← Chapters

အခန်း ၉၂၂

Vol. 62 Ch. 922

အခန်း ၉၂၂

Vol. 62 Ch. 922

အခန်း ( ၉၂၂ ) လက်တစ်ချောင်းတည်းဖြင့် သတ်ခြင်း။

ရင်လင်၏ စိတ်ထဲတွင် အနည်းငယ် ကသိကအောက် ဖြစ်သွားသည်။

ဤသည်မှာ သူမကို ပထမဆုံးအကြိမ် ဤသို့အရှက်ရစေခြင်း ဖြစ်၏။

ယင်းကြောင့် ရှက်ရွံ့ဒေါသဖြစ်ကာ သူမ၏ လှပသော မျက်လုံးများမှာလည်း ဒေါသများဖြင့် ပြည့်နှက်နေတော့သည်။

"လူတိုင်းပဲ၊ နင်တို့ လက်သင့်ခံနိုင်ရဲ့လား"

ရင်လင်က ပိုးဖလံနတ်ဆိုးမျိုးနွယ်နှင့် ရွှေရောင်သိုးမျိုးနွယ်တို့၏ ပါရမီရှင်များကို ကြည့်လိုက်သည်။

"ဘယ်လက်ခံနိုင်မှာလဲ"

"သူ့မှာ အင်မော်တယ်သစ်ရွက်တွေရှိသေးတယ်။ ငါတို့ အဲဒါတွေကိုရဖို့ အတူတူလှုပ်ရှားကြမယ်"

ရင်လင်က အသံလွှင့်၍ ထပ်မံပြောလိုက်၏။

ကျွင်းရှောင်ယောက်၏ နည်းလမ်းများက လူအများကို အမှန်တကယ် သတိထားစေခဲ့သည်။

သို့သော်လည်း အားလုံး ပူးပေါင်းလုပ်ဆောင်ပါက အောင်မြင်နိုင်သေးသည်။

"ငါတို့ ပူးပေါင်းကြမှာလား။ ဒါက နည်းနည်းတော့..."

ပိုးဖလံနတ်ဆိုးတော်ဝင်မျိုးနွယ်မှ ပါရမီရှင်မှာ အနည်းငယ် တုံ့ဆိုင်းသွားသည်။

နောက်ဆုံးတွင် သူတို့တစ်ဦးစီက နာမည်ကျော် ပါရမီရှင်များ ဖြစ်၏။

လူတစ်ယောက်တည်းကို အတူတူပူးပေါင်းပြီး ဖြေရှင်းရခြင်းက အနည်းငယ် မျက်နှာပျက်စရာကောင်းသည်။

"ဒီလူက တကယ်ကို ထူးဆန်းတယ်။ ငါတို့က မပူးပေါင်းရင် သူ့ကို ရင်ဆိုင်ဖို့ ခက်လိမ့်မယ်"

ရွှေရောင်သိုးမျိုးနွယ်မှ ပါရမီရှင်က ပြောလိုက်သည်။

သူတို့က အချင်းချင်း အသံလွှင့်၍ပြောနေချိန်တွင်...

ကျွင်းရှောင်ယောက်က အင်မော်တယ် သစ်သီးတစ်လုံးကို ထုတ်ပြီးပြီ။

အင်မော်တယ်လက်ဖက်ရည်ကို သောက်ပြီးပြီမို့ အင်မော်တယ်သစ်သီးကို မြည်းစမ်းကြည့်ရန် အချိန်တန်ပြီ ဖြစ်သည်။

ဤမြင်ကွင်းကိုမြင်လိုက်ရတော့ အခြား ပါရမီရှင်များ သည်းမခံနိုင်တော့ပေ။

အားလုံးရထိုက်သည့် အခွင့်အလမ်းကောင်းကို တစ်ဦးတည်း သိမ်းပိုက်နေသည်အား မြင်ရခြင်းက စိတ်မသက်မသာ ဖြစ်စေသည်။

အင်မော်တယ်လက်ဖက်ရည်က အဖိုးတန်သော်လည်း အင်မော်တယ်သစ်သီးကိုတော့ မမီပေ။

ကောင်းကင်အင်မော်တယ်သစ်သီးက လူတစ်ဦး၏ နယ်ပယ်ကို အဆင့်တစ်ခုမြှင့်တင်နိုင်သည်ဟု ဆိုကြသည်။

ထို့ကြောင့် ကျွင်းရှောင်ယောက်က အင်မော်တယ်သစ်သီးကို စားတော့မည်အား မြင်ရချိန်မှာတော့ မည်သူမျှ အေးအေးမနေနိုင်တော့ပေ။

လက်ဖက်ရည်သောက်သကဲ့သို့ အင်မော်တယ်သစ်သီး ငါးလုံးစလုံးကို ကျွင်းရှောင်ယောက် စားလိုက်မည်အား သူတို့ ကြောက်မိသည်။

ကောင်းကင်အင်မော်တယ်သစ်သီးသည် အနှစ်တစ်ထောင်မှ တစ်ကြိမ်သီးသောကြောင့် အလွန် တန်ဖိုးကြီးသည်။

အားလုံးကို ကျွင်းရှောင်ယောက် စားလိုက်ပါက နောက်ထပ် အနှစ်တစ်ထောင် စောင့်ရလိမ့်မည်။

ယင်းကို မည်သူသည်းခံနိုင်မည်နည်း။

"ရပ်လိုက်တော့"

ရုတ်တရက်၊‌ အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဝူခွင်းထံမှ ဖြစ်၏။

"ငါ့ကို သခင်က အမိန့်ပေးထားတယ်။ မိန်းကလေးချမ်ချမ်ကို အင်မော်တယ်သစ်သီးရရှိအောင် ကူညီပေးရမဲ့အပြင် သခင်အတွက်လည်း အင်မော်တယ်သစ်သီးတစ်လုံးလိုအပ်တယ်"

"မင်းအတွက် ဘယ်ဟာကကောင်းမှန်း သိတယ်ဆိုရင် အင်မောိတယ်သစ်သီးသုံးလုံးကို ချက်ချင်း လွှဲပေးလိုက်ပါ"

ဝူခွင်းက ပြောလိုက်သည်။

အပိုတစ်လုံး ထပ်တောင်းခြင်း‌ကတော့ သဘာဝအတိုင်း သူလိုချင်သောကြောင့် ဖြစ်၏။

ကျွင်းရှောင်ယောက်၏ လက်က လှုပ်ရှားနေရာမှ ရပ်သွားသည်။

သို့ရာတွင်၊ ဝူခွင်းကို ကြောက်ရွံ့သောကြောင့် မဟုတ်ပါ။

ထိုအစား အနည်းငယ် ဆူညံသည်ဟု သူခံစားရသည်။

"ယင်ကောင်တွေ တကယ်ကိုဆူညံပြီး စိတ်အနှောက်အယှက်ဖြစ်စေတာပဲ"

ကျွင်းရှောင်ယောက်က ပြောဆိုပြီး အင်မော်တယ်သစ်သီးငါးလုံးကို ကျောက်စားပွဲပေါ်တွင် တင်ထားလိုက်သည်။

"လာပါ၊ ဒီမှာ အင်မော်တယ်သစ်သီးတွေရှိတယ်။ မင်း ယူနိုင်ရင် အဲဒါက မင်းအတွက်ပဲ"

ကျွင်းရှောင်ယောက်က တည်ငြိမ်စွာ ပြောလိုက်သည်။

တိုင်းတပါးသို့ ခရီးထွက်ကတည်းက တိုင်းတပါးမှ ပါရမီရှင်များအကြောင်းကို သူ တွေးထားခဲ့သည်။

ကောင်းကင်ကိုးခုအင်မော်တယ်နယ်မြေကြီးတွင် သူဟာ ပြိုင်ဘက်ကင်းခဲ့၏။

တိုင်းတပါးမှာလည်း အားလုံးကို သဘာဝအတိုင်း အောင်နိုင်ရလိမ့်မည်။

"သူက မောက်မာလွန်းတယ်"

ကျွင်းရှောင်ယောက်၏စကားကို ကြားရပြီးနောက် တော်ဝင်မျိုးနွယ်များမှ ပါရမီရှင်များ၏ မျက်နှာများက သုန်မှုန်သွားကြသည်။

လူတစ်ဦးတည်းက သူတို့အားလုံးကို စိန်ခေါ်နေခြင်းမှာ၊ သူတို့အတွက် ကြီးစွာသော အရှက်ခွဲခြင်းတစ်မျိုးပင်။

"အတူတူ တိုက်ခိုက်ကြဟေ့"

"သတ်"

ပါရမီရှင်အဖွဲ့လိုက်ကြီး ကျွင်းရှောင်ယောက်ကို ဝိုင်းထားလိုက်ကြသည်။

ပိုးဖလံနတ်ဆိုးတော်ဝင်မျိုးနွယ်၏ ပါရမီရှင်က သူ့‌အတောင်များကိုခတ်လိုက်သည်။

ကမ္ပည်းစာလုံးများ ထွက်ပေါ်လာပြီး မီးလုံးများအဖြစ် ပြောင်းလဲ၍ ကျွင်းရှောင်ယောက်ထံ တိုးဝင်သွား၏။

ဤသည်မှာ ပိုးဖလံနတ်ဆိုးတော်ဝင်မျိုးနွယ်၏ နတ်ဘုရားစွမ်းရည်၊ ပိုးဖလံနတ်ဆိုး ကောင်းကင်မီး ဖြစ်သည်။

ကျွင်းရှောင်ယောက်က သူ့မျက်ခွံများကို ဖြည်းညှင်းစွာ ပင့်ကြည့်ပြီး လက်ဖျစ်တစ်ချက်တီးလိုက်သည်။

အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး လေထုကို ထိုးဖောက်ဝင်သွား၏။

ပိုးဖလံနတ်ဆိုးတော်ဝင်မျိုးနွယ်၏ ပါရမီရှင်လည်း ဤစွမ်းအင်အလင်းဖြင့် ထိုးဖောက်ခံရပြီးနောက် ပေါက်ကွဲသွားပြီး ပွဲချင်းပြီး သေဆုံးသွားတော့သည်။

ယင်းကြောင့် ပတ်ဝန်းကျင်ရှိ တော်ဝင်မျိုးနွယ်ဖွား ပါရမီရှင်အချို့ ထိတ်လန့်သွားကြသည်။

ပိုးဖလံနတ်ဆိုးတော်ဝင်မျိုးနွယ်၏ ပါရမီရှင်က အလွန်အစွမ်းထက်သည်။

သို့တိုင် ကျွင်းရှောင်ယောက်၏ လက်တစ်ချောင်းတည်းဖြင့် ချက်ချင်း သတ်ခံလိုက်ရသေးသည်။

ဤစွမ်းအားက သူတို့ကို ခေါင်းစခြေအဆုံး အေးစက်သွားစေခဲ့သည်။

"မကြောက်ကြနဲ့ဟေ့၊ အတူတူ တိုက်ခိုက်ကြ"

ရွှေရောင်သိုးမျိုးနွယ်၏ ပါရမီရှင်က ထအော်လိုက်သည်။

တစ်စုံတစ်ခုကို ရွတ်ဆိုနေရင်း သူ့နဖူးပေါ်မှ ရွှေရောင်ဦးချိုနှစ်ချောင်းက ပြုတ်ထွက်သွား၏။

ယင်းက မိုးနှင့်မြေကို ပိုင်းဖြတ်နိုင်ပုံရသော အငွေ့အသက်များကို ထုတ်လွှတ်လာတော့သည်။

ဤသည်မှာ ရွှေရောင်သိုးမျိုးနွယ်၏ နတ်ဘုရားစွမ်းရည် ဖြစ်သည်။

ယင်းက သူတို့၏ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုသာမက အဖော်လက်နက်တစ်ခုလည်း ဖြစ်၏။

ဤရွှေရောင်ချိုနှစ်ချောင်းက ကောင်းကင်ဓားနှစ်လက်ကဲ့သို့ ကျွင်းရှောင်ယောက်၏ ဦးခေါင်းကို ချိန်ရွယ်ခုတ်ပိုင်းလာတော့သည်။

သို့သော်လည်း ကောင်းကင်ဓားနှစ်လက်က ကျွင်းရှောင်ယောက် အနီးသို့ ရောက်လာသည်နှင့် တပြိုင်နက်၊ နားမလည်နိုင်သော စွမ်းအားတစ်ခု ထွက်ပေါ်လာကာ စွမ်းအင်အားလုံးကို ချေဖျက်ပစ်လိုက်သည်။

ထို့နောက် ကျွင်းရှောင်ယောက်က သူ့လက်ကိုမြှောက်ပြီး လက်နှစ်ချောင်းဖြင့် ကောင်းကင်ဓားနှစ်ချောင်းကို ဖမ်းဆုပ်လိုက်လေသည်။

"ဒါ မဖြစ်နိုင်ဘူး"

ရွှေရောင်သိုးမျိုးနွယ်၏ ပါရမီရှင်လည်း မယုံကြည်နိုင်စွာ ထအော်လိုက်သည်။

ယင်းက မည်သို့သောစွမ်းအားမျိုး ဖြစ်သနည်း။

"ဒါက ဘယ်လိုဖြစ်ရတာလဲ"

ဝူခွင်းလည်း အနည်းငယ် တုန်လှုပ်သွားသည်။

ဤစွမ်းရည်က သူ့ကို မျိုးနွယ်တစ်ခုအကြောင်း သတိရစေ၏။

သူသာမကဘဲ ကောင်းကင်မှ ပုဂ္ဂိုလ်ကြီးများနှင့် အသိအမြင် ဗဟုသုတကြွယ်ဝသော တိုင်းတပါး ပါရမီရှင်အားလုံး မျိုးနွယ်တစ်ခုကို သတိရသွားမိသည်။

"ခွမ်း"

ကျွင်းရှောင်ယောက်က အင်အားအနည်းငယ်သုံးလိုက်သောအခါ ကောင်းကင်ဓားအဖြစ် ပြောင်းထားသော ရွှေရောင်သိုး၏ဦးချိုများ ကျိုးသွားခဲ့၏။

ရွှေရောင်သိုးမျိုးနွယ်၏ ပါရမီရှင်လည်း သွေးများအန်ထွက်ကာ ရှေးဦးဝိညာဉ်ပင် ကွဲအက်တော့မလို ခံစားလိုက်ရတော့သည်။

ဤကောင်းကင်ဓားနှစ်ချောင်းက သူ၏နတ်လက်နက် ဖြစ်သည်။

ရွှေရောင်သိုးမျိုးနွယ်၏ နတ်ဘုရားစွမ်းရည်အများစုက ဤကောင်းကင်ဓားနှစ်လက်တွင် ရှိသည်ဟုပင် ပြောကြ၏။

ယခုတော့ ကျွင်းရှောင်ယောက်က ဤကောင်းကင်ဓားနှစ်ချောင်းကို အလွယ်တကူ ချေမှုန်းပစ်ခဲ့ပြီ။ ရွှေရောင်သိုးမျိုးနွယ်မှ ပါရမီရှင်မှာ ခဏချင်း ပြင်းထန်စွာ ဒဏ်ရာရရှိကာ တိုက်ခိုက်နိုင်စွမ်း မရှိသလောက် ထိုးကျသွားတော့သည်။

"ငါတို့အားလုံး အတူတူလုပ်ရင်တော့ ဖြစ်နိုင်သေးတယ်"

ရင်လင်က ပြောလိုက်သည်။

ထိပ်တန်းတော်ဝင်မိသားစု၏ ပါရမီရှင်က ဦးဆောင်သောအခါ ကျန်လူများလည်း တပြိုင်နက်တည်း တိုက်ခိုက်လာကြပြန်တော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် အားကောင်းသော နတ်ဘုရားသိုင်းများ ထွက်ပေါ်လာခဲ့သည်။

အားလုံးက တိုင်းတပါးတွင် ကျော်ကြားပြီး အစွမ်းထက်သော နည်းလမ်းများ ဖြစ်၏။

မရေမတွက်နိုင်သော ကြယ်များ ပေါက်ကွဲသကဲ့သို့ ပျက်စီးခြင်းလှိုင်းလုံးများသည် ကျွင်းရှောင်ယောက်ဆီသို့ တိုးဝင်လာတော့သည်။

သို့သော်...

ကျွင်းရှောင်ယောက်က တည်ငြိမ်စွာ ထိုင်နေဆဲပင်။

နတ်ဘုရားသိုင်းများက ကျွင်းရှောင်ယောက်၏ရှေ့သို့ ရောက်သောအခါ ဘယ်တုန်းကမှ မရှိခဲ့သလို ပျောက်ကွယ်သွားခဲ့သည်။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ…”

တော်ဝင်မျိုးနွယ်ဝင် ပါရမီရှင်အားလုံး ပါးစပ်အဟောင်းသားဖြစ်ပြီး မျက်လုံးများ ပြူးသွားကြသည်။

“ဒါ မဖြစ်နိုင်ဘူး…”

ရင်လင်သည်လည်း ဣန္ဒြေပျက်သွားပြီး သူမ၏ ဆွဲဆောင်မှုရှိသောအသွင်ကို မထိန်းထားနိုင်တော့ပေ။

ထိုအချိန်တွင် အနည်းငယ် လေးနက်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"မော့ကျဲမျိုးနွယ်နဲ့ မင်းရဲ့ ဆက်ဆံရေးက ဘယ်လိုလဲ"

ပြောလာသူမှာ ယီတောက်မျိုးနွယ်၏ ဧကရာဇ်တစ်ပိုင်း ပါရမီရှင် ဖြစ်သည်။

ထိုစကားကိုကြားတော့ တော်ဝင်မျိုးနွယ်မှ သတ္တဝါများ တအံ့တဩ ဖြစ်သွားကြ၏။

"ကောလဟာလတွေအရ မော့ကျဲဧကရာဇ်မျိုးနွယ်မှာ နတ်ဘုရားစွမ်းရည်အမျိုးမျိုးကို ခုခံနိုင်တဲ့ နတ်ဘုရားသိုင်းတစ်မျိုး ရှိတယ်တဲ့"

တော်ဝင်မျိုးနွယ်မှ ပါရမီရှင်တချို့ကလည်း အော်ပြောလိုက်ကြလေသည်။

မော့ကျဲမျိုးနွယ်သည် တိုင်းတပါးရှိ အင်မော်တယ်ဧကရာဇ်မျိုးနွယ်များထဲမှ တစ်ခု ဖြစ်သည်။

၎င်းတို့၏ မျိုးနွယ်စုဝင် အရေအတွက်က သိပ်မများသော်လည်း တစ်ဦးစီက အလွန်အစွမ်းထက်ကြသည်။

မျိုးဆက်ဟောင်းဖြစ်စေ၊ မျိုးဆက်သစ်ဖြစ်စေ... တစ်ဦးချင်းစီက အဆင့်တူတွင် တုနှိုင်းမရပေ။

ထို့အပြင် ဤအင်မော်တယ်ဧကရာဇ်မျိုးနွယ်၏ အထူးခြားဆုံးအချက်က နတ်ဘုရားစွမ်းရည်များကို ခုခံနိုင်သောစွမ်းရည်ဖြင့် မွေးဖွားလာကြခြင်း ဖြစ်သည်။

ခွန်အားအပေါ်မူတည်ရွယ် စွမ်းအင်ခုခံကာကွယ်နိုင်စွမ်း အကျိုးသက်ရောက်မှုကတော့ ကွဲပြားပေသည်။

သို့သော်လည်း မည်သို့ပင်ဆိုစေ၊ နတ်ဘုရားစွမ်းရည်အမျိုးမျိုးကို ခုခံနိုင်တာကတော့ သေချာသည်။

အခြား တိုင်းတပါးသတ္တဝါများအတွက် ယင်းက မဖြစ်နိုင်သလောက်ပင်။

"ဒါနဲ့ စကားမစပ်၊ ဒီလူ ခုနက ပြသထားတဲ့အရာက စွမ်းအင်ခုခံကာကွယ်ခြင်းရဲ့ အကျိုးသက်ရောက်မှုဖြစ်ပုံရတယ်"

"သူက အရမ်းအစွမ်းထက်တာ အံ့ဩစရာမဟုတ်တော့ပါဘူး။ သူ့ကို အင်မော်တယ်ဧကရာဇ်မျိုးနွယ်ရဲ့ မျိုးဆက်တစ်ဦးဖြစ်မယ်လို့ မမျှော်လင့်ထားဘူး"

"မော့ကျဲအင်မော်တယ်ဧကရာဇ်မျိုးနွယ်က မျိုးနွယ်စုဝင် နည်းပါးသလောက် အင်မတန် လျှို့ဝှက်ဆန်းကျယ်တယ်။ ဒီခေတ်မှာမှ လောကထဲကို မျိုးဆက်တစ်ဦး ထွက်လာမယ်လို့ မမျှော်လင့်ထားဘူး"

ပတ်ဝန်းကျင်တွင် တစ်ယောက်တစ်ပေါက် ဆွေးနွေးပြောဆိုသံများ ထွက်ပေါ်လာခဲ့သည်။

တော်ဝင်မျိုးနွယ်၏ ပါရမီရှင်များအားလုံး တအံ့တဩ ဖြစ်သွားခဲ့ကြသည်။

အကယ်၍ သူသာ အင်မော်တယ်ဧကရာဇ်မျိုးနွယ်မှ ဆင်းသက်လာသူဖြစ်လျှင်၊ အရာအားလုံးက ကျိုးကြောင်းဆီလျော်သည်။ သူတို့ အနိုင်မယူနိုင်တာလည်း အံ့ဩစရာ မဟုတ်တော့ပေ။

သို့ရာတွင်၊ ကောင်းကင်ထက်မှ ပုဂ္ဂိုလ်ကြီးများက အနည်းငယ် မျက်မှောင်ကုပ်နေကြသည်။

"ဒါက မော့ကျဲဧကရာဇ်မျိုးနွယ်ရဲ့ စွမ်းရည်လို့ ထင်ရပေမဲ့ ဒီသခင်လေးက တကယ်ပဲ ဒီမျိုးနွယ်ကဟုတ်ရဲ့လား"

သံသယဝင်နေသူက ထိုပုဂ္ဂိုလ်ကြီးများသာမကပေ။

ဝူခွင်းကလည်း ရှေ့သို့လှမ်းပြီးပြောလိုက်သည်။

"ဧကရာဇ်မျိုးနွယ်ရဲ့ သားမြေးတွေက မြင့်မားပြီး အစွမ်းထက်ကြတယ်။ သူတို့က ကမ္ဘာကြီးကို သွားချင်သလို ‌လျှောက်မသွားတတ်ကြဘူး။ မင်းက ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ"

"နောက်ပြီးတော့ သူတို့မျိုးနွယ်ထဲမှာ မင်းနဲ့တူတာ တစ်ယောက်မှမရှိဘူး"

"မင်း ဒီစွမ်းရည်ကို တစ်နေရာကနေ သင်ယူခဲ့တာလား၊ ဒါမှမဟုတ် အလားတူတစ်ခုခုကို သင်ယူထားတာလား"

"ဒီနေ့ ရှင်းရှင်းလင်းလင်းမပြောရင် နောင်မှာ မော့ကျဲဧကရာဇ်မျိုးနွယ်က မင်းဆီကို ရောက်လာတော့မှာ ငါကြောက်တယ်။ သူတို့က ဒီစွမ်းရည်ကို အပြင်လူတွေဆီ ပေါက်ကြားခွင့်ပြုမှာမဟုတ်ဘူး"

ဝူခွင်းက ကျွင်းရှောင်ယောက်ကို ဖောက်ထွင်းမြင်လိုဟန်ဖြင့် စူးစူးစိုက်စိုက် ကြည့်လိုက်သည်။

ထိုစကားကိုကြားတော့ ကျွင်းရှောင်ယောက် နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။

သူ၏ စွမ်းအင်ခုခံကာကွယ်ခြင်းက လက်မှတ်ထိုးဝင်ခြင်းမှ ရရှိခဲ့ခြင်း ဖြစ်၏။ ယင်းက မော့ကျဲမျိုးနွယ်နှင့် မည်သို့သက်ဆိုင်ပါမည်နည်း။

"မော့ကျဲအင်မော်တယ်ဧကရာဇ်မျိုးနွယ်ဆိုရင်တောင် ဘာဖြစ်လဲ၊ သူတို့က ငါ့သွေးမျိုးဆက်နဲ့ ဘယ်လိုနှိုင်းယှဉ်နိုင်မှာလဲ"

ကျွင်းရှောင်ယောက်က အေးစက်ပြီး မထီမဲ့မြင်ပြုသော လေသံဖြင့် ပြောလိုက်သည်။

All Chapters