← Chapters

အခန်း ၉၄၂

Vol. 63 Ch. 942

အခန်း ၉၄၂

Vol. 63 Ch. 942

အခန်း ( ၉၄၂ ) ယွင်ရှောင်ဟေး မနာလိုခြင်း။

မူလက လီကျိုးမင်သည် ကျွင်းရှောင်ယောက်ကို သူကျော်ကြားရန်အတွက် ခြေနင်းကျောက်အဖြစ် အသုံးပြုလိုခဲ့သည်။

ယခုမူကား၊ သူကိုယ်တိုင် ခြေနင်းကျောက်တုံး ဖြစ်သွားခဲ့ရပြီ။

မဟုတ်သေး...

သူက ခြေနင်းကျောက်ဖြစ်ရန်ပင် အရည်အချင်း မပြည့်ပါ။

အကြောင်းမူကား၊ ကျွင်းရှောင်ယောက်က သူ့ကို လုံးဝ ဂရုမစိုက်ခဲ့ခြင်းကြောင့် ဖြစ်သည်။

ကျွင်းရှောင်ယောက်၏ ခြေနင်းကျောက်ဖြစ်ရန် အရည်အချင်းပြည့်မီသူက အနည်းဆုံး ဧကရာဇ်ခုနစ်ပါးအဆင့်တွင် ရှိရမည်။

ဥပမာအားဖြင့်၊ ကောင်းကင်ဘုံသင်္ချိုင်းတွင် ကျွင်းရှောင်ယောက် သတ်ဖြတ်ခံခဲ့ရသော အမှောင်စီကွမ်၊ ထိုပုဂ္ဂိုလ်မျိုးသာ ကျွင်းရှောင်ယောက်၏ ခြေနင်းကျောက်ဖြစ်ရန် အရည်အချင်းပြည့်မီပေသည်။

ပတ်ဝန်းကျင်မှ ပါရမီရှင်အားလုံး တုန်လှုပ်ခြောက်ခြားပြီး ကြက်သေသေနေခဲ့ကြသည်။

နောက်ဆုံးတွင်၊ ယနေ့ သူတို့မြင်နေရသော အရာများက သူတို့၏ အသိအမြင်များကို ပြန်လည် ဆန်းသစ်စေခဲ့၏။

အဆင့်တူပြိုင်ဘက်များကို အနိုင်ပိုင်းသည့်အပြင်...

သူက အဓိပဓိတစ်ပါးကိုတောင် သတ်ခဲ့သည်။

"ကစဉ့်ကလျားခန္ဓာက တကယ်ကို ပြိုင်ဘက်ကင်းတာပဲ"

အကြီးအကဲမူသည်ပင် သက်ပြင်းချလိုက်မိလေသည်။ တချိန်တည်းမှာပင် သူ အနည်းငယ် ဝမ်းသာသွားသည်။

စစ်နတ်ဘုရားနန်းတော်က ထိုကဲ့သို့သော ပျိုးပင်ကောင်းကို အမှန်တကယ် စုဆောင်းနိုင်ခဲ့၏။

ထို့အပြင် သူက ကစဉ့်ကလျားခန္ဓာနှင့် ကောင်းမွန်သောဆက်ဆံရေးတစ်ခု ရှိသေးသည်။

"စတုထ္ထမြောက်အစ်မ၊ နင်မြင်ပြီမဟုတ်လား။ ငါပြောပါတယ်၊ သခင်လေးက..."

တုရှန်ချွန်းချွန်းက ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြောလိုက်သည်။

သို့သော်လည်း တုံ့ပြန်မှုကို မကြားရသောကြောင့် လှည့်ကြည့်လိုက်၏။

ထိုအခါ အသက်ရှူမြန်ပြီး မျက်နှာများပင် နီမြန်းနေသော တုရှန်ဝမ်ဝမ်ကို မြင်လိုက်ရတော့သည်။

သူမ၏ မျက်လုံးအစုံမှာလည်း မထင်မှတ်ဘဲ ဝင်းလက်တောက်ပနေခဲ့သည်။

"အံ့ဩစရာကောင်းလိုက်တာ၊ သူနဲ့သာ တာအိုတရား ဆွေးနွေးနိုင်ရင်..."

တုရှန်ဝမ်ဝမ် နှလုံးခုန်သံ မြန်လာခဲ့၏။

သူမက တိုက်ခိုက်ခြင်းကို ရူးသွပ်သူဖြစ်ပြီး သိုင်းကျင့်ကြံခြင်းကို စွဲလမ်းသည်။

လူငယ်တစ်ယောက်က စွမ်းအားကြီးပြီး ကြီးစိုးလေလေ၊ သူမ၏ အာရုံကို ပို၍ ဆွဲဆောင်နိုင်လေပင်။

ယခုတော့ သူမက ကျွင်းရှောင်ယောက်ကို စိတ်ဝင်စားလာသည်မှာ သံသယဖြစ်စရာမလိုတော့ပါ။

တုရှန်ချွန်းချွန်းလည်း ရုတ်တရက် နှာခေါင်းရှုံ့လိုက်သည်။

ပြိုင်ဘက်ကြီးတစ်ယောက် တိုးလာသလိုလည်း သူ့စိတ်ထဲတွင် ခံစားလိုက်ရ၏။

သို့သော်လည်း သူတို့ သတိမထားမိခဲ့ကြသည်မှာ...

သူတို့နောက်မှ ယွင်ရှောင်ဟေးက တုရှန်ဝမ်ဝမ်၏ အမူအရာကိုကြည့်ရင်း စိတ်မသက်မသာခံစားလာရခြင်း ဖြစ်သည်။

'မင်းသမီးကို ဒီလိုအမူအရာမျိုးဖြစ်နေတာ ငါ တစ်ခါမှ မမြင်ဖူးဘူး'

ယွင်ရှောင်ဟေးက သူ့စိတ်ထဲမှ တွေးလိုက်သည်။

ထောင်ချီသော လူပရိသတ်တို့၏ အာရုံစိုက်ခြင်းကို ခံနေရသည့် အဖြူရောင်၀တ်စုံဖြင့် ချောမောသောလူငယ်ကိုကြည့်ရင်း သူ့မျက်လုံးတွင် ရန်လိုသောအရိပ်ယောင်များ ရုတ်တရက် ထွက်ပေါ်လာ၏။

သူက တုရှန်ဝမ်ဝမ်နှင့် တူညီသောအဆင့်တွင်မရှိဘဲ အထူးဆက်ဆံရေးမရှိနိုင်မှန်း သိထားသော်လည်း...

တုရှန်ဝမ်ဝမ်ကို အခြားယောက်ျားတစ်ယောက်နှင့် အတူရှိနေမည်ကို မမြင်လိုပါ။

သူ့စိတ်ထဲတွင် တုရှန်ဝမ်ဝမ်က မွန်မြတ်ပြီး မည်သူမျှ မပန်ထိုက်သော နတ်ပန်းတစ်ပွင့် ဖြစ်သည်။

ယခုမူကား ထိုနတ်ပန်းပွင့်က လူသားတစ်ဦးအပေါ်တွင် ဤအမူအရာကို အမှန်တကယ် ပြသနေခဲ့ပြီ။

သို့ဖြစ်ပေရာ ယွင်ရှောင်ဟေး စိတ်မသက်မသာခံစားရသည်မှာ အံ့သြစရာတော့ မဟုတ်ပေ။

တစ်ဖက်တွင် အဓိပဓိတစ်ပါးကို ကိုယ်တိုင်လက်ဖြင့် သတ်ပြီးသည့်တိုင် ကျွင်းရှောင်ယောက်က အလွန်တည်ငြိမ်သည်။

အကြီးအကဲတူကဲ့သို့ အဓိပတိက အဓိပတိများကြားတွင် အားနည်းသူဟု ဆိုနိုင်ပေသည်။

ထိုအတွက် ကျွင်းရှောင်ယောက် ကျေနပ်ဝမ်းမြောက်နေမည် မဟုတ်ပါ။

သူက လီကျိုးမင်ကို ထပ်မံကြည့်လိုက်သည်။

လီကျိုးမင် မျက်စိမျက်နှာပျက်သွားပြီး ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွား၏။

သူ့စိတ်ထဲတွင် အမှန်တကယ် ကြောက်နေပြီ။

"ကစဉ့်ကလျားခန္ဓာက အဓိကပြည်နယ်ကြီးဆယ်ခုမှာ အမှန်တကယ် နာမည်ကြီးလာတော့မှာကို ငါကြောက်တယ်"

ပါရမီရှင်များစွာလည်း သူတို့၏နှလုံးသားထဲမှ သက်ပြင်းချလိုက်မိကြသည်။

သို့ရာတွင် ကျွင်းရှောင်ယောက်က ဘာမျှမပြောဘဲ အကြည့်ပြန်လွှဲလိုက်၏။

အဓိပဓိတစ်ပါးကို သတ်လိုက်ခြင်းဖြင့် သူ့သြဇာအာဏာကို တည်ဆောက်ပြီးပြီဟု ဆိုနိုင်သည်။

လီကျိုးမင်နှင့် အခြားသူများကိုပါ လူဘုံအလယ်တွင် သတ်လိုက်ပါက ပြဿနာများ ရှုပ်လာပေလိမ့်မည်။

လီကျိုးမင်၏ အထောက်အထားက မင်းသားယန်၊ ခုန်းချမ်ချမ်၊ အခြားသူများနှင့် မတူပေ။

တော်ဝင်မျိုးနွယ်များနှင့် ထိပ်တန်းတော်ဝင်မျိုးနွယ်စုများသာ သူ့နောက်ကွယ်မှ လျှို့ဝှက်ဆန်းကျယ်သော အင်မော်တယ်ဘုရင်ကို ကြောက်နိုင်သည်။

သို့ရာတွင် မင်ကျောက်ဧကရာဇ်မျိုးနွယ်ကတော့ ထိုမျှလောက်ကြောက်မည်မဟုတ်ပေ။

ထို့အပြင် အခြေအနေမှန်ကို ကျွင်းရှောင်ယောက် တစ်ဦးတည်းသာ သိသည်။

သူ့နောက်ကွယ်မှ အင်မော်တယ်ဘုရင် တံဆိပ်ခတ်ထားသော နတ်ဘုရား၏မိစ္ဆာအတွေးများထက် မပိုပေ။

'အလျင်မလိုပါဘူးလေ၊ အနာဂတ်မှာ သူတို့ကိုသတ်ဖို့ အခွင့်အလမ်းတွေ အများကြီးရှိလိမ့်မယ်'

လီကျိုးမင်နှင့် အခြား ကောင်းကင်ဘုရင်ငါးပါးကို စိုက်ကြည့်ရင်း သူ့စိတ်ထဲမှ တွေးလိုက်သည်။

သူ့အမြင်မှာတော့ ဤတိုင်းတပါးသားများက အသတ်ခံရန် စောင့်ဆိုင်းနေရသော အသားတိုးဝက်များထက် မပိုပေ။

ထို့ကြောင့် သူ အလျင်မလိုတော့ပါ။

ကျွင်းရှောင်ယောက် အကြည့်လွှဲသွားတော့မှ လီကျိုးမင်နှင့် အခြားသူများလည်း သက်ပြင်းချလိုက်မိကြသည်။

သူတို့ အသက်မသေခဲ့သော်လည်း မျက်နှာများကတော့ ကြည့်မကောင်းလှတော့ပေ။

မမျှော်လင့်ထားသော အရာတစ်ခုခု မဖြစ်ခဲ့ပါက၊ အနာဂတ်တွင် ကျွင်းရှောင်ယောက်က စစ်နတ်ဘုရားနန်းတော်မှာ နာမည်ကျော်ကြားလာတော့မည့်ပုံရသည်။

'ကောင်းကင်ဘုရင်ဆယ်ပါးမှာ သူ့ပြိုင်ဘက်မရှိတော့ဘူးလား မသိဘူး။ ပိအန်းမင်းသားဆိုရင်တောင် အခွင့်အရေးရှိပါ့မလား မသိတော့ဘူး'

'ဘာပဲဖြစ်ဖြစ်၊ အနည်းဆုံးတော့ အိပ်စက်နေတဲ့ ဧကရာဇ်သားတော်တစ်ဦးဦး မွေးဖွားလာမှပဲ သူ့ကို ထိန်းချုပ်နိုင်တော့မယ်လို့ ထင်တယ်'

လီကျိုးမင် သူ့စိတ်ထဲမှ တွေးလိုက်သည်။

ထိုအိပ်စက်နေသော ဧကရာဇ်သားတော်များ မမွေးဖွားမီတော့ ကျွင်းရှောင်ယောက်က စစ်နတ်ဘုရားနန်းတော်၏ ခေါင်းဆောင်ဖြစ်နေမည်ကို သံသယဖြစ်စရာမလိုတော့ပေ။

"ဟားဟားဟား၊ ငါ့မိတ်ဆွေလေးရဲ့ အင်အားကဝော့ တကယ်ကို အမြင်ကျယ်စေခဲ့ပါတယ်။ အခု ငါ့မိတ်ဆွေလေးက စစ်နတ်ဘုရားတစ်ပိုင်းအထောက်အထားကို ရရှိနိုင်‌တယ်ဆိုတာ ဘယ်သူမှ သံသယမဝင်လောက်တော့ဘူး"

အကြီးအကဲမူက ရယ်ရယ်မောမောဖြင့် ပြောလိုက်သည်။ သူ့လေသံက ပို၍ပင် ရင်းနှီးဖော်ရွေသွား၏။

သူ့စကား ဆုံးသွားသော်လည်း မည်သူမျှ ငြင်းဆိုခြင်း မရှိကြတော့ပေ။ အားလုံး ယုံကြည်လက်ခံနေကြပြီ ဖြစ်သည်။

အမျိုးသမီးများစွာဆိုလျှင်လည်း တောက်ပသော မျက်လုံးများဖြင့် ကျွင်းရှောင်ယောက်ကို ကြည့်နေကြတော့သည်။

"ဒါနဲ့ မိတ်ဆွေလေး၊ ငါနဲ့အတူ အတွင်းစက်ဝိုင်းကို လိုက်ခဲ့ပါဦး။ ရှေးအဓိပဓိကြီးလည်း မင်းကို တွေ့ချင်နေတယ်"

အကြီးအကဲမူက ပြုံးလျက် ပြောလိုက်သည်။

ကျွင်းရှောင်ယောက် မျက်ခုံးပင့်လိုက်၏။

စစ်နတ်ဘုရားနန်းတော်၏ ရှေးအဓိပတိက သူ့ကိုတွေ့ချင်နေသလော။

ယင်းက ကျွင်းရှောင်ယောက်အတွက် သတင်းကောင်း မဟုတ်ပါ။

နောက်ဆုံးတွင်၊ စစ်နတ်ဘုရားနန်းတော်၏ ရှေးအဓိပဓိများက အနည်းဆုံး ပျက်စီးခြင်းတာအိုသခင်များ ဖြစ်ကြသည်။

အင်မော်တယ်တစ်ပိုင်းနှင့် အင်မော်တယ်များပင် ရှိဦးမည်။

ထိုအဆင့် ပုဂ္ဂိုလ်ကြီးများ၏ အင်အားနှင့် မြင်နိုင်စွမ်းက ထူးကဲလွန်းကြသည်။

သူတို့ရှေ့တွင် ဖုံးကွယ်ထားရန် ခက်ခဲလှပေသည်။

သူတို့ကို လှည့်စားရန်နေနေသာသာ...

သူတို့ကို မြင်တွေ့ရရုံဖြင့် တုန်လှုပ်ချောက်ချားပြီး အပြစ်ရှိသလို တုန်လှုပ်သွားရမည် ဖြစ်သည်။

"ကောင်းပြီ"

ကျွင်းရှောင်ယောက် ခေါင်းညိတ်လိုက်သည်။

သူ့စရိုက်က ပုန်းရှောင်နေခြင်းမျိုး မဟုတ်ပါ။

ထို့အပြင် ကျွင်းရှောင်ယောက်က ငယ်စဉ်ကတည်းက လှိုင်းလုံးကြီးများကို မြင်ဖူးသည်။ အင်မော်တယ်စစ်ပွဲကိုပင် ရင်ဆိုင်ခဲ့ဖူး၏။

ဒဏ္ဍာရီလာ အဇူရာဧကရာဇ်နှင့်ပင် အေးအေးဆေးဆေး စကားပြောခဲ့ဖူးသေးသည်။

ဤစစ်နတ်ဘုရားနန်းတော်၏ အကြီးအကဲများကိုတော့ ပြောနေရန်ပင် မလိုပါ။

ကျွင်းရှောင်ယောက်နှင့် အကြီးအကဲမူတို့ ထွက်သွားခါနီးတွင်...

ပြတ်သားသော လေသံရှိသော်လည်း ချီတုံချတုံ ဖြစ်နေဟန်ဖြင့် စကားသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"ဒီကသခင်လေး၊ နောင်အနာဂတ်မှာ ဝမ်ဝမ်က သခင်လေးနဲ့ တာအိုဆွေးနွေးရတဲ့အထိ ကံကောင်းနိုင်ပါ့မလား"

ထိုသို့ပြောလိုက်သူကတော့ တုရှန်ဝမ်ဝမ်မှတပါး အခြားသူမဟုတ်ပေ။

ဤအခိုက်တွင် သူမ၏စရိုက်နှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး စိုးရိမ်ပူပန်ဟန်ဖြင့် ကျွင်းရှောင်ယောက်ကို ကြည့်နေသည်။

နောက်ဆုံးတွင်၊ ကျွင်းရှောင်ယောက်၏ စိတ်နေစိတ်ထားက မြင့်လွန်းပြီး ဘာကိုမှ ဂရုစိုက်ပုံမရပေ။

"အလို၊ ငါ နားကြားမှားသွားတာများလား။ တုရှန်ဧကရာဇ်မျိုးနွယ်ရဲ့ မင်းသမီးက တကယ်ကြီး အစပြုပြီး ဖိတ်ခေါ်ခဲ့တာလား"

ပါရမီရှင် အတော်များများ တအံ့တဩ ဖြစ်သွားခဲ့ကြသည်။

တုရှန်ဧကရာဇ်မျိုးနွယ်၏ မင်းသမီးငါးပါးက အလွန်လှပသလို မာနကြီး၏။

သူမတို့ဘက်မှ အစပြုပြီး ဖိတ်ခေါ်ရန် နေနေသာသာ၊ ယောက်ျားအများစုကို ကြည့်ပင်မကြည့်ပေ။

"နောင်မှာ တုရှန်ဧကရာဇ်မျိုးနွယ်က သတို့သားရွေးချယ်ဖို့ ပွဲကျင်းပမယ်လို့ ကြားတယ်။ အဲဒီအချိန်ကျရင် ဒီကစဉ့်ကလျားခန္ဓာက လူအားလုံးရဲ့ ရန်သူ ဖြစ်လာနိုင်တယ်"

ပါရမီရှင်တချို့က ရေရွတ်လိုက်ကြသည်။

ကျွင်းရှောင်ယောက် ခေတ္တရပ်သွားပြီးနောက် ခေါင်းညိတ်လိုက်၏။

"‌အဆင်ပြေပါတယ်"

"ကျေးဇူးတင်ပါတယ်နော်"

တုရှန်ဝမ်ဝမ် ဝမ်းသာသွားလေသည်။

ကစဉ့်ကလျားခန္ဓာနှင့် တာအိုဆွေးနွေးနိုင်ပါက သူမ အကျိုးအမြတ်များစွာ ရရှိမည်မှာ သေချာသည်။

သို့ရာတွင်၊ သူမ သတိမထားမိသည်မှာ သူ့ဘေးနားမှ တုရှန်ချွန်းချွန်း၏ မျက်နှာမှာ အလိုမကျမှုတို့ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

သူ့ကိုယ်ပိုင် တစ်ခုခုကို အခြားသူများထံ ဝေမျှရသည်ဟု သူမ ခံစားခဲ့ရ၏။

တစ်ဖက်မှာလည်း ယွင်ရှောင်ဟေးက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတော့သည်။

မနာလိုခြင်းများ ပြည့်နှက်နေသောမျက်လုံးဖြင့် ကျွင်းရှောင်ယောက်၏ နောက်ကျောကို လှမ်းကြည့်လိုက်သည်။

All Chapters