← Chapters

အခန်း ၉၂၆

Vol. 62 Ch. 926

အခန်း ၉၂၆

Vol. 62 Ch. 926

အခန်း ( ၉၂၆ ) အင်မော်တယ်ရောင်ပြန်ဟပ်ခြင်း။

ဤအခိုက်တွင် ပတ်ဝန်းကျင်မှ လူအားလုံး ဒူးထောက်လိုက်ကြသည်။

ချွန်းချွန်းနှင့် ဖေးချင်ရွယ်လည်း ဒူးထောက်လိုက်၏။

တိုင်းတပါးတွင် အင်မော်တယ်ဘုရင်များက ကောင်းကင်ကဲ့သို့ နတ်ဘုရားများ ဖြစ်ကြသည်။

မည်သူမျှ ဒူးမထောက်ဘဲ အင်မော်တယ်ဘုရင်ကို ရင်ဆိုင်ဝံ့ခြင်းမရှိပေ။

ကျွင်းရှောင်ယောက်သာလျှင် လျှို့ဝှက်ဆန်းကျယ်သော အင်မော်တယ်ဘုရင်ကို နောက်ခံထားပြီး လက်နှစ်ဖက်ကိုနောက်ပစ်၍ ရပ်နေခဲ့သည်။

"အခု ငါက မင်းကိုသတ်ဖို့ အရည်အချင်းပြည့်မီပြီလား"

ကျွင်းရှောင်ယောက်က လျစ်လျူရှုစွာ ပြောလိုက်သည်။

"ဒါ... ဒါက..."

ဝူခွင်းလည်း တုန်လှုပ်ချောက်ချားပြီး စကားပင် မပြောနိုင်တော့ပေ။

သူ၏ မင်ကျောက်ဧကရာဇ်မျိုးနွယ် နောက်ခံကလည်း အသုံးမဝင်တော့ပါ။

အကြောင်းမှာ မင်ကျောက်မျိုးနွယ်က ကစဉ့်ကလျားခန္ဓာနှင့် အင်မော်တယ်ဘုရင်ကို သူကဲ့သို့ အစေခံတစ်ဦးအတွက် တိုက်ခိုက်မည်မဟုတ်ကြောင်း သိနေသောကြောင့်ပင် ဖြစ်သည်။

ကျွင်းရှောင်ယောက်က စကားအများကြီး မပြောတော့ဘဲ ကစဉ့်ကလျားစွမ်းအင်များဖြင့် လက်ဝါးရိုက်ချက် ထုတ်ဖော်လိုက်သည်။

"ဝုန်း"

ကစဉ့်ကလျားလက်ဝါးကြီးက ဝူခွင်း၏ ခန္ဓာကိုယ်ကို အမှုန့်ချေပြီး စိတ်ဝိညာဉ်ကို ပြိုကွဲသွားစေခဲ့၏။

သူ၏ သွေးစသွေးနများက ခုန်းချမ်ချမ်၏ကိုယ်ပေါ်ကို လွင့်စဉ်ထိမှန်ကု‌န်တော့သည်။

သူမ၏ အေးစက်ပြီး လှပသော မျက်နှာ စေးကပ်သော သွေးများဖြင့် ရွှဲသွားကာ သူမ၏နှလုံးသားကို လုံးဝ ပြိုလဲသွားစေခဲ့သည်။

"သခင်လေး၊ ကျေးဇူးပြုပြီး ငါ့ကို ချမ်းသာပေးပါ။ ချမ်ချမ်က နင့်ရဲ့ အစေခံ၊ ကျွန်ဖြစ်လိုပါတယ်။ ငါ့အသက်ကို ချမ်းသာပေးသရွေ့ ဘာမဆိုလုပ်‌ပေးနိုင်ပါတယ်"

ခုန်းချမ်ချမ်က ကျွင်းရှောင်ယောက်ဆီသို့ ချက်ချင်း တွားသွားကာ တောင်းပန်လိုက်သည်။

ဤမြင်ကွင်းကိုမြင်တော့ တိုင်းတပါးသားများ၏ နှုတ်ခမ်းများက တလှုပ်လှုပ်ဖြစ်သွားခဲ့ကြသည်။

ခုန်းချမ်ချမ်က မင်ကျောက်ဧကရာဇ်မျိုးနွယ်မှ ပါရမီရှင် လီကျိုးမင်၏ ကိုယ်လုပ်တော် ဖြစ်၏။

ယခုမူကား၊ သူက ကျွင်းရှောင်ယောက်ဆီသို့ တွားသွားကာ ခွင့်လွှတ်ရန် တောင်းပန်နေပြီ။

ယင်းက ရိုးရိုးရှင်းရှင်း တွေးလို့မရတော့ပေ။

ယင်းက လီကျိုးမင်၏ ဂုဏ်သိက္ခာကိုပင် ညှိုးနွမ်းစေနိုင်သည်။

ကျွင်းရှောင်ယောက်က ခုန်းချမ်ချမ်ကို ကြည့်တောင်မကြည့်ဘဲ လက်ဖျစ်တစ်ချက်တီးလိုက်သည်။

ကစဉ့်ကလျားစွမ်းအင်အလင်းက ခုန်းချမ်ချမ်ဆီသို့ တိုးထွက်သွားသည်။ ယင်းက ခုန်းချမ်ချမ်၏ ဦးခေါင်းနှင့် ရှေးဦးဝိညာဉ်ကို ပေါက်ကွဲသွားစေခဲ့၏။

ဦးခေါင်းမရှိသော ခန္ဓာကိုယ်ကြီးက မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

ထို့နောက် ကျွင်းရှောင်ယောက်က ပတ်ဝန်းကျင်မှ ပါရမီရှင်များကို ကြည့်လိုက်သည်။

တောင်ထိပ်ပေါ်တွင် တော်ဝင်မျိုးနွယ်ဖွား ပါရမီရှင်များ၏ ကြောက်လန့်တကြား အော်သံများ ထွက်ပေါ်လာ၏။

ခန္ဓာနှင့် ဦးခေါင်းများက ပေါက်ကွဲသွားပြီး သွေးမြူများ လေထဲတွင် ပြည့်သွားတော့သည်။

နောက်ဆုံးတွင်၊ တောင်ထိပ်မှာ ကျွင်းရှောင်ယောက်၊ ချွန်းချွန်းနှင့်‌ ဖေးချင်ရွယ်တို့သာ ကျန်ခဲ့သည်။

တိုင်းတပါးသား ပါရမီရှင်များကို သတ်ရခြင်းအတွက် ကျွင်းရှောင်ယောက်က ဖိအား အနည်းငယ်မျှ မခံစားရပါ။

သူက အားလုံးကိုတောင် သတ်ပစ်ဝံ့သည်။

ထိုမြင်ကွင်းက ပတ်ဝန်းကျင်မှ အခြား ပါရမီရှင်အားလုံးကို တုန်လှုပ်ချောက်ချားပြီး အသက်ကိုတောင် ပြင်းပြင်းမရှူဝံ့အောင် ဖြစ်စေခဲ့သည်။

သေမင်း။

နတ်ဆိုးဘုရင်။

ဤစကားလုံးများက လူတိုင်း၏စိတ်ထဲမှာ ပေါ်လာခဲ့သည်။

ဤကစဉ့်ကလျားခန္ဓာက လှုပ်ရှားဆောင်ရွက်ရာများတွင် အနည်းငယ်မျှ တုံ့ဆိုင်းခြင်းမရှိပေ။ သူက တကယ်ကို‌ သေခြင်းနတ်ဘုရား ဖြစ်သည်။။

ကျွင်းရှောင်ယောက်ကို ဆွဲဆောင်ရန် ကြိုးစားခဲ့သော ပုဂ္ဂိုလ်ကြီးများပင်လျှင် ဤအခိုက်တွင် တိတ်ဆိတ်သွားခဲ့ကြသည်။

အင်မော်တယ်တစ်ပါး၏ ထောက်ပံ့မှုအောက်တွင် မည်သူက သူ့ကိုပြောဝံ့ဦးမည်နည်း။

ယင်းကိုမြင်တော့ ကျွင်းရှောင်ယောက်၏ မျက်လုံးများတွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

ကောင်းကင်ကို ရောင်ပြန်ဟပ်ခြင်းက လူများကို ခြောက်လှန့်အတွက် အမှန်တကယ် အသုံးဝင်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

သဘာဝအတိုင်း၊ ကောင်းကင်မှ မြင်ကွင်းက ကောင်းကင်နိယာမမများကို ရောင်ပြန်ဟပ်စေကာ ထုတ်ဖော်ထားသော မြင်ကွင်းတစ်ခု ဖြစ်သည်။

ယင်းက အစစ်အမှန်မဟုတ်သော်လည်း မည်သူမျှ စုံစမ်းဝံ့မည်မဟုတ်ကြောင်း ကျွင်းရှောင်ယောက် ခန့်မှန်းမိ၏။

နောက်ဆုံးတွင်၊ တိုင်းတစ်ပါးက တောတွင်းဥပဒေသ အထင်အရှားရှိပြီး အင်မော်တယ်ဘုရင်၏ဂုဏ်သိက္ခာကို မည်သူမျှ ထိပါး၍မရပေ။

သို့သော်လည်း တစ်ယောက်ယောက်က စူးစမ်းဝံ့လျှင်ပင် ကျွင်းရှောင်ယောက်က ဂရုစိုက်မည် မဟုတ်ပါ။

သူတို့ စုံစမ်းလျှင်လည်း လျှို့ဝှက်ဆန်းကြယ်သော လေဟာပြင်တစ်ခုကိုသာ တွေ့ရှိနိုင်ကြမည် ဖြစ်သည်။

ကျွင်းရှောင်ယောက်၏ဘေးမှာတော့ ချွန်းချွန်းက တအံ့တဩ ဖြစ်နေဆဲပင်။ ကျွင်းရှောင်ယောက်တွင် ဤနောက်ခံမျိုး ရှိနေမည်ဟု သူ မထင်ထားခဲ့ပေ။

တစ်ချိန်တည်းမှာပင်၊ လူများစွာကို သတ်ဖြတ်ခဲ့သော ကျွင်းရှောင်ယောက်၏ပုံရိပ်ကို ပြန်တွေးရင်း...

ရက်စက်သည်ဟု မခံစားရသည့်အပြင် ချွန်းချွန်း၏ မျက်လုံးများက မြတ်နိုးခြင်းများဖြင့် တောက်ပသွားခဲ့သည်။

ဒါက သူရှာနေတဲ့ သူရဲကောင်းမျိုးပဲလား။

ချွန်းချွန်းသည်လည်း သူမ၏ချစ်သူက သူမအတွက် ကမ္ဘာတစ်ခုလုံးကို စစ်ခင်းလိမ့်မည်ဟု စိတ်ကူးခဲ့ဖူးသည်။

ကျွင်းရှောင်ယောက်ကတော့ သူမ၏ စိတ်ကူးများနှင့် အကိုက်ညီဆုံးလူဖြစ်မည်မှာ သံသယဖြစ်စရာမလိုပေ။

သူက လျှို့ဝှက်ဆန်းကြယ်သလို အစွမ်းထက်ပြီး ချောမောသည်။

သို့သော်လည်း ရံဖန်ရံခါမှာတော့ သူမကို ကျီစားပြီး အသေးလေးဟု ခေါ်ဆိုတတ်သေးသည်။

ထိုအချိန်တွင် ချွန်းချွန်း၏နှလုံးက အခုန်မြန်လာခဲ့သည်။

တစ်ဖက်မှာလည်း ဖေးချင်ရွယ်၏ လှပသော မျက်လုံးများက ရိုသေလေးစားမှုတို့ ပြည့်နေတော့သည်။

သူမက ဒူးထောက်နေသော သတ္တဝါများကိုကြည့်ကာ စိတ်ထဲမှ လှောင်ရယ်လိုက်သည်။

'သူက ကံကြမ္မာနဲ့ ဖန်ဆင်းခြင်းနတ်ဘုရားရဲ့ ကျွန်တစ်ယောက်ပဲရှိသေးတာပါ။ ဒါတောင် နင်တို့က သေမတတ် ကြောက်နေပြီ'

'တကယ်တမ်း ကံကြမ္မာနဲ့ ဖန်ဆင်းခြင်းနတ်ဘုရားကိုသာ ရင်ဆိုင်ရရင် နင်တို့ ဘယ်လောက်တောင် ကြောက်နေလိုက်မလဲ'

ဖေးချင်ရွယ်၏ စိတ်ထဲတွင် ထိုအချိန်ကို အမှန်တကယ် မျှော်လင့်လိုက်မိသည်။

ထိုအချိန်တွင် တိုင်းတစ်ပါးပြည်တစ်ခုလုံး တုန်လှုပ်သွားလိမ့်မည်။

ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်မှ အကြီးအကဲများလည်း ခဏတာ တုန်လှုပ်သွားပြီးနောက် အလွန် ဝမ်းသာသွားကြသည်။

"အဖြူရောင်ဝတ်စုံနဲ့ လူငယ်လေးကို ဒီလောက်အစွမ်းထက်မယ်လို့ မထင်ထားဘူး။ ငါတို့ တကယ်ကို အမြင်မရှိခဲ့ပုံရတယ်"

"အမှန်ပါပဲ၊ ဒီလိုလူနဲ့ ဆက်သွယ်နိုင်တာ သခင်‌မလေးအတွက် ကောင်းချီးတစ်ခုပဲ"

ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်၏ အကြီးအကဲများ စိတ်သက်သာရာရသွားသည်။

ထိုအချိန်တွင် ဆူညံလွန်းသော ယင်ကောင်များကို ဖယ်ရှားပြီးပြီမို့ ကျွင်းရှောင်ယောက်က ကောင်းကင်တာအိုသစ်သီးများကို စားရန် ဟန်ပြင်လိုက်သည်။ သို့သော်လည်း ထိုအချိန်တွင် အကြည့်စူးစူးတစ်ခုက သူ့အပေါ် ကျရောက်လာခဲ့၏။

"ရော့..."

ကျွင်းရှောင်ယောက်လည်း ခေါင်းခါယမ်းပြီး ကောင်းကင်အင်မော်တယ် သစ်သီးတစ်လုံးကို ချွန်းချွန်းထံသို့ ပစ်ပေးလိုက်သည်။

ချွန်းချွန်းက သူ၏ တောင်ဝှေးလေးတစ်ခုဖြစ်သောကြောင့် သူ့ကိုကျွေးမွေးရန် လိုသေးသည်။

"ကျေးဇူးတင်ပါတယ် သခင်လေး"

ချွန်းချွန်းလည်း ခပ်သွက်သွက်လေးပြောလိုက်သည်။ ထို့နောက်တော့ အချိန်မဆွဲတော့ဘဲ စတင် စားသောက်တော့သည်။

တစ်ဖက်မှာလည်း ဖေးချင်ရွယ်၏ လှပသောမျက်လုံးများက မနာလိုခြင်း အရိပ်အမြွက်တို့ ပေါ်လာခဲ့သည်။ သို့ရာတွင် သူမက အလိုက်သိတတ်သူဖြစ်ပြီး မတောင်းဆိုဘဲ ရိုသေစွာဖြင့် ခေါင်းကိုသာ ငုံ့ထားခဲ့လေသည်။

"ချင်ရွယ်၊ မင်းအတွက်..."

ကျွင်းရှောင်ယောက်က ဖေးချင်ရွယ်ကို အင်မော်တယ်သစ်သီးတစ်လုံး ထပ်ပေးလိုက်သည်။

ဖေးချင်ရွယ်၏ မျက်နှာလေးက ချက်ချင်း မော့လာ၏။

သူမ အမှန်တကယ် မမျှော်လင့်ခဲ့ပါ။

ကျွင်းရှောင်ယောက်က သူမကို အင်မော်တယ်လက်ဖက်ရည်တစ်ခွက် ပေးသောက်သည်ကပင် အလွန်ရက်ရောနေပြီ ဖြစ်သည်။

နောက်ဆုံးတွင် ကောင်းကင်အင်မော်တယ် သစ်သီးက သစ်ရွက်ထက် များစွာ တန်ဖိုးကြီးမားသည်။

ထို့ကြောင့် ကျွင်းရှောင်ယောက်က မပေးလျှင်ပင် ဖေးချင်ရွယ်တွင် စောဒကတက်စရာမရှိပေ။

"သခင်လေး၊ ဒါက... အဖိုးတန်လွန်းတယ်"

ဖေးချင်ရွယ်က အနည်းငယ် တွန့်ဆုတ်နေသည်။

"ယူလိုက်ပါ"

ကျွင်းရှောင်ယောက် ပေါ့ပေါ့ပါးပါး ပြုံးလိုက်၏။

ဖေးချင်ရွယ်က သူ့လက်ဖြင့် ကိုယ်တိုင်ဖန်တီးခဲ့သော ကံကောင်းခြင်း၏သမီးတော် ဖြစ်သည်။ သူမက တော်ဝင်မျိုးနွယ်များအတွက် ပထမဆုံး ချမှတ်ခဲ့သော စစ်တုရင်ရုပ်တစ်ခုလည်း ဖြစ်၏။

နောင်တွင် အခြား‌ တော်ဝင်မျိုးနွယ်များကို ဆွယ်တရားဟောရန် သူမကို အားကိုးရဦးမည်။

ထို့ကြောင့် သူမကို ဆိုးဆိုးရွားရွား မဆက်ဆံနိုင်ပေ။

"ကျေးဇူးတင်ပါတယ် သခင်လေး"

ဖေးချင်ရွယ်၏ မျက်နှာလေးက ဝင်းပပြီး ကောင်းကင်တာအိုသစ်သီးကို လှမ်းယူလိုက်လေသည်။

ယခင်ကဆိုလျှင် သူမက ကျွင်းရှောင်ယောက်ကို ရိုသေလေးစားမှုသာ ရှိခဲ့သည်။

ယခုမူကား၊ ဤခံစားချက်က နားမလည်နိုင်သော ခံစားချက်တစ်ခုနှင့် ရောထွေးနေခဲ့ပြီ။

ကျွင်းရှောင်ယောက်ကိုကြည့်သော သူမ၏အကြည့်က နှစ်သက်မှု အရိပ်အမြွက်တို့ ပါဝင်လာခဲ့သည်။

သို့သော်လည်း ဖေးချင်ရွယ်ဟာ ကိုယ့်‌အခြေအနေကို ကိုယ်သိပြီး ကျွင်းရှောင်ယောက်နှင့်မထိုက်တန်မှန်း သိသည်။ ထို့ကြောင့် အပြင်ကို ထုတ်မပြခဲ့ပေ။

သို့ရာတွင် ကျွင်းရှောင်ယောက်က အားလုံးကို မြင်နေသောကြောင့် တစ်ချက် ပြုံးလိုက်သည်။

ဖေးချင်ရွယ်မှ သူ့ကို သဘောကျတာလည်း ကောင်းပေသည်။ ဤသို့ဖြင့် သူ့အတွက် စိတ်နှလုံးအကြွင်းမဲ့ လုပ်ဆောင်နိုင်သည်။

ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်မှ အကြီးအကဲများလည်း ဖေးချင်ရွယ်အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ရပေသည်။

လျှို့ဝှက်ဆန်းကြယ်သောနောက်ခံနှင့် ကြောက်မက်ဖွယ်အစွမ်းသတ္တိများဖြင့် ကစဉ့်ကလျားခန္ဓာကို သိကျွမ်းနေသည့်အပြင် ကောင်းကင်တာအိုသစ်ရွက် သစ်သီးများကိုလည်း မြည်းစမ်းကြည့်နိုင်သည်။

"ငါတို့ ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်သာ ဒီသခင်လေးရဲ့ ပေါင်ကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်နိုင်ရင်..."

ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်၏ အကြီးအကဲများ စိတ်လှုပ်ရှားသွားသည်။

ယင်းက ကစဉ့်ကလျားခန္ဓာဖြစ်ပြီး သူ့နောက်ကွယ်တွင်လည်း လျှို့ဝှက်ဆန်းကြယ်ကာ အစွမ်းထက်သော အင်မော်တယ်ဘုရင်တစ်ပါး ရှိသည်။

အနာဂတ်တွင် သူတို့ ကြီးပြင်းလာပါက မီးလျှံကျောက်တော်ဝင်မျိုးနွယ်၏ ဖိနှိပ်မှုကို တွန်းလှန်ရန် မဆိုထားနှင့်...

သူ့စကားတစ်ခွန်းတည်းဖြင့် ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်ကို တိုင်းတပါးတွင် အခိုင်အမာ ရပ်တည်စေနိုင်လိမ့်မည်။

သူတို့အပြင် ပတ်ဝန်းကျင်ရှိ အခြား လူအပေါင်းတို့၏ စိတ်ထဲမှာလည်း အတွေးအမျိုးမျိုး ရှိနေခဲ့ကြသည်။

ထိုအချိန်တွင် ကျွင်းရှောင်ယောက်က ကျန်သော အင်မော်တယ်သစ်သီးသုံးလုံးကို ကောက်ယူပြီး တိုက်ရိုက် စားလိုက်သည်။

"မိတ်ဆွေလေး၊ ဒီလိုလုပ်လို့မရဘူး"

ပုဂ္ဂိုလ်ကြီးတစ်ဦးလည်း ဤမြင်ကွင်းကြောင့် ချက်ချင်း အော်ဟစ်လိုက်၏။

ကောင်းကင်အင်မော်တယ်သစ်သီး၏ စွမ်းအားက အလွန်ပြင်းထန်သောကြောင့် အများစုမှာ ဆေးလုံးအဖြစ် သန့်စင်ပြီးမှ သုံးစွဲနိုင်ကြသည်။

မဟုတ်ဘဲ တိုက်ရိုက်ဝါးမျိုပါက ခန္ဓာကိုယ်ကြံ့ခိုင်မှု အားနည်းသူဖြစ်လျှင် တိုက်ရိုက်ပေါက်ကွဲသွားနိုင်သည်

ယခုဆိုလျှင် ကျွင်းရှောင်ယောက်က ကောင်းကင်အင်မော်တယ် သုံးလုံးစလုံးကို တိုက်ရိုက် စားလိုက်ပြီ။

"ဝုန်း"

ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်မှ အလွန်ကြီးကျယ်ခမ်းနားသော စွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

ကောင်းကင်အင်မော်တယ်သစ်သီးတိုင်းက ကောင်းကင်အင်မော်တယ်သစ်ပင်၏ အနှစ်သာရဖြစ်ပြီး အင်မော်တယ်သွေး အရိပ်ယောင်များ ပါဝင်ထား၏။

ကောင်းကင်အင်မော်တယ်သစ်သီးတစ်လုံးမှ စွမ်းအင်က လူတစ်ဦး၏နယ်ပယ်ကို မြှင့်တင်ရန်လုံလောက်သည်။

"အင်မော်တယ် လက်ဖက်ရည် ခုနစ်ခွက်နဲ့ အင်မော်တယ် သစ်သီးသုံးမျိုးက ငါ့ရဲ့ ခွန်အားကို ဘယ်လောက်ထိ မြှင့်တင်ပေးနိုင်မလဲ ကြည့်ရအောင်"

ကျွင်းရှောင်ယောက် သိချင်လာခဲ့သည်။

All Chapters