အခန်း ၉၃၂
Vol. 63 Ch. 932
အခန်း ( ၉၃၂ ) ကျွန်မျိုးနွယ်များ နိုးထခြင်း။
ကျွင်းရှောင်ယောက်၏ ပထမဆုံး အင်မော်တယ်စွမ်းအင်က ရုပ်ခန္ဓာအင်မော်တယ်စွမ်းအင် ဖြစ်သည်။
သူ၏ ရုပ်ခန္ဓာက ခေတ်ကာလတစ်လျှောက်လုံး တုနှိုင်းမယှဉ်နိုင်ပေ။
ယခုဆိုလျှင် ကျွင်းရှောင်ယောက်က ကစဉ့်ကလျားခန္ဓာဖြစ်သော်လည်း သူ၏ခန္ဓာက မူလ ရှေးဟောင်းမြင့်မြတ်ခန္ဓာထက် အားမနည်းပါ။
ကျွင်းရှောင်ယောက်က ရုပ်ခန္ဓာနိယာမကို ဦးစွာထိန်းချုပ်ပြီး အဓိပဓိန်ူပယ်သို့ ချိုးဖြတ်လိုသည်။
ထို့နောက်တွင်မှ အခြား နိယာမများကို ထိန်းချုပ်လိမ့်မည်။
ရုပ်ခန္ဓာနိယာမကို ချုပ်ကိုင်ပြီးနောက် ကျွင်းရှောင်ယောက်၏ခန္ဓာက အတိုင်းအတာတစ်ခုအထိ သန်မာသွားမည် ဖြစ်သည်။
သို့သော်လည်း ရုပ်ခန္ဓာနိယာမကို ထိန်းချုပ်လိုပါက...
ကျွင်းရှောင်ယောက်၏ ကိုယ်ပိုင်နားလည်မှုအပြင်၊ နိယာမအပိုင်းအစများကလည်း ကြီးမားသော သက်ရောက်မှု ရှိသည်။
ထို့ကြောင့် ကျွင်းရှောင်ယောက်ဟာ နိယာမအပိုင်းအစများအတွက် ကောင်းကင်တာအိုသစ်သီးများ ပို၍ရရှိရန် မျှော်လင့်ရင်း ကောင်းကင်တာအိုသစ်ပင်အား နှုတ်ယူလာခဲ့ခြင်း ဖြစ်သည်။
ကောင်းကင်အင်မော်တယ်သစ်ပင်အပြင်...
ကျွင်းရှောင်ယောက်က ယုံကြည်ခြင်းမျိုးစေ့ကိုလည်း အာရုံစိုက်နေသည်။
ယုံကြည်ခြင်းမျိုးစေ့က ယခုအချိန်အထိ များစွာ မပြောင်းလဲသေးပါ။
သို့ရာတွင် ပတ်ဝန်းကျင်မှာတော့ အလင်းစက်များ ပြွတ်သိပ်နေပြီ ဖြစ်သည်။
အများစုက လက်သီးဆုပ်အရွယ်မျှသာ ဖြစ်၏။
ထိုအရာများက ကျွန်မျိုးနွယ်များ၏ ယုံကြည်ခြင်းစွမ်းအား ဖြစ်လိမ့်မည်။
၎င်းယုံကြည်ခြင်းစွမ်းအားက သေးငယ်သော်လည်း၊ အလွန်တောက်ပပြီး ပြိုးပြိုးပြက်ပြက် ဖြစ်နေသည်။
ယုံကြည်ခြင်းစွမ်းအားများက အရွယ်အစား အမျိုးမျိုး ဖြစ်သည်။
အချို့က လူဦးခေါင်းအရွယ်အစား၊ တချို့က ဖရဲသီးအရွယ်အစားဖြစ်ပြီး တချို့ကလည်း ကြယ်ပွင့်အရွယ်အစား ရှိကြပေသည်။
ဤသည်မှာ ရေခဲဝိညာဉ် တော်ဝင်မျိုးနွယ်မှ ကျွမ်းကျင်သူများ၏ ယုံကြည်ခြင်းများ ဖြစ်သင့်သည်။
သူတို့ထံမှ ရရှိလာသော ယုံကြည်ခြင်းစွမ်းအားက ကျွန်မျိုးနွယ် သတ္တဝါများထက် များစွာပို၍ အားကောင်းသည်။
သို့ရာတွင် ကျွန်မျိုးနွယ် သတ္တဝါများလောက်တော့ တောက်ပခြင်း မရှိပါ။
ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်က ကံကြမ္မာနှင့်ဖန်ဆင်းခြင်း၏ နတ်ဘုရားသခင်ကို ယုံကြည်သော်လည်း၊ ထိုကျွန်သတ္တဝါများလောက် ရိုသေကိုင်းရှိုင်းခြင်းမရှိသည်မှာ ထင်ရှားသည်။
သို့သော်လည်း ကျွင်းရှောင်ယောက်က ဂရုမစိုက်ပါ။ သူ့ခွန်အားများ တိုးတက်လာသည်နှင့်အမျှ အရာအားလုံးကို သဘာဝအတိုင်း ထိန်းချုပ်နိုင်မည် ဖြစ်သည်။
ထို့နောက်တွင် ကျွင်းရှောင်ယောက်က ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်တွင် ယာယီ အခြေချနေထိုင်ခဲ့သည်။
.............
တစ်ဖက်မှာတော့ ကောင်းကင်သင်္ချိုင်းပြည်နယ်၏ ကျယ်ပြောလှသော လွင်ပြင်မှာ...
တိုက်ပွဲကြီးတစ်ခု ဖြစ်နေသည်။
ကျွန်မျိုးနွယ် ဆယ်စုကျော်ရှိသော အဖွဲ့တစ်ဖွဲ့က ဆိုက်ကလော့မျိုးနွယ်ကို ပူးပေါင်း တိုက်ခိုက်နေကြ၏။
ဆိုက်ကလော့မျိုးနွယ်က စစ်သူကြီးမျိုးနွယ်တစ်ခုသာဖြစ်ပြီး ထိပ်တန်းမျိုးနွယ် မဟုတ်ပေ။
သို့ရာတွင် ဤလွင်ပြင်မှာတော့ ဘုရင်တစ်ပါးကဲ့သို့ တည်ရှိမှုတစ်ခု ဖြစ်သည်။
အနီးတဝိုက်ရှိ ကျွန်မျိုးနွယ်စု အများအပြားက ၎င်းတို့ ၏ ခေါင်းပုံဖြတ် ဖိနှိပ်ခြင်းကို အမြဲခံနေခဲ့ရပေသည်။
ယခုတော့ ဆိုက်ကလော့မျိုးနွယ်စု၏ အနီးပတ်ဝန်းကျင်ရှိ ကျွန်မျိုးနွယ်စုများက ပူးပေါင်းပြီး ဆိုက်ကလော့မျိုးနွယ်ကို ဖြုတ်ချရန် ကြိုးစားနေကြပြီ ဖြစ်သည်။
"ပုန်ကန်ပြီ၊ နိမ့်ကျတဲ့ ကျွန်မျိုးနွယ်တွေ အားလုံး ပုန်ကန်ကုန်ကြပြီ"
"သေစမ်း၊ သူတို့က ဘာဖြစ်လို့ ဒီလောက် အစွမ်းထက်နေရတာလဲ"
ဆိုက်ကလော့များက ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။
ယုတ္တိဗေဒအရ ဤကျွန်မျိုးနွယ်များတွင် အရင်းအမြစ်များစွာ မရရှိနိုင်ပေ။
ကျင့်စဉ်ကောင်းများလည်း မရှိပါ။
ထို့ကြောင့်ပင် သူတို့၏အင်အားက အောက်ခြေမှာ အမြဲရှိနေခဲ့ရသည်။
ယခုမူကား ဤကျွန်မျိုးနွယ်များတွင် သူတော်စင်များနှင့် သူတော်စင်ဘုရင်အဆင့် ကျွမ်းကျင်သူများပင် ရှိနေပြီ။
ယင်းက ဒေါသထွက်စရာကောင်းလွန်းသည်။
“သတ်"
လူအများကြားတွင် အသားမည်းမည်းနှင့် ခန္ဓာကိုယ်ကြံ့ခိုင်သော လူငယ်တစ်ဦးက ဟိန်းဟောက်လိုက်သည်။ သူက သိုးအုပ်ကြားမှ ဝံပုလွေတစ်ကောင်ကဲ့သို့ ဆိုက်ကလော့တစ်ကောင်ကို ချက်ချင်း သတ်ဖြတ်လိုက်၏။
"ရေနက်မျိုးနွယ်"
ဆိုက်ကလော့များ၏ မျက်လုံးများက ဒေါသခိုးများ ဝေလျှံနေခဲ့သည်။
ပထမဆုံး ပုန်ကန်သူမှာ ရေနက်မျိုးနွယ် ဖြစ်၏။
ဤလူငယ်ကား လက်ရှိ ရေနက်မျိုးနွယ်စု၏ ခေါင်းဆောင် ထိုပါ့ယွိ ဖြစ်တော့သည်။
သူ၏ လက်ရှိကျင့်ကြံခြင်းအခြေခံက သူတော်စင်နယ်ပယ် ဖြစ်သည်။
ယင်းက ဆိုက်ကလော့မျိုးနွယ်ကို ထိတ်လန့်တုန်လှုပ်စေခဲ့ပေသည်။
ထိုအသက်အရွယ်နှင့် သူတော်စင်အဆင့်က အံ့ဩစရာကောင်းလွန်းသည်။
ယခင်က ထိုပါ့ယွိမှာ သူဝောာ်စင်အဆင့်ကိုးခုကိုပင် မရောက်သေးကြောင်း သိထားကြရမည် ဖြစ်သည်။
ယခုတော့ သူဟာ သူတော်စင်သည်ပင် ဖြစ်လာပြီ။
ဤတိုးတက်မှုနှုန်းက လုံးဝ ပုံမှန်မဟုတ်သည့်အပြင် ထာဝရဘီလူးဟုခေါ်ဆိုနိုင်သည်။
သို့သော်လည်း ဤဆိုက်ကလော့မျိုးနွယ်ဟာ ထိုပါ့ယွိ ဘာအခွင့်အလမ်းကိုရခဲ့မှန်း မသိကြပေ။
ထိုပါ့ယွိက တာအိုနှလုံးသားနတ်ဆိုးမျိုးစေ့ကို ပထမဆုံး ရရှိသူဖြစ်၍ အကျိုးအကျေးဇူးအများဆုံး ရရှိသူဖြစ်သည်မှာ သဘာဝအတိုင်းဖြစ်သည်။
သူ့ထံမှတဆင့် တာအိုနှလုံးသားနတ်ဆိုးမျိုးစေ့ကျင့်စဉ်ကို ရရှိပြီး ကျင့်ကြံသူများက သူ့အား အဆက်မပြတ် ထောက်ပံ့ပေးနေသည်ဟု ဆိုနိုင်ပေသည်။
ထို့အပြင် ထို့ပါယွိက ကျွင်းရှောင်ယောက်၏စွမ်းရည် တစ်ထောင်ပုံ တစ်ပုံကို ရရှိခဲ့သည်။
"ကျွင်း ရှောင် ယောက်"ဟူသော စကားသုံးလုံးက အရာအားလုံးကို မီးမောင်းထိုးပြနေသလို ဖြစ်၏။
အခြား ပါရမီရှင်များ၊ ဘီလူးများ၏ စွမ်းရည် တစ်ထောင်ပုံ တစ်ပုံက သာမန်ကျင့်ကြံသူများကို အတန်အသင့် အားကောင်းသည့် ပါရမီရှင်တစ်ဦး ဖြစ်လာစေနိုင်သည်။
သို့ရာတွင် ကျွင်းရှောင်ယောက်၏စွမ်းရည် တစ်ထောင်ပုံတစ်ပုံက အချို့သော ဘီလူးများထက်ပင် အားကောင်းသည်။
ထို့ကြောင့် ဤမျှတိုတောင်းသောအချိန်အတွင်း ထိုပါ့ယွိ သူတော်စင်အဆင့်သို့ ရောက်ရှိနိုင်သည်ကို နားလည်ရန် မခက်ခဲပေ။
တိုက်ပွဲအပြီးတွင်၊ ထိုပါ့ယွိက ဆိုက်ကလော့မျိုးနွယ်စုခေါင်းဆောင်ကို သတ်ပစ်လိုက်သည်။
ဆိုက်ကလော့မျိုးနွယ်တစ်ခုလုံး သုတ်သင်ရှင်းလင်းခံခဲ့ရ၏။
ဆိုက်ကလော့မျိုးနွယ်က စစ်သူကြီးမျိုးနွယ်များကြားတွင် အားနည်းသူသာ ဖြစ်သည်။
သို့သော်လည်း ဤအောင်ပွဲက ကျွန်မျိုးနွယ်များ၏ စိတ်ဓာတ်ကို မြှင့်တင်ပေးခဲ့ပေသည်။
"ကျေးဇူးတင်ပါတယ် သခင်ထိုပါ့ယွိ၊ သခင်ထိုပါ့ယွိမရှိရင် ငါတို့ကို ဆိုက်ကလော့တွေက ဖိနှိပ်နေဦးမှာ"
သွေးအရိုးမျိုးနွယ်၏ ခေါင်းဆောင်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"ဟုတ်ပါတယ်၊ သခင်ထိုပါ့ယွိက တကယ့်သူရဲကောင်းပဲ"
မှင်စာမျိုးနွယ်မှ သတ္တဝါကလည်း အော်လိုက်၏။
ပတ်ဝန်းကျင်ရှိ ကျွန်မျိုးနွယ်အသီးသီးမှ သတ္တဝါများလည်း စိတ်လှုပ်ရှားစွာဖြင့် လိုက်ပါအော်ဟစ်ကြတော့သည်။
သူ့ပတ်ဝန်းကျင်ရှိ ထောင်ပေါင်းများစွာသော သတ္တဝါများ၏ ရိုသေလေးစားမှုကို ခံစားရင်း ထိုပါ့ယွိလည်း အသက်ပြင်းပြင်းရှူလိုက်မိသည်။
ယင်းက သူ အမြဲတမ်း အိပ်မက်မက်ခဲ့ရတာ မဟုတ်လား။
သို့သော်လည်း...
ထိုပါ့ယွိက နားလည်မှုရှိသည်။
သူ၏ လက်ရှိဘုန်းအသရေကို ဘယ်သူကပေးခဲ့မှန်း သိ၏။
ကံကြမ္မာနှင့် ဖန်ဆင်းခြင်း၏ နတ်ဘုရားက သူ့အား အရာအားလုံးကို ပေးစွမ်းနိုင်သလို အရာအားလုံးကိုလည်း သူ့ထံမှ ဖယ်ထုတ်နိုင်သည်။
ထို့ကြောင့် ထိုပါ့ယွိ၏ ယုံကြည်ခြင်းက ပို၍ပင် ကိုင်းရှိုင်းလာတော့သည်။
"လူတိုင်းပဲ၊ ငါ ထိုပါ့ယွိက ဆန့်ကျင်တိုက်ခိုက်ပေးခဲ့တဲ့သူတစ်ယောက်ပါပဲ။ မင်းတို့ အမှန်တကယ်ယုံကြည်ပြီး ချီးမွမ်းသင့်တာက ကံကြမ္မာနဲ့ ဖန်ဆင်းခြင်းရဲ့ ကြီးမြတ်တဲ့ နတ်ဘုရားပဲ"
"ကံကြမ္မာနဲ့ ဖန်ဆင်းခြင်းရဲ့နတ်ဘုရားက ငါတို့ ကျွန်မျိုးနွယ်တွေရဲ့ သနားစရာဘဝတွေကို ပြောင်းလဲပေးခဲ့တာ"
ထိုပါ့ယွိ၏ စကားများက ပတ်ဝန်းကျင်မှ ကြွေးကြော်သံများကို ပိုကျယ်လောင်စေခဲ့သည်။
"ငါတို့အားလုံး ကံကြမ္မာနဲ့ဖန်ဆင်းခြင်းရဲ့ နတ်ဘုရားကို ထာဝရ ယုံကြည်ကိုးကွယ်လိုပါတယ်"
ရိုသေလေးစားစွာဖြင့် ကြွေးကြော်သံများက ကောင်းကင်နှင့် မြေပြင်ကို တုန်လှုပ်စေခဲ့ပေသည်။
ထိုပါ့ယွိက သူ့လက်နှစ်ဖက်ကို မြှောက်ပြပြီး ပြောလိုက်သည်။
"ဒါပေမဲ့ ဖိနှိပ်ခံနေရတာက ငါတို့ချည်း မဟုတ်ဘူး၊ ကျွန်မျိုးနွယ်ပေါင်း ထောင်ပေါင်းများစွာ ရှိသေးတယ်။ သူတို့ကိုလည်း လွတ်လပ်တဲ့ဘဝ ရရှိစေရမယ်၊ ဘယ်သူ ငါနဲ့ လက်တွဲချင်လဲ"
"ငါ့သွေးအရိုးမျိုးနွယ်က သခင်ထိုပါ့ယွိနဲ့ ကံကြမ္မာနဲ့ဖန်ဆင်းခြင်းရဲ့ နတ်ဘုရားနောက်ကိုလိုက်ဖို့ ဆန္ဒရှိပါတယ်"
"မှင်စာမျိုးနွယ်က..."
"ငါ့ ချီလင်မျိုးနွယ်ကောပဲ..."
မျိုးနွယ်စုအားလုံးက စိတ်အားထက်သန်မှု၊ ပြတ်သားသော ဆုံးဖြတ်ချက်တို့ဖြင့် ကျယ်လောင်စွာ အော်ပြောလိုက်ကြသည်။
မီးပွားတစ်ခုက ကျယ်ပြောသော မြက်ခင်းပြင်တစ်ခုလုံးကို လောင်ကျွမ်းစေနိုင်သည်။
ဤကစားပွဲကို စတင်ခဲ့သော ကျွင်းရှောင်ယောက်ကိုယ်တိုင်သည်ပင် ထိုပါ့ယွိကို ဤအထိ ရောက်နိုင်မည်ဟု မမျှော်လင့်ထားမှာ ကြောက်ရသည်။
ကျွန်မျိုးနွယ်က တိုင်းတစ်ပါး၏ အောက်ခြေတွင်ရှိကာ အားနည်းဆုံးဖြစ်တည်မှုများ ဖြစ်သည်။
သို့သော်လည်း အရေအတွက်ပြောင်းလဲမှုများက အရည်အသွေးဆိုင်ရာပြောင်းလဲမှုများကို ဖြစ်ပေါ်စေနိုင်၏။
သူတို့အားလုံး တာအိုနှလုံးသားနတ်ဆိုးမျိုးစေ့ကျင့်စဉ်ကို လေ့ကျင့်ခဲ့ကြသည်။
ထို့ကြောင့် အားလုံးလိုလို နိုးထလာပါက တိုင်းတပါးမှ ပုဂ္ဂိုလ်ကြီးများပင် ခေါင်းကိုက်ရလိမ့်မည်။
ကျွင်းရှောင်ယောက်ကတော့ ထိုပါ့ယွိ၏ အစီအစဉ်ကို ဝင်မစွတ်ဖက်ဘဲ လွတ်လွတ်လပ်လပ် ဖွံ့ဖြိုးတိုးတက်လာစေရန် ခွင့်ပြုခဲ့သည်။
ကျွင်းရှောင်ယောက်လည်း ယုံကြည်ခြင်းစွမ်းအားများ ပို၍ တိုးတက်လာသလို ခံစားခဲ့ရ၏။
ယုံကြည်ခြင်းမျိုးစေ့က သိမ်မွေ့သောပြောင်းလဲမှုအချို့ကိုပင် စတင်လာနေပြီ။
အလင်းရောင်ဖျော့ဖျော့တစ်ခုက မျက်နှာပြင်ကို ဖုံးလွှမ်းလာခဲ့သည်။
ဤပြောင်းလဲမှုက အလွန်သိမ်မွေ့သော်လည်း ကျွင်းရှောင်ယောက်၏ ဦးတည်ချက် မမှားဘူးဟု ဆိုနိုင်ပေသည်။
အကယ်၍ ကျွင်းရှောင်ယောက်ကို နတ်ဘုရားဟုဆိုလျှင် လှည့်စားခြင်းနတ်ဘုရားဟု ခေါ်သင့်သည်။
...............
ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်တွင် ကျွင်းရှောင်ယောက် နေထိုင်စဉ်အတွင်း တော်ဝင်မိသားစု၊ ထိပ်တန်းတော်ဝင်မိသားစုနှင့် ဧကရာဇ်တစ်ပိုင်း မျိုးနွယ်များက ရံဖန်ရံခါ လာရောက်လည်ပတ်ကြသည်။
ဧရာဇ်မျိုးနွယ်မှ တမန်တော်တစ်ဦးပင် ကျွင်းရှောင်ယောက်ကိုတွေ့ရှိရန် ရောက်လာခဲ့၏။
သို့သော်လည်း ကျွင်းရှောင်ယောက်က အားလုံးကို ငြင်းဆိုခဲ့သည်။
ဤလူများ၏ ရည်ရွယ်ချက်က ကျွင်းရှောင်ယောက်၏ အသေးစိတ်အချက်အလက်များ သိချင်တာ ဒါမှမဟုတ် သူ့ကို စုဆောင်းလိုတာ ဖြစ်သည်။
သို့သော်လည်း ယခုအချိန်တွင် ကျွင်းရှောင်ယောက်က ဧကရာဇ်တစ်ပိုင်းမျိုးနွယ် သို့မဟုတ် အင်မော်တယ်ဧကရာဇ်မျိုးနွယ်များသို့သွားရန် အစီအစဉ်မရှိသေးပါ။
ယင်းက တင်းကျပ်လွန်းပြီး လှုပ်ရှားရခက်နိုင်သည်။
တစ်နေ့တွင် ခေါင်းလောင်းသံ ရုတ်တရက် မြည်လာသည်။
ဤခေါင်းလောင်းသံက ကောင်းကင်နှင့်မြေပြင်ကိုဖြတ်၍ ဧရာမ ခေါင်းလောင်းကြီးကဲ့သို့ တိုင်းတစ်ပါးတစ်ခုလုံးကို ပဲ့တင်ထပ်သွား၏။
တိုင်းတစ်ပါးမှ မရေမတွက်နိုင်သော လူငယ်များအားလုံး ခေါင်းကိုမော့ကာ ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။
သူတို့၏ မျက်လုံးများမှာတော့ စိတ်လှုပ်ရှားမှု မီးတောက်က တောက်နေပြီ။
စစ်နတ်ဘုရားအကယ်ဒမီ ပွင့်ပြီ။