← Chapters

အခန်း ၄၉

Vol. 5 Ch. 49

အခန်း ၄၉

Vol. 5 Ch. 49

အခန်း (၄၉) သူတို့တွေ တကယ်ကို ဖူးစာဆုံသွားကြပြီ

"ဒါပေါ့... ရဲဘော် ဘာကြိုက်တတ်သလဲ ဆိုတဲ့ အပေါ်မှာပဲ မူတည်ပါတယ်..."

ဝမ်အိုက်တန့်က ပြောလိုက်ပြီးနောက် မိမိကိုယ်တိုင် စကားပြောဆိုသည်မှာ ရုတ်တရက်ဆန်သွားမည်ကို စိုးရိမ်သဖြင့် အမြန်ပင် ဖြည့်စွက်ပြောလိုက်လေ သည်...။

သူ၏ ရိုးသားကာ အေးဆေးလှသော ပုံစံကို ကြည့်ရှုရင်း ထျန်လီလီ၏ အပြုံး မှာ ပိုမိုနက်ရှိုင်းသွားခဲ့လေ၏။ သူမသည် ထျန်ရှောင်ယာထံသို့ လှည့်ကာ မေး လိုက်လေသည်...။

"ရှောင်ယာ... ညီမလေးကော ဘာစားချင်သလဲ... အတူတူ ရွေးကြတာပေါ့... လူများတော့ အစုံ မြည်းစမ်းကြည့်လို့ ရတာပေါ့..."

"လီလီပဲ ဆုံးဖြတ်လိုက်ပါ... ညီမလေးကတော့ ဘာပဲဖြစ်ဖြစ် အဆင်ပြေပါ တယ်..."

ထျန်ရှောင်ယာသည် သူမ၏ လက်မောင်းကို ဆွဲကိုင်လိုက်ပြီး ဝမ်အိုက်တန့် အား အားပေးသည့် အကြည့်တစ်ချက်ကို တိတ်တဆိတ် ပို့သလိုက်လေသည် ...။

"ဒါပေမဲ့ ကျွန်မတို့ အာယဲ့ကတော့ ဝက်သားအမျှင်နှင့် ကြက်ဥ မှိုကြော်ရယ်... အာလူးအမျှင် ချဉ်စပ်ကြော်ရယ်ကို တကယ် ကြိုက်တာ... အဲဒီဟင်းတွေက တကယ်ကို ခံတွင်းမြိန်စေတယ်လေ..."

ကျိုးချန်ယဲ့ကလည်း ဝင်ရောက် ပြောဆိုလိုက်လေသည်...။

"ကျွန်တော့်အတွက် စိုးရိမ်မနေပါနဲ့... အားလုံးပဲ မိမိတို့ ကြိုက်တာကိုသာ မှာ ကြပါ..."

"ဟေ့... မင်းကော... ဝက်ဗိုက်သားနီချက်နဲ့ အသားလုံးတွေ အပြင် တခြား ဘာဟင်းတွေ ကောင်းမလဲဆိုတာ အကြံပေးပါဦး..."

"ဒါဆိုရင်တော့ ကြက်သားမှိုချက်ကို သေချာပေါက် မှာရမယ်..."

ဝမ်အိုက်တန့်သည် ချက်ချင်းပင် တက်ကြွသွားခဲ့ပြီး သူ၏ လေသံတွင်လည်း ဂုဏ်ယူရိပ်များ ပါဝင်နေခဲ့လေသည်...။

"ဒီ စားသောက်ဆိုင်က မှိုတွေဟာ တာရှင်းအန်းလင် တောင်တန်းက ထွက်တဲ့ မှိုခြောက်တွေလေ... ရေစိမ်ပြီးတဲ့အခါမှာ အသားဟင်းရည်တွေကို အကုန​ေ စုပ်ယူထားတာလေ... အရိုးကနေ အသားတွေ ပြုတ်ထွက်နေတဲ့အထိ ချက် ထားတဲ့ ကြက်သားနဲ့ တွဲဖက်လိုက်ရင်တော့ တကယ်ကို မွှေးကြိုင်နေတာပဲ..."

လျူကျန့်ကော်နှင့် လီဝေကျွင်းတို့ကလည်း ဝင်ရောက် ထောက်ခံလိုက်ကြ လေသည်...။

"ဟုတ်တယ်... ဟုတ်တယ်... ပြီးတော့ ဝက်သားချက်နဲ့ ခေါက်ဆွဲညှပ်လည်း ရှိသေးတယ်လေ... ခေါက်ဆွဲတွေက အသားဟင်းရည်တွေကို အကုန် စုပ်ယူ ထားတာဆိုတော့ ထမင်းနဲ့ နယ်စားရင် တကယ်ကို နူးညံ့ပြီး အရသာရှိတာ..."

ထျန်လီလီက ခေါင်းညိတ် ထောက်ခံလိုက်ပြီး စားပွဲထိုးအား ပြုံးလျက် ပြော လိုက်လေသည်...။

"ရဲဘော်... ကျွန်မတို့ ဝက်သားနီချက် တစ်ပွဲ၊ အသားလုံး တစ်ပွဲ၊ ကြက်သားမှို ချက် တစ်ပွဲနဲ့ ဝက်သားအမျှင်ကြော် တစ်ပွဲ မှာချင်ပါတယ်..."

"ပြီးတော့ အာလူးအမျှင် ချဉ်စပ်ကြော် တစ်ပွဲ၊ ငရုတ်သီးစိမ်းနဲ့ ကြက်ဥကြော် တစ်ပွဲ၊ ထမင်း လေးပန်းကန်နဲ့ ကြက်သွန်မြိတ် ကြက်ဥဖက်ထုပ် နှစ်ပွဲလည်း ပေးပါဦး... ကျေးဇူးတင်ပါတယ်ရှင်..."

"ကောင်းပါပြီ... ခေတ္တခဏ စောင့်ပေးကြပါ ရဲဘော်တို့... အားလုံးပေါင်း ခြောက်ယွမ် ရှစ်ဆယ်ဆင့် ကျသင့်ပြီးတော့ ရိက္ခာလက်မှတ် သုံးကျင်းလည်း ပေးရပါမယ်..."

စားပွဲထိုး၏ သွက်လက်သော အသံမှာ ပျောက်ကွယ်သွားခြင်း မရှိသေးမီမှာ ပင် သူ၏ ဘောပင်မှာ မှတ်စုစာအုပ်ပေါ်၌ အချက်အလက်များကို အလျင်စလို ရေးသားနေခဲ့လေပြီ ဖြစ်ပေသည်။

ထျန်လီလီသည် ငွေပေးချေရန် ပြင်လိုက်သော်လည်း ဝမ်အိုက်တန့်မှာ လျှပ်စီး ကဲ့သို့ မြန်ဆန်လှသော အပြုအမူဖြင့် သူ ကိုင်ဆောင်ထားသော ဂုန်နီအိတ် အတွင်းသို့ လက်လှမ်းနှိုက်ကာ ငွေနှင့် ရိက္ခာလက်မှတ်များကို စားပွဲထိုးထံသို့ အရင်ဆုံး ကမ်းပေးလိုက်လေတော့သည်။

ထျန်လီလီ၏ လက်မှာ ဂုန်နီအိတ်အတွင်း၌ပင် ရှိနေဆဲ ဖြစ်သော်လည်း သူမ မော့ကြည့်လိုက်ချိန်တွင် ငွေပေးနေသော ဝမ်အိုက်တန့်၏ ကျောပြင်နှင့် တိုးမိ သွားခဲ့လေတော့သည်။

သူမသည် ခေတ္တမျှ ကြောင်အသွားခဲ့ပြီးနောက် သူမ၏ ပါးပြင်လေးများမှာ ပူထူသွားခဲ့ကာ နားရွက်များမှသည် မေးစေ့အထိ နီမြန်းသွားခဲ့ရလေတော့ သည်။

သူမသည် နှုတ်ခမ်းကို တင်းကျပ်စွာ စေ့ထားမိပြီး သူမ၏ လက်ချောင်းလေး များသည်လည်း အိတ်အတွင်း၌ တင်းကျပ်နေခဲ့လေ၏။ သူမသည် ငွေများကို ပြန်လည် ပေးအပ်ချင်သော်လည်း လူအများ၏ ရှေ့တွင် ငွေများကို အပြန်အ လှန် တွန်းဖယ်နေခြင်းမှာ မသင့်တော်ဟု ခံစားလိုက်ရလေသည်...။

ထိုသို့ ပြုလုပ်ခြင်းမှာ ၎င်းတို့အကြား စိမ်းကားမှုကိုသာ ဖော်ပြရာ ရောက်ပေ လိမ့်မည်ပင်။

သူမသည် မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်သော်လည်း မကြာမီမှာပင် ပြန်လည် ပြေလျော့သွားခဲ့လေတော့သည်။

လူတစ်စုမှာ ပြတင်းပေါက်ဘေးရှိ စားပွဲတစ်ခုကို ရှာဖွေတွေ့ရှိကာ ထိုင်လိုက် ကြလေ၏။

ထျန်ရှောင်ယာသည် ရေနွေးအိုးကို မကာ ထျန်လီလီအတွက် ရေနွေးတစ်ခွက် ငှဲ့ပေးလိုက်လေသည်...။

"အစ်မလီလီ... ဒါက အစ်မ ပီကင်းကို ပထမဆုံးအကြိမ် ရောက်ဖူးတာ မဟုတ် လား... နောင်ကျရင် လည်ပတ်စရာ နေရာတွေကို သွားချင်တယ်ဆိုရင် ကျွန်မ တို့ ချိန်းပြီး အတူတူ သွားကြတာပေါ့..."

"ကျွန်မမှာ ကိုယ်ဝန်ကြီးနဲ့ဆိုတော့... နန်းတော်ဟောင်းတို့၊ နွေရာသီ နန်းတော် တို့နဲ့ ဝမ်ဖူကျင်း လမ်းမကြီးတို့လို နေရာတွေကို သွားဖို့ အခွင့်အရေး မရသေး တာနဲ့ အတော်ပဲပေါ့..."

"ကျေးဇူးတင်ပါတယ် ရှောင်ယာ..."

ထျန်လီလီက အမြန်ပင် ကျေးဇူးတင်စကား ပြောကြားလိုက်ရာ သူမ၏ မျက်ဝန်းများတွင်လည်း နွေးထွေးမှုများ ပြည့်နှက်နေခဲ့လေသည်...။

"အမှန်ကတော့ အိမ်ကနေ လက်ထပ်ဖို့ အတင်းအကျပ် တိုက်တွန်းနေတာကို စိတ်ညစ်လို့ ဒီကို လာခဲ့တာလေ... ကျွန်မရဲ့ ဦးလေးက စာရေးပြီး အမျိုးသား နေ့ အားလပ်ရက်မှာ ပီကင်းကို လာပြီး အလံတင်တာ ကြည့်ဖို့ ပြောတာနဲ့ လာဖြစ်ခဲ့တာလေ..."

"ကျွန်မ အလုပ်ကနေ ခွင့်ရက်နည်းနည်းယူထားတာဆိုတော့ ဒီမှာ ခဏ လောက် ထပ်နေပြီး ပတ်ဝန်းကျင်ကို လေ့လာဦးမလို့လေ... အဲဒီကျရင် ဆုံကြတာပေါ့..."

ဝမ်အိုက်တန့်က စကားဝင်၍ မပြောသော်လည်း စားပွဲပေါ်ရှိ ရေနွေးအိုးကို တိတ်ဆိတ်စွာ မယူကာ သူမ၏ ခွက်အတွင်းသို့ ရေနွေးများကို အခါအားလျော် စွာ ဖြည့်ပေးနေခဲ့လေသည်...။

သူက နူးညံ့သော အသံဖြင့် ပြောလိုက်လေ၏...။

"ရေနွေးက ပူနေသေးတယ်... ဖြည်းဖြည်းသောက်နော်..."

ထိုအရာကို မြင်တွေ့လိုက်ရသောအခါ ထျန်ရှောင်ယာက ပြုံးလျက် ပြန်လည် ပြောလိုက်လေသည်...။

"အစ်မလီလီ စိတ်မပူပါနဲ့... လာမယ့် ရက်အနည်းငယ်အတွင်းမှာ ပီကင်းမှာ ရှိ တဲ့ ပျော်စရာကောင်းတဲ့ နေရာအားလုံးကို ညီမလေး သေချာပေါက် လိုက်ပို့ ပေးပါ့မယ်... အိမ်က စိတ်ညစ်စရာတွေကို အကုန် မေ့သွားစေရမယ်လို့ အာမ ခံပါတယ်ရှင်..."

ထျန်လီလီက ခေါင်းညိတ်ပြလိုက်ပြီး ခွက်ကို ယူကာ တစ်ငုံ သောက်လိုက်လေ ၏။ သူမ မော့ကြည့်လိုက်ချိန်တွင် ဝမ်အိုက်တန့်၏ အကြည့်များနှင့် ဆုံတွေ့ သွားခဲ့လေတော့သည်။

သူ၏ မျက်ဝန်းများအတွင်း၌ တည်ကြည်လေးနက်မှု အချို့ ရှိနေခဲ့သဖြင့် သူမ ၏ နှလုံးသားမှာ လှုပ်ခတ်သွားခဲ့လေ၏။ သူမသည် ခေါင်းကို အမြန်ငုံ့လိုက်ပြီး သူမ၏ အင်္ကျီများကို ပြင်ဆင်နေဟန် ဆောင်လိုက်လေသည်။

သူမ ရှက်နေသည်ကို မြင်တွေ့လိုက်ရသဖြင့် ဝမ်အိုက်တန့်က ထပ်မံ၍ မမေး တော့ချေ။ သူသည် သူမ၏ ခွက်အတွင်းသို့ ရေထပ်ဖြည့်ပေးလိုက်ပြီးနောက် ကျိုးချန်ယဲ့နှင့် အခြားသူများထံသို့ လှည့်ကာ စကားပြောဆိုနေခဲ့လေသည်။

သို့သော်လည်း သူ၏ နားရွက်များကမူ ထျန်လီလီနှင့် ထျန်ရှောင်ယာတို့၏ စကားဝိုင်းကို တစ်လုံးမကျန် ကြားနိုင်ရန်အတွက် အာရုံစိုက်နေခဲ့လေတော့ သည်။

ကျိုးချန်ယဲ့က သူ၏ တံတောင်ဖြင့် သူ့အား အသာအယာ တို့လိုက်ပြီး တိုး ညှင်းသော အသံဖြင့် နောက်ပြောင်လိုက်လေသည်...။

"ဘာဖြစ်လို့လဲ... တခြားလူတွေ လက်ထပ်ဖို့ အတင်းအကျပ် အခိုင်းခံနေရတာ ကို ကြားတော့... မင်းလည်း စိတ်ကူးတွေ ပြောင်းသွားပြီလား..."

ဝမ်အိုက်တန့်၏ နားရွက်များမှာ ပူထူသွားခဲ့ပြီး သူ့အား စိုက်ကြည့်လိုက်သော် လည်း ပြန်လည်၍ မချေပခဲ့ချေ...။ သူသည် ခွက်ကို ယူကာ လက်ဖက်ရည်ကို သာ တစ်ငုံ သောက်လိုက်လေတော့သည်။

သူ၏ အကြည့်များမှာ မသိမသာပင် ထျန်လီလီထံသို့ ရောက်ရှိသွားခဲ့ရာ သူမ သည် ထျန်ရှောင်ယာနှင့် ပျော်ရွှင်စွာ စကားပြောနေသည်ကို မြင်တွေ့လိုက် ရသဖြင့် သူ၏ နှုတ်ခမ်းထောင့်များမှာလည်း သိသိသာသာပင် ကွေးညွတ်သွား ခဲ့လေတော့သည်။

"ရဲဘော်တို့ရေ... ဟင်းတွေ ရပါပြီ..."

စားပွဲထိုးက ကောင်တာအခြားတစ်ဖက်မှ လှမ်း၍ အော်ပြောလိုက်လေသည်။

ဝမ်အိုက်တန့်နှင့် အခြားသူများမှာ ချက်ချင်းပင် ထလိုက်ကြပြီး ဟင်းများ ထုတ်ယူသည့် နေရာသို့ လျှောက်သွားကြလေ၏။ အချို့က လင်ဗန်းကို သယ် ယူကာ အချို့ကမူ ပန်းကန်များကို ကိုင်ဆောင်လျက် တည်ငြိမ်စွာဖြင့် ပြန် လည် လျှောက်လှမ်းလာခဲ့ကြလေသည်။

ဟင်းပွဲအားလုံး စားပွဲပေါ်သို့ ရောက်ရှိလာသောအခါ ဝမ်အိုက်တန့်သည် ဝက်သားနီချက် ပန်းကန်ကို သူမ၏ ရှေ့သို့ ချက်ချင်းပင် တိုးပေးလိုက်လေ သည်...။

"ရဲဘော် ထျန်လီလီ... ဒါလေး မြည်းကြည့်ပါဦး... တကယ်ကို အရသာ ရှိတာ ဗျ..."

ထျန်လီလီသည် အသားတစ်တုံးကို ခပ်ယူကာ သူမ၏ ပါးစပ်ထဲသို့ ထည့် လိုက်လေ၏။ နူးညံ့ကာ ချိုမြိန်သော အသားဟင်းရည်မှာ သူမ၏ ခံတွင်း အတွင်း၌ အရည်ပျော်သွားခဲ့လေသည်...။

"တကယ်ကို အရသာ ရှိတာပဲ... ကျွန်မတို့ ဧည့်ဂေဟာက ထမင်းစားဆောင်မှာ လုပ်တဲ့ဟာထက် အများကြီး ပိုပြီး အရသာ ရှိတယ်..."

ချီးကျူးစကားကို ကြားလိုက်ရသောအခါ ဝမ်အိုက်တန့်၏ မျက်နှာမှာ ချက် ချင်းပင် နီမြန်းသွားခဲ့ပြီး တဟားဟားနှင့် ရယ်မောလျက် ပြောလိုက်လေ သည်...။

"အရသာ ရှိတယ်ဆိုရင်လည်း ပိုစားပါဦးဗျာ..."

ထိုအခါမှ သူသည် သူ၏ ပန်းကန်ကို ယူကာ ထမင်းများကို အားရပါးရ စား သောက်လိုက်လေတော့သည်။

သူ၏ အကြည့်များမှာ ထျန်လီလီထံသို့သာ အမြဲတစေ ရောက်ရှိနေခဲ့ပြီး သူမ အားရပါးရ စားသောက်နေသည်ကို ကြည့်ရှုရင်း သူကိုယ်တိုင် စားသောက်နေ ရသည်ထက်ပင် ပိုမို၍ ချိုမြိန်သော ခံစားမှုကို ရရှိနေခဲ့လေတော့သည်။

အားရပါးရ စားသောက်ပြီးနောက် လူတစ်စုမှာ စားသောက်ဆိုင်အတွင်းမှ ထွက်ခွာလာခဲ့ကြလေ၏။

ထျန်လီလီသည် သူမ၏ ဦးလေးအိမ်သို့ ပြန်ရတော့မည်ဖြစ်ရာ ကျိုးချန်ယဲ့က ဝမ်အိုက်တန့်အား သူမကို လိုက်လံ ပို့ဆောင်ပေးရန် အကြံပြုလိုက်လေသည်။ လျူကျန့်ကော်နှင့် လီဝေကျွင်းတို့ကလည်း ဝင်ရောက် ပြောလိုက်ကြလေ သည်...။

"အိုက်တန့်... မင်းပဲ ရဲဘော်ထျန်ကို လိုက်ပို့ပေးလိုက်ပါ... ဒါမှ လမ်းမှာလည်း စိတ်ချရတာပေါ့..."

ဝမ်အိုက်တန့်သည်လည်း ထိုကဲ့သို့ပင် စိတ်ကူးရှိနေခဲ့သဖြင့် အလျင်စလို ခေါင်းညိတ်လိုက်လေသည်...။

"ရဲဘော် ထျန်လီလီ... ကျွန်တော် လိုက်ပို့ပေးပါရစေ..."

ထျန်လီလီ၏ ပါးပြင်လေးများမှာ အနည်းငယ် နီမြန်းသွားခဲ့ပြီး တိုးညှင်းသော အသံဖြင့် သဘောတူလိုက်လေသည်။

ကျိုးချန်ယဲ့က ဝမ်အိုက်တန့်အား အားပေးသည့် အကြည့်တစ်ချက် ပေးလိုက် ပြီးနောက် သူ၏ ဇနီး၊ လျူကျန့်ကော်နှင့် လီဝေကျွင်းတို့အား ဦးဆောင်လျက် ရှေ့သို့ လျှောက်လှမ်းသွားခဲ့လေသည်...။ သူသည် ၎င်းတို့နှစ်ဦးအား သီးသန့် အချိန်လေးတစ်ခု ရရှိစေရန် တမင်တကာပင် ဖန်တီးပေးလိုက်ခြင်း ဖြစ်ပေ ၏။

၎င်းတို့နှစ်ဦးမှာ လမ်းပေါ်တွင် ဘေးချင်းယှဉ်လျက် လျှောက်လှမ်းနေကြပြီး အစပိုင်းတွင်မူ အနည်းငယ် စိမ်းကားနေကြသဖြင့် စကားများများ မပြောဖြစ် ခဲ့ကြချေ။

ထျန်လီလီက အရင်ဆုံး စကားစလိုက်လေသည်...။

"ရဲဘော် ဝမ်အိုက်တန့်... ဒီနေ့အတွက် တကယ်ကို ကျေးဇူးတင်ပါတယ်နော်... ကျွန်မရဲ့ အိတ်ကို ပြန်ရအောင် ကူညီပေးရုံတင်မကဘူး... ထမင်းလည်း ဒကာ ခံ ကျွေးသေးတယ်လေ..."

"ရပါတယ်... ဘာမှ မဟုတ်ပါဘူး..."

ဝမ်အိုက်တန့်က သူ၏ ခေါင်းအနောက်ဘက်ကို ကုတ်လိုက်ပြီး ခေတ္တမျှ တုံ့ ဆိုင်းနေခဲ့လေသည်... သူသည် ကြီးမားသော ဆုံးဖြတ်ချက် တစ်ခုကို ချလိုက် သည့်အလား ရပ်တန့်လိုက်ပြီး ထျန်လီလီအား တည်ကြည်လေးနက်စွာ ကြည့် လိုက်လေသည်...။

"ရဲဘော် ထျန်... လီလီ... ကျွန်တော်... ကျွန်တော် ပြောစရာ တစ်ခု ရှိလို့ပါ..."

ထျန်လီလီ ရပ်တန့်လိုက်ပြီး သူ့အား မျှော်လင့်ချက် အပြည့်ဖြင့် မော့ကြည့် လိုက်လေသည်...။

"ပြောပါဦး..."

"ကျွန်တော် ခင်ဗျားကို ပထမဆုံး မြင်လိုက်ရကတည်းက မင်းဟာ တကယ်ကို စိတ်ကောင်းရှိတဲ့သူ၊ ရိုးသားပြီး ချစ်စရာ ကောင်းတဲ့သူလို့ ထင်ခဲ့မိတာပါ..."

ဝမ်အိုက်တန့်က အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ရာ သူ၏ လေသံမှာ အ နည်းငယ် တုန်ယင်နေသော်လည်း အလွန်ပင် စိတ်ရင်းမှန်နေခဲ့ပေသည်...။

"ဒီနေ့ တစ်ဝက်လောက် အတူတူ ဖြတ်သန်းပြီးတဲ့နောက်မှာတော့ မင်းဟာ တကယ်ကို ကောင်းမွန်တဲ့ ရဲဘော်တစ်ယောက် ဖြစ်တယ်ဆိုတာ ပိုပြီး ခံစား လိုက်ရပါတယ်..."

"ကျွန်တော်... ကျွန်တော် ရဲဘော် ထျန်လီလီကို သဘောကျပါတယ်... ကျွန်တော့်ရဲ့ ချစ်သူ ဖြစ်ပေးနိုင်မလားဟင်..."

ထိုသို့ ပြောဆိုပြီးနောက် သူသည် သူ၏ လက်သီးကို စိုးရိမ်တကြီးဖြင့် တင်း ကျပ်စွာ ဆုပ်ကိုင်ထားမိပြီး ထျန်လီလီအား စိုက်ကြည့်နေခဲ့မိလေသည်။ သူမ ထံမှ ငြင်းပယ်သည့် စကားကို ကြားရမည်ကို သူ အလွန်ပင် ကြောက်ရွံ့နေခဲ့မိ ခြင်းဖြစ်လေ၏။

စိုးရိမ်စိတ်များကြောင့် သူ၏ နဖူးပြင်ပေါ်တွင် ချွေးစက်လေးများ ထွက်ပေါ်နေ သည်ကို မြင်တွေ့လိုက်ရသောအခါ ထျန်လီလီ၏ စိတ်နှလုံးအတွင်း နွေးထွေး သော အလင်းရောင်တစ်ခု ပေါ်ထွက်လာခဲ့ပြီး သူမ၏ ပါးပြင်လေးများမှာ လည်း နီမြန်းသွားခဲ့လေတော့သည်။

သူမသည် ညင်သာစွာ ခေါင်းညိတ်ပြလိုက်ပြီး သူမ၏ အသံမှာ တိုးညှင်းသော် လည်း ရှင်းလင်းနေခဲ့ပေသည်...။

"သဘောတူပါတယ်... ရဲဘော် ဝမ်အိုက်တန့်..."

သဘောတူပါတယ် ဟူသော စကားလုံးကို ကြားလိုက်ရသောအခါ ဝမ်အိုက် တန့် ၏ မျက်လုံးများမှာ ချက်ချင်းပင် ပြူးကျယ်သွားခဲ့ပြီး အံ့အားသင့်မှုနှင့် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်လျက် မေးလိုက်လေသည်...။

"မင်း... မင်း တကယ်ပဲ သဘောတူတာလားဟင်..."

ထျန်လီလီမှာ သူ၏ ပုံစံကြောင့် သဘောကျသွားပြီး ခေါင်းကို အားရပါးရ ညိတ်ပြလိုက်လေသည်... ။

"ဟုတ်ပါတယ်... ကျွန်မ သဘောတူပါတယ်... ရှင်ဟာ ဖြောင့်မတ်ပြီး ဂရုစိုက် တတ်တဲ့ ရဲဘော်တစ်ယောက်လို့ ကျွန်မ ထင်ပါတယ်... ရှင့်အနားမှာ ရှိနေရ တာ ကျွန်မ တကယ်ကို စိတ်အေးရပါတယ်..."

ဝမ်အိုက်တန့်မှာ ဝမ်းသာအားရ ဖြစ်သွားခဲ့ပြီး အလွန်အမင်း စိတ်လှုပ်ရှားနေ ခဲ့သဖြင့် ဘာပြောရမှန်းပင် မသိတော့ဘဲ တဟားဟားနှင့်သာ ရယ်မောနေခဲ့ လေတော့သည်။

ကြာမြင့်စွာ အချိန်ကြာပြီးနောက်တွင်မှ သူသည် ခေါင်းငုံ့ကာ ထျန်လီလီအား တိုးညှင်းစွာ ပြောလိုက်လေသည်...၊

"ဒါဆိုရင်... ကျွန်တော်... ကျွန်တော် မင်းကို အိမ်အထိ လိုက်ပို့ပေးပါ့မယ်..."

"ခစ်…"

ထျန်လီလီမှာ အားရပါးရ ရယ်မောမိသွားခဲ့ပြီး သူ့အား မျက်တောင်တဖျပ်ဖျပ် ခတ်ရင်း ကြည့်လိုက်လေသည်...။

"ကောင်းပါပြီရှင်..."

All Chapters