အခန်း ၉၁၆
Vol. 62 Ch. 916
အခန်း ( ၉၁၆ ) ကြီးစိုးပြီး သန်မာဆဲပင်။
ပတ်ဝန်းကျင်မှ တအံ့တဩ အသံများ ထွက်ပေါ်လာခဲ့သည်။
သူတို့မျက်လုံးများမှာတော့ မယုံစဖူး တုန်လှုပ်မှုနှင့် မယုံကြည်နိုင်မှုကို အထင်းသား ပေါ်လွင်နေ၏။
မင်းသားယန်ဟာ မီးလျှံကျောက် တော်ဝင်မျိုးနွယ်၏ ထိပ်တန်း ပါရမီရှင် ဖြစ်သည်။
သူက ကောင်းကင်ဘုရင်ဆယ်ပါးနှင့် အခြားသူများကို နှိုင်းယှဉ်ရန် မဖြစ်နိုင်သော်လည်း၊ ကောင်းကင်သင်္ချိုင်းနယ်မြေ၏ မျိုးဆက်သစ်လူငယ်များကြားမှာဝောာ့ ဂုဏ်သိက္ခာတစ်ခု ရှိသေးသည်။
သို့တိုင် အကြည့်တစ်ချက်ဖြင့် သေဆုံးခဲ့ရသည်။
ယင်းက မည်မျှကြောက်စရာကောင်းလိုက်ပါသနည်း။
ပို၍ ကြောက်စရာကောင်းသည်က၊ အခြေအနေတစ်ခုလုံးတွင် ကျွင်းရှောင်ယောက်ထံမှ အရှိန်အဝါအနည်းငယ်မျှ ထွက်ပေါ်မလာခြင်း ဖြစ်သည်။
ရလဒ်အနေဖြင့် ကျွင်းရှောင်ယောက်၏ ကျင့်ကြံခြင်းအဆင့်ကို မည်သူမျှ မခန့်မှန်းနိုင်တော့ပေ။
နေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
ခုန်းရှန်းပင်လျှင် အစစ်အမှန်မဟုတ်ဟု ခဏတာ ခံစားခဲ့ရလေသည်။
ကျွင်းရှောင်ယောက်က အပြောင်းအလဲမရှိသော အမူအရာဖြင့် ကြည့်နေခဲ့သည်။
ရှန်းရွှီကမ္ဘာတွင် ရှိစဉ်ကတည်းက ဤလူမျိုးကို သူဆန္ဒရှိသလို သတ်နိုင်သည်။
ယခုတော့ ကြီးကြီးမားမား တိုးတက်လာသော သူ့အင်အားအရ အကြည့်တစ်ချက်ပင် လုံလောက်ပြီ ဖြစ်သည်။
"သေချင်နေတာပဲ"
မီးလျှံကျောက်တော်ဝင်မျိုးနွယ်၏ ကျွမ်းကျင်သူများလည်း ခဏကြာ ကြောင်အသွားပြီးမှ သတိပြန်ဝင်လာခဲ့ကြသည်။
သူတို့မျက်လုံးများက နီရဲသွား၏။
မင်းသားယန် သေဆုံးသွားခြင်းကြောင့် သူတို့ကဲ့သို့ အစောင့်များသည်လည်း သေခြင်းမှ လွတ်မြောက်နိုင်မည်မဟုတ်တော့ပေ။
သူတို့မျက်လုံးများက နီရဲသွားကာ ချက်ချင်း တိုက်ခိုက်လိုက်ကြသည်။
ထိုအထဲတွင် မဟာသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့် ကျွမ်းကျင်သူများပင် ရှိ၏။
ဤသည်က တိုင်းတစ်ပါးတွင် အလွန်အားကောင်းသည့် ကျင့်ကြံခြင်းအဆင့်လည်း ဖြစ်သည်။
သို့သော်...
ကျွင်းရှောင်ယောက်က သူတို့ကိုလည်း တစ်ချက်သာ ကြည့်လိုက်သည်။
ကစဉ့်ကလျား အလင်းများက သူ့မျက်လုံးထဲတွင် တောက်ပလာ၏။
သူ့မျက်လုံးများက ရှေးဦးကစဉ့်ကလျား တွင်းနက်ကြီးများအဖြစ်သို့ ပြောင်းလဲသွားပုံရသည်။
ယင်းက ကစဉ့်ကလျားခန္ဓာ၏ ကစဉ့်ကလျားမျက်လုံး စွမ်းရည်တစ်ခုပင်။
"ဖောင်း၊ ဖောင်း၊ ဖောင်း..."
ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာသည်။
မီးလျှံကျောက်တော်ဝင်မျိုးနွယ်မှ ကျွမ်းကျင်သူများ၏ ဦးခေါင်းများက ဖရဲသီးများကဲ့သို့ ပေါက်ကွဲသွား၏။
ကောင်းကင်က သွေးရောင်မြူမှုန်များနှင့် ပြည့်သွားတော့သည်။
ပတ်ဝန်းကျင်တစ်ခုလုံး သုသာန်တစပြင်ပမာ ချောက်ကပ် တိတ်ဆိတ်သွားခဲ့သည်။
ဖေးချင်ရွယ်သည်ပင် သူမ၏ အနီရဲရဲ နှုတ်ခမ်းများကို ကျောက်စိမ်းလက်ဖြင့် မနေနိုင်ဘဲ အုပ်လိုက်မိ၏။
သူမ အလွန် အံ့ဩသွားသည်။
ဤမျှအားကောင်းပြီး လျှို့ဝှက်ဆန်းကြယ်သော တည်ရှိမှုက ကောင်းကင်ဂူသင်္ချိုင်းတွင် မည်သည့်အချိန်က ပေါ်လာသနည်း။
ထိုအချိန်တွင် ခုန်းရှန်းတစ်ယောက်မှာလည်း မျက်စိမျက်နှာပျက်ပြီး မျက်လုံးများ ပြူးကျယ်နေသည်။
တကယ်တမ်း ထိပ်တန်းပါရမီရှင်များကို သူ မမြင်ဖူးတာ မဟုတ်ပေ။
ဧကရာဇ်မျိုးနွယ်မှ ပါရမီရှင်များကိုတောင် မြင်ဖူးသည်။
သို့သော်လည်း မည်မျှအစွမ်းထက်နေစေကာမူ၊ လှုပ်ရှားကြရန် လိုသေးသည်။
သူ့ရှေ့မှ အဖြူရောင်ဝတ်စုံနှင့် လျှို့ဝှက်ဆန်းကြယ်သော လူငယ်လောက် မည်သူက ပေါ့ပေါ့ပါးပါး ရှိမည်နည်း။
တစ်စုံတစ်ယောက်ကို အကြည့်တစ်ချက်နှင့် သတ်နိုင်ပါသလော။
ယင်းက မည်သို့သော စွမ်းအားဖြစ်သနည်း။
သူ့မှာ ထူးခြားသော တာအိုခန္ဓာရှိသလော။
သို့တည်းမဟုတ်၊ ဤလူငယ်က လူငယ်မဟုတ်ဘဲ...
နတ်ဆိုးအိုကြီး ဖြစ်နေပါသလော။
"အကြီး... အကြီးအကဲ၊ ခင်ဗျားက လူငယ်တစ်ယောက်လို ဟန်ဆောင်ပြီး ကျုပ်တို့ကို ဘာလို့ ကျီစားနေရတာပါလဲ"
ခုန်းရှန်းက သတ္တိမွေးပြီး ပြောလိုက်သည်။
ထိုစွမ်းရည်မျိုး ရှိထားသူက အနည်းဆုံး သူတော်စင်နယ်ပယ်ကိုးခုကို ဖြတ်ကျော်ပြီး အဓိပဓိနယ်ပယ်ခုနစ်ခုသို့ ခြေချထားပြီး ဖြစ်ရမည်။
ထိပ်တန်းတော်ဝင်မျိုးနွယ်များကြားမှာတောင် ဤအဆင့်က မျိုးဆက်ဟောင်းများဟု ဆိုနိုင်သည်။
ယင်းက သူ ပစ်မှားနိုင်တာ မဟုတ်ပေ။
"အကြီးအကဲလား၊ ငါက ဒီအထောက်အထားနဲ့ မသင့်လျော်ပါဘူး"
ကျွင်းရှောင်ယောက်က အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။
သို့ရာတွင် သူ့စကားမှ လှောင်ပြောင်မှုအရိပ်အယောင်ကို လူတိုင်း ကြားနိုင်ကြ၏။
ခုန်းရှန်း၏ မျက်လုံးထောင့်များက တလှုပ်လှုပ် ဖြစ်သွားသည်။ သူ့နှလုံးသားကို လက်အေးကြီးဖြင့် ဖျစ်ညှစ်ဆုပ်ကိုင်ခံရသလို အလွန် စိတ်မသက်မသာ ဖြစ်သွား၏။
သူဟာ အမြဲတမ်း မြင့်မားသော အနေအထားတွင် ရှိနေခဲ့ပြီး အောက်ခြေ လူတန်းစား သတ္တဝါများအပေါ် အနိုင်ကျင့်ခဲ့သည်။
ရလဒ်အနေဖြင့် ကံကြမ္မာစက်ဝိုင်းက တစ်ပတ်လည်လာပြီ။ သူဟာ ကျွင်းရှောင်ယောက်၏ အလိုရှိတိုင်း ချုပ်ကိုင်ခြယ်လှယ်ခြင်း ခံနေရပြီ ဖြစ်သည်။
သူ၏ ကျင့်ကြံခြင်းအခြေခံက မီးလျှံကျောက် တော်ဝင်မျိုးနွယ်မှ ကျွမ်းကျင်သူများနှင့် တူညီသော မဟာသူတော်စင်နယ်ပယ်သာ ရှိသေးသည်။
ကျွင်းရှောင်ယောက်က ထိုသူများကို အကြည့်တစ်ချက်ဖြင့် သတ်နိုင်သောကြောင့် သူ့ကိုလည်း သတ်နိင်မည်မှာ သေချာသည်။
"ငါ ပြောပြီးပြီ၊ မင်းက အရင်ဆုံး အခြားသူရဲ့ဖိနပ်ကို လျှာနဲ့လျက်ပြီး နမူနာပြသင့်တယ်"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
ခုန်းရှန်း၏ မျက်လုံးများက အလွန်ကျဉ်းမြောင်းသွားပြီး သွေးတစ်ပွက်လောက် အန်ထုတ်မိတော့မလို ဖြစ်သွားသည်။
ဤအရှက်ခွဲခြင်းမျိုးက သူ့ကို သတ်လိုက်တာထက်တောင် ပိုဆိုးသေးသည်။
" ဘာလဲ၊ အခြားသူတွေကိုကျ ခိုင်းစေနေပြီး ကိုယ်တိုင် မလုပ်နိုင်ဘူးလား"
"အဲဒါက ကျုပ်အဆင့်အတန်းက သူ့ထက်မြင့်မားပြီး ပိုသန်မာလို့ပဲလေ"
ခုန်းရှန်း အံကိုကြိတ်ပြီး ပြောလိုက်သည်။
"မင်းမှန်ပါတယ်။ ဒါဆို အခု ငါက မင်းထက်သန်မာတယ်၊ ဒါကြောင့် ငါမင်းကို အခုပဲသတ်လိုက်မယ်"
ကျွင်းရှောင်ယောက်၏ မျက်လုံးများက အေးစက်သွားပြီး သတ်ဖြတ်ချင်သော အငွေ့အသက်တို့ ပေါ်လာခဲ့သည်။
ခုန်းရှန်း တုန်လှုပ်သွား၏။ သူက အသက်ပြင်းပြင်းရှူရင်း ကျွင်းရှောင်ယောက်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
"သိပ်ပြီး မလွန်လာပါနဲ့၊ ငါက ဥဒေါင်းနက်တော်ဝင်မျိုးနွယ်ရဲ့ လူတစ်ယောက်နော်"
"ငါ့ဝမ်းကွဲအစ်မက ခုန်းချမ်ချမ်၊ သူက အင်မော်တယ်ဧကရာဇ်မျိုးနွယ်ရဲ့ ပါရမီရှင်နဲ့ စေ့စပ်ထားတာ"
ခုန်းရှန်းက သူ့နောက်ခံကို ထုတ်ဖော်ပြီး အခြေအနေမှ ရုန်းထွက်ရန် ကြိုးစားလိုက်သည်။
ခုန်းချမ်ချမ် တစ်ယောက်တည်းက သူ့ရှေ့မှ လျှို့ဝှက်ဆန်းကြယ်သောလူကို ဖိနှိပ်နိုင်မည်မဟုတ်ပေ။
သို့ရာတွင်၊ အင်မော်တယ်ဧကရာဇ်မျိုးနွယ်ကတော့ လုံလောက်သည်။
နောက်ဆုံးတွင်၊ အင်မော်တယ်ဧကရာဇ်မျိုးနွယ်က တိုင်းတပါးတွင် ကောင်းကင်နှင့်တူသော တည်ရှိမှုဖြစ်သည်။ သူတို့က အမြင့်ဆုံးသော ဥပဒေ ဖြစ်၏။
တိုင်းတပါးတွင် ပျံ့နှံ့နေသော စကားတစ်ခွန်း ရှိသည်။
အင်မော်တယ်ဧကရာဇ်မျိုးနွယ်မှ ခွေးတစ်ကောင် ထွက်လာလျှင်ပင် ၎င်းကို မိမိတို့ဘိုးဘေးကဲ့သို့ ဆက်ဆံရလိမ့်မည်။
ထိုစကားကိုကြားတော့ အနီးနားပတ်ဝန်းကျင်မှ သတ္တဝါတွေအားလုံး တိတ်တဆိတ် ခေါင်းညိတ်လိုက်ကြသည်။
ဤခုန်းရှန်းက အခြေအနေကို အမှန်တကယ် အခွင့်ကောင်းယူတတ်၏။
အင်မော်တယ်ဧကရာဇ်မျိုးနွယ်က အမှန်တကယ်ပင် အလွန်ကြောက်စရာကောင်းသည်။
ခုန်းချမ်ချမ်က ထိုပါရမီရှင်၏ ကိုယ်လုပ်တော်များထဲမှ တစ်ဦးသာ ဖြစ်ကောင်းဖြစ်နိုင်သည်။
သို့တိုင်၊ ထိုအထောက်အထားက ကြီးမားနေသေးသည်။
ကျွင်းရှောင်ယောက် အနည်းငယ် ပြုံးလိုက်သည်။
အလွန်ရယ်စရာကောင်းသလိုလည်း သူ ခံစားလိုက်ရ၏။
ရှန်းရွှီကမ္ဘာတွင် သူက အင်မော်တယ်ဧကရာဇ်မျိုးနွယ်၏ တုရှန်ရှောင်ရှောင်းနှင့် ဖူယောင်တို့ကိုပင် ရိုက်နှက်ပစ်ခဲ့သူ ဖြစ်သည်။
ယခုတော့ ခုန်းရှန်းက ခုန်းချမ်ချမ်နှင့် သူမ စေ့စပ်ထားသော အင်မော်တယ်ဧကရာဇ်မျိုးနွယ်မှ ပါရမီရှင်ကို ထုတ်ဖော်ကာ အမှန်တကယ် ခြိမ်းခြောက်လာကြပြီ။
ယင်းက တကယ်ကို အဓိပ္ပါယ်မဲ့ပြီး ရယ်စရာကောင်းသည်။
ကျွင်းရှောင်ယောက်က ဘာမျှမပြောရသေးမီ...
ဘေးမှ ချွန်းချွန်းက နှုတ်ခမ်းကိုမဲ့ကာ ပြောလိုက်သည်။
"အင်မော်တယ်ဧကရာဇ်မျိုးနွယ်က ပါရမီရှင်နဲ့ စေ့စပ်တာက ဘာဟုတ်လို့လဲ။ မယားငယ်က မယားငယ်ထက် ပိုမှာမဟုတ်ဘူး"
ထိုစကားက တိုင်းတပါးမှ သတ္တဝါများကို အံ့အားသင့်သွားစေခဲ့သည်။
ဤအသေးလေးက အမှန်တကယ် ပြောတတ်သည်။
"ကဲ၊ ငါ့ရဲ့ စိတ်ရှည်မှုဟာ အကန့်အသတ်ရှိတယ်နော်"
ကျွင်းရှောင်ယောက်က ရှေ့ကိုခြေတစ်လှမ်းတိုးလိုက်သည်။
ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုက ခုန်းရှန်းအပေါ်သို့ ကျရောက်လာ၏။ သူ့ခြေလက်များက ဘေးကိုကားထွက်ပြီး မြေပြင်တွင် လိပ်တစ်ကောင်ပမာ ပြားကပ်သွားတော့သည်။
သေခြင်းတရား၏ ခံစားချက်က ခုန်းရှန်း၏ နှလုံးသားထဲတွင် ချက်ချင်း ပေါ်လာခဲ့သည်။
သူပြောသည့်အတိုင်း မလုပ်ပါက ချက်ချင်း အမှုန့်ချေခံလိုက်ရမည်မှာ သံသယဖြစ်စရာမလိုပေ။
"ငါလုပ်မယ်၊ ငါလုပ်ပါမယ်"
ခုန်းရှန်းက ခွေးတစ်ကောင်ကဲ့သို့ ကျွင်းရှောင်ယောက်ဆီကို တဖြည်းဖြည်း တွားသွားလိုက်လေသည်။
တနေရာလုံး လုံးဝတိတ်ဆိတ်သွားသည်။
ထိပ်တန်း တော်ဝင်မျိုးနွယ်ဆယ်စုထဲမှ တစ်ခုဖြစ်သည့် ဒေါင်းနက်တော်ဝင်မျိုးနွယ်၏ ပါရမီရှင်က လူဘုံအလယ်တွင် ခွေးတစ်ကောင်ကဲ့သို့ တွားသွားကာ တစ်စုံတစ်ယောက်၏ ဖိနပ်ကို လျှာဖြင့် လျက်ရမည်ဟု မည်သူထင်ထားခဲ့မည်နည်း။
ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်၏ အကြီးအကဲများလည်း အံ့အားသင့်ကာ တုန်လှုပ်သွားကြသည်။
"ဥဒေါင်းနက်တော်ဝင်မျိုးနွယ်ကိုတောင် စော်ကားရဲတဲ့ ဒီသခင်လေးရဲ့ ဇာစ်မြစ်က ဘာလဲ"
"ဟုတ်ပါရဲ့၊ ဒါက ဥဒေါင်းနက်တော်ဝင်မျိုးနွယ်နဲ့ မီးလျှံကျောက်တော်ဝင်မျိုးနွယ်ကို ရင်ကြားစေ့မရအောင် အပြတ် စော်ကားလိုက်တာပဲ"
ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်၏ အကြီးအကဲများမှာ မယုံနိုင်ဖြစ်နေကြဆဲပင်။
ဖေးချင်ရွယ်လည်း ကျွင်းရှောင်ယောက်ကို ယခင်ကထက် ပို၍တောက်ပသော မျက်လုံးများနှင့် ကြည့်လိုက်သည်။
ကျွင်းရှောင်ယောက်က ခုန်းရှန်းကို မြေပြင်ပေါ်တွဲလဲလျောင်းပြီး သူ့ဖိနပ်အား လျှာဖြင့်လျက်စေခြင်းက၊ သူမအတွက် ဒေါသဖြေပေးနေခြင်းဖြစ်ကြောင်း ထင်ရှားသည်။
"ဘာကြောင့်လဲ..."
ဖေးချင်ရွယ် ခပ်တိုးတိုးလေး ရေရွတ်လိုက်လေသည်။
ဤလျှို့ဝှက်ဆန်းကြယ်သော လူငယ်လေးက အဘယ်ကြောင့် သူ့ကို အလွန်ဂရုစိုက်သနည်း။
ခုန်းရှန်း၏ နှုတ်ခမ်းထောင့်က သွေးများစီးကျနေပြီး မျက်လုံးများမှာလည်း ရှက်ရွံ့မှုတို့ ပြည့်နေသည်။ သူက ကျွင်းရှောင်ယောက်၏ ခြေရင်းသို့ ခွေးတစ်ကောင်ပမာ တွားသွားလိုက်လေသည်။
သူက အရှက်တရားအားလုံးကို ဘေးဖယ်ကာ ကျွင်းရှောင်ယောက်၏ဖိနပ်အား လျှာဖြင့်လျက်တော့မည် ဖြစ်သည်။
သို့သော်လည်း နောက်အခိုက်တွင်...
ကျွင်းရှောင်ယောက်က ခြေတစ်ချက်နင်းချလိုက်သည်။
"ဝုန်း"
ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာ၏။ လေလှိုင်းများ ပျောက်ကွယ်သွားချိန်မှာတော့ ခုန်းရှန်း၏ခန္ဓာကိုယ်ကော ဝိညာဉ်ပါ ပျောက်ကွယ်သွားကာ မမြင်ရတော့ပေ။
"စိတ်မရှိပါနဲ့၊ ငါက ညစ်ညစ်ပတ်ကတ်တွေမကြိုက်ဘူး"
ကျွင်းရှောင်ယောက်က တည်ငြိမ်စွာ ပြောလိုက်သည်။
အနီးနားရှိလူတိုင်း အံ့အားသင့်ကာ တုန်လှုပ်သွား၏။
ထိပ်တန်းတော်ဝင်မျိုးနွယ်၏ ပါရမီရှင်တစ်ဦးမှာ ဤအတိုင်းပဲ အသတ်ခံလိုက်ပြီလား။
အချိန်အတော်ကြာအောင် ကစားနေပြီးမှ ထိုသို့ သတ်ခဲ့သည်။
ဤသခင်လေးက ရက်စက်လွန်းပေသည်။
"ဒါ..."
ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်မှ အကြီးအကဲများလည်း ကြက်သီးတဖြန်းဖြန်းထသွားသည်။
ကောင်းကင်ကြီး ပြိုကျတော့မည်။
ပတ်ဝန်းကျင်လေထုက ချက်ချင်း ပူနွေးလာပြီး လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
ကျွင်းရှောင်ယောက်က ဖေးချင်ရွယ်ထံသို့ အေးဆေးတည်ငြိမ်စွာ လျှောက်သွားသည်။ သူ့မျက်လုံးမှာလည်း နားလည်ရခက်သော အရိပ်အယောင်များ ရှိနေ၏။
ဤကံကောင်းခြင်း၏ သမီးတော်ကို ဆက်လက်လှည့်စားရန် အချိန်ကျပြီ။
"မင်း ငါ့ကို ဧည့်မခံတော့ဘူးလား"
ကျွင်းရှောင်ယောက်က မေးလိုက်သည်။
"အို... ဟုတ်ပါတယ်၊ သခင်လေး... ချင်ရွယ်နဲ့ လိုက်ခဲ့ပါ"
ဖေးချင်ရွယ်မှာ ပထမတော့ တုန်လှုပ်သွားသည်။ ထို့နောက် သူမ၏ ဖြူဝင်းသော မျက်နှာလေးက ချက်ချင်း နီမြန်းသွားကာ ခေါင်းညိတ်လိုက်လေသည်။
ယင်းကိုမြင်တော့ ချွန်းချွန်း၏ မျက်လုံးများက အနည်းငယ် ပြူးသွားသည်။
ဤခပ်ချောချော အစ်ကိုကြီးက ရိုးသားတဲ့ မိန်းကလေးတစ်ယောက်ကို ထပ်မံလှည့်စားတော့မည်လော။
ထို့နောက်တွင် ဖေးချင်ရွယ်က ကျွင်းရှောင်ယောက်နှင့် ချွန်းချွန်းတို့ကို ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်၏ နေအိမ်သို့ ခေါ်ဆောင်သွားခဲ့သည်။
ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်မှ အကြီးအကဲများလည်း စိုးရိမ်ပူပန်နေသော အမူအရာမျိုးဖြင့် နောက်မှလိုက်သွားကြ၏။
နောက်မှာတော့ ဆူဆူညံညံ ဆွေးနွေးပြောဆိုသံများ ထွက်ပေါ်လျက် ကျန်တော့သည်။
"အဲဒီ အဖြူရောင်ဝတ်သခင်လေးက ဘယ်သူလဲ။ သူက တကယ်ပဲ အင်မော်တယ်ဧကရာဇ်မျိုးနွယ်ကနေ ဆင်းသက်လာတာလား"
"ငါတော့ သူ့အကြောင်းကို တစ်ခါမှ မကြားဖူးဘူး"
"ဒါပေမဲ့ သူ့မှာ နောက်ခံကြီးကြီးမားမားမရှိရင် ဥဒေါင်းနက်တော်ဝင်မျိုးနွယ်ကို ဘယ်စော်ကားခဲ့ပါ့မလဲ"
"စောင့်ကြည့်ကြသေးတာပေါ့။ ခုန်းရှန်းသေသွားမှန်း သူ့ဝမ်းကွဲအစ်မ ခုန်းချမ်ချမ်သိရင် အလွတ်ပေးမှာ မဟုတ်ဘူး"
"ဒီတစ်ခါ ကောင်းကင်အင်မော်တယ်ပွဲတော်မှာတော့ ငါတို့ကြည့်ဖို့ ပြပွဲကောင်းတစ်ခု ရှိလိမ့်မယ်"