အခန်း ၉၆၅
Vol. 65 Ch. 965
အခန်း ( ၉၆၅ ) နတ်ဘုရားငိုကြွေးလှံပုဆိန်ကို လက်တစ်ဖက်တည်းဖြင့် ဆွဲနှုတ်ခြင်း။
ဤလူနှစ်ဦးတွင်၊ တစ်ဦးက မော့ကျဲဧကရာဇ်မျိုးနွယ်၏ ဧကရာဇ်သားတော် ဖြစ်သည်။ သူကား ဧကရာဇ်ငယ်ခုနစ်ပါးအနက် တစ်ပါးအပါအဝင်လည်း ဖြစ်၏။
ကျန်လူတစ်ဦးကတော့ စစ်နတ်ဘုရားနန်းတော်၏ စစ်နတ်ဘုရားတစ်ပိုင်း ဖြစ်သည်။ သူမွေးဖွားလာကတည်းက တစ်ကြိမ်မှ မရှုံးခဲ့ဖူးသေးပေ။
ဤတိုက်ပွဲက တကယ်ကို စိတ်ဝင်စားစရာကောင်းလွန်းသည်ဟု ဆိုနိုင်သည်။
စစ်နတ်ဘုရားတောင်တစ်ဝိုက်တွင် ပါရမီရှင်များစွာတို့ဖြင့် ပြည့်ကျပ်နေသည့်အပြင်...
မိုင်ထောင်ပေါင်းများစွာ ဝေးကွာသောအရပ်မှ အမှောင်ထဲမှာလည်း လျှို့ဝှက်စွာ စောင့်ကြည့်နေသော မျက်လုံးအကြည့်များစွာ ရှိနေသေးသည်။
ပုဂ္ဂိုလ်ကြီးများစွာက ကျွင်းရှောင်ယောက်၏ နောက်ခံကို သိချင်နေခဲ့ကြသည်။
သို့သော်လည်း ကျွင်းရှောင်ယောက်တွင် လျှို့ဝှက်ဆန်းကြယ်သော အင်မော်တယ်တစ်ပါး ကျောထောက်နောက်ခံရှိကြောင့် လွန်လွန်ကျူးကျူး မလုပ်နိုင်ခဲ့ကြပေ။
ဤတိုက်ပွဲမှာတော့ သဲလွန်စတချို့ကို သူတို့ မြင်နိုင်မည် ဖြစ်သည်။
"ကစဉ့်ကလျားခန္ဓာ၊ ငါရောက်လာပြီ"
မော့ကျဲဧကရာဇ်သားတော်က တည်ငြိမ်သောအမူအရာဖြင့် နှုတ်ခမ်းကို အနည်းငယ်တွန့်ကွေးကာ ပြောလိုက်သည်။
ပုံစံကိုကြည့်ပါက သူတို့နှစ်ဦးမှာ နှစ်ပေါင်းများစွာ သိကျွမ်းခဲ့သော မိတ်ဟောင်း ဆွေဟောင်း ဖြစ်ခဲ့သလိုပင်။
မော့ကျဲဧကရာဇ်သားတော်၏ အမြင်နှင့် စိတ်ဓာတ်က ကောင်းကင်ဘုရင်ဆယ်ပါး နှိုင်းယှဉ်နိုင်သောအရာမဟုတ်မှန်း ယင်းမှ ရှုမြင်နိုင်သည်။
သူက ဧကရာဇ်ငယ်ခုနစ်ပါးအနက်မှ တစ်ဦး ဖြစ်လာရခြင်းမှာ အကြောင်းရင်းရှိရမည်။
"မော့ကျဲဧကရာဇ်သားတော်"
ကျွင်းရှောင်ယောက်လည်း ဖြည်းညှင်းစွာ ထရပ်လိုက်သည်။
မော့ကျဲဧကရာဇ်သားတော်၏ ခန္ဓာကိုယ်အတွင်းမှ အရှိန်အဟုန်ပြင်းစွာ ထွက်ပေါ်လာသော နိယာမစွမ်းအားကို သူ ခံစားနိုင်၏။
ဤလူငယ်ကား၊ ယခင် လီကျိုးမင်၏ အစေခံအိုကြီး နှိုင်းယှဉ်၍မရကြောင်း ထင်ရှားသည်။
ထို့အပြင်၊ ကျွင်းရှောင်ယောက်ဟာ မော့ကျဲဧကရာဇ်သားတော်၏ ခန္ဓာကိုယ်တဝိုက်ကို ဖုံးလွှမ်းထားသော နတ်ကွင်းဆယ်ခုကို သတိပြုမိသေးသည်။
ယင်းမှ အနည်းငယ် ရင်းနှီးသော လှိုင်းတစ်ခုလည်း ထွက်ပေါ်နေသည်။
"စွမ်းအင်ခုခံကာကွယ်ခြင်းလား"
ကျွင်းရှောင်ယောက်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
သူ ဤစွမ်းရည်ကို ရရှိခြင်းမှာ လက်မှတ်ထိုးဝင်ခြင်းမှ ဖြစ်သည်။
ယခုတော့ မော့ကျဲဧကရာဇ်မျိုးနွယ်မှာလည်း ဤစွမ်းရည်ကို ပိုင်ဆိုင်ထားကြောင်း သိသာထင်ရှားလှပေသည်။
ထိုမျှသာမကဘဲ ယင်းက အားကောင်းသည့် စွမ်းအင်ခုခံကာကွယ်ခြင်း လက်စွပ်ကွင်းတစ်ခုလည်း ဖြစ်သည်။
ကျွင်းရှောင်ယောက်၏ ရှေးဦးဝိညာဉ်က လျင်မြန်စွာ အလုပ်လုပ်လာပြီး တွက်ချက်ခြင်းများ ပြုလိုက်လေသည်။
စစ်နတ်ဘုရားကျမ်းကို ရရှိပြီးနောက်၊ သူဟာ ကမ္ဘာပေါ်ရှိ နတ်ဘုရားစွမ်းနှင့် ကျင့်စဉ်အားလုံးကို တွက်ချက်နိုင်သည်။
ဟုတ်ပေသည်၊ ဤသည်မှာ ကနဦးနားလည်မှုတစ်ခုသာဖြစ်၍ ကျွင်းရှောင်ယောက်ဟာ အလွန်မြင့်မားသော အဆင့်အထိ ချက်ချင်း မခန့်မှန်းနိုင်သေးပေ။
သို့သော်လည်း အနည်းငယ်မျှ ကောက်ချက်ချနိုင်သရွေ့ လုံလောက်သည်။
အနာဂတ်တွင်၊ ကျွင်းရှောင်ယောက်က သူ့ကိုယ်ပိုင် စွမ်းအင်ခုခံကာကွယ်ခြင်းနှင့် သူ့စွမ်းရည်များ ပို၍အားကောင်းလာစေရန် ယင်းကို အသုံးပြုနိုင်ပေသည်။
မော့ကျဲဧကရာဇ်သားတော်လည်း ကျွင်းရှောင်ယောက်ကိုကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
အကြောင်းတစ်ခုခုကြောင့်၊ ကျွင်းရှောင်ယောက်၏ ကျင့်ကြံခြင်းအခြေခံက သူ့ထက်နိမ့်ကျသော အဓိပဓိတစ်ပိုင်းသာဖြစ်ကြောင်း သူခံစားနိုင်သော်လည်း...
သူ့နှလုံးသားထဲမှာ မသက်မသာ ခံစားချက်များ ရှိနေသေးသည်။
"ငါ အထင်မှားနေတာပဲဖြစ်မှာပါ"
မော့ကျဲဧကရာဇ်သားတော် ခေါင်းကို အနည်းငယ်ခါယမ်းပြီး ကျွင်းရှောင်ယောက်ကို ကြည့်လိုက်သည်။
"မင်းက ကောင်းကင်သင်္ချိုင်းပြည်နယ်မှာကျင်းပတဲ့ အင်မော်တယ်ပွဲတော်မှာ စွမ်းအင်ခုခံကာကွယ်ခြင်း စွမ်းရည်တစ်မျိုးကို သုံးခဲ့တယ်လို့ ငါကြားဖူးတယ်။ အဲဒါကို ဘယ်ကရခဲ့တာလဲ"
ထိုစကားကိုကြားတော့ ပရိသတ်အားလုံးလည်း တိတ်ဆိတ်သွားပြီး အာရုံစိုက်ကာ နားထောင်လိုက်၏။
နောက်ဆုံးတွင်၊ စွမ်းအင်ခုခံကာကွယ်ခြင်းက မော့ကျဲဧကရာဇ်မျိုးနွယ်၏ သွေးမျိုးဆက်သဘာဝစွမ်းရည်တစ်ခု ဖြစ်သည်။
ကျွင်းရှောင်ယောက်ကတော့ မော့ကျဲဧကရာဇ်မျိုးနွယ် မဟုတ်ပေ။ သူက ဤစွမ်းရည်ကို မည်သို့ရရှိနိုင်မည်နည်း။
ကျွင်းရှောင်ယောက်၏ အမူအရာမှာ အပြောင်းအလဲမရှိပေ။ လက်မှတ်ထိုးဝင်ခြင်း စနစ်အကြောင်းကို သူ ထုတ်ဖော်၍မရပါ။
ထို့အပြင် မော့ကျဲဧကရာဇ်သားတော်၏ မေးခွန်းထုတ်သည့် လေသံက သူ့ကို သဘောမတွေ့ဖြစ်စေသည်။
"မင်းနဲ့ ဘာဆိုင်လို့လဲ"
ကျွင်းရှောင်ယောက် တည်ငြိမ်စွာ မေးလိုက်သည်။
"အိုး၊ မင်းက တကယ်ကို အရိုးမာပုံရတယ်"
မော့ကျဲဧကရာဇ်သားတော်က ယင်းကို အလေးအနက်မထားသလို ဒေါသမထွက်ပေ။
"မင်းက မပြောချင်မှတော့ ရပါတယ်။ ငါတို့မျိုးနွယ်ရဲ့ သွေးမျိုးဆက် နတ်ဘုရားစွမ်းရည်ကို ပြင်ပကမ္ဘာဆီ ပေါက်ကြားခွင့်မပြုနိုင်ဘူး"
"ဒါပေမဲ့ မင်းက ရှားပါးတဲ့ ကစဉ့်ကလျားခန္ဓာဖြစ်တာကြောင့် အခွင့်အရေးပေးနိုင်ပါတယ်။ မင်းကို အနိုင်ယူပြီးရင် ငါတို့မျိုးနွယ်ထဲကို ဝင်လိုက်ရမယ်၊ မင်းဘယ်လိုထင်လဲ"
မော့ကျဲဧကရာဇ်သားတော်၏ စကားများက ပါရမီရှင်များစွာ၏ မျက်နှာအမူအရာများကို ပြောင်းလဲသွားစေခဲ့သည်။
မော့ကျဲဧကရာဇ်သားတော်က စိတ်မဆိုးသည့်အပြင်၊ ကျွင်းရှောင်ယောက်ကိုလည်း မော့ကျဲဧကရာဇ်မျိုးနွယ်သို့ ဖိတ်ခေါ်လိုသေးသည်။
ဤမော့ကျဲဧကရာဇ်သားတော်က ကျွင်းရှောင်ယောက်ကို သူတို့အကျိုးအတွက် အသုံးပြုလိုပုံရသည်။
"ဒါတော့ အဆင်မပြေဘူး။ ကစဉ့်ကလျားခန္ဓာသာ မော့ကျဲဧကရာဇ်သားတော်နဲ့ လက်တွဲလိုက်ရင် မော့ကျဲဧကရာဇ်မျိုးနွယ်မှာ အနာဂတ် အင်မော်တယ်နှစ်ပါး အမှန်တကယ် ရှိနေတော့မှာပေါ့"
ထိုအကြောင်းကိုတွေးမိတော့ လူအများ၏ အမူအရာများ ပြောင်းလဲသွားကြသည်။
လက်ရှိအချိန်တွင်၊ ကမ္ဘာနှစ်ခုကြား စစ်ဖြစ်နေပြီမို့ တိုင်းတပါးက တညီတညွတ်တည်းဖြစ်နေသော်လည်း...
အမျိုးမျိုးသော အင်မော်တယ်ဧကရာဇ်မျိုးနွယ်များကြားတွင် သဘောထားကွဲလွဲမှုမရှိဘဲ မနေသေးကြောင်း သိသာထင်ရှားလှပေသည်။
အင်မော်တယ်နယ်မြေကြီးမှာလည်း တိုင်းတပါးကို ရင်ဆိုင်ရတော့မည်ဖြစ်သည့်တိုင် ကျွင်းမိသားစုနှင့် အင်မော်တယ်ခုံရုံးကြား ပဋိပက္ခများ ရှိနေသေးသည်။
ထို့ကြောင့်ပင်၊ မော့ကျဲဧကရာဇ်မျိုးနွယ်မှာ ကျွင်းရှောင်ယောက် ပါဝင်ခြင်းက မော့ကျဲဧကရာဇ်မျိုးနွယ်၏ ရန်ဘက်မျိုးနွယ်များအတွက် သတင်းကောင်းမဟုတ်ပေ။
"အစ်မဝမ်ဝမ်၊ သခင်လေး..."
တုရှန်ချွန်းချွန်း၏ မျက်နှာလေးမှာလည်း စိုးရိမ်ပူပန်မှုတို့ ပေါ်လာခဲ့သည်။
သူတို့လည်း ကျွင်းရှောင်ယောက်ကို တုရှန်ဧကရာဇ်မျိုးနွယ်သို့ ဆွဲခေါ်လိုကြပေသည်။
"သခင်လေးရဲ့ ရွေးချယ်မှုကို ကြည့်ကြသေးတာပေါ့။ သခင်လေးက တခြားသူတွေရဲ့ လက်အောက်မှာ နေထိုင်လိုတဲ့ လူစားမျိုး မဟုတ်ဘူးလို့ ငါ ယုံကြည်တယ်"
တုရှန်ဝမ်ဝမ် ပြောလိုက်သည်။
အကယ်၍ ကျွင်းရှောင်ယောက်သာ တုရှန်ဧကရာဇ်မျိုးနွယ်ကို ဝင်ရောက်ပါက မင်းသမီး၏ကြင်ယာတော် ဖြစ်လာမည် ဖြစ်သည်။
မော့ကျဲဧကရာဇ်မျိုးနွယ်တွင် ပါဝင်လျှင်တော့ မော့ကျဲဧကရာဇ်မျိုးနွယ်၏ ကိရိယာတစ်ခုသာ ဖြစ်လာလိမ့်မည်။
သို့သော်လည်း၊ မော့ကျဲဧကရာဇ်မျိုးနွယ်၏ ဖိတ်ခေါ်ခြင်းခံရပါက မည်သည့်ပါရမီရှင်မဆို စိတ်အားထက်သန်စွာ ခေါင်းညိတ်မိကြမည် ဖြစ်သည်။
ကျွင်းရှောင်ယောက်၏ အမူအရာကတော့ အလွန်အေးဆေးတည်ငြိမ်သည့်အပြင် ရယ်ရွှင်မြူးသော အရိပ်အယောင်များပင် ပေါ်လာသေးသည်။
"မင်းတို့ မော့ကျဲဧကရာဇ်မျိုးနွယ်ထဲဝင်ပြီး မင်းရဲ့အစေခံ ဖြစ်လာရမှာလား"
"ဒီလိုလည်းမဟုတ်ပါဘူး၊ မင်းက ကစဉ့်ကလျားခန္ဓာပဲလေ၊ မင်းရဲ့အဆင့်အတန်းက ငါနဲ့အတူတူပါပဲ"
မော့ကျဲဧကရာဇ်သားတော်က ပြုံးလျက် ပြောလိုက်သည်။
"ငါသဘောမတူရင် ဘယ်လိုလုပ်မလဲ"
ကျွင်းရှောင်ယောက်က မေးသည်။
မော့ကျဲဧကရာဇ်သားတော်က မျက်လုံးကို အနည်းငယ်မှိတ်လိုက်သည်။ သူက ပြုံးပြီး ပြောလိုက်၏။
"မင်းသဘောမတူရင်လည်း ပူးပေါင်းရမှာပါပဲ၊ ဒါပေမဲ့ နည်းလမ်းကတော့ သိပ်နူးညံ့မှာမဟုတ်ဘူး"
ကျွင်းရှောင်ယောက်၏ ကစဉ့်ကလျားခန္ဓာ အထောက်အထားက မော့ကျဲဧကရာဇ်မျိုးနွယ်ကိုပင် သတ်ဖြတ်ရန် မဝံ့မရဲဖြစ်စေကြောင်း ထင်ရှားသည်။
သို့သော်လည်း မော့ကျဲဧကရာဇ်သားတော်၏ အဓိပ္ပာယ်က သိသာသည်။
ကျွင်းရှောင်ယောက် ငြင်းဆန်ပါက၊ မော့ကျဲဧကရာဇ်မျိုးနွယ်မှာ ကျွင်းရှောင်ယောက်ကိုထိန်းချုပ်ပြီး သူတို့ရည်ရွယ်ချက်များအတွက် အသုံးပြုရန် နည်းလမ်းများ သဘာဝအတိုင်း ရှိနေလိမ့်မည်။
"အိုး၊ ငါ့ကို ဓားတစ်လက်လို ကိုင်ထားချင်ရင် မင်းကိုယ်ကို ဒဏ်ရာရစေမှာကို ငါကြောက်တယ်"
ကျွင်းရှောင်ယောက် ပြုံးလိုက်သည်။
"ဒါဆိုရင် မင်းစမ်းကြည့်နိုင်တယ်"
မော့ကျဲဧကရာဇ်သားတော်က သူ့အင်္ကျီလက်ကို ဆတ်ခနဲ ခါယမ်းလိုက်သည်။ သူ့ခန္ဓာကိုယ်ပတ်ဝန်းကျင်မှ နတ်ကွင်းဆယ်ခုက တောက်ပပြီး ပြင်းထန်သောဖိအားများ ထွက်ပေါ်လာ၏။ ယင်းက အရပ်ရပ်ကို တုန်လှုပ်စေကာ ကမ္ဘာကြီးကိုပင် အရောင်ပြောင်းသွားစေတော့သည်။
ကျွင်းရှောင်ယောက်က အေးစက်စက် ပြုံးလိုက်သည်။
နောက်အခိုက်အတန့်တွင် သူက သူ့လက်တစ်ဖက်ကိုမြှောက်လိုက်ပြီး နတ်ဘုရားငိုကြွေး စစ်လှံပုဆိန်အား တိုက်ရိုက်ဆုပ်ကိုင်လိုက်၏။
ရုတ်တရက် ပြောင်းလဲသွားသော မြင်ကွင်းကြောင့် လူတိုင်း အံ့အားသင့်သွားတော့သည်။
"ယွီရှောင်ယောက် ဘာလုပ်နေတာလဲ"
"သူက နတ်ဘုရားငိုကြွေးစစ်လှံပုဆိန်ကို ဆွဲထုတ်ချင်နေတာလား"
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ ပထမမျိုးဆက် စစ်နတ်ဘုရားက နတ်ဘုရားငိုကြွေး စစ်လှံပုဆိန်ကို ဒီနေရာမှာ စိုက်ထူခဲ့ချိန်ကစပြီး အင်မော်တယ်တစ်ပိုင်းတောင်မှ ဆွဲထုတ်လို့မရသေးဘူး"
"အေးလေ၊ နန်းတော်ရဲ့ အကြီးအကဲတွေဆီကနေ ကြားဖူးတာကတော့... မင်းက ပထမမျိုးဆက် စစ်နတ်ဘုရားရဲ့ ဆန္ဒကို အမွေခံမဟုတ်ဘူးဆိုရင် မင်းရဲ့အင်အားက ဘယ်လောက်ပဲ အားကောင်းပါစေ၊ ဆွဲနှုတ်နိုင်မှာ မဟုတ်ဘူး"
ကျွင်းရှောင်ယောက်၏ လုပ်ရပ်က အရပ်ရပ်ကို ဆွေးနွေးသံများဖြင့် ဆူညံသွားစေခဲ့သည်။
ရှေးခေတ်ကတည်းက နတ်ဘုရားငိုကြွေး စစ်လှံပုဆိန်ကို မည်သူမျှ မဆွဲထုတ်နိုင်ခဲ့ပေ။ ထို့ကြောင့်ပင် စစ်နတ်ဘုရားတောင်က တဖြည်းဖြည်းနှင့် တိုက်ခိုက်ရန် နေရာတစ်ခု ဖြစ်လာခဲ့ရသည်။
နတ်ဘုရားငိုကြွေး စစ်လှံပုဆိန်ကို ဆွဲထုတ်ရန်တော့ မည်သူမျှ မကြိုးစားတော့ပေ။
ယခုတော့၊ ယခုအချိန်တွင် ကျွင်းရှောင်ယောက်၏ ညာဘက်လက်က နတ်ဘုရားငိုကြွေး စစ်လှံပုဆိန်ကို တိုက်ရိုက် ဆုပ်ကိုင်ထားပြီးပြီ ဖြစ်သည်။
"အိုး၊ နတ်ဘုရားငိုကြွေး စစ်လှံပုဆိန်ကို ဆွဲနှုတ်ချင်တာလား"
မော့ကျဲဧကရာဇ်သားတော်၏ အမူအရာက မပြောင်းလဲပေ။ သူက ဦးခေါင်းကို အနည်းငယ် စောင်းငဲ့ကာ ကျွင်းရှောင်ယောက်အား ကြည့်လိုက်သည်။
နတ်ဘုရားငိုကြွေး စစ်လှံပုဆိန်၏အမည်ကို သူလည်း သဘာဝအတိုင်း ကြားဖူးပေသည်။
သို့သော်လည်း ကျွင်းရှောင်ယောက်က ယခုမှ နှုတ်ယူရန် ကြိုးစားနေသည်။ ယင်းမှာ ထိုးသတ်ခါနီးမှ လက်ဝှေ့လေ့ကျင့်ခြင်း မဟုတ်ပါလား။
အံ့အားသင့်ခြင်း၊ အပျော်သဘောကြည့်ခြင်း၊ လှောင်ပြောင်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း...
အမျိုးမျိုးသော အမူအရာများဖြင့် မရေမတွက်နိုင်သော အကြည့်များမှာ ကျွင်းရှောင်ယောက်အပေါ်သို့ ကျရောက်လာခဲ့သည်။
သို့သော်၊ ကျွင်းရှောင်ယောက်က ဂရုမစိုက်ပေ။
ထိုအခိုက်တွင် သူ၏ခန္ဓာကိုယ်အတွင်းမှ နတ်ဘုရားစွမ်းအင်များ တဟုန်ထိုး တက်လာခဲ့သည်။ သူ့လက်ကောက်ဝတ်မှ အနက်ရောင်ခြောက်ထောင့်ကြယ် အမှတ်အသားကလည်း ဖျတ်ခနဲ ထွက်ပေါ်လာသည်။
"ထလော့"
ကျွင်းရှောင်ယောက်က အသံကျယ်ကျယ်ဖြင့် ဟိန်းဟောက်ပြီး ညာဘက်လက်ကို လှုပ်ခါလိုက်၏။
တခဏချင်းမှာပဲ၊ နတ်ဘုရားငိုကြွေး စစ်လှံပုဆိန်ပေါ်မှ သွေးကြောများကဲ့သို့ လိုင်းများက အသက်ဝင်သလို လှုပ်ရှားလာတော့သည်။
ထို့နောက်မှာတော့၊ ယင်းက သွေးကြောများအဖြစ်သို့ တိုက်ရိုက်ပြောင်းလဲပြီး ကျွင်းရှောင်ယောက်၏ လက်ကောက်ဝတ်နှင့် လက်မောင်းများအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားတော့သည်။
"ဝုန်း"
ကျွင်းရှောင်ယောက်က နတ်ဘုရားငိုကြွေး စစ်လှံပုဆိန်ကို တစ်လက်မချင်း ဆွဲနှုတ်လိုက်သည်။
စစ်နတ်ဘုရားတောင်တစ်ခုလုံး တုန်ခါပြီး အက်ကြောင်းများထ၍ ကျောက်တုံးများ လှိမ့်ဆင်းလာသည်။
မိုးနှင့်မြေက တုန်ခါပြီး လှိုင်းထလာ၏။ ကြောက်မက်ဖွယ်ကောင်းသော အရောင်ဝါတစ်ခုကလည်း အရှိန်အဟုန်ပြင်းပြင်း ထွက်ပေါ်လာတော့သည်။
"ဝုန်း"
ကမ္ဘာပျက်သကဲ့သို့ ပေါက်ကွဲသံကြီးလည်း ထွက်ပေါ်လာခဲ့သည်။
ကျွင်းရှောင်ယောက်က နတ်ဘုရားငိုကြွေး စစ်လှံပုဆိန်ကို ဆွဲနှုတ်ယူပြီး ကောင်းကင်သို့ ချိန်ရွယ်မြှောက်လိုက်၏။
တိုင်းတပါး၏ ပြည်နယ်ကြီးဆယ်ခုစလုံး ယခုအချိန်တွင် တုန်လှုပ်သွားတော့သည်။