အခန်း ၉၄၅
Vol. 63 Ch. 945
အခန်း ( ၉၄၅ ) ကျွင်းရှောင်ယောက်က အမျိုးသားထုရဲ့ ရန်သူ ဖြစ်လာသည်။
ကျွင်းရှောင်ယောက်က လော့ရှန်းလင်၏ ဖောင်းဖောင်းအိအိပေါင်ကို တင်းတင်းဖက်ပြီး သူ့နောက်ခံအဖြစ် အသုံးပြုရန် သင့် မသင့် စဉ်းစားလိုက်သည်။
အမှန်အတိုင်းပြောရလျှင်၊ ကျွင်းရှောင်ယောက်က ယခုအချိန်အထိ မည်သည့် အမျိုးသမီးကိုမျှ တမင်တကာ လိုက်မရှာခဲ့ပါ။
အများစုမှာ သူ့ကို ထောက်ခံသူ သို့မဟုတ် ချစ်မြတ်နိုးသော အမျိုးသမီးများ ဖြစ်သည်။
အမျိုးသမီးတစ်ဦးက ယောက်ျားတစ်ယောက်ကို မြင်မြင်ချင်း ချစ်မြတ်နိုးသွားသည်ဟုဆိုပါက အနည်းငယ် တလွဲကြီးဖြစ်လိမ့်မည်။
သို့သော်လည်း ဤအတွက် ကျွင်းရှောင်ယောက် ဘာမျှမတတ်နိုင်ခဲ့ပါ။
ဖြစ်နိုင်လျှင်၊ ကျွင်းရှောင်ယောက်က ကျွင်းပေါင်လီကဲ့သို့ သာမန်လူတစ်ဦးသာ ဖြစ်ချသည်။
ထို့အပြင် ကျွင်းရှောင်ယောက်၏စိတ်က လွတ်လွတ်လပ်လပ်နေပြီး ကျင့်ကြံခြင်းကိုသာ စိတ်ဝင်စားသည်။
တာအိုလက်တွဲဖော်ရှာဖွေခြင်း သို့မဟုတ် လက်ထပ်ခြင်းများကို ဤမျှစိတ်မဝင်စားပေ။
ထို့ကြောင့်ပင် ကျွင်းရှောင်ယောက်က မိန်းမ မလိုက်စားခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ဤနေရာမှာ တိုင်းတပါး ဖြစ်၏။
သူ့ကို ထောက်ပံ့ရန်အတွက် အားကောင်းသော နောက်ခံတစ်ခုကို လိုသေးသည်။
မဟုတ်ပါက၊ တိုင်းတပါး၏ ပုဂ္ဂိုလ်ကြီးများက သူ့နောက်ကွယ်ရှိ မူလဇာစ်မြစ်ကို ရှာဖွေရန် ကြိုးစားလာဦးမည် ဖြစ်သည်။
ကျွင်းရှောင်ယောက်က ခဏတာ ဖုံးကွယ်ထားနိုင်သော်လည်း အားနည်းချက် အနည်းငယ်မျှ ပြသမိသရွေ့ ချက်ချင်း ဖော်ထုတ်ခံရလိမ့်မည်။
ဤအတွက် အကောင်းဆုံးနည်းလမ်းက လော့ရှန်းလင်ကို သဘောတူပြီး သူ့တပည့်ဖြစ်လာရန် ဖြစ်သည်။
သို့သော်လည်း သူ လက်မခံချင်ပါ။
သူ့ကို တပည့်အဖြစ်လက်ခံပြီး သင်ကြားနိုင်သူ မရှိသေးပေ။
သို့ဖြစ်ပေရာ တစ်ခုတည်းသောနည်းလမ်းက လော့ဝမ်ကို အောင်နိုင်ရန် ဖြစ်သည်။
သို့ရာတွင် လော့ရှန်းလင်ကို ကြိုးစားလိုပါက အဘယ်အရာကို အားကိုးရမည်နည်း။
သူ့မျက်နှာတစ်ခုတည်း ရှိနေမှာကို ကြောက်ရသည်။
ဟုတ်ပေသည်၊ ကစဉ့်ကလျားခန္ဓာလည်း ရှိကောင်းရှိနိုင်သည်။
ဤလော့ရှန်းလင်က ကစဉ့်ကလျားခန္ဓာအတွက် သူ့ကို အကောင်းမြင်ခဲ့ပုံ ရသည်။
မဟုတ်ပါက၊ သူ့ကို စစ်နတ်ဘုရားတစ်ပိုင်းအဖြစ် ထောက်ခံခဲ့မည် မဟုတ်ပေ။
'ကြည့်ရတာ ဒီလော့ဝမ်ရဲ့နှလုံးသားကို ထိုးဖောက်ပြီး သူ့ရဲ့ အထောက်အထားနဲ့ အတိတ်ကို သိအောင် ကြိုးစားရဦးမှာပဲ'
'ဒီနည်းနဲ့ သူ့ရဲ့ အားနည်းချက်ကို ရှာဖွေပြီး တစ်ရှိန်ထိုး တိုက်ခိုက်နိုင်လိမ့်မယ်'
ကျွင်းရှောင်ယောက် စိတ်ထဲမှ ကြိတ်တွေးလိုက်သည်။
သူသည် လူကဲခတ်အလွန်ကောင်း၏။
ဤလော့ရှန်းလင်က အင်မော်တယ်တစ်ပိုင်းဖြစ်ပြီး အလွန်နက်နဲပုံရသည်။
သို့သော်လည်း တကယ်တမ်းမှာတော့ ထိုမျက်လုံးအစုံမှာ ရိုးသားမှုတို့ ရှိသေးသည်။
အခြား အင်မော်တယ်တစ်ပိုင်းများသည် တစ်ဦးစီက နှစ်ထောင်ချီ ရှင်သန်ခဲ့ဖူးသော ကျားငစဉ်းလဲကဲ့သို့ ဖြစ်ကြသည်။
သို့ရာတွင်၊ လော့ရှန်းလင်က အနည်းငယ် ခြားနား၏။
လော့ရှန်းလင်က မည်သူနှင့်မျှ အဆက်အသွယ် သိပ်ရှိပုံမရပေ။
သူ့နောက်မှာ မိသားစုအင်အားမရှိဘဲ သူတစ်ယောက်တည်း အကြာကြီးနေထိုင်ခဲ့သူဖြစ်ဖို့များသည်။
ပြောရလျှင်...
လော့ရှန်းလင်က အင်မော်တယ်တစ်ပိုင်း ကျင့်ကြံခြင်းအခြေခံဖြင့် အလွန်အားကောင်းသော အမျိုးသမီးတစ်ဦးဖြစ်သော်လည်း အနည်းငယ် ရိုးသားသေးသည်။
ထိုသို့သောလူက မည်မျှသန်မာပါစေ၊ ကျွင်းရှောင်ယောက်ကဲ့သို့ မြေခွေးအိုကြီး၏အမြင်မှာတော့ အနိုင်ယူပြီး ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်သည်။
'အခြေအနေတွေက အတင်းအကြပ်မလုပ်ရင် ငါလည်း ထမင်းပျော့မစားချင်ပါဘူးလေ'
ကျွင်းရှောင်ယောက် သူ့စိတ်ထဲမှ သက်ပြင်းချလိုက်သည်။
သူသည် တိုင်းတစ်ပါးတွင် နောက်ခံမရှိသောကြောင့် လော့ဝမ်၏ ပံ့ပိုးကူညီမှုကို ယူရမည်။
လော့ရှန်းလင်က ကျွင်းရှောင်ယောက်ကို တစ်ချက်ကြည့်လိုက်သည်။
ဟုတ်ပေသည်၊ ကျွင်းရှောင်ယောက်က သူမကို အနိုင်ယူရန် ကြံစည်နေတာကိုတော့ သဘာဝအတိုင်း မသိပေ။
"အခုကစပြီး မင်းဒီမှာ လေ့ကျင့်လို့ရပြီ၊ ဘေးမှာ အခန်းတစ်ခုရှိတယ်"
"နောက်ပြီးတော့ ငါတို့က ဆရာနဲ့ တပည့် မဖြစ်နိုင်ပေမဲ့ မင်းရဲ့ ကျင့်ကြံခြင်းနဲ့ပတ်သက်တဲ့ မေးခွန်းတွေရှိရင် ငါ့ကိုမေးလို့ရပါတယ်"
စကားအဆုံးတွင် လော့ရှန်းလင်က ပြုံးလိုက်သည်။
ထိုအပြုံးက နူးညံ့ပြီး လွန်စွာ လှပ၏။
ယောက်ျားအများစုမှာ ထိုကဲ့သို့သော ဆွဲဆောင်မှုကို အမှန်တကယ် မတွန်းလှန်နိုင်ဘဲ ကျရှုံးသွားလောက်သည်။
"ဒါဆိုရင် လော့ဝမ်ကို ကျေးဇူးတင်ပါတယ်"
ကျွင်းရှောင်ယောက်လည်း ဝမ်းမြောက်ဝမ်းသာ ပြောလိုက်သည်။
ဤနေရာသည် နဂါးသွေးကြောများ၏ အရင်းအမြစ် ဖြစ်၏။
ဤနေရာတွင် လေ့ကျင့်ခြင်းက ကျွင်းရှောင်ယောက်အတွက် အမှန်တကယ် အကျိုးရှိပေလိမ့်မည်။
နောက်ဆုံးတွင်၊ ရှေးအဓိပဓိများသာ ဤနေရာတွင် နေထိုင်ရန် အရည်အချင်းပြည့်မီသည်။
အကြီးအကဲများနှင့် စစ်နတ်ဘုရားတစ်ပိုင်းများပင်လျှင် အပြင်ဘက် နီးစပ်ရာ၌သာ နေကြရ၏။
ထို့ထက် ပို၍အရေးကြီးသော အချက်တစ်ခု ရှိသေးသည်။
ယင်းမှာ ကျွင်းရှောင်ယောက်က လော့ရှန်းလင်၏ဘေးတွင် နေရခြင်း ဖြစ်သည်။
ထို့ကြောင့် လော့ရှန်းလင်၏အတိတ်ကို စုံစမ်းရန် ပို၍ အဆင်ပြေလိမ့်မည်။
ဟုတ်သည်၊ ဒါက အလျင်စလိုလုပ်လို့ မရပါ။
လော့ရှန်းလင်က ရိုးသားသော်လည်း အင်မော်တယ်တစ်ပိုင်း အကျော်အမော်တစ်ဦး ဖြစ်နေဆဲပင်။
လော့ရှန်းလင်သည် ယခင်က သူ့ကို အင်မော်တယ်နယ်မြေကြီးမှလူ ဟုတ်မဟုတ် တမင် စုံစမ်းခဲ့ပုံအရ အလွန်နုံအသူတော့ မဟုတ်သေးကြောင်း ထင်ရှားသည်။
သို့သော်လည်း ယင်းမှာ ကောင်း၏။
သူ့ကို အနိုင်ယူရန်က ပို၍ စိတ်ဝင်စားစရာကောင်းလိမ့်မည်။
"စစ်နတ်ဘုရားနန်းတော်မှာ ငါနဲ့အတူ ဘယ်သူမှ မင်းကို တမင်ခက်ခဲအောင်လုပ်မှာ မဟုတ်ဘူး"
လော့ရှန်းလင်က ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် အကြီးအကဲလော့ဝမ်၊ ကျွန်တော် တကယ် ကျေးဇူးတင်ပါတယ်"
ကျွင်းရှောင်ယောက် တောက်ပစွာပြုံးရင်း ပြောလိုက်လေသည်။
လော့ရှန်းလင်လည်း အမှတ်တရ တစ်ခုခုကို အောက်မေ့သွားဟန်ဖြင့် ခဏတာ ငေးမောသွားသည်။
ထို့နောက်တွင်မှ သတိပြန်ဝင်လာကာ ပြောလိုက်လေသည်။
"ဒါနဲ့ မင်းရဲ့နာမည်ကို ငါမသိသေးဘူး"
"ကျွန်တော်နာမည်က ယွီရှောင်ယောက်ပါ"
ကျွင်းရှောင်ယောက်က ကျပန်းနာမည်တစ်ခုကို ပြောလိုက်၏။
မည်သို့ပင်ဆိုစေ၊ ကျွင်းရှောင်ယောက်က ရှန်းရွှီကမ္ဘာတွင် ကျဆုံးသွားခဲ့ပြီ ဖြစ်သည်။ သူ့ကို ကျွင်းရှောင်ယောက်နှင့် မည်သူမျှ ဆက်စပ်မိကြမည် မဟုတ်ပေ။
"ယွီရှောင်ယောက်..."
လော့ရှန်းလင် ခပ်တိုးတိုးလေး ရေရွတ်လိုက်သည်။
............
နောက်ပိုင်းကာလများတွင်၊ ကျွင်းရှောင်ယောက်က လော့ရှန်းလင်၏ သီးခြားခြံဝင်းတွင် နေထိုင်ခဲ့သည်။
သူက ခြံဝင်းအတွင်းရှိ အခြား အခန်းတစ်ခုတွင် နေထိုင်ခြင်း ဖြစ်၏။
ဤခြံဝင်းက ရိုးရှင်းသော်လည်း အမျိုးမျိုးသော ဝိညာဉ်စုစည်းခြင်း ဝင်္ကပါများ မနည်းပေ။
နဂါးစွမ်းအင်ကလည်း ဆူပွက်နေပြီး ခရမ်းရောင်အငွေ့အသက်များက လေထုကို ပြည့်စေသည်။
ဤကျင့်ကြံခြင်းပတ်ဝန်းကျင်က သာမန်လူများ ခံစားနိုင်သောအရာ မဟုတ်ပါ။
တိတ်တဆိတ် လေ့ကျင့်ခြင်းအပြင်...
ကျွင်းရှောင်ယောက်က လော့ရှန်းလင်နှင့် မကြာခဏ ကျင့်ကြံခြင်းအတွေ့အကြုံများကို ဖလှယ်လေ့ရှိသည်။
နယ်ပယ်နှစ်ခုကြား ကွာဟမှုက ကြီးမားသော်လည်း လော့ရှန်းလင် အံ့သြရ၏။
ကျွင်းရှောင်ယောက်၏ ကျင့်ကြံခြင်းအပေါ် နားလည်မှုက သူမကို အံ့အားသင့်စေခဲ့သည်။
ကျွင်းရှောင်ယောက်၏ တာအိုနားလည်မှုကိုလည်း အံ့အားသင့်ခဲ့ရပေသည်။
"ရှောင်ယောက်၊ မင်းကို နတ်ဆိုးအိုကြီးတစ်ကောင် လူပြန်ဝင်စားတာ ဟုတ်မဟုတ်တောင်မှ ငါတကယ် သံသယဝင်လာမိပြီ"
လော့ရှန်းလင်က နောက်ပြောင်လိုက်သည်။
လော့ရှန်းလင်နှင့် အချိန်အတော်ကြာကြာ ဖြတ်သန်းပြီးနောက်၊ သူမသည် ကျွင်းရှောင်ယောက် ထင်ထားသည်ထက် ပို၍အပြစ်ကင်းစင်ပုံရကြောင်း တွေ့ရှိခဲ့ရသည်။
သူသည် သူစိမ်းများအပေါ် သတိထားသော်လည်း...
တစ်ယောက်နှင့်တစ်ယောက် သိကျွမ်းလာပြီးနောက်မှာတော့ လော့ရှန်းလင်၏ ပင်ကိုယ်စရိုက်က အတော်လေး ကောင်းမွန်ခဲ့သည်။ သူ၏ အပြုအမူ အပြောအဆိုများတွင် အင်မော်တယ်တစ်ပိုင်းပုဂ္ဂိုလ်၏ အငွေ့အသက်တို့ မပါဝင်တော့ပေ။
အစွမ်းထက်သော်လည်း ရိုးရှင်းသော ထူးခြားသည့် စိတ်နေစိတ်ထားမျိုး ရှိသည်။
ဤသို့သော ချစ်စရာ ခြားနားမှုမျိုးက အတော်လေး ထူးခြားပေသည်။
"အကြီးအကဲရှန်းလင်က လာနောက်နေပါပြီ၊ ရှောင်ယောက်က ဒီလောက်အသက်ကြီးပုံမပေါက်ဘူး မဟုတ်လား"
ကျွင်းရှောင်ယောက် ပြုံးလိုက်သည်။
လော့ရှန်းလင်ကလည်း လှပစွာ ပြုံးလိုက်လေသည်။
"ဒါပေမဲ့ မင်းရဲ့ တာအိုနားလည်မှုက ငါ့ကိုတောင် ဉာဏ်အလင်းပွင့်စေတယ်။ အနာဂတ်မှာ ငါ အင်မော်တယ်ဘုရင်ဖြစ်လာရင် ဒါက မင်းကြောင့်ဖြစ်မှာသေချာတယ်"
လော့ရှန်းလင်မှာ စကားပြောရင်း အနည်းငယ်ပျော်နေပုံရသည်။
သူမက တစ်စုံတစ်ယောက်နှင့် ဤမျှပျော်ရွှင်စွာ စကားစမြည်ပြောဆိုခြင်း မရှိသည်မှာ ကြာခဲ့ပြီ။
"ဒါဆိုရင်တော့ ရှောင်ယောက် ဂုဏ်ယူရမှာပါပဲ"
ကျွင်းရှောင်ယောက် ပြောလိုက်သည်။
သူတို့နှစ်ယောက်က မကြာခဏ စကားပြောဆိုကြပြီး ကျွင်းရှောင်ယောက်လည်း များစွာ အကျိုးရရှိခဲ့သည်။
အနည်းဆုံးတော့ အင်မော်တယ်တစ်ပိုင်းနယ်ပယ်ကို သူ နားလည်ခဲ့ပြီ။
ယင်းက ကိုယ်ပိုင်နိယာမများကို စစ်မှန်သော တာအိုအဖြစ်သို့ ပြောင်းလဲရန် ဖြစ်သည်။
အင်မော်တယ်တစ်ပိုင်းအဆင့်တွင် စုစုပေါင်း ကပ်ဘေးကိုးခု ရှိသည်။
ကပ်ဘေးကိုးခုစလုံး ဖြတ်ကျော်ပြီးနောက် တာအိုအဖြစ် ပြီးပြည့်စုံစွာ ပြောင်းလဲသွားလိမ့်မည်။
ယင်းက တာအိုကိုသက်သေပြ၍ ဧကရာဇ်ဖြစ်လာခြင်း ဖြစ်သည်။
ယခင် ချီရှောင်းဘုရင်က ကပ်ဘေးဖြတ်ကျော်ပြီး မဟာတာအိုကို ဆင့်ကဲပြောင်းလဲစေကာ အင်မော်တယ်တစ်ပိုင်း ဖြစ်လာခဲ့သူပင် ဖြစ်၏။
ချီရှောင်းဘုရင်နှင့် လော့ဝမ်တို့ နှစ်ဦးစလုံးက အင်မော်တယ်တစ်ပိုင်းအဆင့် အကျော်အမော်များ ဖြစ်ကြသည်။
လော့ရှန်းလင်က သူမ၏ ကျင့်ကြံခြင်းအဆင့်ကို ရှင်းရှင်းလင်းလင်း မထုတ်ဖော်ခဲ့ပေ။
သို့သော်လည်း ကျွင်းရှောင်ယောက်၏ ခန့်မှန်းမှုမရ ကပ်ဘေး ရှစ်ကြိမ်သို့မဟုတ် ကိုးကြိမ်အထိ ဖြတ်ကျော်ခဲ့ပြီးပြီ ဖြစ်သည်။
ယင်းက အင်မော်တယ်တစ်ပိုင်းအဆင့်တွင် အမြင့်ဆုံး ဖြစ်နေပြီ။
လော့ရှန်းလင် အဆင့်တက်သွားပါက ကျွင်းရှောင်ယောက်၏ နောက်ခံမှာ ပို၍ အားကောင်းလာတော့မည် ဖြစ်သည်။
ကျွင်းရှောင်ယောက်နှင့် လော့ရှန်းလင်က အဆင်ပြေနေကြချိန်တွင်...
ကျွင်းရှောင်ယောက်၏ အဖြစ်အပျက်များကြောင့် စစ်နတ်ဘုရားနန်းတော်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်နေခဲ့ရသည်။
ကျွင်းရှောင်ယောက်က အလွန်ကြီးမြတ်ပြီး အများသူငှာ တွေ့ခွင့်ရရှိရန်ပင် မလွယ်ကူသော လော့ရှန်းလင်နှင့် အတူရှိနေသော သတင်း ဖြစ်၏။
ဤသတင်း ထွက်ပေါ်လာသည်နှင့် ဗုံးတစ်လုံးကဲ့သို့ ပေါက်ကွဲသွားပြီး မရေမတွက်နိုင်သော အမျိုးသားတပည့်များနှင့် အကယ်ဒမီရှိ သက်ကြီးရွယ်အိုများပင် အလွန်မနာလိုကာ မကျေမနပ်ဖြစ်လာကြတော့သည်။
လော့ရှန်းလင်က စစ်နတ်ဘုရားနန်းတော်၏ သက်ရှိနတ်ဘုရားမဖြစ်သည်။
သူမ၏ရုပ်ဆင်းအင်္ဂါက ပြစ်မျိုးမှဲ့မထင်သည့်အပြင် ခွန်အားနှင့် အဆင့်အတန်းတွင်လည်း မြင့်မားသေးသည်။
သာမန်လူများက သူမကို တွေ့ခွင့်ပင် မရနိုင်သော်လည်း ကျွင်းရှောင်ယောက်ကတော့ အတူတူရှိနေရသည်။
တုရှန်ချွန်းချွန်းမှ တုရှန်ဝမ်ဝမ်၊ ယခု လော့ရှန်းလင်အထိ ရောက်လာပြီ။
အချိန်တိုအတွင်းမှာပင် ကျွင်းရှောင်ယောက်က စစ်နတ်ဘုရားနန်းတော် တစ်ခုလုံးရှိ အမျိုးသားထု၏ ဘုံရန်သူ ဖြစ်လာခဲ့ပြီ ဖြစ်သည်။