← Chapters

အခန်း ၉၀၄

Vol. 61 Ch. 904

အခန်း ၉၀၄

Vol. 61 Ch. 904

အခန်း ( ၉၀၄ ) ကျဆင်းသွားသော တော်ဝင်မိသားစု။

"ကောင်းကင်သင်္ချိုင်းရဲ့ နက်နဲရာအရပ်မှာ ဝင်ရောက်ရမှာလား"

ကျွင်းရှောင်ယောက် အနည်းငယ် အံ့အားသင့်သွားသည်။

ယခု သူရှိနေသည့် မှောင်မိုက်သောချိုင့်ဝှမ်းမှာကောင်းကင်သင်္ချိုင်း၏ အလယ်တွင် ဖြစ်နိုင်သည်။ အနက်ရှိုင်းဆုံးအပိုင်းကတော့ အမှန်တကယ် အဝေးမှာရှိဦးမည်။

ထို့အပြင် ကောင်းကင်သင်္ချိုင်း၏ နက်ရာအရပ်က အလွန်အန္တရာယ်များသော နေရာတစ်ခုဖြစ်ကြောင်း ထင်ရှားသည်။

အဓိပဓိများပင်လျှင် အလိုရှိသလို မဝင်ရောက်နိုင်ပါ။

သို့သော်၊ ကျွင်းရှောင်ယောက်ကတော့ ဂရုမစိုက်ပေ။

သို့ရာတွင် ယခုလောလောဆယ်မှာတော့ ခန္ဓာကိုယ်မရှိဘဲ သူ၏ဝိညာဉ်သက်သက်ဖြင့် ကောင်းကင်သင်္ချိုင်း၏ နက်နဲရာအရပ်သို့ ထိုးဖောက်ဝင်ရောက်ခြင်းက အနည်းငယ် အန္တရာယ်များသည်။

ထို့ကြောင့် သူ၏ရုပ်ခန္ဓာကို ပြန်လည်တည်ဆောက်ပြီးမှသာ ‌ဝင်ရောက်ရန် စီစဉ်ထားခဲ့သည်။

ထို့နောက် ကျွင်းရှောင်ယောက်လည်း သူ၏ရုပ်ခန္ဓာ ပြန်လည်ကောင်းမွန်လာမည့်အချိန်ကို တိတ်တဆိတ် စောင့်ဆိုင်းလိုက်လေသည်။

ထို့အပြင် သူ၏ ရှေးဦးဝိညာဉ်က လုံးဝပြန်လည်ကောင်းမွန်လာခဲ့သည်။

နောက်ဆုံးတွင်၊ အင်မော်တယ်ဝိညာဉ်ကျမ်းက အလှထုတ်ထားခြင်း မဟုတ်ပါ။ ၎င်းက ရုပ်ခန္ဓာနှင့် ရှေးဦးဝိညာဉ် နှစ်ခုစလုံးအတွက်အလွန်သန်မာသောာ ပြန်လည်ကောင်းမွန်နိုင်စွမ်း ရှိသည်။

ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်က ပြန်လည်ကောင်းမွန်လာသည်နှင့်အမျှ ပတ်ဝန်းကျင်မှ အရှိန်အဝါ ဖိအားများကလည်း ပို၍ အားကောင်းလာခဲ့သည်။

ကောင်းကင်သင်္ချိုင်းတစ်ခုလုံး ကစဉ့်ကလျား စွမ်းအင်များဖြင့် ပြည့်နေတော့သည်။

နောက်ဆုံးတွင် ဤလှုပ်ရှားမှုက တိုင်းတပါး၏ ဤ‌ဒေသရှိ တော်ဝင်မိသားစုအချို့ကို ဆွဲဆောင်နိုင်ခဲ့သည်။

စင်စစ်တွင် ကောင်းကင်သင်္ချိုင်းက ထာဝရတားမြစ်နေရာတစ်ခု ဖြစ်သည်။ ၎င်းက လှုပ်ရှားမှု ဖြစ်ပေါ်ခဲသောကြောင့် အာရုံအချို့ကို အလွယ်တကူဆွဲဆောင်နိုင်ခဲ့ပေသည်။

ကောင်းကင်သင်္ချိုင်းမှ မိုင်တစ်သောင်းခန့် ဝေးကွာသောအရပ်တွင် အလွန်ခမ်းနားထည်ဝါသော မြို့ကြီးတစ်မြို့ ရှိနေသည်။

ဤမြို့က လေနှင့် နှင်းများထဲတွင် ရှိနေပုံရ၏။ မြို့ရိုးက ရေခဲပြာရောင်ဖြစ်ပြီး နှစ်တစ်သောင်း ဆန်းကျယ်ရေခဲများဖြင့် ပြုလုပ်ထားသည်။

ဤနေရာသည်ကား တိုင်းတပါးရှိ ထိပ်တန်းတော်ဝင်မျိုးနွယ်တစ်ရာထဲမှ တစ်ခုဖြစ်သော ရေခဲဝိညာဉ်တော်ဝင်မိသားစု၏ နေရပ်ဖြစ်တော့သည်။

ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်၏ အတောက်ပဆုံးအချိန်က ထိပ်တန်းတော်မျိုးနွယ် ဆယ်ခုထဲတွင် တစ်ခု ဖြစ်ခဲ့သည်။

သို့သော်လည်း ကမ္ဘာနှစ်ခုကြားမှ စစ်ပွဲကာလတစ်ခုတွင်...

ရေခဲဝိညာဉ်မျိုးနွယ်က ကြီးမားသော ဆုံးရှုံးမှုကို ခံစားခဲ့ရပြီး ကျွမ်းကျင်သူများစွာ ကျဆုံးသွားရသည်။

အင်မော်တယ်တစ်ပိုင်း ရှေးဘိုးဘေးတစ်ဦးပင် ကျဆုံးသွားခဲ့၏။

ယင်းက ရေခဲဝိညာဉ် တော်ဝင်မျိုးနွယ်အတွက် ဆိုးရွားသော ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့ပေသည်။

ထိပ်တန်းတော်ဝင်မျိုးနွယ်ဆယ်စုမှ ထိပ်တန်းတော်ဝင်မျိုးနွယ် တစ်ရာ၏ အောက်ခြေအထိ ကျဆင်းသွားရသည်။

ဘိုးဘေးအချို့၏ အရိပ်နှင့် အမွေအနှစ်များအတွက်သာ မဟုတ်ပါက တော်ဝင်မျိုးနွယ်ဟူသော အဆင့်အတန်းကို ထိန်းသိမ်းရန်ပင် ခက်လိမ့်မည်။

ထို့ကြောင့် ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်ကို ကျဆင်းနေသော တော်ဝင်မျိုးနွယ်ဖြစ်သည်ဟု ဆိုနိုင်သည်။

ဤအခိုက်တွင်၊ မြို့လယ်ရှိ ရေခဲနန်းတော်အတွင်းမှာ...

ငွေရောင်ဆံပင်နှင့် လူလတ်ပိုင်းတစ်ဦး ပလ္လင်ပေါ်တွင် ထိုင်နေသည်။

အောက်မှာတော့ ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ် အကြီးအကဲများနှင့် စစ်သူကြီးများ ရှိ၏။

ထိုသူများကြားမှ အလယ်ဗဟိုတွင် ရပ်နေသူကတော့ အပြာရောင် နှင်းပွင့်ဝတ်စုံကို ၀တ်ဆင်ထားသော ချောမောလှပသည့် မိန်းကလေးတစ်ဦး ဖြစ်သည်။

သူမ၏ ပုံပန်းသဏ္ဍာန်အရတော့ အသက်ဆယ့်ရှစ်နှစ်ခန့်ရှိပြီ။

သို့သော်လည်း ကျင့်ကြံသူများ၏ အသက်ကို သူတို့၏ ရုပ်ရည်ကိုကြည့်ပြီး အကဲဖြတ်၍မရပေ။

အသက်တစ်ထောင်အောက် ကျင့်ကြံသူများကို အလွန်ငယ်သည်ဟု ဆိုနိုင်သည်။

ဤမိန်းကလေးတွင် နှင်းသားပမာ နူးညံ့ပျော့ပျောင်းသော ငွေရောင်ဆံပင်များ ရှိသည်။

သူမ၏ မျက်လုံးလေးများကလည်း ငွေရောင်သလင်း‌ကဲ့သို့ ကြည်လင်နေ၏။

ဖြောင့်စင်းသောနှာတံနှင့် ပတ္တမြားသဖွယ် အနီရောင် နှုတ်ခမ်းဖူးဖူးကလည်း ဘဲဥပုံ မျက်နှာလေးနှင့် လိုက်ဖက်စွာ ရှိနေသေးသည်။

သူမတွင် လူများကို ဖမ်းစားနိုင်ဆုံးအရာက ရေခဲနှင့် နှင်းများကဲ့သို့ ဖြူဖွေးကြည်လင်နေသော အသားအရည် ဖြစ်သည်။

ခြုံပြောရမည်ဆိုပါက၊ ရေခဲနှင့် ထွင်းထုထားသော ပန်းပုလက်ရာကဲ့သို့ လွန်စွာ လှပလေသည်။

"အဖေ၊ ချင်ရွယ်ကို ဘာဖြစ်လို့ ခေါ်တာလဲ"

ဖေးချင်ရွယ် အမည်ရှိသော ငွေရောင်ဆံပင်နှင့် မိန်းကလေးက ပြောလိုက်သည်။

"မကြာသေးမီက ကောင်းကင်သင်္ချိုင်းမှာ ထူးထူးခြားခြား တစ်ခုခုဖြစ်ခဲ့တယ်။ အဲဒီမှာ အခွင့်အလမ်းတစ်ခု ရှိနိုင်ပြီး မင်းရဲ့ ခန္ဓာကိုယ်ထဲက အေးစက်ရေခဲအရိုးကို ပြန်လည်ကောင်းမွန်စေဖို့ နည်းလမ်းကိုတောင် ရှာတွေ့ကောင်း ရှာတွေ့နိုင်တယ်"

ရေခဲဝိညာဉ်ကောင်းကင်အဓိပဓိက ပြောလိုက်သည်။

ဖေးချင်ရွယ်၏ဖခင် ရေခဲဝိညာဉ်ကောင်းကင်အဓိပဓိက တန်ခိုးကြီးမားသော ကောင်းကင်အဓိပဓိတစ်ဦး ဖြစ်၏။

သူကား ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်၏ လက်ရှိဘိုးဘေးလည်း ဖြစ်ချေသည်။

"ချင်ရွယ် နားလည်ပါတယ်"

ဖေးချင်ရွယ်က အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။ သို့သော်လည်း သူမ၏ အမူအရာက များစွာ ပြောင်းလဲမှုမရှိပါ။

သူမ မွေးဖွားစဉ်က သူ့ခန္ဓာကိုယ်ထဲတွင် အေးစက်ရေခဲအရိုးတစ်ချောင်း ရှိခဲ့သည်။

ဤအတွက် ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်မှ လူတိုင်းက ဖေးချင်ရွယ်ဟာ ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ် ထွန်းကားလာမှု၏ နိမိတ်လက္ခဏာဖြစ်သည်ဟု ယုံကြည်ခဲ့ကြသည်။

သို့သော်လည်း ကောင်းကင်က လူများကို လှည့်စားတတ်၏။

ဖေးချင်ရွယ်၏ အေးစက်ရေခဲအရိုးက မွေးကတည်းကပင် မပြည့်စုံဘဲ ကွဲအက်သွားခဲ့သည်။

ဤအရာက ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်မှ လူတိုင်းဟာ ဖေးချင်ရွယ်အပေါ် မျှော်လင့်ချက်များ ပုံချထားရာမှ စိတ်ပျက်ခြင်းအဖြစ်သို့ ပြောင်းလဲသွားစေခဲ့ပေသည်။

"ဒါ့အပြင် နောက်တစ်ခုရှိသေးတယ်"

ရေခဲဝိညာဉ်ကောင်းကင်အဓိပဓိက အနည်းငယ် တုံ့ဆိုင်းဟန်ဖြင့် ပြောလိုက်သည်။

အကြောင်းတစ်ခုခုကြောင့် ဖေးချင်ရွယ်၏ နှလုံးမှာ အခုန်မြန်သွား၏။

မကောင်းတာတစ်ခုခု ဖြစ်နေပြီ။

"ဟော့ယန်တော်ဝင်မျိုးနွယ်ရဲ့ မင်းသားယန်က မင်းကို သူ့ရဲ့ ကိုယ်လုပ်တော်အဖြစ် လက်ထပ်ချင်တယ်ဆိုတဲ့ သတင်း ပို့လိုက်တယ်"

ရေခဲဝိညာဉ်ကောင်းကင်အဓိပဓိက လေးလေးနက်နက် ပြောလိုက်သည်။

"အဖေ၊ ဒါကမဖြစ်နိုင်ဘူး"

ဖေးချင်ရွယ်၏ စိတ်ထဲတွင် တုန်လှုပ်သွားပြီး ချက်ချင်း ငြင်းဆိုလိုက်သည်။

မီးနှင့်ရေသည် သဘာဝအတိုင်း ဆန့်ကျင်ဘက် ဖြစ်၏။

ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်နှင့် ဟော့ယန်(မီးလျှံကျောက်)တော်ဝင်မျိုးနွယ်က အမြဲတမ်း ဆန့်ကျင်ဘက်များ ဖြစ်ခဲ့ကြပေသည်။

ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်၏ အထွတ်အထိပ်ကာလတွင် ဟော့ယန်မျိုးနွယ်ကို ခေါင်းမထောင်နိုင်သည်အထိ ဖိနှိပ်ခဲ့ကြသည်။

ရလဒ်အနေဖြင့် ယခု၊ ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ် ကျဆုံးသွားသောအခါ ဟော့ယန်မျိုးနွယ်က ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်ကို သဘာဝအတိုင်း တစ်ဖန် လွှမ်းမိုးလာတော့သည်။

ရေခဲဝိညာဉ်ကောင်းကင်အဓိပဓိလည်း လေးလေးပင်ပင် သက်ပြင်းချလိုက်သည်။

"အဲဒါက မီးလျှံကျောက်တော်ဝင်မျိုးနွယ် တစ်ခုတည်းဆိုရင် အဖေတစ်ယောက်‌အနေနဲ့ ဒါကို လုံးဝ လက်မခံပါဘူး"

"ဒါပေမဲ့... သူတို့က ဥဒေါင်းနက်မျိုးနွယ်နဲ့ အမှန်တကယ် ပတ်သက်ခဲ့ကြတယ်"

ရေခဲဝိညာဉ် ကောင်းကင်အဓိပဓိ၏ စကားက ဖေးချင်ရွယ်၏ ခန္ဓာကိုယ်ကလေးကို နေရာတွင် အေးစက်တောင့်တင်းသွား‌စေခဲ့သည်။

ဥဒေါင်းနက်မျိုးနွယ်...

ဤသည်မှာ ထိပ်တန်း တော်ဝင်မိသားစုဆယ်စုထဲမှ တစ်ခု ဖြစ်သည်။

ဥဒေါင်းနက်ဘုရင်က တိုင်းတစ်ပါးတွင် ကျော်ကြားသော အင်မော်တယ်တစ်ပိုင်း ကျွမ်းကျင်သူလည်း ဖြစ်၏။

ဥဒေါင်းနက်ဘုရင်သာ ဖောက်ထွင်းဝင်ရောက်ပြီး အင်မော်တယ်ဘုရင် ဖြစ်လာပါက၊ ဥဒေါင်းနက်မျိုးနွယ်သည်လည်း ယခင်ချီရှောင်းမျိုးနွယ်ကဲ့သို့ ဧကရာဇ်တစ်ပိုင်း မျိုးနွယ်အဖြစ် ချက်ချင်း ရာထူးတိုးသွားမည် ဖြစ်သည်။

ထိုကဲ့သို့ တန်ခိုးကြီးသော မျိုးနွယ်စုနှင့် ဆက်ဆံရေး ထူထောင်နိုင်ခဲ့မှတော့ ရေခဲဝိညာဉ် ကောင်းကင်အဓိပဓိ အကူအညီမဲ့နေသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။

နောက်ဆုံးတွင်၊ ဘယ်အဖေက သူ့သမီးကို တခြားသူ၏ မယားငယ်အဖြစ် ထားရှိချင်မှာလဲ။

"ချင်ရွယ်၊ ဒါက မင်းအတွက်သာမကဘဲ မျိုးနွယ်တစ်ခုလုံးအတွက်ပါ"

ရေခဲဝိညာဉ်ကောင်းကင်အဓိပဓိလည်း အကူအညီမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။

"ဟုတ်ပါတယ်၊ သခင်မလေး ချင်ရွယ်..."

ပတ်ဝန်းကျင်မှ အကြီးအကဲတချို့ကလည်း ဝင်ပြောကြ၏။

"ချင်ရွယ်ကို ခဏလောက် တစ်ယောက်တည်း နေခွင့်ပြုပါ..."

ဖေး‌ချင်ရွယ်လည်း သူမ၏ အနီရဲရဲ နှုတ်ခမ်းများကို ခပ်တင်းတင်းကိုက်လိုက်သည်။ နောက်တော့ ထိုနေရာမှ ထွက်ခွာသွားတော့သည်။

.............

ရက်အနည်းငယ်ကြာပြီးနောက် အဖွဲ့တစ်ဖွဲ့က ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်၏ မြို့တော်မှထွက်ခွာကာ ကောက်းကင်သင်္ချိုင်းသို့

သူတို့အပြင် ဤဒေသမှ အခြား‌ တော်ဝင်မျိုးနွယ်များကလည်း အဖွဲ့များကို စေလွှတ်ခဲ့၏။

ကောင်းကင်သင်္ချိုင်း၏ အပြောင်းအလဲများကို အလွန်သိချင်သောကြောင့် စုံစမ်းရန် လူများကို စေလွှတ်ခဲ့သော စစ်သူကြီးမျိုးနွယ်များပင် ရှိသေးသည်။

ဤသို့ ပြင်ပကမ္ဘာတွင် လှုပ်လှုပ်ရှားရှား ဖြစ်နေခြင်းကို၊ ခန္ဓာကိုယ် ပြန်လည်တည်ဆောက်ရန်သာ လုပ်ဆောင်နေသော ကျွင်းရှောင်ယောက်ကတော့ သဘာဝအတိုင်း မသိပါ။

.............

"ဝှစ်"

မီတာတစ်ထောင်ရှည်လျားသော ရွှေရောင်ဓားအလင်းတစ်ခုက မှောင်မိုက်သောချိုင့်ဝှမ်းတွင် လင်းလက်သွားခဲ့သည်။ ယင်းက အားကောင်းသော အငွေ့အသက်များကို သယ်ဆောင်လာပြီး ကောင်းကင်ကြီးကိုပင် ထက်ခြမ်းခွဲတော့မည့်ပုံရ၏။

"ဒါက ကောင်းကင်ဖျက်ဆီးခြင်းကျမ်းရဲ့ စွမ်းအားလား"

ကျွင်းရှောင်ယောက်၏ ရှေးဦးဝိညာဉ်က တဖြည်းဖြည်း စေ့ပိတ်သွားသော ဟင်းလင်းပြင်အက်ကြောင်းကိုကြည့်ကာ ရေရွတ်လိုက်သည်။

မဟာနတ်ဘုရားသိုင်းကြီး ငါးခုထဲမှ တစ်ခုအနေဖြင့် ကောင်းကင်ဖျက်ဆီးခြင်းကျမ်းက အမှန်တကယ် အစွမ်းထက်လွန်းပေသည်။

ယခုကဲ့သို့ အဓိပဓိတစ်ပိုင်းနယ်ပယ်မှ ကျွင်းရှောင်ယောက်က အသုံးပြုလာသောအခါမှာတော့ စွမ်းအားမှာ ပို၍ အားကောင်းလာခဲ့ရသည်။

"လက်ရှိ ငါဟာ အရင်တုန်းက ငါ့ထက် အများကြီး ပိုသန်မာလာခဲ့ပြီပဲ။ အတိတ်က ငါ့ကို လက်ရှိငါက အလွယ်တကူ ချေမှုန်းနိုင်ပြီလို့တောင် ပြောလို့ရတယ်"

အဓိပဓိတစ်ပိုင်းနယ်ပယ်သို့ ရောက်လာပြီးနောက် အကြောင်းရာတချို့ကို ကျွင်းရှောင်ယောက် ပို၍ သဘောပေါက်လာခဲ့သည်။

မိုးနှင့်မြေကြားမှ အတားဆီးများ ပျောက်ကွယ်သွားသလို ခံစားရ၏။

မဟာတာအိုကို သူ့လက်နှင့် ကိုယ်တိုင်ထိတွေ့နိုင်သကဲ့သို့ ဖြစ်သည်။

အဓိပဓိနယ်ပယ်ခုနစ်ခုမှ ကျွမ်းကျင်သူများသာ အတွင်းစကြာဝဠာကို စတင်တည်ဆောက်ရန် အရည်အချင်းပြည့်မီသည်မှာ အံ့သြစရာမဟုတ်တော့ပေ။

နောက်ဆုံးတွင်၊ ထိုနယ်ပယ်အောက်မှ လူများက နိယာမများကို နက်နက်နဲနဲ နားလည်မှုမရှိသလို အတွင်းစကြာဝဠာတစ်ခုကို ဖန်တီးနိုင်စွမ်းလည်း မရှိကြပါချေ။

"ငါက အဓိပဓိတစ်ပိုင်းနယ်ပယ်မှာပဲ ရှိသေးပေမဲ့ ငါ့ရဲ့လက်ရှိခွန်အားအရ ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ပြီးရင် အဓိပဓိတစ်ပိုင်းနယ်ပယ် ကြီးမားတဲ့ ပြီးပြည့်စုံခြင်းအဆင့်ကလူတောင် ဘာမှ လုပ်နိုင်မှာ မဟုတ်တော့ဘူး"

ကျွင်းရှောင်ယောက်လည်း သူ့ကိုယ်ပိုင် ခွန်အားကို အကဲဖြတ်လိုက်သည်။

အဓိပဓိနယ်ပယ်ခုနစ်တွင်၊ နယ်ပယ်ကြီးတစ်ခုကို ဖြတ်ကျော်ပြီး တိုက်ခိုက်ရန် မဆိုထားဘိ...

အဆင့်ငယ်တစ်ခုကို ခုန်ကျော်ရန်ပင် ကောင်းကင်ကို တက်လှမ်းရခြင်းထက် ပို၍ခက်ခဲသည်။

ဥပမာအားဖြင့်၊ အဓိပဓိတစ်ပိုင်း အစောပိုင်းမှ အလယ်အလတ်အဆင့်သို့...

ဤကွာဟာချက်မှာ သူတော်စင် အဆင့်ကိုးကိုးခု၏ နယ်ပယ်ကြီးများ ပေါင်းစပ်ထားသည့် စုပေါင်းအင်အားထက် များစွာပိုကြီးမားသည်။

ယင်းကပင် အဓိပဓိနယ်ပယ်မှာ အဆင့်ကျော်၍တိုက်ခိုက်ရန် ခက်ခဲရသည့် အကြောင်းရင်းတစ်ခု ဖြစ်တော့သည်။

သို့သော်၊ ကျွင်းရှောင်ယောက်ကဲ့သို့ ဘီလူးတစ်ကောင်ကို သာမာန်သဘောဖြင့် သတ်မှတ်၍မရပါ။

ကျွင်းရှောင်ယောက်လည်း သူ၏ခန္ဓာကိုယ် ပြန်လည်ကောင်းမွန်လာမည့်အချိန်ကို မစောင့်နိုင်တော့ပေ။

ဤနည်းဖြင့် သူဟာ ကောင်းကင်သင်္ချိုင်းမှ ပေါ်ထွက်လာပြီး တိုင်းတစ်ပါးမှ တန်ခိုးကြီးသူတစ်ဦး ဖြစ်လာနိုင်သည်။

သို့သော်လည်း ထိုအခိုက်တွင် ကျွင်းရှောင်ယောက်၏ ရှေးဦးဝိညာဉ်ခန္ဓာကိုယ်မှ ထူးဆန်းသော အလင်းတစ်ခု ထွက်ပေါ်လာသည်။

"နောက်ထပ် တိုင်းတပါး သတ္တဝါတွေ‌ ကောင်းကင်သင်္ချိုင်းကို ရောက်လာပြီ၊ ဒီတစ်ခါတော့ တော်ဝင်မျိုးနွယ်တွေပဲ"

All Chapters