← Chapters

အခန်း ၉၄၁

Vol. 63 Ch. 941

အခန်း ၉၄၁

Vol. 63 Ch. 941

အခန်း ( ၉၄၁ ) လီကျိုးမင်ကို အနိုင်ယူခြင်း။

တောက်ပသော ဓားအလင်းက အမှောင်ကျနေသော ကမ္ဘာကြီးကို လင်းထိန်သွားစေခဲ့သည်။

ကျွင်းရှောင်ယောက်က တာ့လော့ဓားသန္ဓေကို လက်တစ်ဖက်ဖြင့် ညင်သာစွာ ပွတ်သပ်လိုက်သည်။

ကောင်းကင်ကပ်ဘေးအလင်းက စီးဆင်းသွား၏။

ဓားသန္ဓေ၏ မျက်နှာပြင်ပေါ်ရှိ အမှတ်အသားများက အသက်ဝင်လာသကဲ့သို့ လှုပ်ရှားလာတော့သည်။

ကျွင်းရှောင်ယောက်က တာ့လော့ဓားသန္ဓေအား လက်တစ်ဖက်တည်းဖြင့်ကိုင်ကာ လွှဲခုတ်လိုက်သည်။

အဖြူရောင်ဝတ်စုံဖြင့် အင်မော်တယ်တစ်ပါးကဲ့သို့ သူ့ဓားချက်က စကြာဝဠာကိုဖြတ်ကာ ကျယ်ပြောလှသော နယ်မြေကြီးကို တောက်ပသွားစေခဲ့၏။

မဟာနတ်ဘုရားသိုင်းကြီးငါးခုထဲမှ တစ်ခုဖြစ်သော ကောင်းကင်ဖျက်ဆီးခြင်းကျမ်းကလည်း ထောက်ပံ့ထားသေးသည်။

ဓားအလင်းက ဟင်းလင်းပြင်ကိုဖြတ်သန်းပြီး ကောင်းကင်မှ ဧရာမ မိစ္ဆာမျက်လုံးကို တိုက်ရိုက်ထိမှန်သွားသည်။

"ရွှပ်"

အသံတစ်ခုနှင့် ခရမ်းရောင်အလင်းတန်းက မိစ္ဆာမျက်လုံးနှင့်အတူ ထက်ခြမ်းကွဲသွားတော့သည်။

တာ့လော့ဓားသန္ဓေ၏ ဓားအလင်းက အရှိန်အဟုန်မပျက်ဘဲ စိတ်ပျက်အားငယ်ခြင်းမျက်လုံးကို ထပ်မံထိမှန်သွားခဲ့သည်။

"ခွမ်း"

ဧကရာဇ်တစ်ပိုင်းအဆင့်လက်နက် မိစ္ဆာမျက်လုံးကြီး၏ မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများ ပေါ်လာသည်။

ထို့နောက်တွင် ပေါက်ကွဲသွား၏။

ယင်းက အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားပြီး ကျန်အနှစ်သာရစွမ်းအင်များကို တာ့လောဓားသန္ဓေက အဟာရအဖြစ် ဝါးမျိုသွားတော့သည်။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"

လီကျိုးမင် မည်သို့မျှ မယုံနိုင်တော့ဘဲ ပါးစပ်ထဲမှ သွေးတစ်ပွက်ကို အန်ထုတ်လိုက်မိသည်။

သူ အချိန်အတော်ကြာ ပျိုးထောင်ခဲ့ရသော ဧကရာဇ်တစ်ပိုင်းလက်နက် စိတ်ပျက်အားငယ်ခြင်းမျက်လုံးက အမှန်တကယ် ပျက်စီးသွားခဲ့ပြီ။

သို့သော်လည်း သူ တုန်လှုပ်ခြင်းမှ မပြီးဆုံးသေးပါ။

ကျွင်းရှောင်ယောက်က တာ့လော့ဓားသန္ဓေဖြင့် ပေါ့ပေါ့ပါးပါး လွှဲခုတ်လိုက်သည်။

"ရွှပ်"

လီကျိုးမင်၏ ရင်ဘတ်တွင် အရိုးထိနက်သော ဒဏ်ရာကြီးတစ်ခု ပေါ်လာပြီး လွင့်စဉ်သွား၏။

အကယ်၍ သူသည်သာ ကျောက်စိမ်းနက်ပိုးဖြင့် ပြုလုပ်ထားသော ချပ်ဝတ်တန်ဆာကို မ၀တ်ထားပါက၊ သူ့ခန္ဓာကိုယ်ကို ဤဓားအလင်းက နှစ်ပိုင်းခွဲသွားပေလိမ့်မည်။

ကျွင်းရှောင်ယောက်က ဓားချက် ထပ်မံထုတ်ဖော်ရန် ဟန်ပြင်လိုက်သည်။ သို့သော်၊ ထိုအချိန်တွင် အစေခံအဘိုးကြီးတစ်ယောက်က လီကျိုးမင်ရှေ့တွင် ပေါ်လာခဲ့၏။

ထိုသူမှာ ယခင်က လီကျိုးမင်နောက်သို့ လိုက်ပါလာသော အစေခံအိုကြီး ဖြစ်သည်။

"သခင်လေး၊ ဒီလောက်ဆို တော်သင့်ပါပြီ"

အစေခံ အဘိုးကြီးက ပုံမှန်အတိုင်း ပြောလိုက်သည်။ သို့ပေမည့် သူ့မျက်နှာအမူအရာကတော့ သိပ်ပြီး ကြည့်မကောင်းလှပေ။

နောက်ဆုံးတွင်၊ သူ၏သခင်လေးက ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့ရသည်။

'သူက စစ်မှန်တဲ့ အဓိပဓိပဲ'

ကျွင်းရှောင်ယောက်၏ မျက်လုံးများက အရောင်လက်သွားသည်။ သူ့စိတ်ထဲတွင် အတွေးတချို့ ပေါ်လာခဲ့၏။

လီကျိုးမင်၏ အစေခံအဘိုးကြီးက အမှန်တကယ် အဓိပဓိနယ်ပယ် ကျွမ်းကျင်သူ ဖြစ်သည်။

သို့သော်၊ ကျွင်းရှောင်ယောက်က ဂရုမစိုက်ပါ။ သူက လှောင်ပြုံး တစ်ချက်ပြုံးပြီး ပြောလိုက်သည်။

"ငါ့ကို စပြီးစိန်ခေါ်ခဲ့တာက လီကျိုးမင်ပဲလေ။ အခု နည်းနည်းပါးပါး လှုပ်ရှားရသေးတယ်၊ မင်းက အဆုံးသတ်ချင်နေတာလား"

ကျွင်းရှောင်ယောက်က မရပ်တန့်သည့်အပြင် ကောင်းကင်ကပ်ဘေးအလင်း၊ ဆမ်ဆာရာနိဗ္ဗာနအလင်းနှင့် အပြစ်သားကမ္မအလင်းတို့ကို တပြိုင်နက်တည်း အသက်သွင်းလိုက်သည်။

အနှိုင်းမဲ့အရိုးမှ သဘာဝစွမ်းရည်သုံးမျိုးက တာ့လော့ဓားသန္ဓေကို စီးဝင်သွားသည်။

ထို့နောက် ကောင်းကင်ဖျက်ဆီးခြင်းကျမ်းဖြင့် ဓားချက် ထပ်မံထုတ်ဖော်လိုက်၏။

အဓိပဓိနယ်ပယ် အစေခံအဘိုးကြီး၏ မျက်လုံးများက ပြူးကျယ်သွားခဲ့သည်။ ကျွင်းရှောင်ယောက်က သူ့ကိုပင် တိုက်ခိုက်ဝံ့မည်ဟု မထင်ထားခဲ့ပေ။

“မင်း အရမ်းလွန်သွားပြီ"

အစေခံအဘိုးကြီး၏ အမူအရာက အေးစက်သွားပြီး သတ်ဖြတ်ချင်စိတ်တို့လည်း သူ့မျက်လုံးများတွင် တောက်ပလာခဲ့သည်။

သို့သော်လည်း ကျွင်းရှောင်ယောက်သည် စစ်နတ်ဘုရားနန်းတော်မှ စစ်နတ်ဘုရားတစ်ပိုင်း ဖြစ်၏။

ထို့ကြောင့် သူ့တွင် ယခုထက် သတ္တိအဆတစ်သောင်း ပိုကောင်းနေလျှင်ပင် ကျွင်းရှောင်ယောက်ကို ပေါ်တင်သတ်ဝံ့မည် မဟုတ်ပါ။

သို့ရာတွင် ကျွင်းရှောင်ယောက်ကို ဒဏ်ရာရစေပြီး ခက်ခဲသောအခြေအနေတွင် ထားခဲ့ခြင်းဖြင့် သူ့သခင်လေးအတွက် မျက်နှာသာပြန်ရနိုင်သည်။

'မင်းတောင်းဆိုတာ...'

‌အစေခံ အဘိုးကြီးက စိတ်ထဲမှ လှောင်ပြောင်လိုက်သည်။ သူ့ထံမှ အဓိပဓိနယ်ပယ် အရှိန်အဝါများ ပေါက်ကွဲထွက်လာ၏။

သူသည် မင်ကျောက်ဧကရာဇ်မျိုးနွယ်မှ မဟုတ်သော်လည်း အားကောင်းသည့် အဓိပဓိအဆင့် အကျော်အမော်တစ်ဦးဖြစ်နေဆဲပင်။

"ဝုန်း"

အစေခံအဘိုးကြီးက ကျွင်းရှောင်ယောက်ကိုရည်ရွယ်ကာ လက်တစ်ဖက်ဖြင့် ရှေ့သို့ ဖိချဟန်ပြုလိုက်သည်။

သို့သော်...

ရလဒ်အနေဖြင့် သွေးများ ဖြာထွက်လာ၏။

တာ့လော့ဓားသန္ဓေဖြင့် ဓားချက်က အစေခံအဘိုးကြီး၏ လက်တစ်ဖက်ကို တိုက်ရိုက်ဖြတ်တောက်ပစ်လိုက်တော့သည်။

'ဒါက ဘယ်လိုစွမ်းအားမျိုးလဲ'

အစေခံအဘိုးကြီး၏ မျက်လုံးများက တုန်လှုပ်ခြင်းများ ပေါ်လာခဲ့သည်။

တာ့လော့ဓားသန္ဓေတွင် မတူညီသော အင်္ဂါရပ်သုံးခု၏ စွမ်းအားများကို ခံစားခဲ့ရပေသည်။

သွေးများက အရပ်ရပ်သို့ ဖြာကျသွားခဲ့သည်။

အဓိပတိသွေးများက ဥက္ကာခဲကဲ့သို့ မြေပြင်ပေါ်သို့ကျလာသောအခါ နက်နဲသောတွင်းများကို ဖြစ်ပေါ်လာစေခဲ့ပေသည်။

အဓိပဓိအဆင့် အကျော်အမော်တစ်ဦး အမှန်တကယ်ပင် လက်တစ်ဖက် ပြတ်သွားပြီ ဖြစ်သည်။

ပတ်ဝန်းကျင်မှ တိုင်းတပါး သတ္တဝါအားလုံး ဤမြင်ကွင်းကိုမြင်ပြီးနောက် လိပ်ပြာလွင့်မတတ် တုန်လှုပ်‌သွားခဲ့ကြသည်။

ဤမြင်ကွင်းကို ကိုယ့်မျက်စိနှင့် မမြင်ရပါက မည်သူမျှ ယုံနိုင်ကြမှာ မဟုတ်ပေ။

နောက်ဆုံးတွင်၊ အဓိပဓိနယ်ပယ်ခုနစ်ခုက သူတော်စင်နယ်ပယ်ကိုးခု မဟုတ်ပါ။

သူတော်စင်အဆင့်ကိုးခုတွင် အဆင့်ကျော်ပြီး တိုက်ခိုက်နိုင်သော ပါရမီရှင်များစွာ ရှိသည်။

သို့ရာတွင်၊ အဓိပဓိနယ်ပယ်ခုနစ်ခုမှာတော့ အဆင့်ကျော် တိုက်ခိုက်ရန်က ကောင်းကင်ဘုံကိုတက်ခြင်းထက် ပို၍ ခက်သွားပြီ။

ထိပ်သီး ပါရမီရှင်များပင် ထိုသို့လုပ်ရန် ခက်ခဲနိုင်သည်။

"ဂျူနီယာ၊ မင်း အတင့်ရဲလိုက်တာ"

အစေခံအဘိုးကြီး ဒေါသထွက်သွားသည်။

အဓိပဓိတစ်ပါးဖြစ်ပြီး အဓိပဓိတစ်ပိုင်းအဆင့် လူငယ်တစ်ဦးကြောင့် အမှန်တကယ် ဒဏ်ရာရရှိခဲ့ပေသည်။

သူ့ထံမှ နိယာမစွမ်းအားတစ်ခုက ချက်ချင်း ထွက်ပေါ်လာခဲ့သည်။ အဘိုးကြီးကတော့ အမှန်တကယ် လုပ်နေပြီ။

အဓိပဓိနယ်ပယ်နှင့် အဓိပဓိတစ်ပိုင်းကြားမှ ခြားနားချက်မှာ နိယာမ ထိန်းချုပ်နိုင်စွမ်း ဖြစ်သည်။

အဓိပဓိနယ်ပယ်အောက်တွင် ကျင့်ကြံသူအားလုံးက နတ်ဘုရားစွမ်းရည်ကိုသာ လေ့ကျင့်ကြသည်။  

သို့ရာတွင်၊ အဓိပဓိနယ်ပယ်နှင့် အထက်မှာတော့ နတ်ဘုရားစွမ်းရည်သက်သက် မဟုတ်တော့ပေ။

နိယာမစွမ်းအားကို ထိန်းချုပ်ခြင်းက အရေးကြီးဆုံး ဖြစ်သည်။

"ဝုန်း"

နိယာမစွမ်းအား ထွက်ပေါ်လာသည်နှင့် အစေခံအဘိုးကြီး၏ အရှိန်အဝါက တဖြည်းဖြည်း မြင့်မားလာကာ ကျွင်းရှောင်ယောက်ကို ဖိနှိပ်လာတော့သည်။

"အကြီးအကဲတူ၊ ရပ်လိုက်ပါ"

အနောက်ဘက်မှ လီကျိုးမင်က ဤမြင်ကွင်းကိုမြင်သောအခါ ချက်ချင်း လှမ်းအော်လိုက်သည်။

သူက ကျွင်းရှောင်ယောက်ကို ဂရုမစိုက်ပါ။

သို့ရာတွင်၊ ကျွင်းရှောင်ယောက် တစ်ခုခုဖြစ်သွားခဲ့သည်ရှိသော စစ်နတ်ဘုရားနန်းတော်၏ ရှေးအဓိပဓိက သူ့အား အလွတ်ပေးမည်မဟုတ်ပေ။

သူ့နောက်တွင် မင်ကျောက်ဧကရာဇ်မျိုးနွယ်ရှိသော်လည်း...

စစ်နတ်ဘုရားနန်းတော်တွင် ရှင်သန်ရန်တော့ ခက်ခဲမည်မှန်း သိသာသည်။

"စိတ်ချပါသခင်လေး၊ ငါ့အကန့်အသတ်ကို သိပါတယ်။ မောက်မာတဲ့ ဒီဂျူနီယာကို သင်ခန်းစာပေးချင်ရုံပဲ"

အကြီးအကဲတူက အေးစက်စက်ဖြင့် ပြောလိုက်သည်။

"ငါ့ကို သင်ခန်းစာပေးချင်တာလား"

ရေရွတ်ရင်း၊ ကျွင်းရှောင်ယောက်၏မျက်လုံးများက အေးစက်စက်အလင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် သူ့နောက်တွင် ကစဉ့်ကလျား မြူမှုန်များ ထွက်ပေါ်လာ၏။

ကမ္ဘာကြီးက ရှေးဦး မူလအခြေအနေသို့ ပြန်ရောက်သွားပုံရပြီး ကစဉ့်ကလျားဒီရေကလည်း တဟုန်ထိုး တိုးလာတော့သည်။

ဤရှေးဦးကစဉ့်ကလျားအတွင်း၌ စကြဝဠာ၏ နဂါးငွေ့တန်းထက်ကြီးမားသော ပျက်စီးခြင်းနတ်ဘုရား၏ အရိပ်တစ်ခုလည်း ပေါ်လာခဲ့သည်။

ကစဉ့်ကလျားခန္ဓာ၏ သဘာဝရူပါရုံ၊ ကစဉ့်ကလျား ကောင်းကင်ကိုဖွင့်ခြင်း။

"ဝုန်း"

ပတ်ဝန်းကျင်နယ်မြေတစ်ခုလုံး၌ ကောင်းကင်နှင့်မြေပြင်၏ စွမ်းအင်များ ပွက်ပွက်ဆူပြီး ဖိအားများ ကြီးမားလာခဲ့သည်။

လူတိုင်း အသက်ရှူကျပ်သလို ခံစားလာရ၏။

တချို့ဆိုပါက တကိုယ်လုံး တုန်လှုပ်နေကာ ဤသဘာဝရူပါရုံအောက်တွင် တိုက်ခိုက်ချင်စိတ်ကို အနည်းငယ်မျှ မထုတ်ဖော်နိုင်တော့ပေ။

ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်ထဲတွင် ကစဉ့်ကလျား စွမ်းအားများက တဟုန်ထိုး တက်လာခဲ့သည်။

အနှိုင်းမဲ့သွေးကလည်း ဆူပွက်လာပြီး သူ့ခန္ဓာကိုယ်အနှံ့ စီးဆင်းသွား၏။

ဤအနှိုင်းမဲ့သွေးက ကြည်လင်နေပြီး အမြင့်မြတ်ဆုံးနှင့် အသန့်ရှင်းဆုံးဖြစ်သည်။ ခဏချင်းမှာပင် ကျွင်းရှောင်ယောက်၏ အရှိန်အဝါများက တဟုန်ထိုး မြင့်မားတော့သည်။

"သတ်"

ကျွင်းရှောင်ယောက်ထံမှ အေးစက်စက် စကားတစ်ခွန်း ထွက်ပေါ်လာခဲ့သည်။ အနှိုင်းမဲ့သွေး စတုတ္တမြောက်စွမ်းရည်က ကစဉ့်ကလျားခန္ဓာ၏ သဘာဝရူပါရုံနှင့် ပေါင်းစပ်သွားသည်။

တာ့လော့ဓားသန္ဓေလည်း ဤစွမ်းအားများအောက်တွင် အလွန်တရာကြီးမား‌သော အရှိန်အဟုန်တို့ကို ထုတ်ဖော်လာ၏။

"ဝုန်း"

အကြီးအကဲတူ လွင့်စဉ်သွားကာ သွေးများ အန်ထွက်လာတော့သည်။

သူထုတ်ဖော်ထား‌သော နိယာမများကလည်း တိုက်ရိုက် ပြိုကျပျက်စီးသွားကြသည်။

အကြီးအကဲတူက အမှန်တကယ်ပင် အဓိပဓိအဆင့် အကျော်အမော်တစ်ဦး ဖြစ်သည်။

သို့သော်လည်း အဓိပဓိများကြားမှာပင် အားနည်းသူနှင့် သန်မာသူ ရှိ၏။

အကြီးအကဲတူက အဓိပဓိအဆင့်သို့ တက်လှမ်းလာ‌နိုင်သော ပါရမီရှင်တစ်ဦး မဟုတ်ခဲ့ပေ။ ထို့ကြောင့်ပင် သူ့အင်အားက အဓိပဓိများကြား၌ ထိပ်သီးတစ်ဦး မဟုတ်ခဲ့ပါ။

လူရိပ်နှစ်ခုက တစ်ဦးကိုတစ်ဦး ဖြတ်သွားသည်။

ကျွင်းရှောင်ယောက် ရပ်လိုက်၏။

သူ့ခန္ဓာကိုယ်ပေါ်ရှိ နတ်မီးတောက်များ ပျောက်ကွယ်သွားပြီး သဘာဝရူပါရုံများလည်း ပျောက်ကွယ်သွားပြီ။

"မင်းက အဓိပဓိဖြစ်ရင်တောင် ဘာဖြစ်လဲ"

ကျွင်းရှောင်ယောက်က လျစ်လျူရှုစွာပြောပြီး တာ့လော့ဓားသန္ဓေကို ဖယ်ရှားလိုက်သည်။

တစ်ဖက်တွင် ခဏတာ ရပ်တန့်သွားပြီးနောက် အကြီးအကဲတူ၏ ခန္ဓာကိုယ်ပေါ်၌ ထောင်ပေါင်းများစွာသော ဓားဒဏ်ရာများ ရုတ်တရက် ပေါ်လာသည်။

နောက်ဆုံးတွင်၊ သူ့ခန္ဓာကိုယ်က ပြိုကျပြီး ရှေးဦးဝိညာဉ်လည်း ပျက်စီးသွားတော့သည်။

သူထုတ်ဖော်ထားသော နိယာမများသည်လည်း ပြိုကျပြီး ကောင်းကင်နှင့် မြေပြင်ကြားမှ အလင်းအမှုန်များအဖြစ်သို့ ပြောင်းလဲ ပျောက်ကွယ်သွားကြသည်။

ပတ်ဝန်းကျင်မှ လူအားလုံးလည်း သူတို့၏လည်ချောင်းတွင် တစ်ခုခု တစ်ဆို့နေသလို အနည်းငယ်မျှ အသံမထွက်နိုင်ကြတော့ပါ။

"သူသေသွားပြီ၊ ကစဉ့်ကလျားခန္ဓာက အဓိပဓိတစိပိုင်း ကျင့်ကြံခြင်းနဲ့ စစ်မှန်တဲ့ အဓိပဓိကို တကယ်ကြီးသတ်လိုက်ပြီ"

တချို့ကလည်း မယုံနိုင်သလို အော်ပြောလိုက်ကြသည်။

"အဓိပတိတစ်ပိုင်းအဆင့်နဲ့ အဓိပဓိကိုသတ်တာ၊ ဒါက ဘယ်လိုစွမ်းရည်မျိုးလဲ"

အကြီးအကဲမူသည်ပင် အံ့အားသင့်သွားသည်။

မူလက သူဟာ ဝင်စွတ်ဖက်ရန် အသင့်ပြင်ထားသော်လည်း...

ယခုတော့ အဓိပဓိအဆင့် ပုဂ္ဂိုလ်တစ်ဦးကို ကစဉ့်ကလျားခန္ဓာက တိုက်ကွက်အနည်းငယ်အတွင်း သတ်လိုက်ပြီ ဖြစ်သည်။

"အကြီးအကဲတူ..."

လီကျိုးမင်လည်း မတုံ့ပြန်နိုင်တော့ပေ။

သူ့အင်အားကို ရှိသမျှ ဖျစ်ညှစ်အသုံးပြုလျှင်ပင် အဓိပတိတစ်ပါးကို ထိခိုက်စေနိုင်ရုံသာ တတ်နိုင်သည်။ အမှန်တကယ် သတ်ဖြတ်ရန်တော့ လုံးဝ မဖြစ်နိုင်ပေ။

'ဒီမကောင်းဆိုးရွား ဘယ်ကဘယ်လို ရောက်လာတာလဲ'

လီကျိုးမင် အလွန်ကြောက်သွားသည်။ ဧကရာဇ်မျိုးနွယ်၏ သခင်လေးဟူသော သူ့အရှိန်အဝါကိုပင် မထိန်းနိုင်တော့ပေ။

သူ ကြောက်ရွံ့နေသလို စိတ်ထဲမှာလည်း နောင်တအရိပ်အမြွက်တို့ ခံစားလာခဲ့ရသည်။

အကယ်၍ ဤသို့ဖြစ်မည်မှန်း ကြိုသိပါက မိန်းမတစ်ယောက်ကြောင့် ဤသို့သော မကောင်းဆိုးရွားကို ရန်စမိခဲ့မည် မဟုတ်ပေ။

All Chapters