← Chapters

အခန်း ၉၂၀

Vol. 62 Ch. 920

အခန်း ၉၂၀

Vol. 62 Ch. 920

အခန်း ( ၉၂၀ ) အခွင့်အလမ်းအားလုံးကို လက်ဝါးကြီးအုပ်လိုက်ခြင်း။

ကိုယ့်မျက်စိနှင့် မမြင်ရပါက အိပ်မက်မက်နေသည်ဟုပင် လူတိုင်း ထင်ကြလိမ့်မည်။

ဤကြွေလွင့်အင်မော်တယ်တောင်ကြော၊ အထူးသဖြင့် ကောင်းကင်အင်မော်တယ်သစ်ပင် တည်ရှိရာတွင် အထူးဖိနှိပ်ခြင်း နယ်မြေတစ်ခု ရှိသည်။

ထိုဖိနှိပ်ခြင်းနယ်မြေသည် အလွန်အားကောင်း၏။

အဓိပဓိတစ်ပိုင်းများပင်လျှင် လမ်းလျှောက်ရုံသာ တတ်နိုင်လိမ့်မည်။

ယခုမူကား၊ တစ်ခုခုကို သူတို့ မြင်နေခဲ့ရသည်။

ကျွင်းရှောင်ယောက်က လေထဲမှ လျှောက်သွား၏။

ထို့အပြင်၊ သူနှင့်အတူ လူနှစ်ယောက်ကိုလည်း‌ ခေါ်ဆောင်သွားသေးသည်။

ယင်းက ဒေါသထွက်စရာကောင်းလွန်းသည်။

"ငါတိုင်ကြားမယ်၊ သူ တစ်ခုခုလိမ်နေတာပဲ ဖြစ်ရမယ်"

တိုင်းတပါး ပါရမီရှင်တစ်ဦးက မနေနိုင်ဘဲ အော်ပြောလိုက်သည်။

"ဘာတွေဖြစ်နေတာလဲ"

ကောင်းကင်အင်မော်တယ်ပွဲတော်ကို ကျင်းပပေးသော အဘိုးအိုလည်း အံ့ဩသွား၏။

ဤနယ်ပယ်ဖိနှိပ်ခြင်းကို တွန်းလှန်နိုင်သူက မျိုးဆက်သစ်လူငယ်များတွင် များများမရှိသင့်ပေ။

သူတို့ပင်လျှင် အနားသို့ကပ်သွားပါက ပြင်းထန်သောဖိအားကို ခံစားကြရသည်။

တစ်ချိန်တည်းမှာပင်၊ နတ်ဘုရားစိတ်အာရုံများက ကျွင်းရှောင်ယောက်အပေါ် ကျရောက်လာတော့သည်။

"ဟမ်၊ ဒီလူငယ်က တကယ်ကို တစ်ခုခုပဲ။ ဒါပေမဲ့ သူ့အငွေ့အသက်ကို ခံစားဖို့ခက်နေတယ်"

ပုဂ္ဂိုလ်ကြီးတစ်ဦးက တအံ့တဩ ပြောလိုက်သည်။

သို့သော်လည်း ထိုမှတပါး အခြား ဘာကိုမှ မတွေ့ခဲ့ကြပေ။

တစ်ခုတည်းသော ‌အဖြေက...

အဖြူရောင်ဝတ် ထိုလူငယ်မှာ လူတိုင်း ထင်ထားသည်ထက် ပို၍သန်မာနေခြင်း ဖြစ်သည်။

“ဘာမှ ထူးထူးခြားခြား မရှိပါဘူး၊ ထုံးစံအတိုင်း ဆက်သွားကြရအောင်"

ကျွမ်းကျင်သူတစ်ဦးက ပြောလိုက်သည်။

ဤစကားများက အချီအချ ပြောဆိုသံများကို တိတ်ဆိတ်သွားစေခဲ့သည်။

ဤကျွမ်းကျင်သူများက အနိမ့်ဆုံး အဓိပဓိနယ်ပယ် ကျွမ်းကျင်သူများဖြစ်၍ အမှားအယွင်း မရှိနိုင်ပေ။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"

ခုန်းချမ်ချမ်လည်း မယုံနိုင်လောက်အောင် ဖြစ်သွားသည်။

သူမ၏ ခွန်အားနှင့် ဝူခွင်း၏ တည်ရှိမှုကြောင့်၊ ပုံမှန်ဆိုလျှင် သူတို့က ပထမ‌နေရာမှာရှိသင့်သည်။

သို့သော်၊ ယခုတော့ ကျွင်းရှောင်ယောက်နှင့်နှိုင်းယှဉ်ပါက ရွှံ့နှင့်တိမ်ပမာ ကွာခြားလွန်းပေသည်။

ယင်းက လူတိုင်းကို စိတ်ဓာတ်ကျသွားစေခဲ့သည်။

"ဒါက ဘယ်လိုဖြစ်တာလဲ။ ဒီအတိုင်းဆိုရင် ကောင်းကင်အင်မော်တယ်ပွဲတော်ကို ငါတို့ တက်ရောက်တာက ဘာထူးဦးတော့မှာလဲ"

ရွှေရောင်သိုးမျိုးနွယ်၏ ပါရမီရှင်က အော်ဟစ်လိုက်သည်။

"သူ့ရဲ့အရှိန်နဲ့ အင်မော်တယ်သစ်ရွက်တွေရော အင်မော်တယ်သစ်သီးတွေပါ သူ့လက်ထဲကို ကျသွားလိမ့်မယ်"

ရင်လင်ကလည်း ပြောသည်။

"ဟားဟား၊ ငါတို့‌ တော်ဝင်မျိုးနွယ်တွေ၊ ဧကရာဇ်တစ်ပိုင်းမျိုးနွယ်နဲ့ ဧကရာဇ်မျိုးနွယ်တွေတောင် ဒီမှာရှိနေတာ။ သူက အားလုံးကို စော်ကားဝံ့လို့လား"

ယီတောက်မျိုးနွယ်မှ ပါရမီရှင်က လှောင်ပြောင်ပြောဆိုလိုက်၏။

ဤမျှ များပြားသော ပါရမီရှင်များရှေ့တွင် အဖြူရောင်ဝတ် ထိုလူငယ်က အခွင့်အလမ်းအားလုံးကို မည်သို့ရယူနိုင်မည်နည်း။

အဖြူရောင်ဝတ် လူငယ်အနေဖြင့် အကျိုးအမြတ်အားလုံးကို ယူဝံ့မည်မဟုတ်ဟု တိုင်းတပါး ပါရမီရှင်များစွာက ယုံကြည်ထားခဲ့သည်။

အခြား ပါရမီရှင်များကလည်း ထိုသို့‌ထင်ကြ၏။

သို့သော်လည်း မကြာမီပင်...

ကျွင်းရှောင်ယောက်က ချွန်းချွန်းနှင့် ဖေးချင်ရွယ်ကို တောင်ထိပ်သို့ ခေါ်ဆောင်သွားခဲ့သည်။

တောင်ထိပ်ကို လှမ်းကြည့်လိုက်တော့ ကြီးမားသော ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်ကို လှမ်းမြင်လိုက်ရ၏။

သစ်ရွက်များက မများဘဲ ခပ်ကျဲကျဲ ဖြစ်သည်။

သို့ရာတွင် ထိုသစ်ရွက်များက အလွန်ထူးဆန်း၏။

သစ်ရွက်များပေါ်တွင် နေ၊ လ၊ ကြယ်များ၊ မြစ်များ၊ တောင်များ၊ ရေကန်များနှင့် ပင်လယ်များကို မှုန်ဝါးဝါး ပုံဖော်ထားလေသည်။

သစ်ရွက်တိုင်းက မိုးနှင့်မြေက ဖော်ပြနေသကဲ့သို့ ဖြစ်သည်။

တာအိုနှင့် လိုက်ဖက်သော သဘာဝတေးသံများပင် ရှိသေးသည်။

တစ်ချိန်တည်းမှာပင်၊ ကောင်းကင်အင်မော်တယ်သစ်ပင်၏ ပင်စည်တစ်ခုလုံးက သွေးကြောကဲ့သို့ မျဉ်းကြောင်းများ ပျံ့နှံ့နေသည်။

ယင်းက အင်မော်တယ်သွေးတစ်စက်၏ သက်ရောက်မှုပင် ဖြစ်လိမ့်မည်။

"ဒါက ကောင်းကင်အင်မော်တယ်သစ်ပင်လား"

ဖေးချင်ရွယ် အံ့သြသွားသည်။

ပုံမှန်အားဖြင့် သူမ၏ ခွန်အားဖြင့် ဤနေရာကို ရောက်ရန် မဖြစ်နိုင်ပေ။

ယခုတော့ အနီးကပ် မြင်နေရပြီ ဖြစ်သည်။

အခြားအရာများကို ဘေးဖယ်ထား၊ သစ်ပင်အောက်တွင်ထိုင်ပြီး လေ့ကျင့်နိုင်ရုံဖြင့်ပင် အလွန်အကျိုးများနေပြီ။

"ရတနာကောင်းတစ်ခုပဲ"

ကျွင်းရှောင်ယောက်လည်း အနည်းငယ် ချီးကျူးလိုက်သည်။

ကျွင်းရှောင်ယောက်၏ အမြင်ဖြင့် သူ့ထံမှ ချီးမွမ်းမှုတစ်ခုရရန် မလွယ်ကူပေ။

ယင်းက ဉာဏ်အလင်းသစ်ပင်ထက် မနိမ့်ကျဘဲ တာအို၏ အငွေ့အသက်တို့ပင် ဖြန့်ကျက်နေပြီ ဖြစ်သည်။

ကျွင်းရှောင်ယောက်ပင်လျှင်၊ ဤအင်မော်တယ်သစ်ပင်၌ ဖုံးကွယ်ထားသော ကိုယ်ပိုင်စိတ်ဆန္ဒအချို့ရှိသည်ဟု ခံစားလိုက်ရသည်။

ယင်းက တကယ်ကို ရှားပေသည်။

ကျွင်းရှောင်ယောက်၏ အတွင်းစကြာဝဠာမှ ကမ္ဘာ့သစ်ပင်တွင်လည်း ဤသို့သော ကိုယ်ပိုင်ဆန္ဒရှိသည်။

ထို့ကြောင့်ပင် နတ်ဘုရား၏မိစ္ဆာအတွေးကို တားဆီးထားနိုင်ခြင်း ဖြစ်၏။

ဤအင်မော်တယ်သစ်ပင်က ကမ္ဘာ့သစ်ပင်နှင့် မနှိုင်းယှဉ်နိုင်ပေ။

သို့သော်လည်း အသက်ရေ၏ ထောက်ပံ့မှုဖြင့် အံ့ဖွယ်အခြေအနေသို့ ရောက်လာနိုင်သည်။

သို့ရာတွင် ထိုအရာများထက် ကျွင်းရှောင်ယောက်၏အာရုံကို ဖမ်းစားနိုင်ဆုံးအရာက အင်မော်တယ်သစ်သီး ဖြစ်သည်။

ကောင်းကင်အင်မော်တယ်သစ်ပင်ပေါ်တွင် နေငါးစင်းကဲ့သို့ အင်မော်တယ်သစ်သီးငါးလုံး ရှိ၏။

ယင်းက အရောင်အသွေးစုံလင်ပြီး ပြိုးပြိုးပြက်ပြက် တောက်ပနေပေသည်။

ကျွင်းရှောင်ယောက် အံ့သြသွားသည်။

ထိုအင်မော်တယ်သစ်သီး၏ ပုံစံက တင်ပျဉ်ခွေထိုင်နေသော လူသေးသေးလေးတစ်ယောက်နှင့် တူ၏။

ကျွင်းရှောင်ယောက်လည်း ဒဏ္ဍာရီထဲမှ ဂျင်ဆင်းသစ်သီးကို သတိရသွားမိသည်။

အင်မော်တယ်သစ်ပင်က လူပုံသဏ္ဍာန်သစ်သီး သီးရခြင်းမှာ ထိုအင်မော်တယ်သွေးတစ်စက်နှင့် ဆက်စပ်ဆနရမည်ဟု ကျွင်းရှောင်ယောက် ခန့်မှန်းမိခဲ့လေသည်။

ဤလူပုံသဏ္ဍာန် ကောင်းကင်အင်မော်တယ်သစ်သီးများက အဓိပဓိရတနာများ ဖြစ်သည်။

တစ်ချိန်တည်းမှာပင်၊ ယင်း၏ရနံ့က မွှေးပျံ့လွန်းသဖြင့် လူများကို သွားရည်တမြားမြားပင် ကျလာစေသည်။

သူ့ဘေးမှ ချွန်းချွန်းဆိုလျှင် ဟန်‌ပင်မဆောင်နိုင်တော့ဘဲ မျက်လုံးများ ဝင်းဝင်းလက်လက်တောက်ပပြီး တံတွေးကို အဆက်မပြတ် မြိုချနေတော့သည်။

"သခင်လေး..."

ချွန်းချွန်း အနည်းငယ် စိတ်မရှည်နိုင်တော့ပေ။

ဘေးမှ ဖေးချင်ရွယ်လည်း တံတွေးများကို တိတ်တဆိတ် မျိုချလိုက်သည်။

ဤရနံ့ဖြင့် ဆွဲဆောင်မှုကို မည်သူမျှ မခံနိုင်ပါ။

သို့ရာတွင် ဖေးချင်ရွယ်က ခေါင်းကို အနည်းငယ်ငုံ့ထားခဲ့သည်။

သူမတွင် အရည်အချင်းမပြည့်မီကြောင်း သိ၏။

ထိုအချိန်တွင် ကျွင်းရှောင်ယောက်က ရှေ့ကို တိုးသွားသည်။

ရုတ်တရက်၊ ကောင်းကင်အင်မော်တယ်သစ်ပင်က တုန်ခါသွား၏။ တာအိုနိယာမများက ဓားသွားများအဖြစ် ပြောင်းလဲ၍ ကျွင်းရှောင်ယောက်ကို ခုတ်ထစ်လာတော့သည်။

အဆင့်တစ်ခုမရှိဘဲ ကောင်းကင်အင်မော်တယ်သစ်သီးကို ရွေးချယ်ရန်ပင် အရည်အချင်းမရှိကြောင်း ထင်ရှားသည်။

ကျွင်းရှောင်ယောက်က နှုတ်ခမ်းတွန့်ရုံပြုံးပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

ကစဉ့်ကလျားအငွေ့အသက်တစ်ခု ဖျတ်ခနဲထွက်ပေါ်လာပြီး ဓားသွားအားလုံး ပျက်သုဉ်းသွား၏။

"ဟင်၊ အဲဒါက..."

ဤလှုပ်ရှားမှုက ကောင်းကင်ထက်မှ ပုဂ္ဂိုလ်ကြီးများကို အနည်းငယ် လှုပ်ရှားသွားစေခဲ့သည်။

"ဒီအငွေ့အသက်က နည်းနည်းတူတယ်..."

ထိုကျွမ်းကျင်သူများလည်း အံ့အားသင့်ပြီး စိတ်ထဲမှ မှန်းဆချက်တချို့ ရှိလာခဲ့ပေသည်။

ကျွင်းရှောင်ယောက်က တစ်ချက်သာ လှုပ်ရှားခဲ့သောကြောင့် သူတို့ အမှန်တကယ် မခံစားမိခဲ့ပေ။

သူ့လက်ကိုဝှေ့ယမ်းကာ ကျွင်းရှောင်ယောက်က ကောင်းကင်အင်မော်တယ်သစ်ရွက်များနှင့် သစ်သီးငါးလုံး စလုံးကို ခူးဆွတ်လိုက်သည်။

အင်မော်တယ်သစ်ပင်တစ်ပင်လုံး ရုတ်တရက် ပြောင်သလင်းခါသွား၏။

"အသေးလေး၊ ချင်ရွယ်... လက်ဖက်ရည်သောက်ရအောင်"

ကျွင်းရှောင်ယောက် ပြောလိုက်သည်။

အင်မော်တယ်သစ်ပင်အောက်မှာ ကျောက်စားပွဲတစ်ခုနှင့် ကျောက်ခုံတန်းရှည်များစွာ ရှိခဲ့၏။

"ကောင်းပြီ"

ချွန်းချွန်းက စိတ်ဓာတ်တက်ကြွစွာ ပြောလိုက်သည်။

သူ့ခါးမှ ရတနာအိတ်ကို အလျင်အမြန် လှမ်းယူလိုက်ပြီး လက်ဖက်ရည်ခွက်၊ အနှစ်တစ်သောင်း ရေခဲစမ်းရေနဲ့ တခြား အသုံးအဆောင်များကို ထုတ်ယူလိုက်၏။

သူဟာ ယခင်ကတည်းက ကောင်းကင်အင်မော်တယ်ပွဲတော်သို့လာရန် စီစဉ်ထားသောကြောင့် ပစ္စည်းအားလုံးအဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။

"သခင်လေး၊ ဒါက..."

ပြောင်သလင်းခါနေသော အင်မော်တယ်သစ်ပင်ကိုကြည့်ရင်း‌ ဖေးချင်ရွယ် အနည်းငယ် ဆွံ့အသွားသည်။

ကျွင်းရှောင်ယောက်က အခွင့်အလမ်းအားလုံးကို ဆုပ်ကိုင်လိုပြီး လူတိုင်းကို ဒေါသထွက်စေမှာ မကြောက်ပါ။

"စိတ်မပူပါနဲ့"

ကျွင်းရှောင်ယောက် ပြုံးလိုက်သည်။

တောင်ထိပ်သို့ တစ်ယောက်တည်းတက်ပြီး အင်မော်တယ်လက်ဖက်ရည်နှင့် အင်မော်တယ်အသီးအနှံများကို မြည်းစမ်းခြင်းကလည်း ပျော်စရာကောင်းသည်။

"ဟင်း၊ ဒီလူငယ်လေးကတော့ တကယ်ပဲ..."

ကောင်းကင်မှ ပုဂ္ဂိုလ်ကြီးများလည်း ခေါင်းယမ်းလိုက်ကြသည်။

ယင်းက ကောင်းကင်သင်္ချိုင်းပြည်နယ်မှ အခြား မျိုးဆက်သစ်လူငယ်များကို လျစ်လျူရှုထားခြင်း မဟုတ်လော။

မောက်မာလွန်းသည်။

ဟုတ်ပေသည်၊ ဤသည်မှာ ကျွင်းရှောင်ယောက်၏အထောက်အထားကို မသိကြခြင်းကြောင့် ဖြစ်သည်။

ကျွင်းရှောင်ယောက်ကို အင်မော်တယ်နယ်မြေကြီးမှလူဖြစ်ကြောင်း သိထားပါက ထိုင်ကြည့်နေမည် မဟုတ်ပေ။

နောက်ဆုံးတွင် ဤသည်က ကောင်းကင်သင်္ချိုင်းပြည်နယ်ရှိ တိုင်းတပါး မျိုးဆက်သစ်လူငယ်များအတွက် အခွင့်အလမ်းတစ်ခု ဖြစ်သည်။

ယခုတော့ ကျွင်းရှောင်ယောက်က အားလုံးကို လက်ဝါးကြီးအုပ်ထားပြီ။

ကျွင်းရှောင်ယောက်က ကျောက်ခုံတန်းလျားပေါ်တွင် အေးအေးလူလူ ထိုင်ပြီး ချွန်းချွန်း၊ ဖေးချင်ရွယ်တို့နှင့်အတူ လက်ဖက်ရည်သောက်နေခဲ့သည်။

ထိုအချိန်တွင် ခုန်းချမ်ချမ်၊ ဝူခွင်းနှင့် အခြား ပါရမီရှင်များက ကျားကုတ်ကျားခဲ တက်လာကြ၏။

ကောင်းကင်အင်မော်တယ်သစ်ပင်၏ အခြေအနေကို မြင်သောအခါ သူတို့အားလုံး သွေးအန်လုနီး ဖြစ်သွားကြတော့သည်။

ရက်စက်လွန်းသည်၊ သူတို့အတွက် သစ်ရွက်တစ်ရွက်တောင် မချန်ထားခဲ့ပေ။

All Chapters