← Chapters

အခန်း ၉၂၇

Vol. 62 Ch. 927

အခန်း ၉၂၇

Vol. 62 Ch. 927

အခန်း ( ၉၂၇ ) ကောင်းကင်အင်မော်တယ်သစ်ပင်ကို သိမ်းယူခြင်း။

ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်ကို အင်မော်တယ်မြူခိုးများနှင့် ဝိညာဉ်အလင်းရောင်များက ဝန်းရံထားသည်။

ကစဉ့်ကလျားအငွေ့အသက်များသည်ပင် လှိုင်းလုံးကြီးများပမာ လိမ့်တက်နေ၏။

ကောင်းကင်မှ ပန်းများ ကြွေကျခြင်း၊ ရွှေကြာပန်းများ ပေါက်လာခြင်း၊အစစ်အမှန်နဂါးများ ပင်လယ်ပြင်မှ ထွက်ပေါ်လာပြီး နတ်ဖီးနစ်များ ကောင်းကင်မှ ဆင်းသက်ခြင်း...

အစရှိသော အံ့ဖွယ်ဖြစ်ရပ်များလည်း ပေါ်ပေါက်လာတော့သည်။

ကောင်းကင်အင်မော်တယ်သစ်သီးသုံးလုံးက သူ့ခန္ဓာကိုယ်ထဲတွင် ကြီးကျယ်ခမ်းနားသော လှိုင်းလုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသလို ကျွင်းရှောင်ယောက် ခံစားလိုက်ရသည်။

ဤနေရာတွင် သာမန်လူတစ်ဦးဖြစ်ပါက ကြီးမားသော စွမ်းအင်များကို မထိန်းနိုင်တော့ဘဲ ခန္ဓာကိုယ် ပေါက်ကွဲသွားလိမ့်မည်။

သို့ရာတွင်၊ ကျွင်းရှောင်ယောက်ကတော့ ထိုသို့ဖြစ်မည် မဟုတ်ပါ။

‌

နောက်ဆုံးတွင် သူ၏ လက်ရှိခန္ဓာက အဇူရာဧကရာဇ်ကဲ့သို့ ကစဉ့်ကလျားခန္ဓာ ဖြစ်သည်။

ယင်းက ယခင် ရှေးဟောင်းမြင့်မြတ်ခန္ဓာဖြစ်လျှင်ပင် အခက်အခဲရှိမည် မဟုတ်ပါ။

"ကစဉ့်ကလျားခန္ဓာက တကယ်ကို သာမန်အသိအမြင်နဲ့ သတ်မှတ်လို့မရဘူးပဲ"

ကျွင်းရှောင်ယောက် ဘာမှမဖြစ်တာကိုမြင်တော့ ဘေးမှ ပုဂ္ဂိုလ်ကြီးများလည်း သက်ပြင်းချလိုက်မိကြသည်။

အင်မော်တယ်လက်ဖက်ရည် ခုနစ်ခွက်သောက်ပြီး အင်မော်တယ်သစ်သီးသုံးလုံးကို စားလိုက်သည့်တိုင် ကျွင်းရှောင်ယောက်၏ခန္ဓာက ဘာမျှမဖြစ်ပေ။

သူ၏ တာအိုခန္ဓာက သန်မာလွန်းပြီး အခွင့်အလမ်းမှန်သမျှကို အလွယ်တကူ ချေဖျက်နိုင်သည်ဟုသာ ပြောရမည်။

"ဒီကစဉ့်ကလျားခန္ဓာကြောင့်ပဲ ငါတို့ကမ္ဘာကြီးမှာ လှိုင်းလုံးကြီးတွေ ထပ်ဖြစ်လာလိမ့်မယ်"

ပုဂ္ဂိုလ်ကြီးတစ်ဦးက သက်ပြင်းချလိုက်သည်။

"အမှန်ပဲ၊ အင်မော်တယ်ဧကရာဇ်မျိုးနွယ်ရဲ့ ပါရမီရှင်တွေ၊ တံဆိပ်ခတ်ထားတဲ့ ဧကရာဇ်ရဲ့သားတော်တွေ၊ ရှေးမျိုးနွယ်စုတွေရဲ့ သားမြေးတွေဟာလည်း ဒီကစဉ့်ကလျားခန္ဓာနဲ့ ယှဉ်ပြိုင်ချင်ကြလိမ့်မယ်"

"ငါတော့ အဲဒီတိုက်ပွဲတွေကို မြင်ခွင့်ရဖို့ မစောင့်နိုင်တော့ဘူး"

"စစ်နတ်ဘုရားနန်းတော်ဖွင့်တဲ့အခါ ဒီကစဉ့်ကလျားနန်းတော်လည်း စစ်နတ်ဘုရားဘွဲ့အတွက် ယှဉ်ပြိုင်နိုင်မလား မသိဘူး"

"ဒါက တကယ်ကို ဖြစ်နိုင်ချေရှိတယ်"

ကျွင်းရှောင်ယောက် လေ့ကျင့်နေစဉ်တွင် ထိုပုဂ္ဂိုလ်ကြီးများက အချင်းချင်း တီးတိုးပြောနေခဲ့ကြသည်။

ဤတစ်ခေါက် ကောင်းကင်အင်မော်တယ်ပွဲ ကျင်းပရာတွင် ကစဉ့်ကလျားခန္ဓာတစ်ခု ထွက်ပေါ်လာမည်ဟု သူတို့မမျှော်လင့်ထားပေ။

"ဝုန်း"

ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်ကို အံ့ဖွယ်ဖြစ်ရပ် အမျိုးမျိုးက ဝန်းရံထားခဲ့သည်။

ကစဉ့်ကလျားစွမ်းအင်များကလည်း ရေတံခွန်မှ ထိုးကျနေသော ရေကဲ့သို့ တဝုန်းဝုန်း ရိုက်ခတ်နေ၏။

အချိန်ကြာလာသည်နှင့်အမျှ၊ ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်ပေါ်တွင် အင်မော်တယ်စွမ်းအင်တစ်ခု ပေါ်လာခဲ့ပြန်သည်။

ဤအင်မော်တယ်စွမ်းအင်မှာ စကြာဝဠာ၏ မူလအစ၊ ရှေးဦးကစဉ့်ကလျားအခြေအနေမှ ထွက်ပေါ်လာခဲ့သလိုပင်။

ကစဉ့်ကလျားအင်မော်တယ်စွမ်းအင်။

ဤသည်မှာ ကျွင်းရှောင်ယောက် ပေါင်းစည်းထားသော ဆယ့်သုံးခုမြောက် အင်မော်တယ်စွမ်းအင် ဖြစ်သည်။

ဤသတင်းသာ ပျံ့နှံ့သွားပါက လူအများကို မည်မျှ ထိတ်လန့်‌တုန်လှုပ်စေမလဲ တွေးကြည့်ရန်ပင် မလွယ်ပေ။

တစ်ချိန်တည်းမှာပင်၊ ကျွင်းရှောင်ယောက်၏ ကျင့်ကြံခြင်းအဆင့်ကလည်း တဖြည်းဖြည်း တိုးတက်လာသည်။

အဓိပဓိတစ်ပိုင်း အစောပိုင်းအဆင့်။

အဓိပတိတစ်ပိုင်း အလယ်လတ်အဆင့်။

အဓိပတိတစ်ပိုင်း နှောင်းပိုင်းအဆင့်။

နောက်ဆုံးတွင် သူ့နယ်ပယ်က အဓိပဓိတစ်ပိုင်း အဆင့်သုံးဆင့်တက်ပြီး အဓိပဓိတစ်ပိုင်း သေးငယ်သောအောင်မြင်ခြင်းအဆင့်မှ ရပ်တန့်သွားခဲ့သည်။

ကျွင်းရှောင်ယောက်ကို အဓိပဓိနယ်ပယ်သို့ တိုက်ရိုက် မဖြတ်ကျော်ခဲ့သောကြောင့် လျှော့တွက်၍တော့ မရပါ။

အဓိပဓိနယ်ပယ်ခုနစ်ခုတွင် အဆင့်ငယ်တစ်ခုက သူတော်စင်နယ်ပယ်ကိုးခုမှ နယ်ပယ်ကြီးများ ပေါင်းစပ်ထားခြင်းထက် ဖြတ်ကျော်ရန် ပို၍ခက်ခဲသည်။

ထို့ကြောင့်ပင် ကျွင်းရှောင်ယောက်က အဓိပဓိတစ်ပိုင်းနယ်ပယ် အစောပိုင်းအဆင့်မှ သေးငယ်သောအောင်မြင်ခြင်းအဆင့်ထိ တိုက်ရိုက် ချိုးဖြတ်သွားသည်အား မြင်ရသောအခါ အားလုံး တုန်လှုပ်ချောက်ချားကုန်တော့သည်။

"ဒါက...ဒါက ကစဉ့်ကလျားခန္ဓာရဲ့ မကောင်းဆိုးဝါးဆန်တဲ့ အရည်အချင်းတစ်ခုပဲလား"

တော်ဝင်ပါရမီရှင်တစ်ဦးက လေသံကတုန်ကယင်ဖြင့် ပြောလိုက်သည်။

ကျင့်ကြံခြင်းက ဤမျှရိုးရှင်းလိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့ဖူးပေ။

"သေရောကွာ၊ ဧကရာဇ်မျိုးနွယ်ရဲ့ ပါရမီရှင်တွေတောင် ဒီလောက်မြန်မြန် တိုးတက်နိုင်မယ်မထင်ဘူး"

"တော်တော်၊ ဒီအကြောင်းကိုဆက်ပြောရင် ငါ့ယုံကြည်ချက် ထိခိုက်သွားနိုင်တယ်"

ယခင်က ကျွင်းရှောင်ယောက်ဟာ သူ့ခွန်အားဖြင့် အားလုံးကို တုန်လှုပ်သွားစေခဲ့သည်။

ယခုဆိုလျှင်၊ ကျွင်းရှောင်ယောက်က သူ၏ မကောင်းဆိုးရွားဆန်သော ပါရမီမျိုးဖြင့် အရပ်ရပ်ကို ထပ်မံတုန်လှုပ်စေခဲ့ပြီ။

တိုင်းတပါးတွင် အကြီးမားဆုံး ရိုသေလေးစားမှုကို ခံယူထိုက်သူကိုပြပါဟုဆိုလျှင်...

ကျွင်းရှောင်ယောက်က ထိုပုဂ္ဂိုလ်မျိုးဖြစ်မည်မှာ သေချာသည်။

ဝင်းဝင်းလက်လက် တောက်ပနေသော မျက်လုံးကလေးများဖြင့် ငေးကြည့်နေကြသည့် မိန်းကလေးများပင် ရှိနေပြီ။

"ဒါက ပြိုင်စံရှားတဲ့ ကစဉ့်ကလျားခန္ဓာပဲ။ ငါသာ ဒီသခင်လေးနဲ့ တူနှစ်ကိုယ်လေ့ကျင့်နိုင်ရင် ကြီးမားတဲ့ အကျိုးကျေးဇူးရရှိမှာ သေချာတယ်"

"ဒီသခင်လေးနဲ့ ကလေးယူနိုင်မယ်ဆိုရင် နောင်မျိုးဆက်တွေအထိ ကစဉ့်ကလျားသွေး လက်ခံနိုင်ပါ့မလား"

"နင်က အများကြီးလျှောက်တွေးနေတာပဲ၊ ရှေးဦးကစဉ့်ကလျားခန္ဓာက နင့်ကို သဘောကျမှာလား"

မိန်းကလေး တိုင်းတပါးသတ္တဝါတချို့က တစ်ယောက်ကိုတစ်ယောက် တီးတိုးပြောဆိုလိုက်ကြသည်။

တိုင်းတစ်ပါးတွင် ရှင်သန်ခြင်း၏ စည်းမျဉ်းများက ရက်စက်ကြမ်းကြုတ်၏။

အမျိုးသမီးအတွက် ကိုယ်တိုင်အင်အားသန်မာခြင်းနှင့် ခိုင်မာသောနောက်ခံမရှိပါက ရွေးချယ်စရာ နှစ်ခုသာ ရှိသည်။

ယခင်၊ ဖေးချင်ရွယ်ကဲ့သို့ အခြားသူများ၏ အနိုင်ကျင့်ခြင်းကို ခံရနိုင်သည်။

မဟုတ်ပါက ခုန်းချမ်ချမ်ကဲ့သို့ အားကောင်းသော တာအိုလက်တွဲဖော်ကို ရှာဖွေရုံသာရှိလိမ့်မည်။

ထို့ကြောင့် တိုင်းတပါးတွင် ကျွမ်းကျင်သူတစ်ဦးအတွက် ဇနီးမယားတစ်ဦး၊ ကိုယ်လုပ်တော်ခြောက်ဦးနှင့် မောင်းမမိဿံ ခုနစ်ဆယ့်နှစ်ဦးရှိသည်ဟု ဆိုခြင်းက ချဲ့ကားပြောဆိုခြင်း မဟုတ်ပေ။

ကျွင်းရှောင်ယောက်ကတော့ ကိုယ်တိုင် သန်မာသည့်အပြင် နောက်ခံကလည်း လျှို့ဝှက်ဆန်းကျယ်၍ ကြောက်စရာကောင်းသည်။

သူ့ရုပ်ရည်က ချောမောတာကို ထည့်မပြောတော့လျှင်ပင်...

အမျိုးသမီးများစွာ၏ နှလုံးသားထဲမှ တာအိုလက်တွဲဖော်ကောင်းတစ်ဦး ဖြစ်နိုင်ပြီမှာ သေချာလှပေသည်။

"ဟွန့်၊ ဒီမိန်းမတွေ... သခင်လေးက နင်တို့လို မိန်းမတွေကို သဘောကျမယ်ထင်နေတာလား"

ချွန်းချွန်းက မကျေမနပ်ဖြင့်ကြည့်ပြီး အထင်မြင်သေးဟန်ဖြင့် နှုတ်ခမ်းကိုမဲ့လိုက်သည်။

ထိုအချိန်တွင် ကျွင်းရှောင်ယောက်က ထရပ်လိုက်သည်။ သူ့ခန္ဓာထဲမှ အားကောင်းသော စွမ်းအင်များကိုခံစားမိတော့ သူ့နှုတ်ခမ်းများ တွန့်ကွေးကာ ပြုံးသွားခဲ့၏။

'အဓိပဓိတစ်ပိုင်းနယ်ပယ် သေးငယ်သောအောင်မြင်ခြင်းနဲ့ ကစဉ့်ကလျား အင်မော်တယ်စွမ်းအင်တစ်ခု... နောက်ပြီးတော့ ကောင်းကင်အင်မော်တယ်သစ်သီးသုံးလုံးက တာအိုနိယာမ အပိုင်းအစတွေကို သန့်စင်နိုင်ခဲ့သေးတယ်'

ကျွင်းရှောင်ယောက်က သူ၏ အတွင်းစကြာဝဠာအတွင်း လွင့်မျောနေသော နိယာမအပိုင်းအစများကို ခံစားကြည့်လိုက်သည်။

ထိုနိယာမအပိုင်းအစများက မှန်ကွဲစများကဲ့သို့ ဖြစ်၏။

သူတော်စင်နယ်ပယ်ကိုးခုက မိုးနှင့်မြေ၏ နိယာမများကို စတင်နားလည်ခြင်းဟုဆိုပါလျှင်...

အဓိပဓိနယ်ပယ်ခုနစ်ခုက ထိုနိယာမများကို ချုပ်ကိုင်ရန်၊ စုစည်းရန်၊ ဆင့်ကဲပြောင်းလဲရန်နှင့် ထိန်းချုပ်ရန် ဖြစ်သည်။

ယခုဆိုလျှင် ကျွင်းရှောင်ယောက်က အင်မော်တယ်စွမ်းအင် ဆယ့်သုံးခုကို ဆုပ်ကိုင်ထားပြီးပြီ။ ဆိုလိုသည်မှာ သူက အနာဂတ်တွင် အနည်းဆုံး နိယာမ ဆယ့်သုံးခုကို ချုပ်ကိုင်နိုင်သည်။

ယင်းက အလွန်ကြောက်စရာကောင်းပေသည်။

နိယာမတစ်ခုတည်းက အမြင့်ဆုံးသော ရလဒ်ကို ရရှိနိုင်သည်။

သို့ဆိုလျှင် နိယာမဆယ့်သုံးခုဖြင့် အောင်မြင်မှုက မည်မျှကြီးမားပါမည်နည်း။

ရှေးဆိုရိုးအရ နိယာမကိုးခုဟာ အဓိပဓိနယ်ပယ်ကိုးခုကို ကိုယ်စားပြုသည်။

နိယာမကိုးပါးကို ဆုပ်ကိုင်နိုင်သော အဓိပဓိက အစွန်းရောက်အဆင့် အဓိပဓိ ဖြစ်၏။

နိယာဆယ်ပါးကတော့ အစွန်းရောက်အဆင့်ကို ကျော်သွားပြီ။

သို့ဆိုလျှင် ဤနိယာမဆယ့်သုံးခုက ဘယ်အဓိပ္ပာယ်နည်း။

အစွန်းရောက်၏ အဆုံးစွန်ပင်လော။

ကျွင်းရှောင်ယောက်သာ နိယာမဆယ့်သုံးခုကို သိပ်သည်းနိုင်ပါက အခြားသော အဓိပဓိများထက် ပို၍အားကောင်းမည် ဖြစ်သည်။

သို့သော်လည်း ကျွင်းရှောင်ယောက်ဟာ သူ အဓိပဓိနယ်ပယ်ကို ဖြတ်ကျော်ပါက အလွန်ကြောက်စရာကောင်းသော ကပ်ဘေးတစ်ခုအား ဆွဲဆောင်နိုင်မည်ဟု ခံစားနေခဲ့ရပေသည်။

'နိယာမအစိတ်အပိုင်းတွေ ဒီထက်ပိုများရင် ကောင်းမယ်။ အဲဒါက နိယာမကို မြန်မြန်ဆန်ဆန် သိပ်သည်းဖို့ ကူညီပေးနိုင်လိမ့်မယ်'

ကျွင်းရှောင်ယောက်က သူ့ဘာသာသူ တွေးလိုက်မိသည်။

ရုတ်တရက်၊ သူ့မျက်လုံးအကြည့်က ကောင်းကင်အင်မော်တယ်သစ်ပင်အပေါ်သို့ ကျရောက်လာခဲ့သည်။

သူ့မျက်လုံးထဲတွင် အလင်းရောင်များပင် လင်းလက်နေ၏။

"အဆင့်တက်သွားတဲ့အတွက် ဂုဏ်ယူပါတယ် မိတ်ဆွေလေး"

ပုဂ္ဂိုလ်ကြီးများက လက်ယှက်ကာ ပြောလိုက်သည်။ သူတို့၏ လေသံများက အလွန်ကြင်နာမှုရှိလေသည်။

ကျွင်းရှောင်ယောက်၏ လက်ရှိကျင့်ကြံခြင်းအခြေခံက သူတို့ထက် နိမ့်ကျသည်။

သို့သော်လည်း ကစဉ့်ကလျားခန္ဓာပိုင်ရှင်အနေဖြင့် သူတို့ကို မကြာမီ ကျော်တက်နိုင်မည်ဟု ယုံကြည်ကြပေသည်။

"ဒီကောင်းကင်အင်မော်တယ်သစ်ပင်က ပိုင်ရှင်မဲ့ပစ္စည်းဟုတ်လား"

ကျွင်းရှောင်ယောက်က မေးလိုက်သည်။

"ဒါက တကယ်ကို ပိုင်ရှင်မဲ့ပစ္စည်းပါပဲ၊ ဒါမှမဟုတ် တစ်နည်းပြောရရင် အများပိုင်လို့ ပြောရမယ်"

ပုဂ္ဂိုလ်ကြီးတစ်ယောက်က ဘာကြောင့်မေးမှန်းမသိသော်လည်း ပြန်ဖြေလိုက်လေသညိ။

"ကောင်းတယ်"

ကျွင်းရှောင်ယောက်လည်း အနည်းငယ်ခေါင်းညိတ်ပြီး ကောင်းကင်အင်မော်တယ်သစ်ပင်ဆီသို့ တိုက်ရိုက်လျှောက်သွားသည်။ သူ့ထံမှ ကစဉ့်ကလျားလက်ဝါးကြီး ထွက်ပေါ်လာပြီး ကောင်းကင်အင်မော်တယ်သစ်ပင်ကို ဖမ်းဆွဲလိုက်၏။

ဤမြင်ကွင်းက တိုင်းတစ်ပါးမှ သတ္တဝါအားလုံးကို ထိတ်လန့်စေခဲ့သည်။

ပုဂ္ဂိုလ်ကြီးတချို့လည်း အံ့အားသင့်ပြီး အေးခဲသွားကာ ခဏချင်း စကားပင် မပြောနိုင်တော့ပေ။

“ဒါက..."

အားလုံး ဆွံ့အသွားကြသည်။

ကျွင်းရှောင်ယောက်က ကောင်းကင်အင်မော်တယ်သစ်ပင်ကို နှုတ်ယူရန် အမှန်တကယ် ဆန္ဒရှိနေခဲ့၏။

ယင်းက အံ့ဩစရာဖြစ်ပြီး စိတ်မြန်လက်မြန် ရှိလွန်းသည်။ သူက ကောင်းကင်ဂူသင်္ချိုင်းမှ တခြားပါရမီရှင်တွေအတွက် အခွင့်အရေးတစ်ခုတောင် ချန်မထားခဲ့ပေ။

All Chapters