← Chapters

အခန်း ၉၂၁

Vol. 62 Ch. 921

အခန်း ၉၂၁

Vol. 62 Ch. 921

အခန်း ( ၉၂၁ ) လူတစ်ဦးတည်းက ကောင်းကင်သင်္ချိုင်းပြည်နယ်ရှိ မျိုးဆက်သစ်အားလုံးကို ဖိနှိပ်သည်။

ဤအခိုက်တွင် တောင်ထိပ်သို့ တက်လာကြသော ပါရမီရှင်များအားလုံး အနည်းငယ် စိတ်ဓာတ်ကျနေသည်။

နောက်ဆုံးတွင်မှ သူတို့ဟာ တောင်ပေါ်ကို ခက်ခက်ခဲခဲ တက်နိုင်ခဲ့ကြခြင်း ဖြစ်၏။

ရလဒ်အနေဖြင့် ကျွင်းရှောင်ယောက်က သူတို့အတွက် သစ်ရွက်တစ်ရွက်ပင် မထားခဲ့ပေ။

"မိတ်ဆွေ၊ မင်းက နည်းနည်း မလွန်ဘူးလား"

ပိုးဖလံနတ်ဆိုးတော်ဝင်မျိုးနွယ်၏ ပါရမီရှင်က ပြောလိုက်သည်။

"ဟုတ်တယ်၊ နောင်အနာဂတ်မှာ ပြန်ဆုံကျရင် မျက်နှာမပျက်စေဖို့ အကန့်အသတ်တစ်ခုတော့ ထားသင့်တယ်ညီနောင်။ ဒါက မင်း နည်းနည်းလွန်တယ်"

ရွှေရောင်သိုးမျိုးနွယ်၏ ပါရမီရှင်ကလည်း မကျေမနပ်ဖြင့် ဝင်ပြောလိုက်၏။

ဤကောင်းကင်အင်မော်တယ်ပွဲတော်သည် မူလက ကောင်းကင်သင်္ချိုင်းပြည်နယ်၏ မျိုးဆက်သစ်လူငယ်များအတွက် ခမ်းနားသော စုဝေးပွဲတစ်ခုဖြစ်သည်။

ယခုမူကား ကျွင်းရှောင်ယောက်က အကျိုးအမြတ်အားလုံးကို အကုန်ယူသွား၏။

သို့ဖြစ်လျှင် အခြားသူများ ပွဲတက်ခြင်းက ဘာများထူးမည်နည်း။

"ဒီကအစ်ကို၊ နင် ဒီလိုလုပ်လို့တော့ မရဘူးလေ"

ငွေရောင်တော်ဝင်မျိုးနွယ်၏ ရင်လင်ကလည်း ပြောလိုက်သည်။

သူမက ကောင်းကင်သင်္ချိုင်းပြည်နယ်တွင် နာမည်ကျော်ကြားသော မိန်းကလေးတစ်ဦး ဖြစ်သည်။ သူမ၏ အလှပအပြင် ခွန်အားကြောင့်လည်း နာမည်ကြီး၏။ သူမ၏ စကတ်အောက်တွင် အမျိုးသားဘယ်နှဦး ကျဆုံးခဲ့ပြီမှန်းပင် မသိပေ။

သို့ရာတွင် ရင်လင် အနည်းငယ် အံ့သြသွားရသည်။

ကျွင်းရှောင်ယောက်က သူမကို ကြည့်ပင် မကြည့်ခဲ့ပေ။

ယင်းကြောင့် ရင်လင် အနည်းငယ် မကျေမနပ်ဖြစ်သွားသည်။

ခြုံပြောရမည်ဆိုလျှင်၊ ယခုအချိန်မှာ ကျွင်းရှောင်ယောက်က လူအများ၏ ဝေဖန်မှု ပစ်မှတ်ဖြစ်လာနေပြီ။

"မင်းတို့ ဘာဖြစ်လို့ ဒီလောက် စကားများနေရတာလဲ။ တစ်ခါတည်း ဖမ်းလိုက်ရင် ပြီးပြီပဲ"

မိုက်ရူးရဲဆန်သော တော်ဝင်မျိုးနွယ်၏ ပါရမီရှင်တစ်ဦးက သတ်ဖြတ်ချင်စိတ်တို့ဖြင့် ကြည့်လိုက်သည်။

ကောင်းကင်အင်မော်တယ်ပွဲတော်ကို ပါရမီရှင်များ စုဝေးပွဲဟု သတ်မှတ်ထားသော်လည်း လူတစ်ယောက်ကို သတ်လိုက်ခြင်းက ပြဿနာများစွာမရှိပါ။

ဟုတ်‌သည်၊ ဤသည်မှာ သူတို့၏နောက်ခံများက အဆင့်တူခြင်း သို့မဟုတ် သူတို့၏နောက်ခံက တစ်ဖက်လူထက် ပို၍အားကောင်းမှ ဖြစ်သည်။

ဤလူများ၏ အမြင်တွင် ကျွင်းရှောင်ယောက်၏ဇစ်မြစ်က လျှို့ဝှက်ဆန်းကျယ်သော်လည်း...

သူ့နောက်ခံက အင်အားစု ကြီးကြီးမားမားဖြစ်မည်ဟု မထင်ခဲ့ကြပေ။

နောက်ဆုံးတွင်၊ ကျွင်းရှောင်ယောက်သာ ဧကရာဇ်မျိုးနွယ် သို့မဟုတ် အင်မော်တယ်ဧကရာဇ်မျိုးနွယ်မှ ဆင်းသက်လာသူဖြစ်ပါက...

သူတို့အားလုံး မသိဘဲနေမည် မဟုတ်ပါ။

ထို့ကြောင့် ဤတော်ဝင်ပါရမီရှင်များဟာ အလွန်ရဲရင့်ခဲ့ကြသည်။

"ဝှစ်"

တော်ဝင်မျိုးနွယ်များမှ ပါရမီရှင်တချို့က ရှေ့သို့ ပြေးတက်သွားကာ ကျွင်းရှောင်ယောက်ကို တိုက်ခိုက်ရန် ကြိုးစားလိုက်ကြသည်။

ဤတော်ဝင် ပါရမီရှင်များက အလွန်အစွမ်းထက်သည်ဟု ဆိုရမည်။

အဆင့်တူတွင် အင်မော်တယ်နယ်မြေကြီးမှ ပါရမီရှင်များ ခုခံရန် ခက်ခဲမည် ဖြစ်သည်။

သို့ရာတွင်၊ ကံမကောင်းစွာဖြင့် ကျွင်းရှောင်ယောက်က အင်မော်တယ်နယ်မြေကြီးမှ ပါရမီရှင်ဖြစ်သော်လည်း ထာဝရကွဲလွဲမှုတစ်ခု ဖြစ်နေခဲ့သည်။

ဤတော်ဝင်ပါရမီရှင်များ၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရသော်လည်း ကျွင်းရှောင်ယောက်၏ အမူအရာက မပြောင်းလဲပေ။

ကျွင်းရှောင်ယောက်၏ မျက်လုံးများက ကစဉ့်ကလျားအလင်းများ စီးဆင်းလာခဲ့သည်။

ကစဉ့်ကလျားမျက်လုံး။

"ဝုန်း၊ ဝုန်း၊ ဝုန်း"

ကျွင်းရှောင်ယောက်ထံသို့ ပြေးလာကြသော ပါရမီရှင်များ၏ ဦးခေါင်းများက ပေါက်ကွဲသွားကြသည်။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွား၏။

လူတချို့က ရှေးဟောင်းမြို့‌တွင် ကျွင်းရှောင်ယောက်၏နည်းလမ်းကို မြင်ဖူးသော်လည်း ယခုကဲ့သို့ ပြန်မြင်ရချိန်တွင် တုန်လှုပ်နေမိကြဆဲပင်။

ကောင်းကင်မှ ပုဂ္ဂိုလ်ကြီးများ၏ မျက်လုံးများလည်း ရုတ်တရက် ကျဉ်းမြောင်းသွားကြသည်။

သူတို့အားလုံး အားနည်းသော အတက်အကျတစ်ခုကို ဖျတ်ခနဲ ခံစားလိုက်ရ၏။ သူတို့၏ သံသယများကလည်း ပို၍ ခိုင်မာလာတော့သည်။

ထိုအရာသာ အမှန်တကယ်ဖြစ်ပါက...

ဤလူငယ်၏ နောက်ခံမှာ တကယ်ကို ရိုးရှင်းမည်မဟုတ်ပေ။

"ဒါက..."

ပိုးဖလံနတ်ဆိုးတော်ဝင်မျိုးနွယ်၏ ပါရမီရှင်၊ ရွှေရောင်သိုးမျိုးနွယ်၏ ပါရမီရှင်၊ ရင်လင်နှင့် အခြားသူများအားလုံး တအံ့တဩ ဖြစ်သွားခဲ့ကြသည်။

နောက်ဆုံးတွင်၊ ဤနည်းလမ်းက အလွန်ထူးခြားပြီး ကြောက်စရာကောင်း၏။

"ဝူခွင်း၊ ဒီလူက နည်းနည်းထူးဆန်းနေတယ်"

ခုန်းချမ်ချမ်လည်း မျက်မှောင်ကြုတ်လိုက်မိသည်။

ပထမတော့ သူ့ဝမ်းကွဲကို သတ်လိုက်သူအား ပေါ့ပေါ့ပါးပါး သတ်လိုသော်လည်း ယခုတော့ ထင်သလောက် လွယ်ကူမည့်ပုံမရပေ။

"ဒီလူက နည်းနည်းတော့ ထူးဆန်းတယ်။ သူ့အရှိန်အဝါကိုတောင် မတွေ့နိုင်ဘူး။ ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ သူက ကမ္ဘာကြီးတစ်ခုလုံးကို မပြောင်းလဲနိုင်ဘူး"

အင်မော်တယ်ဧကရာဇ်မျိုးနွယ်မှ လူတစ်ယောက်အနေဖြင့်၊ သူ့မျက်လုံးတွင် အံ့အားသင့်မှု အရိပ်အယောင်များ ပေါ်လာသော်လည်း အားနည်းချက်ကို မပြနိုင်ပေ။

သူ၏ကျင့်ကြံခြင်းက အဓိပဓိတစ်ပိုင်းအဆင့်တွင်ရှိပြီး မင်ကျောက်ဧကရာဇ်မျိုးနွယ်၏ သွေးမျိုးဆက်ရှိခြင်းကို ဘေးဖယ်ထားလျှင်ပင်...

သူ့ခွန်အားက သာမန် အဓိပဓိတစ်ပိုင်းများထက် များစွာအားကောင်းသည်။

ထို့ကြောင့် သူဟာ ယုံကြည်မှုအပြည့်ရှိပေသည်။

သို့သော်လည်း ကျွင်းရှောင်ယောက်၏နည်းလမ်းကို မြင်ရပြီးနောက် အခြားသူများမှာ ကမူးရှူးထိုး မလုပ်ဝံ့တော့ပေ။

ဤမြင်ကွင်းကိုမြင်တော့ ကောင်းကင်မှ ပုဂ္ဂိုလ်တစ်ဦးက သက်ပြင်းချကာ ပြောလိုက်သည်။

"ကောင်းကင်အင်မော်တယ်ပွဲတော်မှာ ဒီမြင်ကွင်းကိုမြင်တွေ့ရဖို့ ငါ တကယ်ကို မမျှော်လင့်ထားဘူး"

"အမှန်ပါပဲ၊ အရင်တုန်းက ကောင်းကင်အင်မော်တယ်ပွဲတော်ဆိုတာ ပြင်းထန်တဲ့ တိုက်ပွဲတစ်ခုပဲ။ အခုလို ပါရမီရှင်တစ်ဦးတည်းက အခြားသူတွေကို ဖိနှိပ်ထားတဲ့ အခြေအနေမျိုးကိုတော့ တစ်ခါမှ မကြုံဖူးဘူး"

"လူတစ်ဦးတည်းက ကောင်းကင်သင်္ချိုင်းပြည်နယ်တစ်ခုလုံးရဲ့ ပါရမီရှင်တွေကို ဖိနှိပ်ထားခဲ့တာ"

သူတို့ကိုယ်တိုင် ကိုယ့်မျက်စိနှင့် မမြင်ရပါက ယုံနိုင်ကြမည် မဟုတ်ပေ။

နောက်ဆုံးတွင် တိုင်းတပါးမှ ပါရမီရှင်တိုင်းက အလွန်အားကောင်းသည်။

ဤပတ်ဝန်းကျင်တွင် ပါရမီအားလုံးကို ဖိနှိပ်ရန်က အလွန်ခက်ခဲသည်။

ဟုတ်ပေသည်၊ ကောင်းကင်သင်္ချိုင်းပြည်နယ်က တိုင်းတပါး၏ ပြည်နယ်ဆယ်ခုမှာ အသန်မာဆုံးပြည်နယ် မဟုတ်ပေ။

သို့သော်လည်း ဤသည်ကပင် အံ့မခန်းဖြစ်နေပြီ ဖြစ်သည်။

ထိုအချိန်တွင် ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာသည်။

"သခင်လေး၊ လက်ဖက်ရည် အဆင်သင့်ဖြစ်ပါပြီ"

ကျွင်းရှောင်ယောက် လှည့်ကြည့်လိုက်တော့ ချွန်းချွန်းနှင့် ဖေးချင်ရွယ်က အင်မော်တယ်သစ်ရွက်များကိုသုံးပြီး လက်ဖက်ရည်ကိုးခွက် ပြုလုပ်ထားကြောင်း တွေ့လိုက်ရလေသည်။

ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း အင်မော်တယ် အလင်းတန်းများ ပြည့်သွားခဲ့သည်။

ယင်းက သာမန်လက်ဖက်ရည် မဟုတ်တော့ပေ။

တာအိုနိယာမများ စီးဆင်းနေသော အင်မော်တယ်လက်ဖက်ရည်ဟု ဆိုနိုင်သည်။

ဤလက်ဖက်ရည်ကို ချွန်းချွန်းနှင့်‌ ဖေးချင်ရွယ်က ကျိုချက်ထားခြင်းဖြစ်သော်လည်း...

ကျွင်းရှောင်ယောက် မသောက်သုံးမီ ဦးစွာမထိဝံ့ကြပေ။

ကျွင်းရှောင်ယောက်က လက်ဖက်ရည်တစ်ခွက်ကို ကောက်ယူပြီး တစ်ကျိုက် သောက်လိုက်သည်။

"ဝုန်း"

မဟာတာအိုနိယာမများက ကြည်လင်ပြီး လက်လှမ်းမီတော့မလိုပင် ခံစားလာရ၏။

တစ်ချိန်တည်းမှာပင် ကြွယ်ဝသော တာအိုရစ်သမ်များ ထွက်ပေါ်လာတော့သည်။

ကျွင်းရှောင်ယောက်လည်း တာအိုကို ပို၍ နားလည်လာသလို ခံစားလိုက်ရသည်။

"မဆိုးဘူး"

ကျွင်းရှောင်ယောက်က ဒုတိယခွက်ကိုယူပြီး ထပ်မံသောက်လိုက်သည်။

သူဟာ လက်ဖက်ရည်သောက်ရတာကို ဝါသနာပါသူဖြစ်သောကြောင့်‌ ဤလက်ဖက်ရည်က သူနှင့်ပိုပြီး သင့်တော်ပေသည်။

ဒုတိယတစ်ခွက် သောက်လိုက်ပြီးနောက် ကျွင်းရှောင်ယောက်၏ တစ်ကိုယ်လုံးက တောက်ပသော အလင်းရောင်ဖြင့် ဖုံးလွှမ်းသွားသည်။

ထို့နောက် တတိယခွက်ကို သောက်လိုက်သောအခါ...

အစစ်အမှန်နဂါး၊ နတ်ဖီးနစ်နှင့် ချီလင်ပုံစံများ ထွက်ပေါ်လာ၏။

နောက်ဆုံးတွင် အင်မော်တယ်လက်ဖက်ရည် ခုနစ်ခွက်တိတိ သောက်သုံးခဲ့သည်။

သူ၏ ကစဉ့်ကလျားခန္ဓာက ပို၍ သန့်စင်လာပြီး စိတ်ဝိညာဉ်နှင့် လိုက်လျောညီထွေရှိကာ ယခင်ထက် သက်တောင့်သက်သာရှိသလို ခံစားလိုက်ရလေသည်။

ဤလက်ဖက်ရည်ခုနစ်ခွက်က ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်ရှိ အပြစ်အနာအဆာအားလုံးကို ဆေးကြောပေးခဲ့သည်။ ယင်းက အင်မော်တယ်သစ်ရွက် လက်ဖက်ရည်၏ တန်ဖိုးကို ပေါ်လွင်စေခဲ့ပေသည်။

ဤမြင်ကွင်းကို မြင်လိုက်ရတော့ သတ္တဝါအားလုံး အံ့အားသင့်သွားကြသည်။

အင်မော်တယ်လက်ဖက်ရည် ခုနစ်ခွက်ဖြင့် ကောင်းကင်သို့ တက်လှမ်းသွား၏။

ယင်းက တကယ်တက်လှမ်းခြင်းမဟုတ်သော်လည်း လူတိုင်း၏အမြင်မှာတော့ ထူးထူးကဲကဲ အသွင်ပြောင်းခြင်းတစ်ခု ဖြစ်နေပြီ။

"ချီးပဲ"

အားလုံး အံတကြိတ်ကြိတ် ဖြစ်ကုန်သည်။

သူတို့မှာ အင်မော်တယ်လက်ဖက်ရည်၏ အနံ့ကိုသာ ခံနိုင်သော်လည်း ကျွင်းရှောင်ယောက်ကတော့ ခုနစ်ခွက်တိတိ သောက်ခဲ့ရသည်။

ထို့နောက်တွင် ကျွင်းရှောင်ယောက်က ကျန်လက်ဖက်ရည်နှစ်ခွက်ကို ချွန်းချွန်းနှင့် ဖေးချင်ရွယ်အား ပေးလိုက်သည်။

ချွန်းချွန်းလည်း ဝမ်းသာအားရဖြစ်ပြီး လက်ဖက်ရည်ကို တစ်ကျိုက်တည်း မော့သောက်လိုက်၏။

သူမ၏ ကျင့်ကြံခြင်းဖြင့် အင်မော်တယ် လက်ဖက်ရည်တစ်ခွက် သောက်သုံးခြင်းက လုံလောက်သည်။

ထို့အပြင် အင်မော်တယ်သစ်ရွက်များ ကျန်သေးသဖြင့် နောက်ပိုင်းတွင် သောက်နိုင်သေးသည်။

ဖေးချင်ရွယ်ကတော့ အနည်းငယ် အံ့အားသင့်သွားသည်။ စိတ်ထဲမှာလည်း ပျော်ရွှင်သွား၏။

သူ့သည်လည်း အင်မော်တယ်လက်ဖက်ရည်တစ်ခွက် ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။

"ကျေးဇူးတင်ပါတယ် သခင်လေး"

ဖေးချင်ရွယ်က ကျွင်းရှောင်ယောက်ကို ဦးညွှတ်လိုက်သည်။

ပုံမှန်အားဖြင့် သူမ၏ခွန်အားအရ အင်မော်တယ်လက်ဖက်ရည်ကိုသောက်ရန် မဖြစ်နိုင်ပေ။

ထို့နောက် လက်ဖက်ရည်ခွက်ကို ဂရုတစိုက် ကောက်ယူကာ အရသာခံပြီး သောက်လိုက်သည်။

ဤမြင်ကွင်းကိုမြင်တော့ ဧကရာဇ်တစ်ပိုင်းမျိုးနွယ်များနှင့် တော်ဝင်ပါရမီရှင်များအားလုံး မျက်နှာရှုံ့မဲ့သွားကြသည်။

ကျဆင်းနေသော တော်ဝင်မျိုးနွယ်၏ မင်းသမီးတစ်ပါးကတောင် ဤအခွင့်အလမ်းမျိုးကို ရနိုင်သေးသည်။

ရင်လင်၏ လှပသော မျက်နှာမှာလည်း မနာလိုမှု အရိပ်အမြွက်တို့ ယှက်သန်းသွားသည်။

သူမ၏ ရုပ်ရည်နှင့် ခွန်အား၊ အဆင့်အတန်းတို့က ဖေးချင်ရွယ်ထက် အစစအရာရာ သာလွန်မှုရှိ၏။

သို့သော်လည်း ဖေးချင်ရွယ်က အင်မော်တယ်လက်ဖက်ရည် သောက်နေချိန်တွင် သူမမှာတော့ ဘေးမှသာ ရပ်ကြည့်နေနိုင်သည်။။

ယင်းက လွန်စွာ မနာလိုမှုကို ခံစားရစေခဲ့ပေသည်။

"သခင်လေး၊ ရင်လင်လည်း အင်မော်တယ်လက်ဖက်ရည်တစ်ခွက် သောက်ရလောက်အောင် ကံကောင်းနိုင်မလား"

ရင်လင်က ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ရှည်လျားချောမွတ်သော ဆံနွယ်များကို လက်ဖြင့်သပ်ရင်း ပြောလိုက်သည်။

ထိပ်တန်းတော်ဝင်မျိုးနွယ်ဖြစ်သော ငွေရောင်တော်ဝင်မျိုးနွယ်၏ မင်းသမီးအနေဖြင့် ရင်လင်သည် သူ့ခွန်အားကို ယုံကြည်မှုအပြည့်ရှိနေဆဲပင်။

ဖေးချင်ရွယ်က အင်မော်တယ်လက်ဖက်ရည်ကို မြည်းစမ်းနိုင်သောကြောင့် သူမလည်း ရနိုင်သင့်သည်။

"မင်းကိုယ်မင်း ဘယ်သူထင်လို့လဲ"

သို့သော်၊ ကျွင်းရှောင်ယောက်က သူမကို စေ့စေ့ပင်မကြည့်ခဲ့ပေ။

ရင်လင်၏ လှပသော မျက်နှာက အေးခဲသွားပြီး အလွန်ရှက်ရွံ့သွားမိသည်။

All Chapters