← Chapters

အခန်း ၉၅၃

Vol. 64 Ch. 953

အခန်း ၉၅၃

Vol. 64 Ch. 953

အခန်း ( ၉၅၃ ) စူးဟုန်ယီ၏ အံ့ဖွယ် အလားအလာ။

ကျွင်းရှောင်ယောက်၏ အသံက တည်ငြိမ်သော်လည်း ရင်ပြင်တစ်ခုလုံး ပဲ့တင်ထပ်သွားသည်။

ရင်ပြင်တစ်ခုလုံးမှ ပါရမီရှင်များ မနေနိုင်ဘဲ အသက်ပြင်းပြင်းရှူလိုက်မိ၏။

"ငါ... ငါ နားကြားမှားသွားတာလား။ ကစဉ့်ကလျားခန္ဓာက နတ်သမီးယွဲ့တိုက်ကိုသတ်ဖို့ အဲဒီကောင်မလေးကို စေခိုင်းနေတာလား"

"ဒါကဘယ်လိုဖြစ်နိုင်မှာလဲ"

"အဲ့ဒီသွေးတစ်စက်က ရှေးဦးကစဉ့်ကလျားသွေးလား"

"ဒါက ကစဉ့်ကလျားသွေးဖြစ်ရင်တောင် ဒီမိန်းကလေး ခံနိုင်ရည်ရှိပါ့မလား"

ခေတ္တ တိတ်ဆိတ်သွားပြီးနောက် ပတ်ဝန်းကျင်မှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

မရေမတွက်နိုင်သော မျက်လုံးအကြည့်များက ကျွင်းရှောင်ယောက်အပေါ် ကျရောက်လာကြ၏။

အတိအကျပြောရလျှင် ကျွင်းရှောင်ယောက်၏ လက်ချောင်းပေါ်မှ သွေးတစ်စက်ကို ဖြစ်သည်။

ယင်းက ကစဉ့်ကလျားသွေး...

ကစဉ့်ကလျားသွေးတစ်စက်က ထိပ်သီး ပါရမီရှင်တစ်ဦးကို မွေးဖွားနိုင်ပေသည်။

ပါရမီရှင်များပင်လျှင် ဤသွေးတစ်စက်အတွက် သေသည်အထိ တိုက်ပွဲဝင်ရန် ဆန္ဒရှိကြသည်။

ကျွင်းရှောင်ယောက်၏ စကားများကို ကြားလိုက်ရပြီးနောက် နတ်သမီးယွဲ့တိုက်လည်း လုံးဝ နားမလည်နိုင်အောင် ဖြစ်သွားသည်။

ကျွင်းရှောင်ယောက်က သူ့ကိုသတ်ရန် ထိုကောင်မလေးကို ခိုင်းစေနေသလော။

သူ့ကို အားနည်းလွန်းတယ် ထင်လို့လား။

သို့တည်းမဟုတ် သူ့ဆုံးဖြတ်ချက်ကို စမ်းသပ်နေတာလား။

"ယွဲ့တိုက်က သခင်နောက်ကို စိတ်နှလုံးအကြွင်းမဲ့ လိုက်ပါဖို့ ဆန္ဒရှိပါတယ်။ ယွဲ့တိုက်က ဒီလောက်အားမနည်းပါဘူး။ ကြိုးကြိုးစားစား လေ့ကျင့်ပြီး သခင်ကို စိတ်ကျေနပ်စေမှာပါ"

နတ်သမီးယွဲ့တိုက်၏ မျက်နှာမှာ အနည်းငယ်ဖြူဖျော့နေပြီး သူ့အရှက်ကိုပင် ဂရုမစိုက်နိုင်တော့ပေ။

သို့သော်လည်း ကျွင်းရှောင်ယောက်က ဂရုမစိုက်ဘဲ စူးဟုန်ယီကိုသာ ကြည့်နေသည်။

"မင်း ဘာကိုရွေးချယ်မလဲ"

ကျွင်းရှောင်ယောက် မေးလိုက်သည်။

သူဟာ စူးဟုန်ယီ၏ ခန္ဓာကိုယ်ရှိ ကျိန်စာစွမ်းအားကို ကစဉ့်ကလျားစွမ်းအားဖြင့် ယာယီ ဖိနှိပ်ခဲ့ခြင်းသာ ဖြစ်သည်။

အကယ်၍၊ ကစဉ့်ကလျားသွေးတစ်စက်နှင့် ပေါင်းစပ်လိုက်ပါက စူးဟုန်ယီ၏ ကြွက်သားများနှင့် အရိုးများကို ပြုပြင်နိုင်ကာ သွေးကြောများကိုပင် ဖွင့်ပေးနိုင်လိမ့်မည်။

ယင်းက အံ့မခန်းရလဒ်ကို ရရှိစေသင့်သည်။

ထို့အပြင်၊ ဤမိန်းကလေး၏ဇာစ်မြစ်က လျှို့ဝှက်ဆန်းကြယ်သော်လည်း ကျွင်းရှောင်ယောက်၏ နောက်လိုက်တစ်ဦးဖြစ်လာရန် အရည်အချင်းပြည့်မီသေးသည်။

သို့ရာတွင် စူးဟုန်ယီက လက်မခံလျှင်တော့ ဤမျှသာ ဖြစ်သည်။

အနှေးနှင့်အမြန် သူ့နောက်ကွယ်မှ လျှို့ဝှက်ချက်ကို ကျွင်းရှောင်ယောက် ရှာဖွေတွေ့ရှိပေလိမ့်မည်။

သို့သော်၊ ထိုအခါမျိုးမှာတော့ သူမကို ဤမျှကြင်နာနေတော့မှာ မဟုတ်ချေ။

စူးဟုန်ယီ အသက်ရှူမြန်လာခဲ့သည်။

သူ့ဘဝအတွက် အရေးကြီးဆုံးသော အလှည့်အပြောင်းတစ်ခု ရောက်ရှိလာပြီဖြစ်မှန်းလည်း သူ နားလည်လိုက်၏။

သူမ၏ အနာဂတ် ကံကြမ္မာက ပြောင်းလဲခြင်းရှိမရှိဆိုသည်မှာ ယခု သူ့ရွေးချယ်မှုအပေါ် မူတည်သည်။

"ခွေးမ၊ နင် ကိုယ့်အဆင့်ကိုသိရင် ပိုကောင်းမယ်"

နတ်သမီးယွဲ့တိုက် အနည်းငယ်ရှက်ရွံ့သွားသည်။ ဤအခိုက်တွင် သူ့ဒေါသကို ထိန်းမရတော့ပေ။

သူမ၏ အဆင့်အတန်းက အဘယ်နည်း။ ဤခွေးမက သူ့ထက် ကစဉ့်ကလျားခန္ဓာ၏ မျက်နှာသာကို ဘာကြောင့် ရယူနိုင်သနည်း။

နတ်သမီးယွဲ့တိုက် နားမလည်နိုင်ပေ။

သူ လုံး၀ နားမလည်နိုင်ပါချေ။

"ဟုန်ယီ ကျေကျေနပ်နပ် လက်ခံပါတယ်"

စူးဟုန်ယီ၏ အနီရောင်မျက်လုံးများက သွေးပင်လယ်ကဲ့သို့ အေးစက်စက် သတ်ဖြတ်ချင်စိတ်တို့ဖြင့် လင်းလက်လာခဲ့သည်။

စူးဟုန်ယီ သူ့နှုတ်ခမ်းကို အနည်းငယ်ဟပြီး ကျွင်းရှောင်ယောက်၏ လက်ချောင်းကို ငုံလိုက်သည်။

ထို့နောက် သခင်ကိုချွဲရန် ကြိုးစားနေသော အိမ်မွေးသားရဲလေးတစ်ကောင်ပမာ သွေးတစ်စက်ကို စုပ်ယူလိုက်၏။

ကစဉ့်ကလျားသွေးတစ်စက်က စူးဟုန်ယီ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး ချက်ချင်းပင် ပျံ့နှံ့သွားတော့သည်။

ရှေးဦးကစဉ့်ကလျား စွမ်းအားများက တဟုန်ထိုး ထွက်ပေါ်လာခဲ့သည်။

သာမန်လူများသာ ဤစွမ်းအားကို အလွတ်လက်ခံလိုက်ပါက ချက်ချင်း ပေါက်ကွဲသွားလိမ့်မည်။

သူတော်စင်ဘုရင်များပင် မသန့်စင်ဘဲ တိုက်ရိုက်ဝါးမျိုရန် ခက်ခဲမည် ဖြစ်သည်

ဤသွေးတစ်စက်ကို မျိုမချမီ ဆေးအရည်အဖြစ် ဦးစွာသန့်စင်ရန် လိုအပ်သည်။

သို့ရာတွင်၊ စူးဟုန်ယီကတော့ မတူပေ။

ဤမျှပြင်းထန်သော ကျိန်စာမျိုးကိုပင် သူက ခံနိုင်ရည်ရှိသည်။

ဤကစဉ့်ကလျား သွေးတစ်စက်ကတော့ အထူး ပြောစရာမလိုပေ။

လူအားလုံး၏ အကြည့်အောက်တွင်...

စူးဟုန်ယီ၏ အရှိန်အဝါများက တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။

အခြေတည်နတ်ဘုရား၊ ကောင်းကင်နတ်ဘုရား၊ အစစ်အမှန်နတ်ဘုရား၊ တာအိုနတ်ဘုရား...

မကြာမီ စူးဟုန်ယီ၏ ကျင့်ကြံခြင်းအခြေခံက သူတော်စင်အဆင့်သို့ ရောက်‌လာပြီ။

ပတ်ဝန်းကျင်မှ ပါရမီရှင်အားလုံး မျက်လုံးမျက်ဆံ ပြူးကျယ်သွားကြသည်။

မကြာသေးခင်ကမှ သူဟာ ညစ်ပတ်ပြီး နိမ့်ကျသော သူတောင်းစားမလေးတစ်ဦး ဖြစ်ခဲ့သေးသည်။

ယခုတော့ သူတော်စင်နယ်ပယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်လာပြီ ဖြစ်သည်။

ကစဉ့်ကလျားသွေးတစ်စက်ကို ရရှိခဲ့လျှင်ပင် ယင်းက တရားလွန်ကြီး ဖြစ်နေသေးသည်။

ဤအဖြေကိုတော့ ကျွင်းရှောင်ယောက်သာ သိသည်။

စူးဟုန်ယီ၏ ခန္ဓာကိုယ်ထဲတွင် ကြီးမားသောစွမ်းအားများ ရှိနေသော်လည်း ကျိန်စာ၏ စွမ်းအားဖြင့် ဖိနှိပ်ခံခဲ့ရပေသည်။

ဤကစဉ့်ကလျား သွေးစက်တစ်စက်က ၎င်း၏စွမ်းအားမှ အလွန်သေးငယ်သော အစိတ်အပိုင်းတစ်ခုကိုသာ ဆွဲထုတ်ခဲ့ခြင်း ဖြစ်သည်။

သို့တိုင် ဤမျှသေးငယ်သော စွမ်းအားက စူးဟုန်ယီကို သူတော်စင်နယ်ပယ်သို့ တိုက်ရိုက် ဖြတ်ကျော်နိုင်စေခဲ့သေးသည်။

"ကစဉ့်ကလျားခန္ဓာရဲ့ မြင်နိုင်စွမ်းက စူးရှလိုက်တာ။ ဒါကိုတောင်မှ မြင်နိုင်တယ်"

"ဒါပေမဲ့ ဒီကောင်မလေးက အခု သူတော်စင်နယ်ပယ်မှာပဲ ရှိသေးတာ။ နတ်သမီးယွဲ့တိုက်ကို အနိုင်ယူချင်ရင် အိပ်မက်မက်နေတာပဲ"

ကျွင်းရှောင်ယောက်၏ မြင်နိုင်စွမ်းကြောင့် လူအများ အံ့ဩတုန်လှုပ်သွားကြသည်။

နတ်သမီးယွဲ့တိုက်လည်း အလွန်တုန်လှုပ်သွား၏။

သူမ၏ လှပသော မျက်လုံးများမှာတော့ နာကြည်းမှုနှင့် မနာလိုစိတ်များ ထွက်ပေါ်လာတော့သည်။

အရာအားလုံးက ဤမိန်းကလေးကြောင့် ဖြစ်သည်။

သူမသာ ပေါ်မလာပါက၊ ကျွင်းရှောင်ယောက်လည်း သူမကို သဘောကျကာ နောက်လိုက်အဖြစ် လက်ခံမည်မှာ သေချာသည်။

ယခုတော့ သူမ၏ အောင်မြင်မှုများကို စူးဟုန်ယီက လုယူသွားခဲ့ပြီ။

"သခင်၊ ခဏစောင့်ပါ"

စူးဟုန်ယီက တွန့်ဆုတ်စွာဖြင့် ကျွင်းရှောင်ယောက်၏လက်ကို ပြန်လွှတ်ပေးကာ ပြောလိုက်သည်။

ထို့နောက် နတ်သမီးယွဲ့တိုက်ကို လှည့်ကြည့်လိုက်တော့ အနီရောင် သူ့မျက်လုံးများက အေးစက်မှုများ အစားထိုးလာခဲ့၏။

ဤကမ္ဘာကြီးတွင် လူအားလုံးက သူမကို ထိခိုက်စေကြသည်။

ကျွင်းရှောင်ယောက်သာလျှင် သူမကို ကယ်တင်ရန် ဆန္ဒရှိ၏။

သူမက ကျွင်းရှောင်ယောက်ကို သဘောတူပြီး ကစဉ့်ကလျားသွေးကို မျိုချလိုက်သောကြောင့် နတ်သမီးယွဲ့တိုက်ကို သဘာဝအတိုင်း သတ်ရပေတော့မည်။

"သေ"

စူးဟုန်ယီ လှုပ်ရှားလိုက်သည်။

သူ့နောက်ကွယ်မှာလည်း အလွန်မှိန်ဖျော့သော အရိပ်တစ်ခု ယောင်ဝါးဝါး ပေါ်လာ၏။

ယင်းက မှုန်ဝါးလွန်းသဖြင့် ဘယ်လိုအရာဖြစ်မှန်းတော့ မမြင်ရပေ။

ဤအခိုက်အတန့်တွင်၊ သူမ၏ အရှိန်အဝါက သတ်ဖြတ်ခြင်းနှင့် အမှောင်ထု၏ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များကို သယ်ဆောင်လာပြီး အနီရောင် နတ်ဆိုးဧကရီကဲ့သို့ ဖြစ်ခဲ့သည်။

တစ်ချိန်တည်းမှာပင် စူးဟုန်ယီထံမှ ဤအငွေ့အသက်များ ထွက်ပေါ်လာချိန်...

တိုင်းတပါး၏ ကျယ်ပြောသော နယ်မြေကြီးအနှံ့မှ အင်မော်တယ်ဧကရာဇ်မျိုးနွယ်များတွင်...

မဟာပုဂ္ဂိုလ်ကြီးများ၏ အံ့အားသင့်နေသော စကားသံများ ထွက်ပေါ်လာခဲ့သည်။

"ဟင်၊ အဲဒီအငွေ့အသက်က...၊ သူ ဖြစ်နိုင်မလား..."

"မျှော်လင့်ထားတဲ့အတိုင်းပဲ၊ သူ နောက်တစ်ဖန် နိုးထလာခဲ့ပြီ။ အဲဒီလူရဲ့ စွဲလမ်းမှုက နက်ရှိုင်းလွန်းပြီး ပြန်လည်ဝင်စားတာ အဆုံးမရှိဘူး"

"ကြည့်ရတာ ငါတို့ကမ္ဘာမှာ ကြီးမားတဲ့ အပြောင်းအလဲတစ်ခု စတင်တော့မယ့်ပုံပဲ။ ဒါက ကပ်ဘေးဆိုးလား၊ ဒါမှမဟုတ် ကံကောင်းခြင်းတွေကို ယူဆောင်လာလိမ့်မလား"

"မကြာသေးခင်ကပဲ ဖျက်ဆီးခြင်းဘုရင်ခြောက်ပါးရဲ့ နိုးထမှု လက္ခဏာတွေလည်း ဖြစ်‌ပေါ်လာခဲ့တယ်။ ဒီကမ္ဘာကြီးမှာတော့ အပြောင်းအလဲကြီးတွေ တကယ်ဖြစ်လာတော့မှာပဲ"

"ဖြစ်ကောင်းဖြစ်နိုင်တာက... အမှောင်ဘုရင် ပေါ်လာချိန်မှာ အင်မော်တယ်နယ်မြေကြီး အဆုံးသတ်လိမ့်မယ်"

ရင်ပြင်မှာတော့...

စူးဟုန်ယီ ထုတ်လွှတ်လိုက်သော အရောင်အဝါများက မဟာပုဂ္ဂိုလ်ကြီးများကိုပင် အမှန်တကယ် ဆွဲဆောင်ခဲ့မိမှန်း မသိသေးပါ။

ဤအခိုက်တွင် သူတို့အားလုံးက အခြေအနေကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြသည်။

စူးဟုန်ယီက လက်ဝါးတစ်ဖက် ဖြန့်လိုက်တော့၊ သူမ၏ လက်ဖဝါးထဲတွင် မှောင်မိုက်နေသော အလင်းတန်းများ စုစည်းလာခဲ့သည်။

အမှောင်ယံကောင်းကင်သတ်ဖြတ်ခြင်း။

အချိန်ခဏလေးအတွင်း...

စူးဟုန်ယီ၏ အနီရောင် မျက်လုံးများမှ သတ်ဖြတ်ခြင်းအလင်းများ ပစ်လွှတ်လာခဲ့သည်။

သူမက အနီရောင် မီးလျှံနတ်ဆိုးကဲ့သို့ နတ်သမီးယွဲ့တိုက်ကို ချက်ချင်းဖြတ်သွား၏။

လေထုက အေးခဲသွားသည်။

အချိန်များလည်း ရပ်တန့်သွားပုံရ၏။

ဤအခိုက်တွင် လူတိုင်း၏ နှလုံးသားက ပြင်းထန်စွာ တုန်လှုပ်သွားခဲ့သည်။

"မဟုတ်ဘူး၊ ငါက... ဧကရာဇ်တစ်ပိုင်း မျိုးနွယ်စုရဲ့ ပါရမီရှင်တစ်ယောက်ပဲ။ ဒီလိုမျိုး ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."

နတ်သမီးယွဲ့တိုက်၏ မျက်နှာက ဖြူဖျော့ပြီး မယုံနိုင်ခြင်းများ ပြည့်သွားသည်။

ထို့နောက် သူမ၏လည်ပင်းတွင် သွေးစီးကြောင်းများ ပေါ်လာခဲ့၏။

နောက်တော့...

အသံတစ်ချက်နှင့်အတူ သူမ၏ ခန္ဓာကိုယ်ကော ရှေးဦးဝိညာဉ်ပါ ပေါက်ကွဲသွားတော့သည်။

ဧကရာဇ်တစ်ပိုင်းမျိုးနွယ်၏ သူတော်စင်ဘုရင် ပါရမီရှင်တစ်ဦး ကျဆုံးသွားခဲ့ပြီ။

အားလုံး တိတ်ဆိတ်သွားခဲ့သည်။

သူတော်စင်ဘုရင်တစ်ပါးကို တစ်ချက်တည်းဖြင့် ချက်ချင်း သတ်လိုက်၏။

သူမက အင်မော်တယ်ဧကရာဇ်မျိုးနွယ်မှဖြစ်လျှင် လက်ခံနိုင်ဦးမည်။

ယခုမူကား၊ ဧကရာဇ်တစ်ပိုင်း မျိုးနွယ်စု၏ ပါရမီရှင်တစ်ဦးကို သတ်ခဲ့သူမှာ သူတောင်းစားလေးတစ်ဦး ဖြစ်နေခဲ့သည်။

ဤအရာ အိပ်မက်ဆန်လွန်းသဖြင့် မည်သူမျှ ခဏချင်း မတုံ့ပြန်နိုင်တော့ပေ။

"သခင်...."

နတ်သမီးယွဲ့တိုက်ကို တစ်ချက်တည်းဖြင့် သတ်ပြီးနောက် စူးဟုန်ယီက ကျွင်းရှောင်ယောက်ရှေ့ကို တိုက်ရိုက်ဆင်းသက်လိုက်သည်။

ဤအခိုက်တွင် သူ အနည်းငယ်စိတ်လှုပ်ရှားနေပြီး မျှော်လင့်ချက်တို့လည်း ရှိနေလေ၏။

ဤအခိုက်တွင် နတ်သမီးယွဲ့တိုက်ကို သတ်လိုက်စဉ်ကဲ့သို့ အနီရောင်နတ်ဆိုးဧကရီ၏ အရိပ်အယောင်များ အနည်းငယ်မျှ မရှိတော့ပေ။

"မဆိုးဘူး၊ မင်း ငါ့ရဲ့နောက်လိုက် ဖြစ်လာနိုင်တယ်"

ကျွင်းရှောင်ယောက် အနည်းငယ် ခေါင်းညိတ်လိုက်သည်။

ဤစွမ်းဆောင်ရည်က စိတ်ကျေနပ်စရာ ဖြစ်၏။

စူးဟုန်ယီသာ နတ်သမီးယွဲ့တိုက်ကိုသတ်ရန် တိုက်ခိုက်မှုနှစ်ခု အသုံးပြုရပါက၊ ဤမိန်းကလေးအပေါ် သူ့အမြင်ကို အနည်းငယ် သံသယဖြစ်မိဦးမည် ဖြစ်သည်။

ယခုတော့ မလိုအပ်တော့ပေ။

"ကျေးဇူးတင်ပါတယ် သခင်၊ ငါ စူးဟုန်ယီရဲ့ ဒီဘဝမှာ သခင်ကိုပဲ ရိုကျိုးမယ်လို့ ကတိပြုပါတယ်"

"ငါပိုင်ဆိုင်တဲ့ အရာအားလုံး၊ ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်ပါ သခင်အပိုင်ပါပဲ"

စူးဟုန်ယီက ကျွင်းရှောင်ယောက်ရှေ့တွင် လေးလေးနက်နက် ဒူးထောက်ချလိုက်သည်။

ကျွင်းရှောင်ယောက်က သူ့အား ဘဝသစ်တစ်ခု ပေးခဲ့သူ ဖြစ်သည်။

ယခင်ကဆိုလျှင် လူတိုင်းက သူ့အား မထီမဲ့မြင်ပြုပြီး စော်ကားကြသည်။

ကျွင်းရှောင်ယောက်သာလျှင် သူ့ကို ဖေးမခဲ့၏။

ဤကြင်နာမှုနှင့် ချစ်ခြင်းမေတ္တာကို စူးဟုန်ယီ၏ နှလုံးသားတွင် ထာဝရ ထွင်းထုထားလိမ့်မည်။

ကျွင်းရှောင်ယောက်လည်း ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

စူးဟုန်ယီ၏ နောက်ကွယ်တွင် လျှို့ဝှက်ချက်ကြီးတစ်ခု ရှိနေသည်ကို သူသိ၏။

ယခုတော့ ကစဉ့်ကလျား သွေးတစ်စက်တည်းဖြင့် သူဟာ အနာဂတ် နတ်ဆိုးဧကရီတစ်ပါးကို အနိုင်ယူနိုင်ခဲ့ပြီ။

All Chapters