အခန်း ၄၇
Vol. 5 Ch. 47
အခန်း (၄၇) ထျန်လီလီနှင့် ပြန်လည်ဆုံတွေ့ခြင်း
သတင်းများ ပျံ့နှံ့သွားသည့်အခါ ရိက္ခာဗျူရို ညွှန်ကြားရေးမှူးဖြစ်သော ချင်းရှောင်ယွန်း၏ ဖခင် ချင်းမင်ဟိုင်မှာ ထိုင်ခုံမမြဲနိုင်တော့ချေ။
လွန်ခဲ့သော နှစ်များစွာအတွင်း သူသည် ရိက္ခာခွဲဝေမှုအပေါ် မိမိ၏ အာဏာကို အသုံးပြု၍ လာဘ်ပေးလာဘ်ယူမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်လေသည်။
သို့သော် သူ တစ်စုံတစ်ခု မလုပ်ဆောင်မီမှာပင် စုံစမ်းစစ်ဆေးရေးမှူးများက သူ၏ တံခါးဝသို့ ရောက်ရှိလာခဲ့ကြလေတော့သည်။
သူသည် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ကာ အဂတိလိုက်စားခြင်း၊ အများပိုင် ငွေများကို ကိုယ်ကျိုးအတွက် အသုံးပြုခြင်းနှင့် မိမိ၏ ရာထူးကို အသုံးပြု၍ အမျိုးသမီး လုပ်ဖော်ကိုင်ဖက်များကို အကြိမ်ကြိမ် အကျပ်ကိုင်ခြင်းများ ပြု လုပ်ခဲ့သဖြင့် အလွန်တရာ ယုတ်ညံ့သော ကိုယ်ကျင့်တရားကို ဖော်ပြခဲ့လေ သည်။
နောက်ဆုံးတွင်မူ အလွဲသုံးစားလုပ်ထားသော ငွေပမာဏမှာ အလွန်တရာ များပြားလှခြင်းနှင့် ပြစ်မှု၏ သဘောသဘာဝမှာ အထူးပင် ကြီးလေးလှခြင်း တို့ကြောင့် သူ့အား အနောက်မြောက်ခြံသို့ အလုပ်ကြမ်းဖြင့် ပြုပြင်နေထိုင်ရန် ထောင်ဒဏ် အနှစ် (၂၀) ချမှတ်လိုက်လေရာ သူ၏ တစ်သက်တာလုံး ထိုနေရာ မှ ပြန်လည် ထွက်ခွာနိုင်တော့မည် မဟုတ်သည်မှာ သေချာသလောက်ပင် ဖြစ် လေတော့သည်။
ချင်းမိသားစု ပြိုလဲသွားသည့်အတွက် ချင်းရှောင်ယွန်းမှာလည်း လူထု၏ ဝေဖန်ပြစ်တင်မှုများအတွက် ပစ်မှတ်တစ်ခု ဖြစ်လာခဲ့လေသည်။
ကျောင်းတော်သည် ကျောင်းသားများ၏ နိုင်ငံရေးနောက်ခံ စစ်ဆေးမှုများကို အထူးပင် တင်းကျပ်လှပေ၏။
သူမ၏ ဖခင်တွင် ရာဇဝတ်မှု မှတ်တမ်းရှိသွားခြင်းနှင့် သူမကိုယ်တိုင်လည်း အိမ်ထောင်သည် အမျိုးသားတစ်ဦးအား နှောင့်ယှက်ခဲ့ခြင်းများကြောင့် ကျောင်းမှ ထုတ်ပယ်ရန် ဆုံးဖြတ်လိုက်ကြလေတော့သည်။
ချင်းရှောင်ယွန်းသည် သူမ၏ အိတ်များကို ထုပ်ပိုးကာ ကျောင်းမှ ထွက်ခွာ သွားသောနေ့တွင် မည်သူမျှ လိုက်လံ ပို့ဆောင်ပေးခြင်း မရှိခဲ့ချေ။ သူမ၏ ယခင်က ဂုဏ်ယူဝင့်ကြွားမှုများနှင့် ဘုန်းမီးနေလ တောက်ပမှု အားလုံးမှာ ပူဖောင်းတစ်ခုကဲ့သို့ပင် ပျောက်ကွယ်သွားခဲ့ရလေပြီဖြစ်တော့၏။
တစ်ပတ်ကြာပြီးနောက်တွင် ထျန်ရှောင်ယာ၏ ခန္ဓာကိုယ် ကျန်းမာရေး အခြေ အနေအားလုံးမှာ ပုံမှန်အတိုင်း ပြန်လည် ဖြစ်လာခဲ့ပြီဖြစ်ကြောင်း ဆရာဝန်က အတည်ပြုခဲ့သဖြင့် သူတို့သည် ဆေးရုံမှ ဆင်းခဲ့ကြလေသည်။
ကျိုးချန်ယဲ့သည် စက်ဘီးကို တွန်းကာ သူမအား လမ်းကြားလေးအတွင်းမှ ဂရုတစိုက် ခေါ်ဆောင်လာခဲ့လေသည်။
လမ်းကြားထဲရှိ အိမ်နီးချင်းများကလည်း "ရှောင်ယာက တကယ်ကို တော်တာပဲ" ဟူ၍လည်းကောင်း၊
"ကျိုးချန်ယဲ့ကတော့ သူ့မိန်းမကို တော်တော် ချစ်တာပဲ" ဟူ၍လည်းကောင်း ပြုံးရွှင်စွာဖြင့် အချင်းချင်း နှုတ်ဆက် ပြောဆိုနေကြလေရာ အခြေအနေမှာ အလွန်ပင် နွေးထွေးကာ ရင်းနှီးဖော်ရွေနေလျက်ရှိလှပေသည်။
ဇနီးသည်၏ လက်ကို ဆုပ်ကိုင်ထားရင်း ကျိုးချန်ယဲ့သည် စိတ်အေးချမ်းမှုကို ခံစားလိုက်ရလေ၏။ မုန်တိုင်းများ ပြီးဆုံးသွားပြီးနောက် ပီကင်း၏ ကောင်း ကင်ယံမှာ နောက်ဆုံးတွင် ကြည်လင်သွားခဲ့လေပြီဖြစ်တော့၏။
သူသည် ဇနီးအား အိမ်ထဲ၌ လှဲလျောင်းနိုင်ရန် ကူညီပေးပြီးနောက် သူမ၏ ဦးခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးလိုက်လေသည်...။
"မိန်းမ... အခု ဘယ်လိုနေသေးလဲ... ပင်ပန်းနေလား... ဗိုက်ကော ဆာလား..."
"မပင်ပန်းပါဘူး အာယဲ့ရယ်... အစ်ကို အဲဒီလောက်အထိ စိုးရိမ်မနေပါနဲ့... ကျွန်မ တကယ် နေလို့ ကောင်းပါတယ်..."
ထျန်ရှောင်ယာသည် သူ၏ ဂရုတစိုက်ရှိလှသော ပုံစံကို ကြည့်ရှုရင်း စိတ်မ ကောင်းဖြစ်မှုနှင့်အတူ နွေးထွေးမှုကိုပါ ခံစားလိုက်ရလေသည်...။
ဤဖြစ်ရပ်က သူ့အား တကယ်ပင် ထိတ်လန့်သွားစေခဲ့မှန်း သူမ သိနေခဲ့ပေ ၏။ ထို့ကြောင့် သူမက သူ့အား တမင်တကာပင် ခိုင်းစေလိုက်လေသည်...။
"အာယဲ့... ကျွန်မ ရေလေး သောက်ချင်လို့..."
"ကောင်းပြီလေ... အစ်ကို အခုပဲ ရေသွားနွှေးလိုက်မယ်နော်..."
ကျိုးချန်ယဲ့က အလျင်အစလို ထလိုက်ပြီး မီးဖိုချောင်သို့ သွားရန် ပြင်လိုက် လေသည်...။ မထွက်ခွာမီ သူက သူမအား ထပ်မံ မှာလိုက်လေ၏...။
"ခဏလောက် လှဲနေလိုက်ဦးနော်... လျှောက်မသွားနဲ့ဦး... အစ်ကို ခဏနေရင် ရေယူလာပေးမယ်..."
သူ၏ ဇနီးသည်က လိမ္မာစွာ ခေါင်းညိတ်ပြသည်ကို မြင်တွေ့ရသောအခါမှ သူ သည် စိတ်အေးသွားကာ မီးဖိုချောင်ထဲသို့ သွက်လက်စွာ လျှောက်လှမ်း ဝင်ရောက်သွားခဲ့လေတော့သည်။
ကျိုးချန်ယဲ့သည် အိုးအဖုံးကို မလိုက်ပြီး သူ၏ စိတ်ကူးလိုက်သည်နှင့် တစ် ပြိုင်နက် စနစ်နေရာလွတ်အတွင်းမှ အေးမြကြည်လင်သော ရေများကို အိုးထဲ သို့ လောင်းထည့်လိုက်လေသည်... ထို့နောက် မီးဖိုထဲသို့ ထင်းခြောက်အချို့ကို ထည့်လိုက်လေ၏။
သူသည် ကုလားထိုင်လေးပေါ်တွင် ထိုင်လျက် မီးခြစ်ဆံကို "ခြစ်" ခနဲ မြည် အောင် ခြစ်လိုက်ရာ လိမ္မော်ရောင် မီးတောက်များမှာ ထင်းစများကို "ဝူး" ခနဲ မြည်သံနှင့်အတူ ကူးခတ်သွားခဲ့ပြီး မီးဖိုမှာ ချက်ချင်းပင် နွေးထွေးလာခဲ့လေ တော့သည်။
"ချိုးချိုး... ကိုယ်ရေးအချက်အလက် မျက်နှာပြင်ကို ဖွင့်လိုက်စမ်း..."
"ဟုတ်ကဲ့ပါ သခင်..."
သူမ၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် ကျိုးချန်ယဲ့၏ ရှေ့တွင် အပြာနုရောင် ကြည်လင်သောသ မျက်နှာပြင်တစ်ခုမှာ ရုတ်တရက် ပေါ်ထွက်လာခဲ့လေ သည်...။
[ပိုင်ရှင် - ကျိုးချန်ယဲ့
လိင် - အမျိုးသား
အသက် - (၂၁) နှစ်
ရမှတ်များ - (၂၀) (အကြွေး ၂၂ မှတ် ရှိနေဆဲ)
စွမ်းရည်များ - မရှိသေးပါ
ဘဏ္ဍာရေး အရင်းအမြစ် - (၅၇,၇၇၂.၆၅) ယွမ်၊ ရှေးဟောင်းပစ္စည်းနှင့် ကျောက်မျက်ရတနာ အချို့၊ ပီကင်းရှိ ရှင်းဟွာ တက္ကသိုလ် အနီးရှိ ခြံဝင်း နှင့် အိမ်ကြီး၏ နောက်ဖေးခြံ။]
ဤကာလအတွင်း နေ့စဉ် စာရင်းသွင်းခြင်းမှ ရရှိသော ရမှတ်များအပြင် သူ သည် ရှောင်ယာ့အပေါ် ကြင်နာစွာ ဆက်ဆံသည့်အခါတိုင်း သို့မဟုတ် ကောင်း မှုပြုလုပ်သည့် အခါတိုင်းတွင်လည်း ရမှတ်များ တိုးပွားလာလေ့ ရှိလေသည်။
ပိုမို၍ တိတိကျကျ ပြောရပါလျှင် ကမ္ဘာကြီး၏ ဇာတ်လမ်းကြောင်းကို ပြင် ဆင်နိုင်သည့် အခါတိုင်းတွင် သူ၏ ရမှတ်များမှာ တိုးပွားလာခြင်း ဖြစ်ပေ၏။
သူသည် ဆေးရုံတွင် ရှိနေစဉ်ကပင် ဤစည်းမျဉ်းများကို နားလည်ခဲ့ခြင်း ဖြစ် လေသည်။
ထိုနေ့က သူသည် အရေးပေါ်ခန်းသို့ ပို့ဆောင်ခံရသော လူနာတစ်ဦးအား ကူညီ ပေးခဲ့သဖြင့် ရမှတ် (၁၀) မှတ် တိုးလာခဲ့လေသည်။
မူလ ဇာတ်ကြောင်းအရဆိုလျှင် ထိုလူနာမှာ အချိန်မီ ကုသမှု မခံယူနိုင်ခဲ့သဖြင့် မသန်မစွမ်း ဖြစ်သွားရမည် ဖြစ်သော်လည်း သူက ကူညီထူမပေးခဲ့ပြီး ဆေးရုံ သို့ အချိန်မီ ပို့ဆောင်ပေးခဲ့သဖြင့် အကောင်းဆုံး အခွင့်အရေးကို ရယူနိုင်ခဲ့ကာ ဇာတ်ကြောင်းကို ပြောင်းလဲပေးနိုင်ခဲ့ခြင်း ဖြစ်လေသည်...။
၎င်းမှာ ကမ္ဘာကြီး၏ လမ်းကြောင်းကို မှန်ကန်အောင် ပြင်ဆင်ပေးလိုက်ခြင်း ဟု သတ်မှတ်နိုင်ပေသည်။
ထို့နောက်တွင်မူ သူသည် သူ၏ ဇနီးသည်အတွက် စိုးရိမ်သဖြင့် ရမှတ်များကို အသုံးပြု၍ ကိုယ်ဝန်ထိန်းဆေး တစ်လုံးကို လဲလှယ်ခဲ့ရာ ရမှတ် (၅) မှတ် ကုန် ကျခဲ့လေ၏။ ထို့ကြောင့် ယခုအခါတွင် ရမှတ် (၂၀) သာ ကျန်ရှိတော့ခြင်း ဖြစ်ပေသည်။
*ဟင်း... စနစ်ကိုတော့ အကြွေး (၂၂) မှတ် ပေးဖို့ ကျန်နေသေးတာပဲ…*
ကျိုးချန်ယဲ့သည် ရေဆူလာသည်အထိ မီးဖိုဘေးတွင် စောင့်နေခဲ့လေသည်။ သူသည် ရေများကို ကြွေရည်သုတ် ခွက်တစ်ခုအတွင်းသို့ အမြန်ခပ်ထည့် လိုက်ပြီး သောက်ရန် အပူချိန် အနေတော် ဖြစ်မဖြစ် စစ်ဆေးပြီးနောက် အိပ် ခန်းရှိရာသို့ ယူဆောင်သွားခဲ့လေသည်။
တံခါးကို တွန်းဖွင့်လိုက်သောအခါ ထျန်ရှောင်ယာမှာ ဘေးစောင်းလျက် လှဲနေ သည်ကို မြင်တွေ့လိုက်ရလေသည်။ သူမ၏ မျက်တောင်လေးများမှာ ညင်သာ စွာ မှေးစင်းနေပြီး နှာခေါင်းလေးမှလည်း တိုးညှင်းသော ဟောက်သံလေးများ ထွက်ပေါ်နေကာ နှစ်ခြိုက်စွာ အိပ်ပျော်နေခဲ့လေပြီဖြစ်လေ၏။
သူသည် ခြေလှမ်းကို နှေးလိုက်ပြီး ကြွေရည်သုတ် ခွက်ကို ကုတင်ဘေးရှိ စားပွဲပေါ်တွင် တင်ထားလိုက်လေသည်... ထို့နောက် သူမအား စောင်ခြုံပေး လိုက်ပြီး သူမ၏ နဖူးပေါ်မှ ဆံနွယ်စလေးများကို သူ၏ လက်ချောင်းလေးများ ဖြင့် ညင်သာစွာ သပ်ပေးလိုက်လေသည်။
သူသည် ချစ်ခင်မြတ်နိုးစိတ်နှင့်အတူ ဘာမှမတတ်နိုင်သလို ပြုံးလိုက်မိလေ သည်...။
ဤကလေးမလေးမှာတော့ဖြင့်... သူမက မပင်ပန်းပါဘူးဟု အတင်းငြင်းဆိုနေ ခဲ့သော်လည်း ကုတင်နှင့် ထိလိုက်သည်နှင့် တစ်ပြိုင်နက် အိပ်ပျော်သွားခဲ့သည် မဟုတ်ပါလော။
သူသည် သူ၏ ဖိနပ်ကို တိတ်ဆိတ်စွာ ချွတ်လိုက်ပြီး ဇနီးဖြစ်သူ၏ ဘေးတွင် လှဲလျောင်းလိုက်ရာ သူမထံမှ ပျံ့လွင့်လာသော ဆပ်ပြာသီးနံ့ သင်းသင်းလေး ကို ရရှိလိုက်လေသည်။
ရက်အနည်းငယ်ကြာအောင် စိုးရိမ်စိတ်ဖြင့် ထိန်းထားခဲ့ရသော သူ၏ နှလုံး သားမှာ နောက်ဆုံးတွင် ငြိမ်သက်သွားခဲ့ပြီး အိပ်ငိုက်စိတ်များမှာလည်း သူ့ အားလွှမ်းမိုးလာခဲ့လေတော့သည်။
သူသည် ဇနီးဖြစ်သူ၏ ဘေးသို့ ပိုမို တိုးကပ်လိုက်ပြီး သူမ၏ ခါးကို အသာအ ယာ ဖက်ထားလျက် မကြာမီမှာပင် နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့လေတော့ သည်။
အမျိုးသားနေ့သို့ ရောက်ရှိလာသောအခါ ပတ်ဝန်းကျင်မှာ လင်းစပြုရုံသာ ရှိသေးပြီး ကောင်းကင်ယံမှာလည်း အရုဏ်ဦး အလင်းရောင်လေးများသာ ပေါ်ထွက်နေဆဲ ဖြစ်လေသည်။
ကျိုးချန်ယဲ့သည် သူ၏ ဇနီး၏ နားနားသို့ တိတ်ဆိတ်စွာ တိုးကပ်လိုက်ပြီး နူးညံ့ငြင်သာသော အသံဖြင့် ပြောလိုက်လေသည်...။
"ရှောင်ယာ... ထတော့... တီယန်မင် ရင်ပြင်ကို အလံတင်တာ သွားကြည့်ကြ ရအောင်..."
ထျန်ရှောင်ယာသည် သူမ၏ မျက်လုံးများကို ဝေဝေဝါးဝါးဖြင့် ဖွင့်လိုက်ပြီး သမ်းဝေလိုက်ကာ ထရန် ပြင်လိုက်ချိန်တွင် ကျိုးချန်ယဲ့က သူမအား ပြန်လည် ၍ ဖိထားလိုက်လေသည်...။
"ဖြည်းဖြည်းလုပ်ပါ... အအေးမိသွားဦးမယ်..."
သူသည် နောက်သို့ လှည့်ကာ ဗီရိုထဲမှ စစ်စိမ်းရောင် အင်္ကျီအသစ် တစ်ထည် ကို ယူ၍ သူမအား ဂရုတစိုက် ဝတ်ဆင်ပေးလိုက်လေ၏။
ဤအင်္ကျီမှာလည်း သူ၏ လက်ကျန်ငွေများထဲမှပင် ဖြစ်လေသည်... လွန်ခဲ့ သော ရက်အနည်းငယ်က သူသည် အပြင်သို့ ခေတ္တထွက်ကာ ကုန်တိုက်ကြီးမှ ဝယ်ယူလာဟန် ဆောင်ခဲ့ခြင်း ဖြစ်ပေ၏။
ထို့နောက် သူမ၏ ဘေးရှိ ဗီရိုအသေးလေးပေါ်တွင် တင်ထားသော ကြွေပန်း ကန်လုံးထဲမှ အငွေ့တထောင်းထောင်း ထနေသော အသားဖက်ထုပ် တစ်လုံး ကို ယူကာ သူမ၏ လက်ထဲသို့ ထိုးထည့်ပေးလိုက်လေသည်...။
"ဒါတွေက မနေ့က ကျန်တဲ့ အသားဖက်ထုပ်တွေလေ... အခုလေးတင် နွှေး ထားတာဆိုတော့ ပူပူနွေးနွေးလေး စားလိုက်ဦး..."
ထျန်ရှောင်ယာက တစ်လုပ် စားလိုက်ရာ အသားနံ့နှင့် ဂျုံနံ့များမှာ သူမ၏ ခံတွင်းအတွင်း၌ ပျံ့နှံ့သွားခဲ့ပြီး သူမအား ပျော်ရွှင်မှုကြောင့် မျက်လုံးလေးများ မှေးသွားစေခဲ့လေသည်...။
"အစ်ကိုလည်း စားဦးလေ..."
သူမက ပန်းကန်ထဲမှ အခြား ဖက်ထုပ်တစ်လုံးကို ယူကာ ကျိုးချန်ယဲ့၏ နှုတ် ခမ်းထံသို့ ကမ်းပေးလိုက်လေသည်။
ကျိုးချန်ယဲ့က ပြုံးလိုက်ပြီး အနည်းငယ် ကိုက်စားလိုက်လေသည်...။ သူသည် လက်တစ်ဖက်ဖြင့် ဇနီးဖြစ်သူ၏ လက်ကို ဆုပ်ကိုင်ထားပြီး အခြား လက်တစ် ဖက်ဖြင့်မူ သူမ၏ ခါးကို ညင်သာစွာ ထိန်းပေးထားခဲ့လေသည်။ သူ၏ နူးညံ့မှု များမှာ လျှံထွက်နေခဲ့ပေတော့သည်...။
"သွားကြစို့... အိုက်တန့်တို့က ဂိတ်ဝမှာ စောင့်နေကြပြီ..."
ခြံဝင်း၏ အဝင်ဝတွင် ဝမ်အိုက်တန့်၊ လျူကျန့်ကော်နှင့် လီဝေကျွင်းတို့မှာ ထွက်ခွာရန်အတွက် အဆင်သင့် ပြင်ဆင်ထားကြပြီး ဖြစ်လေ၏။
ဝမ်အိုက်တန့်သည် ၎င်းတို့ ထွက်လာသည်ကို မြင်လိုက်ရသည်နှင့် တစ်ပြိုင် နက် ရယ်မောလျက် နောက်ပြောင်လိုက်လေသည်...။
"လောင်ကျိုး... မင်းကတော့ မင်းမိန်းမကို အရုပ်ကလေးတစ်ရုပ်လိုပဲ အိတ်ထဲ ထည့်ပြီး ကာကွယ်ထားချင်နေတာလား..."
ကျိုးချန်ယဲ့က သူ့အား တစ်ချက် ကြည့်လိုက်ရာ သူ၏ နှုတ်ခမ်းထက်တွင် အပြုံးရိပ်တစ်ခုက ထင်ဟပ်နေခဲ့လေသည်...။
"ဒါကတော့ တစ်ယောက်တည်းဖြစ်နေပြီး ဂရုစိုက်ပေးမယ့်သူ မရှိတဲ့သူတွေ ထက်စာရင် အများကြီး ပိုကောင်းတာပေါ့လေ..."
လျူကျန့်ကော်နှင့် လီဝေကျွင်း : *မသိလိုက်ဘဲနဲ့ ကြားညှပ်ပြီး တိုက်ခိုက်ခံ လိုက်ရပြန်ပြီ...*
ထိုအရာကို ကြားလိုက်ရသောအခါ လျူကျန့်ကော်က ဝမ်အိုက်တန့်၏ အနာ ပေါ် ဆားဖြူးလိုက်လေသည်...။
"အိုက်တန့်... မင်းလည်း မြန်မြန် လူတစ်ယောက်လောက် ရှာလိုက်ဦးလေ... ဒါမှ နောက်တစ်ခါ အလံတင်တာ သွားကြည့်တဲ့အခါ မင်းအတွက် ပူပူနွေးနွေး ဖက်ထုပ်တွေ ယူလာပေးမယ့်သူ ရှိမှာပေါ့..."
လျူကျန့်ကော် : *ဒီနေ့တော့ ဒီဓားက ဝမ်အိုက်တန့်ဆီကို သေချာပေါက် ရောက်သွားရမယ်...*
ဝမ်အိုက်တန့်က သူ၏ ခေါင်းကို ကုတ်ကာ တဟားဟား ရယ်မောလိုက်လေ သည်...။
"ဟားဟား…ဘာတွေ အလောတကြီး လုပ်နေရမှာလဲ... ကံပါလာရင်တော့ ရောက်လာမှာပါပဲလေ..."
နံနက်ခင်း လေညင်းမှာ လူကို လန်းဆန်းစေလျက် ရှိနေခဲ့ပြီး လေထုအတွင်း၌ ပင် ပွဲတော်ရက်၏ အငွေ့အသက်များမှာ ပျံ့နှံ့နေခဲ့လေသည်။
ရင်ပြင်အတွင်းသို့ ရောက်ရှိသောအခါ လူအုပ်ကြီးဖြင့် ပြည့်နှက်နေပြီး အလံနီ များမှာလည်း လေထဲတွင် ဝဲနေခဲ့လေတော့သည်။
နိုင်ငံတော်သီချင်းသံ မြည်လာသည်နှင့် တစ်ပြိုင်နက် ကြယ်ငါးပွင့်အလံနီမှာ ဖြည်းညင်းစွာ တက်လှမ်းသွားခဲ့လေရာ လူတိုင်းမှာ မတ်တတ်ရပ်လျက် အလံ တိုင်ရှိရာသို့ လေးစားစွာဖြင့် အကြည့်များကို ပို့ဆောင်ထားခဲ့ကြလေသည်။
ထျန်ရှောင်ယာသည် သူမ၏ ဦးခေါင်းကို အနည်းငယ် မော့ထားလျက် သူမ၏ မျက်ဝန်းများမှာလည်း တောက်ပနေခဲ့ပေသည်။
ကျိုးချန်ယဲ့သည် သူမ၏ လက်ကို သူ၏ လက်အတွင်းသို့ တိတ်ဆိတ်စွာ ဆုပ် ကိုင်ထားလိုက်လေ၏။ သူ၏ လက်ဖဝါးမှ နွေးထွေးမှုမှာ သူမ၏ လက်ချောင်း လေးများဆီသို့ စီးဝင်သွားခဲ့ရာ သူမအား ဘေးကင်းလုံခြုံမှုကို ခံစားရစေခဲ့ လေသည်။
လျူကျန့်ကော်နှင့် လီဝေကျွင်းတို့မှာလည်း မတ်မတ်ရပ်လျက် အလေးပြုနေ ကြပြီး ၎င်းတို့၏ မျက်နှာများမှာလည်း တည်ကြည်လေးနက်နေခဲ့ကြလေ၏။
ပုံမှန်အားဖြင့် စနောက်တတ်သော ဝမ်အိုက်တန့်ပင်လျှင် သူ၏ ကလေးဆန် သော အပြုအမူများကို ဖျောက်ဖျက်လျက် နိုင်ငံတော်သီချင်းကို အတူတူ သီဆိုနေခဲ့လေရာ အခြေအနေမှာ တည်ကြည်လေးနက်ပြီး စိတ်အားထက် သန်ဖွယ်ရာ ကောင်းလှသော ပုံရိပ်တစ်ခု ဖြစ်နေခဲ့ပေတော့သည်။
အလံတင် အခမ်းအနား ပြီးဆုံးသွားပြီးနောက် လူတစ်စုမှာ လူအုပ်ကြီးနှင့် အတူ နောက်သို့ ပြန်လည် လျှောက်လှမ်းလာခဲ့ကြလေသည်။
တိတ်ဆိတ်သော လမ်းကြားလေးတစ်ခုအတွင်းသို့ ကွေ့ဝင်လိုက်သည်နှင့် တစ် ပြိုင်နက် ရှေ့မှ ထိတ်လန့်တုန်လှုပ်နေသော အော်ဟစ်သံတစ်ခုကို ရုတ်တရက် ကြားလိုက်ရလေသည်...။
"ကျွန်မရဲ့ ပိုက်ဆံအိတ်... သူခိုး... ကယ်ကြပါဦး..."
မီးခိုးရောင် အင်္ကျီဝတ်ထားသော အမျိုးသားတစ်ဦးမှာ ထိတ်လန့်တုန်လှုပ် လျက် ရှေ့သို့ အပြေးအလွှား ထွက်ပြေးနေသည်ကို မြင်တွေ့လိုက်ရပြီး သူ သည် စစ်စိမ်းရောင် ဂုန်နီအိတ်တစ်လုံးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလေ၏။
ပုခုံးအထိ ရှိသော ဆံပင်တိုလေးနှင့် ပိုလီစတာ ရှပ်အင်္ကျီကို ဝတ်ဆင်ထား သော အမျိုးသမီးတစ်ဦးမှာမူ အသက်ရှူသံများ ပြင်းထန်လျက် သူ၏နောက် မှ လိုက်လံ ဖမ်းဆီးနေခဲ့လေသည်။
သူမ၏ ဖိနပ်ဒေါက်များမှာ ကျွတ်ထွက်လုမတတ် ဖြစ်နေခဲ့ပြီး သူမ၏ အသံမှာ လည်း ငိုသံများ ရောယှက်လျက် တုန်ယင်နေခဲ့လေသည်...။
"သူခိုးကို ဖမ်းပေးကြပါဦး... သူ ကျွန်မရဲ့ ပိုက်ဆံတွေကို ခိုးသွားလို့ပါ..."
ဝမ်အိုက်တန့်မှာ လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး သူ၏ ရှေ့ရှိ လူကို ဘေးသို့ ဖယ် လိုက်ကာ အော်ဟစ်လိုက်လေသည်...။
"မပြေးနဲ့... ရပ်လိုက်စမ်း..."
ကျိုးချန်ယဲ့၏ မျက်နှာမှာ ချက်ချင်းပင် တင်းမာသွားခဲ့ပြီး သူ၏ ဇနီးအား ကာ ကွယ်ပေးလိုက်လေသည်...။ ထို့နောက် လူငယ်သုံးဦးမှာ တစ်ဦးကိုတစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြလေ၏။
လျူကျန့်ကော်နှင့် လီဝေကျွင်းတို့မှာ သူ၏နောက်မှ ထပ်ကြပ်မကွာ လိုက်ပါ သွားကြပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ရှေ့သို့ ပြေးထွက်သွားကြလေရာ လမ်းကြားလေးအတွင်း၌ အလျင်စလို ပြေးလွှားနေသော ခြေသံများမှာ ပဲ့တင် ထပ်သွားခဲ့လေတော့သည်။