← Chapters

အခန်း ၉၀၈

Vol. 61 Ch. 908

အခန်း ၉၀၈

Vol. 61 Ch. 908

အခန်း ( ၉၀၈ ) ဖျက်ဆီးခြင်း ဘုရင် ခြောက်ပါး၏ ဒဏ္ဍာရီ။

တိုင်းတစ်ပါးမှာ ဟိုးရှေးရှေးတုန်းက ပျံ့နှံ့ခဲ့သော ဒဏ္ဍာရီတစ်ခု ရှိသည်။

ခေတ်ကြီးပျက်စီးသွား၍ ကောင်းကင်ကြီး ကမောက်ကမဖြစ်ကာ ကမ္ဘာနှစ်ခု စစ်ပွဲကြီးများ ဖြစ်ပွားသောအချိန်တွင်...

အမှောင်စီကွမ် အမှတ်အသား ခြောက်ခု ထွက်ပေါ်လာမည် ဖြစ်သည်။

ဤအမှောင်စီကွမ် အမှတ်အသားခြောက်ခုက အနှိုင်းမဲ့ မွန်းစတားခြောက်ဦးအပေါ် ကျရောက်လိမ့်မည်။

သူတို့ဟာ ဖျက်ဆီးခြင်းဒဏ္ဍာရီထဲမှ ဘုရင်ခြောက်ပါး ဖြစ်လာကြမည် ဖြစ်သည်။

ထို့နောက် ၎င်းတို့က လျှို့ဝှက်ဆန်းကြယ်သောအမွေကိုလက်ခံကာ စစ်မှန်သော အင်မော်တယ်ဘုရင်များ ဖြစ်လာကြလိမ့်မည်။

ယင်းနောက်တွင် ဖျက်ဆီးခြင်း အင်မော်တယ်ဘုရင်ခြောက်ပါးက အင်မော်တယ်နယ်မြေကြီးကို လုံးလုံးလျားလျား ဖျက်ဆီးကာ ကမ္ဘာနှစ်ခုကြားမှ စစ်ပွဲကြီးအား အဆုံးခဲ့မည် ဖြစ်သည်။

ဟုတ်ပေသည်၊ ဤသည်မှာ တိုင်းတပါးတွင် ပျံ့နှံ့နေသော ရှေးဒဏ္ဍာရီတစ်ခုသာဖြစ်ပြီး မှန်သလား၊ မမှန်ဘူးဆိုတာ ပြောရခက်သည်။

ယခုထိတော့ ယင်းကို မည်သူမျှ အတည်မပြုနိုင်သေးပေ။

သို့သော်လည်း၊ ဤအခိုက်တွင် ကောင်းကင်မှ အမှောင် ခြောက်ထောင့်ကြယ် အမှတ်အသားကိုကြည့်ရင်း...

တိုင်းတစ်ပါးတစ်ခုလုံးတွင် ပြင်းအား ၁၈ ရှိသော ငလျင်တစ်ခု လှုပ်ခတ်သွားသလို ဖြစ်ခဲ့သည်။

ထိပ်တန်းတော်ဝင်မျိုးနွယ်တစ်ခု၏ ခေါင်းဆောင်ကြီးက အော်ပြောလိုက်သည်။

"သွားကြ၊ သွားရှာကြစမ်း။ အမှောင်စီကွမ် အမှတ်အသားရှိတဲ့ ပါရမီရှင်ကို ငါ ရှာတွေ့ရမယ်"

ထိုအမှောင်စီကွမ် အမှတ်အသားပိုင်ရှင် မသေဆုံးပါက အနာဂတ်တွင် အင်မော်တယ်ဘုရင် သေချာပေါက် ဖြစ်လာလိမ့်မည်။

ယင်းက ကောင်းကင်သရဖူကို ပိုင်ဆိုင်ခြင်းနှင့် ညီမျှသည်။

ထိပ်တန်းတော်ဝင်မျိုးနွယ်မှ စစ်မှန်သော ဧကရာဇ်တစ်ပိုင်းမျိုးနွယ်သို့ အဆင့်တက်လိုပါက အင်မော်တယ်ဘုရင်တစ်ပါးကိုသာ လိုအပ်သည်။

အကယ်၍၊ အမှောင်စီကွမ်တစ်ဦးကိုသာ ရှာတွေ့ပြီး ဂရုတစိုက် ပြုစုပျိုးထောင်နိုင်ပါက...

အနာဂတ် အင်မော်တယ်ဘုရင်တစ်ပါးကို ရရှိထားခြင်းနှင့် ညီမျှလိမ့်မည်။

"ငါ့အတွက် အမှောင်စီကွမ် အမှတ်အသားပိုင်ရှင်ကို တွေ့အောင်ရှာလာခဲ့ကြစေ"

ထိပ်တန်း တော်ဝင်မျိုးနွယ်များ လှုပ်ရှားခဲ့ကြသည်။

ထိုမျှသာမကဘဲ၊ ဧကရာဇ်တစ်ပိုင်း မျိုးနွယ်နှင့် စစ်မှန်သော အင်မော်တယ်ဧကရာဇ် မျိုးနွယ်များသည်ပင် သူတို့ကိုရှာဖွေရနိ လူများကို စေလွှတ်လိုက်ကြတော့သည်။

အကယ်၍ ဤပါရမီရှင်များထဲမှ တစ်ဦးကို ခေါ်ယူနိုင်ပါက မျိုးနွယ်၏ကံကြမ္မာမှာ အနည်းဆုံး ရာစုနှစ်များစွာ ကောင်းမွန်နေစေနိုင်လိမ့်မည်။

ထိုသို့သော လွတ်လပ်သည့် မကောင်းဆိုးရွား ပါရမီရှင်များက မျိုးနွယ်စုကြီးများ၏ အာရုံကို အမြဲလိုလို ဆွဲဆောင်နိုင်သည်။

"အဲဒီပါရမီရှင်ကို ငါတို့ ရှာရမယ်၊ ပြီးတော့ ငါ့သမီးနဲ့ သူ့ကို လက်ထပ်ပေးမယ်"

ဧကရာဇ်တစ်ပိုင်းမျိုးနွယ်ထဲမှ ကျွမ်းကျင်သူများက အော်ဟစ်လိုက်ကြသည်။

"ငါ့မှာဆိုရင် သမီးဆယ်ယောက်တောင်မှ ရှိတာပဲ။ အဲဒီပါရမီရှင်က လုံလောက်အောင် သန်မာသရွေ့ ငါ့သမီးအားလုံးနဲ့တောင် သူ့ကို လက်ထပ်ပေးနိုင်တယ်"

"အင်မော်တယ်အရင်းအမြစ်၊ ဧကရာဇ်တစ်ပိုင်းလက်နက်၊ အင်မော်တယ်ဆေး... ဘာဖြစ်ဖြစ် ငါတို့ သူ့ကိုပေးနိုင်တယ်"

အင်အားစုအသီးသီးမှ ကျွမ်းကျင်သူများက တစ်ယောက်တစ်ပေါက် အော်ဟစ်ပြောဆိုလာကြတော့သည်။

ဖျက်ဆီးခြင်းဒဏ္ဍာရီထဲမှ ဖျက်ဆီးခြင်းဘုရင်ခြောက်ပါး ဖွားမြင်ခြင်းမှာ တိုင်းတပါးကို တုန်လှုပ်စေနိုင်သည်ဟု ဆိုရမည်။

သို့ရာတွင်၊ ထိုအကြောင်းများကို စတင်စေခဲ့သူ ကျွင်းရှောင်ယောက်ကတော့ ဘာမျှမသိသေးပေ။

သူက မည်သည့် ဖျက်ဆီးခြင်းဒဏ္ဍာရီများ၊ ဖျက်ဆီးခြင်း ဘုရင်ခြောက်ပါး သို့မဟုတ် အမှောင်စီကွမ် တစ်ခုကိုမှ မသိပါ။

ဤသင်္ချိုင်းတွင် အင်မော်နယ်နယ်မြေကြီးရှိ မျိုးစေ့အဆင့်နှင့် ဆင်တူသော ပါရမီရှင်တစ်ဦးဦး ရှိသင့်သည်ဟုသာ သူခံစားခဲ့ရသည်။

ဤနေရာတွင်ရှိသော ရုပ်ကြွင်းအများစုက အသက်ရှင်ကြစဉ်တွင် အလွန် အစွမ်းထက်ကြသူများချည်း ဖြစ်သည်။

သူတို့ကျန်ရစ်ခဲ့သော အရိုးများတွင် အလွန်အားကောင်းသော စွမ်းအင်နှင့် အသက်အနှစ်သာရများ ပါရှိ၏။

ယခုတော့ ထိုကျွမ်းကျင်သူအားလုံး၏ အကြွင်းအကျန်များမှ စွမ်းအင်များကို အထူးဝင်္ကပါအနေဖြင့် ဤသင်္ချိုင်းတွင် စုစည်းထားခြင်းဖြစ်ပေရာ...

သင်္ချိုင်းတွင်း၌ မြှုပ်နှံထားသော တည်ရှိမှုများက ရိုးရှင်းမည်မဟုတ်ကြောင်း ဤအချက်မှ ရှုမြင်နိုင်သည်။

ကျွင်းရှောင်ယောက်က အမှောင်ခြောက်ထောင့်ကြယ်နှင့် သင်္ချိုင်းတွင်းရှိ သတ္တဝါများ၏ လက္ခဏာကို ဖော်ထုတ်ရန် ကြိုးစားနေချိန်တွင်...

သင်္ချိုင်း၏ထိပ်ပိုင်းမှ အရိုးပေါ်အရေတင် လက်တစ်ဖက် ရုတ်တရက် ပေါ်လာခဲ့သည်။

ထို့နောက်တွင် နတ်ဆိုးစွမ်းအင်များက တဟုန်ထိုး တက်လာခဲ့၏။

အရပ်ရှည်ရှည်၊ တောင့်တင်းသန်မာသော ကြွက်သားများနှင့် ကြံ့ခိုင်သော ခန္ဓာကိုယ်ရှိပြီး နတ်ဆိုးအငွေ့အသက်တို့ ဖြာထွက်နေသောလူငယ်တစ်ဦး ထလာတော့သည်။

သူ့ဆံပင်များက ဖုန်မှုန့်များ ပြည့်နေသည်။

သူ့ခန္ဓာကိုယ်ပေါ်ရှိ အဝတ်များကလည်း အလွန်ဟောင်းနွမ်းပြီး စုတ်ပြဲနေ၏။ ယင်းက သူ့ခန္ဓာကိုယ်တွင် အဝတ်စများ တင်ထားသည်နှင့်ပင် သိပ်မခြားနားပေ။

ပထမတော့ သူ့မျက်လုံးများက စိတ်ရှုပ်ထွေးသော အရိပ်အယောင်များ ရှိနေခဲ့သည်။

သို့သော်လည်း ထို့နောက်တွင် နတ်ဆိုးဆန်ဆန် အရိပ်အယောင်များ ပြည့်သွား၏။

သူ့ထံမှ အက်ရှရှ စကားသံ ထွက်ပေါ်လာတော့သည်။

“နတ်ဘုရားတွေ သေပြီး နတ်ဆိုးတွေ ဖျက်ဆီးခံရပေမဲ့ ငါ လွတ်မြောက်ခဲ့တယ်"

"‌ဒီခေတ်က တကယ့် အပြိုင်ကမ္ဘာကြီးရဲ့ ခေတ်လို့ ငါ ခံစားရတယ်"

"အခု ငါက ကံကြမ္မာကိုလက်ခံပြီး တကယ့်ဘုရင်တစ်ပါးအဖြစ် လောကကို ဆင်းသက်လာခဲ့ပြီ"

နတ်ဆိုးဆန်သော လူငယ်က ကောင်းကင်ကိုမော့ကြည့်ပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ အနက်ရောင် သူ့ဆံပင်များကလည်း လေနှင့်အတူ အရိုင်းဆန်စွာ ကခုန်နေ၏။

သူ၏ အောင်မြင်ခန့်ငြားသော စကားသံက မိုးကြိုးထစ်ချုန်းသကဲ့သို့ အရပ်ရပ်ကို တုန်လှုပ်စေခဲ့ပေသည်။

သို့သော်လည်း ထိုအခိုက်တွင်...

သူ့ရှေ့မှ ခြေထောက်တစ်ဖက်ပေါ်လာသည်ကို မြင်လိုက်ရပြီး သူ့မျက်နှာအား ပြင်းပြင်းထန်ထန် ဆောင့်နင်းခံလိုက်ရသည်။

"ဖြောင်း"

သင်္ချိုင်းတွင်းမှ ခုန်တက်လာသော လူငယ် အရိုက်ခံလိုက်ရ၏။

လှုပ်ရှားခဲ့သူက သဘာဝအတိုင်း ကျွင်းရှောင်ယောက် ဖြစ်တော့သည်။

"ငါ ခန့်မှန်းတာမမှားရင် မင်းက တိုင်းတပါးရဲ့ မျိုးစေ့အဆင့် တည်ရှိမှုတစ်ခု ဖြစ်သင့်တယ်။ ငါ့ရဲ့ ကစဉ့်ကလျားခန္ဓာကလည်း စမ်းသပ်စရာ ပြိုင်ဘက်လိုနေတာ အတော်ပဲ"

ကျွင်းရှောင်ယောက်က ပုံမှန်အတိုင်း ပြောလိုက်သည်။

မူလက ကျွင်းရှောင်ယောက်ဟာ သူ့ခွန်အားကို စမ်းသပ်ဖို့ ပြိုင်ဘက်ရှာမတွေ့မည်အား စိုးရိမ်နေခဲ့သည်။

ယခုတော့ တိုင်းတစ်ပါးမှ မျိုးစေ့အဆင့် ဇာတ်ကောင်တစ်ခု ပေါ်လာပြီ။

သို့သော်လည်း ကျွင်းရှောင်ယောက် နားလည်မှုလွဲခဲ့သည်။

သူ့ရှေ့မှလူငယ်က မျိုးစေ့အဆင့် တည်ရှိမှုမျှသာ မဟုတ်ပါ။

သူ့လက်ကောက်ဝတ်တွင် အနက်ရောင် ခြောက်ထောင့်ကြယ် အမှတ်အသား ပါရှိသည်။

ယင်းက သူဟာ ဖျက်ဆီးခြင်းဒဏ္ဍာရီရှိ ဖျက်ဆီးခြင်းဘုရင်ခြောက်ပါးအနက် တစ်ပါးဖြစ်ကြောင်း သက်သေ ဖြစ်၏။

ယင်းက သာမန်မျိုးစေ့အဆင့် ပါရမီရှင်များ၏ အဆင့်အတန်းထက် ပို၍ မွန်မြတ်သည်။

"ချီးပဲ၊ ဘယ်သူလဲ"

လူငယ် ဒေါသတကြီးဖြစ်ပြီး အော်လိုက်သည်။

သူ့နှုတ်ခမ်းထောင့်မှ သွေးစီးကျနေပြီး သွားတချို့လည်း ကျိုးသွား၏။

သူ့မျက်နှာမှာလည်း ခြေရာကြီးတစ်ခု ရှိသေးသည်။

ဤအရှက်တရားမျိုးက သူ့ကို ဒေါသထွက်လွန်းသဖြင့် ရူးချင်သလို ဖြစ်သွားစေခဲ့သည်။

သူသည်ကား အင်မော်တယ်ဘုရင်ဖြစ်လာရန်ပင် အရည်အချင်းပြည့်မီသော အမှောင်စီကွမ်တစ်ဦးပင်တည်း။

ရလဒ်အနေဖြင့် သူ မွေးဖွားပြီးသည်နှင့် တစ်စုံတစ်ယောက်က သူ့မျက်နှာကို ပြင်းပြင်းထန်ထန် ကန်ကျောက်လိုက်သည်။

ယင်းကို မည်သူသည်းခံနိုင်မည်နည်း။

သူ့အကြည့်က လေထဲတွင်ရပ်နေသော အဖြူရောင်ဝတ်စုံနှင့် လူငယ်အပေါ်သို့ ချက်ချင်း ကျရောက်လာခဲ့သည်။

ထိုအခါ လူငယ်၏ ပတ်ဝန်းကျင်မှ ကစဉ့်ကလျားနိယာမများနှင့် နတ်အလင်းများကြောင့် သူ ထိတ်လန့်သွားလေသည်။

"ဒါ... ဒါက ကစဉ့်ကလျားခန္ဓာလား"

လူငယ် အနည်းငယ် ထိတ်လန့်သွားသည်။

ဤခေတ်မှာ ကစဉ့်ကလျားခန္ဓာ မွေးဖွားနေပြီလား။

သူ နိုးထလာသည်နှင့် ကစဉ့်ကလျားခန္ဓာကို အဘယ်ကြောင့် တွေ့ရပါသနည်း။

"ညီနောင်၊ ငါဘယ်သူလဲဆိုတာ မင်းသိရဲ့လား။ မင်းက ကစဉ့်ကလျားခန္ဓာဖြစ်ရင်တောင်..."

နတ်ဆိုးဆန်ဆန် လူငယ်က ပြောလိုက်တယ်။

အကယ်၍ ထိုလူငယ်သာ ကစဉ့်ကလျားခန္ဓာ အမှန်တကယ်ဖြစ်ပါက နောက်ခံမှာ သေချာပေါက်ထူးခြားမည် ဖြစ်သည်။ ၎င်းက အင်မော်တယ်ဧကရာဇ်မျိုးနွယ်မှ ဆင်းသက်လာသူပင် ဖြစ်လိမ့်မည်။

သို့သော်လည်း သူ စကားမဆုံးလိုက်ပါ။

ကျွင်းရှောင်ယောက်က သူ့မျက်နှာကို အားရပါးရ ထိုးချလိုက်သည်။

"ဖြောင်း"

ကစဉ့်ကလျားစွမ်းအင်များက ဗုံးတစ်လုံးကဲ့သို့ ပေါက်ကွဲထွက်လာခဲ့၏။

လူငယ်လေး နောက်တစ်ကြိမ် လွင့်သွားပြန်တော့သည်။

သူ စိတ်ရှုပ်ထွေးသွားသည်။

သူဟာ ယခုမှ နိုးလာရုံရှိသေးသော်လည်း ကစဉ့်ကလျားခန္ဓာက အဘယ်ကြောင့် သူ့ကို သေသည်အထိ တိုက်ခိုက်ချင်နေပါသနည်း။

"ငါတို့က တူညီတဲ့ ကမ္ဘာသားတွေဖြစ်ရင်တောင် သိပ်ပြီး မလွန်လာနဲ့နော်"

လူငယ်လေး၏ မျက်လုံးများက အေးစက်စက် အလင်းရောင်တစ်ခု လင်းလက်လာခဲ့သည်။

တိုင်းတစ်ပါးတွင် ကစဉ့်ကလျားခန္ဓာက ပေါ်လာခဲသောကြောင့် သူဟာ တိုက်ရိုက် မသတ်လိုက်ချင်ပေ။

"ခြေနင်းကျောက်တွေ တကယ်စကားများတာပဲ"

ကျွင်းရှောင်ယောက်က စိတ်မရှည်ဟန်ဖြင့် ပြောလိုက်သည်။

"မင်း သေချင်နေပြီ"

လူငယ် ဒေါသတကြီးဖြစ်သွားသည်။ သူ့ထံမှ အားကောင်းသော နတ်ဆိုးအငွေ့အသက်များ ထွက်ပေါ်လာသည်။

သူ့လက်ကို မြှောက်လိုက်သည်နှင့် သင်္ချိုင်းတွင်းမှ နတ်ဆိုးလှံတစ်လက် ထပ်မံ ထွက်ပေါ်လာ၏။

နတ်ဆိုးလှံဖြင့် ပစ်ထိုးလိုက်သည်နှင့် ဟင်းလင်းပြင်က ပေါက်ထွက်သွားတော့သည်။

"ဒီပုံစံကမှ ပိုတူတာ"

ကျွင်းရှောင်ယောက်က အနည်းငယ်ပြုံးပြီး သူ့လက်ကို မြှောက်လိုက်သည်။

သူ့လက်ကို မြှောက်လိုက်သောအခါ အလင်းရောင် တစ်ချက်လက်သွား၏။

ယင်းက ဓားသန္ဓေဖြစ်သည်။ သို့သော်လည်း အချောမသပ်ရသေးသော ဓားတစ်လက်ကဲ့သို့ ပုံသဏ္ဍာန်မှာ အနည်းငယ် အကြမ်းထည်ဆန်၏။

ဓားက ဓားတုံးပုံစံဖြစ်သော်လည်း ဓားအလင်းများကတော့ ထက်မြက်လွန်းသဖြင့် ဟင်းလင်းပြင်ကိုပင် လှီးဖြတ်ပစ်နိုင်သည်။

ဓားကိုယ်ထည်ပေါ်မှာလည်း လျှို့ဝှက်ဆန်းကျယ်သော ကမ္ပည်းအမျိးမျိုး ရှိ၏။

ဤသည်က လက်မှတ်ထိုးဝင်ခြင်းမှ ကျွင်းရှောင်ယောက် ရရှိခဲ့သော တာ့လော့ဓားသန္ဓေ ဖြစ်တော့သည်။

၎င်း၏ အဆင့်က ယခင် မဟာပျက်စီးခြင်းလှံပုဆိန်နှင့် အတူတူ ဖြစ်သည်။

သို့သော်လည်း ၎င်း၏ ထက်မြက်မှု၊ သတ်ဖြတ်နိုင်စွမ်းနှင့် ကြီးထွားလာနိုင်သည့် အလားအလာမှာ မဟာပျက်စီးခြင်းလှံပုဆိန်ထက် များစွာ အားကောင်းပေသည်။

ယခုအချိန်တွင် ကျွင်းရှောင်ယောက်က အဖြူရောင်အဝတ်အစားများနှင့် ဓားသမားကဲ့သို့ ဓားသန္ဓေကို ထိန်းချုပ်ထားခဲ့သည်။

"ကောင်းကင်ဖျက်ဆီးခြင်းကျမ်း"

ကျွင်းရှောင်ယောက်က ဓားသန္ဓေကိုထိန်းချုပ်ပြီး ဓားတစ်ချက် ထုတ်ဖော်လိုက်တော့သည်။

All Chapters