အခန်း ၉၁၁
Vol. 61 Ch. 911
အခန်း ( ၉၁၁ ) ကြယ်ရှစ်ပွင့်ဆုလာဘ်။
"ဖျက်ဆီးခြင်းဘုရင်ခြောက်ပါး"
"အင်မော်တယ်နယ်မြေကြီးကို ဖျက်ဆီးမှာလား"
"အမှောင်စီကွမ်တစ်ဦး"
ထိုစကားများက ကျွင်းရှောင်ယောက်ကို အံ့အားသင့်သွားစေခဲ့သည်။
ကြည့်ရသည်မှာ ဤလူငယ်ကို သတ်လိုက်ပြီးနောက်၊ သူ၏ အထောက်အထားတစ်မျိုးကို ရရှိခဲ့ပုံပင်။
"စိတ်ဝင်စားစရာပဲ၊ ငါက ဒီအမှောင်စီကွမ်နေရာကို အနာဂတ်မှာ အင်မော်တယ်နယ်မြေကြီးကိုဖျက်ဆီးမဲ့ ဘုရင်ခြောက်ပါးထဲက တစ်ပါး ဖြစ်လာနိုင်မှာလား"
ကျွင်းရှောင်ယောက် အနည်းငယ် ဆွံ့အသွားသည်။ ဤနားလည်မှုလွဲခြင်းက အနည်းငယ် ကြီးမားသလို သူ ခံစားလိုက်ရ၏။
မူလက သူဟာ အသစ်နိုးထလာသော မျိုးစေ့အဆင့် ပါရမီရှင်တစ်ဦးကိုသာ သတ်လိုက်ပြီဟု ထင်ခဲ့သည်။
ယခုတော့ သူဟာ မယုံနိုင်စရာကောင်းသော ဖြစ်တည်မှုတစ်ခုကို ဖျက်ဆီးခဲ့မိပုံပင်။
သို့သော်လည်း ကျွင်းရှောင်ယောက်၏ အမူအရာက တည်ငြိမ်ပြီး စိတ်ခံစားချက်ကလည်း အပြောင်းအလဲမရှိခဲ့ပေ။
ဤလူငယ်၏ နောက်ခံက ကောင်းမွန်သော်လည်း ကျွင်းရှောင်ယောက်က ဂရုမစိုက်ဘဲ သတ်ဝံ့သည်။
သို့ပေသော်ငြား ကျွင်းရှောင်ယောက်ဟာ ဂုဏ်ယူနေခြင်းမျိုးတော့ မရှိပေ။
ကျွင်းရှောင်ယောက်အတွက်တော့ အမှောင်စီကွမ်ကို သတ်လိုက်ခြင်းက ကြီးကြီးမားမား မဟုတ်ပါချေ။
သို့ရာတွင်၊ တိုင်းတပါးသား သတ္တဝါများသာ ဤအကြောင်းကို သိလိုက်ပါက လှိုင်းလုံးကြီးများ ဖြစ်လာစေမည်မှာ သေချာသည်။
ကျွင်းရှောင်ယောက်၏ အတွေးတစ်ချက်ဖြင့် သူ့လက်ကောက်ဝတ်ရှိ ကြယ်ခြောက်ပွင့် အမှတ်အသားက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
ကျွင်းရှောင်ယောက်က တိုင်းတပါးမှ သတင်းအချို့ကို စူးစမ်းချင်သေးသည်။
အကယ်၍ ခြောက်ထောင့်ကြယ် အမှတ်အသားကို ပြင်ပလူများ သိကြပါက၊ မလိုလားအပ်သော ပြဿနာအချို့ကို ဖြစ်စေနိုင်သည်။
"အခု လက်မှတ်ထိုးဝင်ဖို့ အချိန်ကျပြီ"
ကျွင်းရှောင်ယောက်က ကောင်းကင်သင်္ချိုင်း၏ နက်နဲရာသို့ ဝင်ရောက်သွားခဲ့သည်။
မကြာမီ သူ့ခေါင်းထဲတွင် စနစ်၏အသံ ထွက်ပေါ်လာသည်။
"ဒင်၊ ဂုဏ်ပြုပါတယ် ပိုင်ရှင်... လက်မှတ်ထိုးဝင်ဖို့နေရာကို ရောက်ပါပြီ။ လက်မှတ်ထိုးဝင်ရောက်လိုပါသလား"
"ဝင်လိုက်ပါ"
"ဒင်၊ ဂုဏ်ယူပါတယ်ပိုင်ရှင်။ ကြယ်ရှစ်ပွင့်ဆုလာဘ်... ကောင်းကင်ရဲ့ ရောင်ပြန်ဟပ်ခြင်းကို ရရှိခဲ့ပါပြီ"
"ကောင်းကင်ကို ရောင်ပြန်ဟပ်နေတာလား"
ကျွင်းရှောင်ယောက် အံသြသွားမိသည်။ ဤနာမည်မှာ တော်တော်လွှမ်းမိုး၏။
ကျွင်းရှောင်ယောက်လည်း ကောင်းကင်၏ ရောင်ပြန်ဟပ်ခြင်းကို ချက်ချင်း စူးစမ်းလိုက်လေသည်။
အတန်ကြာပြီးနောက် ကျွင်းရှောင်ယောက် နားလည်သွားခဲ့သည်။
ကောင်းကင်ကို ရောင်ပြန်ဟပ်ခြင်းက ကောင်းကင်အားလုံးနှင့် လောကအားလုံးဆီသို့ ကိုယ်ပိုင်စွမ်းအားကို ဖြန့်ကျက်ခြင်း ဖြစ်သည်။
ကျွင်းရှောင်ယောက်ကို ယုံကြည်ကိုးကွယ်ပြီး ကျွင်းရှောင်ယောက်၏နာမည်ကို ရွတ်ဆိုနေသရွေ့...
ဤစွမ်းအား၏ တစ်စိတ်တစ်ပိုင်းကို ထိုယုံကြည်သူများထံသို့ လွှဲပြောင်းနိုင်ပေသည်။
"ဒါဆို ဒါက ဟန်ပြဖို့သက်သက်လား"
ကျွင်းရှောင်ယောက်၏ ဦးခေါင်းအနောက်ဘက်တွင် ကောင်းကင်အားလုံး၏ရောင်ပြန်ဟပ်ခြင်းကို မြင်လိုက်ရသည်။
ပိုင်ရှင်၏အဆင့်က မြင့်မားလေလေ၊ ရောင်ပြန်ဟပ်ခြင်းကလည်း ပို၍ ကြီးမားလေလေ ဖြစ်၏။
ကျွင်းရှောင်ယောက်၏ လက်ရှိစွမ်းအားက မဟာဧကရာဇ်များ၊ အင်မော်တယ်ဘုရင်များနှင့် နှိုင်းယှဉ်ရန် ဝေးကွာနေသေးသော်လည်း တော်ရုံလူများကိုတော့ ကောင်းကောင်းခြောက်လှန့်နိုင်သေးသည်။
"အနာဂတ်မှာ ငါ့ရဲ့စွမ်းအားက ပိုအားကောင်းလေလေ၊ ကောင်းကင်ကို ရောင်ပြန်ဟပ်နိုင်လေလေပဲ"
"ငါ့နာမည်ကို ရွတ်ဆိုသူတွေတောင်မှ ပြန်လည်ဝင်စားခြင်းမှာ ထာဝရအသက်ကို ရကောင်းရနိုင်လိမ့်မယ်"
ကျွင်းရှောင်ယောက်၏ မျက်လုံးများက အလင်းရောင်များ လင်းလက်သွားခဲ့သည်။
သူဟာ သူ့ကိုယ်သူ ယုံကြည်မှုရှိ၏။
ပုံမှန်အတိုင်းဆိုလျှင် ကောင်းကင်ကို ရောင်ပြန်ဟပ်ခြင်းစွမ်းရည်က ကျွင်းရှောင်ယောက်အတွက် များစွာ အသုံးမဝင်ပါ။
သို့ရာတွင် ယင်းက လူများကိုခြောက်လှန့်ပြီး ယုံကြည်သူများ ပို၍စုဆောင်းနိုင်စေသည်။
ယင်းက အနာဂတ်တွင် ကျွင်းရှောင်ယောက်အတွက် ကြီးမားသော အကျိုးသက်ရောက်မှုရှိလိမ့်မည်။
လက်မှတ်ထိုးဝင်ပြီးနောက်၊ ကျွင်းရှောင်ယောက်လည်း ကောင်းကင်သင်္ချိုင်းမှ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
မြင့်မြတ်ခန္ဓာတာအိုသန္ဓေတစ်ပိုင်းကတော့ တဖြည်းဖြည်း ပြောင်းလဲတိုးတက်နေလိမ့်မည်။
၎င်းသာ အပြည့်အဝ နိုးထလာပါက ကစဉ့်ကလျားခန္ဓာထက် အားနည်းလိမ့်မည် မဟုတ်ပေ။
အချိန်ကျပါက ကျွင်းရှောင်ယောက်ဟာ ပြိုင်ဘက်ကင်းသော အနေအထားဖြင့် အားလုံးကို ဖြတ်ကျော်နိုင်မည် ဖြစ်သည်။
ဘယ်မျိုးစေ့များ အညှောက်ပေါက်ပြီး၊ ဘယ်ခေတ်က တောရိုင်းပန်းများ ပွင့်လာပါစေ...
ကျွင်းရှောင်ယောက် တစ်ယောက်တည်းက ဤကမ္ဘာကြီးကို ချိုးနှိမ်ပြီး လွှမ်းမိုးထားနိုင်သည်။
ကျွင်းရှောင်ယောက် တစ်ယောက်တည်း ကြီးစိုးသောခေတ်က တစ်ဖန်ရောက်လာတော့မည်။
ထိုရက်ကလည်း သိပ်ဝေးတော့မည် မဟုတ်ပေ။
"နောက်တဆင့်ကတော့ ကောင်းကင်ဂူသင်္ချိုင်းကနေ ထွက်ခွာပြီး တိုင်းတစ်ပါးပြည်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို စူးစမ်းလေ့လာဖို့ပဲ"
"ကောင်းကင်ကျမ်းကိုးအုပ်ထဲက တစ်အုပ်ဖြစ်တဲ့ ဝိညာဉ်ကျမ်းက ချီရှောင်းမျိုးနွယ်ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ချီဟုန်ယွိရဲ့လက်ထဲမှာ ဖြစ်နိုင်ချေရှိတယ်"
"နောက်ပိုင်း သရဲမျက်နှာသုသာန်ဧကရီနဲ့ တိုင်းတပါးရဲ့ ဆက်ဆံရေး"
"ဒါတွေထက် အရေးကြီးဆုံးကတော့ ငါ့အဖေပဲ။ ချီရှောင်းဘုရင်နဲ့ တိုက်ပွဲအပြီးမှာ သူ ဘာဖြစ်သွားတာလဲ"
ကျွင်းရှောင်ယောက် စဉ်းစားရင်း ခေါင်းကိုခါယမ်းလိုက်သည်။
ယခု တိုင်းတပါးတွင် သူ လုပ်စရာများ အများကြီး ရှိသည်။
ယခုဆိုလျှင် သူ့မှာ ကောင်းကင်၏အနက်ရောင်သွေး၊ ကောင်းကင်ကိုခိုးယူပြီးနေကိုပြောင်းလဲခြငိးအတတ်နှင့် ကစဉ့်ကလျားခန္ဓာ ရှိနေပြီ။
ယင်းက ရုပ်ဖျက်ခြင်းအတွက် ပြီးပြည့်စုံသော အခြေအနေဟု ဆိုနိုင်သည်။
ထို့အပြင် ကျွင်းရှောင်ယောက်မှာ အမှောင်စီကွမ် ခြောက်ထောင့်ကြယ် အမှတ်အသားလည်း ရှိ၏။
ယခုအခါ ကျွင်းရှောင်ယောက်က တိုင်းတပါးသား သတ္တဝါများထက်ပင် ပို၍ တိုင်းတပါးသတ္တဝါ ဆန်သေးသည်။
ကျွင်းရှောင်ယောက်လည်း ကောင်းကင်သင်္ချိုင်း အပြင်ဘက်သို့ အေးအေးလူလူ လမ်းလျှောက်ထွက်ခဲ့သည်။
...........
တစ်ချိန်တည်းမှာပင်...
ကောင်းကင်သင်္ချိုင်း၏ အလယ်ဗဟိုနှင့် အတွင်းပိုင်း ဧရိယာတို့ နယ်နိမိတ်တွင်...
ကြောင်တစ်ကောင်ထက် ပို၍ သွက်လက်ဖျတ်လတ်သော လူရိပ်လေးတစ်ခု ချဉ်းကပ်လာသည်။
သူ့နောက်မှာလည်း တော်ဝင်မျိုးနွယ်များမှ လူများ လိုက်လာနေကြ၏။
ဤအခိုက်တွင် သူတို့၏ မျက်နှာများက ရှက်ရွံ့ဒေါသစိတ်ကြောင့် နီမြန်းနေတော့သည်။
တစ်ယောက်က လှမ်းအော်လိုက်သည်။
"ခွေးမလေး၊ ရပ်လိုက်စမ်း။ မင်းကများ ငါတို့ကို လှည့်စားဝံ့တယ်"
ထိုအသံကိုကြားတော့ ခပ်သေးသေး ပုံရိပ်လေးက ပြန်လှည့်ကြည့်လိုက်သည်။ တော်ဝင်မျိုးနွယ်မှ ပါရမီရှင်များကိုကြည့်ရင်း လျှာထုတ်ပြကာ ပြန်အော်လိုက်၏။
"အဲဒါက နင်တို့နဲ့ထိုက်တန်တာပဲလေ။ ငါ့ရဲ့ ပုံရိပ်ယောင်ကိုတောင် မမြင်နိုင်အောင် မိုက်မဲလွန်းတာကို"
ယင်းက ဆယ်ကျော်သက်အရွယ် ဖြစ်ဟန်တူသော ပန်းရောင် အ၀တ်အစားများနှင့် မိန်းကလေး ဖြစ်သည်။
ပျော့ပျောင်းသော အဖြူရောင်ဆံနွယ်များကို အနောက်တွင် ဖြန့်ချထားပြီး လက်တစ်ဖဝါးစာ ဘဲဥပုံ မျက်နှာကလေး ရှိ၏။
သူမ၏ မျက်လုံးများက ပြူးပြူးလေးဖြစ်ပြီး မျက်တောင်ရှည်ကြီးများကတော့ ကောညွတ်နေလေသည်။
သေးသွယ်သော ဖြောင့်စင်းသော နှာတံနှင့် ချယ်ရီသီးကဲ့သို့ အနီရဲရဲ နှုတ်ခမ်းလေးကိုလည်း ပိုင်ဆိုင်ထားသည်။
သူမ၏ ခြေဖဝါးလေးများကတော့ ဖိနိပ်မပါဘဲ ဗလာချည်းပင်။ သူ၏ ခြေကျင်းဝတ်၌သာ အနီရောင် ကြိုးလေးတစ်ချောင်းကို ချည်နှောင်ထားခဲ့သည်။
သို့သော်လည်း ထူးဆန်းသည်မှာ ခြေဗလာများဖြစ်ပင်လျှင် ဖုန်မှုန့်များ စွန်းထင်းခြင်း အလျဉ်းမရှိပေ။
"ရှေ့က ကောင်းကင်သင်္ချိုင်းရဲ့ အတွင်းပိုင်းပဲ၊ မင်းဝင်သွားရင် သေရမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပဲ။ သွေးဖီးနစ် အင်မော်တယ်ဆေးပင်ကို မြန်မြန်လွှဲပေးဖို့ ငါ အကြံပေးချင်တယ်"
တော်ဝင်မျိုးနွယ်ဝင် ပါရမီရှင်များက အေးစက်စက် ပြောဆိုလိုက်ကြသည်။
ဤကာလအတွင်း၌ ကောင်းကင်သင်္ချိုင်းမှ လှုပ်ရှားမှုများက ရတနာများရှာဖွေလိုသော လူများစွာကို ဆွဲဆောင်ခဲ့သည်။
နောက်ဆုံးတွင် ဤတော်ဝင်ပါရမီရှင်အုပ်စုက ရှားပါး သွေးဖီးနစ် အင်မော်တယ်ဆေးပင်ကို တွေ့ရှိခဲ့ပေသည်။
သို့သော်လည်း ထိုအချိန်တွင် ထူးဆန်းသော ဆံပင်ဖြူ အဘိုးအိုတစ်ဦး ရုတ်တရက် ပေါ်လာသည်။
သူတို့လည်း ဘာမှန်းညာမှန်းမသိ ကြောက်ကြောက်နှင့် သွေးဖီးနစ်အင်မော်တယ်ဆေးကို အမြန် လွှဲပေးခဲ့မိသည်။
သို့ရာတွင် တစ်ခုခုမှားနေတာကိုလည်း သူတို့ ချက်ချင်း သတိပြုမိခဲ့ပေသည်။
မျှော်လင့်ထားသည့်အတိုင်း၊ ထူးထူးခြားခြား ပေါ်လာသော ဆံပင်ဖြူအဘိုးကြီးက သူတို့ရှေ့မှ အဖြူရောင်ဆံပင်နှင့် ကောင်မလေးအဖြစ် ပြောင်းလဲသွားခဲ့သည်။
ယင်းကြောင့် တော်ဝင်မျိုးနွယ်ဝင် ပါရမီရှင်များ ဒေါသချောင်းချောင်း ထွက်သွားခဲ့ကြသည်။
ဤသို့ဖြင့် နောက်တော့ သူ့ကို လိုက်ဖမ်းကြတော့သည်။
ယင်းကိုမြင်တော့ အဖြူရောင်ဆံပင်နှင့် လော်လီလေးက သူမ၏နောက်ပြောင်မှု အောင်မြင်သွားဟန်ဖြင့် ကျေနပ်စွာ ပြုံးလိုက်သည်။ ထို့နောက် သူမ၏ခါးရှိ ရတနာအိတ်ထဲမှ မြေခွေးမျက်နှာဖုံးတစ်ခုကို ထုတ်ယူပြီး ဝတ်လိုက်၏။
ပေါက်ကွဲသံတစ်ချက်နှင့် မီးခိုးလုံးများ တက်လာသည်။
နောက်အခိုက်တွင် သူမက ဆံဖြူအဘိုးကြီးအဖြစ်သို့ အမှန်တကယ် ပြောင်းလဲသွားပြန်တော့သည်။
"လူငယ်လေးတွေ၊ ငါ့ကိုတွေ့တာတောင် ဘာဖြစ်လို့ မြန်မြန် ဒူးမထောက်ကျသေးတာလဲ"
"ချီးပဲ"
တော်ဝင်မျိုးနွယ်များမှ ပါရမီရှင်များ ဒေါသပိုထွက်လာကြသည်။
ဤသို့သော အရှက်တကွဲဖြစ်နှင့် လှောင်ပြောင်မှုမျိုးကို မည်သူက သည်းခံနိုင်မည်နည်း။
"လိုက်ကြကွာ၊ အဲဒီ ဆံပင်ဖြူကောင်မလေးကို အရှင်ဖမ်းကြမယ်"
တော်ဝင်မျိုးနွယ်မှ ပါရမီရှင်များ ဒေါသတကြီးဖြစ်ပြီး ချက်ချင်း ခုန်အုပ်လိုက်ကြသည်။
"ဟိဟိ၊ နင်တို့ လူမိုက်တွေကို နှုတ်ဆက်ပါတယ်တော်။ ငါ ဒေါ်လေးက သွားပြီ"
ဆံဖြူအဘိုးကြီးက အဖြူရောင်ဆံပင်နှင့် ကောင်မလေးအဖြစ်သို့ ပြန်ပြောင်းသွားခဲ့သည်။ သူက လျှာသေးသေးလေးကို တစ်လစ်တစ်လစ်ထုတ်ပြီး ပြောင်ပြလိုက်၏။
ကမ္ပည်းများက သူမ၏ ခြေထောက်အောက်တွင် ဖြစ်ပေါ်လာကာ အလွန်လျင်မြန်သောအဟုန်ဖြင့် အဝေးသို့ ပြေးထွက်သွားတော့သည်။
ခဏအကြာတွင် ပြေးသူ၊ လိုက်ကြသူနှင့် သူတို့လူစုက ကောင်းကင်သင်္ချိုင်းအတွင်းသို့ နက်နက်နဲနဲ ဝင်သွားခဲ့ကြသည်။
ထိုအချိန်တွင် အဖြူရောင်ဆံပင်နှင့် လော့လီလေးက ရုတ်တရက် ရပ်သွားသည်။
ရှေ့တွင် ကောင်းကင်သင်္ချိုင်း နက်နဲရာ ဖြစ်၏။
ထိုနေရာတွင် ထူးဆန်းသော အနက်ရောင် အခိုးအငွေ့မျိုးစုံ ပိတ်နေသည်။
ထိုနေရာတွင် ဟင်းလင်းပြင်အက်ကြောင်းများ၊ ကြောက်မက်ဖွယ်ကောင်းသော အကြွင်းအကျန်များ စသည်တို့လည်း ရှိ၏။
အဓိပဓိများပင်လျှင် ထိုအထဲကို ပေါ့ပေါ့ဆဆ မဝင်ဝံ့ကြပေ။
"ဟားဟားဟား၊ ပြေးလေ... ကောင်မစုတ်လေး၊ မင်း သတ္တိရှိရင် ဝင်ပြေးလိုက်"
တော်ဝင်မျိုးနွယ်မှ သတ္တဝါတစ်စုက လှောင်ပြောင်လိုက်ကြသည်။
သို့သော်...
ထိုအခိုက်တွင်...
ထူးခြားသော တည်ရှိမှုကြီးတစ်ခု ပေါ်လာတော့မည်ကဲ့သို့ ကောင်းကင်သင်္ချိုင်း၏ နက်နဲရာအရပ်မှ မိုးနှင့်မြေက တုန်ခါပြီး မြူခိုးများ လှိုင်းထလာခဲ့သည်။
"အဲ... အဲဒါ ဘာဖြစ်တာလဲ"
တော်ဝင်မျိုးနွယ်မှ သတ္တဝါများ ကြောက်ရွံ့တုန်လှုပ်သွား၏။
ကောင်းကင်သင်္ချိုင်း၏ နက်နဲရာအရပ်မှ ထူးဆန်းသော တည်ရှိမှုများကို သူတို့ မတော်တဆ လှုပ်ရှားစေခဲ့မိပြီလော။
ဆံဖြူလော့လီလေးလည်း အနည်းငယ် တုန်လှုပ်သွားသည်။ သူမ၏ လက်ကလေးက ခါးမှ ရတနာအိတ်ဆီကို ချက်ချင်း လက်လှမ်းပြီးသား ဖြစ်သွား၏။
သူမက အချိန်မရွေး ထွက်ပြေးနိုင်မည့် နည်းလမ်းမျိုးစုံကို အသုံးပြုရန်ပင် ပြင်ဆင်ပြီးပြီ။
"ဝုန်း"
ရုတ်တရက်၊ အမှောင်မြူများ၊ မပြည့်စုံသော အကြွင်းအကျန်များနှင့် တာအိုအမှတ်အသားများ ရုတ်တရက် ပျက်ဆီးသွားကြသည်။
အတွင်းမှ အဖြူရောင်ဝတ်စုံဝတ် လူရိပ်တစ်ခုက အေးဆေးတည်ငြိမ်သော ခြေလှမ်းများနှင့် လှမ်းထွက်လာတော့သည်။