အခန်း ၉၃၁
Vol. 63 Ch. 931
အခန်း ( ၉၃၁ ) ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်တစ်ခုလုံး အညံ့ခံခြင်း။
ကျွင်းရှောင်ယောက်၏ ဖိတ်ကြားချက်က မူလ ဆူညံနေသော စားသောက်ပွဲကို တိတ်ဆိတ်သွားစေခဲ့သည်။
ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်မှ အကြီးအကဲအားလုံး အသက်ရှူရပ်သွားပုံရ၏။
သူတို့အားလုံး တစ်ခုခုကု ယောင်ဝါးဝါး ခံစားမိကြသည်။
ယင်းက ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်၏ ကံကြမ္မာကို ပြောင်းလဲရန် အခွင့်အလမ်းတစ်ခု ဖြစ်ကောင်းဖြစ်လိမ့်မည်။
ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်၏ အထွတ်အထိပ်ကာလမှာဖြစ်လျှင်တော့...
သဘာဝအတိုင်း မည်သည့်အင်အားစုနှင့်မျှ အလွယ်တကူ ပူးပေါင်းမည်မဟုတ်ပါ။
ယခုမူ၊ ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်တွင် အတိတ်မှ အင်အား မရှိတော့ပေ။
သူတို့က ယခုအခါ ထိပ်တန်းတော်ဝင်မျိုးနွယ် တစ်ရာထဲမှ ဆင်းလုနီးပါးပင် ဖြစ်သည်။
ကျွင်းရှောင်ယောက်၏ အကူအညီမရှိပါက ဥဒေါင်းနက်တော်ဝင်မျိုးနွယ်ကို မဆိုထားနှင့်...
မီးလျှံကျောက်တော်ဝင်မျိုးနွယ်တောင်မှ သူတို့ကို အဆုံးစွန်ထိ မောင်းထုတ်နိုင်သည်။
ယင်းကိုမြင်တော့ ကျွင်းရှောင်ယောက်က နောက်ထပ် ဆေးတစ်မျိုး ထပ်ထည့်ပေးလိုက်သည်။
"ငါတို့ ကံကြမ္မာနတ်ဘုရားဂိုဏ်းမှာ တာအိုနှလုံးသား နတ်ဆိုးမျိုးစေ့လို့ခေါ်တဲ့ နတ်ဆိုးကျင့်စဉ်တစ်ခုရှိတယ်။ ချင်ရွယ်လည်း ဒါကို လေ့ကျင့်ထားပြီးပြီလေ"
"သူ့ရဲ့ကျင့်ကြံခြင်းအခြေခံတွေ တိုးတက်လာတာကို မင်းတို့လည်း သိမှာပါ"
"ကံကြမ္မာနဲ့ဖန်ဆင်းခြင်းနတ်ဘုရားကို ယုံကြည်နေသရွေ့ ဒီနည်းလမ်းကို လေ့ကျင့်နိုင်တယ်။ မင်းတို့မျိုးနွယ်စု တစ်ခုလုံးရဲ့ အင်အားက အဆင့်တစ်ခုထိ တိုးတက်လာလိမ့်မယ်"
"အဲဒီအချိန်ကျရင် မီးလျှံကျောက်တော်ဝင်မျိုးနွယ်ကို နောက်မှာဖြတ်ချန်နိုင်တဲ့အပြင် အလွယ်တကူတောင် ဖျက်ဆီးပစ်နိုင်လိမ့်မယ်"
ကျွင်းရှောင်ယောက်၏ စကားသံက ခိုင်မာပြီး တစ်ဖက်လူ၏စိတ်နှလုံးကို ဆွဲဆောင်နိုင်လွန်းသည်။
ထိုစကားကိုကြားတော့ ရေခဲဝိညာဉ်ကောင်းကင်အဓိပဓိ၏ နှလုံးသားက အခုန်မြန်လာခဲ့၏။
သူ၏ ကျင့်ကြံခြင်းအခြေခံက တိုးတက်မှု မရှိသည်မှာ ကြာခဲ့ပြီ။
ကျွင်းရှောင်ယောက်၏ မျက်လုံးများက အရောင်လက်သွားပြီးနောက် ပြုံးကာ ဆက်ပြောလိုက်သည်။
"မင်းမယုံသေးရင် လျှို့ဝှက်ကျင့်စဉ်ရဲ့ တစ်စိတ်တစ်ပိုင်းကို နားလည်အောင်လို့ ငါ ပြပေးပါမယ်"
ကျွင်းရှောင်ယောက်က လက်ညှိုးတစ်ချက်ညွှန်လိုက်သောအခါ အလင်းတန်းတစ်ခုက ရေခဲဝိညာဉ်ကောင်းကင်အဓိပဓိ၏ မျက်ခုံးနှစ်ခုကြားသို့ တိုးဝင်သွားခဲ့သည်။
ရေခဲဝိညာဉ် ကောင်းကင်အဓိပဓိလည်း မျက်လုံးကိုမှိတ်ကာ သေသေချာချာ လေ့လာပြီးနောက် မျက်လုံးများ ဖျတ်ခနဲ ပြန်ပွင့်လာ၏။
သူ့မျက်လုံးများ နီရဲပြီး အသက်ရှူပင် မြန်လာတော့သည်။
ဤနည်းလမ်းက တကယ်ကို မယုံနိုင်စရာကောင်းလွန်းသည်။
ကျင့်စဉ်ကို အခြားသူများထံ လက်ဆင့်ကမ်းခြင်းဖြင့် ထိုသူများ၏ ကျင့်ကြံမှုရလဒ်များကို ရယူနိုင်သည်။
ထို့အပြင် ပိုမို ချဲ့ထွင်၍ရ၏။
ရေခဲဝိညာဉ်ကောင်းကင်အဓိပဓိလည်း ဤအခွင့်အလမ်းကို ဆုပ်ကိုင်နိုင်ပါက အဆင့်တက်ရန် ခက်ခဲလိမ့်မည်မဟုတ်ကြောင်း နားလည်လိုက်သည်။
ရေခဲဝိညာဉ် ကောင်းကင်အဓိပဓိ၏ အခြေအနေကို အကဲခတ်မိတော့ ကျွင်းရှောင်ယောက်၏ နှုတ်ခမ်းများက အနည်းငယ်တွန့်ကွေးကာ ပြုံးသွားခဲ့သည်။
လူများက အကျိုးအမြတ်များသာ ရရှိလိုပြီး အန္တရာယ်များကို ရှောင်တိမ်းလိုကြသည်။
သူတို့အတွက် အကျိုးရှိသရွေ့ ကျွင်းရှောင်ယောက်၏ ဆွဲဆောင်မှုနောက်ကို သဘာဝအတိုင်း လိုက်ပါလာလိမ့်မည်။
ကျွင်းရှောင်ယောက်ကလည်း လူတို့၏စိတ်နှလုံးကို နားလည်ပြီး လူ့သဘောသဘာဝကို ထိန်းချုပ်ရာတွင် ပထမအဆင့် ဖြစ်သည်။
"ကံကြမ္မာနတ်ဘုရားဂိုဏ်းမှာ ပါဝင်ခွင့်ရတာက ငါတို့ ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်အတွက် ကံကောင်းခြင်းတစ်ခုပါပဲ"
ရေခဲဝိညာဉ်ကောင်းကင်အဓိပဓိက လက်ယှက်ကာ ပြောလိုက်သည်။
ယခုကဲ့သို့ ကျဆင်းနေချိန်မျိုးတွင် ကံကြမ္မာနတ်ဘုရားဂိုဏ်းမှာ ပါဝင်ခြင်းက ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်အတွက် အကောင်းဆုံးရွေးချယ်မှု ဖြစ်လိမ့်မည်။
တော်ဝင်မျိုးနွယ်တစ်ခုလုံး တာအိုနှလုံးသားနတ်ဆိုးမျိုးစေ့ကို လေ့ကျင့်ပါက မည်မျှ အားကောင်းမည်ကို စိတ်ကူးကြည့်ရန် ခက်ခဲသည်။
အနည်းဆုံးတော့ ထိပ်တန်း တော်ဝင်မျိုးနွယ်တစ်ခုဖြစ်ရန် မျှော်လင့်ချက်ရှိလိမ့်မည်။
ဖေးချင်ရွယ်လည်း အလွန် ဝမ်းသာသွားသည်။ ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ် ရွေးချယ်မှုမှန်ကန်သည့်အတွက်လည်း သူမ လွန်စွာပျော်ရွှင်ခဲ့မိလေသည်။
"ခေါင်းဆောင်က တကယ်ကို အမြော်အမြင်ရှိတဲ့ ရွေးချယ်မှုတစ်ခု ပြုလုပ်ခဲ့တာပါပဲ။ ဒါပေမဲ့ ငါတို့ရဲ့ ကံကြမ္မာနတ်ဘုဂိုဏ်းက ပေါ်မလာသေးဘူး၊ အခုကစပြီး အရာအားလုံးကို ငါ စီစဉ်လိုက်ပါမယ်"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
ယခုအချိန်တွင် သူလုပ်ရမည့်အရာက ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်ကို ထိန်းချုပ်ရန်ပင်။
အခြား တော်ဝင်မျိုးနွယ်များကို ထိန်းချုပ်ရန်တော့ အချိန်ကောင်းကို စောင့်ရမည် ဖြစ်သည်။
ထမင်းစားခြင်းမှာပင် တစ်ခါတည်း တဝတပြဲစားပါက စားပိုးနင့်သွားနိုင်ပေသည်။
"ဒါက သဘာဝပါပဲ၊ တမန်တော်ရဲ့အမိန့်ကို ငါတို့ တလေးတစား လိုက်နာမှာပါ"
ရေခဲဝိညာဉ်ကောင်းကင်အဓိပဓိက ပြုံးလိုက်သည်။
"ဒီလိုဖြစ်စရာမလိုပါဘူး။ မင်းအနေနဲ့ ကံကြမ္မာနတ်ဘုရားကိုယုံကြည်ပြီး ငါတို့ရဲ့လျှို့ဝှက်ချက်တွေကို မထုတ်ဖော်သရွေ့၊ ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်က မင်းရဲ့ ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်ပဲ ဖြစ်လိမ့်မယ်"
ကျွင်းရှောင်ယောက်က ပြုံးပြီး ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် တမန်တော်"
ရေခဲဝိညာဉ်ကောင်းကင်အဓိပဓိလည်း စိတ်ထဲမှ ပို၍ ကျေးဇူးတင်စိတ် ဖြစ်လာခဲ့မိသည်။
ကံကြမ္မာနတ်ဘုရားဂိုဏ်းကို ဝင်ရောက်ခဲ့သော်လည်း ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်မှာ အနည်းဆုံးတော့ ၎င်းတို့၏ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲပင်။
ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်မှ အကြီးအကဲများ၏ ကျေးဇူးတင်ခြင်း၊ ရိုသေလေးစားခြင်းတို့ ပြည့်နှက်နေသော မျက်နှာများကိုကြည့်ရင်း...
ကျွင်းရှောင်ယောက်လည်း သူ၏ လူများကို လှည့်စားခြင်း စွမ်းရည်မှာ ပို၍ အားကောင်းလာပြီဟုတွေးရင်း သက်ပြင်းချလိုက်မိသည်။
ထို့နောက် ကျွင်းရှောင်ယောက်က တာအိုနှလုံးသားနတ်ဆိုးမျိုးစေ့ကျင့်စဉ်ကို ရေခဲဝိညာဉ်ကောင်းကင်အဓိပဓိနှင့် အခြားသူများထံ လွှဲပြောင်းပေးလိုက်လေသည်။
သူတို့အားလုံး လေ့ကျင့်ရန် မစောင့်နိုင်တော့ပေ။
............
ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်၏ နက်နဲရာအရပ်မှ နွေဦးစမ်းရေသို့ ကျွင်းရှောင်ယောက် ရောက်လာခဲ့သည်။
ဤနွေဦးစမ်းရေက အလွန်ထူးဆန်းသည်။ တစ်ဝက်က ပူပြီး ကျန်တစ်ဝက်သည် အေး၏။
ကျွင်းရှောင်ယောက်လည်း ရေပူစမ်းတွင် သူ ရေမချိုးရတာ ကြာပြီဖြစ်ကြောင်း တွေးလိုက်မိသည်။
ဤဝါသနာကိုတောင် မေ့လုနီးနီးပင်။
'ရှန်းရွှီကမ္ဘာကစပြီး အဆက်မပြတ် လှုပ်ရှားနေခဲ့ရတာ၊ အခုတော့ အနားယူဖို့ အချိန်ကျပါပြီ'
'အခြေအနေတွေကလည်း တဖြည်းဖြည်း အချိန်ကျလာပြီ၊ နောက်တစ်ခုကတော့ စစ်နတ်ဘုရားအကယ်ဒမီ ဖွင့်လာမဲ့အချိန်ကို စောင့်ဖို့ပဲ'
'တိုင်းတပါးရဲ့ အခွင့်အရေးကို တိုင်းတပါးသားဟန်ဆောင်ပြီး လုရမှာက အတော်စိတ်ဝင်စားဖို့ကောင်းတယ်'
ကျွင်းရှောင်ယောက်လည်း သူ့ဘာသာသူ တွေးလိုက်မိသည်။
"သခင်လေး..."
ဖေးချင်ရွယ်က ပုစဉ်းတောင်ပံကဲ့သို့ ပါးလွှာသောဝတ်စုံကို ဝတ်ဆင်ထားပြီး လှပနေသည်။ သူမ၏ လှပသော မျက်နှာကလေးမှာလည်း နီမြန်းလျက်ရှိ၏။
ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်ဝင်တစ်ဦးဖြစ်သည့်အတိုင်း သူမ အသားအရေက ရေခဲနှင့်နှင်းကဲ့သို့ ဖြူဖွေးကြည်လင်သည်။
ယခုအချိန်တွင် သူမ၏ပါးပြင်များက ရှက်ရွံ့မှုကြောင့် အနည်းငယ်နီနေပြီး ပို၍ပင်လှပနေတော့သည်။
ယခုအခါ၊ ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်တစ်ခုလုံး၏ ကံကြမ္မာက ကျွင်းရှောင်ယောက်၏ လက်ထဲတွင် ရှိသည်။
ဖေးချင်ရွယ်က ကျွင်းရှောင်ယောက်ကို အကောင်းဆုံးဝန်ဆောင်မှုတစ်ခု ပေးနေခဲ့ပေသည်။
ကျွင်းရှောင်ယောက်လည်း ကျေနပ်စွာ ခံယူနေခဲ့သည်။
"ဝေး၊ ရေပူစမ်းမှာ ရေချိုးရအောင်"
ထိုစဉ် ကြည်လင်ပသော အသံတစ်ခု ထွက်ပေါ်လာသည်။
ပုပုသေးသေး ပုံရိပ်လေးတစ်ခုက ရေပူစမ်းထဲကို ခုန်ဆင်းသွား၏။
ယင်းက ရေသူမလေးကဲ့သို့ ရေကူးခပ်နေသော ချွန်းချွန်း ဖြစ်တော့သည်။
သို့ရာတွင် ကျွင်းရှောင်ယောက်၏ နှုတ်ခမ်းများကို တဆတ်ဆတ်တုန်သွားစေအောင် ဤကောင်မလေး၏ အပေါ်ပိုင်းက အဝတ်ဗလာ ဖြစ်နေခြင်း ဖြစ်သည်။
သူမ၏ ပျော့ပျောင်းသော ဆံနွယ်များဖြင့်သာ ရင်ဘတ်ရှေ့တွင် ဖုံးအုပ်ထားခဲ့ပေသည်။
'ဒီလောက်တောင် ပွင့်လင်းတာလား'
ကျွင်းရှောင်ယောက် ဆွံ့အသွားမိသည်။
ကျွင်းရှောင်ယောက်၏ အကြည့်ကိုမြင်တော့ ချွန်းချွန်းက တစ်ချက်လှမ်းကြည့်ကာ ပြောလိုက်သည်။
"သခင်၊ နင် ဘယ်လိုထင်လဲ"
"အင်း၊ ငါ့အမြင်တော့ ပြန့်ပြူးတဲ့ မြက်ခင်းပြင်ကြီးပါပဲ"
ကျွင်းရှောင်ယောက် လျစ်လျူရှုစွာ ပြောလိုက်၏။
ချွန်းချွန်းလည်း မကျေမနပ်ဖြစ်ပြီး နှုတ်ခမ်းကိုမဲ့ကာ ရေထဲငုပ်သွားတော့သည်။
ကျွင်းရှောင်ယောက်လည်း ချွန်းချွန်းကို ဂရုမစိုက်တော့ဘဲ သူ၏အတွင်းစကြာဝဠာကို စူးစမ်းလေ့လာလိုက်သည်။
ဤအခိုက်တွင် ကောင်းကင်အင်မော်တယ်သစ်ပင်က ကမ္ဘာ့သစ်ပင်၏ဘေးတွင် အလိုအလျောက်အခြေချကာ အရာအားလုံး၏မြေဆီလွှာတွင် အမြစ်တွယ်နေခဲ့ပေသည်။
ကျွင်းရှောင်ယောက်က ကောင်းကင်အင်မော်တယ်သစ်ပင်ပေါ်မှ အသက်စမ်းရေကို ဖြန်းချလိုက်သည်။
တခဏအတွင်းမှာပင် ကောင်းကင်အင်မော်တယ်သစ်ပင်ကို နတ်အလင်းများက ဖုံးလွှမ်းသွား၏။
အကိုင်းအခက်များ တစ်ခုပြီးတစ်ခု ပေါက်လာသည်။
ကောင်းကင်အင်မော်တယ်သစ်သီး သီးလာတော့မည့် အရိပ်အယောင်များပင် ရှိလာတော့သည်။
ဤအရှိန်အဟုန်ကိုသာ ကောင်းကင်သင်္ချိုင်းပြည်နယ်ရှိ ပုဂ္ဂိုလ်ကြီးများ မြင်လိုက်ရပါက မျက်လုံးပြူးကျယ်လွန်း၍ ကျွတ်ထွက်သွားမည်မှာ သေချာသည်။
ကောင်းကင်အင်မော်တယ်သစ်သီးက အနှစ်တစ်ထောင်မှသာ တစ်ကြိမ် အသီး သီးတတ်သောကြောင့် စိတ်ရှည်ရှည်ထား၍ စောင့်ရသည်။
ကောင်းကင်အင်မော်တယ်သစ်ပင်များပင်လျှင် အရွက်ဒါဇင် သို့မဟုတ် ရာနှင့်ချီသော အရွက်များထွက်လာရန် နှစ်ရာနှင့်ချီ အချိန်ယူကြရဦးမည်။
ရလဒ်အနေဖြင့် ယခုအခါ ကောင်းကင်အင်မော်တယ်သစ်ပင်က နာရီပိုင်းအတွင်း အရွက်သစ်များ ပေါက်လာပြီ ဖြစ်သည်။
ကောင်းကင်အင်မော်တယ်သစ်ပင်၏ ရှေ့ပြေးပုံစံများပင် ပေါ်လာခဲ့ပြီ။
ဟုတ်သည်၊ ဤတွင် အကြောင်းပြချက် သုံးခုရှိ၏။
အရာခပ်သိမ်း၏မြေဆီလွှာ၊ အသက်စမ်းရေတွင်း ထို့ထက် အရေးအကြီးဆုံးက ကမ္ဘာ့သစ်ပင်၏လွှမ်းမိုးမှု ဖြစ်သည်။
သစ်ပင်အားလုံး၏ ဘိုးဘေးများအနေဖြင့် ကမ္ဘာ့သစ်ပင်က ကောင်းကင်အင်မော်တယ်သစ်ပင်အား အကြီးမားဆုံး ထောက်ပံ့ခဲ့ပေသည်။
'ဒီအတိုင်းဆက်သွားရင် လအနည်းငယ်အတွင်း ကောင်းကင်အင်မော်တယ်သစ်သီး ထပ်သီးလာလောက်တယ်'
'အဲဒီအချိန်ကျရင် ငါ့မှာလည်း တာအိုနိယာမ အပိုင်းအစတွေ မရှိလောက်တော့ဘူး'
ကျွင်းရှောင်ယောက် သူ့ကိုယ်သူ တွေးလိုက်သည်။
စစ်မှန်သော အဓိပတိဖြစ်လိုပါက ပြီးပြည့်စုံသော နိယာမကို ကျွမ်းကျင်ရမည်။
အဓိပတိတစ်ပိုင်း၏ရှေ့တွင် "တစ်ပိုင်း"ဟူသော စကားလုံးကို ထည့်ထားခြင်းက ပြီးပြည့်စုံသော နိယာမကို မထိန်းချုပ်နိုင်ခြင်းကြောင့် ဖြစ်သည်။
ကျွင်းရှောင်ယောက်ကတော့ ယခုအခါ အဓိပတိနယ်ပယ်သို့ ဖြတ်ကျော်ရန် ပြင်ဆင်နေပြီ။
“ပထမဆုံး နိယာမကတော့ ရုပ်ခန္ဓာကို ရွေးချယ်ဖို့ပဲ"