← Chapters

အခန်း ၉၂၉

Vol. 62 Ch. 929

အခန်း ၉၂၉

Vol. 62 Ch. 929

အခန်း ( ၉၂၉ ) ဥဒေါင်းနက်ဘုရင် ကြောက်ရွံ့တုန်လှုပ်ခြင်း။

ကောင်းကင်အင်မော်တယ်ပွဲတော်က ပြီးသွားပြီ။

သို့ရာတွင် ယင်း၏ သက်ရောက်မှုက ယခုမှ ပေါ်လာခြင်း ဖြစ်သည်။

မျိုးနွယ်အသီးသီးမှ လူများ ပြန်သွားကြသလို...

ကောင်းကင်အင်မော်တယ်ပွဲတော်နှင့် ပတ်သက်သော သတင်းများကလည်း ကောင်းကင်သင်္ချိုင်းပြည်နယ် တစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။

အခြား ပြည်နယ်ကြီးများသို့ပင် ပျံ့နှံ့သွားခဲ့သည်။

နောက်ဆုံးတွင်၊ ဤကောင်းကင်အင်မော်တယ်ပွဲတော်က မကြုံစဖူး ဖြစ်ရပ်များဖြင့် ပြည့်ခဲ့သည်။

ခေတ်အဆက်ဆက် ပေါ်လာခဲ့ဖူးသော ကစဉ့်ကလျားခန္ဓာကြီး မွေးဖွားလာခဲ့၏။

ဤသည်က ကြီးမားသော သတင်းတစ်ခုဖြစ်ကာ တိုင်းတပါးတစ်ခုလုံးကို တုန်ခါစေမည်မှာ သေချာသည်။

နောက်ဆုံးတွင် ကစဉ့်ကလျားခန္ဓာက တာအိုခန္ဓာသုံးထောင်အနက် ထိပ်တန်းဆယ်ခုအတွင်း ပါဝင်ချေသည်။

သူက ဧကရာဇ်ဖြစ်လာရန်ပင် အလားအလာ ရှိသည်။

အနာဂတ်တွင် သူက တိုင်းတပါး၏ အင်မော်တယ်ဘုရင်တစ်ပါး ဖြစ်လာမည်မှာ သေချာလှပေသည်။

ထို့အပြင် လျှို့ဝှက်ဆန်းကြယ်သော အင်မော်တယ် အရိပ်တစ်ခုလည်း ရှိသေးသည်။

ယင်းက လူတိုင်းကို ပို၍ တုန်လှုပ်စေခဲ့သည်။

ကစဉ့်ကလျားခန္ဓာနှင့် လျှို့ဝှက်ဆန်းကြယ်သော အင်မော်တယ်ဘုရင်တစ်ပါး။

တိုင်းတပါးမှ မျိုးနွယ်စုအများအပြားလည်း စတင် ခန့်မှန်းခဲ့ကြသည်။

နောက်ထပ် လျှို့ဝှက်ဆန်းကျယ်သော လျှို့ဝှက်ဧကရာဇ်မျိုးနွယ်တစ်ခု မွေးဖွားတော့မည်လော။

တိုင်းတစ်ပါးတွင် အင်မော်တယ်ဧကရာဇ်မျိုးနွယ် အများစုကို လူများက ကောင်းစွာ သိကြသော်လည်း...

ရာစုနှစ်ပေါင်းများစွာကြာအောင် လျှို့ဝှက်နေခဲ့ကြသော အလွန်ရှေးကျသည့် ဧကရာဇ်မျိုးနွယ်များ ရှိကြသေးသည်။

တိုင်းတပါးမှ သတ္တဝါများစွာက ကျွင်းရှောင်ယောက်ကို လျှို့ဝှက်ဧကရာဇ်မျိုးနွယ်၏ မျိုးစေ့အဆင့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်ဟု လွဲမှားစွာယုံကြည်ခဲ့ကြသည်။

ဤကောင်းကင်အင်မော်တယ်ပွဲတော်ပြီးနောက် အကြီးမားဆုံး ထိခိုက်ရသူများမှာ မီးလျှံကျောက်တော်ဝင်မျိုးနွယ်နှင့် ဥဒေါင်းနက် တော်ဝင်မျိုးနွယ်တို့ ဖြစ်သည်။

နောက်ဆုံးတွင်၊ သူတို့က ကျွင်းရှောင်ယောက်နှင့် ပြဿနာအကြီးဆုံး ဖြစ်ခဲ့ကြသည် မဟုတ်လော။

"အား"

မီးလျှံကျောက်တော်ဝင်မျိုးနွယ်၏ နန်းတော်ထဲတွင် မင်းသားယန်၏ ဖခင် ကောင်းကင်အဓိပဓိယန်က ဒေါသတကြီး အော်နေသည်။

နောက်ဆုံးတွင် သူ့သားက လူဘုံအလယ်တွင် ယင်ကောင်တစ်ကောင်လို သတ်ခံခဲ့ရခြင်း ဖြစ်၏။

ယင်းကို မည်သူမဆို လက်ခံရန် ခက်ခဲပေလိမ့်မည်။

"ခေါင်းဆောင်၊ စိတ်အေးအေးထားပါ"

"ဟုတ်ပါတယ်၊ မင်းသားကို သတ်ခဲ့တဲ့လူက ကစဉ့်ကလျားခန္ဓာပဲ။ နောက်ပြီး သူ့နောက်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ အင်မော်တယ်ဘုရင်တပါး ရှိသေးတယ်"

"အဲဒီကစဉ့်ကလျားခန္ဓာက လျှို့ဝှက်ဧကရာဇ်မျိုးနွယ်က မျိုးစေ့အဆင့် ပါရမီရှင်တစ်ဦး ဖြစ်နိုင်တယ်"

မီးလျှံကျောက်တော်ဝင်မျိုးနွယ်၏ အကြီးအကဲများက သတိပေးလိုက်ကြသည်။

ကောင်းကင်အဓိပဓိယန် စိတ်မြန်လက်မြန်ပြုမူပြီး တစ်ခုခုလုပ်လိုက်မည်ကို သူတို့ ကြောက်ရွံ့ကြပေသည်။

ထိုအချိန်တွင်၊ မီးလျှံကျောက်တော်ဝင်မျိုးနွယ်၏ မဟာအကြီးအကဲက ရှေ့တိုးလာပြီး ကောင်းကင်အဓိပဓိယန်ကိုကြည့်ကာ ပြောလိုက်သည်။

"ခေါင်းဆောင်၊ မင်း အဲဒီကစဉ့်ကလျားခန္ဓာကို မထိပါးရဘူး"

"နောက်ပြီးတော့ ငါတို့ ကျူးကျော်သိမ်းပိုက်ထားတဲ့ ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်ရဲ့ နယ်မြေတွေကို ပြန်ပြီးလွှဲပြောင်းပေးရမယ်"

"ဒါ့အပြင် ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်ကို တောင်းပန်ဖို့အတွက် အရင်းအမြစ်တွေကို ပြင်ဆင်ပါ"

"ဘာလဲ"

ထိုစကားကိုကြားတော့ ကောင်းကင်အဓိပဓိယန်၏ မျက်လုံးများက မယုံကြည်နိုင်စွာ ပြူးကျယ်သွားသည်။

သူက သူ့သားအတွက် လက်စားမချေနိုင်သည့်အပြင် ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်ကိုလည်း တောင်းပန်ရဦးမှာလား။

"ဒါက ဘိုးဘေးကြီးတွေရဲ့ အမိန့်ပါ၊ ဒီကောင်လေးကို မထိပါးရဘူး"

မဟာအကြီးအကဲက ထပ်ပြောလိုက်သည်။

ပတ်ဝန်းကျင်မှ အကြီးအကဲများလည်း အသက်ပြင်းပြင်းရှူလိုက်ကြ၏။

သူတို့မျိုးနွယ်၏ ဘိုးဘေးများက အင်မော်တယ်ဘုရင်တစ်ပိုင်း သို့မဟုတ် အင်မော်တယ်ဘုရင်များ မဟုတ်ကြပေ။

သို့ရာတွင် ပျက်စီးခြင်းတာအိုသခင်များ ဖြစ်နေဆဲ ဖြစ်သည်။

သို့တိုင် လူငယ်လေးတစ်ဦးကို ကြောက်ရွံ့နေကြရသေးသည်။

ကောင်းကင်အဓိပဓိယန်လည်း တခဏချင်း အသက်ရာနှင့်ချီ၍ ကြီးလာသကဲ့သို့ ခံစားရပြီး ပလ္လင်ပေါ်တွင် ဖင်ထိုင်ကျသွားသည်။

အကယ်၍ ထိုကစဉ့်ကလျားခန္ဓာသာ လျှို့ဝှက် ဧကရာဇ်မျိုးနွယ်၏ မျိုးစေ့အဆင့်ပုဂ္ဂိုလ်ဖြစ်ပါက...

လက်စားချေရန် နေနေသာသာ၊ သူတို့မျိုးနွယ်ကို လာရောက် မချေမှုန်းကြစေရန်ပင် ဆုတောင်းနေကြရလိမ့်မည်။

...........

တစ်ချိန်တည်းမှာပင် ဥဒေါင်းနက်တော်ဝင်မျိုးနွယ်သည်လည်း လှုပ်လှုပ်ရှားရှား ဖြစ်နေသည်။

ထိပ်တန်း တော်ဝင်မိသားစုတစ်ခုအနေဖြင့် ဥဒေါင်းနက်တော်ဝင်မျိုးနွယ်၏ အလုံးစုံအင်အားက မီးလျှံကျောက် တော်ဝင်မျိုးနွယ်ထက် များစွာ အားကောင်းသည်။

ယခုအချိန်မှာတော့ ဥဒေါင်းနက်တော်ဝင်မျိုးနွယ်၏ နယ်မြေမှာလည်း လှုပ်လှုပ်ရှားရှား ဖြစ်နေလေသည်။

"သခင်မလေးချမ်ချမ် ကောင်းကင်အင်မော်တယ်ပွဲတော်မှာ သတ်ခံလိုက်ရတယ်၊ ဟုတ်လား"

"ဟုတ်တယ်၊ သခင်မလေးချမ်ချမ်ကို သတ်ခဲ့တဲ့သူက ကစဉ့်ကလျားခန္ဓာပဲ"

"ဘုရားရေ၊ ဒီလို ကောင်းကင်ဘုံကို အံတုတဲ့ တာအိုခန္ဓာမျိုး ဒီကမ္ဘာမှာ တကယ်ပေါ်လာခဲ့ပြီပေါ့"

"ဒါတင်မကဘူး၊ သူက အင်မော်တယ်ဘုရင်ရဲ့အမည်ကို တိတ်တိတ်လေးရွတ်ဆိုပြီး အင်မော်တယ်ဘုရင်ရဲ့ပုံရိပ်တစ်ခုကို ခေါ်ပြခဲ့သေးတာ"

"ကစဉ့်ကလျားခန္ဓာက ကောလဟာလတွေအတိုင်း လျှို့ဝှက်ဧကရာဇ်မျိုးနွယ်ကနေ အမှန်တကယ် ဆင်းသက်လာတာ ဖြစ်နိုင်မလား"

ဥဒေါင်းနက်တော်ဝင်မျိုးနွယ်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်နေခဲ့သည်။

နောက်ဆုံးတွင် သူတို့အားလုံးက ခုန်းချမ်ချမ်နှင့် လီကျိုးမင်၏ လက်ထပ်ပွဲကို စောင့်မျှော်နေခဲ့ကြသည်။

ထိုနည်းအားဖြင့်၊ ၎င်းတို့၏ ဥဒေါင်းနက်တော်ဝင်မျိုးနွယ်သည်လည်း အဆင့်အတန်း ပို၍မြင့်မားလာလိမ့်မည်။

ယခုတော့ အရာအားလုံးဟာ အချည်းနှီး ဖြစ်သွားပြီ ဖြစ်သည်။

ယခုအချိန်၊ ဒေါင်းနက်တော်ဝင်မျိုးနွယ်၏ ဘိုးဘွားမြေတွင်...

ကောင်းကင်မှာ လွင့်မျောနေသော ကျွန်းလေးတစ်ခု ရှိနေသည်။

ယင်းက ဥဒေါင်းနက်ကျွန်းဖြစ်ပြီး ဥဒေါင်းနက်ဘုရင် တိတ်တဆိတ်လေ့ကျင့်ရာ နေရာလည်း ဖြစ်၏။

ဥဒေါင်းနက်ဘုရင်က တိုင်းတစ်ပါးတွင် ကျော်ကြားသော အင်မော်တယ်ဘုရင်တစ်ပိုင်း ဖြစ်သည်။

သူဟာ တစ်ချိန်က ချီရှောင်းဘုရင်နှင့်ပင် ပုခုံးချင်းယှဉ်ရပ်တည်ခဲ့ပေသည်။

သို့သော်လည်း ချီရှောင်းဘုရင်က အင်မော်တယ်ဘုရင်ဖြစ်လာပြီးနောက် သူ၏မျိုးနွယ်စုတစ်ခုလုံးသည်လည်း ဧကရာဇ်တစ်ပိုင်းမျိုးနွယ် ဖြစ်လာခဲ့ရသည်။

ဥဒေါင်းဘုရင် အဆင့်တက်နိုင်သရွေ့တော့ ဥဒေါင်းနက်တော်ဝင်မျိုးနွယ်တစ်ခုလုံးသည်လည်း ဧကရာဇ်တစ်ပိုင်း မျိုးနွယ်စုတစ်ခု ဖြစ်လာနိုင်လိမ့်မည်။

ဤအခိုက်တွင်...

ဥဒေါင်းနက်ကျွန်းအောက်ကို ဥဒေါင်းနက်တော်ဝင်မျိုးနွယ်၏ လက်ရှိခေါင်းဆောင်က အကြီးအကဲများနှင့်အတူ ရောက်လာခဲ့သည်။

"ဘိုးဘေးကို လာရောက်တွေ့ဆုံပါတယ်"

ဥဒေါင်းနက်တော်ဝင်မျိုးနွယ်စုခေါင်းဆောင်က အော်လိုက်သည်။

ဤအဖြစ်အပျက်များက အလွန်အရေးကြီးပြီး ဥဒေါင်းနက်တော်ဝင်မျိုးနွယ်အပေါ် နက်ရှိုင်းသော အကျိုးသက်ရောက်မှု ရှိ၏။

အကယ်၍ သာမန်ရန်သူဖြစ်ခဲ့ပါက၊ ဥဒေါင်းနက်ဘုရင်ကို သတိပေးစရာမလိုဘဲ တိုက်ရိုက်ဖျက်ဆီးပစ်လိုက်မည် ဖြစ်သည်။

သို့ရာတွင်၊ ယခုတစ်ကြိမ် ခုန်းချမ်ချမ်ကို သတ်ခဲ့သူက လျှို့ဝှက်ဆန်းကြယ်သော ကစဉ့်ကလျားခန္ဓာ ဖြစ်နေသည်။

သူက အင်မော်တယ်ဘုရင်ပုံရိပ်ကိုပင် အမှန်တကယ် ဆင့်ခေါ်ခဲ့၏။

ထို့ကြောင့်ပင် ဥဒေါင်းနက်တော်ဝင်မျိုးနွယ်မှ လူများမှာ မိုက်မိုက်ကန်းကန်း စွတ်မလုပ်ဝံ့တော့ပေ။

“ဒီကိစ္စကို ငါသိပြီးပါပြီ၊ ငါရှင်းလိုက်မယ်"

ဥဒေါင်းနက်ကျွန်းမှ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"မင်း ဘယ်သူလဲဆိုတာ အဖြေရှာကြည့်ရအောင်"

ဥဒေါင်းနက်ကျွန်းပေါ်တွင် ပိန်လှီသောခန္ဓာကိုယ်နှင့် အနက်ရောင် ဝတ်စုံကို ၀တ်ထားသော အဖိုးအိုတစ်ဦး ရေရွတ်လိုက်သည်။

သူက အတွေးတစ်ခုဖြင့် မိုးနှင့်မြေ၏ နိယာမများကို အသက်သွင်းလိုက်၏။

အချိန်နှင့်နေရာ ပြောင်းလဲခြင်းအပြင် ကမ္မကြိုးများပင် အနည်းငယ် လှုပ်ရှားလာတော့သည်။

တိုင်းတစ်ပါးတွင် အင်မော်တယ်ဘုရင်တစ်ပိုင်းက အင်မော်တယ်နယ်မြေကြီး၏ ဧကရာတစ်ပိုင်းကျွမ်းကျင်သူနှင့် ညီမျှသည်။

အင်မော်တယ်ဘုရင်တစ်ပိုင်းက အင်မော်တယ်ဘုရင်မဟုတ်သော်လည်း မိုးနှင့်မြေကို တုန်ခါစေနိုင်သေးသည်။

သို့‌သော်လည်း အနည်းငယ် တွက်ချက်ပြီးနောက် ဥဒေါင်းနက်ဘုရင် တုန်လှုပ်သွားခဲ့သည်။

ကစဉ့်ကလျားခန္ဓာနှင့် သူ့နောက်ကွယ်မှ လျှို့ဝှက်ဆန်းကြယ်သော အင်မော်တယ်ဘုရင်၏ မူလဇစ်မြစ်ကို သူ လုံး၀ မခန့်မှန်းနိုင်ပေ။

သူက ဆက်ပြီး မှန်းဆချင်သော်လည်း နောက်ဆုံးတွင် နားမလည်နိုင်သော တုံ့ပြန်မှုကို ခံစားခဲ့ရသည်။

သူ့တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး ပါးစပ်ထဲမှ သွေးအနည်းငယ်ပင် အန်ထွက်လာတော့သည်။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"

ဥဒေါင်းနက်ဘုရင် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။

"ဖြစ်နိုင်ချေက နှစ်ခုပဲ ရှိတော့တယ်။ ပထမက ဒီကစဉ့်ကလျားခန္ဓာမှာ အတိတ်မရှိဘူး၊ ဒါပေမဲ့ ဒါက မဖြစ်နိုင်ဘူးလေ"

"ဒုတိယကတော့ သူ့ရဲ့ အကြောင်းအကျိုးကို ကာကွယ်ပေးထားတဲ့ အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးဦး ရှိနေတာပဲ။ သူက အနည်းဆုံး အင်မော်တယ်ဘုရင်ဖြစ်နိုင်တယ်။ ငါ့ထက်တော့ အများကြီး အစွမ်းထက်လိမ့်မယ်"

"သူက တကယ်ကို လျှို့ဝှက်ဧကရာဇ်မျိုးနွယ်ကပဲလား၊ ဒါပေမဲ့ ငါ ဘာဖြစ်လို့ မကြားဖူးရတာလဲ"

ဥဒေါင်းနက်ဘုရင်က အလွန်ထိတ်လန့်သွားသည်။

ထိုသို့ မသိနိုင်သူများက ကြောက်စရာအကောင်းဆုံးပင်။

"ဘိုးဘေး"

ကျွန်းအောက်မှ ဥဒေါင်းနက်မျိုးနွယ်စုခေါင်းဆောင်နှင့် အခြားသူများလည်း ဥဒေါင်းနက်ဘုရင်၏ သွေးအန်သံကို ကြားလိုက်ကြရသည်။

ယင်းက သူတို့ကို အလွန်တုန်လှုပ်သွားစေခဲ့၏။

ဗေဒင်တွင်ချက်ရင်း ဥဒေါင်းနက်ဘုရင် ဒဏ်ရာရရှိသွားခြင်း ဖြစ်နိုင်ပါမည်လော။

"တော်လောက်ပြီ၊ ဒီကိစ္စကို ထပ်ပြီး ဝင်မပါတော့နဲ့"

ဥဒေါင်းနက်ဘုရင်၏ ပင်ပန်းနွမ်းနယ်နေသောအသံ ထွက်ပေါ်လာခဲ့သည်။

"ဘိုးဘေး၊ ငါတို့ ဒီရန်ငြိုးကို ဒီအတိုင်း အဆုံးသတ်လိုက်ရတော့မှာလား။ သူမရှုပ်ရင် ငါတို့မျိုးနွယ်က မင်ကျောက်ဧကရာဇ်မျိုးနွယ်နဲ့ လက်ထပ်နိုင်တော့မှာ"

ဥဒေါင်းနက်တော်ဝင်မျိုးနွယ်ခေါင်းဆောင်က အနည်းငယ် တုံ့ဆိုင်းသွားကာ ပြောလိုက်သည်။

"ဒါဆိုရင် ဒီကိစ္စကို မင်ကျောက်မျိုးနွယ် ဖြေရှင်းပါလိမ့်မယ်။ သူတို့ကတော့ ယုံကြည်မှုရှိကောင်းရှိနိုင်တယ်"

ဥဒေါင်းနက်ဘုရင်၏ အသံထွက်ပေါ်လာခဲ့သည်။

"ကောင်းပါပြီ"

ဥဒေါင်းနက်တော်ဝင်မျိုးနွယ်စု ခေါင်းဆောင်နှင့် အခြားသူများလည်း ခေါင်းငုံ့ကာ နောက်ပြန်ဆုတ်သွားကြတော့သည်။

သူတို့ မည်မျှပင် ဒေါသထွက်နေစေကာမူ၊ ဘာမျှ မလုပ်နိုင်တော့ပါ။

‌ဥဒေါင်းနက်ဘုရင်သည်ပင် ကြောက်ရွံ့တုန်လှုပ်ပြီး လက်ရှောင်ခဲ့ရသည်။

"ဒီကစဉ့်ကလျားခန္ဓာက အတော်အားကောင်းပုံရတယ်။ ဘိုးဘေးတောင်မှ ဝင်မပါဝံ့ဘူး"

ဥဒေါင်းနက်တော်ဝင်မျိုးနွယ်၏ အကြီးအကဲတစ်ဦးက အကူအညီမဲ့စွာ သက်ပြင်းချလိုက်သည်။

ကျွင်းရှောင်ယောက်သာ ဤတိုင်းတပါးသားများ၏ အတွေးအမြင်များကိုသိပါက အူလှိမ့်နေအောင် ရယ်မောမိလိမ့်မည်။

ဤတိုင်းတပါးသားများက အမှန်တကယ် အတွေးအခေါ် ထက်မြက်ပြီး ကိုယ့်ကိုယ်ကိုယ် ခြောက်လှန့်တတ်လွန်းသည်။

All Chapters