယ်..."

၎င်းတို့နှစ်ဦးမှာ စင်္ကြံလမ်းတစ်လျှောက် ရေခပ်သည့်နေရာရှိရာသို့ လျှောက် လှမ်းသွားခဲ့ကြရာ တိတ်ဆိတ်နေသော စင်္ကြံလမ်းအတွင်း၌ ၎င်းတို့၏ ခြေသံ များမှာ သိသိသာသာပင် ပဲ့တင်ထပ်နေခဲ့လေသည်။

ရေနွေးခပ်သည့် အခန်းထဲသို့ ကွေ့ဝင်လိုက်ပြီး ပတ်ဝန်းကျင်တွင် လူသူမရှိ သည်ကို အတည်ပြုပြီးနောက် ဝမ်အိုက်တန့်သည် ရေနွေးအိုးကို ပြတင်း ပေါက်ဘောင်ပေါ်သို့ တင်လိုက်ပြီး မထိန်းချုပ်နိုင်သော စိတ်လှုပ်ရှားမှုများ နှင့်အတူ အလွန်နှိမ့်သော အသံဖြင့် ပြောလိုက်လေသည်...။

"လောင်ကျိုး... အောင်မြင်သွားပြီဟေ့..."

ကျိုးချန်ယဲ့၏ နှလုံးသားမှာ တင်းကျပ်သွားခဲ့သော်လည်း သူ၏ မျက်နှာမှာမူ တည်ငြိမ်နေဆဲပင်...။

"မင်း ဘာကို ဆိုလိုတာလဲ..."

"ဝမ်ချန်နဲ့ သူ့အဖေကို မနေ့က နေ့လယ်ပိုင်းမှာ စည်းကမ်းထိန်းသိမ်းရေးဌာန က လာဖမ်းသွားပြီလေ..."

ဝမ်အိုက်တန့်၏ မျက်ဝန်းများအတွင်း ကျေနပ်ရိပ်များ ထင်ဟပ်သွားခဲ့လေ၏။

"လောင်ကျိုး... မင်းကတော့ တကယ်ကို အံ့ဩစရာပဲကွာ... ဘယ်သူမှ မသိ အောင် တိတ်တဆိတ် လုပ်နိုင်ခဲ့တာကိုး..."

ဝမ်အိုက်တန့်က သူ၏ပခုံးကို ပုတ်လိုက်ပြီး လေသံမှာလည်း အားကျစိတ်များ ဖြင့် ပြည့်နှက်လျက်ရှိနေခဲ့ပေသည်။

"မင်း ဘာတွေ ပြောနေတာလဲ... ငါ ဘာမှ နားမလည်ဘူး..."

ကျိုးချန်ယဲ့သည် ဝမ်အိုက်တန့်အား စိုက်ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများမှာ ပွင့်လင်းကာ ရိုးသားနေခဲ့ပြီး ဘာကိုမျှ ဖော်ပြခြင်း မရှိခဲ့ချေ။

ဝမ်အိုက်တန့်မှာ ခေတ္တမျှ ကြောင်အသွားခဲ့ပြီးနောက် ဖြစ်ပျက်နေ သောအရာ ကို သတိဝင်လာခဲ့လေသည်။ သူသည် သူ၏လက်ကို မြှောက်ကာ နဖူးကို ရိုက်လိုက်ပြီး မျက်မှောင်ကြုတ်လျက် ရှုပ်ထွေးနေဟန် ဆောင်လိုက်လေ သည်...။

"ဩော်... ဟုတ်သားပဲ... ငါ့ဦးနှောက်ကလည်းကွာ... လွန်ခဲ့တဲ့ ရက်ပိုင်းက ဖျား နေလို့ ထင်တယ်... ငါလည်း ဘာတွေ လျှောက်ပြောနေမိမှန်း မသိတော့ဘူး..."

ကျိုးချန်ယဲ့က သူ၏ နှုတ်ခမ်းကို ပြုံးယောင်သန်းစေလိုက်ပြီး ရေအပြည့်ပါ သော ရေနွေးအိုးကို မကာ ပြောလိုက်လေသည်...။

"သွားကြစို့... ရေရပြီဆိုတော့ ပြန်ကြရအောင်..."

၎င်းတို့နှစ်ဦးမှာ ရေနွေးခပ်သည့် အခန်းထဲမှ တစ်ဦးပြီးတစ်ဦး ထွက်လာခဲ့ကြ ရာ ၎င်းတို့၏ ခြေသံများမှာ တိတ်ဆိတ်နေသော စင်္ကြံလမ်းအတွင်းသို့ ပြန် လည်ပျောက်ကွယ်သွားခဲ့လေတော့သည်။

၎င်းတို့ အချင်းချင်း ဖလှယ်ခဲ့ကြသော လျှို့ဝှက်စကားလုံးများမှာလည်း လေ နှင့်အတူ လွင့်ပါသွားခဲ့သော မီးခိုးငွေ့များကဲ့သို့ပင် မည်သည့် အရိပ်အယောင် မျှ ကျန်ရစ်ခဲ့ခြင်း မရှိတော့ချေ။

စုံစမ်းစစ်ဆေးမှုများအရ ဝမ်ချန်နှင့် ဟျောင်လီလီတို့မှာ လက်ထပ်စာချုပ် မရှိ ဘဲ အတူတူ နေထိုင်နေကြကြောင်းနှင့် ဝမ်ချန်သည် အမျိုးသမီးများအား နှုတ် ဖြင့်လည်းကောင်း၊ ကိုယ်ထိလက်ရောက်ဖြင့်လည်းကောင်း အကြိမ်ကြိမ် နှောင့်ယှက် စော်ကားခဲ့ကြောင်း ဖော်ထုတ်နိုင်ခဲ့သဖြင့် ၎င်းမှာ လူရမ်းကားမှု ပြစ်မှုကို ကျူးလွန်ခြင်း ဖြစ်လေသည်။

(၁၉၇၈) ခုနှစ်တွင် ရာဇသတ်ကြီး အသစ်ကို တရားဝင် အကောင်အထည် မဖော်သေးသော်လည်း သက်ဆိုင်ရာ တရားစီရင်ရေးဆိုင်ရာ ဖွင့်ဆိုချက်များ ကိုမူ တဖြည်းဖြည်းနှင့် စံချိန်စံညွှန်း သတ်မှတ်ထားပြီး ဖြစ်ပေရာ ဝမ်ချန်သည် နောက်ဆုံးတွင် ဥပဒေနှင့်အညီ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁၀) နှစ် ချမှတ် ခြင်း ခံခဲ့ရလေတော့သည်။

ဟျောင်လီလီမှာမူ ရာဇဝတ်မှု ကျူးလွန်ခြင်း မရှိသော်လည်း သူမ၏ ကိုယ် ကျင့်တရား ပျက်ပြားမှုများကြောင့် ကျောင်းမှ ထုတ်ပယ်ခြင်း ခံခဲ့ရပြီး သူမ၏ ဂုဏ်သိက္ခာမှာလည်း ခေတ္တမျှ ပျက်စီးသွားခဲ့ရလေတော့သည်။

ဝမ်ဝေမင်မှာမူ သက်သေအထောက်အထားများ ခိုင်လုံသွားပြီးနောက် စုံစမ်း စစ်ဆေးရန်အတွက် သူ၏ ရာထူးမှ ချက်ချင်း ထုတ်ပယ်ခြင်း ခံခဲ့ရလေ၏။

သူသည် အလွဲသုံးစားလုပ်ထားသော ငွေများကို ပြန်လည် ပေးလျော်ရန် ညွှန် ကြားခြင်း ခံရသည့်အပြင် ယွမ် (၁,၀၀၀) ဒဏ်ရိုက်ခြင်း ခံရကာ အလုပ်ကြမ်း ဖြင့် ပြုပြင်ရေးစခန်းတွင် (၁၀) နှစ် ပြုပြင်နေထိုင်ရန် ပြစ်ဒဏ် ချမှတ်ခြင်း ခံခဲ့ ရလေတော့သည်။

ပိုမို၍ မမျှော်လင့်ထားသောအရာမှာ ဤဖြစ်ရပ်ကြောင့် အခြားသော ပြဿနာ များစွာမှာလည်း တစ်သီတစ်တန်းကြီး ပေါ်ထွက်လာခဲ့ခြင်းပင် ဖြစ်လေတော့ သည်။

All Chapters