← Chapters

အခန်း ၉၂၅

Vol. 62 Ch. 925

အခန်း ၉၂၅

Vol. 62 Ch. 925

အခန်း ( ၉၂၅ ) နောက်ခံမရှိလို့ အနိုင်ကျင့်တာလား။

မင်ကျောက်ဧကရာဇ်မျိုးနွယ်မှ လီကျိုးမင်က တိုင်းတပါးတွင် နာမည်ကျော်ကြားသည်။

သူသည် မျိုးဆက်သစ်လူငယ် ခေါင်းဆောင်များထဲမှ တစ်ဦးဖြစ်ပြီး ဘုရင်ဆယ်ပါးတွင်လည်း သြဇာအရှိဆုံး ထိပ်တန်းသုံးဦးထဲမှ တစ်ဦးဖြစ်၏။

သူ့တွင် ဘိုးဘေးများ၏ လက္ခဏာနှင့် မိစ္ဆာမျက်လုံးရှိသည်ဟူသော ကောလဟာလများပင် ရှိသည်။ သူ့တွင် ခန့်မှန်းမရသော စွမ်းရည်အမျိုးမျိုးကို ပိုင်ဆိုင်ထားပြီး အလွန် ကြောက်စရာကောင်းပေသည်။

ယခုလေးတင် ဝူခွင်းချေမွခဲ့သော ကျောက်စိမ်းအဆောင်၌ လီကျိုးမင်၏ ဝိညာဉ်အရိပ်အမြွက်တစ်ခု ရှိသည်။

အရေးကြီးသောအခိုက်အတန့်တွင် ကျောက်စိမ်းအဆောင်ကို ချေမွလိုက်သရွေ့ လီကျိုးမင်၏ ရှေးဦးဝိညာဉ် ပေါ်လာလိမ့်မည်။

ယေဘူယျအားဖြင့်၊ တိုင်းတပါးသားဖြစ်သရွေ့ လီကျိုးမင်ကို မျက်နှာသာပေးရမည် ဖြစ်သည်။

ထို့ကြောင့်ပင် ယင်းက ဝူခွင်း၏ အသက်ကိုကယ်တင်ရန် နောက်ဆုံးနည်းလမ်း ဖြစ်ချေတော့သည်။

"ငါ မင်းကို အခွင့်အရေးတစ်ခုပေးလိုက်မယ်။ မင်ကျောက်မျိုးနွယ်ကို လာပြီး...."

လီကျိုးမင်၏ ရှေးဦးဝိညာဉ်က ပြောလိုက်သည်။ သို့သော်လည်း သူ့စကားမဆုံးခင် ကျွင်းရှောင်ယောက်က သူ့လက်ကိုဝှေ့ယမ်းလိုက်၏။

ကစဉ့်ကလျားစွမ်းအင်များ တဟုန်ထိုးတက်လာပြီး လီကျိုးမင်၏ ရှေးဦးဝိညာဉ်မှာ တိုက်ရိုက် ပျက်သုဉ်းသွားတော့သည်။

အားလုံး တုန်လှုပ်ခြောက်ခြားသွားကြသည်။

ဝူခွင်းလည်း ထိတ်လန့်သွားပြီး အသက်ရှုရပ်လုမတတ် ဖြစ်သွား၏။

တိုင်းတစ်ပါးတွင်၊ အင်မော်တယ်ဧကရာဇ်မျိုးနွယ်မှ သတ္တဝါတစ်ဦးသည်ပင် သူ၏သခင်ကို မျက်နှာသာပေးရမည် ဖြစ်သည်။

ရလဒ်အနေဖြင့်၊ ကျွင်းရှောင်ယောက်က လီကျိုးမင်၏ ရှေးဦးဝိညာဉ်ကို စကားဆုံးအောင်ပင် အပြောမခံဘဲ တိုက်ရိုက် ဖျက်ဆီးပစ်ခဲ့ပြီ။

"ရှေးဦးဝိညာဉ်အပိုင်းအစလေးက ဒီသခင်လေးနဲ့ စကားပြောဖို့ အရည်အချင်းမပြည့်မီဘူး"

ကျွင်းရှောင်ယောက်က အေးစက်စက် ပြောလိုက်သည်။

"မင်း...မင်း...မင်းက ကစဉ့်ကလျားခန္ဓာ ဖြစ်နေရင်တောင် ငါ့မင်ကျောက်ဧကရာဇ်မျိုးနွယ်ကို မစော်ကားနိုင်သေးဘူးနော်"

ဝူခွင်းက နောက်ဆုတ်သွားရင်း ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။

ဘေးမှ ခုန်းချမ်ချမ်လည်း မျက်စိမျက်နှာပျက်သွား၏။

"အခုလေးတင် နင်က မင်းတော်ဝင်မျိုးနွယ် အများကြီးရဲ့ ပါရမီရှင်တွေကို သတ်ပြီးပြီနော်။ ငါတို့ကို ထပ်ပြီးသတ်ရင် မင်ကျောက်မျိုးနွယ်နဲ့ ဥဒေါင်းနက်မျိုးနွယ်က နင့်ကို အလွတ်ပေးမှာမဟုတ်ဘူး"

ခုန်းချမ်ချမ်လည်း သူမ၏နောက်ခံကို စတင် အသုံးပြုလိုက်သည်။

နောက်ဆုံးတွင် သူတို့က တစ်ဖက်လူကို မတိုက်ခိုက်နိုင်ကြပေ။ နောက်ခံကိုသုံးပြီး ခြိမ်းခြောက်ခြင်းက သူတို့၏ တစ်ခုတည်းသော အားကိုးရာ ဖြစ်သည်။

ကောင်းကင်မှ ပုဂ္ဂိုလ်ကြီးအချို့ပင်လျှင် ဆန္ဒမွန်ကောင်းစွာဖြင့် သူ့ကို ဆွဲဆောင်လာခဲ့ကြလေသည်။

"မိတ်ဆွေလေး၊ ကျေးဇူးပြုပြီး ဒီမှာပဲ ရပ်လိုက်ပါ။ မင်းက ဧကရာဇ်တစ်ပိုင်းမျိုးနွယ်နဲ့ တော်ဝင်မျိုးနွယ် အများကြီးကို စော်ကားပြီးပြီ။ စစ်မှန်တဲ့ ဧကရာဇ်မျိုးနွယ်ကို မစော်ကားသင့်တော့ဘူး"

"မှန်ပါတယ်၊ ကစဉ့်ကလျားခန္ဓာပိုင်ရှင်အနေနဲ့ မင်းမှာ ကြီးမားတဲ့ အလားအလာရှိတယ်။ မလိုအပ်ဘဲ ရန်သူအများကြီး ဖန်တီးနေစရာမလိုပါဘူး"

ဤပုဂ္ဂိုလ်ကြီးများက ကျွင်းရှောင်ယောက်နှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခု တည်ထောင်လိုကြသည်။

နောက်ဆုံးတွင် ကျွင်းရှောင်ယောက်က အကန့်အသတ်မဲ့ အလားအလာရှိသော ကစဉ့်ကလျားခန္ဓာ ဖြစ်၏။

ယင်းကိုမြင်တော့ ဆောက်တည်ရာမရဖြစ်လာသော ဝူခွင်း၏ မျက်နှာအမူရာမှာ အနည်းငယ် ငြိမ်သက်လာခဲ့သည်။

သူ့မျက်လုံးတွင် ကျေနပ်မှုတစ်ခု ပေါ်လာသည်။

ဧကရာဇ်မျိုးနွယ်၏ အဖွဲ့ဝင်တစ်ဦးဖြစ်ခြင်းအတွက် ကျေနပ်မိ၏။

သူ့နှုတ်ခမ်းထောင့်မှ လှောင်ပြောင်သရော်မှု အပြုံးတစ်ခုပင် ပေါ်လာတော့သည်။

သို့သော်လည်း ကျွင်းရှောင်ယောက်ကို ဒေါသထွက်အောင် ထပ်မံရန်စသည်အထိ သူ မမိုက်မဲပေ။ ထိုအစား အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။

“လက်ရှိ အခြေအနေကို မင်းမြင်ပြီ မဟုတ်လား။ မင်းရဲ့ ကစဉ့်ကလျားခန္ဓာက တကယ်ကို သန်မာပါတယ်၊ ဒါပေမဲ့... ငါတို့ ဧကရာဇ်မျိုးနွယ်ကိုတော့ မပစ်မှားနိုင်သေးဘူး"

"အခု ကောင်းကင်အင်မော်တယ် သစ်သီးငါးလုံးကို လွှဲပေးလိုက်ပါ။ ဒါဆိုရင် သခင်လေးကို စော်ကားခဲ့တဲ့ကိစ္စ ခွင့်လွှတ်ပေးနိုင်လောက်တယ်"

ခုန်းချမ်ချမ်၏ မျက်နှာသည်လည်း တည်ငြိမ်လာပြီး ပြောလိုက်လေသည်။

"ဟုတ်တယ်၊ ကောင်းကင်အင်မော်တယ် သစ်သီးနဲ့ သစ်ရွက်တွေကို လွှဲပေးလိုက်ပါ။ ဒါဆိုရင် ငါ့ဝမ်းကွဲ သေဆုံးတဲ့ကိစ္စကို မေ့ထားလိုက်လို့ရတယ်"

ခုန်းချမ်ချမ်သည် ခုန်းရှန်းကြောင့် ကစဉ့်ကလျားခန္ဓာနှင့် ရင်ကြားစေ့မရအောင် ပြဿနာမဖြစ်ချင်ပါ။ ယင်းက ပညာမဲ့လွန်းရာကျသည်။

ဤနည်းဖြင့် ပြဿနာများကို ဖြေရှင်းနိုင်သည့်အပြင်၊ သူတို့လည်း အကျိုးအမြတ် ရရှိနိုင်သေးပါက အဘယ်ကြောင့် မလုပ်ဘဲနေရမည်နည်း။

ဝူခွင်းနှင့် ခုန်းချမ်ချမ်တို့ နှစ်ဦးစလုံးက ယုံကြည်မှုရှိနေခဲ့ကြသည်။ သူတို့ဘက်က ဤသို့ပြောနေသရွေ့ ကျွင်းရှောင်ယောက် လက်ခံပေလိမ့်မည်။

ထိုစကားကိုကြားတော့ ချွန်းချွန်းက ဒေါသမျက်လုံးများနှင့် စိုက်ကြည့်လိုက်သည်။

သူမ အမှန်တကယ် ဒေါသထွက်ခဲ့၏။

ချွန်းချွန်းက ဒေါသတကြီးဖြင့် ပြောဆိုတော့မည့်အချိန်တွင် ကျွင်းရှောင်ယောက်က အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။

"ဒါဆို မင်းတို့က ငါ့မှာ နောက်ခံမရှိလို့ အနိုင်ကျင့်တာလား"

ဝူခွင်းက ပြုံးလိုက်သော်လည်း ဘာမျှမပြောပေ။

ကျွင်းရှောင်ယောက်လည်း ပြုံးလိုက်သည်။

ကောင်းကင်ကိုးပါးနှင့် ကမ္ဘာဆယ်ခုတွင် အမြင့်ဆုံး ပုဂ္ဂိုလ်တစ်ဦးအနေဖြင့်...

ကျွင်းရှောင်ယောက်ကို နောက်ခံမရှိသူဟု ပြောဆိုခြင်းအား ပထမဆုံး ကြုံဖူးခြင်း ဖြစ်သည်။

ဤသည်မှာ ခွေးတစ်ကောင်က ကျားကို အနိုင်ကျင့်ခြင်းမျိုး ဖြစ်လိမ့်မည်။

"နင်က ကစဉ့်ကလျားခန္ဓာဖြစ်ရင်တောင် တိုင်းတပါးရဲ့ စည်းမျဉ်းတွေကိုတော့ နားလည်လိုက်နာရဦးမှာပဲ။ အခု ကောင်းကင်အင်မော်တယ်သစ်သီးကို လွှဲပေးမယ်ဆိုရင် နင့်ကို ဥဒေါင်းနက်တော်ဝင်မျိုးနွယ် ဒါမှမဟုတ် မင်ကျောက်ဧကရာဇ်မျိုးနွယ်နဲ့ ဆက်သွယ်ခွင့်ပေးမယ်"

ခုန်းချမ်ချမ်လည်း တည်ငြိမ်ပြီး အေးစက်စက်စရိုက်တို့ ပြန်လည်ရရှိလာခဲ့သည်။

ကစဉ့်ကလျားခန္ဓာဖြစ်လျှင်ကော...

အရည်အချင်းက အလွန်မြင့်မားနေလျှင်ကော...

နောက်ခံမရှိပါက ယုံကြည်မှုရှိရှိ ပြုမူနိုင်မည် မဟုတ်ပေ။

ချွန်းချွန်းနှင့် ဖေးချင်ရွယ်တို့ နှစ်ယောက်စလုံးလည်း ထိုစကားကြောင့် ဒေါသတကြီး ဖြစ်သွားသည်။

သို့သော်လည်း လူတိုင်းကို အံ့အားသင့်စေအောင် ကျွင်းရှောင်ယောက်၏ အမူအရာက မပြောင်းလဲဘဲ တည်ငြိမ်လွန်းလှသည်။

သူက ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြီး ပြောလိုက်သည်။

"မှန်ပါတယ်၊ မင်းတို့ပြောတာ မှန်တယ်"

"နင် နားလည်သွားပြီပေါ့"

ခုန်းချမ်ချမ်၏ နှုတ်ခမ်းထောင့်က တွန့်ကွေးသွားသည်။

သို့သော်လည်း နောက်အခိုက်အတန့်တွင် သူ့နှုတ်ခမ်းပေါ်မှ အပြုံးက အေးခဲသွားသည်။

ကျွင်းရှောင်ယောက်၏ နှုတ်ခမ်းများက တစ်စုံတစ်ခုကို ရွတ်ဆိုနေသကဲ့သို့ ညင်သာစွာ လှုပ်ရှားလာ၏။

"ဟင်၊ ဒီကစဉ့်ကလျားခန္ဓာ ဘာလုပ်နေတာလဲ"

တိုင်းတပါးသတ္တဝါများစွာတို့ သံသယဝင်လာခဲ့ကြသည်။

ဝူခွင်းနှင့် ခုန်းချမ်ချမ်ဆိုပါက ပို၍ပင် ပဟေဠိဖြစ်လာကြတော့သည်။

ဖေးချင်ရွယ်တစ်ဦးသာ တစ်စုံတစ်ခုကို တွေးတောမိဟန်ဖြင့် စိတ်လှုပ်ရှားမှုတို့ ဖြစ်ပေါ်လာခဲ့သည်။

"ဒါက ဖြစ်နိုင်မလား..."

"ဝုန်း"

ရုတ်တရက်၊ မိုးနှင့်မြေက အရောင်ပြောင်းသွားပြီး စကြဝဠာကြီး တုန်လှုပ်သွားသည်။

ကောင်းကင်ထက်တွင် ကစဉ့်ကလျားလှိုင်းများ ရိုက်ခတ်နေပုံရပြီး ကြယ်မြစ်ကြီး တုန်ခါလာ၏။

လူတိုင်း၏ အံ့အားသင့်နေသော အကြည့်အောက်တွင်...

ကောင်းကင်၌ အလင်းရောင်များ စူးစူးရှရှ တောက်ပပြီး စကြဝဠာ၏ ထောင့်တစ်ခုကို ဖွင့်ထားသကဲ့သို့ အလွန်ကြီးမားသော အက်ကွဲကြောင်းတစ်ခု ပေါ်လာခဲ့သည်။

ထို့နောက်မှာတော့ ဧရာမ ဟင်းလင်းပြင်အက်ကြောင်းအတွင်းမှ အလွန်ကြောက်စရာကောင်းသော အငွေ့အသက်များဖြင့် နက်နဲရာအရပ်တွင် တင်ပျဉ်ခွေထိုင်နေသော ပုံရိပ်တစ်ခုကို မြင်လိုက်ရတော့သည်။

ယင်းက ရှေးဦးနတ်ဆိုးနတ်ဘုရား ရှင်ပြန်ထမြောက်လာသကဲ့သို့...

အရှိန်အဝါသက်သက်ဖြင့် ကောင်းကင်ကို ချေမှုန်းပစ်နိုင်သည်။

မကြုံစဖူး ဖိအားကြီးတစ်ခုက အရပ်ရပ်ကို လွှမ်းခြုံသွားခဲ့သည်။

ကြွေလွင့်အင်မော်တယ်တောင်ကြော တစ်ခုလုံးရှိ တိုင်းတပါးသတ္တဝါများအားလုံး ဤဖိအားကြောင့် မြေပြင်ပေါ်ကို ဒူးထောက်ကျသွားသည်။

သူတို့၏ နှလုံးသားကို လက်အေးကြီးဖြင့် ဖျစ်ညှစ်ဆုပ်ကိုင်ထားသလို ခံစားရပြီး သွေးကြောများပင် ပေါက်ထွက်တော့မည်။

ထိုအရှိန်အဝါမျိုးက လူတိုင်းကို တုန်လှုပ်စေခဲ့သည်။

“မဟုတ်ဘူး...၊ အင်မော်ဝာယ်ဘုရင်"

တိုင်းတစ်ပါးသတ္တဝါတစ်ဦးက တုန်လှုပ်ချောက်ချားစွာဖြင့် ပြောလိုက်သည်။

အင်မော်တယ်ဘုရင်။

တိုင်းတစ်ပါး၏ ထိပ်တန်းတည်ရှိမှုတစ်ခုအဖြစ် နာမည်ဂုဏ်သတင်း ကျော်ကြားသော အင်မော်တယ်ဘုရင်။

မျိုးနွယ်တစ်ခုတွင် အင်မော်တယ်ဘုရင်တစ်ပါး ပေါ်လာပါက၊ ထိုမျိုးနွယ်တစ်ခုလုံး ဧကရာဇ်တစ်ပိုင်းမျိုးနွယ် ဖြစ်လာနိုင်သည်။

ယခုမူကား စစ်မှန်သော အင်မော်တယ်ဘုရင်တစ်ပါးကို တွေ့လိုက်ရပြီ။

ယင်းက ပုံရိပ်တစ်ခုမျှသာဖြစ်လျှင်ပင် လူတိုင်းကို တုန်လှုပ်သွားစေရန် လုံလောက်သည်။

ကောင်းကင်မှ ပုဂ္ဂိုလ်ကြီးများပင်လျှင် မြေပြင်ပေါ်သို့ ချက်ချင်း ဆင်းသက်ပြီး ဒူးထောက်လိုက်ကြသည်။

ဤတော့မှ ကျွင်းရှောင်ယောက်ဟာ အင်မော်တယ်ဘုရင်၏အမည်ကို ရွတ်ဆိုနေမှန်း အားလုံး သဘောပေါက်သွားသည်။

ယင်းကြောင့် အင်မော်တယ်ဘုရင်၏အသွင် ပေါ်လာခဲ့ခြင်းပင်။

ဤအခိုက်တွင် တိုင်းတပါးသား သတ္တဝါအားလုံး တုန်လှုပ်ချောက်ချားစွာဖြင့် ဒူးထောက်လိုက်ကြသည်။

"အင်မော်တယ်ဘုရင်ကို နှုတ်ခွန်းဆက်ပါတယ်"

အားလုံးက တညီတညွတ်တည်း ကြွေးကြော်ခဲ့ကြသည်။

တိုင်းတစ်ပါးသတ္တဝါအားလုံး တုန်လှုပ်ချောက်ချားစွာ ဒူးထောက်လိုက်၏။

ဝူခွင်းနှင့် ခုန်းချမ်ချမ်သည်ပင် မြေပေါ်တွင် ဒူးထောက်နေကြရပြီ။

သူတို့ အမှန်တကယ် ကြောက်ရွံ့တုန်လှုပ်နေကြပြီ ဖြစ်သည်။

"ဘယ်လို... ဘယ်လိုဖြစ်တာလဲ။ သူ့နောက်မှာ အင်မော်တယ်ဘုရင်တစ်ပါး ဘယ်လိုလုပ်ပြီး ရှိနေတာလဲ"

ဝူခွင်း၏ မျက်နှာမှာ ဆယ်ဘဝစာလောက် အိုစာသွားသည်။

“မဖြစ်နိုင်ဘူး၊ သူက ဘယ်ဧကရာဇ်မျိုးနွယ်က လာတာလဲ”

ခုန်းချမ်ချမ်၏ အေးစက်စက် ပုံရိပ်လည်း တစ်ဖန်ပျောက်ကွယ်သွားသည်။ ဤအခိုက်တွင် ‌လူတစ်ယောက်ကဲ့သို့ သူ့မျက်နှာတစ်ခုလုံး ဖြူဖျော့ကာ ကြောက်ရွံ့မှုများ ပြည့်နေတော့သည်။

ကျွင်းရှောင်ယောက်တွင် နောက်ခံမရှိဘူးဟု ထင်မှတ်သောကြောင့် ယခင်က သူတို့ အနိုင်ကျင့်ခဲ့မိသည်။

ရလဒ်အနေဖြင့်၊ တစ်ဖက်လူက အင်မော်တယ်ဘုရင်၏ အမည်ကို တိတ်တဆိတ်ရွတ်ဆိုပြီး ပုံရိပ်တစ်ခုအား ခေါ်ဆိုပြခဲ့ပေသည်။

All Chapters