← Chapters

အခန်း ၉၀၆

Vol. 61 Ch. 906

အခန်း ၉၀၆

Vol. 61 Ch. 906

အခန်း ( ၉၀၆ ) တုန်လှုပ်စရာကောင်းသော ရူပါရုံ။

မျက်စိတစ်မှိတ်အတွင်း လပေါင်းများစွာ ကုန်လွန်သွားခဲ့သည်။

ကောင်းကင်ဂူသင်္ချိုင်း၏ လှုပ်ရှားမှုက စစ်သူကြီးမျိုးနွယ်များနှင့် တော်ဝင်မျိုးနွယ် ပါရမီရှင်များစွာကို လာရောက်လေ့လာရန် ဆွဲဆောင်ခဲ့၏။

ဟုတ်သည်၊ သူတို့ထဲတွင် အများစုကတော့ ကောင်းကင်သင်္ချိုင်းထဲတွင် သေဆုံးခဲ့ကြရဆဲပင်။

ကျွင်းရှောင်ယောက် တည်ရှိသော အမှောင်ချိုင့်ဝှမ်းကို မည်သူမျှ အနှောင့်အယှက် မဖြစ်စေနိုင်ခဲ့ပါ။

"ဝုန်း"

ယနေ့တွင်၊ အမှောင်ချိုင့်ဝှမ်းအတွင်းမှ အားကောင်းသော ကစဉ်ကလျား လှုပ်ရှားမှုများ ရှိလာသည်။

လျှို့ဝှက်ဆန်းကြယ်ပြီး ရှုပ်ထွေးသော ကစဉ့်ကလျားနိယာမများလည်း ထွက်ပေါ်လာ၏။

"ပြီးတော့မယ်..."

ကစဉ့်ကလျား အခိုးအငွေ့များမှ ဖြစ်ပေါ်လာသော ပိုးအိမ်ကိုကြည့်ရင်း ကျွင်းရှောင်ယောက်၏ဝိညာဉ်မှာ ကျေနပ်စွာ ပြုံးလိုက်သည်။

ပုံစံအရ သူ့ထင်ထားသည်ထက် များစွာ ပိုအားကောင်းပုံရ၏။

ကျွင်းရှောင်ယောက်၏ ဝိညာဉ်က ထိုထဲသို့ တိုက်ရိုက် ဝင်ရောက်သွားတော့သည်။

"ဝုန်း"

ကောင်းကင်တွင် တိမ်မည်းကြီးများ စုဝေးပြီး မိုးကြိုးထစ်ချုန်းသံများ ကြားလာရ၏။

ဤရူပါရုံက ကောင်းကင်ဂူသင်္ချိုင်း၏ ပတ်ဝန်းကျင်မှာတင် ရပ်တန့်နေသည် မဟုတ်ပါ။

အမှန်မှာ၊ တိုင်းတပါးတစ်ခုလုံး၏ ကောင်းကင်ယံ၌ ထူးဆန်းသော သဘာဝဖြစ်စဉ်များ အနည်းနှင့်အများ ပေါ်လာခဲ့သည်။

ဘီလူးကြီးတစ်ကောင် မွေးဖွားလာသောကြောင့် ကမ္ဘာတစ်ခုလုံး သိသိသာသာ ပြောင်းလဲသွားရသကဲ့သို့ပင်။

"ဒါ…ဒီလို ရူပါရုံမျိုးက… ငါ့ရဲ့ တိုင်းတစ်ပါးမှာ အထူးတည်ရှိမှုတစ်ခု မွေးဖွားတော့မဲ့ အဓိပ္ပာယ်များ ဖြစ်မလား"

"မိုးနဲ့မြေမှာတောင် ပဲ့တင်ထပ်နေတာ၊ ဒါက တကယ်ပဲ ဘာလဲ။ နောက်ထပ် အင်မော်တယ်ဧကရာဇ်မျိုးနွယ်ရဲ့ မျိုးစေ့တစ်ဦး မွေးဖွားလာတော့မလို့များလား"

"သေချာတာပေါ့၊ ဒီကမ္ဘာမှာ နောက်ထပ် အစစ်အမှန်နဂါးတစ်ကောင် ပေါ်လာပြီ။ ဒီ‌မကောင်းဆိုးရွားက ငါတို့ တိုင်းတပါးအတွက် အများကြီး အကျိုးရှိလိမ့်မယ်"

မဟာပုဂ္ဂိုလ်ကြီးတချို့၏ နတ်ဘုရားစိတ်အာရုံများက အချင်းချင်း ဆက်သွယ်လိုက်ကြသည်။

သို့ရာတွင်၊ ဤသည်က တိုင်းတပါး၏ မကောင်းဆိုးရွား ပါရမီရှင်တစ်ဦး မွေးဖွားလာခြင်းဖြစ်မည်ဟု သူတို့အားလုံး ခံယူထားခဲ့ကြပေသည်။

"ကမ္ဘာမှာ နောက်ထပ် ဘီလူးတစ်ကောင် ပေါ်လာတော့မှာလား။ ဒါလည်းကောင်းတာပဲ၊ အင်မော်တယ်နယ်မြေကြီးရဲ့ ဒီမျိုးဆက်မှာ ဘီလူးတွေ အများကြီး ရှိကြတယ်"

ဖူမော့မျိုးနွယ် တည်ရှိရာအရပ်တွင်...

ဝိညာဉ်စွမ်းအင် ကြွယ်ဝသောအရပ်မှာ တင်ပျဉ်ခွေ‌ထိုင်နေသော ဖူယောင်က ကောင်းကင်မှ ထူးဆန်းသော သဘာဝရူပါရုံများကိုကြည့်ရင်း ရေရွတ်လိုက်သည်။

အမှန်အတိုင်းပြောရလျှင် ကျွင်းရှောင်ယောက်ကို အမှန်တကယ် သူကြောက်၏။

ရှန်းရွှီကမ္ဘာတွင် ရရှိခဲ့သော ဒဏ်ရာများက ယနေ့ထက်တိုင် ပြန်လည်ကောင်းမွန်ခြင်း မရှိသေးပါ။

"ဒါပေမဲ့ ကံကောင်းထောက်မလို့ ကျွင်းရှောင်ယောက် ကျဆုံးသွားခဲ့တယ်။ အကြီးမားဆုံး အန္တရာယ်မျိုးစေ့တစ်ခုလည်း ကျဆုံးသွားခဲ့ပြီ"

ထိုသို့တွေးမိတော့ သူ သက်ပြင်းချလိုက်မိ၏။

အကယ်၍ ဤဖြစ်စဉ်သာ ကျွင်းရှောင်ယောက်ကြောင့်ဖြစ်မှန်း ဖူယောင် သိခဲ့ပါက သူ့နှလုံးသား လုံးဝ ပြိုလဲသွားလိမ့်မည်။

အခြားတစ်ဖက်တွင်၊ တုရှန်တော်ဝင်မျိုးနွယ်မှာ...

ထိုထူးဆန်းသော ဖြစ်စဉ်ကို ချောက်ကမ်းပါးတစ်ခုပေါ်မှ မိန်းမလှတစ်ဦးက ရပ်ကြည့်နေသည်။

ထိုမိန်းကလေးက ကျောက်စိမ်းဖြင့် ထွင်းထု‌ထားသော ပန်းပုရုပ်တစ်ခုကဲ့သို့ ပြစ်မျိုးမှဲ့မထင်ပေ။

ဤသည်မှာ တုရှန်တော်ဝင်မျိုးနွယ်၏ တတိယမင်းသမီး တုရှန်ရှောင်ရှောင်း ဖြစ်သည်။

သူ့ရှေ့မှာလည်း အရပ်မြင့်မြင့် မိန်းကလေးတစ်ဦး ရပ်နေ၏။

သူမက အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း အလွန်ဟော့ပြီး ဆွဲဆောင်မှုရှိသော အသွင်အပြင်ကို ဖုံးကွယ်ထားနိုင်ခြင်းမရှိပေ။

ဖွံ့ဖြိုးလွန်းသော ရွှေရင်အစုံက အဝတ်အစားများကြားမှ အချိန်မရွေး ခုန်ထွက်လာတော့မည့်ပုံ ရသည်။

သို့ရာတွင် ခါးလေးကတော့ လက်တစ်ကိုင်စာ သေးသွယ်လှ၏။

နူးညံ့သော သူမ၏ တင်ပါးများကလည်း ရပ်နေသည့်တိုင် လှုပ်လှုပ်လှုပ်လှုပ် ဖြစ်နေသလို ထင်ရသည်။

အောက်စကတ် အက်ကွဲကြောင်းမှ ဖြူဖြူဖွေးဖွေး ပေါင်တံအစုံကိုလည်း မြင်ရသေးသည်။

တကယ်ကို ဟော့ပြီး လှပသော မိန်းကလေးတစ်ယောက် ဖြစ်သည်။

သူမ၏ နောက်ကျောဘက် ခါးနေရာမှာတော့‌ မီးတောက်များပမာ မြေခွေးအမြီးကိုးချောင်း ရှိ၏။ သူ့ဦးခေါင်းပေါ်တွင်‌လည်း မြေခွေးနားရွက်လေးနှစ်ခု ရှိနေသေးသည်။

ဘူးသီးခြောက်အိုးတစ်လုံးကိုလည်း ခါးမှာ ချိတ်ဆွဲထားသည်။

"ဘယ်လိုဘီလူးမျိုး မွေးဖွားလာတော့မှာလည်း မသိဘူး"

အနီရောင်ဝတ်စုံဝတ် မိန်းကလေးက ပျင်းရိဟန်ဖြင့် ပြောလိုက်သည်။ သို့ရာတွင် သူမ၏အသံမှာလည်း ဆွဲဆောင်မှုရှိပြီး နားထောင်ကောင်းလေသည်။

"ဘယ်လိုလဲ အစ်မ၊ အချစ်ကို တွေးနေမိတာလား"

တုရှန်ရှောင်ရှောင်း၏ မျက်နှာက ပြုံးယောင်သန်းသွားပြီး ပြောလိုက်သည်။

ဤအနီရောင်ဝတ်စုံဝတ် မိန်းကလေးက တုရှန်အလှလေးငါးဦးတွင် အကြီးဆုံးဖြစ်သော တုရှန်ယွဲ့ယွဲ့ ဖြစ်ချေသည်။

"ဟင်း၊ ငါလည်း အချစ်ကို စဉ်းစားမိပါတယ်။ ဒါပေမဲ့ ငါတို့ရဲ့ ခေတ်က ဘယ်သူ့ကိုမှ သဘောမတွေ့တာ စိတ်မကောင်းစရာပဲ"

တုရှန်ယွဲ့ယွဲ့က ခေါင်းယမ်းပြီး သက်ပြင်းချလိုက်တယ်။

သူမ၏ လက်ကောက်ဝတ်မှ အနီရောင်ကြိုးက မလှုပ်ရှားသေးပေ။

မှန်ကန်တဲ့လူနှင့် တွေ့မှသာလျှင် အနီရောင်ကြိုးက ကမ္မကြိုးနီကို လွတ်‌လိုက်မည် ဖြစ်သည်။

ယင်းက သူတို့လေ့ကျင့်ကြသော အင်မော်တယ်ကျမ်းနှင့်လည်း သက်ဆိုင်မှုရှိပေသည်။

ချစ်ခြင်းနှင့်အိပ်မက် အင်မော်တယ်ကျမ်း။

ဤအင်မော်တယ်ကျမ်းက အလွန်ထူးခြားသည်။

၎င်းက ‌တုရှန်မြေခွေးမျိုးနွယ်အတွက် ကောင်းချီးတစ်ခုဖြစ်သည့်အပြင်...

အိမ်ထောင်ရေးအတွက်လည်း အရေးပါသည်။

သင့်လျော်သောလူနှင့် လက်ထပ်နိုင်ပါက အင်မော်တယ်ကျမ်းမှာ တစ်ဆင့်မြင့်သွားပြန်သလို သူတို့၏အရည်အချင်းနှင့် ခွန်အားများမှာ အရည်အသွေးပိုင်း ပြောင်းလဲမှုများ ရှိလာလိမ့်မည်။

ဤအကြောင်းကြောင့်ပင် တုရှန်အလှလေးငါးဦးက ကံကြမ္မာရှိသူကို ရှာဖွေလိုခြင်း ဖြစ်သည်။

ဟုတ်ပေသည်၊ တုရှန်မြေခွေးမျိုးနွယ်ဝင်အများစုကတော့ ကံကြမ္မာရှိသူကို ရှာမတွေ့ခဲ့ကြပေ။

"တတိယညီမ၊ နင့်ရဲ့ ကမ္မကြိုးနီက လွှတ်လိုက်ပြီလို့ နင်ပြောခဲ့တယ်နော်။ အဲဒါက အင်မော်တယ်နယ်မြေကြီးက ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ပဲ ကျွင်းရှောင်ယောက်ပဲ"

တုရှန်ယွဲ့ယွဲ့က တုရှန်ရှောင်ရှောင်းကို မယုံနိုင်သော အမူအရာဖြင့် ကြည့်လိုက်သည်။

ကမ္မကြိုးနီက အင်မော်တယ်နယ်မြေကြီးမှ လူများထံ ဦးတည်သွားမည်ဟု သူမ မမျှော်လင့်ခဲ့ပေ။

"တကယ်ကို ကျွင်းရှောင်ယောက်က တုနှိုင်းမရတဲ့ လူတစ်ယောက်ပါပဲ။ သူ့အသွင်အပြင်က တုနှိုင်းမရတဲ့အပြင် သူ့ရဲ့ ခွန်အားကလည်း အင်မော်တယ်နယ်မြေကြီးမှာ ပြိုင်ဘက်ကင်းတယ်"

"အစတုန်းကတော့ ညီမလေး သူ့ကို ငါတို့ကမ္ဘာဆီ ပြန်ပေးဆွဲချင်ခဲ့ပေမဲ့ ကံမကောင်းချင်တော့ နောက်ဆုံးမှာ နတ်ဘုရားရဲ့ မိစ္ဆာအတွေးကို တံဆိပ်ခတ်ဖို့ သူ့ခန္ဓာကိုယ်ကို အသုံးပြုခဲ့တယ်"

"နောက်တော့ အင်မော်တယ်နယ်မြေကြီးရဲ့ လူတွေကပဲ သူ့ကို သတ်ပစ်လိုက်ကြတယ်"

တုရှန်ရှောင်ရှောင်းက သနားခြင်း အရိပ်အမြွက်တို့ဖြင့် ပြောလိုက်သည်။

နောက်ဆုံးတွင်၊ ထိုလူက သူမ၏မျက်လုံးထဲကို ဝင်နိုင်သည့် ပထမဆုံးယောက်ျားပင်။

"ဟင်း၊ စိတ်မကောင်းစရာပဲ။ ငါ့ညီမလေးရဲ့ စိတ်ဝင်စားမှုကို နှိုးဆွပေးနိုင်တဲ့ ယောက်ျားတစ်ယောက်ကို တွေ့ရဖို့က တကယ် ရှားတယ်။ သူ့အစွမ်းအစတွေကို ငါ တကယ်စမ်းသပ်ချင်မိပါတယ်"

တုရှန်ယွဲ့ယွဲ့က ပျင်းရိစွာ အကြောအချဉ်ဆန့်လိုက်သည်။

ထိုအခါ နဂိုကမှ လှပသော အကွေ့အကောက်များက ပိုမို ထင်ရှားလာပြီး အမျိုးသားထုကို နှာခေါင်းသွေးလျှံရုံသာမကဘဲ အတောင့်လိုက် ပန်းထွက်စေလောက်အောင် ဖြစ်လာတော့သည်။

တုရှန်ယွဲ့ယွဲ့၏ စကားကိုကြားတော့ တုရှန်ရှောင်ရှောင်း အနည်းငယ်ရှက်သွားသည်။

သူမ၏ အကြီးဆုံးအစ်မက အချို့သောကဏ္ဍများတွင် ဆန္ဒပြင်းထန်ကြောင်း သူ သိ၏။

သူမ၏အမြင်က မြင့်မားလွန်းသောကြောင့် ဖြူစင်သောဘဝတွင် ရှိနေသေးခြင်း ဖြစ်သည်။

သို့သော်လည်း ကျွင်းရှောင်ယောက် အသက်ရှင်နေသေးပါက တုရှန်ရှောင်ရှောင်းဟာ သူ့ကို မျက်နှာသာပေးလိမ့်မည်။

နောက်ဆုံးတွင်၊ ကျွ‌င်းရှောင်ယောက်က သန်မာသော အင်အားနှင့် သွေးရဲသည့် ရှေးဟောင်းမြင့်မြတ်ခန္ဓာ ဖြစ်သည်။

ယင်းက တုရှန်ယွဲ့ယွဲ့ကို စိတ်ကျေနပ်စေရန် လုံလောက်သည်ထက် ပိုလိမ့်မည်။

သို့သော် ယခုအခါမှာတော့ အရာအားလုံး ပျက်စီးသွားသဖြင့် တွေးကြည့်ရုံသာ ရှိတော့သည်။

"ဒါနဲ့ ငါတို့ ညီအစ်မငါးယောက်ရဲ လက်ထပ်မဲ့ရက်ကို သတ်မှတ်ပြီးပြီ။ အဲဒီအချိန်မှာ ဘယ်သူက ငါတို့ကို စိတ်ဝင်စားစေနိုင်မလဲ ကြည့်ကြတာပေါ့"

တုရှန်ယွဲ့ယွဲ့က ပြောလိုက်သည်။

တုရှန်ရှောင်ရှောင်းလည်း သက်ပြင်းချလိုက်လေသည်။

ဤသည်မှာ အကူအညီမဲ့သော လှုပ်ရှားမှုတစ်ခု ဖြစ်သည်။

သူတို့ညီအစ်မငါးဦးအတွက် တာအိုလက်တွဲဖော်များ လိုအပ်ပြီး နောက်ထပ် အချိန်မဆိုင်းနိုင်တော့ပေ။

"စကားမစပ်၊ မမယွဲ့၊ ပဉ္စမမြောက်ညီမလေး ပျောက်‌‌နေတာ ကြာပြီ မဟုတ်လား"

တုရှန်ရှောင်ရှောင်းက‌ မေးလိုက်သည်။

"ရှောင်ဝူ...သူက သတို့သားရွေးချယ်မှုကို ငြင်းဆိုလိုက်ရုံပါပဲ။ နောက်မှ လိုက်ရှာလိုက်မယ်"

တုရှန်ယွဲ့ယွဲ့က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ညီအစ်မငါးယောက်တွင် အငယ်ဆုံးဖြစ်သော ရှောင်ဝူက အနူးညံ့ဆုံးနှင့် အထူးခြားဆုံး ဖြစ်သည်။

ဖူမော့ တော်ဝင်မျိုးနွယ်နှင့် တုရှန်တော်ဝင်မျိုးနွယ်အပြင်...

တိုင်းတစ်ပါးမှ အခြား တော်ဝင်မျိုးနွယ်တချို့လည်း ကောင်းကင်မှ ဤထူးဆန်းသော ဖြစ်စဉ်ကို မြင်တွေ့ခဲ့ရသည်။

ဘီလူးတစ်ကောင် မွေးဖွားလာမည့်အတွက်လည်း သက်ပြင်းချခဲ့မိလေသည်။

အချို့ အင်မော်တယ်ဧကရာဇ်မျိုးနွယ်များက ဤထူးဆန်းသော ဖြစ်စဉ်များကို ဖြစ်ပေါ်စေသော ဘီလူးကို ရှာဖွေ၍ သူတို့ မျိုးနွယ်များသို့ စုဆောင်းရန် ကျွမ်းကျင်သူများကိုပင် စေလွှတ်ထားခဲ့သည်။

အင်မော်တယ်ဧကရာဇ်မျိုးနွယ်က သာမန် တိုင်းတပါး သတ္တဝါများအတွက်တော့ မော့ကြည့်ရုံသာ တတ်နိုင်သော‌ တောင်မြင့်ကြီးများ ဖြစ်၏။

သို့ပေမည့် သင့်တွင် မကောင်းဆိုးရွားဆန်သော အရည်အချင်းများ ရှိနေသရွေ့ အင်မော်တယ်ဧကရာဇ်မျိုးနွယ်က ရွေးချယ်ကာ လေ့ကျင့်ပေးခြင်းခံရမည် ဖြစ်သည်။

ကျွင်းရှောင်ယောက်ကတော့ တိုင်းတစ်ပါးတွင် ထိုသို့သော ခံစားချက်မျိုး ဖြစ်စေမိပြီအား သဘာဝအတိုင်း မသိခဲ့ပါ။

တိုင်းတပါး သတ္တဝါများသာ ဤအကြောင်းကို သိလိုက်ပါက...

မည်သူမျှ ယုံနိုင်ကြတော့မည် မဟုတ်ပေ။

အမှောင်ချိုင့်ဝှမ်းထဲမှာ...

"ဝုန်း"

ကစဉ့်ကလျားစွမ်းအင်များက ဒြပ်ပစ္စည်းဖြစ်သည်အထိ ပြောင်းလဲလာပုံရပြီး လေထဲတွင် ပြည့်သွားစေခဲ့သည်။

ကမ္ဘာဦးအစကဲ့သို့ တော်လည်းသံကြီးများလည်း ထွက်ပေါ်လာသည်။

ရုတ်တရက်၊ ပိုးအိမ်က တုန်လှုပ်သွားပြီး အက်ကွဲလာ၏။

ရှေးဦး ကစဉ့်ကလျားနတ်ဘုရား ရှင်ပြန်ထမြောက်လာသကဲ့သို့ အဖြူရောင်ဝတ်စုံဝတ် ရုပ်သွင်တစ်ခုက ပိုးအိမ်ကို ဖောက်ထွက်လာတော့သည်။

All Chapters