အခန်း ၉၆၂
Vol. 65 Ch. 962
အပိုင်း ( ၉၆၂ ) မော့ကျဲဧကရာဇ်သားတော် ထွက်ပေါ်လာပြီ။
အချိန်များ တရွေ့ရွေ့ ကုန်လွန်သွားခဲ့ပြီ။
နယ်စပ်ဒေသတွင်လည်း တိုက်ပွဲနှင့် ပွတ်တိုက်မှုများ ပိုမိုပြင်းထန်လာသည်။
ယင်းက မုန်တိုင်းကြီးတစ်ခု ချဉ်းကပ်လာနေသကဲ့သို့ပင်။
ဟုတ်သည်၊ အင်မော်တယ်နယ်မြေကြီးနှင့် နှိုင်းယှဉ်ပါက...
ဤတိုင်းတစ်ပါးရှိ သတ္တဝါများမှာ အလွန်ယုံကြည်မှု ရှိကြသည်။
ယင်းကို စစ်ပွဲတစ်ခုအဖြစ် မရှုမြင်ဘဲ အမဲလိုက်ပွဲအဖြစ် ရှုမြင်ခဲ့ကြ၏။
အင်မော်တယ်နယ်မြေကြီး၏ ပါရမီရှင်များကို အမဲလိုက်ကြရန် ဖြစ်သည်။
စစ်နတ်ဘုရားနန်းတော်၏ တပည့်များစွာတို့လည်း နယ်စပ်သို့သွားရန် စိတ်ဓာတ်တက်ကြွစွာဖြင့် ကြိုးစားအားထုတ်နေခဲ့ကြပေသည်။
ထိုကာလအတွင်းမှာ သတင်းတချို့ကလည်း ဆက်တိုက်ဆိုသလို ထွက်ပေါ်နေသည်။
အင်မော်တယ် ပါရမီရှင်အချို့၊ ဧကရာဇ်သားတော်များနှင့် အင်မော်တယ်မျိုးနွယ်စု၏ သခင်မလေးများ နိုးထလာကြ၏။
နောက်ဆုံးတွင်၊ ဤနယ်စပ်အတွေ့အကြုံမှာ အင်မော်တယ်နယ်မြေကြီးမှ မျိုးစေ့အဆင့် ပါရမီရှင်များစွာ ထွက်ပေါ်လာကြမည်မှာ သေချာသည်။
ထို့ကြောင့် အခြေအနေကို ထိန်းချုပ်ရန် ဧကရာဇ်သားတော်များနှင့် နတ်ဘုရားမအချို့ လိုအပ်ပေသည်။
ဟုတ်သည်၊ ပါရမီရှင်များစွာတို့ ဤအတွေ့အကြုံကို အလေးထားနေရခြင်းမှာ နောက်အကြောင်းရင်းတစ်ခုလည်း ရှိသေးသည်။
ဤအတွေ့အကြုံတွင် အကောင်းဆုံးစွမ်းဆောင်နိုင်သူက စစ်နတ်ဘုရားဘွဲ့ကို ချီးမြှင့်ခံရနိုင်သည်။
ဤသည်မှာ တိုင်းတပါးမှ မျိုးဆက်သစ်လူငယ်များအတွက် အမြင့်မြတ်ဆုံးသော ဘွဲ့ထူးတစ်ခုပင်။
ယင်းက မရေမတွက်နိုင်သော ပါရမီရှင်များကို ရူးသွပ်သွားစေလောက်သည်။
စစ်နတ်ဘုရားတစ်ပါး ဖြစ်လာပါက၊ ဘယ်နေရာကိုသွားသွား... လူအများ၏ ရိုသေလေးစားခြင်းကို ခံရလိမ့်မည်။
ဤအပူလှိုင်းများကြားတွင်...
နောက်ထပ် ပေါက်ကွဲသံတစ်ခုလည်း ထွက်ပေါ်လာသည်။
မော့ကျဲဧကရာဇ်သားတော် နိုးထလာပြီး စစ်နတ်ဘုရားတောင်တွင် ကစဉ့်ကလျားခန္ဓာကို တိုက်ခိုက်လိမ့်မည်။
ဤသတင်းသည် သမုဒ္ဒရာထဲသို့ ကြီးမားသော ကျောက်တုံးကြီးတစ်ခု ပြုတ်ကျသွား၍ လှိုင်းလုံးကြီးများ ဖြစ်ပေါ်လာသကဲ့သို့ ဖြစ်စေခဲ့သည်။
ယင်းက ပျက်စီးခြင်းနယ်စပ်သို့မသွားရောက်ခင် အကြီးမားဆုံးပွဲဟုပင် ဆိုနိုင်ပေသည်။
ကျွင်းရှောင်ယောက်၏ လက်ရှိနာမည်ကျော်ကြားမှုကတော့ ပြောစရာတောင် မလိုပါ။ သူ ပေါ်လာကတည်းက ရှုံးနိမ့်မှုကို မခံစားဖူးသေးပေ။
တစ်ဖက်တွင်၊ မော့ကျဲဧကရာဇ်သားတော်ကလည်း သာမန်ညောင်ည မဟုတ်ပါ။
သူက စစ်မှန်သော လူငယ် အဓိပဓိတစ်ဦး ဖြစ်သည်။
ထို့အပြင်၊ သူက လီကျိုးမင်၏ အစေခံအိုကြီးကဲ့သို့ အဓိပဓိ မဟုတ်ပေ။
အဓိပဓိနယ်ပယ် ပါရမီရှင်တစ်ဦး ဖြစ်သည်။
သူတို့နှစ်ဦးက အဓိပဓိချင်းတူသော်လည်း အခြေခံအားဖြင့်တော့ ကွဲပြားပေဦးမည်။
ဤတိုက်ပွဲက ကျွင်းရှောင်ယောက်နှင့် လီကျိုးမင်တို့၏ ယခင်တိုက်ပွဲထက် ပို၍ ဆွဲဆောင်မှုရှိမည်ဟု ဆိုနိုင်သည်။
အကြောင်းမူ၊ ယခင်က သူတို့နှစ်ယောက်စလုံး အဓိပဓိတစ်ပိုင်းနယ်ပယ်တွင် ရှိနေသောကြောင့်ပင်။
ယခုမူကား ပါရမီရှင် အဓိပတိနှင့် အဓိပတိတစ်ပိုင်းတို့ကြားမှ တိုက်ပွဲဖြစ်သည်။
"ကစဉ့်ကလျားခန္ဓာက ဒီစိန်ခေါ်မှုကို လက်ခံမယ်လို့ ထင်လား "
"ငါတော့မထင်ဘူး၊ မော့ကျဲဧကရာဇ်သားတော်က သာမန် အဓိပတိ မဟုတ်ဘူးလေ။ သူ့ရဲ့ ခွန်အားက အဓိပဓိတွေကြားမှာတောင် သန်မာလွန်းတယ်"
"ကစဉ့်ကလျားခန္ဓာ ဘယ်လိုတုံ့ပြန်မလဲဆိုတာ ကြည့်ကြသေးတာပေါ့။ သူ မတိုက်ခိုက်ရင်တော့ သူ့ရဲ့ စစ်နတ်ဘုရားတစ်ပိုင်း အဆင့်အတန်းက နည်းနည်း ရယ်စရာဖြစ်လိမ့်မယ်"
"ဒီလိုတော့လည်း မဟုတ်ဘူးလေ၊ အဓိပဓိတစ်ပိုင်းနဲ့ အဓိပဓိဆိုတာ နဂိုကတည်းက တူညီတဲ့အဆင့်မှ မဟုတ်တာ"
စစ်နတ်ဘုရားနန်းတော်၏ ပါရမီရှင်များစွာက စိတ်ဝင်တစား ပြောဆိုဆွေးနေခဲ့ကြသည်။
ထိုအချိန်တွင် ကျွင်းရှောင်ယောက်ထံမှ တုံ့ပြန်သံ ထွက်ပေါ်လာ၏။
စကားတစ်ခွန်းသာ ရှိသည်။
"ခွင့်ပြုတယ်"
ထိုစကားက လူတိုင်း မမျှော်လင့်ထားသော စကားမျိုးပင်။
"ခွင့်ပြုတယ်"ဟူသော စကားလုံးက သဘောတူညီချက်တစ်ခုထက် ပိုသည်။
စိန်ခေါ်မှုကို လက်ခံသည့်သဘော ရှိ၏။
မော့ကျဲဧကရာဇ်သားတော်က စိန်ခေါ်သူ ဖြစ်သည်။
ကျွင်းရှောင်ယောက်ကတော့ ရာဇပလ္လင်ကို ကာကွယ်သူနှင့် တူပေသည်။
ဤနှစ်ခုကြားတွင် သဘာဝအတိုင်း ခြားနားချက် ရှိသည်။
ကျွင်းရှောင်ယောက်က မြင့်မားသောအနေအထားမှာရှိပြီး နိမ့်ကျသူတစ်ဦး၏ စိန်ခေါ်မှုကို သဘောတူခြင်းမျိုးပင်။
ယင်းက လူထုကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့သည်။
"ကစဉ့်ကလျားခန္ဓာက မော့ကျဲဧကရာဇ်သားတော်သားတော်ကိုတောင် ဂရုမစိုက်ဘူးလား"
"ငါကတော့ ဒီတိုက်ပွဲကိုကြည့်ဖို့ စစ်နတ်ဘုရားတောင်ကို သွားကိုသွားရမယ်"
ဤအခြေအနေများက လူအများ၏ အာရုံကို ပို၍ ဆွဲဆောင်နိုင်ခဲ့သည်။
စစ်နတ်ဘုရားနန်းတော်၏ အကြီးအကဲအချို့ပင်လျှင် စိတ်ဝင်စားလာပြီး အချိန်ကျလာသောအခါ ကြည့်ရှုရန် အသင့်ဖြစ်နေကြတော့သည်။
............
ဟန်ချင်းဧကရာဇ်တောင်တွင်၊ မော့ကျဲဧကရာဇ်မျိုးနွယ်၏ ဘိုးဘွားမြေတွင်...
ရုတ်တရက်၊ ကောင်းကင်နှင့်မြေပြင်ကြားတွင် စူးရှတောက်ပသော အလင်းများနှင့် အမှတ်အသားအမျိုးမျိုး ပေါ်လာခဲ့သည်။
ထူးဆန်းသော စွမ်းအားတစ်ခုကလည်း လေထဲသို့ စိမ့်ဝင်သွား၏။
ယခုလေးတင် ကောင်းကင်မှာ ငှက်ကလေးတစ်ကောင် ပျံသန်းနေသေးသည်။
သို့သော်လည်း ထိုစွမ်းအားနှင့် နီးကပ်လာသည်နှင့်တပြိုင်နက်၊ ငှက်ကလေးမှာ စွမ်းအင်အားလုံး ပျောက်ကွယ်သွားသလို ကောင်းကင်မှ ပြုတ်ကျသွားရသည်။
ထိုသို့ အဆုံးမဲ့တောက်ပသော အလင်းများကြားတွင်...
ခါးအထိရှည်လျားသော ဆံပင်ရှည်များနှင့် ချောမောသော အမျိုးသား ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။
သူ့အသားအရည်ကလည်း ဖြူဖွေးချောမွတ်ပြီး အမျိုးသမီးများထက်ပင် ပို၍ နူးညံ့ဦးမည်။
ဆန်းကျယ်သော စွမ်းအားများက နတ်ဘုရားကွင်း ဆယ်ခုအဖြစ် ပြောင်းလဲသွားပြီး သူ့ခန္ဓာကို ဖုံးအုပ်သွားသည်။
သူ့ကိုကြည့်ရသည်မှာ ဒဏ္ဍာရီလာ ရှေးနတ်ဘုရားတစ်ပါးနှင့်ပင် တူသေးသည်။
ထိုလူငယ်ကား၊ မော့ကျဲဧကရာဇ်မျိုးနွယ်၏ မော့ကျဲဧကရာဇ်သားတော်... တိုင်းတပါး၏ ဧကရာဇ်ငယ် ခုနစ်ပါးထဲမှ တစ်ဦး ဖြစ်သည်။
သူ့ထံမှ နိယာမစွမ်းအားများလည်း ထွက်ပေါ်လျက် ရှိ၏။
မော့ကျဲဧကရာဇ်သားတော်က အဓိပဓိတစ်ပိုင်းမဟုတ်ဘဲ စစ်မှန်သော အဓိပဓိတစ်ပါး ဖြစ်သည်။
သူ့ပတ်ဝန်းကျင်မှ နတ်ဘုရားကွင်းဆယ်ခုက သူ၏ မျိုးနွယ်ကို အထင်အရှား ဖော်ပြနေသကဲ့သို့ပင်။
ယင်းက နတ်ဘုရားစွမ်းအင်အားလုံးကို တားဆီးနိုင်သော စွမ်းအင် ခုခံကာကွယ်ခြင်း ဖြစ်သည်။
နတ်ဘုရားစွမ်းရည်သက်သက်ဖြင့် သူ၏ နတ်ဘုရားကွင်းဆယ်ကွင်းကို ဖြတ်ကျော်ချင်လျှင် အလွန်ခက်ပေသည်။
တိုက်ခိုက်မှုက မည်မျှ အစွမ်းထက်စေကာမူ၊ ခုခံမှု နတ်ဘုရားကွင်းဆယ်ခု၏ အလွှာတစ်ခုစီက လျှော့ချသွားခဲ့မည် ဖြစ်သည်။
နောက်ဆုံး၊ မော့ကျဲဧကရာဇ်သားတော်ပေါ်သို့ ကျရောက်သောအခါ ငှက်မွှေးလေးကဲ့သို့ ဘာမျှ ထူးခြားတော့မည် မဟုတ်ပေ။
ယင်းက မော့ကျဲဧကရာဇ်မျိုးနွယ်၏ ထူးခြားမှု ဖြစ်သည်။
တိုင်းတပါး၏ အင်မော်တယ်ဧကရာဇ်တိုင်းတွင် ဤကဲ့သို့ ထူးခြားမှုကိုယ်စီ ရှိပေသည်။
"ဧကရာဇ်သားတော်၊ နတ်ဘုရားကွင်း အဆင့်တစ်ဆယ်ကို အောင်မြင်သွားခဲ့ပြီမို့ မင်းအတွက် ခြေနင်းကျောက်တစ်ခု ရှာဖို့လိုပြီ။ ဒီအခါမှာ ကစဉ့်ကလျားခန္ဓာက ရွေးချယ်မှုကောင်းတစ်ခုပဲ"
လေထဲတွင် မော့ကျဲဧကရာဇ်မျိုးနွယ်မှ ပုဂ္ဂိုလ်ကြီးတစ်ဦး၏ အသံ ထွက်ပေါ်လာခဲ့သည်။
"ဟုတ်ပါတယ်၊ ကျုပ်သိတယ်"
မော့ကျဲဧကရာဇ်သားတော်က အနည်းငယ် ခေါင်းညိတ်လိုက်သည်။
"ဒါ့အပြင်၊ ကစဉ့်ကလျားခန္ဓာရဲ့ စွမ်းအင်ခုခံကာကွယ်ခြင်းစွမ်းရည်ရဲ့ မူလကို ရှာဖွေပါ။ ငါတို့မျိုးနွယ်ရဲ့ သဘာဝ စွမ်းရည်ကို အပြင်လူတွေဆီ ပေါက်ကြားမခံနိုင်ဘူး"
အသံပိုင်ရှင်က လေးလေးနက်နက် ပြောလိုက်၏။
"ဟုတ်တာပေါ့၊ သူသာ ကျုပ်တို့မျိုးနွယ်ကို ဝင်ရောက်မယ်ဆိုရင် ဒီစွမ်းရည်ကို ဆက်ပြီး ထိန်းသိမ်းထားခွင့်ပေးလို့ရတယ်"
"ဒါပေမဲ့ သူက မပါဝင်ချင်ရင်တော့ ဒီစွမ်းရည်ကို သူ စွန့်လွှတ်ရလိမ့်မယ်"
မော့ကျဲဧကရာဇ်သားတော်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။ သူက လုံးဝ စိတ်မပူပေ။
"ဧကရာဇ်သားတော်၊ အဲဒီ ကစဉ့်ကလျားခန္ဓာကို လျှော့မတွက်ပါနဲ့"
အသံပိုင်ရှင်က ပြောသည်။
မော့ကျဲဧကရာဇ်သားတော် တစ်ချက် ပြုံးလိုက်၏။
"ကစဉ့်ကလျားခန္ဓာသာ အဓိပဓိနယ်ပယ်မှာရှိနေရင် ကျုပ် သတိထားပြီး ဆက်ဆံမှာပါ"
"ဒါပေမဲ့ အဓိပတိတစ်ပိုင်းနဲ့ အဓိပဓိတစ်ပါးကြားမှာ ဖြတ်ကျော်မရနိုင်တဲ့ ကွာဟမှုကြီးတစ်ခု ရှိတယ်။ နောက်ပြီးတော့ ကျုပ်က သာမန်အဓိပဓိ မဟုတ်ဘူး"
ပြောပြီးသည်နှင့် မော့ကျဲဧကရာဇ်သားတော်က နတ်ဘုရင်တစ်ပါးကဲ့သို့ ထွက်သွားတော့သည်။
သူ မွေးဖွားလာခြင်းက ကြီးမားသော လှုပ်ရှားမှုများ ဖြစ်စေခဲ့သည်။ အချိန်တိုအတွင်းမှာပင် လူအတော်များများ သိသွားကြ၏။
"မော့ကျဲဧကရာဇ်သားတော် နိုးထလာပြီဟေ့"
"စိတ်ဝင်စားစရာပဲ၊ သူက စစ်နတ်ဘုရားနန်းတော်ကို တိုက်ရိုက်သွားနေတာ"
"လိုက်ကြရအောင်၊ တကယ့် တိုက်ပွဲကြီးတစ်ခုကို ငါတို့ မြင်ရနိုင်လိမ့်မယ်"
"ကစဉ့်ကလျားခန္ဓာရဲ့ ရှုံးပွဲမရှိ စံချိန်ကတော့ ဒီတိုက်ပွဲမှာ အဆုံးသတ်တော့မယ် ထင်ပါတယ်"
ခဏချင်းမှာပင် ဆူဆူညံညံ အသံများ ထွက်ပေါ်လာခဲ့သည်။
မျိုးနွယ်အသီးသီးမှ သတ္တဝဝါများစွာတို့ကလည်း နောက်မှ လိုက်သွားကြတော့သည်။
ဤသည်မှာ ဧကရာဇ်ငယ်ခုနစ်ပါးအနက်မှ တစ်ဦး ဖြစ်သည်။ သူသည် မျိုးဆက်သစ်များကြားမှ ထိပ်တန်းတည်ရှိမှုတစ်ခု ဖြစ်၏။
ဤတိုက်ပွဲက ကောလဟာလများ ထွက်ပေါ်နေကတည်းက အလွန်ဟော့နေပြီ ဖြစ်သည်။
ယခုတော့ တကယ့်ဇာတ်ကောင် ထွက်ပေါ်လာပြီး စစ်နတ်ဘုရားနန်းတော်ကို သွားနေပြီ။
ဤသတင်းကို အကြီးအကဲမူမှတစ်ဆင့် စစ်နတ်ဘုရားနန်းတော်ရှိ ကျွင်းရှောင်ယောက်လည်း ချက်ချင်း ရရှိခဲ့သည်။
"မော့ကျဲဧကရာဇ်သားတော် ရောက်လာပြီလား"
ကျွင်းရှောင်ယောက်၏ အမူအရာက တည်ငြိမ်ပြီး အပြောင်းအလဲမရှိပေ။
"မိတ်ဆွေလေး၊ တကယ်တော့ ဒီစိန်ခေါ်မှုကို မင်း လက်ခံနေစရာ မလိုပါဘူး။ အရင်ဆုံး မင်းကိုယ်တိုင် အဓိပဓိ နယ်ပယ်ကို ဖြတ်ကျော်သွားတဲ့အထိ စောင့်နိုင်တယ်။ နောက်ဆုံးမှာတော့ အဓိပဓိနဲ့ အဓိပဓိတစ်ပိုင်း အကြား ကွာဟချက်က ကြီးမားလွန်းတယ် မဟုတ်လား"
အကြီးအကဲမူက ပြောလိုက်သည်။
ယခင်ကလည်း၊ ကျွင်းရှောင်ယောက်က သူ၏ အဓိပဓိတစ်ပိုင်းနယ်ပယ်နှင့် အဓိပဓိတစ်ပါးကို သတ်ခဲ့သေးသည်။
သို့ရာတွင်၊ ထိုအစေခံအိုကြီး၏ ခွန်အားက မော့ကျဲဧကရာဇ်သားတော်ကို ယှဉ်နိုင်မည် မဟုတ်ပါ။
အကယ်၍၊ ကျွင်းရှောင်ယောက်သာ တိုက်ပွဲကို ရှောင်ရှားမည်ဆိုပါက လူအနည်းစု၏ ဝေဖန်ခံရမည်ဖြစ်သော်လည်း ယင်းမှာ အမှန်တကယ်ပင် ကျိုးကြောင်းဆီလျော်သည်။
နောက်ဆုံးတွင်၊ နယ်ပယ်ကွာခြားမှုရှိပြီး ဤတိုက်ပွဲက မမျှတပေ။
"မလိုပါဘူး အကြီးအကဲမူ၊ သူ့ကို စောင့်ကြိုရအောင် စစ်နတ်ဘုရားတောင်ကိုပဲ တိုက်ရိုက်သွားရအောင်"
ကျွင်းရှောင်ယောက် ပြုံးလိုက်သည်။
မော့ကျဲဧကရာဇ်သားတော်နှင့် နှိုင်းယှဉ်ပါက ကျွင်းရှောင်ယောက်ဟာ စစ်နတ်ဘုရားတောင်တွင် လက်မှတ်ထိုးဝင်ခြင်းကို ပို၍ စိတ်ဝင်စားမှု ရှိပေသည်။