← Chapters

အခန်း ၉၁၈

Vol. 62 Ch. 918

အခန်း ၉၁၈

Vol. 62 Ch. 918

အခန်း ( ၉၁၈ ) ကောင်းကင်အင်မော်တယ်ပွဲတော် စတင်ပြီ။

ရက်အနည်းငယ် ကြာပြီးနောက် ရှေးဟောင်းမြို့မှ လူတိုင်း ပြောင်းလဲမှုတစ်ခုကို ခံစားလိုက်ရသည်။

မိုးနှင့်မြေကြားရှိ ဝိညာဉ်စွမ်းအင်က ကြီးမားကျယ်ပြန့်သော သမုဒ္ဒရာတစ်ခုကဲ့သို့ လှိုင်းထလာ၏။

"ကောင်းကင်အင်မော်တယ်ပွဲတော် စတင်တော့မယ်"

အရပ်ရပ်မှ စစ်သူကြီးမျိုးနွယ်နှင့် တော်ဝင်မျိုးနွယ်၏ ပါရမီရှင်အားလုံး စိတ်လှုပ်ရှားမှုဖြင့် မျက်လုံးများ တောက်ပလာတော့သည်။

"ဒီတစ်ခေါက် ကောင်းကင်အင်မော်တယ်သစ်ပင်မှာ ကောင်းကင်အင်မော်တယ်သစ်သီး ငါးလုံးရှိတယ်လို့ ကြားတယ်။ အဲဒါတွေကို မြည်းစမ်းနိုင်လောက်အောင် ဘယ်သူက ကံကောင်းမလဲ သိချင်မိတယ်"

"အများကြီးမလိုပါဘူး။ ကောင်းကင်အင်မော်တယ်သစ်သီးကိုမပြောနဲ့၊ ကောင်းကင်အင်မော်တယ်သစ်ရွက်နဲ့ ကျိုချက်ထားတဲ့ လက်ဖက်ရည်ကို သောက်ရရင်တောင် ကံကောင်းပြီလို့ ဆိုနိုင်တယ်"

"ကောင်းကင်အင်မော်တယ်လက်ဖက်ရည်ကို မပြောပါနဲ့၊ လက်ဖက်ရည်နံ့လေး ရှူရရင်တောင် အတော်ဟုတ်နေပြီ"

ရှေးဟောင်းမြို့၏ အရပ်ရပ်မှ ဆွေးနွေးသံများစွာ ထွက်ပေါ်လာခဲ့သည်။

"ဒါနဲ့ စကားမစပ်၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်က မင်းသားယန်နဲ့ ခုန်းရှန်းကိုသတ်ခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ သခင်လေးလည်း ရှိသေးတယ်။ သူလည်း ဒီပွဲကို လာမှာလားလို့ ငါသိချင်မိတယ်"

"ငါ့အထင်တော့ ပွဲကြီးပွဲကောင်းတစ်ခုကို မြင်ရလိမ့်မယ်"

ရှေးဟောင်းမြို့တစ်ခုလုံး လှုပ်လှုပ်ရှားရှားဖြစ်နေချိန်...

ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်ဘက်တွင်...

"သခင်လေး၊ ကောင်းကင်အင်မော်တယ်ပွဲတော် စတင်ပါတော့မယ်"

ဖေးချင်ရွယ်က လေးလေးစားစား ပြောလိုက်သည်။

ကျွင်းရှောင်ယောက်လည်း အေးဆေးတည်ငြိမ်သော အမူအရာဖြင့် အဝေးကို လှမ်းကြည့်လိုက်၏။

အဝေးတွင် ကောင်းကင်သို့ ရောက်လုနီးနီး မြင့်မားသော တောင်ကြီးတစ်လုံးကို လှမ်းမြင်ရသည်။

အင်မော်တယ်တာအို၏ အလင်းနှင့် ပြင်းထန်သော စွမ်းအင်စီးဆင်းမှုကိုပင် သူခံစားနိုင်၏။

တိုင်းတပါးက အလွန်ကျယ်ပြောပြီး သဘာဝ သယံဇာတများ ပေါကြွယ်ဝသည်။ ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးထက်ပင် ပို၍ ကျယ်ပြန့်သေးသည်။

ဤကမ္ဘာတွင် မယုံနိုင်စရာ အခွင့်အလမ်းများ အများကြီးရှိသည်။

ဤကောင်းကင်အင်မော်တယ်သစ်ပင်ကလည်း ထိုအထဲမှ တစ်ခုဖြစ်ချေသည်။

"သွားကြစို့"

ကျွင်းရှောင်ယောက် ပြောလိုက်သည်။

သူက ချွန်းချွန်း၊ ဖေးချင်ရွယ်တို့နှင့်အတူ ထွက်လာခဲ့၏။

ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်မှ ကျွမ်းကျင်သူ အကြီးအကဲများကတော့ မအီမသာ အမူအရာများဖြင့် နောက်မှ လိုက်လာကြတော့သည်။

"အဲဒါက ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်ပဲ"

"အမှန်ပဲ၊ ဟိုလျှို့ဝှက်ဆန်းကြယ်တဲ့ သခင်လေးလည်း ကောင်းကင်အင်မော်တယ်ပွဲတော်ကို တက်ရောက်တော့မှာ"

"စိတ်ဝင်စားစရာတော့ကောင်းလာပြီ"

ကျွင်းရှောင်ယောက်၏ လှုပ်ရှားမှုတွေကို လူအများက အာရုံစိုက်နေခဲ့ကြသည်။

.............

‌ကြွေလွင့်အင်မော်တယ်တောင်ကြောသည် ကောင်းကင်သင်္ချိုင်းပြည်နယ်ရှိ နာမည်ကျော် ရတနာနယ်မြေတစ်ခု ဖြစ်သည်။

နာမည်အတိုင်း ဤနေရာတွင် အင်မော်တယ်သွေးတစ်စက် ကျရောက်ခဲ့သည်ဟု ဆိုကြ၏။

ယင်းက ကောင်းကင်အင်မော်တယ်သစ်ပင်ကို မွေးဖွားစေခဲ့ခြင်း ဖြစ်ချေသည်။

ပတ်ဝန်းကျင်ကို ကြည့်လိုက်ပါက ကြွေလွင့်အင်မော်တယ်တောင်ကြောတစ်ခုလုံး မြူခိုးများဖုံးလွှမ်းနေပြီး ဝိညာဉ်အလင်းရောင်များဖြင့် ပြည့်နှက်နေကြောင်း မြင်ရမည် ဖြစ်သည်။

စိမ်းလန်းသော ထင်းရှူးပင်များ၊ ကျောက်စိမ်းမြက်ပင်များနှင့် လှပသောပန်းပွင့်များ၊ လျှိုမြောင်များ အစရှိသဖြင့် မြင်ကွင်းများစွာတို့ ရှိ၏။

ကြွေလွင့်အင်မော်တယ်တောင်ကြော၏ အလယ်ဗဟိုမှာတော့ ကောင်းကင်ထောက်တိုင်ကဲ့သို့ မြင့်မားသော တောင်ကြီးတစ်လုံး ရှိပေသည်။

ကောင်းကင်အင်မော်တယ်သစ်ပင်က ထိုတောင်ထိပ်မှာ ဖြစ်သည်။

ဤတောင်က အလွန်ထူးခြားသော နယ်မြေတစ်ခု ဖြစ်၏။

သူတော်စင်တစ်ဦးပင်လျှင် ၎င်းကိုဖြတ်၍ ပျံသန်းရန် အခက်အခဲရှိပြီး ဖိနှိပ်ခံထားရလိမ့်မည်။

ယင်းကြောင့်ပင် အချိန်ကြာလာသည်နှင့်အမျှ ကောင်းကင်အင်မော်တယ်ပွဲတော်သည် ကောင်းကင်ဂူသင်္ချိုင်းပြည်နယ်ရှိ ပါရမီရှင်များအကြား ပြိုင်ဆိုင်မှုများအတွက် နေရာတစ်ခု ဖြစ်လာခဲ့သည်။

သန်မာသူများသာ ထိပ်ဆုံးကိုတက်ရောက်ပြီး ကောင်းကင်အင်မော်တယ် လက်ဖက်ရည်သောက်ကာ အင်မော်တယ်သစ်သီးကို မြည်းစမ်းခွင့်ရလိမ့်မည်။

ယခုအချိန်မှာတော့ တောင်ထွတ်ပတ်ပတ်လည်ရှိ နေရာများက တိုင်းတပါး သတ္တဝါများနှင့် ပြည့်နေပြီ ဖြစ်သည်။

၎င်းတို့အထဲတွင် အနိမ့်ဆုံးက စစ်သူကြီးမျိုးနွယ်ဝင်များ ဖြစ်ကြသည်။

ကျွန်မျိုးနွယ်များကတော့ ဤနေရာတွင် ခြေချရန်ပင် အရည်အချင်းမရှိပေ။

ဤအခိုက်တွင်၊ တောင်ကုန်းတစ်ခုပေါ်မှာ တော်ဝင်မျိုးနွယ်များမှ သတ္တဝါတစ်စု စကားပြောနေကြသည်။

သူတို့က ဤကောင်းကင်အင်မော်တယ်ပွဲတော်တွင် ထိပ်တန်းပါရမီရှင်များဟု ဆို၍ရ၏။

ထိုတော်ဝင်ပါရမီရှင်များထဲမှ တစ်ယောက်ဟာ သူ့မျက်နှာမှာ မျက်လုံးလေးစုံနှင့် နောက်ကျောတွင် အတောင်ရှိသော ပိုးဖလံကဲ့သို့ သတ္တဝါ ဖြစ်သည်။

၎င်းက ပိုးဖလံနတ်ဆိုးတော်ဝင်မျိုးနွယ်၏ ပါရမီရှင် ဖြစ်ချေသည်။

ပိုးဖလံနတ်ဆိုး တော်ဝင်မျိုးနွယ်က ထိပ်တန်း တော်ဝင်မျိုးနွယ်တစ်ရာတွင် ထိပ်တန်း ငါးဆယ်ဝန်းကျင်ရှိပြီး အတော်အားကောင်းသော တော်ဝင်မျိုးနွယ်တစ်ခုဟု ဆိုနိုင်သည်။

"အရင်က ရှန်းရွှီကမ္ဘာအစီအစဉ်မှာ ငါတို့တိုင်းတပါး ကျရှုံးခဲ့ရတယ်။ ဧကရာဇ်မျိုးနွယ်က ဖူယောင်နဲ့ တုရှန်ရှောင်ရှောင်းကလွဲရင် အားလုံး ကျဆုံးသွားတယ်လေ။ ဒါက တကယ်ကို ကြောက်စရာကောင်းတယ်"

"ပိုပြီး အံ့ဩစရာကောင်းတာက ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးဘက်မှာ ပါရမီရှင်တစ်ယောက်တည်း ရပ်နေခဲ့တာပဲ"

နဖူးပေါ်တွင် ရွှေဦးချိုနှစ်ချောင်းရှိသော လူငယ်တစ်ဦးကလည်း သက်ပြင်းချပြီး ပြောလိုက်၏။

သူက ရွှေရောင်သိုးမျိုးနွယ်၏ ပါရမီရှင်တစ်ဦး ဖြစ်သည်။

"သူက အင်မော်တယ်နယ်မြေကြီးက ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ပဲ။ သူ့နာမည်က ကျွင်းရှောင်ယောက်တဲ့။ သူက တုနှိုင်းမရတဲ့ ပါရမီရှင်တစ်ဦးလို့ ငါကြားတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ နတ်ဘုရားရဲ့မိစ္ဆာအတွေးကို သူ့ခန္ဓာကိုယ်နဲ့ စတေးခံပြီး ချိတ်ပိတ်ရင်း သေဆုံးခဲ့ရတယ်။ သူက ဘယ်လိုမျိုးဆိုတာ ငါ တကယ်မြင်ချင်မိတယ်"

ငွေရောင်ဝတ်စုံနှင့် မိန်းကလေးတစ်ဦးကလည်း စူးစမ်းလိုစိတ်ဖြင့် ပြောသည်။

သူမက ငွေတော်ဝင်မျိုးနွယ်မှ ပါရမီရှင် ရင်လင် ဖြစ်၏။

ငွေတော်ဝင်မျိုးနွယ်က ဥဒေါင်းနက်တော်ဝင်မျိုးနွယ်ကဲ့သို့ ထိပ်တန်းတော်ဝင်မျိုးနွယ် ဆယ်စုထဲမှ တစ်ခု ဖြစ်သည်။

"ရင်လင်၊ မင်းပြောမှ ငါတို့တိုင်းတပါးမှာ ထူးချွန်တဲ့သူတွေ မရှိတော့သလိုပဲ"

ရွှေရောင်သိုးနွယ်ရဲ့ ပါရမီရှင်လူငယ်က ခေါင်းယမ်းလိုက်သည်။

"အဲဒီလိုလည်း မဟုတ်ပါဘူး။ မကြာသေးခင်ကပဲ ထူးခြားတဲ့ ဖြစ်စဉ်တစ်ခု တိုင်းတပါးမှာ ပေါ်လာသေးတယ်။ အနက်ရောင် ခြောက်ထောင့်ကြယ်တစ်စင်း ကောင်းကင်မှာ ပေါ်လာခဲ့တာလေ။ အဲဒါ ဖျက်ဆီးခြင်းဒဏ္ဍာရီထဲက အမှောင်စီကွမ်တွေ နိုးထလာတာလို့ ကောလဟာလတွေ‌တောင် ထွက်နေတယ်"

ရင်လင် ပြောလိုက်၏။

ထိုစကားက ပတ်ဝန်းကျင်ရှိ တော်ဝင်မျိုးနွယ်မှ ပါရမီရှင်များ၏ မျက်နှာအမူအရာများကို ပို၍ လေးနက်သွားစေခဲ့သည်။

ဖျက်ဆီးခြင်းဒဏ္ဍာရီထဲမှ အမှောင်စီကွမ်က သာမန်ပါရမီရှင်များ နှိုင်းယှဉ်နိုင်တာ မဟုတ်ပေ။

လူငယ်မျိုးဆက်၏ ထိပ်တန်းဘုရင်ဆယ်ပါးသည်ပင် ထိုအမှောင်စီကွမ်များ၏ ဖိနပ်ကိုင်ပေးရန်သာ ထိုက်တန်သည်။

"အဲဒီအမှောင်စီကွမ်က ဘယ်ပါရမီရှင်ဖြစ်မလဲ မသိဘူး"

ပိုးဖလံနတ်ဆိုးတော်ဝင်မျိုးနွယ်၏ ပါရမီရှင်လည်း လွန်စွာသိချင်နေခဲ့သည်။

ဤအခိုက်တွင် အဝေးမှ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။

"စစ်နတ်ဘုရားနန်းတော် ပွင့်လာတဲ့အခါမှာတော့ အမှောင်စီကွမ်ကို ငါတို့ မြင်ရနိုင်မလား"

အဝေးမှ အနက်ရောင်ဝတ် အမျိုးသားတစ်ယောက် ပေါ်လာခဲ့သည်။ သူ့ဆံပင်က အနက်ရောင်ဖြစ်ပြီး မျက်လုံးများကလည်း တွင်းနက်ကြီးနှစ်ခုကဲ့သို့ မှောင်မိုက်နေ၏။

"ဟင်၊ အဲဒါက... ယီတောက်မျိုးနွယ်ရဲ့ ပါရမီရှင်ပဲ"

တော်ဝင်မျိုးနွယ်များမှ ပါရမီရှင်များ အံ့ဩသွားကြသည်။

မိစ္ဆာနဂါးမျိုးနွယ်နှင့် ကြွေလွင့်နတ်ဆိုးဖီးနစ်မျိုးနွယ်ကဲ့သို့ ယီတောက်မျိုးနွယ်ကလည်း ဧကရာဇ်တစ်ပိုင်းမျိုးနွယ်တစ်ခု ဖြစ်သည်။

ဤမျိုးနွယ်က ရှေးဦးမိစ္ဆာကြီး တောက်ထျဲ၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ပြီး ကောင်းကင်ကိုပင် မျိုးချနိုင်စွမ်းရှိသည်ဟု ဆိုကြပေသည်။

"မျှော်လင့်ထားတဲ့အတိုင်းပဲ၊ ဧကရာဇ်တစ်ပိုင်းမျိုးနွယ်ရဲ့ ပါရမီရှင်တစ်ယောက် ပေါ်လာခဲ့ပြီ"

သို့သော်လည်း ထိုပါရမှရှင်များကို ပို၍ အံ့ဩတုန်လှုပ်စေသည့်အရာက ယီတောက်မျိုးနွယ်မှ ပါရမီရှင်၏ စကား ဖြစ်သည်။

"စစ်နတ်ဘုရားနန်းတော် တကယ်ပဲ ဖွင့်လှစ်တော့မှာလား"

ရွှေရောင်သိုးမျိုးနွယ်၏ ပါရမီရှင်က အံ့အားသင့်စွာ မေးလိုက်သည်။

"ဖြစ်နိုင်ပါတယ်။ အင်မော်တယ်နယ်မြေကြီးကတောင် သူတို့ရဲ့ ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီကို ဖွင့်လှစ်ပြီး ထိပ်တန်းပါရမီရှင်တွေကို လေ့ကျင့်ပေးတော့မယ်လို့ ကြားတယ်။ ဒါကြောင့် စစ်နတ်ဘုရားနန်းတော်ကလည်း နောက်ကျနေမယ်မထင်ဘူး"

ရင်လင်က တွေးတွေးဆဆ ပြောသည်။

"စစ်နတ်ဘုရားနန်းတော်က ငါတို့ တိုင်းတပါးရဲ့ အမြင့်ဆုံးအဖွဲ့အစည်းတစ်ခုပဲ။ အဲဒါက ခေတ်များစွာ ကြာတဲ့အထိ မဖွင့်ခဲ့ပေမဲ့ ဒီခေတ်မှာ ဖွင့်လှစ်လာမယ်လို့ မမျှော်လင့်ထားဘူး။ ဘယ်လိုမုန်တိုင်းမျိုးတွေ ဖြစ်လာတော့မှာလဲဆိုတာ ငါ သိချင်မိတယ်"

တော်ဝင်မျိုးနွယ်မှ ပါရမီရှင်တစ်ဦးက သက်ပြင်းချကာ ပြောလိုက်သည်။

စစ်နတ်ဘုရားနန်းတော်က နာမည်အတိုင်း စစ်နတ်ဘုရားများကို မွေးထုတ်ပေးနိုင်ရန် ရည်မှန်းထားပေသည်။

သူတို့၏ ရည်ရွယ်ချက်ကတော့ အင်မော်တယ်နယ်မြေကြီးရှိ ကောင်းကင်ကိုးခု အင်မော်တယ် အကယ်ဒမီကဲ့သို့ ထိပ်သီးပါရမီရှင်များကို မွေးထုတ်ပေးရန် ဖြစ်သည်။

၎င်းတို့က ကမ္ဘာတစ်ခု၏ အနာဂတ် မဏ္ဍိုင်အဖြစ် ကြီးပြင်းလာလိမ့်မည်။

စစ်နတ်ဘုရားနန်းတော်မှထွက်လာသော ကျွမ်းကျင်သူတိုင်းက အဆင့်တူများကို ချေမှုန်းနိုင်ကြသည်။

သမိုင်းတွင်၊ စစ်နတ်ဘုရားနန်းတော်မှ ထွက်လာခဲ့သော စစ်နတ်ဘုရားငယ်တစ်ဦးက အင်မော်တယ်နယ်မြေကြီး၏ မျိုးစေ့အဆင့် ပါရမီရှင်ဆယ်ဦးကို ဆက်တိုက် သတ်ဖြတ်ခဲ့ဖူးသည်။ ထိုအရှိန်အဝါက ကောင်းကင်ကိုပင် လွှမ်းခြုံခဲ့ပေသည်။

စစ်နတ်ဘုရားဘွဲ့ အပ်နှင်းခံရသော ပါရမီရှင်က အနာဂတ်တွင် အနည်းဆုံး အင်မော်တယ်တစ်ပိုင်း သို့မဟုတ် စစ်မှန်သော အင်မော်တယ်တစ်ပါးဖြစ်လာရန်ပင် ခက်ခဲမည် မဟုတ်ပေ။

"တကယ်တမ်း ကောင်းကင်အင်မော်တယ်ပွဲတော်ကို စတင်ရတာဟာ စစ်နတ်ဘုရားနန်းတော်အတွက် ပြင်ဆင်ဖို့နဲ့ ကောင်းကင်သင်္ချိုင်းပြည်နယ်က ပါရမီရှင်တွေရဲ့ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ဖို့ပဲ"

ထိုသို့ စကားကောင်းနေစဉ်တွင်၊ တစ်ဖက်မှ မြွေတွန်သံ ထွက်ပေါ်လာခဲ့သည်။

ယင်းက အကောင်အရွယ်အစား သိပ်မကြီးဘဲ တစ်ပေခန့်သာရှိသော ရွှေရောင်မြွေတစ်ကောင် ဖြစ်သည်။

သူ့နောက်ကျောမှာတော့ သုံးပေခန့်ရှိသော အတောင်ပံတစ်စုံ ရှိ၏။ အတောင်များက သူ့ခန္ဓာကိုယ်ထက်ပင် ပိုကြီးနေသေးသည်။

သူက လူသားဘာသာစကားကိုပြောနိုင်သည်။ သို့သော်လည်း သူ့အသံက ကျောက်တုံးအချင်းချင်း ပွတ်တိုက်နေသကဲ့သို့ အသံမျိုးဖြစ်ချေသည်။

ဧကရာဇ်တစ်ပိုင်းမျိုးနွယ်၊ မြွေမျိုးနွယ် ဖြစ်သည်။

အနီးနားရှိ တော်ဝင်မျိုးနွယ်မှ ပါရမီရှင်များ နောက်တစ်ဖန် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ကြသည်။

ယနေ့၊ ကောင်းကင်အင်မော်တယ်ပွဲတော်၏ ပြိုင်ဆိုင်မှုက ပို၍ ပြင်းထန်လာတော့မည့်ပုံပင်။

စစ်နတ်ဘုရားနန်းတော်က ဖွင့်လှစ်တော့မည် ဖြစ်သည်။ မိမိအင်အားက ပို၍အားကောင်းလေလေ၊ စစ်နတ်ဘုရားဘွဲ့အတွက် ယှဉ်ပြိုင်ရန် အခွင့်အလမ်းများလေလေပင်။

အားလုံးက ကောင်းကင်အင်မော်တယ်ပွဲတော်နှင့် စစ်နတ်ဘုရားနန်းတော်အကြောင်း‌‌ ဆွေးနွေးပြောဆိုနေကြချိန်တွင်...

မနီးမဝေး ကောင်းကင်ယံ၌ ဇိမ်ခံသင်္ဘောကြီးတစ်စင်း ပျံသန်းလာခဲ့သည်။

သင်္ဘောပေါ်မှာတော့ ပုံရိပ်နှစ်ခု ရပ်နေကြ၏။

"ဥ‌ဒေါင်းနက်တော်ဝင်မျိုးနွယ်ရဲ့ ပါရမီရှင်မိန်းကလေး‌ ရောက်လာပြီ"

"နေပါဦး၊ သူ့ဘေးနားက လူက... ဟင်... သူက အင်မော်တယ်ဧကရာဇ်မျိုးနွယ်ကများ ဖြစ်နိုင်မလား"

All Chapters