အခန်း ၉၀၁
Vol. 61 Ch. 901
အခန်း ( ၉၀၁ ) ကံကြမ္မာသားတော်ကို ကိုယ်တိုင်ဖန်တီးရန်။
ငယ်ရွယ်စဉ်တွင် မည့်သည့်လူငယ်က သွေးမဆူဘဲ ရှိမည်နည်း။
ထိုပါ့ယွိလည်း ထိုကဲ့သို့ ဖြစ်သည်။
ရေနက်မျိုးနွယ်ဟာ အခြားသူများ၏ အနိုင်ကျင့်ခြင်း အမြဲခံရပြီး ယင်းက ထိုပါ့ယွိ၏ နှလုံးသားထဲမှာ မီးတောက်ပမာ ဖြစ်နေပြီ။
ရေနက်မျိုးနွယ်က အဘယ်ကြောင့် ကျွန်မျိုးနွယ်ဖြစ်ပြီး ဖိနှိပ်ခံရရသနည်း။
ရေနက်မျိုးနွယ်ဝင်များမှာကော အသက်မရှိဘူးလား။
"မင်းက သတ္တိရှိသားပဲ။ ဒါပေမဲ့ စိတ်မကောင်းစရာက မင်းဟာ မိုက်မဲလွန်းတယ်"
ဆိုက်ကလော့တစ်ကောင်က သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ လေပြင်းများ တိုက်ခတ်လာခဲ့သည်။
"ဖူး"
ထိုပါ့ယွိ သွေးအန်ပြီး လွင့်စဉ်သွား၏။
"ရှောင်ယွိ"
ထိုပါ့လန်၏ လှပသော မျက်နှာကလေးက အမူအရာ ပျက်ယွင်းသွားခဲ့သည်။
"ဟမ့်၊ မင်း နားမထောင်ချင်ရင် မင်းရဲ့ ရေနက်မျိုးနွယ်တစ်ခုလုံးကို ငါသတ်ပစ်မယ်"
"ဘာပဲဖြစ်ဖြစ်၊ မင်းတို့ နိမ့်ကျတဲ့ကျွန်တွေက ပေါင်းပင်တွေလို အကြိမ်ကြိမ် ခုတ်ထွင်နေလည်း အသစ်ပေါက်နေဦးမှာပဲ"
ဆိုက်ကလော့တစ်ကောင်က သတ်ဖြတ်ချင်စိတ်ဖြင့် ပြောလိုက်သည်။
"သဘောတူတယ်၊ ငါတို့သဘောတူပါတယ်"
ရေနက်မျိုးနွယ်စုခေါင်းဆောင်လည်း ကြောက်ရွံ့တုန်လှုပ်စွာဖြင့် အမြန်ခေါင်းညိတ်လိုက်လေသည်။
ထိုပါ့လန်၏ မျက်လုံးများက နီမြန်းနေသည်။ သူမကို ဆိုက်ကလော့များက ဖမ်းခေါ်သွား၏။
အခြား အမျိုးသမီးတစ်စုလည်း ဖမ်းဆီးခံခဲ့ကြရသည်။
ဤဆိုက်ကလော့မျိုးနွယ်တွင် အရပ်အပုဆုံးတောင်မှ ဘီလူးငယ်တစ်ကောင်ကဲ့သို့ သုံးမီတာခန့် ရှိသည်။
ဖမ်းဆီးခံရသော ဤအမျိုးသမီးများအတွက် မည်သို့သော အိပ်မက်ဆိုးများကို ကြုံတွေ့ရမလဲဆိုတာ တွေးကြည့်ရန်ပင် မလွယ်ပေ။
ဆိုက်ကလော့များ၏ အကောင်အရွယ်အစားဖြင့် ယင်းက ရိုးရှင်းသော ညှဉ်းပန်းနှိပ်စက်မှုမျိုး မဟုတ်တော့ပါ။
နှလုံးသားတစ်ခုလုံး အေးစက်သွားစေမည့် အခြေအနေတစ်ခု ဖြစ်သည်။
"အစ်မလန်"
ထိုပါ့ယွိ ဒေါသတကြီး ကျုံးအော်လိုက်သည်။ သူ့မျက်လုံးများ အက်ကွဲလုနီးဖြစ်ပြီး သွေးမျက်ရည်ပင် စီးကျလာ၏။
ဒေါသနှင့် နာကျင်မှုတို့ ပြည့်နေသော သူ့နှလုံးသားက ပေါက်ကွဲတော့မည်။
"ဟင်း၊ ကလေး..."
ရေနက်မျိုးနွယ်စုခေါင်းဆောင်လည်း ခေါင်းယမ်းပြီး သက်ပြင်းချသည်။
"ငါသာ သန်မာမယ်ဆိုရင်..."
ထိုပါ့ယွိ အံကိုတင်းတင်းကြိတ်လိုက်သည်။
တိုင်းတစ်ပါးကဲ့သို့ ရက်စက်ကြမ်းကြုတ်သောအရပ်တွင်...
အားနည်းခြင်းက မိမိ၏ အပြစ်ပင်။
သင်သာ လုံလုံလောက်လောက် သန်မာနေသရွေ့ အထောက်အထား၊ အဆင့်အတန်း၊ အရင်းအမြစ်များ၊ အမျိုးသမီးများ၊ ဂုဏ်သိက္ခာနှင့် အရာအားလုံးကို ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။
"ငါ အရမ်း အားနည်းလွန်းတယ်"
ထိုပါ့ယွိ နာကျင်စွာ ရေရွတ်လိုက်သည်။
သူတို့ကျွန်မျိုးနွယ်များ၏ အရည်အချင်းက နိမ့်ကျလွန်းပေသည်။
ထို့အပြင်၊ သူတို့တွင် အရင်းအမြစ်အနည်းငယ်သာရှိပြီး ကောင်းမွန်သော ပညာရပ် သို့မဟုတ် ကျင့်စဉ်များမရှိပါ။
သူတို့အတွက် ထမြောက်ချင်လျှင် ကောင်းကင်ကိုတက်ခြင်းထက် ပို၍ ခက်ခဲသည်။
အင်မော်တယ်နယ်မြေကြီးတွင် သာမန်ကျင့်ကြံသူများတောင် သင်ကြားနိုင်သော ကျောင်းများနှင့် အဖွဲ့အစည်းအချို့ ရှိသည်။
သို့ရာတွင်၊ တိုင်းတပါးမှာတော့ မရှိပေ။
ရှိခဲ့လျှင်ပင် အရည်အချင်း၊ ခွန်အားနှင့် အဆင့်အတန်းရှိသူများသာ တက်ရောက်နိုင်သည်။
သူတို့ ကျွန်မျိုးနွယ်အတွက်တော့ လက်သမားအဖြစ် လုပ်ကိုင်ရန်ပင် အရည်အချင်း မပြည့်မီပေ။
ထိုအချိန်တွင်...
"ဝုန်း"
ကောင်းကင်နှင့် မြေပြင်ကြား၌ ထူးဆန်းသော ဖြစ်စဉ်များ ထပ်မံပေါ်ပေါက်လာပြန်သည်။
မိုင်ထောင်ချီဝေးသော ကောင်းကင်သင်္ချိုင်းတွင် လျှပ်စီးလက်ပြီး ကပ်ဘေးတိမ်တိုက်များ စုဝေးနေ၏။
"ကောင်းကင်သင်္ချိုင်းမှာ ဘာဖြစ်နေတာလဲ။ မကြာသေးခင်ကလည်း လှုပ်ရှားမှုတွေ အများကြီး ဖြစ်ခဲ့တာ၊ မဟုတ်မှလွဲ... တစ်ခုခု ဖြစ်သွားလို့များလား"
အနီးနားရှိ မျိုးနွယ်စုများနှင့် အင်အားစုအချို့က စတင် ဆွေးနွေးလာခဲ့ကြသည်။
ထိုပါ့ယွိလည်း ရှေ့ကို ရုတ်တရက် လှမ်းကြည့်လိုက်၏။
ကောင်းကင်သင်္ချိုင်း။
အမျိုးမျိုးသော မရဏ ဒဏ္ဍာရီများ ပြည့်နှက်နေသော ထူးဆန်းသည့် တားမြစ်နေရာ။
ထိုနေရာမှာ အလွန်အန္တရာယ်များသည်။ သို့သော်လည်း မယုံနိုင်စရာအခွင့်အလမ်းများနှင့် ကံကောင်းခြင်းတို့ ရရှိခဲ့သူတချို့ ရှိဖူး၏။
"ငါလည်းရနိုင်ရင်..."
ထိုပါ့ယွိ၏ မျက်လုံးများက ကြုံတောင့်ကြုံခဲ ခိုင်မာသော ဆုံးဖြတ်ချက်များဖြင့် တောက်ပလာခဲ့သည်။
သူ၏ လက်ရှိအခြေအနေအရ သူ့မှာ ကျင့်ခြင်းအရင်းအမြစ်များ ရှိ၊မရှိဟူသောအချက်ကို ဘေးဖယ်ထားလျှင်ပင်...
တစ်ဆင့်ချင်း လေ့ကျင့်သွားပါက နှစ်ပေါင်းများစွာ ကြာမြင့်မည် ဖြစ်သည်။
ဤအတွက် မြန်မြန်ဆန်ဆန် တိုးတက်လိုပါက တစ်ခုတည်းသောနည်းလမ်းမှာ လောင်းကြေးထပ်ပြီး ကြိုးစားကြည့်ရန်ပင်။
သူ အနိုင်ရပါက ထိုအချိန်မှစ၍ သခင်ဖြစ်လာမည်ဖြစ်ပြီး မျိုးနွယ်တစ်ခုလုံးကိုပင် နိမ့်ကျသော ကျွန်အဖြစ်မှလွတ်မြောက်ရန် ဦးဆောင်နိုင်လိမ့်မည်။
ရှုံးနိမ့်လျှင်ပင် အရေးမပါသော သူ့အသက်ကို ပေးလိုက်ရုံအပြင် ဘာမျှမရှိပါ။
"ဒီအတိုင်း နေနေမဲ့အစား ဘာကြောင့် လောင်းကြေးမထပ်ရမှာလဲ"
ထိုပါ့ယွိ၏ မျက်လုံးများက အရောင်လက်သွားသည်။
ညဉ့်နက်လာပြီ။
ထိုပါ့ယွိတစ်ဦးတည်း မျိုးနွယ်စုမှထွက်ခွာကာ ကောင်းကင်သင်္ချိုင်းဆီသို့ ပြေးသွားတော့သည်။
.............
ကောင်းကင်သင်္ချိုင်းရှိ မှောင်မိုက်သော ချိုင့်ဝှမ်းအတွင်းမှာ...
နတ်ဘုရားတစ်ပါး အိပ်စက်နေသကဲ့သို့ အဆုံးမဲ့ကစဉ့်ကလျားစွမ်းအင်များ တဟုန်ထိုးတက်ပြီး အမျိုးမျိုးသော နိယာမများလည်း ရောယှက်နေသည်။
တစ်ဖက်တွင် ကျွင်းရှောင်ယောက်၏ရုပ်သွင် ထွက်ပေါ်လာသည်။
သူ့ပုံရိပ်က အစစ်အမှန်မဟုတ်သလို အနည်းငယ်တော့ ဝေဝါးနေ၏။
ယင်းမှာ ကျွင်းရှောင်ယောက်၏ ရှေးဦးဝိညာဉ်မှ ပြောင်းလဲထားသောပုံစံ ဖြစ်သည်။
"အမှန်ပါပဲ၊ ဒီတစ်ခါ ရိတ်သိမ်းရတာက အရမ်းကောင်းတယ်။ ငါ့ရဲ့ ကျင့်ကြံခြင်းက အဓိပဓိတစ်ပိုင်းအဆင့်ကို ရောက်သွားပြီ"
ကျွင်းရှောင်ယောက် ရေရွတ်လိုက်သည်။
သိထားရမည်မှာ ကျွင်းရှောင်ယောက်က အသက်သုံးအောက်သာ ရှိသေးသည်။
ဤမျှငယ်ငယ်ရွယ်ရွယ်နှင့် အဓိပဓိတစ်ပိုင်းနယ်ပယ်သို့ ရောက်နေပြီ ဖြစ်သည်။
ယင်းက တကယ်ကို ထာဝရ၏ နံပါတ်တစ်ပင်။
ရှေးသမိုင်းကို ရှာကြည့်လိုက်လျှင်ပင် တစ်ဦး မတွေ့ရပေ။
ထိုမျိုးစေ့အဆင့် ပါရမီရှင်များပင်လျှင် အနည်းဆုံး ရာစုနှစ် အသက်နှစ်များ ရှိကြသည်။
နှစ်ထောင်ချီ အသက်ကြီးနေပြီဖြစ်သော လူများပင် ရှိ၏။
ကျင့်ကြံသူများ၏ သက်တမ်းအရ ဤအသက်မှာ အလွန်ငယ်ရွယ်ကြသည်။
သို့သော်လည်း ကျွင်းရှောင်ယောက်က ငယ်ရွယ်လွန်း၏။
အသက်တစ်ရာဖြစ်လျှင်ပင် ကျွင်းရှောင်ယောက်၏အသက်က ငယ်လွန်းနေသေးသည်။
"ဒါက အကန့်အသတ်တော့ မဟုတ်သေးဘူး။ အတွင်းစကြာဝဠာရဲ့ ချဲ့ထွင်မှုနဲ့အတူ ငါ တမင်တကာ လေ့ကျင့်ဖို့တောင် မလိုဘူး၊ ငါ့နယ်ပယ်က အလိုအလျောက် တိုးတက်လာလိမ့်မယ်"
ကျွင်းရှောင်ယောက်လည်း သက်ပြင်းချလိုက်သည်။ သူ့အရည်အချင်းကြောင့် ကိုယ်တိုင်ပင် အံ့အားသင့်သွားမိ၏။
သူ့အတွက်တော့ မလေ့ကျင့်ဘဲ အိပ်စက်နေလျှင်ပင်၊ ကြိုးကြိုးစားစား လေ့ကျင့်နေသူများထက် မနှေးသော အမြန်နှုန်းဖြင့် တိုးတက်နိုင်သေးသည်။
"ဒါ့အပြင် ငါ့ရဲ့ အတွင်းစကြဝဠာက နောက်ဆုံးမှာ ဖုန်မှုန့်ကမ္ဘာအဖြစ်ပြောင်းလဲသွားခဲ့တယ်"
နောက်ထပ်အချက်ကို ကျွင်းရှောင်ယောက် သတိပြုမိလိုက်သည်။
ယခင်က အဇူရာဧကရာဇ်၏ ရှင်းပြချက်ဖြင့်...
အတွင်းစကြာဝဠာတွင်လည်း အဆင့်များရှိသည်ကို နောက်ဆုံးတွင် နားလည်ခဲ့ပေသည်။
ဖုန်မှုန့်ကမ္ဘာ၊ ကမ္ဘာငယ်၊ အလယ်လတ်ကမ္ဘာ၊ မဟာကမ္ဘာ၊ စကြာဝဠာတစ်ခု၊ အပြိုင်စကြာဝဠာ စသည်ဖြင့်...
ယခင်က ကျွင်းရှောင်ယောက်၏ အတွင်းစကြာဝဠာသည် ဖုန်မှုန့်ကမ္ဘာတစ်ခုပင်မဟုတ်ပေ။ ၎င်းကို အတွင်းပိုင်း အာကာသအဖြစ်သာ မှတ်ယူနိုင်သည်။
ယခုမူကား၊ ကမ္ဘာ့သစ်ပင်၏ ထောက်ပံ့မှုအောက်တွင်...
ကျွင်းရှောင်ယောက်၏ အတွင်းစကြာဝဠာက အလင်းနှစ် ဆယ်နှစ်နှစ်ကျော်သွားပြီး လျင်မြန်စွာ ကျယ်ပြန့်လာကာ ဖုန်မှုန့်ကမ္ဘာအဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။
ယင်နှင့်ယန် နိယာမများထဲတွင် အမျိုးမျိုးသော နိယာမများလည်း ရှိ၏။
ကျွင်းရှောင်ယောက်က ယခုအခါ သတ်မှတ်ချက်အားလုံးကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
နှိုင်းယှဉ်ကြည့်လျှင်၊ သူ၏ မျိုးဆက်တူလူများက အတွင်းစကြာဝဠာကိုပင် မဖွင့်ရသေးပေ။
ကျွင်းရှောင်ယောက်က သူ့တစ်ခေတ်လုံးကို ကျော်လွန်သွားပြီ ဖြစ်သည်။
"ကစဉ့်ကလျား မိုးပြာရောင်ကြာပန်းနဲ့ တည်ဆောက်ထားတဲ့ ကစဉ့်ကလျားခန္ဓာ ခန္ဓာဖြစ်လာဖို့တော့ လနည်းနည်းလိုသေးတယ်"
"ဒါပေမဲ့ တာအိုရဲ့မူလနဲ့ ရှေးဟောင်းမြင့်မြတ်ခန္ဓာ ပေါင်းစပ်ထားတဲ့ မြင့်မြတ်ခန္ဓာတာအိုသန္ဓေတစ်ပိုင်း ခန္ဓာအဖြစ် လုံးလုံးလျားလျား ပေါင်းစပ်ဖို့က အချိန်သိပ်မကြာလောက်ဘူး"
ကျွင်းရှောင်ယောက် မှန်းဆလိုက်သည်။
သို့သော်လည်း ယင်းက သူ့အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်ချေသည်။
မည်သို့ပင်ဖြစ်စေ၊ ယင်းက သူ့ခန္ဓာဖြစ်ပြီး ပြောင်းလဲမှုမရှိပါ။
ကျွင်းရှောင်ယောက် သေမတတ် ပျင်းရိနေချိန်တွင်...
တစ်စုံတစ်ခုကို သတိပြုမိသွားသကဲ့သို့ သူ့မျက်လုံးများက အံ့အားသင့်သော အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။
'စိတ်ဝင်စားစရာပဲ၊ သေမျိုးခန္ဓာနဲ့ တစ်စုံတစ်ယောက်က ဒီတားမြစ်နေရာကို လာဝံ့မယ်လို့ မမျှော်လင့်ထားဘူး"
ကျွင်းရှောင်ယောက်ဟာ ဤတားမြစ်နယ်မြေ၏ အခြေအနေကို အပြည့်အဝ မသိသော်လည်း...
ဤနေရာသည် တိုင်းတစ်ပါး၌ ထာဝရ တားမြစ်ထားသည့် နေရာဖြစ်ကြောင်း သူသိသည်။
သို့သော်လည်း ထိုမျှ အလွန်အန္တရာယ်များသောနေရာကို သူတော်စင်နယ်ပယ်အောက်မှ လူငယ်တစ်ဦးက ဝင်လာဝံ့၏။
ယင်းက သေမင်းကို ခေါင်းလာခေါက်ခြင်းနှင့် မခြားပေ။
ကျွင်းရှောင်ယောက်လည်း နတ်ဘုရားစိတ်အာရုံနှင့် လူငယ်လေးကို ကြည့်လိုက်သည်။
ရေနက်မျိုးနွယ်မှ လူငယ်လေး ထိုပါ့ယွိ ဖြစ်ချေသည်။
သူ့မျက်နှာက သာမန်ဖြစ်သော်လည်း ပြတ်သားပြီး ဇွဲလုံ့လရှိသော အသွင်အပြင် ရှိသည်။
ထို့အပြင် သူ၏ ကျင့်ကြံခြင်းက သာမန်အဆင့်သာ ရှိသေးသည်။
"ဒါက..."
ကျွင်းရှောင်ယောက် တစ်ခုခုကို ခံစားလိုက်ရသည်။
ယင်းက ဇာတ်လိုက်ကျော်အဖြစ် စံသတ်မှတ်ခံရထားရသော ဇာတ်ကောင်မျိုး မဟုတ်လော။
တားမြစ်နယ်မြေထဲသို့ ဝင်ရောက်ကာ သေခြင်းတရားမှ ကပ်သီလေး လွတ်မြောက်ပြီးနောက် မထင်မှတ်ပဲ ရရှိခဲ့သော အခွင့်အရေးတစ်ခုဖြင့် ကောင်းကင်ကိုဆန့်ကျင်ကာ မဟာပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်လာခဲ့မည်။
သို့သော်လည်း သေချာတာကတော့ ထိုကောင်လေးဟာ ဤမျှကံကောင်းသူတစ်ဦး မဟုတ်ပါ။
သူဟာ လုံအိုထျန်း သို့မဟုတ် ဝမ့်ထန့်နှင့် မတူပေ။
"ဒီကောင်လေးက ဆွယ်တရားဟောဖို့အတွက် ကိုယ်စားလှယ်ကောင်းတစ်ဦးပဲ"
"ပြီးတော့ ကံကြမ္မာသားတော်ကို ကိုယ့်လက်နဲ့ ဖန်တီးရတာက တကယ် စိတ်ဝင်စားဖို့ကောင်းလိမ့်မယ်"
ကျွင်းရှောင်ယောက် ရေရွတ်လိုက်သည်။ ထို့အပြင် ယုံကြည်ခြင်း စွမ်းအားကို စုဆောင်းပြီး ယုံကြည်ခြင်းမျိုးစေ့ကို ရေလောင်းပေးရန်လည်း လိုသေးသည်။
သူ့အတွက် စစ်တုရင်တစ်ခု ချထားရန် အချိန်ကျပြီ ဖြစ်သည်။
ဤထိုပါ့ယွိက တကယ်ကို သင့်လျော်သော ကိုယ်စားလှယ်လောင်းတစ်ဦးပင်။