← Chapters

အခန်း ၉၁၅

Vol. 61 Ch. 915

အခန်း ၉၁၅

Vol. 61 Ch. 915

အခန်း ( ၉၁၅ ) ကျွင်းရှောင်ယောက် ပေါ်လာပြီ။

"မင်း ဘာ‌ပြောလိုက်တယ်"

ခုန်းရှန်း အံ့ဩသွားသည်။ သူ ကြားလိုက်ရသည်ကိုပင် မယုံနိုင်သလို ဖြစ်သွား၏။

ထိပ်တန်း တော်ဝင်မိသားစုတစ်ရာ နေရာထဲမှ ဖယ်ရှားပေးရတော့မည့် ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်၏ မင်းသမီးတစ်ပါး...

သူမက သူ့ကို ဤသဘောထားမျိုးဖြင့် မည်သို့ပြောဝံ့ပါသနည်း။

ဤခံစားချက်မှာ သခင်၏ခေါင်းပေါ်ကို ကျွန်သပေါက်မှ တက်နင်းခံလိုက်ရသလို ဖြစ်သည်။

"ငါ စကားတစ်ခွန်းကို နှစ်ခါ ထပ်မပြောဘူး"

ဖေးချင်ရွယ်က ဆောင်းရာသီမှ ပန်းတစ်ပွင့်ကဲ့သို့ အေးစက်စက်ဖြင့် ပြောလိုက်သည်။

ခပ်ကြမ်းကြမ်းတိုက်ခတ်သောလေနှင့် နှင်းပွင့်များကို ရင်ဆိုင်နေရသော်လည်း ကိုယ်ပိုင်အလှတရား၊ ခိုင်မာသောစိတ်ဖြင့် ဝံ့ကြွားစွာ ပွင့်လန်းနေသေးသည်။

အမျိုးသမီးများက ကိုယ့်ကံကြမ္မာကို မထိန်းချုပ်နိုင်ဘူးဟု မည်သူပြောသနည်း။

"အတင့်ရဲလိုက်တဲ့ ဖေးချင်ရွယ်၊ မင်း အစ်ကိုခုန်းရှန်းကို ဘယ်လိုတောင်ပြောဆိုဝံ့တာလဲ"

မင်းသားယန်က အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။

ဖေးချင်ရွယ်သာ သူ့ကိုဆက်လက်ဆန့်ကျင်နေပါက၊ သူ၏ကိုယ်လုပ်တော်အဖြစ် မတော်ကောက်ရလည်း ဂရုမစိုက်တော့ပါ။

ပတ်ဝန်းကျင်မှ တိုင်းတပါးသား သတ္တဝါများလည်း ရင်တထိတ်ထိတ်ဖြစ်ပြီး အံ့သြသွားကြသည်။

ဖေးချင်ရွယ်သည် အလွန် သတ္တိကောင်း၏။

ယင်းက ကိုယ့်သေတွင်း ကိုယ်ပြန်တူးခြင်းနှင့် မခြားပေ။

"စိတ်ဝင်စားစရာပဲ၊ တကယ်ကို စိတ်ဝင်စားဖို့ကောင်းတယ်။ အရင်ကလည်း မင်းလို မွန်မြတ်ဟန်ဆောင်ထားတဲ့ မိန်းမတွေ အများကြီးကို ငါတွေ့ဖူးပါတယ်"

"ဒါပေမဲ့ နောက်ဆုံးမှာတော့ သူတို့ဟာ တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်ပြီး ငါ့ဖိနပ်ကို လျှာနဲ့လျက်ကြရတုန်းပဲ"

ခုန်းရှန်းက ပြုံးနေဆဲ ဖြစ်သည်။ သို့သော်လည်း ထိုအပြုံးက အနည်းငယ် အေးစက်နေပြီ။

သူ၏လက်တစ်ဖက်ကို တဖြည်းဖြည်းမြှောက်လိုက်ရာ သူ့လက်ဖဝါးတွင် နတ်အလင်းများ တောက်ပလာသည်။

ယင်းက ဥဒေါင်းနက်တော်ဝင်‌မျိုးနွယ်၏ လျှို့ဝှက်နည်းလမ်း၊ သတ်ဖြတ်ခြင်း၏အလင်းရောင် ဖြစ်သည်။

မဟာသူတော်စင်နယ်ပယ် အငွေ့အသက်များကလည်း လေထဲတွင် ပြည့်သွား၏။

သူ့အသက်အရွယ်ဖြင့် မဟာသူတော်စင်နယ်ပယ် ကျင့်ကြံခြင်းအခြေခံရှိခြင်းကို ထူးချွန်သူဟု ဆိုနိုင်ပြီ ဖြစ်သည်။

ဖေးချင်ရွယ်၏ အမူအရာက လေးနက်သွားသည်။

သူမက အခွင့်အလမ်းကို ရရှိပြီးနောက် သူတော်စင်ဘုရင်နယ်ပယ်ကို ဖြတ်ကျော်နိုင်ခဲ့ပြီ။

သို့သော်လည်း အချိန်တိုအတွင်း ထိပ်တန်းတော်ဝင်မျိုးနွယ်များ၏ ပါရမီရှင်များကို ချက်ချင်းအမီလိုက်ရန်မှာ မဖြစ်နိုင်ကြောင်း ထင်ရှားသည်။

ခုန်းရှန်း လှုပ်ရှားတော့မည့်အချိန်တွင်...

အဝေးမှ အလင်းတန်းများစွာ ပျံသန်းလာကြသည်။ ယင်းက ရေခဲဝိညာဉ် တော်ဝင်မျိုးနွယ်၏ အကြီးအကဲများ ဖြစ်ချေသည်။

"ခုန်းရှန်းသခင်လေး၊ ချင်ရွယ်ကို ကျေးဇူးပြုပြီး ချမ်းသာပေးပါ။ နောက်ရက်ကျရင် မင်းသားယန်နဲ့ လက်ထပ်ဖို့ စီစဉ်ပေးပါ့မယ်"

ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်၏ အကြီးအကဲအားလုံးက နှိမ့်ချစွာ ပြောဆိုလိုက်ကြသည်။

"အကြီးအကဲတွေ..."

ဖေးချင်ရွယ် သူမ၏ နှုတ်ခမ်းကို ခပ်တင်းတင်းကိုက်လိုက်၏။

အမှန်ပင်၊ သူမက တစ်ယောက်တည်းမဟုတ်ပဲ နောက်ကွယ်မှာ ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ် ရှိသေးသည်။

ခုန်းရှန်း အမှန်တကယ်ဒေါသထွက်ပါက ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်တစ်ခုလုံး အကြပ်အတည်း ဖြစ်သွားနိုင်သည်။

ဖေးချင်ရွယ်၏ မျက်လုံးများမှ တုံ့ဆိုင်းမှုကိုမြင်တော့ ခုန်းရှန်း၏မျက်နှာတွင် ရယ်ရွှင်မြူးသော အရိပ်အယောင်များ ပေါ်လာခဲ့သည်။

"ဟဲ၊ ဒီသခင်လေးက စကားပြောရ လက်ပေါက်ကပ်တဲ့သူတော့ မဟုတ်ပါဘူး"

"ဖေးချင်ရွယ်သာ ဒူးထောက်ပြီး ငါ့ဖိနပ်ကို လျှာနဲ့လျက်ရင် ဒီကိစ္စကို မေ့လိုက်မယ်"

ခုန်းရှန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

"သခင်လေးခုန်းရှန်း..."

ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်မှ အကြီးအကဲတချို့လည်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ကြသည်။

သူတို့စိတ်ထဲတွင် ဒေါသက ထောင်းခနဲ ထွက်သွား၏။ သို့သော်လည်း အပြင်ကိုတော့ ထုတ်မပြဝံ့ကြပေ။

သူတို့က အလွန်နှိမ့်ချပြီးနေပြီ ဖြစ်သည်။

သို့တိုင် ခုန်းရှန်းက သူတို့ကို ဤသို့ အရှက်ခွဲနေသေးသည်။

မင်းသားယန်က တစ်စုံတစ်ခုကို ပြောချင်သော်လည်း အဆုံးတွင် နှုတ်ဆိတ်နေခဲ့သည်။

ဖေးချင်ရွယ်သည် အနာဂတ် သူ၏ကိုယ်လုပ်တော်ဖြစ်သော်လည်း ယခုအခါ လူဘုံအလယ်တွင် ခုန်းရှန်း၏ဖိနပ်ကို နမ်းရတော့မည် ဖြစ်သည်။

ယင်းက မင်းသားယန်အတွက်လည်း မျက်နှာမကောင်းတော့ပေ။

သို့သော်လည်း နောက်ဆုံးမှာတော့ ဘာမျှမပြောသာဘဲ နှုတ်ဆိတ်နေရုံသာ တတ်နိုင်ခဲ့သည်။

ဖေးချင်ရွယ်၏ နူးညံ့သော ခန္ဓာကိုယ်ကလေးက တဆတ်ဆတ် တုန်ခါသွားသည်။ သူမ၏ ငွေရောင်မျက်လုံးများမှာလည်း မျက်ရည်ကြည်များ ရစ်ဝဲလာ၏။

"မင်းမလုပ်ချင်ရင်လည်း ရပါတယ်၊ ဒါပေမဲ့... မင်းရဲ့ ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်က အကျိုးဆက်တွေကို ခံနိုင်မလား ငါသိချင်မိတယ်"

ခုန်းရှန်းက လျစ်လျူရှုစွာ ပြောလိုက်သည်။

ဖေးချင်ရွယ် နှုတ်ခမ်းကိုတင်းတင်းကိုက်လိုက်၏။ လက်သီးဆုပ် ‌သေးသေးလေးမှာလည်း လက်သည်းများက လက်ဖဝါးကို ထိုးဖောက်သွားတော့မည်။

မိမိကံကြမ္မာကို ထိန်းချုပ်ရန် ကြိုးစားခြင်းက အလွန်ရိုးရှင်းသည်။ အဆိုးဆုံး အသက်ပေးလိုက်ရရုံပင်။

သို့ရာတွင် မျိုးနွယ်တစ်ခုလုံး ပါဝင်ရမည့်အ‌ရေးက အနည်းငယ် ခက်ခဲစေသည်။

ဖေးချင်ရွယ်၏ နှုတ်ခမ်းများက ဝမ်းနည်းကြေကွဲသော အပြုံးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ဤသည်မှာ တောတွင်းဥပဒေ အထင်ရှားဆုံးဖြစ်သော တိုင်းတပါးပြည် ဖြစ်သည်။

သင့်တွင် လုံလောက်သော ခွန်အား၊ အဆင့်အတန်းနှင့် နောက်ခံမရှိပါက ဂုဏ်သိက္ခာ လုံးဝမရှိနိုင်ပေ။

ဖေးချင်ရွယ် ရုန်းကန်နေရချိန်တွင်...

ကြည်လင်သော အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

"မင်းနဲ့ အရင်ဆုံး ဥပမာတစ်ခု ပြရမယ်ထင်တယ်"

ထိုအသံက အဝေးမှဖြစ်နိုင်သော်လည်း လူတိုင်း၏နားထဲမှာ ပီပီသသ ကြားလိုက်ရသည်။

လူအများ တအံ့ဩဖြစ်ကာ ချက်ချင်း လှည့်ကြည့်လိုက်၏။

ယင်းက မည်သူနည်း။

ယခုအချိန်မျိုးတွင် ခုန်းရှန်းကို မည်သူက နှောက်ယှက်ဝံ့သနည်း။

‌

လူအများ၏ အံ့အားသင့်နေသော အကြည့်အောက်တွင်...

လူရိပ်နှစ်ခုက အေးအေးလူလူ လျှောက်လာခဲ့သည်။

တစ်ယောက်က အဖြူရောင်ဝတ်စုံဝတ်ထားပြီး နားမလည်နိုင်လောက်အောင် လျှို့ဝှက်ဆန်းကျယ်သော အမျိုးသားတစ်ဦး ဖြစ်သည်။

သူ့မျက်နှာကို နတ်အလင်းများက ဖုံးလွှမ်းထားပုံရသော်လည်း တစ်စွန်းတစ်စ မြင်နေရသော မျက်နှာသွင်ပြင်က ကောင်းကင်တမန်တော်ကဲ့သို့ ချောမောပြေပြစ်လှပေသည်။

ကျန်တစ်ဦးကတော့ ပတ္တမြားသဖွယ် နှုတ်ခမ်းနီရဲရဲနှင့် မိန်းကလေးတစ်ယောက် ဖြစ်သည်။ သူမက မျက်လုံးပြူးပြူးလေးနှင့် ပတ်ဝန်းကျင်ကို စူးစမ်းသလို ကြည့်နေသည်။

ကျွင်းရှောင်ယောက်နှင့် ချွန်းချွန်း ရောက်ရှိလာကြပြီ။

"ဒီသခင်လေးက ဘယ်သူလဲ"

တိုင်းတပါး သတ္တဝါတချို့က စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်ကြသည်။

သို့သော်လည်း သူတို့ မည်သို့ပင် စူးစမ်းနေကြပါစေ၊ ကျွင်းရှောင်ယောက်၏ ကျင့်ကြံခြင်းအခြေခံကို မဆိုထားနှင့်၊ အရှိန်အဝါကိုပင် ကောင်းကောင်း မခံစားနိုင်ပေ။

ယင်းက မြူဖုံးနေသကဲ့သို့ မပီပြင်ဝိုးတဝါးပင်။

ဤသည်မှာ သဘာဝအတိုင်း ကောင်းကင်ကိုခိုးယူပြီး နေကိုပြောင်းလဲခြင်းအတတ်၏ သက်ရောက်မှု ဖြစ်သည်။

ခြုံပြောရမည်ဆိုပါက၊ ကျွင်းရှောင်ယောက်ဟာ လူတိုင်း၏အမြင်မှာ လျှို့ဝှက်ဆန်းကြယ်နေခဲ့ပေသည်။

"ဟမ်၊ မင်းက ဘယ်သူလဲ"

ခုန်းရှန်းလည်း ကျွင်းရှောင်ယောက်ကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

ကျွင်းရှောင်ယောက်၏ အရှိန်အဝါကို သူလည်း နားမလည်နိုင်ပေ။

သို့ရာတွင်၊ ကျွင်းရှောင်ယောက်မှာ အခြားသူများ၏ခံစားမှုကို တားဆီးနိုင်သော ရတနာတစ်ခုခု ရှိသည်ဟု သူထင်ခဲ့သည်။

ဤကဲ့သို့ လူငယ်တစ်ဦးက သူ့ထက်သန်မာမည်ဟု မထင်ပေ။

"ငါဘယ်သူလဲဆိုတာက အရေးမကြီးပါဘူး။ အရေးကြီးတာက မင်း မြေပြင်မှာဒူးထောက်ပြီး ငါ့ဖိနပ်ကို လျှာနဲ့လျက်ဖို့ပဲ"

ကျွင်းရှောင်ယောက်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

"ဟားဟားဟား၊ မိန်းမလှလေးကို ကယ်တင်တဲ့ သူရဲကောင်းတစ်ယောက်ဇာတ် ခင်းချင်နေတယ်ပေါ့"

"မင်းမှာ ဒီလိုအရည်အချင်းရှိလို့လား"

ခုန်းရှန်းက သွားများပေါ်သည်အထိ နွားပြုံးပြုံးလိုက်သည်။

ကျွင်းရှောင်ယောက်လည်း ဘာမျှပြန်မပြောဘဲ ပြုံးရုံသာ ပြုံးပြလိုက်၏။

ဖေးချင်ရွယ်ဟာ သူဖန်တီးထားသော ကံကြမ္မာသမီးတော်ဖြစ်၍ သဘာဝအတိုင်း သူရပ်တည်ရမည် ဖြစ်သည်။

သူ့အတွက် အနှိုင်းမဲ့သွေးတစ်စက်ကိုတောင် ပေးထားခဲ့သေးသည်။

ဤသို့သော စစ်တုရင်ရုပ်ကို ခုန်းရှန်းလက်တွင် မည်သို့ကျဆုံးခံနိုင်ပါမည်နည်း။

ယင်းက သူ့အစီအစဉ်ကို ဖျက်ဆီးနေတာပဲ မဟုတ်လား။

ကျွင်းရှောင်ယောက်က သူ့အကြံအစည်များအား ဖျက်ဆီးမည့်သူကို ဘယ်တော့မှ ချန်မထားတတ်ပေ။

ဖေးချင်ရွယ်လည်း လှပသော မျက်လုံးများနှင့် ကျွင်းရှောင်ယောက်ကို ကြည့်နေမိသည်။

သူ့မျက်လုံးများမှာတော့ အံ့သြမှု အရိပ်အယောင်များ ပေါ်လာခဲ့၏။

ကျွင်းရှောင်ယောက်၏ အသွင်ပြင်က အလွန်ထူးကဲသည်။ ယင်းက သေမျိုးကြားမှ ကောင်းကင်တမန်တော်ကဲ့သို့ပင်။

သို့ရာတွင် သူက သူမကို အဘယ်ကြောင့် ကူညီရမည်နည်း။

ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်၏ အကြီးအကဲများလည်း ပဟေဋိဖြစ်ခဲ့ကြသည်။

သို့သော်လည်း အဖြူရောင်ဝတ် ဤလူငယ်က ခုန်းရှန်းကို ထိန်းချုပ်နိုင်မည်ဟုတော့ သူတို့ မထင်ခဲ့ကြပေ။

သို့ရာတွင်၊ ခုန်းရှန်း မလှုပ်ရှားမီ မင်းသားယန်က ခုန်ထွက်လာပြီး ပြောလိုက်သည်။

"မင်း ဘယ်သူလဲ၊ ဒီလောက်တောင် မောက်မာနေလိုက်တာ"

"ဟမ်"

ကျွင်းရှောင်ယောက်၏ မျက်လုံးများက ကျဉ်းမြောင်းပြီး ကစဉ့်ကလျားအလင်းရောင်တစ်ခု လင်းလက်သွား၏။

သူ့မျက်လုံးများက မမြင်နိုင်သော ဓားအလင်းကဲ့သို့ပင်။

"ရွှပ်"

ဟင်းလင်းပြင်က တိတိရိရိ ပြတ်တောက်သွားခဲ့သည်။

မင်းသားယန်၏ ခန္ဓာကိုယ် တစ်ခုလုံးနှင့် သူ့ဝိညာဉ်က ပေါက်ကွဲသွား၏။

အရိုးအကျိုးများနှင့် သွေးငွေ့များက လေအဝှေ့တွင် အဝေးကို လွင့်သွားတော့သည်။

ကမ္ဘာတစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားသည်။

ကြည့်ရှုနေသော တိုင်းတစ်ပါးသား သတ္တဝါအပေါင်းတို့လည်း ခေါင်းပေါ်မှ ရေခဲရေများ လောင်းချခံလိုက်ရသည့်ပမာ တကိုယ်လုံး တုန်တုန်ယင်ယင် ဖြစ်သွား၏။

အကြည့်တစ်ချက်ဖြင့် တော်ဝင်မျိုးနွယ်မှ ပါရမီရှင်ကို သတ်ဖြတ်ခြင်း။

ယင်းက မည်မျှ ကြောက်စရာကောင်းသော နည်းလမ်းဖြစ်သနည်း။

All Chapters