← Chapters

အခန်း ၉၀၇

Vol. 61 Ch. 907

အခန်း ၉၀၇

Vol. 61 Ch. 907

အခန်း ( ၉၀၇ ) ကောင်းကင်သင်္ချိုင်း၏ နက်နဲရာ။

မိုးနှင့်မြေက တုန်ခါပြီး ပဲ့တင်ထပ်နေသည်။

မဟာတာအို နိယာမများလည်း မရေမတွက်နိုင်အောင် ထွက်ပေါ်လာ၏။

ကစဉ့်ကလျားနိယာမများလည်း လေထဲတွင် ထွက်ပေါ်လာတော့သည်။

ဤချိုင့်ဝှမ်းသည် ရှေးအကျဆုံး ကစဉ့်ကလျားအဖြစ်သို့ ပြန်သွားပုံရသည်။

ကောင်းကင်သင်္ချိုင်းရှိ မိုးနှင့်မြေ၏ စွမ်းအင်အားလုံးက ဤနေရာတွင်စုဝေးလာပုံရ၏။

ကွဲအက်နေသော ပိုးအိမ်၏အလယ်တွင်...

သန့်ရှင်းသော အဖြူရောင်ဝတ်စုံဖြင့် ကျွင်းရှောင်ယောက်က ပိုးအိမ်ထဲမှ ထွက်လာခဲ့သည်။

ကစဉ့်ကလျားနိယာမများကတော့ သူ့ခန္ဓာကိုယ်ကို ရစ်ပတ်ထား၏။

သူ့အသွင်မှာ စကြဝဠာ၏ မူလအစမှ အေးအေးဆေးဆေး လျှောက်လှမ်းလာပုံရသည်။

ကစဉ့်ကလျားနိယာမများက သူ့ကို ရစ်ပတ်ထားသည်။

မရေမတွက်နိုင်သော ကမ္ပည်းများကလည်း သူ့ကိုဝန်းရံပြီး ကြယ်မြစ်ကဲ့သို့ စီးဆင်းကြ၏။

သူ ခြေတစ်လှမ်းလှမ်းတိုင်း သူ့ခြေထောက်အောက်က ဟင်းလင်းပြင်က ပြိုကျသွားရသည်။

ဤနေရာက ကစဉ့်ကလျားခန္ဓာ၏ ကြောက်စရာကောင်းသောစွမ်းအားကို ခံနိုင်ပုံမရပေ။

ဤမြင်ကွင်းက အလွန်ကြောက်စရာကောင်းသည်။

ဤနေရာတွင် အခြားသူများရှိပါက သူတို့ လွန်စွာ ထိတ်လန့်တုန်လှုပ်သွားလိမ့်မည်။

ကျွင်းရှောင်ယောက်၏ လက်ရှိနယ်ပယ်က အဓိပဓိတစ်ပိုင်း ဖြစ်သည်။

သို့ရာတွင် သူ့အရှိန်အဝါက အလွန်အားကောင်းပြီး သာမန်အဓိပဓိတစ်ပိုင်းများထက် များစွာ ပိုအစွမ်းထက်၏။

သာမန်အဓိပဓိများကိုပင် ကျော်လွန်နေပုံရပေသည်။

"မဆိုးဘူး"

ကျွင်းရှောင်ယောက်က သူ့လက်တစ်ဖက်ကို မြှောက်ပြီးကြည့်လိုက်သည်။ သူ့အသားအရည်က ဖြူဆွတ်နေပြီး နူးညံ့၏။

သူ့ခန္ဓာကိုယ်က မိုးနှင့်မြေ၏ ကစဉ့်ကလျားနိယာမမများ ပါဝင်နေသကဲ့သို့ အချိုးအစားကျသည်။

သူ့တွင် ကာယဗလကဲ့သို့ ဖုထစ်နေသော ကြွက်သားများမရှိပေ။

သို့ရာတွင် ရှေးဟောင်းကြယ်တစ်ပွင့်ကိုတောင် လက်သီးတစ်ချက်ဖြင့် ဖျက်ဆီးနိုင်မည်ဟု သူ ခံစားနေခဲ့ရသည်။

ခန္ဓာကိုယ်အင်အားချင်း နှ်ိုင်းယှဉ်ပါက ကစဉ့်ကလျားခန္ဓာမှာ ရှေးဟောင်းမြင့်မြတ်ခန္ဓာထက် အမှန်တကယ် အားမနည်းပေ။

အတိအကျပြောရလျှင် ကျွင်းရှောင်ယောက်၏ ခန္ဓာက ကစဉ့်ကလျားခန္ဓာမဟုတ်ပါ။

သို့ရာတွင် အဇူရာဧကရာဇ်ကဲ့သို့ သူ့ခန္ဓာက ကစဉ့်ကလျားခန္ဓာ၏ စွမ်းရည်များ အကုန်ရှိသည်။

နှိုင်းယဉ်ကြည့်လျှင် ရွှေကျီးကန်း၏ ဒသမမင်းသား၏ မပြည့်စုံသော ကစဉ့်ကလျားခန္ဓာက အမှိုက်တစ်စထက် မပိုပေ။

ယခုအခါ ကျွင်းရှောင်ယောက်က ရွှေကျီးကန်းဒသမမင်းသား၏ ကစဉ့်ကလျားခန္ဓာကို လက်သီးတစ်ချက်ဖြင့် ချေမှုန်းနိုင်ပြီ ဖြစ်သည်။

"ငါ့အရင် ကစဉ့်ကလျားခန္ဓာနဲ့ တွေ့ရနိုင်ဦးမလား မသိဘူး"

ကျွင်းရှောင်ယောက် တစ်ချက်ပြုံးလိုက်သည်။

အင်မော်တယ်နယ်မြေကြီးတွင် မွေးဖွားမလာသေးသော ကစဉ့်ကလျားခန္ဓာ မျိုးစေ့တစ်ခုရှိကြောင်း သူသိ၏။

ထို့အပြင်၊ ထိုသူက ရှေးဦးအင်ပါယာမြို့တော်တွင် ယွိချန်ကျွမ့်ကိုဖမ်းဆီးရန် ချိုင်ကျိနှင့် အခြားသူများကို စေခိုင်းခဲ့သူဖြစ်မည်ဟု သူ ခန့်မှန်းမိသည်။

ထိုသူက အမှန်တကယ် ကစဉ့်ကလျားခန္ဓာ ဖြစ်လိမ့်မည်။

နောက်ဆုံးတွင် ထိုက်ယင်မြင့်မြတ်ခန္ဓာက ကစဉ့်ကလျားခန္ဓာအတွက် အလွန်အကျိုးရှိသည်။

ဟုတ်ပေသည်၊ ကျွင်းရှောင်ယောက်က ယခုအခါ တိုင်းတပါးမှာ ရှိနေသောကြောင့် အများကြီး ကြိုတွေးနေစရာမလိုသေးပေ။

"မြင့်မြတ်ခန္ဓာတာအိုသန္ဓေတစ်ပိုင်း ခန္ဓာ‌ကတော့ အပြည့်အဝ အသွင်ပြောင်းဖို့ လိုသေးတယ်"

ကျွင်းရှောင်ယောက်က အဆုံးမဲ့အလင်းများ ဖုံးလွှမ်းနေသော အခြားပိုးအိမ်ကို ကြည့်လိုက်သည်။

ရှေးဟောင်းမြင့်မြတ်ခန္ဓာက အပြည့်အဝ ပြန်လည်ပြုပြင်ပြီးပြီဖြစ်သော်လည်း တာအို၏မူလနှင့် ပေါင်းစပ်ထား၏။

ထို့ကြောင့် မြင့်မြတ်ခန္ဓာတာအိုသန္ဓေတစ်ပိုင်းခန္ဓာ ဖြစ်လာရန် အသွင်ပြောင်းရန်အတွက် အချိန်ကာလတစ်ခု လိုအပ်သည်။

အချိန်မည်မျှကြာမည်ကိုတော့ ကျွင်းရှောင်ယောက်လည်း မသိပေ။

ထို့နောက် ကျွင်းရှောင်ယောက်က သူ့လက်ကိုဝှေ့ယမ်းကာ တားမြစ်အင်မော်တယ် စတုတ္ထတံဆိပ်ဖြင့် မှောင်မိုက်သောချိုင့်ဝှမ်းတစ်ခုလုံးကို တံဆိပ်ခတ်ထားလိုက်သည်။

မည်သို့ပင်ဆိုစေ၊ ဤသည်က ကောင်းကင်ဂူသင်္ချိုင်း၊ ထာဝရ တားမြစ်နယ်မြေဖြစ်ပြီး လူသူအရောက်အပေါက် အလွန်နည်းသောကြောင့် တစ်စုံတစ်ဦးမှ ရှာတွေ့သွားမည်ကို သူမကြောက်ပေ။

"အပြင်ထွက်ဖို့ အချိန်ကျပြီ၊ ကစဉ့်ကလျားခန္ဓာရဲ့ ကြံ့ခိုင်မှုကိုလည်း စမ်းသပ်ဖို့ အချိန်တန်ပြီပေါ့။ ဒါပေမဲ့ ဒီမတိုင်ခင်မှာ ကောင်းကင်သင်္ချိုင်းရဲ့ နက်နဲရာကို ဝင်ရဦးမယ်"

ကျွင်းရှောင်ယောက်က သူ့မှာ လက်မှတ်ထိုးဝင်ရန် အခွင့်အရေးရှိနေသေးတာကို မမေ့ပါ။

ယခု သူရှိနေသော မှောင်မိုက်သောချိုင့်ဝှမ်းမှာ ကောင်းကင်ဂူသင်္ချိုင်း၏ အလယ်တွင် ဖြစ်သည်။

ကျွင်းရှောင်ယောက်လည်း လေထဲသို့ ခြေတစ်ချက်လှမ်းကာ ကောင်းကင်သင်္ချိုင်း၏ နက်နဲရာဆီသို့ ပြေးသွားတော့သည်။

လမ်းတစ်လျှောက်တွင် မပြည့်စုံသော သတ်ဖြတ်ခြင်း ဝင်္ကပါများ၊ ဟင်းလင်းပြင် အက်ကြောင်းများ၊ ထူးဆန်းသော မြူများ စသည်တို့ အများအပြား ရှိခဲ့သည်။

သို့သော်လည်း ကျွင်းရှောင်ယောက်ကတော့ အားလုံးကို လျစ်လျူရှုခဲ့၏။

ကစဉ့်ကလျားနတ်ဘုရားဘုရင်ကဲ့သို့‌ ခြေတစ်လှမ်းဖြင့် အရာအားလုံးကို ဖျက်ဆီးကာ‌ ရှေ့ဆက်ခဲ့ပေသည်။

သို့သော်လည်း သင်္ချိုင်း၏ နက်နဲရာသို့ ပိုရောက်လာလေ... ပို၍ မှောင်မိုက်လာလေဖြစ်ကြောင်း ခံစားခဲ့ရသည်။

နောက်ဆုံးတွင်၊ ကောင်းကင်ဘုံသင်္ချိုင်း၏ နက်နဲရာသို့ ကျွင်းရှောင်ယောက် ရောက်လာခဲ့၏။

ဤနေရာတွင် အမှောင်ထုက အလွန်သိပ်သည်းပြီး အခိုးအငွေ့အဖြစ်သို့ပင် ပြောင်းလဲသွားသည်။

တိုင်းတစ်ပါးမှ ကျွမ်းကျင်သူများသည်ပင် ဤအမှောင်ထု၏ တိုက်စားမှုကို မခံနိုင်ဘဲ ရူးသွပ်သွားလိမ့်မည်။

ဤသည်ကလည်း ကောင်းကင်သင်္ချိုင်းရဲ့ နက်နဲရာကို လုံးဝ တားမြစ်ထားပြီး မည်သူမှ မဝင်ရဲသည့် အကြောင်းရင်းတစ်ခု ဖြစ်သည်။

သို့ရာတွင်၊ ကျွင်းရှောင်ယောက်ကတော့ မတူပါ။

သူ၏ အတွင်းစကြာဝဠာတွင် အလွန်မှောင်မိုက်ပြီး လျှို့ဝှက်ဆန်းကျယ်သော သွေးတစ်စက် ရှိသည်။

ဤသည်မှာ စနစ်ကပေးထားသော ကြယ်ဆယ်ပွင့်ဆုလာဘ် ဖြစ်၏။

အကယ်၍ ကျွင်းရှောင်ယောက် လိုအပ်ပါက၊ ထိုအနက်ရောင်သွေးကို သူ့ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်ကာ မှောင်မိုက်သောအခြေအနေသို့ ဝင်ရောက်နိုင်သည်။

ကျွင်းရှောင်ယောက်က ဤအမှောင်မြူများကို ခုခံနိုင်ခြင်းမှာ သဘာဝအတိုင်း ထိုအနက်ရောင်သွေးတစ်စက်ကြောင့် ဖြစ်သည်။

'ဒီကောင်းကင်အနက်ရောင်သွေးတစ်စက်နဲ့ဆိုရင် တိုင်းတပါးရဲ့ ထူးဆန်းတဲ့ တားမြစ်နေရာ တော်တော်များများကို ဝင်ပြီး စူးစမ်းနိုင်ပြီ'

ကျွင်းရှောင်ယောက် တွေးလိုက်သည်။

သူ့အမြင်တွင် လက်ရှိ တိုင်းတပါးပြည်က သူ လာရောက်ရှာဖွေမည်ကို စောင့်ဆိုင်းနေသော ရတနာသိုက်ကြီးနှင့် မခြားတော့ပေ။

ကောင်းကင်သင်္ချိုင်း၏ နက်နဲသောအရပ်က ပိတ်ပိတ်ပိန်းအောင် မှောင်နေသည်။

ကျွင်းရှောင်ယောက်၏ မျက်လုံးများက ကစဉ့်ကလျားအလင်းများ လင်းလက်လာပြီး ပတ်ဝန်းကျင်ကို မြင်လာရ၏။

တစ်ချက်ကြည့်လိုက်ပါက မရေမတွက်နိုင်သော အမည်မသိအကြွင်းအကျန်များနှင့် အရိုးများကို မြင်ရသည်။

အများစုမှာ ရှေးယခင်ခေတ်က အလောင်းများ ဖြစ်၏။

ကျဆုံးခဲ့သည်မှာ အချိန်ကြာမြင့်ခဲ့ပြီဖြစ်ပုံရသော်လည်း ထိုအကြွင်းအကျန်များမှ ကြောက်မက်ဖွယ်ရာ ဖိအားများ ထွက်ပေါ်နေသေးသည်။

ကျွင်းရှောင်ယောက်ကတော့ ဤဖိအားများအောက်တွင် ဘာမှမဖြစ်ခဲ့သလို နက်နက်နဲနဲဝင်သွားသည်။

"ဒါက..."

ကျွင်းရှောင်ယောက်၏ မျက်လုံးများက အရောင်ပြောင်းသွားသည်။

ဤနေရာရှိ ခေါင်းတလားများ၏အောက်တွင်၊ ၎င်းတို့ကို ရှေ့ရှိ ဗဟိုချက်သို့ ဆွဲယူနေသော စက်ဝိုင်းတစ်ခု ရှိနေသည်ကို သူတွေ့လိုက်ရ၏။

"ဖွဲ့စည်းပုံကိုကြည့်လိုက်ရင် ဒါက အတော်ရှေးကျတဲ့ စွမ်းအင်ဆွဲငင်အားတစ်ခု ဖြစ်သင့်တယ်"

"ဒီမှာ ကျဆုံးသွားတဲ့ ကျွမ်းကျင်သူတွေရဲ့ ခေါင်းတလားတွေက အများကြီးပဲ။ အခုတော့ ဒီစွမ်းအင်တွေအားလုံးကို တစ်နေရာတည်းမှာ စုစည်းနေတယ်"

ကျွင်းရှောင်ယောက်၏ မျက်လုံးများက အလင်းရောင်များဖြင့် တောက်ပလာခဲ့သည်။

ရှေ့တွင် ကန်ကြီးတစ်ကန် ရှိသည်။

သို့သော်လည်း အထဲတွင် တောင်ပို့တစ်ခုရှိ၏။

၎င်းပေါ်တွင် အမှတ်အသား ရေးသားမထားသော ကျောက်တိုင်တစ်ခုလည်း ရှိသေးသည်။

ကျွင်းရှောင်ယောက်က ကန်အစွန်းပေါ်သို့ တက်သွားသည်။

"ဝုန်း"

ထိုအချိန်တွင် အပြောင်းအလဲတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာ၏။

မြေပြင်ထက်တွင် ကမ္ပည်းများ လင်းလာသည်။

ပတ်ဝန်းကျင်ရှိ အမှောင်ထုများက တောင်ကုန်းဆီသို့ အလုံးလိုက် လိမ့်ဝင်လာ၏။

ခဏချင်းမှာပင်၊ ကောင်းကင်တစ်ခုလည်း မည်းမှောင်ပြီး မကောင်းဆိုးရွားကြီးတစ်ကောင် မွေးလာတော့မည်ကဲ့သို့ တစ္ဆေသရဲအော်ညည်းသံနှင့် ဝံပုလွေအူသံများကို ကြားလာရတော့သည်။

ကန်ပတ်ပတ်လည်တွင် ကြီးမားသော အစီရင်တစ်ခုလည်း ဖြစ်ပေါ်လာခဲ့သည်။

ချိတ်ဆက်ထားသော ပုံစံများကတော့ မှောင်မိုက်သော ကြယ်ခြောက်လုံးနှင့် တူ၏။

ခြောက်ထောင့်ကြယ်အမှောင်တိုတမ်။

"အဲဒါက..."

ခြောက်ထောင့်ကြယ်အမှောင်တိုတမ်ကိုကြည့်ရင်း ကျွင်းရှောင်ယောက် မျက်မှောင်ကြုတ်လိုက်သည်။

ရှေးခေတ် လျှို့ဝှက်ချက်ကြီးတစ်ခုကို အမှတ်တမဲ့ ထိတွေ့မိခဲ့ပြီဖြစ်ကြောင်း သူ ယောင်ဝါးဝါး ခံစားလိုက်မိ၏။

"ဝုန်း"

ရုတ်တရက်၊ မြေပြင်ပေါ်ရှိ ခြောက်ထောင့်ကြယ်က တောက်ပသော အမှောင်အလင်းများကို ကောင်းကင်သို့ ပစ်လွှတ်လိုက်တော့သည်။

"ဝုန်း"

ကောင်းကင်ကြီး တုန်ခါသွားသည်။

ဤဖြစ်စဉ်က ယခင်ဖြစ်စဉ်များထက် များစွာပို၍ တုန်လှုပ်ချောက်ချားဖွယ်ကောင်းပြီး တိုင်းတပါတစ်ခုလုံးကို လှုပ်ရှားစေခဲ့သည်။

မရေမတွက်နိုင်သော သတ္တဝါများ ခေါင်းမော့ကြည့်လိုက်ပါက တိုင်းတပါး၏ကောင်းကင်တွင် ခြောက်ထောင့်ကြယ်တစ်ခုကို မြင်ရမည် ဖြစ်၏။

တော်ဝင်မျိုးနွယ်နှင့် ဧကရာဇ်တစ်ပိုင်း မျိုးနွယ်များမှ ကျွမ်းကျင်သူများသည်ပင် လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြတော့သည်။

"အဲဒါက... ခြောက်ထောင့်ကြယ်ပဲ။ တိုင်းတပါးရဲ့ ဒဏ္ဍာရီတွေ တကယ်ဖြစ်လာတော့မှာလား"

မရေမတွက်နိုင်သော ကျွမ်းကျင်သူများ တအံ့တဩ ဖြစ်သွားခဲ့ကြသည်။

တိုင်းတစ်ပါးမှ မျိုးဆက်သစ်လူငယ်အချို့ကတော့ အနည်းငယ် နားမလည်နိုင် ဖြစ်နေကြ၏။

"အကြီးအကဲ၊ အဲဒီခြောက်ထောင့်ကြယ်က ဘာကိုကိုယ်စားပြုတာလဲ”

တော်ဝင်မျိုးနွယ်စုတစ်ခုတွင် လူငယ်တစ်ဦးက ကောင်းကင်ကိုမော့ကြည့်ပြီးနောက် မျိုးနွယ်၏အကြီးအကဲများကို မေးကြည့်လိုက်သည်။

ထိုအခါ အဘိုးအိုတစ်ဦးက တုန်ယင်နေသော လေသံဖြင့် ဤသို့ ပြန်ဖြေလိုက်တော့သည်။

"ခြောက်ထောင့်ကြယ်အမှောင်တိုတမ်က ကမ္ဘာဖျက်ဒဏ္ဍာရီထဲမှာ... အင်မော်တယ်နယ်မြေကြီးကို ဖြိုခွင်းဖို့ နိုးထလာမဲ့ ဘုရင်ခြောက်ပါးကို ကိုယ်စားပြုတယ်"

All Chapters