← Chapters

အခန်း ၉၁၀

Vol. 61 Ch. 910

အခန်း ၉၁၀

Vol. 61 Ch. 910

အခန်း ( ၉၁၀ ) အမှောင်စီကွမ်ကို သတ်ဖြတ်ခြင်း။

ထိုလူငယ်လေး အလွန် တုန်လှုပ်သွားသည်။ မယုံနိုင်ဘဲ အနည်းငယ်လည်း စိတ်ရှုပ်ထွေးသွား၏။

ဤမျှအားကောင်းသော ကစဉ့်ကလျားခန္ဓာက သူတို့ တိုင်းတပါးမှ သတ္တဝါမဟုတ်ဘူးလား။

ယင်းက ကြောက်စရာကောင်းလွန်းသည်။

ထို့အပြင် အင်မော်တယ်နယ်မြေကြီး၏ ကစဉ့်ကလျားခန္ဓာက တိုင်းတပါးမှ တားမြစ်နယ်မြေထဲတွင် မည်သို့ပေါ်လာနိုင်သနည်း။

လူငယ်ကို ပို၍ မယုံကြည်နိုင်ဖြစ်စေခဲ့တာက...

ကျွင်းရှောင်ယောက်ထံမှ အားကောင်းသော အမှောင်ထု၏ အငွေ့အသက်များကို သူ ခံစားမိခြင်း ဖြစ်သည်။

ဤသည်မှာ တိုင်းတပါးမှ သတ္တဝါများအတွက် သီးသန့် ဖြစ်၏။

ထို့ကြောင့်ပင် သူ ပထမဆုံး နိုးလာသောအခါ ကျွင်းရှောင်ယောက်ကို သူတို့၏ ကမ္ဘာသားတစ်ဦးဟု ထင်မှတ်ခဲ့မိသည်။

ကျွင်းရှောင်ယောက်က ခေါင်းတစ်ချက်ညိတ်ပြီး ပြောလိုက်သည်။

"မှန်ပါတယ်၊ ငါက တိုင်းတစ်ပါးက သတ္တဝါမဟုတ်ဘူး၊ တိုင်းတစ်ပါးကို ဖြိုခွင်းဖို့ ဒီကိုရောက်နေတာ"

ထိုစကားများက လူငယ်ကို ရေခဲဂူထဲ ပြုတ်ကျသွားသကဲ့သို့ တကိုယ်လုံး အေးစက်သွားစေခဲ့သည်။

ဤလူငယ်သည် အဖြူရောင် အဝတ်အစားများကိုဝတ်ပြီး သိမ်မွေ့စွာ ပြုံးနေသော်လည်း ထိုအပြုံးအောက်မှာ တိုင်းတပါးတစ်ခုလုံးကို ပိုင်းဖြတ်နိုင်ပုံရသော ဓားတစ်ကို လျှို့ဝှက်ထားသည်။

သူ ဆက်ပြီး ပုန်းအောင်းနေနိုင်သေးပါက၊ တိုင်းတပါးအတွက် မထင်မှတ်ထားသော ကပ်ဆိုးကြီးတစ်ခု ဖြစ်လာစေလိမ့်မည်။

"မင်းက တကယ်မိုက်မဲပြီး ကိုယ့်ရဲ့အထောက်အထားကို ထုတ်ဖော်ပြသနေတာပဲ။ မင်းကိုသတ်ဖို့ ငါ့ကို အတင်းဖိအားပေးနေတယ်"

လူငယ်၏ မျက်လုံးများက ပို၍ပြတ်သားသော သတ်ဖြတ်ချင်စိတ်တို့ ပြည့်သွားသည်။

ယခင်ကတော့ ကစဉ့်ကလျားခန္ဓာဖြစ်သော ကျွင်းရှောင်ယောက်၏နောက်ကွယ်တွင် အင်မော်တယ်ဧကရာဇ်မျိုးနွယ်တစ်ခု နောက်ခံရှိနေနိုင်သောကြောင့် သူသေကိုယ်သေ တိုက်ခိုက်လိုစိတ်မရှိခဲ့ပေ။

သို့သော်လည်း ယခုအခါ သူ့နှလုံးသားထဲမှ သတ်ဖြတ်ချင်စိတ်က ပို၍ ပြတ်သားသွားခဲ့ပြီ ဖြစ်သည်။

၎င်းက အလွန်အားကောင်းသော ကစဉ့်ကလျားခန္ဓာဖြစ်သည့်အပြင် အင်မော်တယ်နယ်မြေကြီးမှလည်း ဖြစ်နေသည်။

ထို့ထက်ပို၍ အရေးကြီးတာကတော့ သူဟာ မည်သူမျှ သတိမထားမိအောင် တိုင်းတပါးကို ထိုးဖောက်ဝင်နိုင်ခြင်း ဖြစ်၏။

အဖြူရောင်ဝတ်စုံနှင့် ဤလူငယ်က ကြောက်စရာကောင်းလွန်းသည်။ သူ့ခွန်အားနှင့် ပြတ်သားမှုက တကယ်ကို တုနှိုင်းမယှဉ်သာပေ။

ဤသို့သော တည်ရှိမှုမျိုးကို စောစီးစွာ မဖယ်ရှားပါက၊ သူကြီးပြင်းလာသောအခါ တိုင်းတပါးအတွက် ဆိုးရွားသော ထိုးနှက်ချက်များ ဖြစ်လာစေနိုင်သည်။

"ဒီစကားတွေကို ပြောပြီးမှတော့ မင်းသေရတော့မယ်"

လူငယ်ထံမှ နတ်ဆိုးစွမ်းအင်များက ကောင်းကင်သို့ တဟုန်ထိုး ထိုးတက်သွားခဲ့သည်။ ယမမင်း ဒေါသပေါက်ကွဲသကဲ့သို့ ကြောက်စရာကောင်းသော သေမင်း အငွေ့အသက်များက လေထဲတွင် ပြည့်နှက်သွား၏။

"မင်းမှားနေပြီ၊ မင်းကို သတ်မှာမို့လို့ပဲ ဒီအကြောင်းတွေကို ငါပြောခဲ့တာ"

ကျွင်းရှောင်ယောက်က တာ့လော့ဓားသန္ဓေကိုကိုင်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

ဤတစ်ကြိမ်တွင် နှစ်ဖက်စလုံးက လျှိုမထားတော့ဘဲ အစွမ်းကုန် ထုတ်လိုက်ကြ၏။

ကျွင်းရှောင်ယောက်က လက်ဝါးတစ်ချက်ရိုက်လိုက်သည်နှင့် ကစဉ့်ကလျားစွမ်းအင်များ ထွက်ပေါ်လာကာ ဟင်းလင်းပြင် ပြိုကျသွားရသည်။

နောက်ဆုံးတွင်၊ တိုက်ပွဲက အလွန်ပြင်းထန်ပြီး အထွတ်အထိပ်သို့ ရောက်လာခဲ့သည်။

အသက်ရှူချိန်အနည်းငယ်အတွင်း တိုက်ခိုက်မှု ရာနှင့်ချီကာ ရင်ဆိုင်ခဲ့၏။

သာမန် ပါရမီရှင်တစ်ယောက်အတွက် သူတို့နှစ်ယောက်၏ လှုပ်ရှားမှုများကို ဖမ်းဆုပ်နိုင်ရန်ပင် ခက်ပါလိမ့်မည်။

"ရပါပြီ"

ကျွင်းရှောင်ယောက်က ရုတ်တရက် ပြောလိုက်သည်။

"မင်း ဘာကိုဆိုလိုတာလဲ"

လူငယ်၏ မျက်လုံးများက ဓားသွားကဲ့သို့ စူးရှနေ‌၏။

"ငါ့ရဲ့ကိုယ်ပိုင်အင်အားကို ငါနားလည်သွားပြီလေ၊ ဒီတော့ မင်း ခြေနင်းကျောက်ကို အသုံးမလိုတော့ဘူး"

ကျွင်းရှောင်ယောက်က တည်ငြိမ်စွာ ပြောလိုက်သည်။

သို့သော်လည်း သူ့စကားများက တစ်ဖက်လူငယ်လေးကို စိတ်တိုလွန်းသဖြင့် အသက်ထွက်မတတ် ဖြစ်စေခဲ့သည်။

အဖြူရောင်ဝတ်စုံဝတ် ထိုလူက မာနကြီးလွန်းပြီး သူ့ကို လုံးဝ အလေးအနက်မထားပေ။

'အနှိုင်းမဲ့သွေးရဲ့ စတုတ္ထမြောက် နတ်ဘုရားစွမ်းရည်ကို စမ်းကြည့်လိုက်ရအောင်'

ကျွင်းရှောင်ယောက်က စိတ်ထဲမှ တွေးလိုက်သည်။

"ဝုန်း"

သူ့သွေးများက ဆူပွက်ပြီး မိုးကြိုးထစ်ချုန်းသံများ ထွက်ပေါ်လာ၏။

ယင်းက ကစဉ့်ကလျားသွေးမဟုတ်ဘဲ အနှိုင်းမဲ့အရိုးနိဗ္ဗာနမှ အနှိုင်းမဲ့သွေး ဖြစ်တော့သည်။

ဤအနှိုင်းမဲ့သွေးများက ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်အနှံ့ စီးဆင်းသွားသည်။

ဤအခိုက်တွင်၊ ကျွင်းရှောင်ယောက်က တောက်ပသော နတ်မီးတောက်များထဲတွင် ရပ်နေသကဲ့သို့ပင်။ ကစဉ့်ကလျားနတ်ဘုရားတစ်ပါးကဲ့သို့ သူ့အရှိန်အဝါကလည်း တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။

ကျွင်းရှောင်ယောက်လည်း အဘက်ဘက်မှ သူ့အင်အားများ အလုံးစုံ တိုးတက်လာသည်ဟု ခံစားမိ၏။

ခန္ဓာကိုယ်ကြံ့ခိုင်မှု၊ ခွန်အား၊ စွမ်းအား၊ ဝိညာဉ်၊ ဦးနှောက်စွမ်းရည်။

အနှိုင်းမဲ့သွေး၏ စတုတ္ထမြောက်စွမ်းရည်က ဘက်စုံတိုးတက်ခြင်း ဖြစ်ချေသည်။

ဤသည်မှာ စွမ်းရည်အားလုံးကို မြှင့်တင်ပေးနိုင်သော အထူးနည်းလမ်းတစ်ခုဟု ဆိုနိုင်သည်။

နှစ်ဆ...

သုံးဆ...

ကျွင်းရှောင်ယောက်ဟာ သူ့အင်အားက အဘက်ဘက်မှ အဆများစွာ တိုးတက်လာသလို ခံစားခဲ့ရသည်။

လူငယ်လည်း ကြီးမားသော အကျပ်အတည်းကို နားမလည်နိုင်စွာ ခံစားခဲ့၏။

ယင်းက အသက်ဘေးကို ကြုံလာရသည့် ခံစားချက် ဖြစ်သည်။

လူငယ် မတုံ့ဆိုင်းဝံ့ဘဲ သူ၏ အဆုံးစွန်ဝှက်ဖဲကို ထုတ်ဖော်လိုက်သည်။

"ယာမမင်း၊ ထာဝရကျဆုံးခြင်း"

လူငယ်က သူ၏ အဆုံးစွန်နည်းလမ်းဖြင့် လှံချက် ထုတ်ဖော်လိုက်သည်။

သူတို့ကြားတွင် ငရဲပြည်ရောက်နေသကဲ့သို့ မြင်ကွင်းများ ထွက်ပေါ်လာ၏။ ယင်းက လူတစ်ယောက်၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို ထာဝရငရဲသို့ ဆွဲသွင်းနိုင်ပုံရကာ အလွန်ကြောက်စရာကောင်းသည်။ သူ့ပြိုင်ဘက်က မည်မျှ အားကောင်းသည်ဖြစ်စေ သေဆုံးရလိမ့်မည်။

ဤသည်မှာ အလွန်ကြောက်စရာကောင်းသော တားမြစ်နည်းလမ်း ဖြစ်သည်။

သို့သော်လည်း သူ ရင်ဆိုင်ခဲ့ရသူမှာ ကျွင်းရှောင်ယောက် ဖြစ်၏။

ထို့အပြင်၊ ကျင့်ကြံခြင်းအခြေခံ မြင့်မားလာပြီး ခွန်အားများ တဟုန်ထိုးတက်လာပြီးပြီဖြစ်သော ကျွင်းရှောင်ယောက် ဖြစ်သည်။

ကျွင်းရှောင်ယောက်က အနှိုင်းမဲ့သွေး၏ စတုတ္ထစွမ်းရည်ကို အသက်သွင်းလိုက်သည်။ သူ့ခန္ဓာကိုယ်ထဲတွင် အနှိုင်းမဲ့သွေးက ဆူပွက်လာ၏။ တောက်ပသော နတ်မီးတောက်များကလည်း တကိုယ်လုံးကို ရစ်ပတ်လာ၏။

သူ့ပုံစံက ကစဉ့်ကလျားနတ်ဘုရား နိုးထလာသကဲ့သို့ပင်။

သူက လက်တစ်ဖက်ကိုမြှောက်ပြီး တာအို၏မူလ၊ ကမ္ဘာဦးကျမ်း... နတ်ဘုရား၏အလင်းကို ထုတ်လွှတ်လိုက်‌သည်။

ထို့အပြင် ကစဉ့်ကလျားထိုအလင်းကို တိုက်ရိုက် မထုတ်ဖော်ခဲ့ပေ။

ထိုအစား တာ့လော့ဓားသန္ဓေသို့ ပို့လွှတ်လိုက်သည်။

"ဝမ်"

တာ့လော့ဓားသန္ဓေက ထူးထူးကဲကဲ တောက်ပသော အလင်းများကို ထုတ်လွှတ်လာသည်။

တာ့လော့ဓားသန္ဓေကိုယ်တိုင်က တုနှိုင်းမမီသော ဓားတစ်လက်ဖြစ်ပြီး အလွန်တရာထက်မြက်၏။

ဤနတ်ဘုရားအလင်း၏ ထောက်ပံ့မှုအောက်တွင် ပို၍ပင် စွမ်းအားကြီးမားလာတော့သည်။

ထို့အပြင် အနှိုင်းမဲ့သွေး၏ စတုတ္ထစွမ်းရည်မှ ထောက်ပံ့မှုကြောင့် ဤတိုက်ခိုက်မှုဟာ အဆများစွာ ပို၍ အားကောင်းခဲ့ရသည်။

"ရွှစ်"

တာ့လော့ဓားသန္ဓေက စကြာဝဠာကြီးကိုပင် ထွင်းဖောက်နိုင်ပုံရသော ဓားအလင်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။

"ဝုန်း"

လူငယ်လေး၏ အဆုံးစွန်လှုပ်ရှားမှုက ဓားအလင်းအောက်တွင် ထက်ခြမ်းကွဲသွားသည်။

အဆုံးမဲ့ငရဲလည်း ပျက်စီးသွား၏။

လူငယ်က သွေးတစ်ပွက်အန်ပြီး နတ်ဆိုးလှံဖြင့် သူ့ရှေ့တွင် ကန့်လန့်ထားကာ ခုခံရန် ကြိုးစားလိုက်သည်။

"ရွှစ်"

အသံတစ်ခု ထွက်ပေါ်လာသည်။

အဓိပဓိရတနာ နတ်ဆိုးလှံကို တာ့လော့ဓားသန္ဓေက တိုက်ရိုက် ပိုင်းဖြတ်သွား၏။ ၎င်း၏ အနှစ်သာကိုပင် တာ့လော့ဓားသန္ဓေက စုပ်ယူသွားတော့သည်။

"ရွှပ်"

အသံတစ်ခုကို ထပ်မံ ကြားလိုက်ရသည်။

လူငယ်လေး ပြန်ငုံ့ကြည့်လိုက်တော့ သူ့ရင်လတ်တွင် အပေါက်ကြီးတစ်ခုကို မြင်လိုက်ရ၏။

အတွင်းအင်္ဂါများလည်း အားလုံး ပျောက်ကွယ်သွားကြပြီ။

ထိုမျှသာမကဘဲ တာ့လော့ဓားသန္ဓေ၏ စွမ်းအားက သူ၏ ရှေးဦးဝိညာဉ်ကိုပင် တိုက်စားသွားခဲ့သည်။

"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ နတ်ဘုရားတွေ သေပြီး နတ်ဆိုးတွေ ကျဆုံးခဲ့ပေမဲ့ ငါအသက်ရှင်နေသေးတယ်..."

"မင်းရဲ့လက်ထဲမှာ ငါ ဘယ်လိုလုပ်ပြီးသေရမှာလဲ..."

လူငယ်က မယုံကြည်နိုင်စွာ ပြောလိုက်သည်။ ထို့နောက်တွင် သူ့မျက်လုံးမှ အသက်ဓာတ်တို့ ကွယ်ပျောက်သွား၏။

သူ၏ ရှေးဦးဝိညာဉ်သည်ပင် ပျက်သုဉ်းသွားခဲ့ပြီ။

"ဘုန်း"

သူ့အလောင်းက မြေပေါ်ကို ပြုတ်ကျသွားခဲ့သည်။

"လက်ရှိခေတ်ရဲ့ မျိုးစေ့အဆင့် ပါရမီရှင်တွေက တကယ်ကြီး သတ်ရခက်တာလား။ ဒီအတွက် နည်းလမ်းအများကြီးသုံးဖို့ လိုနေသေးတာလား"

ကျွင်းရှောင်ယောက်က သူ၏ စွမ်းဆောင်ရည် မကျေနပ်ဟန်ဖြင့် ခေါင်းခါယမ်းလိုက်သည်။

သို့သော်လည်း တိုင်းတပါးသတ္တဝါများသာ သူ့အတွေးကိုသိလျှင် တို့ဖူးနှင့် ကိုယ့်ကိုယ်ကိုယ် ရိုက်သတ်မိလိမ့်မည်။

ဤသည်မှာ ဖျက်ဆီးခြင်းဒဏ္ဍာရီထဲမှ ဒဏ္ဍာရီလာ ဖျက်ဆီးခြင်းဘုရင်ခြောက်ပါးအနက် တစ်ပါး ဖြစ်သည်။

သူ့ကို ဤမျှလွယ်လွယ် သတ်လိုက်နိုင်တာတောင် မကျေနပ်သေးဘူးလား။

သို့သော်လည်း ရိုးရိုးသားသားပြောရလျှင် ကျွင်းရှောင်ယောက်က တာ့လော့ဓားသန္ဓေ၊ မဟာတာအို၏မူလ နတ်ဘုရားစွမ်းရည်၊ စတုတ္ထမြောက် အနှိုင်းမဲ့စွမ်းရည်တို့ကို အသုံးပြုခဲ့ရသည်။

ထို့အပြင် ကစဉ့်ကလျားတာအိုခန္ဓာကိုလည်း အသုံးပြုခဲ့၏။

ထို့ကြောင့် ဤအမှောင်စီကွမ်၏ သေဆုံးခြင်းက မတရားသဖြင့် သေဆုံးရခြင်းတော့ မဟုတ်ပေ။

ထိုစဉ်၊ အနက်ရောင်အလင်းတန်းတစ်ခု ရုတ်တရက်ပေါ်လာပြီး ကျွင်းရှောင်ယောက်၏ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက်ပြေးဝင်သွားသည်။

"ဟင်"

ကျွင်းရှောင်ယောက် ခေါင်းငုံ့ပြီး သူ့လက်ကောက်ဝတ်ကို ကြည့်လိုက်၏။

သူ၏ လက်ကောက်ဝတ်တွင် အနက်ရောင် ခြောက်ထောင့်ကြယ်အမှတ်အသားတစ်ခု ပေါ်လာတော့သည်။

"ဒါက..."

ကျွင်းရှောင်ယောက် အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။

သို့သော်လည်း ထိုအချိန်တွင် အလွန်ရှေးကျပြီး နတ်ဆိုးဆန်သော အသံတစ်ခုက သူ့စိတ်ထဲတွင် ပေါ်လာတော့သည်။

"ကမ္ဘာကိုဖျက်ဆီးမဲ့ ဘုရင်ခြောက်ပါး၊ ကံကြမ္မာကိုလက်ခံပြီး အင်မော်တယ်နယ်မြေကြီးကို ဖျက်ဆီးစေ၊ မင်းက အမှောင်စီကွမ်တစ်ဦးပဲ"

All Chapters