အခန်း ၉၅၈
Vol. 64 Ch. 958
အခန်း ( ၉၅၈ ) ကျိန်စာစွမ်းအားများကို ဖိနှိပ်ခြင်း။
"ဟုတ်ကဲ့၊ အာ... အဲ"
စူးဟုန်ယီ ခေါင်းညိတ်လိုက်သည်။
သို့သော်လည်း ချက်ချင်းပင် သူ့မျက်လုံးကလေး ဝိုင်းသွား၏။
တကယ်ပဲ သူထင်ထားတဲ့အတိုင်း ဖြစ်လာတော့မှာလား။
သူမကို ဦးစွာ ရေမိုးချိုး၍ သန့်စင်စေပြီးနောက်...
ဟုတ်သည်၊ စူးဟုန်ယီက တွန့်ဆုတ်ခြင်းတော့ မရှိပေ။
သူမ ပိုင်ဆိုင်သမျှ အရာအားလုံးကို ကျွင်းရှောင်ယောက်အတွက် ပေးဆပ်တော့မည်ဟု ဆုံးဖြတ်ထားပြီးပြီ ဖြစ်သည်။
ကျွင်းရှောင်ယောက် မရှိပါက သူမ အသက်ဆက်ရှင်နိုင်ဦးမည်ပင် မဟုတ်တော့ပါ။
ခဏအကြာတွင်၊ စူးဟုန်ယီ၏ အဝတ်အစားအားလုံးကို ကျွင်းရှောင်ယောက်ရှေ့မှာ ချွတ်လိုက်ပြီး ဖြစ်သွားသည်။
ရေမိုးချိုးကာ သန့်စင်ပြီးနောက် သူမ၏ နူးညံ့သော ခန္ဓာကိုယ်ကလေးက လတ်လတ်ဆတ်ဆတ် အခွံနွှာထားသော သစ်သီးတစ်လုံးကဲ့သို့ ဖြစ်နေပြီ။
သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ကင်းခြေများကဲ့သို့ အမာရွတ်များစွာ ရှိနေသော်လည်း...
ယင်းကြောင့်ပင် ထူးကဲသော ဆွဲဆောင်မှုတစ်ခု ရှိနေခဲ့ပေသည်။
စူးဟုန်ယီ၏ မျက်နှာကလေးမှာ ရှက်ရွံ့မှုကြောင့် နီမြန်းနေခဲ့သည်။ သူ ခေါင်းငုံ့နေပြီး ကျွင်းရှောင်ယောက်ကို မကြည့်ဝံ့တော့ပေ။
ကျွင်းရှောင်ယောက်၏ မျက်လုံးများမှာလည်း အံ့အားသင့်မှု အရိပ်အမြွက်တို့ ပေါ်လာခဲ့သည်။
စူးဟုန်ယီ၏ ဖြူဆွတ်နေသော ဝမ်းဗိုက်ပေါ်တွင် ခြောက်ထောင့်ကြယ်သဏ္ဍာန် အမှတ်အသားတစ်ခုကို ဝေဝါးဝါး မြင်လိုက်ရ၏။
အနီးကပ်ကြည့်လိုက်ပါက ကျွင်းရှောင်ယောက်၏ လက်ကောက်ဝတ်တွင်ပေါ်လာသော ခြောက်ထောင့်ကြယ် အမှတ်အသားနှင့် အနည်းငယ် ဆင်တူကြောင်း မြင်တွေ့ရလိမ့်မည်။
သူမ၏ ခြောက်ထောင့်ကြယ်က မနိုးထသေးသကဲ့သို့ ဝေဝါးနေခြင်း ဖြစ်သည်။
"သ... သခင်လေး..."
ကျွင်းရှောင်ယောက်၏အကြည့်ကို ခံစားမိတော့ စူးဟုန်ယီ၏ ခန္ဓာကိုယ်ကလေးက အနည်းငယ် တုန်ခါသွားသည်။
သူ ကြောက်ရွံ့နေခြင်း မရှိသော်လည်း ရှက်ရွံ့မိ၏။
'ဒါက ငါ မျှော်လင့်ထားတဲ့အတိုင်းပါပဲ၊ ဒါပေမဲ့ အပြည့်အဝ နိုးထမလာသေးဘူး'
ကျွင်းရှောင်ယောက်က သူ့ဘာသာသူ တွေးလိုက်သည်။
စစ်နတ်ဘုရားနန်းတော်သို့ ရောက်လာပြီးနောက် ကျွင်းရှောင်ယောက်ဟာ ဖျက်ဆီးခြင်းဘုရင်ခြောက်ပါးအကြောင်း အချက်အလက်အချို့ကို စစ်ဆေးခဲ့သည်။
ရှေးယခင်ကတော့ ဖျက်ဆီးခြင်းဘုရင်ခြောက်ပါးစလုံး ပေါ်ထွန်းခဲ့ခြင်း မရှိပါ။ ဖြစ်ကောင်းဖြစ်နိုင်သည်က၊ ခေတ်တစ်ခုတွင် တစ်ဦး၊ နှစ်ဦးသာ ဖြစ်သည်။
သို့သော်လည်း တစ်ဦး၊ နှစ်ဦး နိုးထလာလျှင်ပင် သူတို့ကြီးပြင်းလာပါက အင်မော်တယ်နယ်မြေကြီးအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်သေးသည်။
ဥပမာအားဖြင့်၊ နယ်စပ်ကို ဖျက်ဆီးခဲ့ခြင်းတွင် ဖျက်ဆီးခြင်းဘုရင်များ၏ အကူအညီများ ပါဝင်ခဲ့သည်ဟူသော ကောလဟာလများ ရှိသည်။
ယခင်က ကျွင်းရှောင်ယောက်ဟာ ကောင်းကင်သင်္ချိုင်းတွင် နတ်ဆိုးဘုရင်နှင့်တူသောလူကို သတ်ခဲ့ပြီး၊ ရလဒ်အနေဖြင့် ခြောက်ထောင့်ကြယ်အမှတ်အသားကို ရရှိခဲ့ပေသည်။
ထို့ကြောင့်ပင် ဖျက်ဆီးခြင်းဘုရင်ခြောက်ပါးက ကံကြမ္မာနှင့်ဆင်တူသည်ဟု ကျွင်းရှောင်ယောက် ခန့်မှန်းမိခဲ့သည်။
ဤအတွက် သတ်မှတ်ချက်များမရှိဘဲ အရည်အချင်းရှိသူတိုင်း ယှဉ်ပြိုင်နိုင်ပေသည်။
ဥပမာအားဖြင့်၊ ကျွင်းရှောင်ယောက်က ထိုနတ်ဆိုးဘုရင်နှင့်တူသော လူကို သတ်လိုက်သောအခါ ကမ္ဘာကြီးကို ဖျက်ဆီးရန် ကံကြမ္မာက သူ့ထံ လွှဲပြောင်းပေးခဲ့သည်။
သို့သော်လည်း၊ ယခု ကျွင်းရှောင်ယောက် မသေချာသေးသောအရာမှာ...
စူးဟုန်ယီက ဖျက်ဆီးခြင်းဘုရင်ခြောက်ပါး၏ ကံကြမ္မာကို အဘယ်ကြောင့်ရရှိခဲ့သနည်း။
သူမ၏ ကံကြမ္မာ နိုးထစေရန် မည်သို့ပြုလုပ်ရမည်နည်း။
စူးဟုန်ယီ၏ ခန္ဓာကိုယ်မှ ကြောက်စရာကောင်းသော ကျိန်စာ စွမ်းအားက ဘယ်ကလာသနည်း။
သူမကို အဘယ်ကြောင့် ဤမျှ ကျိန်စာကျရောက်ခဲ့သနည်း။
ကျွင်းရှောင်ယောက်၏ နှလုံးသားထဲတွင် မေးခွန်းအသစ်များ များစွာ ပေါ်လာခဲ့သည်။
သို့သော်လည်း ဤကိစ္စမျိုးက အလျင်လို၍တော့ မရပါ။ စူးဟုန်ယီ၏ လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိစေရန်က အချိန်တိုအတွင်း မဖြစ်နိုင်ချေ။
ထို့အပြင် ကျွင်းရှောင်ယောက် ယုံကြည်မှုရှိသည်။
စူးဟုန်ယီ၏ ဖျက်ဆီးခြင်းကံကြမ္မာ နိုးထလာကာ စစ်မှန်သော အနီရောင်၀တ် နတ်ဆိုးဘုရင်မ ဖြစ်လာခဲ့လျှင်ပင်...
သူ့အပေါ် သစ္စာရှိမှုကတော့ အပြည့်အဝပင်။
ကျွင်းရှောင်ယောက်က ဖျက်ဆီးခြင်းဘုရင်ကို နောက်လိုက်အဖြစ် လက်ခံထားလိုက်တာဟု ဆိုနိုင်သည်။
ဤအတွက် ကျွင်းရှောင်ယောက် လုပ်ရမည်က စူးဟုန်ယီကို ဆန္ဒအလျောက် သူ့နောက်လိုက်ပါရန် ဆောင်ရွက်ပေးရုံပင်။
ကျွန်အမှတ်အသားကို ခပ်နှိပ်ခြင်းဖြင့်လည်း စူးဟုန်ယီကို ထိန်းချုပ်နိုင်သည်။
သို့ရာတွင်၊ ကျွင်းရှောင်ယောက်အတွက်တွော ဤထိန်းချုပ်မှုက အဆိုးဆုံးနည်းလမ်းပင်။
ကျွင်းရှောင်ယောက်တွင် ကိုယ်ပိုင်နည်းလမ်းများ ဖြစ်သည်။
"ဟုန်ယီ၊ မင်းရဲ့ခန္ဓာကိုယ်က အရမ်းလှတာပဲ၊ ဒီလောက် အားငယ်နေဖို့ မလိုပါဘူး"
ကျွင်းရှောင်ယောက် အနည်းငယ် ပြုံးလိုက်သည်။
စူးဟုန်ယီ၏ သွေးနီရောင် မျက်လုံးများက အနည်းငယ် လှုပ်ရှားသွားလေသည်။
"သခင်လေး မနောက်ပါနဲ့၊ ဒီလောက် ရုပ်ဆိုးတဲ့သူက သခင်လေးရဲ့ မျက်လုံးထဲကို ဘယ်လိုဝင်ရောက်နိုင်မှာလဲ"
စူးဟုန်ယီကိုယ်တိုင်ပင် သူ့ခန္ဓာကိုယ်ပေါ်မှ အမာရွတ်များကိုကြည့်ရုံဖြင့် ရွံ့ရှာသလို ခံစားခဲ့မိသည်။
"ဒါက အားကောင်းလွန်းတဲ့ ကျိန်စာတွေကြောင့်ပါ။ ဒါပေမဲ့ ဖိနှိပ်မရဘူးလို့ မဆိုလိုဘူး"
ကျွင်းရှောင်ယောက် ပြောလိုက်သည်။
"သခင်လေး၊ ဒါက တကယ် အဆင်ပြေပါ့မလား"
စူးဟုန်ယီ လှုပ်လှုပ်ရှားရှား ဖြစ်သွား၏။
သူမ လူမှန်းသိတတ်စကတည်းက ရုပ်ဆိုးမ၊ မကောင်းဆိုးရွားမ စသည်ဖြင့်သာ အခြားသူများက ခေါ်ဝေါ်လေ့ ရှိသည်။
သို့သော်လည်း စူးဟုန်ယီက မိန်းကလေးတစ်ဦး ဖြစ်နေဆဲပင်။
မိန်းကလေးတစ်ယောက်အနေဖြင့် သူမ၏ ရုပ်ရည်ကို လုံးဝ ဂရုမစိုက်ဘဲ မည်သို့နေမည်နည်း။
အထူးသဖြင့် ကျွင်းရှောင်ယောက်ကဲ့သို့ ချောမောသူတစ်ဦးနှင့် အတူရှိနေချိန်တွင် ဖြစ်သည်။
"ဒါက သိပ်မခက်ပါဘူး၊ ဒီကိုလာ"
ကျွင်းရှောင်ယောက် ပြောလိုက်သည်။
စူးဟုန်ယီလည်း ကျွင်းရှောင်ယောက်အနီးကို လျှောက်လာခဲ့၏။
ကျွင်းရှောင်ယောက်လည်း စူးဟုန်ယီ၏ ဝမ်းဗိုက်ပေါ်သို့ လက်ဝါးတစ်ဖက်အပ်ကာ ကစဉ့်ကလျားစွမ်းအင်များကို ထုတ်ဖော်လိုက်တော့သည်။
တချိန်တည်းမှာပင် တားမြစ်အင်မော်တယ် တတိယတံဆိပ်ကို အသက်သွင်းလိုက်သည်။
စူးဟုန်ယီ၏ ခန္ဓာကိုယ်မှ ကျိန်စာစွမ်းအားကိုဖိနှိပ်ရန် ကစဉ့်ကလျားစွမ်းအားဖြင့် တားမြစ်အင်မော်တယ် တတိယတံဆိပ်အား အသုံးပြုလိုက်ခြင်းပင်။
ယင်းက အခြားသူများအတွက် မဖြစ်နိုင်သလောက် ခက်ခဲနိုင်သည်။
သို့သော်၊ ကျွင်းရှောင်ယောက်ကတော့ လုပ်နိုင်စွမ်း ရှိ၏။
နောက်အခိုက်တွင် ကျိန်စာစွမ်းအားကို သူ ထိတွေ့လိုက်မိသည်။
သွေးပင်လယ်ထဲတွင် မျောပါနေသော၊ သန်းပေါင်းများစွာသော သတ္တဝါများ ရှိနေသကဲ့သို့ သူ့စိတ်ထဲတွင် အဆုံးမဲ့ပုံရိပ်များ ပေါ်လာခဲ့၏။
"သေ၊ သေစမ်း၊ ဒီမျိုးရိုး သေရမယ်"
"ဒီမျိုးရိုးကို ငါ ကျိန်စာတိုက်တယ်"
"မုန်းတယ်၊ မုန်းတယ်၊ မုန်းတယ်"
အဆုံးမဲ့ နာကြည်းမှုများနှင့် ကျိန်စာစွမ်းအားများက ကျွင်းရှောင်ယောက်ကို ရိုက်ခတ်လာခဲ့သည်။
ကျွင်းရှောင်ယောက် မျက်မှောင်ကြုတ်လိုက်၏။
ဤသည်မှာ ကျိန်စာစွမ်းအား၏ အရင်းအမြစ် ဖြစ်သလော။
သို့ပေမည့် စူးဟုန်ယီနှင့် မည်သို့သက်ဆိုင်သနည်း။
သို့တည်းမဟုတ် စူးဟုန်ယီသည်လည်း အထူးမိသားစုမျိုးရိုးမှ ဆင်းသက်လာခြင်း ဖြစ်သလော။
ကျွင်းရှောင်ယောက်၏ စိတ်ထဲမှာ အတွေးများစွာ ပေါ်လာခဲ့သည်။
ကျွင်းရှောင်ယောက်လည်း မျိုးဆက်သုံးခု ရှေးဦးဝိညာဉ်ကျမ်းကို အသက်သွင်းလိုက်သည်။
အလုံးစုံသော သတ္တဝါတို့ကို ကယ်တင်တော်မူသော မဟာနေမင်း သထ္ထကထာပုံရိပ် ပေါ်လာခဲ့၏။
နာကြည်းမှု၊ ကျိန်စာ၊ မကောင်းစိတ် အမျိုးမျိုးတို့သည်လည်း နွေဦးနှင်းများ အရည်ပျော်သွားသကဲ့သို့ ပျော်ဝင်ပျောက်ကွယ်သွားတော့သည်။
"တံဆိပ်ခတ်လော့"
ကျွင်းရှောင်ယောက် အော်လိုက်သည်။
ကစဉ့်ကလျားစွမ်းအားနှင့် အားကောင်းသော တံဆိပ်ခတ်စွမ်းအားက ကျိန်စာစွမ်းအားများကို စတင် ဖိနှိပ်လိုက်၏။
ကျိန်စာစွမ်းအားများ ဖိနှိပ်ခံရသည်နှင့် စူးဟုန်ယီ၏ခန္ဓာကိုယ်ပေါ်ရှိ အမာရွတ်များမှာ မှေးမှိန်လာတော့သည်။
နောက်ဆုံးတွင်၊ စူးဟုန်ယီ၏ ချက်အောက်ပိုင်းရှိ ဝိညာဉ်ပင်လယ်ထဲတွင် ကျိန်စာစွမ်းအားအားလုံးကို ဖိနှိပ်ပြီးသွားသည်။
ထိုအချိန်တွင် စူးဟုန်ယီ၏ ပါးပြင်နှင့် တကိုယ်လုံးမှ အမာရွတ်များလည်း မရှိကြတော့ပေ။
ဖြူဖွေးနုနယ်ပြီး ချောမွေ့သော အသားအရေက ထင်ပေါ်လာခဲ့ပြီ ဖြစ်သည်။
မူလကတည်းက သူမဟာ မိန်းမလှလေးတစ်ဦး ဖြစ်သည်။
အမာရွတ်များကြောင့်သာ နွံနစ်နေသော ပတ္တမြားကဲ့သို့ ဖြစ်နေခဲ့ခြင်းပင်။
ယခုတော့ သူ လုံးဝပြောင်းလဲသွားပြီး ရုပ်ဆိုးသောဘဲကလေးမှ ငန်းတစ်ကောင်အဖြစ် ပြောင်းသွားပြီ ဖြစ်သည်။
ယခုအချိန်တွင် သူမကို မြင်ရသူတိုင်း အံ့ဩသွားရလိမ့်မည်။
"ဒါ... ဒါက ငါပဲလား"
စူးဟုန်ယီကိုယ်တိုင် မယုံနိုင်တော့ပေ။ သူ အိပ်မက်မက်နေသည်ဟု ခံစားလိုက်ရသည်။
"ရပြီ ဟုန်ယီ၊ မင်း အဝတ်တွေ ပြန်ဝတ်လိုက်တော့"
ကျွင်းရှောင်ယောက် ပြောလိုက်သည်။
ဤတော့မှ စူးဟုန်ယီ သတိပြန်ဝင်လာခဲ့လေသည်။ ထိုအခါ သူမ၏ လက်ရှိအခြေအနေကို သတိပြန်ရလာပြီး နားရွက်ကလေးများပင် နီရဲသွားသည်။
ထို့နောက် ကျွင်းရှောင်ယောက်ရှေ့မှာပင် အနီရောင်ဝတ်စုံကို ပြန်ဝတ်လိုက်၏။
သို့သော်လည်း အဝတ်အစား ဝတ်ခြင်းက ချွတ်လိုက်ရခြင်းထက် ပို၍ ရှုပ်ထွေးသည်။
လှုပ်ရှားမှုများလေသည်။
သို့သော်လည်း ကျွင်းရှောင်ယောက်ဟာ အတွေ့အကြုံရှိသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။
သူ၏ ကျင့်ကြံခြင်း၊ စိတ်နေသဘောထားဖြင့် စိတ်ဆန္ဒများကို အလွယ်တကူ ထိန်းချုပ်နိုင်ပေသည်။
"အခုလောလောဆယ်တော့ မင်းရဲ့ ခန္ဓာကိုယ်ထဲက ကျိန်စာစွမ်းအားတွေကို တံဆိပ်ခတ်ထားတယ်၊ ဒါပေမဲ့ အပြီး မဖြေရှင်းနိုင်သေးဘူး။ နောင်မှ နည်းလမ်းထပ်ရှာရလိမ့်မယ်"
ကျွင်းရှောင်ယောက် ပြောလိုက်သည်။
"ဒီလောက် ဖိနှိပ်ပေးရုံနဲ့တင် သခင်လေးကို ဟုန်ယီ အရမ်းကျေးဇူးတင်နေပါပြီ။ နောင်မှာ ပြန်ဖြစ်လာရင်တောင်မှ ဟုန်ယီ နည်းနည်းလေးမှ မကျေမနပ်ဖြစ်မှာ မဟုတ်ပါဘူး"
စူးဟုန်ယီ ပြောလိုက်၏။
သူမ၏ နှလုံးသားထဲရှိ ကျွင်းရှောင်ယောက်၏ ပုံရိပ်ကလည်း ပို၍ ခိုင်မာလာခဲ့ပြီ။
နောင်တွင် စူးဟုန်ယီက တစ်ခုခုဖြစ်လာလျှင်၊ သို့မဟုတ် သူမ၏ စွမ်းအားအချို့ကို နိုးထစေလျှင်ပင်...
ကျွင်းရှောင်ယောက်ကို သစ္စာဖောက်ရန် သူမအတွက် လုံးဝ မဖြစ်နိုင်တော့ပါ။
ဤသည်ကလည်း ကျိန်စာစွမ်းအားကို သူမအတွက် ကျွင်းရှောင်ယောက် တံဆိပ်ခတ်ပေးရသည့် ရည်ရွယ်ချက် ဖြစ်သည်။