← Chapters

အခန်း ၉၃၈

Vol. 63 Ch. 938

အခန်း ၉၃၈

Vol. 63 Ch. 938

အခန်း ( ၉၃၈ ) ကောင်းကင်ဘုရင်ဆယ်ပါးစလုံး လှုပ်ရှားဖို့ အရည်အချင်းပြည့်မီတယ်။

အကြီးအကဲမူ၏ စကားများက ပတ်ဝန်းကျင်ရှိ ပါးစပ်ပေါက်အားလုံးကို ပိတ်သွားလုနီးပါး ဖြစ်စေခဲ့သည်။

ကျွင်းရှောင်ယောက်ကို စစ်နတ်ဘုရားတစ်ပိုင်းဘွဲ့ ကြိုတင်ပေးအပ်သည့်အတွက် မကျေနပ်သော်လည်း ယင်းကို ထုတ်မပြဝံ့တော့ပေ။

နောက်ဆုံးတွင်၊ ယင်းက စစ်နတ်ဘုရားနန်းတော်၏ မဟာပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

‌ဖူ‌ယောင်နှင့် အခြားသူများပင်လျှင် ပညာရှိစွာ ပါးစပ်ပိတ်သွားခဲ့ကြလေသည်။

သို့သော်လည်း သူတို့မျက်နှာများက အလွန် အကြည့်ရဆိုးနေခဲ့သည်။

"မိတ်ဆွေလေး၊ ဒီလိုဆိုရင် ငါနဲ့အတူ အတွင်းစက်ဝိုင်းကို လိုက်ခဲ့ပါတော့"

အကြီးအကဲမူက ချိုချိုသာသာ ပြောလိုက်သည်။

ထိုအချိန်တွင် ကျွင်းရှောင်ယောက်၏ အဖြေစကားကို အနှောင့်အယှက်ပေးသော အသံတစ်ခု ထွက်ပေါ်လာသည်။

"အကြီးအကဲမူ၊ ကျုပ် တစ်ခုလောက် မေးချင်တယ်။ စစ်နတ်ဘုရားနန်းတော်က အပ်နှင်းထားတဲ့ စစ်နတ်ဘုရားတစ်ပိုင်းက ဘယ်လောက် အရည်အချင်းရှိလဲ"

စကားသံအဆုံးတွင် ရွှေနက်ရောင်ဝတ်စုံနှင့် ချောမောသော လူငယ်တစ်ယောက် ထွက်ပေါ်လာ၏။ သူ့ဘေးမှာလည်း အစေခံအိုကြီးတစ်ဦး ရှိသေးသည်။

"လီကျိုးမင်"

လီကျိုးမင် ရောက်ရှိလာခြင်းက ပရိသတ်အကုန်လုံးကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့သည်။

ဤသည်မှာ မင်ကျောက် ဧကရာဇ်မျိုးနွယ်မှ သခင်လေး ဖြစ်၏။

ဧကရာဇ်မျိုးနွယ်တစ်ခု၏ သခင်လေး။

ဖူယောင်သည်လည်း ‌ဖူမော့ဧကရာဇ်မျိုးနွယ်မှဖြစ်သည့်တိုင်...

နှိုင်းယှဉ်ကြည့်လျှင် သူ့အဆင့်အတန်းက လီကျိုးမင်လောက် မမြင့်မားပေ။

ဤအခိုက်အတန့်တွင်၊ လီကျိုးမင် ရောက်ရှိလာခြင်းက ပတ်ဝန်းကျင် အငွေ့အသက်ကို ပို၍ ပူလောင်စေခဲ့ကြောင်း ထင်ရှားသည်။

ယခင်ကတည်းက လီကျိုးမင်နှင့် ကျွင်းရှောင်ယောက်ကြားတွင် ပြဿနာများ ရှိပေသည်။

ကျွင်းရှောင်ယောက်က လီကျိုးမင်၏ ကိုယ်လုပ်တော်တစ်ဦးကို သတ်ခဲ့သည်။

ထိုအတွက် လီကျိုးမင်က စစ်နတ်ဘုရားနန်းတော်တွင် ကျွင်းရှောင်ယောက်ကို တိုက်ခိုက်မည်ဟု ကြေညာခဲ့ပေသည်။

ယခုတော့ နှစ်ယောက်သား ဆုံတွေ့ကြပြီ ဖြစ်သည်။

ယင်းက အများမျှော်လင့်ထားသလို အုန်းဒိုင်းကြဲတာမျိုးတော့ မဖြစ်ပေ။

လီကျိုးမင်က ဒေါသကိုပင် ထုတ်ဖော်မပြခဲ့ပါ။

သို့သော်လည်း ဤကဲ့သို့ တည်ငြိမ်ခြင်းမျိုးက ရေစီးကြောင်းကို ပို၍ ပြင်းထန်လာစေသည်။

ကျွင်းရှောင်ယောက်လည်း လီကျိုးမင်ကိုကြည့်ကာ တိတ်တဆိတ် ခေါင်းညိတ်လိုက်လေသည်။

သူက အမှန်တကယ်ပင် ဧကရာဇ်မျိုးနွယ်၏ သခင်လေးတစ်ဦး ဖြစ်ထိုက်သည်။ ဒေါသထွက်နေသည့်တိုင် လုပ်သင့်လုပ်ထိုက်သည့်ပုံစံကို ကြည့်နေသေးသည်။

ယင်းကို‌မြင်တော့ အကြီးအကဲမူ၏ မျက်လုံးများက မကျေမနပ် အရိပ်အယောင်များ ပေါ်လာခဲ့သည်။ သို့သော်လည်း စကားအများကြီး မပြောနိုင်ခဲ့ပေ။

လီကျိုးမင်၏ စကားများက ကျိုးကြောင်းဆီလျော်ကာ အလွန်အကျွံမဟုတ်ပါ။

အမှန်အတိုင်းပြောရလျှင်၊ အကြီးအကဲမူကိုယ်တိုင်က အတွင်းစက်ဝိုင်းမှ အခြားပုဂ္ဂိုလ်ကြီးများကြောင့် ကျွင်းရှောင်ယောက်ကို ဤသဘောထားမျိုးဖြင့် ဆက်ဆံခဲ့ခြင်း ဖြစ်သည်။

ကျွင်းရှောင်ယောက်၏ စစ်မှန်သောခွန်အားကိုတော့ သူလည်း သိချင်ခဲ့ပေသည်။

"ဒါဆိုရင်လည်း လာပါ"

ကျွင်းရှောင်ယောက်က သူ့လက်တွေကို ဝှေ့ယမ်းလိုက်သည်။

သူ၏ ဩဇာအာဏာ ထူထောင်ရန် အချိန်တန်ပြီ။

ဤသို့ဖြင့် ခွေးများ၊ ကြောင်များက သူ့ကို ရန်လာစတော့မည် မဟုတ်ပါ။

ယနေ့ကဲ့သို့ ပါရမီရှင်များ ထောင်သောင်းချီ၏ ရှေ့မှောက်တွင် နာမည်ကောင်းတစ်ခု ထူထောင်ခြင်းက ကောင်းမွန်သော ဆုံးဖြတ်ချက် ဖြစ်သည်။

ကျွင်းရှောင်ယောက်၏ စကားက ပရိသတ်ကို ရုတ်ရုတ်သဲသဲဖြစ်သွားစေခဲ့သည်။

စစ်နတ်ဘုရားအကယ်ဒမီသို့ ဝင်ရောက်ခြင်းအပြင်...

ဤပါရမီရှင်များက ကျွင်းရှောင်ယောက်နှင့် လီကျိုးမင်၏ တိုက်ပွဲကို ကြည့်ချင်သောကြောင့် ရောက်လာခြင်း ဖြစ်သည်။

နောက်ဆုံးတွင် တစ်ယောက်က မင်ကျောက်ဧကရာဇ်မျိုးနွယ်၏ သခင်လေးဖြစ်ပြီး ကျန်တစ်ဦးက ကစဉ့်ကလျားခန္ဓာပင်။

ဤလူနှစ်ယောက်ကြားမှ တိုက်ပွဲက တကယ့်ကို စိတ်ဝင်စားစရာကောင်းလွန်းသည်။

"ဒါက တကယ်ကို စိတ်ဝင်စားဖို့ကောင်းတာပဲ"

တုရှန်ဝမ်ဝမ်၏ လှပသော မျက်နှာလေးက စိတ်လှုပ်ရှားမှု အရိပ်အမြွက်တို့ ယှက်သန်းသွားခဲ့သည်။

အနည်းငယ်ကြမ်းပြီး တိုက်ခိုက်ရေးကို ဝါသနာထုံသော သူမအတွက် ဤတိုက်ပွဲမျိုးက စိတ်ဝင်စားစရာအကောင်းဆုံးပင်။

"ကောင်းတယ်"

လီကျိုးမင်လည်း နှုတ်ခမ်းကိုတွန့်ကွေးလိုက်သည်။

ကစဉ့်ကလျားခန္ဓာကို သူ၏ ခြေနင်းကျောက်အဖြစ်အဖြစ် သုံးရတာလည်း မဆိုးပေ။

သို့သော်လည်း ကျွင်းရှောင်ယောက်က ခေါင်းခါယမ်းလိုက်သည်။

"မင်းနားလည်မှုလွဲနေပြီထင်တယ်"

"မင်းဘာပြောချင်တာလဲ"

လီကျိုးမင် အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။

"မင်းတစ်ယောက်တည်းကို ငါရည်ညွှန်းတာ မဟုတ်ဘူး။ ထိပ်တန်းဘုရင်အဆင့် ပါရမီရှင် ဆယ်ယောက်စလုံး အတူတူလှုပ်ရှားဖို့ အရည်အချင်းပြည့်မီတယ်"

ထိုစကားက မိုးကြိုးထစ်ချုန်းသကဲ့သို့ပင်။

လူတိုင်း ထုံကျင်သွားခဲ့သည်။ မျက်လုံးများ ပြူးကျယ်ပြီး ခေါင်းထဲမှာ အနည်းငယ် မူးနောက်သွား၏။

ကျွင်းရှောင်ယောက် တစ်ယောက်တည်းက ဘုရင်အဆင့် ပါရမီရှင် ဆယ်ယောက်စလုံးကို စိန်ခေါ်သည်။

ယခု ဤနေရာတွင် လီကျိုးမင်၊ ဖူယောင်၊ ကျင်းကျန့်၊ ဂူချီနှင့် ခေါင်းနှစ်လုံးနတ်ဘုရားသားရဲအပါအဝင် ကောင်းကင်ဘုရင်အဆင့် ပါရမီရှင်ငါးဦး ရှိသည်။

ကောင်းကင်ဘုရင်ဆယ်ပါးတွင် ငါးဦးက ဤနေရာကို ရောက်နေပြီ ဖြစ်၏။

သို့ဆိုလျှင် ကျွင်းရှောင်ယောက်က ဘုရင်ငါးပါးကို တစ်ယောက်တည်း စိန်ခေါ်လိုခြင်း ဖြစ်သည်။

ထို့အပြင် ကျွင်းရှောင်ယောက်၏ စကားလုံးများမှ ထူးခြားမှုကို လူအများ သတိပြုမိကြသည်။

ထိပ်တန်းဘုရင်အဆင့် ပါရမီရှင် ဆယ်ဦးစလုံးက သူ့ကို အရေးယူရန် အရည်အချင်းပြည့်မီသူများ ဖြစ်သည်။

တစ်နည်းအားဖြင့် ကောင်းကင်ဘုရင်ဆယ်ပါးအောက်မှ ပါရမီရှင်များဟာ ကျွင်းရှောင်ယောက်ကို တိုက်ခိုက်ရန် အရည်အချင်းတောင် မရှိကြပေ။

ထိုလေသံက ကြီးလွန်းသည်။

"ဟားဟားဟား၊ ကစဉ့်ကလျားခန္ဓာက မျှော်လင့်ထားတဲ့အတိုင်းပဲ"

အကြီးအကဲမူလည်း ပြုံးရင်း ပို၍ စိတ်ဝင်စားလာခဲ့လေသည်။

"စိတ်ဝင်စားစရာပဲ၊ တကယ်ကို စိတ်ဝင်စားဖို့ကောင်းတယ်"

တုရှန်ဝမ်ဝမ်၏ လှပသော မျက်လုံးများက ပို၍ တောက်ပလာခဲ့သည်။

တိုက်ခိုက်ခြင်းကို စိတ်ဝင်စားသူအနေဖြင့် သူမ သဘောကျဆုံးက လွှမ်းမိုးချုပ်ကိုင်ထားသော အပြောအဆိုမျိုးပင်။

ပရိသတ်၏ စိတ်လှုပ်ရှားမှုနှင့်ယှဉ်လျှင်...

လီကျိုးမင်၏ မျက်နှာက အနည်းငယ် မည်းမှောင်သွားသည်။

ဖူယောင်နှင့် အခြားသူများ၏ မျက်နှာများလည်း မကြည်မသာဖြစ်သွားသည်။

သူတို့ကမည်သူနည်း။

မျိုးဆက်သစ်လူငယ်များ၏ ထိပ်တန်းဘုရင်ဆယ်ပါး ဖြစ်သည်။

ယခုမူ၊ ၎င်းကို တိုင်းတာမှုယူနစ်တစ်ခုအဖြစ် သတ်မှတ်နေပုံပင်။

သူတို့သာ ကောင်းကင်ဘုရင်အဆင့်မှာ မဟုတ်ပါက ကျွင်းရှောင်ယောက်ကို တိုက်ခိုက်ရန်ပင် အရည်အချင်းရှိမည် မဟုတ်ပါ။

သူတို့ဘဝတွင် ဤအရှက်တရားမျိုး ဘယ်တုန်းက ကြုံခဲ့ဖူးလို့လဲ။

"ကစဉ့်ကလျားခန္ဓာ၊ မင်းလေသံက နည်းနည်းမဟုတ်သေးဘူးကွ။ မင်း ဒီသခင်လေးကို အထင်သေးနေတာလား"

လီကျိုးမင် မျက်မှောင်ကြုတ်လိုက်သည်။

"အမှန်အတိုင်းပြောတာပါ"

ကျွင်းရှောင်ယောက်က အမူအရာမပြောင်းပေ။

"ဟား၊ အတော်မောက်မာတဲ့ကောင်ပဲ။ လီကျိုးမင်၊ ဒီလောက်မောက်မာတဲ့ကောင်ကို ငါ ဆုံးမလိုက်ပါရစေ"

ရွှေချပ်ဝတ်မျိုးနွယ်မှ ကျင်းကျန့်က ဒေါသတကြီးဖြင့် ရယ်မောကာ ပြောလိုက်သည်။ ရွှေရောင်ဖျော့ဖျော့ သူ့မျက်လုံးများက လှုပ်ရှားလာပြီး မျက်လုံးများမှာလည်း အေစက်သွား၏။

ကျွင်းရှောင်ယောက်ကို သူ အမှန်တကယ် ဒေါသထွက်သွားပြီ ဖြစ်သည်။

"ဝုန်း"

ကျင်းကျန့်က အပိုစကားများ အများကြီးမပြောဘဲ တိုက်ရိုက် လှုပ်ရှားလိုက်သည်။

ရွှေချပ်ဝတ်မျိုးနွယ်က ခန္ဓာကိုယ်သန့်စင်ခြင်းတွင် ထူးချွန်ကြ၏။

သူတို့မျိုးနွယ်၏ မရွေ့လျားသောဘုရင် လျှို့ဝှက်ကျင့်စဉ်က သူတို့မျိုးနွယ်ကို တိုင်းတပါးတွင် နှစ်ပေါင်းများစွာကြာအောင် အခိုင်အမာရပ်တည်စေနိုင်ခဲ့‌ပေသည်။

သူ၏ ရွှေရောင်လက်သီးအင်အားက ပင်လယ်လှိုင်းလုံးကြီးကဲ့သို့ ကျွင်းရှောင်ယောက်ထံ တိုးဝင်သွားသည်။

"ဝိုး၊ သူက တကယ်ကို အဓိပဓိတစ်ပိုင်းနယ်ပယ်မှာပဲ"

အရပ်ရပ်မှ ပါရမီရှင်များ ထိတ်လန့်သွားကြသည်။

ကောင်းကင်ဘုရင်ဆယ်ပါးစလုံးက အဓိပဓိတစ်ပိုင်းနယ်ပယ်တွင် ရှိကြ၏။

ကျင်းကျန့်၏ ဤလက်သီးချက်ကို ခံနိုင်ရည်ရှိသူက လက်ရှိပရိသတ်ထဲတွင် များများမရှိပေ။

ထို့နောက်တွင် အားလုံးက ကျွင်းရှောင်ယောက်ကို စိုက်ကြည့်လိုက်ကြသည်။

တိုင်းတပါးတွင် ကျွင်းရှောင်ယောက်က လှုပ်ရှားခဲ၏။ သူ လှုပ်ရှားခဲ့သည့် တစ်ခုတည်းသောနေရာက‌ ကောင်းကင်အင်မော်တယ်ပွဲတော်တွင် ဖြစ်သည်။

ထိုစဉ်က သူ့ပြိုင်ဘက်ကလည်း လီကျိုးမင်၏ ကျွန်တစ်ဦးမျှသာ ဖြစ်ချေသည်။

သူ့ကို ကျွင်းရှောင်ယောက်က လက်တစ်ဖက်တည်းဖြင့် ဖိနှိပ်ခဲ့သော်လည်း ကျွင်းရှောင်ယောက်၏ ခွန်အားအစစ်အမှန်ကို လူတော်တော်များများ မသိခဲ့ကြပေ။

ကျွင်းရှောင်ယောက်က သူ့လက်ဝါးတစ်ဖက်ကို ရိုးရိုးလေး ဆန့်ထုတ်လိုက်သည်။

ခဏအတွင်း...

ကစဉ့်ကလျားစွမ်းအင်များက တဟုန်ထိုးတက်လာခဲ့၏။

ဤလက်ဝါးက ရှေးဦးကစဉ့်ကလျားဟုပင် ခံစားလိုက်ကြရသည်။

"ဝုန်း၊ အား"

ပေါက်ကွဲသံနှင့် ညည်းတွားသံက ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။

ကျင်းကျန့်၏ လက်တစ်ဖက်က ပေါက်ကွဲထွက်ပြီး သွေးများ ဖြာရဲသွား၏။

ကြောက်ရွံ့မှုတို့က သူ့မျက်လုံးထဲတွင်ပေါ်လာကာ ကမန်းကတန်း ဆုတ်သွားတော့သည်။

ကျွင်းရှောင်ယောက်က မပြောင်းလဲသောအမူအရာဖြင့် ရှေ့သို့လှမ်းလိုက်သည်။

နောက်အခိုက်အတန့်တွင် သူက ကျင်းကျန့်၏ရှေ့သို့ရောက်လာပြီး လက်သီးတစ်ချက် ထုတ်ဖော်လိုက်၏။

"မရွေ့လျားသောတောင်ဘုရင်"

ကျင်းကျန့် အာခေါင်ခြစ်ပြီး အော်လိုက်သည်။ ယခုတော့ ဘယ်လိုဖြစ်တည်မှုမျိုးကို ရန်စမိခဲ့မှန်း သူ နားလည်သွားပြီ။

"ဝမ်"

ကျင်းကျန့်၏ ခန္ဓာကိုယ်ပေါ်မှ ရွှေရောင်ချပ်ဝတ်တန်ဆာက တုန်ခါပြီး ရှေးကျ၍ ရှုပ်ထွေးသော ကမ္ပည်းအမျိုးမျိုး ပေါ်လာခဲ့သည်။

ဤအခိုက်တွင် ကျင်းကျန့်က ရွှေရောင်ချပ်ဝတ်ဖြင့် နတ်ဘုရားစစ်သူကြီးအဖြစ်သို့ ပြောင်းလဲသွားပုံရသည်။ တောင်ဘုရင် အရိပ်တစ်ခုကလည်း ကောင်းကင်ကို ဖြိုခွင်းနိုင်သကဲ့သို့ သူ့နောက်တွင် ပေါ်လာ၏။

ကျွင်းရှောင်ယောက်က လက်သီးချက်ထုတ်ဖော်လိုက်သောအခါ ကစဉ့်ကလျားစွမ်းအင်ကြိုးများက မြူခိုးများကဲ့သို့ သူ့လက်သီးကို ဖုံးလွှမ်းသွားတော့သည်။

"ဝုန်း"

လက်သီးတစ်ချက်က ကျင်းကျန့်၏ခန္ဓာကို တိုက်ရိုက်ဖောက်ခွဲပစ်လိုက်သည်။ ကျိုးပဲ့နေသော အသားများ၊ သွေးများနှင့် အရိုးများကလည်း အရပ်ရပ်သို့ လွင့်စဉ်သွား၏။

သူ့ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်ချပ်ဝတ်တန်ဆာသည်ပင် အပိုင်းပိုင်းကွဲသွားတော့သည်။

တောင်ဘုရင်၏အရိပ်လည်း ကစဉ့်ကလျားစွမ်းအင်ကြောင့် တိုက်ရိုက်‌ ကြေမွသွားခဲ့သည်။

ရှေးဦးဝိညာဉ်တစ်ခုသာ ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းလဲ၍ အဝေးသို့ ပြေးသွားနိုင်ခဲ့သည်။ သူ့မျက်နှာမှာတော့ မကြုံစဖူး ကြောက်ရွံ့ထိတ်လန့်မှုကို ပြည့်နေပြီ။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။

ကောင်းကင်ဘုရင်ဆယ်ပါးတွင် ရွှေချပ်ဝတ်မျိုးနွယ်၏ မျိုးနွယ်ဝင်တစ်ဦးဖြစ်သော ကျင်းကျန့်ကို ပြိုင်ဘက်ကင်းသော ခန္ဓာကိုယ်နှင့် ထိုးဖောက်မရသော ခုခံနိုင်စွမ်းရှိသည်ဟု ဆိုကြသည်။

ယခုတော့ ကျွင်းရှောင်ယောက်၏ တိုက်ခိုက်မှုနှစ်ခုတည်းဖြင့် သူ့ခန္ဓာကိုယ်သည် ပေါက်ကွဲသွားခဲ့ပြီ။

All Chapters