အခန်း ၉၁၇
Vol. 62 Ch. 917
အခန်း ( ၉၁၇ ) လှည့်ဖြားခြင်း ထပ်မံစတင်သည်။
ရှေးမြို့ဟောင်းတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ မရေမတွက်နိုင်သော လူများက ကျွင်းရှောင်ယောက်အကြောင်း ပြောဆိုနေတော့၏။
အဖြူရောင်ဝတ်စုံနှင့် လျှို့ဝှက်ဆန်းကြယ်သော ထိုလူငယ်လေးအကြောင်းကို အားလုံးက အလွန် သိချင်မိကြသည်။
ခုန်းရှန်းက မင်းသားယန်ကို ထောက်ပံ့ရန် ထွက်လာသော်လည်း...
ထိုအတွက်ကြောင့်ပင် အသက် ဆုံးခဲ့ရပေသည်။
သူ၏ ဝမ်းကွဲအစ်မ ခုန်းချမ်ချမ်က ကောင်းကင်အင်မော်တယ်ပွဲတော်နေ့မှ ရောက်လာမည် ဖြစ်သည်။
ထိုအချိန်တွင် အမှန်တကယ် ပွဲကြီးတစ်ခု စတင်မည်ဖြစ်မှန်း လူတိုင်း ခန့်မှန်းမိခဲ့ကြပေသည်။
ဤအချိန်တွင်...
ရှေးဟောင်းမြို့တော်၏ အနောက်ဘက်တွင် အလွန်လှပသော ရင်ပြင်တစ်ခု ရှိသည်။
ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ် အခြေချနေထိုင်ရာ နေရာ ဖြစ်၏။
ဖေးချင်ရွယ်က ကျွင်းရှောင်ယောက်နှင့် ချွန်းချွန်းကို ဤနေရာသို့ ခေါ်ဆောင်လာခဲ့သည်။
သုံးယောက်သား အဆောင်တစ်ခုထဲကို ဝင်သွားကြလေသည်။
ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်မှ အကြီးအကဲများကတော့ စိုးရိမ်ပူပန်နေသော မျက်နှာများဖြင့် တစ်စုံတစ်ခုကို ဆွေးနွေးနေကြသည်။
တစ်ချိန်တည်းမှာပင် ရေခဲဝိညာဉ်ကောင်းကင်အဓိပဓိထံသို့ မက်ဆေ့ချ် ပို့နေကြသေးသည်။
နောက်ဆုံးမှာတော့ ဤတစ်ကြိမ် ဖြစ်ပျက်ခဲ့သည်များမှာ ကြီးမားသည်။
မီးလျှံကျောက်တော်ဝင်မျိုးနွယ်နှင့် ဥဒေါင်းနက်တော်ဝင်မျိုးနွယ်ကို စော်ကားမိခဲ့ခြင်း ဖြစ်၏။
ရေခဲဝိညာဉ် တော်ဝင်မျိုးနွယ်လည်း ဤအဖြစ်မှ လွတ်ကင်းမည် မဟုတ်ပေ။
တိုင်းတပါးတွင် လူမျိုးတုံးသတ်ဖြတ်ခြင်းက အဆန်းမဟုတ်ပါ။
ဤအချိန်၊ အဆောင်ထဲတွင်...
ကျွင်းရှောင်ယောက်က အပေါ်ဆုံးခုံမှာ ထိုင်နေသည်။
ဘေးနားတွင် ချွန်းချွန်း ထိုင်နေ၏။
ဖေးချင်ရွယ်ကတော့ ထိုနေရာတွင် လေးလေးစားစား ရပ်နေခဲ့ပေသည်။
အဖြူရောင်ဝတ်လူငယ်၏ နောက်ခံက မည်သို့ပင်ဖြစ်စေ၊ သူမ ရိုင်းရိုင်းစိုင်းစိုင်း ပြုမူနိုင်သောအရာ မဟုတ်တာတော့ သေချာသည်။
ထို့အပြင် ဖေးချင်ရွယ်ဟာ ကျွင်းရှောင်ယောက်အပေါ်မှာ ကျေးဇူးအနန္တတင်နေကြောင်း ခံစားခဲ့ရသည်။
နောက်ဆုံးတွင်၊ မည်သူကမျှ ကိုယ်မသိသော သူစိမ်းလူအတွက် မီးလျှံကျောက်တော်ဝင်မျိုးနွယ်နှင့် ဥဒေါင်းနက် တော်ဝင်မျိုးနွယ်ကို စော်ကားချင်မည် မဟုတ်ပေ။
"အသေးလေး၊ မင်း အရင်သွားလိုက်ပါဦး"
ကျွင်းရှောင်ယောက်က တည်ငြိမ်စွာ ပြောလိုက်သည်။
ထိုစကားကိုကြားတော့ ချွန်းချွန်းမှာ နှာခေါင်းရှုံ့သွား၏။
ဤအခေါ်အဝေါ်ကို သူ မကြိုက်သော်လည်း နှာခေါင်းရှုံ့ကာ နောက်ပြန်ဆုတ်သွားတော့သည်။
ယခုတော့ အဆောင်ထဲတွင် ကျွင်းရှောင်ယောက်နှင့် ဖေးချင်ရွယ်သာ ကျန်သည်။
ဖေးချင်ရွယ်လည်း စိတ်ထဲတွင် မဖော်ပြတတ်သော စိတ်လှုပ်ရှားမှုမျိုးကို ခံစားလိုက်ရသည်။
ဤသခင်လေးက ဘာကြောင့် အခြားသူများကို အပြင်ထွက်ခိုင်းလိုက်သနည်း။
အလှလေးကို ကယ်တင်ပြီး ခန္ဓာနှင့် ကတိပေးခိုင်းသည့် ဇာတ်လမ်းမျိုး အမှန်တကယ် ဖြစ်လာတော့မည်လော။
သို့သော်လည်း အကြောင်းတစ်ခုခုကြောင့် ဖေးချင်ရွယ်ဟာ သူမ၏နှလုံးသားထဲတွင် နာကြည်းမှု သို့မဟုတ် လက်မခံလိုစိတ် များစွာမရှိခဲ့ပေ။
"ငါ မင်းကို ဘာဖြစ်လို့ ကယ်တင်ခဲ့တာမှန်း မင်းသိရဲ့လား"
ကျွင်းရှောင်ယောက်က မေးလိုက်သည်။
"ချင်ရွယ် မသိပါဘူး"
ဖေးချင်ရွယ်က ခေါင်းငုံ့ပြီး ပြောသည်။
"ဟင်း..."
ကျွင်းရှောင်ယောက်က ရုတ်တရက် ထရပ်လိုက်၏။
ကြီးမားကျယ်ပြန့်သော ရောင်ဝါတစ်ခုက ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားတော့သည်။
နောက်အခိုက်အတန့်တွင် ပတ်ဝန်းကျင်မြင်ကွင်းက ပြောင်းလဲသွားပြီး ဖေးချင်ရွယ်လည်း ကျယ်ပြောလှသော ကြယ်ကောင်းကင်၏ နက်နဲရာသို့ ဆွဲငင်ခံရသလို ခံစားလိုက်ရသည်။
အကျွမ်းတဝင်ရှိသော အရှိန်အဝါနှင့် ဖိအားက ဖေးချင်ရွယ်၏ လှပသော မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။
ကျွင်းရှောင်ယောက်ကိုကြည့်ရင်း သူမ နှလုံးခုန်မြန်လာခဲ့၏။
ဖြစ်ကောင်းဖြစ်နိုင်သည်က...
"ငါက ကံကြမ္မာနဲ့ ဖန်ဆင်းခြင်းရဲ့ နတ်ဘုရား၊ သေမျိုးကမ္ဘာမှာ ကျင်လည်နေတဲ့ ပြောရေးဆိုခွင့်ရှိသူ၊ လူဝင်စားတဲ့ အသိစိတ်ပဲ"
ကျွင်းရှောင်ယောက်၏ အမူအရာက လေးနက်နေပြီး သူ့အသံက ကြယ်ကောင်းကင်တစ်ခွင် ပျံ့နှံ့သွားခဲ့သည်။
ကျွင်းရှောင်ယောက်က သူ့ကိုယ်သူ ကံကြမ္မာနှင့် ဖန်ဆင်းခြင်း၏ နတ်ဘုရားဖြစ်ကြောင်း တိုက်ရိုက် မပြောခဲ့ပေ။
နောက်ဆုံးတွင် နတ်ဘုရားတစ်ပါးက မြင့်မားပြီး လျှို့ဝှက်ဆန်းကြယ်နေရမည်ဖြစ်သည်။ သူက လူတို့၏စိတ်နှလုံးကို ထိတ်လန့်တုန်လှုပ်စေနိုင်သော တည်ရှိမှုမျိုး ဖြစ်လိမ့်မည်။
အကယ်၍ နတ်ဘုရားဟူသော ကုလားကာကို ရုတ်သိမ်းလိုက်ပါက အပြောင်းအလဲများ ရှိလာမည် ဖြစ်သည်။
ထို့ကြောင့်ပင် ကျွင်းရှောင်ယောက်က သူဟာ ကံကြမ္မာနှင့် ဖန်ဆင်းခြင်း၏ နတ်ဘုရားဖြစ်ကြောင်း တိုက်ရိုက်မပြောခဲ့ပေ။
ယင်းအစား၊ သူ့ကိုယ်သူ နတ်ဘုရား၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် ပြောင်းလဲခဲ့သည်။
ဤနည်းဖြင့် ကျွင်းရှောင်ယောက်၏ အနေအထားက ပြောင်းလဲမည်မဟုတ်သလို နတ်ဘုရားကလည်း မြင့်မြတ်သော နတ်ဘုရား ဆက်ဖြစ်နေဦးမည်။
"ဖေးချင်ရွယ်က နတ်ဘုရားရဲ့ တမန်တော်ကို နှုတ်ခွန်းဆက်ပါတယ်"
ဖေးချင်ရွယ်က ဒူးထောက်ထိုင်လိုက်သည်။
နောက်ဆုံးတွင်၊ အဖြူရောင်ဝတ် လူငယ်လေးက အဘယ်ကြောင့် သူ့အား ကယ်တင်ခဲ့မှန်း သူ နားလည်သွားပြီ။
သူဟာ ကံကြမ္မာနှင့် ဖန်ဆင်းခြင်းဆိုင်ရာ နတ်ဘုရား၏ တမန်တော် ဖြစ်သည်။
ယင်းကြောင့်ပင် သူမကို ကယ်တင်ခဲ့ခြင်း ဖြစ်သည်။
"မင်း ဒီလိုဖြစ်စရာမလိုပါဘူး၊ ငါ့ကို သခင်လေးလို့ပဲ ခေါ်ပါ။ ကံကြမ္မာနဲ့ ဖန်ဆင်းခြင်းဆိုင်ရာ နတ်ဘုရားကို ရိုရိုသေသေနဲ့ ယုံကြည်နေသမျှ နတ်ဘုရားက သူ့ယုံကြည်သူတွေကို မျက်နှာသာပေးလိမ့်မယ်"
ကျွင်းရှောင်ယောက်က အေးဆေးတည်ငြိမ်သော အမူအရာနှင့် ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။
"ဒါက သဘာဝပါပဲ၊ ချင်ရွယ်က ကံကြမ္မာနဲ့ ဖန်ဆင်းခြင်း နတိဘုရားကို ထာဝရ ယုံကြည်ပြီး အရာအားလုံးကို အပ်နှံဖို့ ဆန္ဒရှိပါတယ်"
ဖေးချင်ရွယ်လည်း ခိုင်မာပြတ်သားသောအကြည့်ဖြင့် ကြည့်ပြီး ပြောလိုက်၏။
"သိပ်ကောင်းတယ်၊ အခု မင်းရဲ့ ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်က အခြေအနေသိပ်ကောင်းပုံမရဘူး၊ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ မင်းတို့ကို နတ်ဘုရားက ကာကွယ်ပေးလိမ့်မယ်"
"နောက်တစ်ခုက မင်းကို နတ်ဘုရားချီးမြှင့်ထားတဲ့ တာအိုနှလုံးသား နတ်ဆိုးမျိုးစေ့ကျမ်းကို မင်းရဲ့မျိုးနွယ်ထဲက အခြားသူတွေလည်းလေ့ကျင့်ဖို့ လွှဲပြောင်းပေးနိုင်တယ်။ ဒီနည်းနဲ့ မင်းရဲ့မျိုးနွယ်စုတစ်ခုလုံး တိတ်တဆိတ် အားကောင်းလာပါစေ"
"နောက်ဆုံးမှာ ငါ့အမိန့်ကိုစောင့်ပြီး တာအိုနှလုံးသားနတ်ဆိုးမျိုးစေ့ကျမ်းကို တခြားတော်ဝင်မျိုးနွယ်တွေနဲ့ စစ်သူကြီးမျိုးနွယ်တွေဆီကို ဖြန့်ကျက်ရလိမ့်မယ်"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
နောက်ဆုံးတွင် သူ့ရည်ရွယ်ချက်ကို ထုတ်ဖော်လိုက်၏။
ယခုအခါ ကျွင်းရှောင်ယောက်က အစီအစဉ်များကို အဆင့်ဆင့် စီစဉ်နေပြီ ဖြစ်သည်။
အနိမ့်ဆုံး ကျွန်မျိုးနွယ်များဘက်တွင် စစ်တုရင်ရုပ် ထိုပါ့ယွိ ရှိသည်။
တော်ဝင်မျိုးနွယ်များဘက်မှာတော့ အားကောင်းသော တော်ဝင်မျိုးနွယ်များက အချိန်တိုအတွင်း ထိုးဖောက်ဝင်ရောက်ရန် ခက်ခဲမည်။
ဤအတွက် ကျဆင်းနေသော ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်ဟာ အကောင်းဆုံးစစ်တုရင်ရုပ်တစ်ခု ဖြစ်လာနိုင်သည်။
သူတို့က သန်မာလာရန် စိတ်အားအပြင်းပြဆုံးလည်း ဖြစ်၏။
လိုချင်တပ်မက်မှုများရှိသရွေ့ အခွင့်အလမ်းကို အခွင့်ကောင်းယူနိုင်လိမ့်မည်။
ကျွင်းရှောင်ယောက်က ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်ကို ပထမဆုံး ထိန်းချုပ်ပြီးနောက်၊ အခြားတော်ဝင်မိသားစုများသို့ အဆင့်ဆင့် စိမ့်ဝင်ရန် စီစဉ်ထားခဲ့သည်။
ဟုတ်ပေသည်၊ ဤသည်က အချိန်တိုအတွင်း အောင်မြင်နိုင်သော အရာမဟုတ်ပေ။
ရေခဲဝိညာဉ် တော်ဝင်မျိုးနွယ်ကို ထိုးဖောက်ဝင်ရောက်ရန်ပင် အဆင့်ဆင့်ချဉ်းကပ်ရန် လိုအပ်သည်။
နောက်ဆုံးတွင်၊ ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်မှာ ရေခဲဝိညာဉ်ကောင်းကင်အဓိပဓိကဲ့သို့ ကျွမ်းကျင်သူများ ရှိ၏။
ကျဆင်းနေသော ရေခဲဝိညာဉ် တော်ဝင်မျိုးနွယ်တစ်ခုကို ထိန်းချုပ်နိုင်လျှင်ပင် ကျွန်မျိုးနွယ်စုပေါင်း ဒါဇင်ပေါင်းများစွာ သို့မဟုတ် ရာနှင့်ချီသော ကျွန်မျိုးနွယ်များထက် ယုံကြည်ခြင်းစွမ်းအား ပိုမိုပေးစွမ်းနိုင်လိမ့်မည်ဟု ကျွင်းရှောင်ယောက် ခန့်မှန်းမိခဲ့သည်။
ဟုတ်ပေသည်၊ ယုံကြည်သူ ဖြန့်ကျက်ရာမှာတော့ ကျွန်မျိုးနွယ်က တော်ဝင်မျိုးနွယ်များထက် ပို၍ အရှိန်အဟုန်မြင့်မားသည်။
"ချင်ရွယ်က သခင်လေးရဲ့အမိန့်ကို လေးလေးစားစား နာခံပါမယ်"
ဖေးချင်ရွယ်က ဦးညွတ်လိုက်သည်။
နောက်အခိုက်မှာတော့ ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်သွားသလို ခံစားရကာ အဆောင်အတွင်းသို့ ပြန်ရောက်လာကြတော့သည်။
ဖေးချင်ရွယ်ဟာ ယခင်က ကြောက်ရွံ့မှုနှင့် ရှက်ရွံ့မှုတို့ကို ခံစားခဲ့ရသည်။
စိုးရိမ်ပူပန်မှုလေးများပင် ရှိခဲ့သေးသည်။
ယခုမူ၊ သူမက ကျွင်းရှောင်ယောက်ကို လုံးဝ ကြည်ညိုလေးစားနေမိပြီ ဖြစ်သည်။
နောက်ဆုံးတွင်၊ ဤပုဂ္ဂိုလ်က လောက၌ ကျင်လည်နေသော ကံကြမ္မာနှင့် ဖန်ဆင်းခြင်းဆိုင်ရာ နတ်ဘုရား၏ တမန်တော်တစ်ဦးပင်။
"ကောင်းပြီ၊ အခု ကောင်းကင်အင်မော်တယ်ပွဲတော်ကို စောင့်ကြတာပေါ့"
"နောက်ပြီး မင်းရဲ့မျိုးနွယ်က အကြီးအကဲတွေကို စိတ်မပူဖို့ ပြောလိုက်ပါ။ မီးလျှံကျောက်တော်ဝင်မျိုးနွယ်နဲ့ ဥဒေါင်းနက်တော်ဝင်မျိုးနွယ်ရဲ့ ပြဿနာတွေကို ငါ လျစ်လျူမရှုထားပါဘူး"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် သခင်လေး"
ဖေးချင်ရွယ်၏ လှပသောမျက်နှာက နီမြန်းပြီး စိတ်လှုပ်ရှားမှုအရိပ်အမြွက်တို့ ပေါ်နေလေ၏။
ယခုအချိန်တွင် သူမ အစိုးရိမ်ဆုံးက၊ တော်ဝင်မိသားစုနှစ်ခုမှ ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်ကို လက်စားချေမည်အား ဖြစ်သည်။
ယခုတော့ ကျွင်းရှောင်ယောက်နှင့်အတူ သူမ ဘာကိုကြောက်ရဦးမည်နည်း။
ခြံဝင်းငယ်လေးတစ်ခုမှာတော့ ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်၏ အကြီးအကဲများမှာ စိုးရိမ်စွာဖြင့် အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်နေကြသည်။
နောက်ဆုံးတွင်၊ ဤကိစ္စက ဖေးချင်ရွယ်ကြောင့် ဖြစ်ခဲ့ခြင်း ဖြစ်၏။
အခြေအနေက မည်သို့ပင်ဖြစ်စေ၊ ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်လည်း လွတ်ကင်းနိုင်မည် မဟုတ်ပေ။
"အကြီးအကဲတို့ စိတ်မပူပါနဲ့"
စကားသံနှင့်အတူ ဖေးချင်ရွယ် လျှောက်လာခဲ့သည်။
"သခင်မလေးချင်ရွယ်၊ အဲဒီသခင်လေးရဲ့ အထောက်အထားက..."
အကြီးအကဲတစ်ယောက်၏ မျက်လုံးများက မျှော်လင့်ချက်အရိပ်အမြွက်တို့ ထွက်ပေါ်လာ၏။
ကျွင်းရှောင်ယောက်ကို အင်မော်တယ်ဧကရာဇ်မျိုးနွယ်၏ ဆက်ခံသူဖြစ်စေရန် သူတို့ မမျှော်လင့်ပေ။
ဧကရာဇ်တစ်ပိုင်းမျိုးနွယ်မှ ဖြစ်သရွေ့၊ ဤအကျပ်အတည်းကို ဖြေရှင်းနိုင်သည်။
ဖေးချင်ရွယ်က ဦးခေါင်းကို ဖြေးညှင်းစွာခါယမ်းရင်း ပြောလိုက်လေသည်။
"အကြီးအကဲတို့ ဒီကိစ္စမျိုးအတွက် စိတ်မပူပါနဲ့။ ကောင်းကင်အင်မော်တယ်ပွဲတော်ကို ရောက်တဲ့အခါ အရာအားလုံး ရှင်းသွားလိမ့်မယ်"
ဖေးချင်ရွယ်၏စကားကိုကြားသော်လည်း အကြီးအကဲများ၏ မျက်နှာများက စိုးရိမ်ပူပန်မှုများ မပျောက်ကွယ်သေးပါ။
အံ့ဖွယ်အခိုက်အတန့်လေးများ ဖြစ်ပေါ်လာမည်ဟုသာ သူတို့မျှော်လင့်နခဲ့ကြသည်။
သို့သော်လည်း ဖေးချင်ရွယ်ကတော့ အကြီးအကဲများ၏ ညှိုးငယ်သော မျက်နှာများကိုကြည့်ကာ ရယ်ချင်စိတ်တို့ တိတ်တဆိတ် ဖြစ်ပေါ်နေတော့သည်။
'သခင်လေးရဲ့ အထောက်အထားက ဘယ်လိုလဲဆိုတာ ရှင်တို့မသိပါဘူးနော်၊ သူ့နောက်မှာ ဘယ်လိုတည်ရှိမှုမျိုး ရှိနေမလဲဆိုတာ ရှင်တို့ မသိဘူး'