← Chapters

အခန်း ၉၇၁

Vol. 65 Ch. 971

အခန်း ၉၇၁

Vol. 65 Ch. 971

အခန်း ( ၉၇၁ ) ပျက်စီးခြင်းနယ်နိမိတ် အတွေ့အကြုံ စတင်တော့မည်။

စစ်နတ်ဘုရားတောင်တွင် ဖြစ်ပွားခဲ့သော အဖြစ်အပျက်များက တိုင်းတပါး၏ ပြည်နယ်ဆယ်ခုစလုံးကို တုန်ခါစေခဲ့သည်။

အထူးသဖြင့်၊ ကျွင်းရှောင်ယောက်က ဖျက်ဆီးခြင်းဘုရင် ခြောက်ပါးအနက် တစ်ပါးဟူသော သူ့အထောက်အထားများကို ဖော်ထုတ်ခဲ့သောအခါ...

တစ်ချိန်က ကောင်းကင်တွင်ပေါ်လာခဲ့သော အမှောင်စီကွမ် အမှတ်အသားကို လူတိုင်း အမှတ်ရသွား၏။

ထိုမှသာလျှင် လူအားလုံးမှာ ထိုမြင်ကွင်းက ကျွင်းရှောင်ယောက်ကြောင့်ဖြစ်မှန်း သိသွားခဲ့ကြသည်။

ထိပ်တန်းတော်ဝင်မိသားစုများ၊ အင်မော်တယ်တစ်ပိုင်းမျိုးနွယ်စုများနှင့်အင်မော်တယ်ဧကရာဇ်မျိုးရိုးများပင်လျှင် ကျွင်းရှောင်ယောက်နှင့်တွေ့ရန် မျှော်လင့်ကာ စစ်နတ်ဘုရားနန်းတော်သို့ လူများ စေလွှတ်လာကြတော့သည်။

ယခုအခါ ကျွင်းရှောင်ယောက်က သတင်းအချက်အလက်များ၏ ခေါင်းစည်းအကြောင်းရာတစ်ခု ဖြစ်လာပြီ ဖြစ်သည်။

နောက်ဆုံးတွင်၊ မမျှော်လင့်ထားသောအရာတစ်ခုခု ဖြစ်မလာပါက ကျွင်းရှောင်ယောက်ဟာ အနာဂတ်မှာ ဖျက်ဆီးခြင်းဘုရင်တစ်ပါး သေချာပေါက် ဖြစ်လာမည် ဖြစ်သည်။ အနည်းဆုံးတော့ အင်မော်တယ်ဘုရင်တစ်ပါး ဖြစ်လိမ့်မည်။

သူ၏ ကစဉ့်ကလျားခန္ဓာ အရည်အချင်းနှင့်ဆိုပါက ယင်းမှာ ‌သေချာသလောက် ရှိသည်။

ကျွင်းရှောင်ယောက်ကို ဆွဲခေါ်နိုင်ပါက သူတို့မျိုးနွယ်စုအတွက် လွန်စွာ အကျိုးရှိလိမ့်မည်။

အင်မော်တယ်ဧကရာဇ်မျိုးနွယ်များပင်လျှင် ဤအချက်ကို လျစ်လျူမရှုနိုင်ကြတော့ပေ။

သို့သော်၊ ကျွင်းရှောင်ယောက်က ထိုတမန်တော်များကို အတွေ့မခံဘဲ တိတ်တဆိတ်နေခဲ့ပေသည်။

ကျွင်းရှောင်ယောက်၏ နေအိမ်တွင်...

ကျွင်းရှောင်ယောက်က လော့ရှန်းလင်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသည်။

အလယ်တွင် စစ်တုရင်ခုံတစ်ခုရှိပြီး ဘေးမှာတော့ လက်ဖက်ရည်အိုးရှိ၏။

နှစ်ယောက်သား စစ်တုရင်ကစားရင်း လက်ဖက်ရည်သောက်နေခဲ့ကြသည်။

တုရှန်ချွန်းချွန်းနှင့် အခြားသူများကတော့ လော့ရှန်းလင်ကြောင့် မလာဝံ့ကြပါ။

လော့ရှန်းလင်က ကျွင်းရှောင်ယောက်ရှေ့တွင်သာ သာမန်အမျိုးသမီးကဲ့သို့ ဖြစ်သည်။

အခြားသူများရှေ့မှာတော့ မြင့်မြတ်ပြီး ဝေးကွာသော ဝမ်ဘုရင်မပင်။

"ရှောင်ယောက်၊ ဒီရက်ထဲမှာ အင်မော်တယ်ဧကရာဇ်မျိုးနွယ်တွေ အတော်များများတောင်မှ မင်းဆီကို လာလည်ကြတယ်နော်။ မင်းဘာဖြစ်လို့ သဘောမတူတာလဲ"

"မင်းသာ သဘောတူမယ်ဆိုရင် မော့ကျဲဧကရာဇ်မျိုးနွယ်ရဲ့ ဖိအားကို တွန်းလှန်နိုင်မှာ"

လော့ရှန်းလင်က လက်ဖက်ရည်တစ်ငုံသောက်ရင်း ပြောလိုက်သည်။

ကျွင်းရှောင်ယောက်လည်း ပေါ့ပေါ့ပါးပါး ပြုံးရင်း ပြောလိုက်လေသည်။

"ဒီလိုသာမန်အရာတွေကို ဘာအတွက်နဲ့ ဂရုစိုက်ရမှာလဲ။ ရှန်းလင်နဲ့အတူ လက်ဖက်ရည်သောက်ရင်း စစ်တုရင် ကစားရ‌တာကမှ ဘဝရဲ့ ပျော်စရာအကောင်းဆုံး အရာပဲ"

ထိုစကားကိုကြားတော့ လော့ရှန်းလင်က အနည်းငယ် မျက်လွှာချသွားသည်။ သ

သူမ၏ ဖြူနုသော ပါးပြင်နှစ်ဖက်မှာလည်း ပန်းနုရောင်သန်းသွား၏။

အကြောင်းတစ်ခုခုကြောင့် ကျွင်းရှောင်ယောက်နှင့် အတူတူရှိနေချိန်တွင် ယခင်ကထက်ပိုပြီး ရှက်သွေးဖြာတတ်ခဲ့လေသည်။

"ရှောင်ယောက်၊ အနာဂတ်မှာ မင်းကြီးပျင်းလာခဲ့အခါကျရင် ငါ့ထက်တောင် ပိုပြီးသန်မာလာလိမ့်မယ်"

သူ့ခံစားချက်များကို ဖုံးကွယ်ချင်ဟန်ဖြင့် လော့ရှန်းလင်က စနောက်လိုက်သည်။

သို့သော်လည်း သူ့စကားက မမှားပေ။

လော့ရှန်းလင်၏ ကျင့်ကြံခြင်းက ယခုအခါ အတားအဆီးတစ်ခု ကြုံနေရပြီ ဖြစ်သည်။ သူမအတွက် အဆင့်ဖြတ်ကျော်ပြီး အင်မော်တယ်ဘုရင်ဖြစ်လာရန် အလွန်ခက်ခဲလိမ့်မည်။

သို့သော်လည်း မကောင်းဆိုးရွား ပါရမီရှင်ဖြစ်သော ကျွင်းရှောင်ယောက်ကတော့ အင်မော်တယ်ဘုရင်အဖြစ်သို့ သေချာပေါက်ရောက်နိုင်မည် ဖြစ်သည်။

"ဒါကလည်း ရှန်းလင်ကျေးဇူးကြောင့်ပါပဲ၊ ကျွန်တော် အခုလို အေးအေးချမ်းချမ်း ဖွံ့ဖြိုးနိုင်တာက ရှန်းလင်ကြောင့်ပဲ။ အနာဂတ်မှာ ကျွန်တော် နည်းလမ်းရှာပြီး ရှန်းလင်ကို နယ်ပယ်ဖြတ်ကျော်ပြီး အင်မော်တယ်ဘုရင်ဖြစ်အောင် ကူညီပေးမှာပါ"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။ ထို့နောက် လော့ရှန်းလင်၏ ကျောက်စိမ်းပမာ လက်ကလေးနှစ်ဖက်ကို ဆုပ်ကိုင်လိုက်၏။

လော့ရှန်းလင်၏ ခန္ဓာကိုယ်ကလေးက တွန့်ခနဲ ဖြစ်သွားသည်။ သို့သော်၊ သူ့လက်ကိုတော့ ပြန်မရုတ်ခဲ့ပေ။

"မင်းမှာ ဒီလိုစိတ်ကူးရှိရင်ပဲ လုံလောက်ပါပြီ"

လော့ရှန်းလင်၏ နားရွက်လေးများက အနည်းငယ် နီရဲလာခဲ့သည်။

ကျွင်းရှောင်ယောက်၏ သရုပ်ဆောင်မှုစွမ်းရည်က အမှန်တကယ် အပြစ်ကင်းစင်သည်ဟု ဆိုနိုင်သည်။

သူ၏ ပရောပရည်လုပ်နိုင်စွမ်းက အမှတ်အပြည့် ပေးနိုင်လောက်ပေသည်။

သို့သော်လည်း ကျွင်းရှောင်ယောက်၏ စကားအားလုံးက လှည့်စားခြင်းတော့ မဟုတ်ပါ။

သူဟာ လော့ရှန်းလင်ကို နယ်‌ပယ်ဖြတ်ကျော်ပြီး အင်မော်တယ်ဘုရင်ဖြစ်လာစေရန် အမှန်တကယ် ကူညီချင်မိသည်။

ဤနည်းဖြင့် စစ်မှန်သော အင်မော်တယ်ဘုရင်ကို အနိုင်ယူပြီးသား ဖြစ်လိမ့်မည်။

ယင်းက ကျွင်းရှောင်ယောက်အတွက် အရေးကြီးသည်။

ထိုအခါ တိုင်းတစ်ပါးတွင် သရုပ်ဆောင်ရန် ပို၍ အဆင်ပြေပေလိမ့်မည်။

ထိုအချိန်တွင် ဖေးချင်ရွယ်၏ အသံက တံခါးအပြင်ဘက်မှ ထွက်ပေါ်လာခဲ့သည်။

"သခင်လေး၊ အကြီးအကဲမူ လာတယ်"

ထိုစကားကိုကြားတော့ လော့ရှန်းလင်မှာ သူမ၏လက်ကို အလိုအလျောက် ပြန်ဆွဲရုတ်လိုက်မိသည်။ ထို့နောက်တော့ သူမ၏မျက်နှာတွင် ရှက်ရွံ့မှု အရိပ်အယောင်များ ပေါ်လာတော့သည်။

လော့ရှန်းလင်၏ အသက်အရွယ်အရ ဒေါ်လေးတစ်ဦးဖြစ်နိုင်သော်လည်း...

ယခုအချိန်တွင်၊ အရှက်သည်းနေသော သူ့အသွင်မှာ အမှန်တကယ် ချစ်စဖွယ်ကောင်းနေတော့သည်။

အခန်းတွင်းသို့ဝင်လာသော အကြီးအကဲမူလည်း လော့ရှန်းလင်၏ ရှက်ရွံ့နေသောအသွင်ကြောင့် ရင်ထဲဝယ် တဒိန်းဒိန်းမြည်သွားသည်။

တစ်ခုခု မှားနေပြီဟုပင် တွေးလိုက်မိလေသည်။

"အကြီးအကဲမူ၊ ဘာအကြောင်းများ ရှိလို့လဲ"

ကျွင်းရှောင်ယောက်က မေးလိုက်သည်။

"ဒါက ဒီလိုပါ၊ မထင်မှတ်ထားတာ တစ်ခုခုမဖြစ်ရင် စစ်မှန်တဲ့ စစ်နတ်ဘုရားဘွဲ့ကို မိတ်ဆွေလေးရရှိလိမ့်မယ်"

အကြီးအကဲမူက ပြောလိုက်သည်။

ထိုအချက်ကိုတော့ ကျွင်းရှောင်ယောက်က မအံ့ဩပေ။

သူဟာ နတ်ဘုရားငိုကြွေးစစ်လှံပုဆိန်ကိုပင် ဆွဲထုတ်ပြခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် သူ့ကို စစ်နတ်ဘုရားဘွဲ့ အပ်နှင်းခြင်းက သဘာဝကျပေသည်။

"ဒါပေမဲ့ နယ်နိမိတ်အတွေ့အကြုံတွေက စတင်တော့မှာဖြစ်လို့ မိတ်ဆွေလေးအတွက် စစ်နတ်ဘုရားဘွဲ့အပ်နှင်းခြင်း အခမ်းအနားကို နယ်စပ်ကနေ ပြန်လာတဲ့အထိ စောင့်ရဦးမယ်"

အကြီးအကဲမူက ပြောလိုက်သည်။

"အဲဒါက အရေးမကြီးပါဘူး"

ကျွင်းရှောင်ယောက်က စိတ်မ၀င်စားပေ။

အမှန်တကယ်လည်း စစ်နတ်ဘုရားဘွဲ့ကို သူ စိတ်မဝင်စားပါ။

ဤဘွဲ့အမည်က တိုင်းတပါးတွင် လှုပ်ရှားရန် သူ့အတွက် အနည်းငယ်ပို၍ လွယ်ကူစေရုံသာ ရှိသည်။

"အကယ်ဒီမရဲ့ အကြီးအကဲတွေက နယ်နိမိတ်မှာ မိတ်ဆွေလေးရဲ့ စွမ်းဆောင်မှုကို အရမ်းမျှော်လင့်နေကြတယ်။ နောက်ဆုံးတော့ စစ်နတ်ဘုရားဘွဲ့ကို ပိုင်ဆိုင်ထားသူက အရမ်းအားနည်းလို့ မဖြစ်ဘူးလေ။ မဟုတ်ရင် လူအများ ဝေဖန်စရာဖြစ်လိမ့်မယ်"

အကြီးအကဲမူက ပြောလိုက်သည်။

"အကြီးအကဲမူ စိတ်မပူပါနဲ့၊ ဘာတွေဖြစ်နေတယ်ဆိုတာ ကျုပ်သိပါတယ်"

ကျွင်းရှောင်ယောက် ခေါင်းညိတ်လိုက်၏။

"ဒါပေမဲ့ မင်း ဒီနယ်စပ်ကိုသွားတဲ့ ခရီးစဉ်မှာ သတိထားဖို့ လိုသေးတယ်"

"ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီမှာလည်း ထင်ရှားတဲ့ ပါရမီရှင်တချို့ ရှိတယ်လေ။ အင်မော်တယ်နယ်မြေကြီးဘက်မှာ မျိုးစေ့အဆင့် ကစဉ့်ကလျားခန္ဓာ ရှိတယ်လို့‌တောင် သတင်းရခဲ့တယ်“

အကြီးအကဲမူ၏ လေသံက အနည်းငယ် လေးနက်သွားသည်။

နောက်ဆုံးတွင် ဤခေတ်မှာ ကစဉ့်ကလျားခန္ဓာနှစ်ခု ပေါ်လာမည်ဟု မည်သူထင်ထားခဲ့မည်နည်း။

ကျွင်းရှောင်ယောက်သာ တစ်ယောက်တည်း ကြိတ်ပြုံးလိုက်သည်။

အမှန်တော့ သူက ကစဉ့်ကလျားခန္ဓာမဟုတ်ပေ။ ကစဉ့်ကလျားခန္ဓာနှင့် ထပ်တူညီလုနီးဖြစ်သော ကစဉ့်ကလျား မိုးပြာရောင်ကြာပန်းမှ ဖွဲ့စည်းထားခဲ့ခြင်းသာ ဖြစ်သည်။

အင်မော်တယ်နယ်မြေကြီးရှိ ကစဉ့်ကလျားခန္ဓာနှင့် နှိုင်းယှဉ်ပါက၊ မည်သူက ပိုသန်မာမလဲဆိုတာကိုတော့ သူလည်း သိချင်ခဲ့ပေသည်။

"ဒါနဲ့ သိပ်အရေးကြီးတဲ့ အရာတစ်ခုရှိသေးတယ်။ နယ်စပ်မှာ ငါတို့တိုင်းတပါးရဲ့ ကျွမ်းကျင်သူရဲ့ အပျက်အယွင်းတွေရှိတယ်။ အခု တစ်ခုခု ပြောင်းလဲသွားပြီ"

"အဲဒီ အပျက်အယွင်းကို မဟာသွေးစတေးခံမြေလို့ ခေါ်တယ်။ ဒါပေမဲ့ တားမြစ်နယ်မြေနဲ့ ဆက်စပ်နေတာကြောင့် မိတ်ဆွေလေးရှောင်ယောက် သတိထားသင့်တယ်"

အကြီးအကဲမူက ပြောလိုက်သည်။

"နားလည်ပါပြီ"

ကျွင်းရှောင်ယောက် အနည်းငယ် ခေါင်းညိတ်လိုက်၏။

ကြီးမြတ်သော သွေးစတေးခံမြေ။ နာမည်တစ်ခုတည်းနှင့်ပင် လျှို့ဝှက်ချက်များ ရှိနေနိုင်ကြောင်း သိနိုင်သည်။

ထို့အပြင် ယင်းက တားမြစ်နယ်မြေနှင့် ဆက်စပ်နေသောကြောင့် ကြီးမားသော အရာတစ်ခုခု ရှိနေမည်ဟု ကျွင်းရှောင်ယောက် ခံစားခဲ့ရသည်။

ထို့နောက် အကြီးအကဲမူ ပြန်ထွက်သွားလေသည်။

လော့ရှန်းလင်၏ မျက်လုံးများမှာတော့ စိုးရိမ်သောက အရိပ်အယောင်များ ပေါ်လာခဲ့သည်။

"ရှောင်ယောက်၊ နယ်စပ်ဒေသက နေရာကောင်းမဟုတ်ဘူး။ မင်းနဲ့လိုက်ခဲ့မယ်ဆိုရင်တောင် မင်းကို ငါကာကွယ်နိုင်မှာ မဟုတ်ဘူး"

လော့ရှန်းလင်က စိုးရိမ်ပူပန်စွာဖြင့် ပြောလိုက်သည်။

ပျက်စီးခြင်းနယ်နိမိတ် စစ်မြေပြင်သည် ကစဉ့်ကလျား နိယာမများရှိပြီး အလွန်ကျယ်ပြောသော နယ်မြေတစ်ခု ဖြစ်သည်။ ယင်းက ကမ္ဘာကြီးနှစ်ခုကြားမှ အက်ကြောင်းတွင် တည်ရှိပေသည်။

ထိုအချိန်တွင် ပဋိပက္ခဖြစ်ပါက စစ်သည်နှင့် စစ်သည်၊ စစ်သူကြီးနှင့် စစ်သူကြီးတို့ ရင်ဆိုင်ရမည်မှာ သေချာသည်။

တစ်နည်းဆိုရသော်၊ တိုင်းတစ်ပါးမှ အင်မော်တယ်တစ်ပိုင်းက အင်မော်တယ်နယ်မြေကြီးရှိ ဧကရာဇ်တစ်ပိုင်းနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

ထို့ကြောင့် ကျွင်းရှောင်ယောက်နှင့် အခြားသူများဟာ မိမိကိုယ်ကိုသာ အားကိုးနိုင်တော့မည်။

"ရှန်းလင်၊ သိပ်လည်း စိတ်မပူပါနဲ့။ ရှန်းလင်ရဲ့ အကာအကွယ်ကို အမြဲတမ်း အားကိုးနေလို့မရမှန်း ကျွန်တော်သိပါတယ်"

ကျွင်းရှောင်ယောက် ပြောလိုက်သည်။

ထို့အပြင်၊ ဤတစ်ကြိမ် ပျက်စီးခြင်းနယ်နိမိတ်ကို သွားရောက်ပါက လုပ်စရာများ ရှိသည်။

ယင်းက လော့ရှန်းလင်ကို‌ ခေါ်သွားနေရန် မသင့်ပေ။

ရက်အနည်းငယ်ကြာပြီးနောက်၊ ကျွင်းရှောင်ယောက်ဟာ သူ့နေအိမ်တွင် တင်ပျဉ်ခွေထိုင်နေခဲ့သည်။

သူ၏ အတွင်းစကြာဝဠာမှာတော့ မရေမတွက်နိုင်သော အလင်းစက်များက ယုံကြည်ခြင်းမျိုးစေ့အပေါ် အဆက်မပြတ် ဆုံစည်းလျက်ရှိ၏။

ယင်းက မရေမတွက်နိုင်သော ကျွန်မျိုးနွယ်ဝင်များ၏ ယုံကြည်ခြင်းစွမ်းအား ဖြစ်သည်။

ထိုပါ့ယွိကတော့ သူ၏တာဝန်ကို ကောင်းစွာလုပ်ဆောင်နေဆဲပင်။

သို့သော်လည်း ကျွင်းရှောင်ယောက်ဟာ ကျွန်မျိုးနွယ်ရဲ့ ခုခံမှုသတင်းကို ယခုထိ မကြားရသေးပေ။

ထိုအဆင့်မှ အဓိကရုဏ်းများက တိုင်းတပါးရှိ ပုဂ္ဂိုလ်ကြီးများ၏ အာရုံကို မဆွဲဆောင်နိုင်ဟု ယူဆနိုင်သည်။

သို့သော်လည်း ယင်းက ပို၍ ကောင်းပေသည်။ ယင်းက အရှိန်အဟုန်ပြင်းပြင်းဖြင့် နယ်မြေချဲ့ထွင်နေသော ထိုပါ့ယွိအတွက် အချိန်ပိုရစေသည်။

တစ်ခုတော့ရှိသည်။ ထိုကျွန်သတ္တဝါများမှ ပေးဆောင်လာသော ယုံကြည်ခြင်းစွမ်းအားက သန့်စင်သည့်သော်လည်း အနည်းငယ် အားနည်းခဲ့ပေသည်။

တစ်ဖက်တွင်၊ ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်၏ ယုံကြည်ခြင်းစွမ်းအားက အချိန်ကြာလာသည်နှင့်အမျှ သန့်စင်လာခဲ့သည်။

အဆင့်မြင့် အကျော်အမော်တစ်ဦးမှ ရရှိလာသော ယုံကြည်ခြင်းစွမ်းအားမှာ ကျွန်မျိုးနွယ်ဝင် ထောင်ပေါင်းများစွာနှင့် ညီမျှပေသည်။

ကျွင်းရှောင်ယောက်က ရေခဲဝိညာဉ်တော်ဝင်မျိုးနွယ်အပေါ် သူ၏သြဇာလွှမ်းမိုးမှု အမြင့်ဆုံးသို့ ရောက်ရှိသောအခါတွင် အခြားသောတော်ဝင်မျိုးနွယ်များသို့ ဆက်လက် ဖြန့်ဝေခွင့်ပြုရန် စီစဉ်ထားသည်။

ထိုအချိန်တွင်၊ ကျွင်းရှောင်ယောက်ရရှိသော ယုံကြည်ခြင်းစွမ်းအားက တဟုန်ထိုး တိုးတက်လာလိမ့်မည်။

ကျွင်းရှောင်ယောက်လည်း ယုံကြည်ခြင်းမျိုးစေ့ကို ဂရုမစိုက်တော့ဘဲ အညှောက်ပေါက်လာမည့် အချိန်ကိုသာ ဆက်လက်စောင့်ဆိုင်းနေခဲ့သည်။

ထို့အပြင် အသီးများသီးနေသည့် ကောင်းကင်အင်မော်တယ်သစ်ပင်လည်း ရှိသေးသည်။

'နောက်တစ်ဆင့်က အဓိပတိနယ်ပယ်ကို ဖြတ်ကျော်ဖို့ပဲ။ ဒီအဆင့်မှာ တစ်ဦးတစ်ယောက်ရဲ့ ကိုယ်ပိုင်နားလည်မှုအပြင် နိယာမ အပိုင်းအစတွေရဲ့ အကူအညီတွေလည်း လိုအပ်တယ်'

ကျွင်းရှောင်ယောက်လည်း တစ်ယောက်တည်း တွေးနေမိသည်။

ယင်းက ကောင်းကင်အင်မော်တယ် သစ်သီးများ၏ နိယာမသက်သက်ဖြင့် မလုံလောက်ပေ။

"ဒါနဲ့ ပျက်စီးခြင်းနယ်နိမိတ်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ နေရာတွေ အများကြီးရှိတယ်။ နိယာမအပိုင်းအစတွေလိုမျိုး အရာတွေကိုတောင် ရှာတွေ့နိုင်သေးတယ်။ အချိန်တန်ရင် ခန္ဓာနိယာမတွေကို သိပ်သည်းပြီး အဓိပတိနယ်ပယ်ကို တိုက်ရိုက် ဖြတ်ကျော်သွားနိုင်တယ်"

ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှ အစီအစဉ်ချလိုက်သည်။

ဤနယ်နိမိတ်ခရီးစဉ်မှ တစ်ခုခုတော့ ရလိမ့်မည်။

All Chapters