အခန်း ၉၄၈
Vol. 64 Ch. 948
အခန်း ( ၉၄၈ ) လော့ရှန်းလင် အထီးကျန်ခြင်း။
"ဟင်"
ရုတ်တရက်၊ ကျွင်းရှောင်ယောက်၏ စိတ်ထဲတွင် တစ်ခုခုကို ထူးဆန်းစွာ ခံစားလိုက်ရသည်။
ယင်းက အမှောင်ရိပ်တစ်မျိုးဖြစ်ပြီး တစ်ချိန်တည်းမှာပင် ပြင်းထန်သော ရန်လိုစိတ်များ ပြည့်နှက်နေ၏။
ကျွင်းရှောင်ယောက် မျက်လုံးတစ်ချက်ဝေ့ကြည့်လိုက်တော့ လူအုပ်ထဲမှ ပြေးထွက်လာပြီး တုရှန်ဝမ်ဝမ် ကယ်တင်ရန် အသင့်ဖြစ်နေပုံရသော လူငယ်တစ်ဦးကို တွေ့လိုက်ရလေသည်။
သို့သော်လည်း ကျွင်းရှောင်ယောက်က လှုပ်ရှားပြီးပြီမို့ သူ့တွင် သဘာဝအတိုင်း အခွင့်အရေးမရှိတော့ပါ။
ကျွင်းရှောင်ယောက်၏ မျက်လုံးများက အလင်းရောင်တစ်ခု ဖျတ်ခနဲ လက်သွားသည်။
ထိုလူငယ်က သူ့ကို အလွန်ထူးဆန်းသော ခံစားချက်မျိုး ပေးခဲ့၏။
"သခင်လေးရှောင်ယောက်၊ နင်... လွှတ်လို့ရမလား"
တုရှန်ဝမ်ဝမ်မှာ ရှက်ရွံ့နေပြီး လေသံလေးဖြင့် ပြောလိုက်သည်။
နောက်ဆုံးတွင်၊ ဤသည်က အမျိုးသားတစ်ဦးနှင့် ပထမဆုံးအကြိမ် နီးနီးကပ်ကပ် ဆက်ဆံဖူးခြင်း မဟုတ်ပါလော။
"တောင်းပန်ပါတယ်"
ကျွင်းရှောင်ယောက် သူ့လက်ကို လွှတ်လိုက်သည်။
တုရှန်ဝမ်ဝမ်လည်း ရှက်ရွံ့စွာဖြင့် လက်ကလေးနှစ်ချောင်းကို တို့ထိဆော့ရင်း နောက်ဆုတ်လိုက်လေသည်။
သို့ရာတွင် သူ့ရင်ထဲမှာတော့ တုံ့ဆိုင်းမှု အရိပ်အယောင်တို့ ရှိခဲ့သည်။
ထိုပွေ့ဖက်မှုက အလွန်နွေးထွေးပြီး လုံခြုံမှုရှိသော ခံစားချက်ကို ပေးစွမ်းခဲ့ပေသည်။
"သူက ဘယ်သူလဲ"
ကျွင်းရှောင်ယောက်က ယွင်ရှောင်ဟေးကို ကြည့်လိုက်သည်။
တုရှန်ဝမ်ဝမ်ကတော့ ငေးမောနေသေးပြီး ခဏကြာမှ သတိဝင်လာကာ ပြောလိုက်သည်။
"အော်၊ သူက ငါ့ရဲ့ မြင်းထိန်းပါ"
"မင်းသမီး ဘာမှမဖြစ်ဘူးပဲ၊ ကောင်းပါတယ်"
ယွင်ရှောင်ဟေး သတိဝင်လာကာ အမြန် ခေါင်းငုံ့လိုက်သည်။ ကျွင်းရှောင်ယောက်ကို သူ့မျက်လုံးထဲမှ မနာလိုစိတ်များအား မမြင်စေလိုပေ။
သို့ရာတွင် ကျွင်းရှောင်ယောက်၏ အားကောင်းသော အသိစိတ်အာရုံမှ အစောကြီးကတည်းက သတိထားမိနေပြီ ဖြစ်သည်။
ယွင်ရှောင်ဟေးက တုရှန်ဝမ်ဝမ်ကို ကြိတ်ပိုးနေခြင်းဖြစ်ကြောင်းလည်း သူ ချက်ချင်း နားလည်ခဲ့ပေသည်။
အဆင့်အတန်းကွာဟမှုက ကြီးလွန်းသောကြောင့်သာ သူ့နှလုံးသားထဲမှာ ဖုံးကွယ်ထားနိုင်ခဲ့သည်။
ယခုမူကား သူ့ နှလုံးသားထဲမှ နတ်ဘုရားမကို အခြားယောက်ျား၏ ရင်ခွင်ထဲတွင် မြင်လိုက်ရပြီ။
ထိုအတွက် သူ့တွင် ဤခံစားချက်မျိုးရှိတာ သဘာဝ ဖြစ်သည်။
ကျွင်းရှောင်ယောက်ကတော့ သူ့ကို ဂရုမစိုက်ပေ။
သူ့ကို မနာလိုတဲ့သူများ အများကြီးရှိသည်။
သူကဲ့သို့ နိမ့်ကျသော အစေခံတစ်ဦးကို မည်သို့ ဂရုစိုက်ရမည်နည်း။
သို့သော်လည်း ထိုလူငယ်ထံမှ အမှောင်ရိပ်ဟာ ကျွင်းရှောင်ယောက်၏အာရုံကို ဖမ်းစားနေခဲ့သည်။
'စိတ်ဝင်စားစရာပဲ၊ ဘာဆက်ဖြစ်လာမလဲ စောင့်ကြည့်ကြရအောင်'
ကျွင်းရှောင်ယောက် တစ်ယောက်တည်း တွေးလိုက်လေသည်။
သူမှန်းဆသည့်အတိုင်း ဖြစ်လာမလားလည်း သိချင်မိသည်။
"သခင်လေးရှောင်ယောက်၊ နောင်မှာ နင်နဲ့ဆွေးနွေးဖို့ နောက်ထပ် အခွင့်အရေး ရှိဦးမလား"
တုရှန်ဝမ်ဝမ်က နီရဲနေသော မျက်နှာဖြင့် မေးလိုက်သည်။
သူလည်း ခံစားရ၏။
သူသည် ကျွင်းရှောင်ယောက်နှင့် တစ်ပွဲသာ ကစားခဲ့သော်လည်း အကျိုးအမြတ်များစွာ ရရှိခဲ့ပေသည်။
သူမ၏ နားလည်မှုက မြန်မြန်ဆန်ဆန် တိုးတက်နေသည်ဟု ခံစားခဲ့ရသည်။
"ရပါတယ်၊ အချိန်မရွေး စောင့်နေမယ်"
ကျွင်းရှောင်ယောက် ခေါင်းညိတ်ပြလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ၊ သူက လော့ရှန်းလင်ဆီသို့ အချိန်တိုအတွင်း ပြန်သွားရန် အစီအစဉ်မရှိပေ။
"ကျေးဇူးတင်ပါတယ် သခင်လေး"
တုရှန်ဝမ်ဝမ်လည်း ဝမ်းသာအားရ ပြောလိုက်သည်။
သို့သော်လည်း ယင်းက လူနှစ်ယောက်ကို လွန်စွာ စိတ်ပျက်သွားစေခဲ့ပေသည်။
လူတစ်ယောက်က သဘာဝအတိုင်း ယွင်ရှောင်ဟေး ဖြစ်သည်။
အခြားလူကတော့ မျက်နှာတစ်ခုလုံး မည်းမှောင်မှုန်ကုပ်နေပြီဖြစ်သော တုရှန်ချွန်းချွန်းပင်။
"မင်း တစ်ခုခုလိုအပ်ရင် ငါ့ဆီကို လာခဲ့ပါ"
ကျွင်းရှောင်ယောက်က သူ့အင်္ကျီလက်ကို ဖျတ်ခနဲခါရင်း လှည့်ထွက်လိုက်သည်။
တုရှန်ဝမ်ဝမ်လည်း ကျွင်းရှောင်ယောက်၏ နောက်ကျောပြင်ကို လှမ်းကြည့်ရင်း ငေးမောကျန်ရစ်ခဲ့သည်။
ထိုအချိန်တွင် ချိန်မြိန်သော်လည်း ဒေါသသံစွတ်နေသော အသံလေးတစ်ခု ပေါ်လာသည်။
"အစ်မဝမ်ဝမ်၊ ငါတို့ စကားပြောဖို့လိုပြီထင်တယ်"
တုရှန်ချွန်းချွန်းက ခါးထောက်ပြီး ပြောလိုက်သည်။ သူ့မျက်နှာကလေးမှာလည်း လေးနက်နေ၏။
"ရှောင်ဝူ၊ နင် မနာလိုဖြစ်နေတာလား"
တုရှန်ဝမ်ဝမ်က မျက်ခုံးပင့်လိုက်သည်။
"ဟွန့်၊ ငါတို့က ညီအစ်မတွေဖြစ်ပေမဲ့ အရင်တွေ့သူ အရင်ယူနော်။ ငါက အရင်တွေ့ခဲ့တာ"
တုရှန်ချွန်းချွန်းက နှုတ်ခမ်းစူပြီး ပြောလိုက်သည်။
"အချစ်မှာ စောတာ၊ နောက်ကျတာ မရှိပါဘူး။ ဘယ်သူမဆို ကြိုးစားပိုင်ခွင့်ရှိတာပဲ"
တုရှန်ဝမ်ဝမ်က နောက်မဆုတ်ပေ။
"အား၊ အစ်မဝမ်ဝမ်၊ နင်လည်း သခင်လေးကို တကယ်ပဲ သဘောကျနေတာလား။ မဟုတ်ဘူး"
တုရှန်ချွန်းချွန်းက အော်ဟစ်ပြီး တုရှန်ဝမ်ဝမ်ကို ခုန်ကန်ဟန်ပြုလိုက်လေသည်။
မိန်းမလှလေးနှစ်ယောက် စကားနိုင်လုရင်း ယှဉ်ပြိုင်နေခြင်းက လိပ်ပြာလေးနှစ်ကောင် ကခုန်နေသကဲ့သို့ လှပသော မြင်ကွင်းတစ်ခုကို ဖြစ်စေသည်။
သို့သော်လည်း ပါရမီရှင် လုလင်ပျိုများစွာ၏ နှလုံးသားမှာတော့ ထိုသို့မမြင်တော့ပေ။
တစ်ယောက်က ကြောင်တက်တက်ဖြင့် ပြောလိုက်သည်။
"ဒီအတိုင်း ဆက်သွားနေရင်တော့ တုရှန်ဧကရာဇ်မျိုးနွယ်ရဲ့ သတို့သားရွေးပွဲကိုတောင် ကျင်းပဖို့ လိုပါဦးမလား မသိဘူး"
........
နောက်ရက်များတွင် ကျွင်းရှောင်ယောက်က လော့ရှန်းလင်ဆီသို့မပြန်ဘဲ အပြင်မှာဘဲ ဆက်နေခဲ့သည်။
ဟုတ်သည်၊ သူက အချိန်တော့မဖြုန်းခဲ့ပေ။
စစ်နတ်ဘုရားနန်းတော်၏ စစ်နတ်ဘုရားတစ်ပိုင်းအနေဖြင့် ကျွင်းရှောင်ယောက် အသုံးပြုနိုင်သော အရင်းအမြစ်များက အံ့မခန်း များပြားသည်။
ယင်းက အင်မော်တယ်ဧကရာဇ်မျိုးနွယ်မှ တိုက်ရိုက်မျိုးဆက်များထက်ပင် မနိမ့်ကျပေ။
ပို၍ပင် ရက်ရောသည်ဟု ဆိုနိုင်သည်။
ကျွင်းရှောင်ယောက်၏ အသိအမြင်ဖြင့်ပင် ဤအရင်းအမြစ်များက မနည်းပေ။
အင်မော်တယ်ဆေးများ၊ မှော်ရတနာများ၊ နတ်သတ္တုများ၊ အင်မော်တယ်မှတ်စုများ၊ အစွမ်းထက် ကျင့်စဉ်များ စသည်ဖြင့်။
ကျွင်းရှောင်ယောက် လိုချင်တာမှန်သမျှ ရနိုင်သည်။
ဤအတွက် သူကလည်း ယဉ်ကျေးမနေတော့ပါ။
အလကားရတာကို လက်လွှတ်ရလောက်အောင် သူ မမိုက်မဲပေ။
ကျွင်းရှောင်ယောက်လည်း ထိုမှော်ရတနာများ၊ နတ်သတ္တုများနှင့် ကျောက်ရိုင်းများကို အရာအားလုံး၏မိခင်ချီဒယ်စောက်အိုးနှင့် တာ့လော့ဓားသန္ဓေအား စုပ်ယူစေခဲ့သည်။
ဤလက်နက်နှစ်ခုက ဧကရာဇ်တစ်ပိုင်းအဆင့်သို့ ရောက်နေပြီ။
ထို့အပြင်၊ ပိုပြီး တိုးတက်လာရန်လည်း အလားအလာ ရှိသည်။
တာ့လော့ဓားသန္ဓေက အနာဂတ်တွင် အနည်းဆုံး အင်မော်တယ်တစ်ပိုင်းအဆင့် ရတနာတစ်ခု ဖြစ်လာပေလိမ့်မည်။ ယင်းက စစ်မှန်သော အင်မော်တယ်အဆင့်ရတနာတစ်ခု ဖြစ်လာရန်ပင် အလားအလာ ရှိသည်။
အရာအားလုံး၏မိခင်ချီ ဒယ်စောက်အိုးကတော့ လုံလောက်သောအရင်းအမြစ်များ ပေးထားသရွေ့ အင်မော်တယ်ရတနာတစ်ခု ဖြစ်လာနိုင်သည်။
ထို့အပြင်၊ ကျွင်းရှောင်ယောက်က အင်မော်တယ်မှတ်စုများနှင့် အစွမ်းထက် နည်းလမ်းများကို ဖတ်ရှုလေ့လာခဲ့ပေသည်။
တိုင်းတပါးမှ နည်းလမ်းများက အင်မော်တယ်နယ်မြေကြီးနှင့် ခြားနားသည်။
ထို့ကြောင့် ကျွင်းရှောင်ယောက်က တိုင်းတစ်ပါး၏ နည်းလမ်းများနှင့် အင်မော်တယ်နယ်မြေကြီးမှ နည်းလမ်းများကို နှိုင်းယှဉ်ကာ စိစစ်ခဲ့ပေသည်။
နောက်ဆုံးတွင် နှစ်ဖက်စလုံးမှ အနှစ်သာရများကိ ထုတ်နှုတ်ပြီး သူ၏တာအိုနှင့် နည်းလမ်းများကို ခွဲခြမ်းစိတ်ဖြာခဲ့သည်။
ဤတိုးတက်မှုက ကျင့်ကြံခြင်းအခြေခံနှင့် သက်ဆိုင်မှုတော့ မရှိပါ။
သို့သော်လည်း၊ အနာဂတ်မှာ ကျွင်းရှောင်ယောက်က သူ့နိယာမများကို ပြောင်းလဲရာတွင် အထောက်အကူဖြစ်နိုင်သည်။
ဟုတ်ပေသည်၊ ဤကာလအတွင်း၌ တုရှန်ဝမ်ဝမ်ဟာ ကျွင်းရှောင်ယောက်နှင့် ယှဉ်ပြိုင်ရန် မကြာခဏ လာရောက်လေ့ ရှိသည်။
ကျွင်းရှောင်ယောက်ကလည်း မငြင်းခဲ့ပေ။
သူတို့နှစ်ယောက်ကြားမှ ဆက်ဆံရေးက ပို၍ လိုက်လျောညီထွေ ဖြစ်လာခဲ့သည်။
ကျွင်းရှောင်ယောက်၏ စိတ်က ရိုးသားလား မရိုးသားလားဆိုတာကတော့ အားလုံးအသိပင်။
တစ်ဖက်တွင် တုရှန်ဝမ်ဝမ်က ပို၍ စိတ်လှုပ်ရှားလာခဲ့သည်။
လျှို့ဝှက်ဆန်းကျယ်ပြီး စွမ်းအားကြီးသလောက် ယဉ်ကျေးသိမ်မွေ့သူ၊ ထို့အပြင် ရုပ်ရည်ကလည်း ချောမောပြီး သူနှင့်လည်း နေ့စဉ် လေ့ကျင့်ပေးလိုစိတ် ရှိ၏။
သင်က သူ့အမြင်တွင် ဖော်ပြရန်ပင် မထိုက်တန်သည့်တိုင် လေ့ကျင့်ပေးနေသေးသည်။
ဤသူမျိုးကို မည်သည့်မိန်းကလေးက မနှစ်သက်ဘဲ ရှိမည်နည်း။
တုရှန်ဝမ်ဝမ်၏ ကမ္မကြိုးနီကလည်း ကျွင်းရှောင်ယောက်ကို ချည်နှောင်နိုင်နေပြီ ဖြစ်သည်။
သူမက ရှက်ရွံ့နေခြင်းကြောင့်သာ ထိုသို့ မပြုလုပ်ခဲ့ခြင်း ဖြစ်ချေသည်။
တုရှန်ချွန်းချွန်းသည်လည်း မနာလိုဟန်ဖြင့် ကျွင်းရှောင်ယောက်နှင့်အတူ လေ့ကျင့်ရန် ပါဝင်လာခဲ့သည်။
ဤသို့ဖြင့် ကျွင်းရှောင်ယောက်၏ နေ့ရက်များက အနည်းငယ်ပျော်စရာကောင်းခဲ့ပေသည်။
ဆန့်ကျင်ဘက်အနေဖြင့်၊ အခြားတစ်ဖက်မှာတော့...
သီးခြားခြံဝင်းလေးထဲတွင်...
ရိုးရှင်းသော အဝတ်အစားများဖြင့် လော့ရှန်းလင်က တည်ငြိမ်စွာ ရပ်နေသည်။
အပြာရောင် ဆံနွယ်များကလည်း ကျောပြင်ပေါ်တွင် ပြန့်ဝဲကျနေလေ၏။
ဤမျှ လှပသော မိန်းကလေးမျိုးနှင့် တစ်ရက်တာ အတူနေနိုင်လျှင်ပင် ဘဝတစ်သက်တာ ကံကောင်းခြင်းဟု ဆိုနိုင်သည်။
သို့ရာတွင်၊ ကံမကောင်းစွာဖြင့် ဖိုးကံကောင်း ကျွင်းရှောင်ယောက်ကတော့ အမှန်တကယ် ထွက်သွားခဲ့ကာ တစ်လကြာသည်အထိ ပြန်မရောက်လာခဲ့ပေ။
"သူ အခုထိ ပြန်မလာသေးဘူးလား"
လော့ရှန်းလင် ရေရွတ်လိုက်သည်။
မူလက ကျွင်းရှောင်ယောက်ကို ခဏတာ ထွက်သွားပြီးနောက် ပြန်လာမည်ဟု သူမထင်ခဲ့သည်။
သို့ရာတွင်၊ ယခု တစ်လကျော်သွားသည့်တိုင် ကျွင်းရှောင်ယောက်က ပြန်မလာသေးပေ။
ဟုတ်သည်၊ လော့ရှန်းလင် သိလိုပါက နတ်ဘုရားစိတ်အာရုံဖြင့် စူးစမ်းနိုင်ပေသည်။ တမင်တကာ မစုံစမ်းခဲ့ခြင်းသာ ဖြစ်သည်။
'ဟယ်၊ ငါက တစ်ယောက်တည်းနေရတာကို သဘောကျတယ်ဆိုတာ အသိသာကြီးပဲကို'
လော့ရှန်းလင် သွယ်လျသော လက်ချောင်းလေးများနှင့် သူမ၏နဖူးကို ဖိနှိပ်လိုက်လေသည်။
သူ တစ်ယောက်တည်း နေလာခဲ့တာ ကြာပြီ။
ယခုမှ အထီးကျန်ခြင်းကို အဘယ်ကြောင့် ခံစားရသနည်း။
ယင်းက သူမ မခံစားရသည်မှာ ကြာပြီဖြစ်သော ပျော်ရွှင်မှု ခံစားချက်များကို ကျွင်းရှောင်ယောက်နှင့် တာအိုဆွေးနွေးခြင်းမှ ရရှိခဲ့ခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။
'ငါသွားကြည့်လိုက်ဦးမယ်'
နောက်ဆုံးတော့ လော့ရှန်းလင် မထိန်းချုပ်နိုင်တော့ပါ။ ကျွင်းရှောင်ယောက် ဘာတွေလုပ်နေမှန်း သူ သိချင်လာသည်။
များသောအားဖြင့် သူမက မိမိအိမ်မှ မထွက်ခွာတတ်ပေ။
သို့ရာတွင်၊ လော့ရှန်းလင်၏ အင်မော်တယ်တစ်ပိုင်း ကျင့်ကြံခြင်းအခြေခံဖြင့် ကျွင်းရှောင်ယောက်၏ နေအိမ်အပြင်ဘက်သို့ မည်သူမှသတိမထားမိဘဲ ချက်ချင်း ရောက်နိုင်သည်။
ထိုအချိန်တွင် ကျွင်းရှောင်ယောက်နှင့် တုရှန်ဝမ်ဝမ်က အနီးကပ်ထိုင်နေသည်။
ကျွင်းရှောင်ယောက်က တုရှန်ဝမ်ဝမ်၏ နားအနားသို့ကပ်ပြီး တစ်ခုခုကို တီးတိုးပြောနေပုံ ရ၏။
ထိုသို့ ရင်းနှီးသောမြင်ကွင်းကို မြင်လိုက်ရတော့ လော့ရှန်းလင် အံ့အားသင့်သွားတော့သည်။