အခန်း ၉၅၇
Vol. 64 Ch. 957
အခန်း ( ၉၅၇ ) အသက်ဆက်ရှင်ရန် အကြောင်းပြချက်အသစ်။
ရွယ်ယွဲ့၏ ဘဝအတွေ့အကြုံများက အလွန်သနားစရာကောင်းသည်။
သူ၏ တစ်ဦးတည်းသော မိသားစုဝင်ကိုပင် သူ့လက်နှင့် သတ်ခဲ့မိ၏။
ယင်းက နားလည်မှုလွဲမှားခဲ့ခြင်းဖြစ်သော်လည်း မည်သူမဆို စိတ်ဒဏ်ရာဖြစ်စေရန် လုံလောက်သည်။
ရွယ်ယွဲ့ဟာ သူမ၏ စိတ်ကူးယဉ်ဆန်ဆန် မျှော်လင့်ချက်တစ်ခုအတွက် ပိအန်းအဖွဲ့အစည်းတွင် ပါဝင်ရန် ရွေးချယ်ခဲ့သည်။
ထို့နောက် အခြေအနေမျိုးစုံကို ဖြတ်သန်းခဲ့၏။
နောက်ပိုင်း၊ ကျွင်းရှောင်ယောက်နှင့် တွေ့ဆုံပြီးနောက်...
ရွယ်ယွဲ့ဟာ သူ့ကိုယ်သူ မှားယွင်းသော စွဲလမ်းမှုတစ်ခုတွင် ပိတ်မိနေပုံရကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။
ကိုယ့်ကိုယ်ကိုရော တခြားသူများကို လှည့်စားရန် အကြောင်းပြချက်ရှာနေခဲ့မိ၏။
သူ့အစ်ကိုနှင့် ဆင်တူသော်လည်း အဆများစွာ ပိုချောမောသော မျက်နှာကို မြင်လိုက်ရချိန်တွင်...
ရွယ်ယွဲ့၏ စိတ်ထဲမှာ အထင်အမြင်မှားများပင် ဖြစ်ပေါ်လာခဲ့သည်။
ကျွင်းရှောင်ယောက်နှင့် တွေ့ဆုံခြင်းက သေဆုံးသွားသော သူမ၏အစ်ကို စီစဉ်ပေးခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။
ဤသို့ဖြင့် သူမ၏အစ်ကိုလည်း လုံးဝ ပျောက်ကွယ်သွားတော့သည်။
"ဒါက အလိမ်အညာတွေမှန်း မင်းသိပြီ၊ မင်း အသက်ဆက်ရှင်ဖို့ အကြောင်းပြချက်လည်း မရှိတော့ဘူးဆိုတော့ မင်း သေလမ်းရှာတော့မှာလား"
ကျွင်းရှောင်ယောက်က ရွယ်ယွဲ့ကို ကြည့်လိုက်သည်။
ရွယ်ယွဲ့ အသက်ဆက်ရှင်ရန် တစ်ခုတည်းသော အကြောင်းပြချက်က သူ့အစ်ကို ရှင်ပြန်ထမြောက်ရန် ဖြစ်သည်။
ယခုတော့ ထိုအကြောင်းပြချက်က ပျောက်ကွယ်သွားခဲ့ပြီ။
သူ့ကိုယ်သူ ရွယ်ယွဲ့ သတ်သေတော့မည်လော။
ရွယ်ယွဲ့ တိတ်ဆိတ်နေခဲ့သည်။
မူလကတော့ ရွယ်ယွဲ့ဟာ ထိုသို့လုပ်ရန် စီစဉ်ထားခဲ့သည်။
ယခုမူ၊ ကျွင်းရှောင်ယောက်၏ ကယ်တင်ခြင်းကို ခံရပြီးနောက် သူမ ရုတ်တရက် မသေချင်တော့သလို ခံစားနေရပြီ။
"မင်း အေးအေးဆေးဆေး သေရအောင်လို့ ငါ ကယ်တင်လာတာ မဟုတ်ဘူး"
ကျွင်းရှောင်ယောက် ပြောလိုက်သည်။
"ဘာလို့လဲ၊ ငါက ကျန်းစန်းယီကို နာကျင်အောင်လုပ်ပြီး သူ့ကိုသတ်လုနီးပါးတောင် ဖြစ်စေခဲ့တာ။ အဲဒီအတွက် နင်လည်း ငါ့ကို သေစေချင်နေတာပဲ မဟုတ်လား"
ရွယ်ယွဲ့ မနေနိုင်ဘဲ မေးလိုက်၏။
ဘာရယ်ကြောင့်မှန်းမသိ...
ဤစကားလုံးများတွင် မနာလိုခြင်း အရိပ်အမြွက်တို့ ပါဝင်နေခဲ့လေသည်။
"မှန်ပါတယ်၊ မင်းရဲ့အသက်က ငါ့အတွက် လွယ်ကူတယ်။ ဒါပေမဲ့ မင်းကို ငါအသက်ရှင်စေချင်တယ်"
"ပြီးတော့ မင်းဆီကနေ ပိအန်းအဖွဲ့အစည်းအကြောင်း ငါသိချင်သေးတယ်"
"မင်းက ပိအန်းဧကရာဇ်မျိုးနွယ်နဲ့ ပတ်သက်နေတဲ့ အဓိကသဲလွန်စတွေထဲက တစ်ခုပဲ"
ကျွင်းရှောင်ယောက်က ရွယ်ယွဲ့ကို ကယ်တင်ရသည့် အကြောင်းရင်းကို ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
"အော်"
ရွယ်ယွဲ့၏ မျက်လုံးများက ခါးသီးခြင်းများ ပြည့်သွားခဲ့လေသည်။
သူမက စစ်မှန်သော ချစ်ခြင်းမေတ္တာ၊ ဂရုစိုက်မှုများနှင့် မထိုက်တန်တာ ဖြစ်နိုင်သည်။
သူက အသက်များကို ရိတ်သိမ်းဝါးမျိုနေသည့် သွေးအေး ရက်စက်သော လူသတ်သမားသာ ဖြစ်လိမ့်မည်။
ရွယ်ယွဲ့၏ မျက်လုံးများက အရောင်မှိန်ဖျော့သွားချိန်တွင်...
ကျွင်းရှောင်ယောက်က ဆက်ပြောလိုက်သည်။
"ဒါပေါ့၊ မင်းသာ နာခံမှုရှိမယ်ဆိုရင် မင်းကို တိုင်းတစ်ပါးမှာ ကာကွယ်ပြီး ငါနဲ့အတူ ရှိနေခွင့်ပေးမယ်"
အရောင်မှိန်ဖျော့သွားသော သူ့မျက်လုံးများက ရုတ်တရက် တောက်ပသွား၏။
သူမက ခေါင်းကို အနည်းငယ်မော့ပြီး တည်ငြိမ်သော အမူအရာရှိသည့် ကျွင်းရှောင်ယောက်ကို ကြည့်လိုက်သည်။
ထိုလူက အေးစက်ပြီး ခပ်ခွာခွာနေတတ်ပုံရသော်လည်း...
ဤမျှ ခံစားချက်မဲ့ပုံတော့ မရပေ။
ရွယ်ယွဲ့လည်း အသက်ဆက်ရှင်ရန် အကြောင်းပြချက်အသစ်တစ်ခုကို ရှာတွေ့ခဲ့သလို ခံစားလိုက်ရသည်။ဖ
ဤတစ်ခါတော့ ကျွင်းရှောင်ယောက်က သူမ၏အစ်ကိုနှင့် တူနေသောကြောင့် မဟုတ်တော့ပါ။
အကြောင်းမှာ၊ ကျွင်းရှောင်ယောက်ကိုယ်တိုင်ကြောင့် ဖြစ်သည်။
ရွယ်ယွဲ့၏ မျက်လုံးများမှ တောက်ပလာသော အလင်းရောင်လေးကိုကြည့်ရင်း...
ကျွင်းရှောင်ယောက်လည်း သူ့နှလုံးသားထဲမှ သက်ပြင်းတစ်ချက်ချလိုက်သည်။
လူများ၏ နှလုံးသားကို ထိန်းချုပ်ရန်မှာ တစ်ခါတလေတော့လည်း ရိုးရှင်းသည်။
စိတ်ကို တိုက်ခိုက်ခြင်းက အကောင်းဆုံး ဖြစ်၏။
ရွယ်ယွဲ့တွင် မူလက သေမျိုးခန္ဓာသာရှိသော်လည်း၊ တာအိုခန္ဓာမျိုးစုံ ဝါးမျိုခြင်းဖြင့် အစွမ်းထက်လာခဲ့သည်။
သူမ၏ အရည်အချင်းများဖြင့် အနာဂတ်က မှန်းဆ၍မရပေ။
သူက လျှို့ဝှက်ဆန်းကြယ်သော စူးဟုန်ယီထက် လုံးဝအားနည်းသည် မဟုတ်ပါ။
ရွယ်ယွဲ့၊ စူးဟုန်ယီ။
ဤမိန်းကလေးနှစ်ယောက်က ကျွင်းရှောင်ယောက်၏လက်ထဲမှ အချွန်ထက်ဆုံးဓားများ ဖြစ်လာကြလိမ့်မည်။
"မင်း ဒဏ်ရာအပြင်းအထန်ရထားတယ်။ ဒီမှာနေပြီး မင်းကိုယ်မင်း ကောင်းမွန်အောင် အရင်ကုသလိုက်ပါ။ နောက်မှ မင်းကိုလိုအပ်တဲ့အခါ ငါလိုက်ရှာမယ်"
ကျွင်းရှောင်ယောက် ပြောလိုက်သည်။
"ကျေးဇူး... ကျေးဇူးတင်ပါတယ်"
ရွယ်ယွဲ့ ပြောလိုက်သည်။ သူ့ဘဝတွင် ကျေးဇူးတင်ကြောင်း တစ်ခါမှ မပြောဖူးသလို၊ အနည်းငယ် တုံ့ဆိုင်းဆိုင်းလေး ဖြစ်၏။
"ဒါနဲ့၊ ဒါက မင်းအတွက်"
ကျွင်းရှောင်ယောက်က လက်ညှိုးတစ်ချက်ညွှန်လိုက်ရာ ကစဉ့်ကလျားသွေးတစ်စက် ထွက်ပေါ်လာခဲ့သည်။
"ဒါ..."
ရွယ်ယွဲ့ အနည်းငယ် အံ့သြသွား၏။
ကျွင်းရှောင်ယောက်က သူမကို ကစဉ့်ကလျားခန္ဓာ သွေးအနှစ်သာရတစ်စက် အမှန်တကယ် ပေးခဲ့သည်။
မူလကတည်းက ရွယ်ယွဲ့၏လမ်းစဉ်မှာ တာအိုခန္ဓာအမျိုးမျိုးကို သန့်စင်ရန် ဖြစ်သည်။
ဤကစဉ့်ကလျားခန္ဓာ သွေးအနှစ်သာတစ်စက်က သူမအတွက် အဆုံးမဲ့ တန်ဖိုးရှိပေသည်။
ကျွင်းရှောင်ယောက်အနေဖြင့် ရှေးဟောင်းမြင့်မြတ်ခန္ဓာမှ ကစဉ့်ကလျားခန္ဓာအဖြစ်သို့ မည်သို့မည်ပုံ ပြောင်းလဲခဲ့မှန်း သူမ မသိပါ။
သို့ရာတွင်၊ ကျွင်းရှောင်ယောက်၏ လက်ဆောင်က ကြီးမားလွန်းကြောင်း ထင်ရှားသည်။
သူက သူမ၏အသက်ကို ကယ်တင်ခဲ့သည့်အပြင် ကစဉ့်ကလျားခန္ဓာ သွေးအနှစ်သာရကိုလည်း ပေးခဲ့သေးသည်။
ရွယ်ယွဲ့လည်း ကျွင်းရှောင်ယောက်ကို လွန်စွာ ကျေးဇူးတင်သွားမိသည်။
"ငါ မှတ်ထားမယ်"
ကစဉ့်ကလျားခန္ဓာ သွေးအနှစ်သာရကို လက်ခံပြီးနောက် ရွယ်ယွဲ့ ခေါင်းငုံ့လိုက်လေသည်။
နောက်ကိုလှည့်ကာ ထွက်ခွာသွားသော ရွယ်ယွဲ့ကိုကြည့်ရင်း ကျွင်းရှောင်ယောက် ပြုံးလိုက်သည်။
"ဒီကမ္ဘာပေါ်မှာ အလကားရတဲ့ နေ့လယ်စာ မရှိဘူး။ မင်း ငါ့ဆီက လက်ဆောင်ကို လက်ခံရင် ပြန်ပြီး ပေးဆပ်ရလိမ့်မယ်"
ကျွင်းရှောင်ယောက်က သူ့အတွက် အကျိုးမရှိသောအရာကို ဘယ်တော့မှ မလုပ်ပေ။
နယ်စပ်တွင် စစ်ပွဲများ နောက်တစ်ဖန် စတင်တော့မည်ဖြစ်သောကြောင့် ပိအန်းမျိုးနွယ်ကိုတော့ သူ သွားဖြစ်ဦးမည် မဟုတ်ပါ။
နယ်စပ်မှပြန်လာပြီး ရွယ်ယွဲ့၏ဒဏ်ရာများလည်း သက်သာသောအခါမှ၊ ပိအန်းဧကရာဇ်မျိုးနွယ်ကို သွားရောက်မည် ဖြစ်သည်။
ထို့နောက် ကျွင်းရှောင်ယောက် အသိစိတ်ထဲတွင် တစ်ချက်လှုပ်ရှားသွား၏။
တံခါးအပြင်ဘက်မှ စူးဟုန်ယီ ဝင်လာပြီး ကျွင်းရှောင်ယောက်ကို လေးလေးစားစား ဦးညွတ်လိုက်လေသည်။
ယခုအခါ စူးဟုန်ယီက ရေမိုးချိုးပြီး အညစ်အကြေးများကို ဆေးကြောပြီးသွားပြီ ဖြစ်သည်။
သူမက အနီရောင်ဝတ်စုံအသစ်ကို ဝတ်ဆင်ထား၏။
သူမ၏ နဖူးမှ ရှည်လျားသော ဆံနွယ်များကတော့ ထူးဆန်းသော သွေးနီ မျက်လုံးတစ်စုံကို ဖုံးအုပ်ထားဆဲပင်။
သူ့ရုပ်ရည်က အလွန်တရာ လှပခြင်းမျိုး မရှိသော်လည်း ဘေးအိမ်မှ သိမ်မွေ့သော မိန်းကလေးနှင့် တူသည်။
ပိုးကောင်များကဲ့သို့ အမာရွတ်များကြောင့် ဤအလှတရားက တိမ်မြှုပ်ပျောက်ကွယ်နေခဲ့ခြင်း ဖြစ်ချေသည်။
"သခင်လေး..."
စူးဟုန်ယီက အနည်းငယ် ခေါင်းငုံ့ပြီး နှုတ်ဆက်လိုက်သည်။
နတ်သမီးယွဲ့တိုက်ကို သတ်ဖြတ်စဉ်က သူဟာ သွေးအေးရက်စက်သော အနီရောင်ဝတ် နတ်ဆိုးဘုရင်မကဲ့သို့ ပြုမူခဲ့သော်လည်း...
ယခု ကျွင်းရှောင်ယောက်၏ရှေ့မှာတော့ ရှက်ရွံ့တတ်သော မိန်းမပျိုလေးတစ်ဦးကဲ့သို့ ဖြစ်နေပြီ။
"ပေါ့ပေါ့ပါးပါးနေပါ၊ ငါ့ရဲ့နောက်လိုက် ဖြစ်လာပြီဆိုမှတော့ မင်းကို ဘယ်သူမှ နာကျင်အောင် လုပ်ခွင့်ပြုမှာ မဟုတ်ဘူး"
ကျွင်းရှောင်ယောက် ပြုံးပြီး ပြောလိုက်သည်။
"ဟုတ်ကဲ့ပါသခင်လေး၊ သခင်လေး စိတ်ထဲမရှိသရွေ့ ဟုန်ယီက သခင်လေးအတွက်ပဲ အမြဲဖြစ်နေမှာပါ"
"မင်းက ငါ့ရဲ့ သီးခြားနောက်လိုက်ပဲ၊ ငါက မင်းကို သဘောမကျဘဲ ဘယ်လိုရှိမှာလဲ"
ကျွင်းရှောင်ယောက် အနည်းငယ် ရယ်စရာကောင်းသလို ခံစားလိုက်ရသည်။
စူးဟုန်ယီက ခေါင်းကို အနည်းငယ်ငုံ့ပြီး တွန့်ဆုတ်စွာ ပြောလိုက်၏။
"ဟုန်ယီက ရုပ်ဆိုးတယ်လေ၊ သခင်လေးရဲ့ ဘေးနားမှာက မိန်းမလှလေးတွေပဲ ရှိနေတာ"
ထိုသို့ပြောနေချိန်တွင် စူးဟုန်ယီ၏ လေသံက အနည်းငယ် အားနည်းသွားလေသည်။
အမှန်တကယ်လည်း တုရှန်ချွန်းချွန်း၊ တုရှန်ဝမ်ဝမ်နှင့် လော့ရှန်းလင်တို့က ရှားပါး မိန်းမလှလေးများ ဖြစ်ကြသည်။
အနည်းငယ်နိမ့်ကျသော ဖေးချင်ပင်လျှင် အလွန်လှပသော မိန်းကလေးတစ်ဦး ဖြစ်နေသေးသည်။
စူးဟုန်ယီတစ်ဦးသာ ခြွင်းချက် ဖြစ်သည်။ သူမ၏ အခြေခံအုတ်မြစ်က မဆိုးသလို ရုပ်ရည်ကလည်း မဆိုးပေ။
သို့ရာတွင် တကိုယ်လုံး ပြည့်နှက်နေသော အမာရွတ်များက သူမ၏အသွင်အပြင်ကို ထိခိုက်စေခဲ့သည်။
စူးဟုန်ယီက ယင်းကို ကျင့်သားရနေပြီဖြစ်သော်လည်း...
ကျွင်းရှောင်ယောက်ကဲ့သို့ ချောမောသော ယောက်ျားတစ်ယောက်ရှေ့မှာတော့ ရှက်ရွံ့သလို ခံစားရသေးသည်။
ထိုစကားကိုကြားတော့ ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
"ဒါနဲ့ မင်းရဲ့ မူလဇစ်မြစ်ကို ငါမသိသေးဘူး။ နောက်ပြီး မင်းအမာရွတ်တွေအတွက် နည်းလမ်းတစ်ခုကို ငါစဉ်းစားလို့ရတယ်"
"တကယ်ပဲလား"
စူးဟုန်ယီ၏ ခန္ဓာကိုယ်ကလေးက ရုတ်တရက် တုန်ယင်လှုပ်ရှားသွားခဲ့သည်။
ထို့နောက် သူ အသိစိတ်လွတ်သွားကြောင်း သတိထားမိပြီး ရှက်ရွံ့စွာဖြင့် မျက်နှာလေးမှာ နီရဲသွား၏။
ထို့နောက်တော့ စူးဟုန်ယီဟာ သူမ၏ ဘဝအတွေ့အကြုံ အားလုံးကို ပြောပြခဲ့လေသည်။
စူးဟုန်ယီဟာ လူမှန်းသိတတ်စကတည်းက တစ်ကောင်ကြွက် ဖြစ်သည်။ သူ့တွင် အဖေ၊ အမေ မရှိသလို ဘယ်နေရာကလာမှန်းလည်း မသိပေ။
သူမကို ငယ်စဉ်ကတည်းက ကျွန်မျိုးနွယ်ဇနီးမောင်နှံက စောင့်ရှောက်ထားခဲ့သည်။
သို့သော်လည်း နောက်ပိုင်းတွင် ထိုကျွန်မျိုးနွယ်တစ်ခုလုံး ရက်ရက်စက်စက် သုတ်သင်ခံခဲ့ရပေသည်။
စူးဟုန်ယီသာ ကံကောင်းထောက်မ၍ အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။
နောက်တော့ သူတစ်ယောက်တည်း လှည့်ပတ်သွားလာခဲ့ပေသည်။
ယုတ္တိဗေဒအရ စူးဟုန်ယီကဲ့သို့ မိန်းကလေးတစ်ယောက်အတွက် တိုင်းတပါးတွင် ရှင်သန်နိုင်ရန် ခက်ခဲသည်။
သို့သော်လည်း သူမ၏ခန္ဓာကိုယ်ပေါ်မှ အမာရွတ်များကြောင့် မကောင်းဆိုးရွားအဖြစ် သတ်မှတ်ကာ လူတိုင်းက သူ့အနားကို မကပ်တော့ပေ။
ယင်းက သူ့အသက်ဆက်ရှင်နိုင်သော အကြောင်းပြချက်တစ်ခု ဖြစ်ခဲ့သည်။
"ဒီလိုပဲကို"
ကျွင်းရှောင်ယောက် အနည်းငယ် ခေါင်းညိတ်လိုက်သည်။
စူးဟုန်ယီကိုယ်တိုင် သူမ၏ဇာစ်မြစ်ကို သိပုံမရပေ။
ဤအတွက် ကျွင်းရှောင်ယောက် သူ့အတွေးများကို အတည်ပြုရန် နည်းလမ်းတစ်ခုသာ ကျန်သည်။
"ဟုန်ယီ၊ မင်းရဲ့အဝတ်အစားတွေကို ချွတ်လိုက်ပါ"