← Chapters

အခန်း ၉၅၉

Vol. 64 Ch. 959

အခန်း ၉၅၉

Vol. 64 Ch. 959

အခန်း ( ၉၅၉ ) ဘုရင်ဖုဖုန်း။

ကျိန်စာ ပြဿနာများကို ယာယီဖြေရှင်းပြီးနောက် စူးဟုန်ယီ ထွက်သွားခဲ့သည်။

စူးဟုန်ယီ၏ နောက်ကွယ်မှ လျှို့ဝှက်ချက်များကို ဖြေရှင်းရန်တော့ သူ အလျင်မလိုပေ။

'နောက်တစ်ဆင့်ကတော့ နယ်နိမိတ်စစ်ပွဲစတဲ့အထိ စောင့်ပြီး အင်‌မော်တယ်နယ်မြေကြီးရဲ့ အခြေအနေတွေကို စူးစမ်းဖို့ပဲ'

'ဒါနဲ့ လော့ရှန်းလင်လည်း ရှိသေးတာပဲ၊ သူ့ကိုသွားတွေ့ဖို့ အချိန်တန်ပြီ'

ကျွင်းရှောင်ယောက်က သူ့ကိုယ်သူ တွေးလိုက်သည်။

ဝေးကွာခြင်းက နီးစပ်မှုကို ဖြစ်စေနိုင်သော်လည်း...

အချိန်အကြာကြီး လျစ်လျူရှုထားပါက အကျိုးသက်ရောက်မှု ရှိလိမ့်မည်။

တိုင်းတပါးတွင် ရှိနေသေးသရွေ့ လော့ရှန်းလင်၏ပေါင်ကို ပွေ့ဖက်ထားရန် လိုသည်။

ကျွင်းရှောင်ယောက်က ထရပ်ပြီး လော့ရှန်းလင်ဆီသို့ သွားရန် ဟန်ပြင်လိုက်သည်။ သို့သော်၊ သူ ရပ်လိုက်၏။

သူ့စိတ်ထဲတွင် အတွေးတစ်ခုက ရုတ်တရက် ပေါ်လာသည်။

သူ့မျက်နှာတွင် အပြုံးတစ်ခုပေါ်လာ၏။

ခဏစဉ်းစားပြီးနောက် စုတ်တံနှင့် စာရွက်ကိုထုတ်ယူကာ စတင် ရေးဆွဲလေတော့သည်။

စုတ်ချက်တိုင်းတွင် ထူးကဲသော တာအိုရစ်သမ်များ ပါဝင်သည်။

ယင်းက အလွန်အားစိုက်ရ၏။

သို့သော်လည်း ကျွင်းရှောင်ယောက်ကတော့ စိတ်ထဲမထားပေ။

စုတ်ချက်များ ရေးဆွဲနေခြင်းကို ရပ်လိုက်ပြီးနောက် အတန်ကြာအောင် စိုက်ကြည့်နေကာ ရုတ်တရက် ခေါင်းယမ်းလိုက်သည်။

"တစ်ခုခု လိုနေသေးတယ်"

စကားအဆုံးတွင်၊ ကျွင်းရှောင်ယောက်၏ နှုတ်ခမ်းထောင့်မှ သွေးတစ်စက် စီးကျလာပြီး စာရွက်ပေါ်သို့ ကျသွားသည်။

"အိမ်း၊ အခုမှ ပြည့်စုံတယ်"

ကျွင်းရှောင်ယောက် ပြုံးလိုက်၏။

အားလုံး အဆင်သင့်ဖြစ်ပြီးနောက်၊ ကျွင်းရှောင်ယောက်လည်း စစ်နတ်ဘုရားနန်းတော် နက်နဲရာအရပ်ရှိ လော့ရှန်းလင်၏နေအိမ်ကို ထွက်လာခဲ့တော့သည်။

...........

တသွင်သွင် စီးဆင်းနေသော စမ်းချမ်းလေးများနှင့် ခရမ်းရောင်ဝါးတောထဲရှိ ခြံဝင်းထဲတွင်...

ရိုးရှင်းသော ဝတ်စုံရှည်ဖြင့် လော့ရှန်းလင် ရှိနေသည်။ နူးညံ့သော သူမ၏ ကျောက်စိမ်းပမာ လက်ချောင်း‌လေးများကတော့ အပ်နှင့် ချည်များကို ကိုင်ဆောင်ထား၏။

ရုတ်တရက်၊ သူမ၏ လက်ချောင်းများမှ ဆစ်ခနဲ ဖြစ်သွားသည်။

သူမ ငုံ့ကြည့်လိုက်တော့ လက်ချောင်းထိပ်မှ သွေးတစ်စက် ထွက်လာပြီ။

သို့ရာတွင်၊ ထိုသွေးစက်က အပြာနုရောင် တောက်ပနေသည်။

အပြာနုရောင် သွေးစက်ကိုကြည့်ရင်း လော့ရှန်းလင် အံ့အားသင့်သွားခဲ့လေသည်။

"ငါ အတွေးတွေ များနေမိတာလား"

လော့ရှန်းလင် ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။

ဤချည်ထိုးအပ်သည် ဧကရာဇ်တစ်ပိုင်းလက်နက်တစ်ခု ဖြစ်၏။ မဟုတ်ပါက လော့ရှန်းလင်ကို ထိခိုက်စေနိုင်မည် မဟုတ်ပေ။

အမှန်တော့၊ လော့ရှန်းလင်၏ ပန်းထိုးခြင်းကလည်း တစ်ခါမှ မထိခိုက်ခဲ့‌ဖူးပေ။

ဤသည်က ပထမဆုံး ဖြစ်သည်။

တစ်နည်းဆိုရသော်၊ သူမ၏စိတ်က မတည်ငြိမ်ဘဲ လှိုင်းခတ်နေ‌မိခြင်း ဖြစ်တော့သည်။

လော့ရှန်းလင်၏ စိတ်ထဲတွင်... တုရှန်ဝမ်ဝမ်၏ ခန္ဓာကိုယ်ဘေးတွင် နီးနီးကပ်ကပ်ထိုင်ကာ လမ်းညွှန်ပေးနေသော ကျွင်းရှောင်ယောက်၏ ပုံစံနှင့် မြင်ကွင်းများက မကြာခဏ ပေါ်လာတတ်သည်။

ဘာ‌ရယ်ကြောင့်မှန်းမသိသော်လည်း ထိုအကြောင်းကို စဉ်းစားမိတိုင်း သူ့စိတ်က လှုပ်ရှားသွားခဲ့ရပေသည်။

"မေ့လိုက်ပါ"

လော့ရှန်းလင်လည်း ပန်းထိုးခြင်းကို ရပ်လိုက်သည်။

ထိုအချိန်တွင်၊ ဟင်းလင်းပြင်က အတက်အကျလှိုင်းများ ဖြစ်သွားသည်။

လော့ရှန်းလင်လည်း အလိုအလျောက် ထရပ်လိုက်မိ၏။ သူမ၏ မျက်လုံးများက တောက်ပသွားကာ ချက်ချင်း လှည့်ကြည့်လိုက်မိသည်။

သို့သော်လည်း သူမ၏ မျက်လုံးများက ချက်ချင်း အရောင်မှိန်ဖျော့သွားလေသည်။

ရောက်လာသူမှာ ရွှေရောင်အဝတ်အစားများ ဝတ်ဆင်ထားပြီး ချောမောခန့်ညားသော လူလတ်ပိုင်းအရွယ် အမျိုးတစ်ဦး ဖြစ်သည်။

သူ့နောက်တွင် အလွန်ရှေးကျသော အမှတ်အသားများဖြင့် အပြာရောင် အတောင်ပံတစ်စုံ ရှိ၏။

သူ၏ အရှိန်အဝါကလည်း အင်မော်တယ်တစ်ပိုင်းအဆင့်သို့ ရောက်နေပြီ။

"ဘုရင်ဖုဖုန်း၊ နင် ဘာဖြစ်လို့ ဒီကိုရောက်လာတာလဲ"

လော့ရှန်းလင်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

ဤဘုရင်ဖုဖုန်းက စစ်နတ်ဘုရားနန်းတော်၏ ရှေးအဓိပဓိများထဲမှ တစ်ဦး ဖြစ်သည်။

သူ၏ မူလခန္ဓာက ကောင်းကင်ပြာ နတ်ဆိုးဂဠုန် ဖြစ်၏။

သူက လော့ရှန်းလင်ကို စိတ်ဝင်စားပြီး ပိုးပန်နေသူလည်း ဖြစ်ချေသည်။

ထို့ကြောင့်ပင် လော့ရှန်းလင်က သူ့ကို ခပ်တန်းတန်း ဆက်ဆံခြင်း ဖြစ်သည်။

ဤအပြုအမူမျိုးက လော့ရှန်းလင်၏စိတ်နှင့် အဆင်မပြေပေ။

"လော့ဝမ်က မကြာ‌သေးခင် ပြုလုပ်ခဲ့တဲ့ တာအိုဆွေးနွေးပွဲကို မလာတော့လေ... တစ်ခုခုဖြစ်နေတယ်ထင်လို့ပါ"

ဖုဖုန်းက အနည်းငယ်ပြုံးရင်း ပြောလိုက်သည်။

စစ်နတ်ဘုရားနန်းတော်၏ ရှေးအဓိပဓိများတွင် အထူးတာဝန်များ က သို့မဟုတ် တာဝန်လုံးဝမရှိပါ။

စစ်နတ်ဘုရားနန်းတော်ကို စောင့်ရှောက်ခြင်းအပြင်၊ သူတို့၏ တစ်ခုတည်းသော ရည်မှန်းချက်က ဖောက်ထွက်ပြီး စစ်မှန်သော အင်မော်တယ်ဘုရင်ဖြစ်လာရန် ဖြစ်သည်။

တာအိုဆွေးနွေးပွဲကတော့ ရှေးအဓိပဓိများ တာအိုတရား ဆွေး‌နွေးရန်အတွက် စုရုံးကြခြင်းပင်။

"ငါ စိတ်မဝင်စားလို့ပါ"

လော့ရှန်းလင်က ခေါင်းကို အနည်းငယ် ခါယမ်းလိုက်၏။

သူမ သွားသည်ဖြစ်စေ မသွားသည်ဖြစ်စေ ဘုရင်ဖုဖုန်းနှင့် မည်သို့သက်ဆိုင်သနည်း။

"ကစဉ့်ကလျားခန္ဓာက လော့ဝမ်ကိုယ်တိုင် တပည့်အဖြစ် လက်ခံချင်ပေမယ့် နောက်ဆုံးမှာတော့ ငြင်းပယ်ခဲ့တယ်။ အဲဒီလူက တကယ်ကို အမြင်ကျဉ်းလွန်းတာပဲ"

ဘုရင်ဖုဖုန်းက လော့ရှန်းလင် စိတ်ကျေနပ်စေရန် ကျွင်းရှောင်ယောက်ကို နှိမ့်ချပြောဆိုလိုက်သည်။

သို့ရာတွင်၊ လော့ရှန်းလင်က မျက်မှောင်ကြုတ်သွားပြီး အေးစက်စက် ပြောလိုက်၏။

"ဒါက သူ့ရဲ့ ကိုယ်ပိုင်ရွေးချယ်မှုပဲ။ ငါ ဘယ်သူ့ကိုမှ အတင်းအကြပ် မလုပ်ဘူး"

ဘုရင်ဖုဖုန်း၏ မျက်လုံးများက ထူးဆန်းသောအလင်းရောင်တစ်ခု လင်းလက်သွားသည်။

လော့ရှန်းလင်က အရေးမပါသော ဂျူနီယာတစ်ဦးအတွက်ကြောင့် သူ့ကို ဤသဘောထားဖြင့် အမှန်တကယ် ဆက်ဆံပေသည်။

သူ ပြောလိုက်သည်။

"ဒီကောင်လေးက မသိတတ်တာ ထားပါဦး၊ ဘာဖြစ်လို့ လော့ဝမ်ရဲ့ ခြံဝင်းထဲမှာ ဆက်ထားရတာလဲ"

ဘုရင်ဖုဖုန်း မကြိုက်တာက ထိုအချက် ဖြစ်သည်။

သွေးမတော် သားမစပ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးက တစ်အိမ်တည်းတွင် အတူတူ နေထိုင်နေကြ၏။

လော့ရှန်းလင်နှင့် ထိုကောင်လေးကြားတွင် ပတ်သက်မှုရှိမည်ဟု ဘုရင်ဖုဖုန်း မယုံကြည်ပေ။

သို့သော်လည်း အနည်းငယ်တော့ အဆင်မပြေသေးပါ။

"ဘုရင်ဖုဖုန်း၊ ငါလုပ်ချင်တာလုပ်ဖို့ နင့်ရဲ့ခွင့်ပြုချက်ကို လိုသေးလို့လား"

လော့ရှန်းလင် မျက်မှောင်ကြုတ်လိုက်သည်။

ဘုရင်ဖုဖုန်းက မည်သူနည်း။

သူ့ကိစ္စကို အကဲဖြတ်ရအောင် ဘုရင်ဖုဖုန်းက မည်သူဖြစ်သနည်း။

ဤအခိုက်အတန့်တွင် ဟင်းလင်းပြင်က လှုပ်ရှားသွားပြီး အဖြူရောင်ဝဝတ်စုံဝတ် လူငယ်လေးတစ်ဦး ရောက်လာခဲ့သည်။

"အကြီးအကဲရှန်းလင်၊ တောင်းပန်ပါတယ်။ အရင်က ကျွန်တော် တတ်နိုင်သမျှ အမြန်ဆုံး ပြန်လာချင်ပေမဲ့ အကြောင်းကိစ္စလေးနည်းနည်း‌ ပေါ်လာတာကြောင့် ကြန့်ကြာနေခဲ့တာပါ"

ရောက်လာသူက သဘာဝအတိုင်း ကျွင်းရှောင်ယောက် ဖြစ်ချေသည်။

ဘုရင်ဖုဖုန်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့မျက်လုံးထဲတွင် ထူးဆန်းသော အလင်းရောင်တစ်ခု လင်းလက်လာခဲ့သည်။

နောက်ထပ် အကယ်ဒမီ၏ အင်မော်တယ်တစ်ပိုင်းပုဂ္ဂိုလ်။

စစ်နတ်ဘုရားနန်းတော်၏ အခြေခံအုတ်မြစ်က သူထင်ထားသည်ထက် များစွာ ခိုင်မာ‌နေပုံပင်။

မတွေ့ရတာ ကြာပြီဖြစ်သော အဖြူရောင်ဝတ်စုံဖြင့်လူငယ် ရောက်ရှိလာသည်ကို မြင်လိုက်ရပြီးနောက်၊ အကြောင်းတစ်ခုခုကြောင့် လော့ရှန်းလင်၏စိတ်ထဲတွင် အနည်းငယ် ပေါ့ပါးသွားခဲ့သည်။

"ဒါ အရင်တုန်းက ဟိုးလေးတကြော်ကြော် ဖြစ်စေခဲ့တဲ့ ကစဉ့်ကလျားခန္ဓာလား"

ဘုရင်ဖုဖုန်းက ဓားတစ်လက်ကဲ့သို့ စူးရှထက်မြက်သော အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။

ကျွင်းရှောင်ယောက်လည်း သူ့ထံမှ ကြီးမားသော ဖိအားကို ချက်ချင်း ခံစားလိုက်ရ၏။

သူ သိသည်။

ဘုရင်ဖုဖုန်းက သူ့ကို ဖိအားပေးကာ အရှက်ခွဲလိုခြင်းပင်။

သို့သော်လည်း အရှိန်အဝါဖိအား တစ်ခုတည်းဖြင့် ကျွင်းရှောင်ယောက်ကို ဖိနှိပ်ရန် ကြိုးစားခြင်းက အနည်းငယ် စိတ်ကူးယဉ်ဖွယ်ကောင်းမည်။

"ဘုရင်ဖုဖုန်း၊ နင်ဘာလုပ်နေတာလဲ"

လော့ရှန်းလင်က မျက်ခုံးပင့်ပြီး ဖိအားများကိုချေဖျက်ရန် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

သို့သော်၊ ဘုရင်ဖုဖုန်းကိုကြည့်သော သူ့အကြည့်က ပို၍ လျစ်လျူရှုလာခဲ့ပြီ။

"ဒီကစဉ့်ကလျားခန္ဓာက တကယ် ဟုတ်၊ မဟုတ် သိချင်ရုံပါ"

ဘုရင်ဖုဖုန်း ပြုံးလိုက်သည်။

သူ့အဆင့်အတန်းအရ ကျွင်းရှောင်ယောက်နှင့် ပြဿနာမများလိုပေ။

ကျွင်းရှောင်ယောက်၏ မျက်လုံးများက အေးစက်စက် အလင်းများ လျှို့ဝှက်စွာ လင်းလက်သွားသည်။

သူက သူ့အပေါ်လာကျောခြင်းကို အနည်းငယ်မျှ လက်သင့်ခံသူ မဟုတ်ပေ။

ထို့အပြင်၊ ဘုရင်ဖုဖုန်းမှာ လော့ရှန်းလင်နှင့်ပတ်သက်ပြီး အတွေးတချို့ရှိနေကြောင်း ကျွင်းရှောင်ယောက် မြင်နိုင်သည်။

နောင်တွင် သူနှင့် ပဋိပက္ခများ ရှိလာမည်မှာ သေချာလှပေသည်။

ကျွင်းရှောင်ယောက်၏ လက်ရှိအဆင့် နိမ့်လွန်းသောကြောင့်သာ ဘုရင်ဖုဖုန်းက သူ့ကို ဂရုမစိုက်ခဲ့ခြင်း ဖြစ်သည်။

"ငါ့မှာ လုပ်စရာရှိသေးတယ်၊ ကျေးဇူးပြုပြီး သွားပါတော့"

လော့ရှန်းလင်က ယဉ်ကျေးစွာပြောရင်း နှင်လွှတ်သည်။

ဘုရင်ဖုဖုန်း၏ မျက်လုံးများက အရောင်ပြောင်းသွားပြီးနောက် ခေါင်းညိတ်လိုက်‌၏။

"ဒါဆိုရင် ငါ မင်းကို မနှောင့်ယှက်တော့ပါဘူး"

ပြောဆိုပြီး ဘုရင်ဖုဖုန်းက လှည့်ထွက်သွားသည်။

သို့သော် အလွန်တိုးညှင်းသော အသံတစ်ခုက ကျွင်းရှောင်ယောက်၏ နားထဲ၏ တိုးဝင်လာသည်။

"ကောင်လေး၊ မင်းဟာ တုနှိုင်းမရတဲ့ ကစဉ့်ကလျားခန္ဓာဖြစ်ရင်တောင် တချို့လူတွေက မင်းလက်လှမ်းမှီနိုင်တဲ့ အရာမဟုတ်ဘူးဆိုတာ နားလည်ထားရမယ်"

သို့ရာတွင်၊ ကျွင်းရှောင်ယောက်၏ အမူအရာက မပြောင်းလဲခဲ့ပေ။

ကျွင်းရှောင်ယောက် သူ့စိတ်ထဲမှ တိတ်တဆိတ် လှောင်ရယ်လိုက်သည်။

ဤစကားမျိုးဖြင့် သူ့ကို ပြောဆိုခံရသောနေ့ ရှိလာဦးမည်ဟု သူ တစ်ခါမျှ မတွေးခဲ့ဖူးပေ။

အင်မော်တယ်နယ်မြေကြီးမှလူများသာ ဤအကြောင်းကို သိသွားပါက ရယ်ရလွန်း၍ အသက်ထွက်လောက်သည်။

ဤကမ္ဘာကြီးတွင် ကျွင်းရှောင်ယောက် မလိုက်စားရလောက်အောင် မြင့်မားသူက ဘယ်နှယောက် ရှိသနည်း။

ကျွင်းရှောင်ယောက်၏ မျက်လုံးများက လျစ်လျူရှုပြီး အေးစက်သော အလင်းရောင်များ ပြည့်နေခဲ့သည်။

တစ်ဖက်လူက အင်မော်တယ်တစ်ပိုင်းဖြစ်လျှင်ပင် သူကျွင်းရှောင်ယောက် ဂရုမစိုက်သေးပေ။

သူ့ကို အမှန်တကယ် ဒေါသထွက်စေပါက၊ ကျွင်းရှောင်ယောက်တွင် ဘုရင်ဖုဖုန်းကိုသတ်ရန် နည်းလမ်းအများကြီး ရှိသည်။

All Chapters