← Chapters

အခန်း ၉၅၀

Vol. 64 Ch. 950

အခန်း ၉၅၀

Vol. 64 Ch. 950

အခန်း ( ၉၅၀ ) ပါရမီရှင်ရွေးချယ်ပွဲ စတင်ပြီ။

ရှန်းရွှီကမ္ဘာတွင် သူ့ကို ကူညီခဲ့သော တိုင်းတပါးသားဆိုပါက...

ရွယ်ယွဲ့မှတပါး အခြား မဖြစ်နိုင်ပေ။

ကျွင်းရှောင်ယောက် မျှော်လင့်ထားသည့်အတိုင်း ရွယ်ယွဲ့က သူနှင့်အတူ တိုင်းတစ်ပါးသို့ ရောက်လာခဲ့သည်။

သို့သော်လည်း ဟင်းလင်းပြင်လှိုင်းများနှင့် အခြားအခြေအနေများကြောင့် ရွယ်ယွဲ့က တစ်နေရာကို ရောက်သွားခဲ့၏။

ရှန်းရွှီကမ္ဘာတွင်၊ ရွယ်ယွဲ့က တိုင်းတပါးသား အများအပြား၏ရှေ့တွင် သူ့ရှေ့မှ မားမားမတ်မတ် ရပ်တည်ပေးခဲ့သည်။

ယခုတော့ တစ်စုံတစ်ယောက်က တိုင်းတပါးတွင် ရွယ်ယွဲ့ကို ရှာတွေ့ခဲ့ကာ သစ္စာဖောက်အဖြစ် သဘာဝအတိုင်း သတ်မှတ်ခံခဲ့ရပြီ။

"သခင်လေး..."

ဖေးချင်ရွယ်ဟာ ပတ်ဝန်းကျင်မှ အပူချိန်က ရုတ်တရက် ထိုးကျသွားသလို ခံစားလိုက်ရသည်။ အေးစက်လွန်းသော ခံစားချက်ကြောင့် သူ့ခန္ဓာကိုယ်ကလေးပင် အနည်းငယ် တုန်လှုပ်သွား၏။

"ဘာမှမဟုတ်ပါဘူး၊ သွားကြည့်ကြရအောင်"

ကျွင်းရှောင်ယောက် သူ့စိတ်ကိုထိန်းကာ ပြောလိုက်သည်။

ဖေးချင်ရွယ်လည်း အနည်းငယ် ခေါင်းညိတ်လေသည်။

ဤတော့မှ ယဉ်ကျေးသိမ်မွေ့ပြီး နူးညံ့သိမ်မွေ့သော အပြုံးမျိုးဖြင့် အမဲရှိနေသော ကျွင်းရှောင်ယောက်တွင် ထိုအေးစက်သော အကြည့်မျိုးကိုလည်း ရှိနေသေးကြောင်း သဘောပေါက်သွားခဲ့သည်။

သို့သော်လည်း ကျွင်းရှောင်ယောက်၏ အတွေးများကို သူမ မခန့်မှန်းဝံ့ပေ။

'ရွယ်ယွဲ့ကို ကွပ်မျက်ချင်တယ်ပေါ့၊ ဟားဟားဟား...'

ကျွင်းရှောင်ယောက်က သူ့နှလုံးသားထဲမှ လှောင်ရယ်လိုက်သည်။

သူက ရွယ်ယွဲ့အပေါ်တွင် ကောင်းမွန်သောအမြင်မရှိပါ။

ယခင်က ရွယ်ယွဲ့ဟာ ကျန်းစန်းယီကို ထိခိုက်စေခဲ့သည်။ ကျန်းစန်းယီ၏ အသက်ကိုပင် ခြိမ်းခြောက်လုနီးပါး ဖြစ်စေခဲ့၏။

သို့သော်လည်း ကျွင်းရှောင်ယောက် မထင်မှတ်ထားသည်မှာ ရွယ်ယွဲ့က သူ့အတွက် တိုက်ခိုက်မှုများကို တားဆီးပေးခဲ့သည်။

သို့ရာတွင် ယင်းက အရေးအကြီးဆုံးမဟုတ်ပါ။

အရေးကြီးဆုံးက ရွယ်ယွဲ့ဟာ ပိအန်းအဖွဲ့အစည်းမှ ဖြစ်သည်။

သရဲမျက်နှာဖုံးကို ဝတ်ဆင်ထားသောကြောင့်လည်း သူမက သရဲမျက်နှာဖုံးစွပ် အမျိုးသမီးနှင့် ဆင်တူကြောင်း ကျွင်းရှောင်ယောက် ခံစားခဲ့ရပေသည်။

ထို့ကြောင့် ပိအန်းမျိုးနွယ်အကြောင်း စုံစမ်းရန် မဟုတ်လျှင်ပင်၊ ကျွင်းရှောင်ယောက်က ရွယ်ယွဲ့ကို သေခွင့်မပြုနိုင်သေးပါ။

'ပိအန်းမင်းသား...'

ကျွင်းရှောင်ယောက်၏ မျက်လုံးများက ဂရုမစိုက်သော အကြည့်များဖြင့် တောက်ပလာသည်။

သူက အပြာရောင် ပြန်လည်ရှင်သန်ခြင်းလီလီပန်းမျိုးနွယ်ကို လုံးဝ ဂရုမစိုက်ပါ။

သူလိုချင်သောလူကို မည်သူမျှ ထိခွင့်မပြုနိုင်ပေ။

...........

ရွေးချယ်ပွဲကျင်းပမည့်နေရာသည် စစ်နတ်ဘုရားနန်းတော်နှင့် မနီးမဝေးမြို့တစ်မြို့တွင် ဖြစ်သည်။

ယခုတော့ ဤမြို့မှာ လူများဖြင့် စည်ကားနေပြီ။

ဤနေရာတွင် ပါရမီရှင်ပေါင်း တစ်သိန်းကျော် စုဝေးခဲ့ကြသည်။

ဤပါရမီရှင်များတွင် အများစုက သားသားနားနား ဝတ်စားထားပြီး ထူးကဲသော အရှိန်အဝါများ ရှိ၏။

သူတို့ထဲတွင် အတော်များများက စစ်နတ်ဘုရားနန်းတော်၏ သတ်မှတ်ချက်များကို ပြည့်မီသည်။

သို့သော်၊ စစ်နတ်ဘုရားနန်းတော်၏ အပြင်စက်ဝိုင်းက နေရာ ၉၉၉၉ နေရာသာ ရှိသည်။

အတွင်းစက်ဝိုင်းက ပိုရှားပါးပြီး နေရာ ၉၉၉ နေရာသာ ရှိ၏။

ဤသည်က ပါရမီရှင် အရေအတွက်ထက် များစွာနည်းပါးသည်။

ထို့အပြင် စစ်နတ်ဘုရားနန်းတော်သို့ ပေးဝင်ရန် လျာထားရသည့် ဧကရာဇ်တစ်ပိုင်းနှင့် ဧကရာဇ်မျိုးနွယ်မှ ထိပ်တန်းပါရမီရှင်များလည်း ရှိသေးသည်။

ထို့ကြောင့် ဝင်ခွင့်နေရာများက ပို၍ ရှားပါးခဲ့သည်။

ထို့ကြောင့်ပင် စစ်နတ်ဘုရားနန်းတော်ကိုဝင်ရောက်ရန် တစ်ခုတည်းသောနည်းလမ်းက...

နန်းတော်ဝင်တပည့်များ၏ နောက်လိုက်တပည့်များ ဖြစ်လာရန်သာ ဖြစ်တော့သည်။

ဟုတ်သည်၊ သူတို့ကို နောက်လိုက်များဟုဆိုသော်လည်း အဆင့်အတန်းချင်းတူပါက တန်းတူညီမျှ ဆက်ဆံနိုင်သည်။

ဤသည်က ကိုယ့်သူငယ်ချင်းတစ်ယောက်ကို ခေါ်ဆောင်လာခြင်းနှင့် မခြားပေ။

ဤသည်မှာ စစ်နတ်ဘုရားနန်းတော်၏ စည်းမျဉ်းများကို မချိုးဖောက်သောကြောင့် နန်းတော်ကလည်း ခွင့်ပြုပေးရသည်။

ထို့အတွက်ကြောင့်ပင် တစ်မြို့လုံးရှိ လေထုက အလွန်ပူပြင်းလာတော့သည်။

ဤအခိုက်တွင် မြို့လယ်ရှိ ရင်ပြင်၌ လူများ ပြည့်ကျပ်နေသည်။

"အိုး၊ ဘုရားရေ... အဲဒလ အရိပ်တော်ဝင်မျိုးနွယ်ရဲ့ ပါရမီရှင်ပဲ"

"တစ္ဆေမျက်လုံးမျိုးနွယ်ရဲ့ ပါရမီရှင်လည်း ရှိသေးတယ်"

"ဒါနဲ့ ဒီတစ်ခါ ပါရမီရှင်ရွေးချယ်ပွဲက အရင်ကထက် အများကြီး ပိုအသက်ဝင်တယ်လို့ ဘာကြောင့် ငါ ခံစားနေရတာလဲ"

"မင်းမမှားပါဘူး၊ နောက်ဆုံးတော့ ဒီခေတ်မှာ စစ်နတ်ဘုရားတစ်ပိုင်း ကစဉ့်ကလျားခန္ဓာ ပေါ်လာခဲ့ပြီလေ။ လူအတော်များများက သူ့ဆီကို လာနေကြတာထင်တယ်"

ရင်ပြင်‌တွင် ဆွေးနွေးပြောဆိုသံများဖြင့် ဆူညံနေခဲ့သည်။

ယခင်ခေတ်မှ ရွေးချယ်ပွဲများက စည်ကားသော်လည်း ယခုခေတ်ကဲ့သို့ ဆူပွက်ခြင်းမျိုးတော့ မရှိပေ။

ဤအတွက် အရေးကြီးဆုံးအကြောင်းရင်းမှာ သဘာဝအတိုင်း ကျွင်းရှောင်ယောက်ကြောင့် ဖြစ်သည်။

သူသည် စစ်နတ်ဘုရားတစ်ပိုင်းဖြစ်သလို ကစဉ့်ကလျားခန္ဓာလည်း ဖြစ်၏။

သူ့နောက်သို့ လိုက်ပါနိုင်ပါက ကြက်တစ်ကောင်သည်ပင် ကောင်းကင်ကို တက်လှမ်းနိုင်လိမ့်မည်။

အကယ်၍ ကျွင်းရှောင်ယောက်သာ အနာဂတ်တွင် စစ်နတ်ဘုရား အမှန်တကယ် ဖြစ်လာပါက၊ သူတို့ကလည်း စစ်နတ်ဘုရား၏ နောက်လိုက်များ ဖြစ်လာမည် ဖြစ်သည်။

ထို့အပြင် မကြာသေးမီက နန်း‌တော်၏ ရှေးအဓိပဓိတစ်ဦးဖြစ်သော လော့ဝမ်က ကျွင်းရှောင်ယောက်ကို အထူးအာရုံစိုက်ခဲ့ကြောင်း သတင်းများလည်း ထွက်ပေါ်လာခဲ့သည်။

ယင်းကြောင့် ပါရမီရှင်များစွာဟာ ကျွင်းရှောင်ယောက်၏ နောက်လိုက်များ ဖြစ်လာချင်ကြတော့သည်။

ထိုအထဲတွင် အမျိုးသား ပါရမီရှင်များထက် အမျိုးသမီး ပါရမီရှင်များက ပိုများသည်။

"ကစဉ့်ကလျားခန္ဓာက တန်ခိုးကြီးတဲ့အပြင် အင်မော်တယ်တစ်ပါးလို ချောမောတယ်လို့ ကြားတယ်။ ငါသူ့ကိုချစ်လိုက်တာ"

"နင့်ရုပ်ကိုနင် မှန်ထဲမှာလည်း ပြန်ကြည့်စမ်းပါဦးဟယ်၊ ကစဉ့်ကလျားခန္ဓာက နင့်ကို သဘောကျမယ်တဲ့လား"

"နင်လို ခွေးမတွေကလည်း ကစဉ့်ကလျားခန္ဓာနောက်ကိုလိုက်ဖို့ အရည်အချင်းမပြည့်မီပါဘူး"

ပါရမီရှင် မိန်းကလေးများစွာက သွေးအေးတိုက်ပွဲကြီး စတင်ခဲ့ကြသည်။

"လာပြီဟေ့၊ စစ်နတ်ဘုရားနန်းတော်ကလူတွေ လာနေပြီ"

ရုတ်တရက်၊ ပါရမီရှင်တစ်ယောက်က အသံကျယ်ကျယ်ဖြင့်‌ အော်လိုက်သည်။

အဝေးတွင် ကောင်းကင်ယံမှ သင်္ဘောပျံများ၊ ရထားလုံးများ ပျံသန်းလာကြ၏။

သူတို့အားလုံးက စစ်နတ်ဘုရားနန်းတော်၏ တပည့်များ ဖြစ်သည်။

ခေါင်းဆောင်များကတော့ ကောင်းကင်ဘုရင်ဆယ်ပါးမှ လီကျိုးမင်၊ ကျင်းကျန့်နှင့် အခြားသူများပင်။

"ဟင်၊ ကစဉ့်ကလျားခန္ဓာက မလာဘူးလား၊ စိတ်ပျက်စရာကောင်းလိုက်တာ"

"ကစဉ့်ကလျားခန္ဓာက နောက်လိုက်မလိုချင်သေးတာများလား"

"ဒါဆိုရင် ငါတို့လာတာက ဘာထူးမှာလဲ"

ပါရမီရှင် အမျိုးသမီးတချို့က‌ ကောင်းကင်ကိုမော့ကြည့်ပြီး စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်သည်။

ထိုမှတ်ချက်များကိုကြားတော့ လီကျိုးမင်၏ မျက်လုံးထောင့်များ တဆတ်ဆတ် တုန်လှုပ်သွား၏။

အကယ်၍ ဤပါရမီရှင်များတွင်သာ နောက်ခံမကောင်းပါက သူတို့၏မျက်နှာအား ချက်ချင်း ဆင်းရိုက်ပစ်လိုက်ပြီ ဖြစ်သည်။

'ဟမ့်၊ ဒီတစ်ခေါက် ပိအန်းမင်းသားလည်း လာရောက်မယ်လို့ ငါကြားတယ်။ အဲဒီ ကစဉ့်ကလျားခန္ဓာ... ကောင်းကင်ဘုရင် ဆယ်ပါးရဲ့ ခေါင်းဆောင်ကိုတော့ ရန်စဝံ့ဦးမလား ကြည့်ချင်စမ်းပါရဲ့'

လီကျိုးမင်က သူ့စိတ်ထဲမှ အေးစက်စက်ဖြင့် ပြောလိုက်သည်။

ထိုအချိန်တွင် အေးစက်သော အမျိုးသမီး အသံတစ်ခု ထွက်ပေါ်လာသည်။

"ဘာပဲဖြစ်ဖြစ်၊ ငါ ကစဉ့်ကလျားခန္ဓာသခင်ရဲ့ မျက်နှာသာကို ရယူနိုင်မယ်လို့ ယုံကြည်တယ်"

ထို့နောက် လှပသောရုပ်ပုံလွှာတစ်ခုက အဝေးမှ ထွက်လာ၏။

ယင်းက အပြာရောင်ဝတ်စုံဝတ်ထားသော အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူမက ချောမောလှပသည့်အပြင် စိတ်နေစိတ်ထားကလည်း ထူးကဲ၏။

သူမ၏ အေးစက်ပြီး လှပသော အသွင်ပြင်က ပတ်ဝန်းကျင်မှ လူငယ်လေးများကို ချက်ချင်း ဆွဲဆောင်သွားလေသည်။

သူမ၏ မျက်ခုံးနှစ်ခုကြားရှိ အပြာရောင် လခြမ်း အမှတ်အသားကလည်း သူမ၏ အထောက်အထားကို ထင်ရှားစေခဲ့သည်။

ဧကရာဇ်တစ်ပိုင်းမျိုးနွယ်၊ အပြာရောင်လမင်းမျိုးနွယ်ဝင်...

"ဒါက အပြာရောင်လမင်းမျိုးနွယ်ရဲ့ နတ်သမီးယွဲ့တိုက်ပဲ။ သူက တကယ်ပဲ နောက်လိုက်တစ်ယောက်ဖြစ်လာဖို့ ဒီကိုလာခဲ့တာလား"

အပြာရောင်လမျိုးနွယ်က အစွမ်းထက်သော ဧကရာဇ်တစ်ပိုင်းမျိုးနွယ်မှ ဖြစ်သည်။

နတ်သမီးယွဲ့တိုက်သည် အပြာရောင်လမျိုးနွယ်၏ တိုက်ရိုက်မျိုးဆက်မှ မဟုတ်သော်လည်း၊ အဆင့်အတန်းမြင့်သော ပါရမီရှင်တစ်ဦး ဖြစ်နေဆဲပင်။

သူမ၏ အဆင့်အတန်းက ယခင် ဥဒေါင်းနက်တော်ဝင်မျိုးနွယ်မှ ခုန်းချမ်ချမ်ထက် များစွာသာလွန်သည်။

သို့သော်လည်း ဤမျှ အဆင့်အတန်းမြင့်မားပြီး လှပသော မိန်းကလေးတစ်ယောက်က အခြားတစ်ယောက်၏ နောက်လိုက်ဖြစ်ချင်နေပြီ။

ယင်းက တကယ့်ကို အံ့သြစရာ ဖြစ်သည်။

"နတ်သမီးယွဲ့တိုက်ရဲ့ အထောက်အထားနဲ့ စစ်နတ်ဘုရားနန်းတော်ကို တိုက်ရိုက်ဝင်ရောက်နိုင်သင့်တယ် မဟုတ်လား"

"သူက ကစဉ့်ကလျားခန္ဓာကို ပစ်မှတ်ထားနေတာဖြစ်ရမယ်။ နောက်ဆုံးမှာတော့ ကစဉ့်ကလျားခန္ဓာရဲ့နောက်လိုက် အထောက်အထားက အတွင်းစက်ဝိုင်းရဲ့ တပည့်တွေထက် ပိုမြင့်မြတ်တယ် မဟုတ်လား"

လူများစွာက နတ်သမီးယွဲ့တိုက်ကိုကြည့်ရင်း အသံတိုးတိုးဖြင့် ပြောဆိုလိုက်ကြသည်။

"ကစဉ့်ကလျားခန္ဓာက နတ်သမီးယွဲ့တိုက်ကိုပဲ ရွေးချယ်တော့မယ် ထင်ပါတယ်"

ပါရမီရှင် အမျိုးသမီးတချို့က သက်ပြင်းချလိုက်ကြလေသည်။

"နတ်သမီးယွဲ့တိုက်၊ မင်း ဒီကိုရောက်လာမှတော့ ငါ့နောက်ကို ဘာလို့မလိုက်ရမှာလဲ။ နောက်ပြီးတော့ နောက်လိုက်ဆိုတာက နာမည်သက်သက်ပဲ ဖြစ်မှာပါ"

နတ်သမီးယွဲ့တိုက်ကိုမြင်တော့ လီကျိုးမင်က လှမ်းပြောလိုက်သည်။

ဤနေရာတွင် ပါရမီရှင်များစွာ ရှိနေသော်လည်း နတ်သမီးယွဲ့တိုက်သာလျှင် လူအုပ်ထဲမှာ ထင်ရှားပေါ်လွင်သည်ဟု သူ ခံစားရသည်။

ပုံပန်းသဏ္ဍာန်၊ အထောက်အထားနှင့် ခွန်အားတို့မှာ အထင်ရှားဆုံး ဖြစ်၏။

သူမက သူ၏ ယခင်ကိုယ်လုပ်တော် ခုန်းချမ်ချမ်ထက်ပင် အဆင့်အတန်း မြင့်မားသေးသည်။

မမျှော်လင့်ဘဲ၊ နတ်သမီးယွဲ့တိုက်က ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။

"ဖိတ်ခေါ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်လေး လီကျိုးမင်၊ ဒါပေမဲ့ ယွဲ့တိုက်မှာ နှစ်သက်တဲ့ သခင်တစ်ယောက် ရှိနေပါပြီ"

"ကောင်းပါပြီ"

ထိုစကားကိုကြားတော့ လီကျိုးမင်လည်း လျစ်လျူရှုလိုက်ပြီး ဆက်မပြောတော့ပေ။ သို့ရာတွင် ရှက်ရွံ့ခြင်းများက သူ့မျက်လုံးတွင် ထွက်ပေါ်လာခဲ့သည်။

သူကဲ့သို့ ကြီးကျယ်ခမ်းနားသော ဧကရာဇ်မျိုးနွယ်စု၏ သခင်လေးက ဖိတ်ကြားရန် အစပြုခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရသေးသည်။

'ဒီကစဉ့်ကလျားခန္ဓာပဲ ထပ်ဖြစ်နေပြန်ပြီ...'

လီကျိုးမင်၏ စိတ်ထဲမှ မုန်းတီးမှုတို့က ပို၍ ပြင်းထန်လာခဲ့သည်။

ကျွင်းရှောင်ယောက်ကြောင့် သူသဘောကျသော နောက်လိုက်ကိုတောင် မခေါ်နိုင်တော့ပေ။

'သူ့ရဲ့ စစ်နတ်ဘုရားတစ်ပိုင်း အထောက်အထားကို ဘေးဖယ်ထားရင်တောင်၊ ကစဉ့်ကလျားခန္ဓာရဲ့ဘေးမှာ ထိုင်နေရုံနဲ့ ကစဉ့်ကလျားအငွေ့အသက်တွေ ကူးစက်လာနိုင်တယ်'

'ငါ့ရဲ့ ဆွဲဆောင်နိုင်စွမ်းနဲ့ဆိုရင် သူ့ကိုဖမ်းမိပြီး အတူတူအိပ်နိုင်မှာ အသေအချာပဲ။ အဲဒီအခါကျရင် ငါ့ရဲ့ မျိုးဆက်တွေမှာလည်း ကစဉ့်ကလျားသွေးမျိုးဆက် ပါလာမှာ၊ အဲဒီအခါကျရင် အပြာရောင်လမင်းမျိုးနွယ်ထဲက ငါ့ရဲ့ အဆင့်အတန်းကလည်း မိုးထိအောင် မြင့်မားသွားလိမ့်မယ်'

နတ်သမီးယွဲ့တိုက်၏ အသွင်ပြင်က အပြင်ပန်းတွင် မြင့်မားပြီး အေးစက်သည်။

သို့သော် သူမစိတ်ထဲမှာတော့ ကျွင်းရှောင်ယောက်အား မည်ကဲ့သို့ သွေးဆောင်ရမည်ကို တွေးနေပြီ ဖြစ်၏။

ကစဉ့်ကလျားခန္ဓာနှင့် ကလေးမွေးရန်။

သူမ၏ အတွေးအကြံများက တကယ်ကို ဩချလောက်သည်။

All Chapters