အခန်း ၉၂၈
Vol. 62 Ch. 928
အခန်း ( ၉၂၈ ) စစ်နတ်ဘုရားနန်းတော်၏ သတင်း။
အားလုံး တိတ်ဆိတ်သွားခဲ့သည်။ ကျွင်းရှောင်ယောက်ကို ထိုသို့ပြုမည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။
သာမန်လူများသာ အခွင့်ကောင်းရပါက အများစုမှာ အနာဂတ်မျိုးဆက်သစ်များကို ကောင်းချီးပေးရန်အတွက် အမြစ်အချို့ ချန်ထားခဲ့ဦးမည်ဖြစ်သည်။
ကျွင်းရှောင်ယောက်ကတော့ ထိုသို့မဟုတ်ပေ။ ကောင်းကင်အင်မော်တယ် သစ်သီးများကို ခူးပြီးသည့်အပြင် အပင်ကိုပါ နှုတ်ယူချင်နေသည်။
"မိတ်ဆွေလေး၊ အလောတကြီးမလုပ်ပါနဲ့"
ယင်းကိုမြင်တော့ ပုဂ္ဂိုလ်ကြီးတစ်ဦးက အော်လိုက်သည်။
သူက ကျွင်းရှောင်ယောက်ကို တားမြစ်ချင်တာ မဟုတ်ပါ။
ကျွင်းရှောင်ယောက်၏ မူလဇစ်မြစ်က လျှို့ဝှက်ဆန်းကြယ်သည်။ သူ့နောက်တွင် အင်မော်တယ်ဘုရင်တစ်ပါး ရှိနေသဖြင့် တားမြစ်ရဲ လုံးဝမဝံ့ရဲကြပေ။
သူ တားမြစ်ရခြင်းမှာ ကောင်းကင်အင်မော်တယ်သစ်ပင်ကိုယ်တိုင်က ဝိညာဉ်အသိရှိပြီး ကြီးမားသောအင်အားဖြင့် ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်နိုင်ခြင်းကြောင့် ဖြစ်သည်။
အကယ်၍၊ ကျွင်းရှောင်ယောက်သာ အပြင်းအထန် တိုက်ခိုက်ပါက ကောင်းကင်အင်မော်တယ်သစ်ပင်ကလည်း တန်ပြန်တိုက်ခိုက်ပေလိမ့်မည်။
ကောင်းကင်အင်မော်တယ်သစ်ပင်၏ တန်ပြန်မှုက မျိုးဆက်သစ်များ ခံနိုင်ရည်ရှိတာ မဟုတ်သည်မှာ သေချာသည်။
ဘေးမှ အခြားပုဂ္ဂိုလ်ကြီးများလည်း ကစဉ့်ကလျားခန္ဓာကို ဤကဲ့သို့ ရယ်စရာကောင်းသော နည်းလမ်းဖြင့် မထိခိုက်သွားစေချင်ပေ။
တိုက်ခိုက်မှုကို သတိပြုမိဟန်ဖြင့် ကောင်းကင်အင်မော်တယ်သစ်ပင်က ချက်ချင်း လှုပ်ရှားလာခဲ့သည်။
သစ်ပင် အကိုင်းအခက်များက ကြာပွတ်ကဲ့သို့ ကျွင်းရှောင်ယောက်ကို ရိုက်လာခဲ့၏။
အမျိုးမျိုးသော အင်မော်တယ်ကမ္ပည်းများကလည်း တောက်ပလာတော့သည်။
ဤတိုက်ခိုက်မှုက အလွန်စွမ်းထက်သည်။
စစ်မှန်သော အဓိပဓိများပင်လျှင် ၎င်းကို တားဆီးနိုင်မည် မဟုတ်ပေ။
"ဝုန်း"
ကျယ်လောင်သော အသံတစ်ခုဖြင့် ကြာပွတ်ကဲ့သို့ သစ်ကိုင်းက ကစဉ့်ကလျားလက်ဝါးကို ချေမှုန်းပစ်လိုက်သည်။ ထို့နောက် ကျွင်းရှောင်ယောက်ထံ ဆက်လက်တိုးဝင်လာ၏။
ကျွင်းရှောင်ယောက်က ယင်းကို ကြိုတင်မျှော်လင့်ပြီးသားဖြစ်ကာ တာ့လော့ဓားသန္ဓေအား တိုက်ရိုက် ထုတ်ဖော်လိုက်သည်။
တာ့လော့ဓားသန္ဓေကို ကစဉ့်ကလျားစွမ်းအင်များက ရစ်ပတ်ထား၏။ အလွန်ထက်မြက်သော ဓားအလင်းတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်အင်မော်တယ်သစ်ပင်ကို ခုတ်ချလိုက်တော့သည်။
"ထန်"
သံသံချင်း ထိခတ်သကဲ့သို့ အသံနှင့်အတူ မီးပွားများက နေရာအနှံ့ လွင့်စဉ်သွားခဲ့သည်။
ကောင်းကင်အင်မော်တယ်သစ်ပင်က သာမန်သစ်ပင်မဟုတ်ပေ။ ၎င်း၏ အကိုင်းအခက်များက နတ်ရွှေများထက် ပို၍ ခိုင်မာသည်။
"အင်မော်တယ်သွေးနဲ့ ကျွေးမွေးထားတဲ့ သစ်ပင်က မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ သူ့ရဲ့ အကိုင်းအခက်တွေကတောင် နတ်ရွှေတွေနဲ့ ယှဉ်နိုင်တယ်"
ကျွင်းရှောင်ယောက် တီးတိုး ရေရွတ်လိုက်သည်။
ကျွင်းရှောင်ယောက်နှင့် ကောင်းကင်အင်မော်တယ်သစ်ပင်၏ ထိပ်တိုက်တွေ့ဆုံခြင်းက လူတိုင်းကို ထိတ်လန့်စေခဲ့သည်။
ကျွင်းရှောင်ယောက်ကို ကောင်းကင်အင်မော်တယ်သစ်ပင်နှင့် ယှဉ်ပြိုင်နိုင်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။
"ဒီလက်နက်က တော်တော်ထူးခြားတယ်"
ပုဂ္ဂိုလ်ကြီးများက ကျွင်းရှောင်ယောက်၏လက်ထဲမှ တာ့လော့ဓားသန္ဓေကို ကြည့်လိုက်သည်။
သူတို့၏မျက်လုံးများတွင် ကျွင်းရှောင်ယောက်၏ မူလဇစ်မြစ်က ပို၍ လျှို့ဝှက်ဆန်းကြယ်လာတော့သည်။ သူ၏ လက်နက်များပင်လျှင် ပုံမှန်မဟုတ်ဘဲ ထူးခြားသည်။
'ဒီသစ်ပင်က ခုခံနေသေးပုံရတယ်'
ကျွင်းရှောင်ယောက် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
ထို့နောက် သူ့စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာ၏။
ကောင်းကင်အင်မော်တယ်သစ်ပင်၏ အကိုင်းအခက်များက ပို၍ လှုပ်ရှားလာကြသည်။
နောက်တော့ နတ်လှံများကဲ့သို့ သစ်ကိုင်းများက လေထုကို ထိုးဖောက်ကာ ကျွင်းရှောင်ယောက်ဆီသို့ ပစ်လွှတ်လိုက်လိုက်တော့သည်။
ကျွင်းရှောင်ယောက်လည်း အတွင်းစကြာဝဠာမှ အရှိန်အဝါတစ်ခုကို ကောင်းကင်အင်မော်တယ်သစ်ပင်ဆီသို့ ပို့လွှတ်လိုက်သည်။
"သတိထား"
ပုဂ္ဂိုလ်ကြီးများ၏ အမူအရာများ ပြောင်းလဲသွားကြသည်။ သစ်ကိုင်းများက ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်အနှံ့ ထိုးဖောက်သွားတော့မည်။
"ဝမ်"
လှံတစ်လက်ကဲ့သို့ သစ်ကိုင်များက ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်မှ ခြေတစ်လှမ်းအကွာတွင် ရုတ်တရက် ရပ်သွားသည်။
နောက်အခိုက်အတန့်တွင် တောင်တစ်ခုလုံး တုန်ခါလာပြီး ကျောက်တုံးများ လိမ့်ဆင်းလာခဲ့သည်။
ထို့နောက်တွင် သစ်ပင်က မြေပြင်မှ ကြွတက်သွား၏။
သစ်ပင်အမြစ်များက လူသားခြေနှစ်ဖက်သဖွယ် လှုပ်ရှားကာ ကျွင်းရှောင်ယောက်ဆီသို့ ပြေးလာတော့သည်။
သူ့အသွင်မှာ ပျောက်နေသောမိခင်ကို ပြန်တွေ့ရ၍ ဝမ်းသာအားရ ပြေးလာနေသော ကလေးတစ်ယောက်ကဲ့သို့ ဖြစ်သည်။
"ဒါက..."
အားလုံး ပါးစပ်အဟောင်းသားဖြစ်ပြီး မေးရိုးများ မြေပြင်ပေါ်ကို ပြုတ်ကျလုနီး ဖြစ်သွားသည်။
ဘာတွေဖြစ်နေပါသနည်း။
ကောင်းကင်အင်မော်တယ်သစ်ပင်က သူ့ဘာသာ မြေပြင်မှထလာပြီး လူသားတစ်ယောက်ပမာ ကျွင်းရှောင်ယောက်ဆီကို ပြေးသွားသည်။
လူတိုင်း အံ့ဩသွားကြသည်။ ဤမြင်ကွင်းမျိုးကို သူတို့ တစ်ခါမှ မကကြုံဖူးကြပေ။
ထိုအချိန်တွင် လေဟာပြင်က အနည်းငယ် တုန်ခါသွားသည်။
ကောင်းကင်အင်မော်တယ်သစ်ပင်လည်း ကျွင်းရှောင်ယောက်ရှေ့မှာ ပျောက်ကွယ်သွားတော့သည်။
တောင်ထိပ်တွင် တွင်းကြီးတစ်ခုသာ ကျန်ခဲ့သည်။
ယခုအချိန်မှစ၍ ကြွေလွင့်အင်မော်တယ်တောင်ကြောတွင် ကောင်းကင်သင်္ချိုင်းမှ သတ္တဝါများအတွက် ကောင်းကင်အင်မော်တယ်သစ်ပင် မရှိတော့ပါ။
ကျွင်းရှောင်ယောက်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
ယခုလေးတင် သူက ကမ္ဘာ့သစ်ပင်၏ အရှိန်အဝါကို ထုတ်လွှတ်ခဲ့သည်။
ကမ္ဘာ့သစ်ပင်ကို အတိုင်းအတာတစ်ခုအထိ သစ်ပင်အားလုံး၏ ဘိုးဘေးအဖြစ် မှတ်ယူနိုင်သည်။
၎င်းက ရှေးသစ်ပင်အားလုံး၏ ဘိုးဘေး ဖြစ်၏။
ကမ္ဘာ့သစ်ပင်ဘေးမှာ စိုက်ထားပါက သာမန် အပင်ငယ်တစ်ပင်တောင်မှ မြင့်မားသောသစ်ပင်ကြီးအဖြစ် ပြောင်းသွားနိုင်မည်ဟု ဆိုနိုင်သည်။
ထို့ပြင် ကောင်းကင်အင်မော်တယ်သစ်ပင်က ဝိညာဉ်အသိစိတ်တစ်ခု ရှိသည်။ ထို့ကြောင့် ကမ္ဘာသစ်ပင်၏ အရှိန်အဝါကို ခံစားမိသောအခါ သဘာဝအတိုင်း မခုခံနိုင်တော့ဘဲ လိုလိုလားလား ပြေးလာတော့သည်။
ကျွင်းရှောင်ယောက်လည်း ကောင်းကင်အင်မော်တယ်သစ်ပင်ကို သူ၏ အတွင်းစကြာဝဠာသို့ တိုက်ရိုက် ပို့ဆောင်လိုက်သည်။
"ဒါက ပိုင်ရှင်မဲ့ပစ္စည်းမို့ ကံကြမ္မာရှိသူက ရရှိတာဟာ သဘာဝပါပဲ"
"ကံမကောင်းချင်တော့ ငါက သာမန်လူတစ်ယောက်ပဲ၊ ဒါပေမဲ့ ကံနည်းနည်းကောင်းတယ်"
ကျွင်းရှောင်ယောက်က သက်ပြင်းချကာ ရေရွတ်လိုက်သည်။
ဘေးမှ ပုဂ္ဂိုလ်ကြီးများ၏ နှုတ်ခမ်းများက တဆတ်ဆတ်တုန်ခါသွားပြီး အပြုံးတစ်ခုကို အတင်းဖျစ်ညှစ်ပြီး ထုတ်ဖော်ပြလိုက်ကြလေသည်။
မင်းက ကစဉ့်ကလျားခန္ဓာပဲ၊ မင်းပြောသမျှမှန်ပါတယ်။
ဤသည်မှာ ကောင်းကင်အင်မော်တယ်ပွဲတော်၏ အဆုံးသတ် ဖြစ်သည်။
ဤပွဲတွင် တစ်ဦးတည်း အနိုင်ပိုင်းသွားသူကတော့ ကျွင်းရှောင်ယောက်သည်ပင်။
ဤပွဲတော်တွင် ပါဝင်ခဲ့သော အခြား ပါရမီရှင်များ အများစုမှာ သေဆုံးခြင်းသာ ဆုလာဘ်ဖြစ်ခဲ့ရသည်။
"ဒါနဲ့ စကားမစပ် မိတ်ဆွေလေး၊ စစ်နတ်ဘုရားနန်းတော်ရဲ့ အကြောင်းကို ပြောပြပါရစေ”
ပုဂ္ဂိုလ်ကြီးတစ်ဦးက ဝင်ပြောလိုက်သည်။
"စစ်နတ်ဘုရားနန်းတော်လား"
ကျွင်းရှောင်ယောက်၏ မျက်လုံးက အံ့အားသင့်မှု အရိပ်အမြွက်တို့ လှစ်ဟလာ၏။
အနည်းငယ် ပြောဆိုကြပြီးနောက် ကျွင်းရှောင်ယောက် နားလည်သွားသည်။
စစ်နတ်ဘုရားနန်းတော်က ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးရှိ ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီကဲ့သို့ ဖြစ်ချေသည်။
"စစ်နတ်ဘုရားနန်းတော်ကို ဖွင့်လှစ်တဲ့အခါ အရပ်ရပ်က ဘီလူးတွေ စုဝေးလာလိမ့်မယ်။ မင်းရဲ့ ကစဉ့်ကလျားခန္ဓာကို လေ့ကျင့်ချင်တယ်ဆိုရင် စစ်နတ်ဘုရားနန်းတော်ကို သွားတာက အကောင်းဆုံး ရွေးချယ်မှုပဲ"
ထိုပုဂ္ဂိုလ်ကြီးက ပြောလိုက်သည်။
ကျွင်းရှောင်ယောက် ခေါင်းညိတ်လိုက်လေသည်။
တိုင်းတပါးအကြောင်း လေ့လာချင်ပါက အကယ်ဒမီများသို့ ဝင်ရောက်ခြင်းမှာ တကယ်အဆင်ပြေဆုံးနှင့် အမြန်ဆုံးနည်းလမ်း ဖြစ်သည်။
'မူလက ငါဟာ ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီမှာ အင်မော်တယ်အဆင့် အမွေကိုဆက်ခံဖို့ အရည်အချင်းရှိခဲ့တာ၊ ဒါပေမဲ့ မထင်မှတ်ဘဲ တိုင်းတပါးကို ရောက်လာခဲ့ရတယ်'
'ဒါပေမဲ့ စစ်နတ်ဘုရားနန်းတော်မှာလည်း အင်မော်တယ်အကယ်ဒမီလိုမျိုး ထိပ်တန်းအမွေတွေ ရှိသင့်တယ်။ ဒါက အရှေ့ပြတင်းပေါက် မီးမလင်းရင်တောင် အနောက်ပြတင်းပေါက်က လင်းနေတာမျိုး ဖြစ်နိုင်မလား'
ကျွင်းရှောင်ယောက်လည်း တစ်ယောက်တည်း စိတ်ထဲမှတွေးရင်း ပြုံးလိုက်မိသည်။
တိုင်းတစ်ပါးမှ အမွေဆက်ခံခွင့်ကို သူ အလွန်သိချင်မိ၏။
အရည်အချင်းနှင့် ပတ်သက်လျှင်တော့...
ကျွင်းရှောင်ယောက် လိုချင်သရွေ့ သူ သေချာပေါက် ရယူနိုင်သည်။
"သခင်လေး၊ စစ်ဘုရားနန်းတော်မဖွင့်ခင် အချိန်နည်းနည်းရှိပါသေးတယ်။ နင် စိတ်ထဲမထားရင် ငါတို့ မျိုးနွယ်စုကို ခဏလောက်လိုက်ပြီး အနားယူလို့ရတယ်"
ဖေးချင်ရွယ်၏ နှလုံးသားမှာ အတွေးများစွာတို့ လှိုင်းထနေသည်။ သူဟာ အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးမှ သတ္တိကိုစုစည်းပြီး ရှက်ရွံ့နေသောမျက်နှာဖြင့် ပြောလိုက်လေသည်။
မူလက အေးစက်ပြီး လှပသော ဖေးချင်ရွယ်က ယခုတွင် ရှက်ရွံ့တတ်သော ကောင်မလေးတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားသည်။
ပတ်ဝန်းကျင်ရှိ သတ္တဝါအားလုံးလည်း သက်ပြင်းကိုသာ ချလိုက်ကြလေသည်။
"ကောင်းပြီ"
ကျွင်းရှောင်ယောက် ခေါင်းညိတ်လိုက်သည်။
ကောင်းကင်ကို ရောင်ပြန်ဟပ်ခြင်းနှင့်အတူ...
သူက ရေခဲဝိညာဉ် တော်ဝင်မျိုးနွယ်တစ်ခုလုံးကို သူ့လက်အောက်သို့ ဦးစွာယူဆောင်ရန် စိတ်ကူးထားပေသည်။
ကျွင်းရှောင်ယောက်၏ စကားကိုကြားတော့ ဖေးချင်ရွယ် အလွန်ဝမ်းသာသွားသည်။
ကောင်းကင်အင်မော်တယ်သစ်သီးနှင့် လက်ဖက်ရည်တို့ကို စားသောက်ရပြီးနောက် သူနှင့် ချွန်းချွန်း၏ ခွန်အားက ယခင်ကနှင့်မတူတော့ပေ။
ဤအရာအားလုံးက ကျွင်းရှောင်ယောက်၏ လက်ဆောင်မှ လာသည်။
ကျွင်းရှောင်ယောက်လည်း ကြွေလွင့်အင်မော်တယ်တောင်ကြောမှ ထွက်ခွာသွားခဲ့သည်။
ဖေးချင်ရွယ်နှင့် ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်မှ အကြီးအကဲများ၏ လေးလေးစားစား ဧည့်ခံကြိုဆိုမှုဖြင့် ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်ကို ဦးတည်ခဲ့၏။
သို့သော်လည်း ကျွင်းရှောင်ယောက်ကို မည်သူမျှ မတားဆီးဝံ့ပေ။
ကျွင်းရှောင်ယောက်၏ လက်ချက်ဖြင့် သေဆုံးသွားသော တော်ဝင်မျိုးနွယ် ပါရမီရှင်များ၊ ဧကရာဇ်တစ်ပိုင်းမျိုးနွယ် ပါရမီရှင်များ၏ ကျွမ်းကျင်သူများပင်လျှင် စိတ်ထင်တိုင်း မလုပ်ဝံ့ကြပေ။
နောက်ဆုံးတွင်၊ ဤကိစ္စက ကစဉ့်ကလျားခန္ဓာနှင့် လျှို့ဝှက်ဆန်းကြယ်သော အင်မော်တယ်ဘုရင်တို့ ပါဝင်ပတ်သက်နေသည်။
ထို့ကြောင့် အချက်အလက်များကို မျိုးနွယ်ထံသို့သာ ပြန်လည်တင်ပြနိုင်တော့သည်။