← Chapters

အခန်း ၉၆၉

Vol. 65 Ch. 969

အခန်း ၉၆၉

Vol. 65 Ch. 969

အခန်း ( ၉၆၉ ) ဖျက်ဆီးခြင်းဘုရင် အထောက်အထားကို ထုတ်ဖော်ပြသခြင်း။

အာလုံး အံ့ဩသွားကြသည်။

အဓိပဓိတစ်ပိုင်း ကျင့်ကြံခြင်းအဆင့်နှင့် အင်မော်တယ်တစ်ပိုင်း အကျော်အမော်ကို ရင်ဆိုင်လိုနေသည်။

ဤအရာနှင့် မိမိကိုယ်ကို သတ်သေခြင်းအကြား ကွာခြားချက်မှာ အဘယ်နည်း။

"ရှောင်ယောက် မလုပ်နဲ့..."

လော့ရှန်းလင်လည်း အနည်းငယ် မျက်နှာပျက်သွားသည်။

သူကိုယ်တိုင်က အင်မော်တယ်တစ်ပိုင်း အကျော်အမော်ဖြစ်၍...

ဤနယ်ပယ်မှာ မည်သို့သောစွမ်းအားမျိုးကို ပိုင်ဆိုင်ထားကြကြောင်း ကောင်းစွာ နားလည်ပေသည်။

ပျက်စီးခြင်းတာအိုသခင်ပင်လျှင် အင်မော်တယ်တစ်ပိုင်း အကျော်အမော်ရှေ့တွင် ထိုကဲ့သို့သော စကားကို ပြောရန် အရည်အချင်းမရှိဟု ဆိုနိုင်သည်။

ကျွင်းရှောင်ယောက်ဆိုပါက အဓိပတိတစ်ပိုင်းမျှသာ ရှိသေးသည်။

တိုက်ခိုက်မှုတစ်ခုကို မဆိုထားဘိ...

အရှိန်အဝါသက်သက်ဖြင့်ပင် ကြိမ်ဖန်များစွာ သတ်နိုင်သည်။

ကျွင်းရှောင်ယောက်၏ လှုပ်ရှားမှုက ကျောက်တုံးကို ကြက်ဥနှင့် ပစ်ပေါက်ခြင်းထက် ပို၍ ရယ်စရာကောင်းလှသည်။

"ရယ်စရာကောင်းလိုက်တာ..."

ဘုရင်ဖုဖုန်းက လှောင်ပြောင်သရော်ဟန်ဖြင့် ရေရွတ်လိုက်သည်။

သူသည်လည်း အင်မော်တယ်တစ်ပိုင်း အကျော်အမော် ဖြစ်၏။ ထို့ကြောင့် ကျွင်းရှောင်ယောက်၏ ဤစိန်ခေါ်မှုက မည်မျှမိုက်မဲသည်ကို သဘာဝအတိုင်း နားလည်သည်။

"အိုး"

မော့ကျဲဧကရာဇ်မျိုးနွယ်မှ အင်မော်တယ်တစ်ပိုင်း အမျိုးသားလည်း အံ့ဩသွားမိသည်။

ကျွင်းရှောင်ယောက်တွင် ဤသို့ပြောရန် ဘယ်နေရာက သတ္တိများ ရရှိနေမှန်း အမှန်တကယ် သူ နားမလည်ပေ။

"မင်းရဲ့ယုံကြည်မှုက မင်းရဲ့နောက်ကွယ်က လျှို့ဝှက်ဆန်းကြယ်တဲ့ အင်မော်တယ် အကျော်အမော်ဆီက လာတာလား"

မော့ကျဲဧကရာဇ်မျိုးနွယ်မှ အင်မော်တယ်တစ်ပိုင်း အကျော်အမော် အေးစက်စက် ပြောလိုက်သည်။

ကစဉ့်ကလျားခန္ဓာ၏ နောက်ကွယ်တွင် လျှို့ဝှက်ဆန်းကြယ်သော အင်မော်တယ် ရပ်တည်နေပုံရကြောင်း လူတိုင်းသိကြသည်။

အကယ်၍ ထိုအင်မော်တယ်ကြောင့်သာ မဟုတ်ပါက၊ အခြား ဧကရာဇ်မျိုးနွယ်များမှာ ကစဉ့်ကလျားခန္ဓာကို အာရုံစိုက်ထားပြီး ဖြစ်ပေလိမ့်မည်။

"ဒီအလောင်းအစားက ခင်ဗျားနဲ့ ကျွန်တော်အတွက်ပါပဲ၊ တခြားဘာမှမရှိဘူး"

ကျွင်းရှောင်ယောက်က တည်ငြိမ်စွာ ပြောလိုက်သည်။

"ကောင်းပြီ"

မော့ကျဲဧကရာဇ်မျိုးနွယ်မှ အင်မော်တယ်တစ်ပိုင်း အကျော်အမော်လည်း မတုံ့ဆိုင်းတော့ဘဲ ချက်ချင်း သဘောတူလိုက်သည်။

ကျွင်းရှောင်ယောက်၏ လွတ်လပ်ပေါ့ပါးပြီး ခပ်မိုက်မိုက်ပုံစံကလည်း သူ့ကို အနည်းငယ် သဘောကျစေခဲ့ပေသည်။

သို့သော်လည်း၊ မော့ကျဲဧကရာဇ်မျိုးနွယ်သားတော် သေဆုံးသွားခဲ့ပြီမို့ ကျွင်းရှောင်ယောက်နှင့် မော့ကျဲဧကရာဇ်မျိုးနွယ်ကြားတွင် ပြန်လည်ပေါင်းစည်းရန် မဖြစ်နိုင်တော့ပေ။

"ဝုန်း"

မော့ကျဲဧကရာဇ်မျိုးနွယ်မှ အင်မော်တယ်တစ်ပိုင်းက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။

လက်ရှိတွင်၊ ဤအင်မော်တယ်တစ်ပိုင်း အကျော်အမော်က အရိပ်အယောင်မျှသာဖြစ်သည်။

သို့သော်လည်း ၎င်း၏စွမ်းအားက မိုးနှင့်မြေကို ဖျက်ဆီးပစ်ရန် လုံလောက်ပေသည်။

သူ၏ လက်ငါးချောင်းက ကောင်းကင်ထောက်တိုင်များကဲ့သို့ဖြစ်ပြီး နေ၊ လနှင့် ကြယ်များ ဝန်းရံထားပုံရသည်။

ယင်းက မော့ကျဲဧကရာဇ်မျိုးနွယ်၏ ထိပ်တန်း နတ်ဘုရားစွမ်းရည်များထဲမှ တစ်ခု၊ ကောင်းကင်လွှမ်းခြုံသော လက် ဖြစ်သည်။

ထိပ်သီးတန်ခိုးရှင်တစ်ဦးသာ ထုတ်ဖော်ပါက၊ ကောင်းကင်ကို မှောက်လှန်ပြီး လက်ဖဝါးအတွင်း၌ အရာအားလုံးကို လွှမ်းခြုံထားနိုင်သည်ဟု ဆိုပေသည်။

လေဟာပြင်က ဖိအားများကို မခံနိုင်ဘဲ စတင်ပြိုကျလာခဲ့သည်။

စစ်နတ်ဘုရားတောင်တစ်ခုလုံး တုန်ခါသွားပြီး မရေမတွက်နိုင်သော အကာကွယ် ကမ္ပည်းစာလုံးများ ပေါ်လာခဲ့၏။

ယင်းမှ ဤလှုပ်ရှားမှုမှာ မည်မျှအစွမ်းထက်ကြောင်း မြင်နိုင်သည်။

ကျွင်းရှောင်ယောက်၏ အဖြူရောင် အဝတ်အစားများမှာလည်း လေထဲတွင် တဖျတ်ဖျတ် လူးလွန့်လာပေသည်။

သူက နတ်ဘုရားငိုကြွေးစစ်လှံပုဆိန်ကို လက်တစ်ဖက်ဖြင့်ကိုင်ကာ လေထဲသို့ ပျံတက်သွားခဲ့သည်။

ကျွင်းရှောင်ယောက်က နတ်ဘုရားငိုကြွေးစစ်လှံပုဆိန်ဖြင့် ကောင်းကင်မှ ဧရာမလက်ဝါးကြီးကို ခုတ်ချလိုက်၏။

ယင်းမှာ ဒဏ္ဍာရီထဲမှ ဗုဒ္ဓလက်ဝါးကို ဆန့်ကျင်နေသော မွန်းစတားတန်ခိုးရှင်ကြီးကဲ့သို့ပင်။

"ရှောင်ယောက်"

"သခင်လေး"

"သခင်"

လော့ရှန်းလင်၊ တုရှန်ဝမ်ဝမ်၊ တုရှန်ချွန်းချွန်း၊ စူးဟုန်ယီ၊ ဖေးချင်ရွယ်နှင့် အခြားသူများ၏ အမူအရာများ ပြောင်းလဲသွားကြသည်။

ပိအန်းမင်းသား၊ လီကျိုးမင်၊ ဖူယောင်နှင့် အခြားဘုရင်အဆင့် ပါရမီရှင်များလည်း အာရုံစူးစိုက်ကာ ကြည့်နေခဲ့ကြ၏။

ကျွင်းရှောင်ယောက်က သူတို့၏ အိပ်မက်ဆိုးဟု ဆိုနိုင်ပေသည်။

ဤအိပ်မက်ဆိုးကြီး ယနေ့တွင် ပြီးသွားပါက သဘာဝအတိုင်း အကောင်းဆုံး ဖြစ်မည်။

"ထူးခြားအံ့ဖွယ် မရှိနိုင်တော့ပါဘူး"

ဘုရင်ဖုဖုန်းက ယင်းကိုမြင်တော့ ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။

အဓိပဓိတစ်ပိုင်း ကျင့်ကြံခြင်းဖြင့် အင်မော်တယ်တစ်ပိုင်း အကျော်အမော်ကို ဆန့်ကျင်ခြင်းမှာ၊ ရထားကို တားဆီးရန် ကြိုးစားနေသော နှံကောင်တစ်ကောင်နှင့် မခြားပေ။

ဤအခိုက်တွင် အကြည့်အားလုံးက တစ်နေရာတည်းသို့ စုပြုံကျရောက်နေပြီး အသံများလည်း တိတ်ဆိတ်သွားခဲ့သည်။

"ဝုန်း"

ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာ၏။

ဧရာမ လက်ဝါးကြီးက ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံကာ ဖမ်းဆုပ်လိုက်တော့သည်။

"ရှောင်‌ယောက်..."

လော့ရှန်းလင်၏ လှပသော မျက်နှာလေးက ဖျော့တော့သွားပြီး ချက်ချင်းလှုပ်ရှားရန် ဟန်ပြင်လိုက်သည်။

"လော့ဝမ်၊ ဒါက သူ့ရဲ့ ကိုယ်ပိုင်ရွေးချယ်မှုပဲ"

ဘုရင်ဖုဖုန်းက တားဆီးလိုက်၏။

တုရှန်ဝမ်ဝမ်နှင့် အခြားမိန်းကလေးများ၏ မျက်နှာများမှာလည်း ဖြူဖျော့သွားလေသည်။

အကြီးအကဲမူလည်း လက်သီးကို တင်းတင်းဆုပ်လိုက်မိသည်။

ယခုအခါ ကျွင်းရှောင်ယောက်က နတ်ဘုရားငိုကြွေးစစ်လှံပုဆိန်အား ဆွဲနှုတ်ထားခဲ့ပြီး ဖြစ်သည်။ အတိုင်းအတာတစ်ခုအထိ၊ သူ့ကို စစ်နတ်ဘုရားနန်းတော်၏ အဖွဲ့ဝင်အဖြစ် သတ်မှတ်သင့်ပေသည်။

အကြောင်းမှာ၊ စစ်နတ်ဘုရားနန်းတော်ကို ပထမမျိုးဆက် စစ်နတ်ဘုရားမှ တည်ထောင်ခဲ့ခြင်းကြောင့် ဖြစ်သည်။

"ကစဉ့်ကလျားခန္ဓာ၊ ဒီဘုရင်ရဲ့လက်ထဲမှာ သေရတာက မင်းအတွက် ဂုဏ်ယူစရာပါပဲ"

မော့ကျဲဧကရာဇ်မျိုးနွယ်မှ အင်မော်တယ်တစ်ပိုင်း အမျိုးသားက လျစ်လျူရှုစွာ ပြောလိုက်သည်။

သို့သော်...

"ဟမ်"

မော့ကျဲဧကရာဇ်မျိုးနွယ်မှ အင်မော်တယ်တစ်ပိုင်း အမျိုးသားလည်း တစ်ခုခု မူမမှန်တာကို ရုတ်တရက် ခံစားလိုက်ရသည်။

"ဝုန်း"

ကောင်းကင်ထက်တွင် တိမ်မည်းများ တလိပ်လိပ် တက်လာခဲ့၏။

မိုးကြိုး ထစ်ချုန်းသံများနှင့် လျှပ်စီးများကလည်း ဒေါသထွက်နေသော နဂါးတစ်ကောင်ကဲ့သို့ ဟိန်းဟောက်ကာ တဖျတ်ဖျတ် လက်လာတော့သည်။

ထိုသို့သော ကစဉ့်ကလျား အခြေအနေများကြားတွင်...

ကြီးမားသော အမှောင် ခြောက်ထောင့်ကြယ် အမှတ်အသားတစ်ခုက ကောင်းကင်ယံ၌ ပေါ်လာခဲ့သည်။

ထိုအမှောင် ခြောက်ထောင့်ကြယ်က တဖြည်းဖြည်း လည်ပတ်နေ၏။ ရှေးကျ၍ လျှို့ဝှက်ဆန်းကျယ်ကာ ကြီးစိုးသော အငွေ့အအသက်များလည်း ထွက်ပေါ်နေတော့သည်။

"ဒါ… ဒါ…"

ထောင်သောင်းမကသော တိုင်းတစ်ပါးမှ သတ္တဝါအားလုံး၏ မျက်လုံးများ ပြူးကျယ်သွားကြသည်။

လက်ရှိ၊ ဤနေရာတွင်ရှိနေသော တိုင်းတပါးသတ္တဝါ အများစုမှာ အဆင့်အတန်း မြင့်ကြသည်။

သို့ဖြစ်ပေရာ ဖျက်ဆီးခြင်း ဘုရင်ခြောက်ပါး၏ ဒဏ္ဍာရီကို သဘာဝအတိုင်း လူတိုင်း သိပေသည်။

ထို့အပြင်၊ မကြာသေးမီက အမှောင်စီကွမ် အမှတ်အသားသည်လည်း ကောင်းကင်ယံတွင် ပေါ်လာခဲ့သည်။

ဤမြင်ကွင်းက ဘယ်အရာကို ကိုယ်စားပြုမှန်း တိုင်းတစ်ပါးသတ္တဝါအားလုံး ကောင်းစွာနားလည်ပေသည်

အမှောင်စီကွမ်။

ဖျက်ဆီးခြင်းဘုရင်ခြောက်ပါး။

အင်မော်တယ်နယ်မြေကြီးကို ကပ်ဘေးဆိုးများ ဖြစ်စေနိုင်သော ဖျက်ဆီးခြင်းဘုရင်များသာလျှင် ဤသို့သော မြင်ကွင်းမျိုးကို ဖြစ်ပေါ်စေနိုင်သည်။

"ကစဉ့်ကလျားခန္ဓာက အမှောင်စီကွမ်တွေထဲက တစ်ဦး၊ ဖျက်ဆီးခြင်းဘုရင်ခြောက်ပါးထဲက တစ်ပါးလို့ပြောချင်တာလား"

တိုင်းတပါးသတ္တဝါများ လုံးဝ စိတ်မကူးနိုင်တော့ပေ။

ကစဉ့်ကလျားခန္ဓာ တစ်ခုတည်းက ဒဏ္ဍာရီပမာဖြစ်နေပြီ ဖြစ်သည်။

သူ ပေါ်လာကတည်းက တစ်ခါမျှ မရှုံးဖူးသေးပေ။

သူဟာ ပထမမျိုးဆက် စစ်နတ်ဘုရား၏ နတ်ဘုရားငိုကြွေးစစ်လှံပုဆိန်ကိုပင် ဆွဲထုတ်ခဲ့သည်။

ယခုတော့...

သူဟာ ဖျက်ဆီးခြင်းဘုရင် ခြောက်ပါးထဲမှ တစ်ပါးပင်ဖြစ်လာပြီ။

ယင်းက အိပ်မက်တစ်ခုဟု ဆိုလျှင်ပင် ယုံရခက်လွန်းသည်။

"သခင်လေးက တကယ်ကို ဖျက်ဆီးခြင်း ဘုရင်ခြောက်ပါးထဲက တစ်ယောက်ပဲ"

တုရှန်ချွန်းချွန်း၏ မျက်လုံးလေးများက အံ့ဩစိတ်နှင့်အတူ ပြူးကျယ်သွားခဲ့သည်။

ရုတ်တရက်၊ ကျွင်းရှောင်ယောက်နှင့် ပထမဆုံး တွေ့ခဲ့သောအချိန်ကို သူမ သတိပြန်ရလာခဲ့၏။

ယင်းက ကောင်းကင်ဂူသင်္ချိုင်း၌ ဖြစ်သည်။

ကျွင်းရှောင်ယောက်ကလည်း သူသည် ကောင်းကင်ဂူသင်္ချိုင်းမှ လာသည်ဟု ပြောခဲ့သေးသည်။

ထိုကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သော ဇာစ်မြစ်ဖြင့်၊ သူ့ကို ဖျက်ဆီးခြင်း ဘုရင်ခြောက်ပါးမှ တစ်ပါးဟုဆိုလျှင် အမှန်တကယ် ကျိုးကြောင်းဆီလျော်သည်။

"ငါနားလည်ပြီ၊ သခင်လေးက ကောင်းကင်ဂူသင်္ချိုင်းက လာတာ အံ့သြစရာ မရှိတော့ပါဘူး။ သူက တကယ်ကို ဖျက်ဆီးခြင်း ဘုရင်ခြောက်ပါးထဲက တစ်ပါးပါပဲ။ သူက အိပ်စက်နေတဲ့ အမှောင်စီကွမ်တွေထဲက တစ်ဦးပဲ"

တုရှန်ချွန်းချွန်း၏ မျက်လုံးများ တောက်ပလာခဲ့သည်။

"နင်ဘာပြောလိုက်တယ်"

တုရှန်ဝမ်ဝမ် အံ့အားသင့်သွား၏။

ကျွင်းရှောင်ယောက်၏ မူလဇစ်မြစ်ကို ဤမျှ လျှို့ဝှက်ဆန်းကြယ်နေမည်ဟု သူ မမျှော်လင့်ခဲ့ပေ။

"ဝုန်း"

အမှောင်ခြောက်ထောင့်ကြယ် ရူပါရုံကြောင့် လူတိုင်း အံ့အားသင့်သွားချိန်တွင်...

ကောင်းကင်ကို ဖုံးလွှမ်းနေသော လက်ဖဝါးကြီးက ရုတ်တရက် တုန်လှုပ်သွားသည်။

ထို့နောက် ထောင်ပေါင်းများစွာသော အမှောင် အလင်းတန်းများက ဧရာမ လက်ဝါးကြီးအား ဆုတ်ဖြဲကာ ထွက်ပေါ်လာ၏။

ပြင်းထန်သော ပေါက်ကွဲသံနှင့်အတူ...

အဖြူရောင်ဆံပင်၊ အဖြူရောင်အဝတ်အစားများနှင့် စစ်လှံပုဆိန်ကို ကိုင်ဆောင်ထားသော လူရိပ်တစ်ခုက ကောင်းကင်တွင် ပြန်ပေါ်လာတော့သည်။

ကျွင်းရှောင်ယောက်၏ နောက်တွင် ကြီးမားသော ရုပ်သွင်တစ်ခုကို လူအားလုံး ယောင်ဝါးဝါး မြင်လိုက်ရသည်။

ထိုလူက နတ်ဘုရားငိုကြွေးစစ်လှံပုဆိန်ကိုကိုင်ပြီး လေထဲတွင် ရပ်နေသည်။ သူ့ထံမှ အနှိုင်းမဲ့ကြီးစိုးသော အငွေ့အသက်များလည်း ထွက်ပေါ်နေ၏။

ကောင်းကင်နှင့် မြေကမ္ဘာအားလုံးက သူ့ခြေဖဝါးအောက်တွင် ရှိနေသကဲ့သို့ပင်။

"ပထမမျိုးဆက် စစ်နတ်ဘုရား"

အကြီးအကဲမူက အသံကျယ်ကျယ်ဖြင့် အော်ဟစ်ပြီး ဦးညွတ်လိုက်လေသည်။

"ဒါက ပထမမျိုးဆက် စစ်နတ်ဘုရားပဲ"

"စစ်နတ်ဘုရားကို နှုတ်ခွန်းဆက်ပါတယ်"

အရပ်ရပ်မှ ပြင်းထန်သော လှိုင်းလုံးကြီးကဲ့သို့ အရိုအသေပေးသံများ အတောမသတ် ထွက်ပေါ်လာတော့သည်။

ပထမမျိုးဆက် စစ်နတ်ဘုရားက စစ်နတ်ဘုရားနန်းတော်၏ သင်္ကေတနှင့် ယုံကြည်ချက်တစ်ခုဟု ဆိုနိုင်သည်။

ပထမမျိုးဆက် စစ်နတ်ဘုရား၏ ဂုဏ်သိက္ခာကို မည်သူမျှ ထိပါး၍မရပေ။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒီကောင်လေးက တကယ်ကို ဖျက်ဆီးခြင်းဘုရင် ခြောက်ပါးက တစ်ယောက်ပဲ"

မော့ကျဲဧကရာဇ်မျိုးနွယ်၏ အင်မော်တယ်တစ်ပိုင်းပင်လျှင် အံ့ဩသွားမိသည်။

အကယ်၍၊ တစ်ဖက်လူဟာ စစ်နတ်ဘုရားတစ်ပိုင်းအဆင့်ရှိ ကစဉ့်ကလျားခန္ဓာဖြစ်ပါက မော့ကျဲဧကရာဇ်မျိုးနွယ်ဟာ ကိုင်တွယ်ဖြေရှင်းနိုင်နေဆဲ ဖြစ်သည်။

ယခုမူကား...

ကျွင်းရှောင်ယောက်၏ လက်ကောက်ဝတ်ပေါ်ရှိ အမှောင်ခြောက်ထောင့်ကြယ် အမှတ်အသားက အမှောင်အငွေ့အသက်များဖြင့် ဖျက်ဆီးခြင်းဘုရင်ခြောက်ပါးမှ တစ်ပါးဟူသော သူ့အထောက်အထားကို ဖော်ပြနေခဲ့ပြီ။

ထို့အပြင်၊ နတ်ဘုရားငိုကြွေးစစ်လှံပုဆိန်မှ ပထမမျိုးဆက်စစ်နတ်ဘုရား၏ပုံရိပ်က သူ၏ ကောင်းကင်လွှမ်းခြုံသော လက်ဝါး၏ စွမ်းအားကို ပိတ်ဆို့ထားသည်။

ယခုတော့ မော့ကျဲဧကရာဇ်သားတော်အတွက် လက်စားချေရန် အလွန်ခက်ခဲသွားပြီ။

'ပြဿနာပဲ'

မော့ကျဲဧကရာဇ်မျိုးနွယ်မှ အင်မော်တယ်တစ်ပိုင်းလည်း မျက်မှောင်ကြုတ်သည်။

ဖျက်ဆီးခြင်းဘုရင်ခြောက်ပါးဟာ တိုင်းတပါးမှ ဒဏ္ဍာရီများ ဖြစ်ကြသည်။

မော့ကျဲဧကရာဇ်မျိုးနွယ်သည်ပင် အမှောင်ဘုရင်နှင့် ဆက်ဆံရန် အရည်အချင်းမရှိပေ။

"မော့ကျဲဧကရာဇ်မျိုးနွယ်၊ အခြေအနေတစ်ခုလုံးက အရေးကြီးဆုံးပဲ။ ဖျက်ဆီးခြင်းဘုရင်ခြောက်ပါးကို ဘာမှ အဖြစ်မခံသင့်ဘူး"

ရုတ်တရက်၊ စစ်နတ်ဘုရားနန်းတော်၏ အတွင်းပိုင်း နက်နဲရာအရပ်မှ အိုမင်းသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"အင်မော်တယ်ဘုရင်"

အရပ်ရပ်မှ သတ္တဝါများ အော်ဟစ်လိုက်၏။

စစ်နတ်ဘုရားနန်းတော်အတွင်း နက်နဲရာအရပ်မှ အင်မော်တယ်ဘုရင်လည်း နောက်ဆုံးတွင် သူ၏ရပ်တည်ချက်ကို ထုတ်ဖော်ခဲ့ချေပြီ။

ကျွင်းရှောင်ယောက်ဘက်မှ ရပ်တည်ပြီး သူ့ကို ထောက်ပံ့ပေးတော့မည် ဖြစ်သည်။

All Chapters