← Chapters

အခန်း ၉၇၅

Vol. 65 Ch. 975

အခန်း ၉၇၅

Vol. 65 Ch. 975

အခန်း ( ၉၇၅ ) မျိုးစေ့အဆင့် ပုဂ္ဂိုလ်များ တစ်ဦးပြီးတစ်ဦး ပေါ်လာပြီ။

ကစဉ့်ကလျားခန္ဓာသည် တာအိုခန္ဓာသုံးထောင်အနက် ထိပ်တန်းဆယ်ခုမှ တစ်ခု ဖြစ်သည်။ ထိပ်တန်းငါးခု စာရင်းဝင်ရန်ပင် နီးစပ်မှုရှိ၏။

အမှန်တော့ နံပါတ်တစ် တာအိုခန္ဓာဖြစ်သော ဗလာနယ်ကံကြမ္မာသည်သာ ပထမနေရာကို အခိုင်အမာ ရရှိထားခဲ့သည်။

အခြားသော တာအိုခန္ဓာများ၏ အဆင့်သတ်မှတ်ချက်များက အချိန်နှင့်အမျှ ပြောင်းလဲမှုတို့ ရှိနေခဲ့ပေသည်။

ဥပမာအားဖြင့်၊ ခေတ်တစ်ခုတွင် ကစဉ့်ကလျားခန္ဓာက လက်ရှိကမ္ဘာကြီးကို လွှမ်းမိုးပြီး ဒုတိယနေရာသို့ ရောက်ရှိသွားနိုင်သည်။

သို့သော်လည်း အခြားခေတ်တစ်ခုမှာတော့ ကောင်းကင်ကို အန်တုနိုင်သော တာအိုခန္ဓာတစ်ခု ပေါ်လာပြီး ကစဉ့်ကလျားခန္ဓာကို အနိုင်ယူကာ ဒုတိယနေရာအား ဆွတ်ခူးနိုင်ပေမည်။

ထို့ကြောင့်၊ နံပါတ်တစ် ဗလာနယ်ကံကြမ္မာမှလွဲ၍ ကျန်တာအိုခန္ဓာအဆင့်များသည် ဘယ်သောအခါမှ မတည်ငြိမ်ခဲ့ပေ။

သို့သော်လည်း မည်မျှပင် မတည်မငြိမ်ဖြစ်နေစေကာမူ အတိုင်းအတာတစ်ခုတော့ အမြဲရှိသည်။

ဥပမာအားဖြင့် ရှေးဟောင်းမြင့်မြတ်ခန္ဓာသည် နောက်ပိုင်းကာလများတွင် ကောင်းကင်အချုပ်အနှောင်ကြိုးဆယ်ချောင်းဖြင့် ကျဆင်းခဲ့ရသော်လည်း ထိပ်တန်းဆယ်ခုမှ ဘယ်သောအခါမှ မထွက်ခဲ့ဖူးပါ။

ကျွင်းရှောင်ယောက်သာ မသေဆုံးပါက ရှေးဟောင်းမြင့်မြတ်ခန္ဓာအား ထိပ်တန်းငါးခုအတွင်းသို့ တွန်းပို့နိုင်မည်ဟုပင် လူတော်တော်များများက အထင်ရှိခဲ့သည်။

ဒုတိယနေရာအတွက်ပင် ယှဉ်ပြိုင်နိုင်လိမ့်မည်။

ကံမကောင်းစွာဖြင့် ကျွင်းရှောင်ယောက် ကျဆုံးသွားခဲ့ရသည်။

မဟုတ်ပါက ရှေးဟောင်းမြင့်မြတ်ခန္ဓာနှင့် ကစဉ့်ကလျားခန္ဓာ၏ တိုက်ပွဲများကို မြိုင်မြိုင်ဆိုင်ဆိုင် မြင်ရပေဦးမည်။

ထားချေဦးတော့။

ဤအခိုက်မှာတော့ တိုင်းတပါးတွင် ကစဉ့်ကလျားခန္ဓာတစ်ခု ပေါ်လာသည်ဟူသော ပြောစကားကြောင့် တစ်နေရာလုံး အမှန်ပင် တိတ်ဆိတ်နေခဲ့ပြီ ဖြစ်သည်။

"မဖြစ်နိုင်ဘူး"

နေမင်းကာကွယ်သူနှင့် လမင်းကာကွယ်သူက သံပြိုင် အော်ဟစ်လိုက်ကြသည်။

"ကစဉ့်ကလျားခန္ဓာက ခေတ်အဆက်ဆက်မှာ တုနှိုင်းမရဘူး။ ခေတ်တစ်ခုမှာ တစ်ခါ မွေးဖွားရင်တောင် အရမ်းထူးကဲနေပြီဟာ၊ ခေတ်တစ်ခုတည်းမှာ နှစ်ခုတပြိုင်တည်း ဘယ်လိုလုပ်ပြီး မွေးဖွားလာမှာလဲ"

နေမင်းကာကွယ်သူက မယုံနိုင်စွာ အော်ပြောလိုက်သည်။

"ဟုတ်တယ်၊ ကျွန်မတို့သခင်က တစ်ခုတည်းသော ကစဉ့်ကလျားခန္ဓာပဲ။ တိုင်းတစ်ပါးက အတုအယောင်ပဲ ဖြစ်ရမယ်"

လမင်းကာကွယ်သူလည်း မယုံနိုင်ပေ။

ယင်းကလည်း သူတို့ကို အပြစ်မဆိုနိုင်ပါ။

အကြောင်းမှာ၊ သူတို့၏ နှလုံးသားထဲတွင် ကစဉ့်ကလျားခန္ဓာက တစ်ဦးတည်းသော ပြိုင်စံရှားပုဂ္ဂိုလ် ဖြစ်သည်။

ထို့ကြောင့် တိုင်းတပါးတွင် ကစဉ့်ကလျားခန္ဓာတစ်ခု ရုတ်တရက် ပေါ်လာသည်ဟု ကြားရသောအခါ သဘာဝအတိုင်း လက်မခံနိုင်တော့ပေ။

"ငါနောက်နေတယ် ထင်လို့လား ဒါမှမဟုတ် အကယ်ဒမီရဲ့ အချက်အလက်အရင်းအမြစ်ကို မေးခွန်းထုတ်နေတာလား"

အကြီးအကဲဖူက အေးစက်စက်ဖြင့် ငေါက်လိုက်သည်။

"မဝံ့ရဲပါဘူး”

နှစ်ယောက်စလုံး ခေါင်းငုံ့ပြီး ကမန်းကတန်း လက်ယှက်လိုက်ကြသည်။

အင်မော်တယ်အကယ်ဒမီတွင် အကြီးအကဲဖူ၏ ဩဇာအာဏာကို မည်သည့် တပည့်မျှ မစော်ကားဝံ့ပေ။

"ဒီကိစ္စက အမှန်ဖြစ်ပုံရတယ်။ အင်မော်တယ်အကယ်ဒမီရဲ့ အချက်အလက်တွေက မမှားနိုင်ဘူး"

"တိုင်းတပါးမှာလည်း ကစဉ့်ကလျားခန္ဓာတစ်ခု ပေါ်လာဦးမယ်လို့ မမျှော်လင့်ထားခဲ့ဘူး"

ပါရမီရှင်များစွာတို့လည်း လေး‌နက်သော အမူအရာများဖြင့် ဆွေးနွေးပြောဆိုလိုက်ကြသည်။

စစ်နတ်ဘုရားဘွဲ့ကို ရရှိထားသော ကစဉ့်ကလျားခန္ဓာက ဤနယ်နိမိတ်အတွေ့အကြုံတွင် ပါဝင်မည် ဖြစ်သည်။

ယင်းက ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီအတွက် သေချာပေါက် သတင်းဆိုးတစ်ခုပင်။

"တိုင်းတပါးမှာ ကစဉ့်ကလျားခန္ဓာတစ်ခု ပေါ်လာရင်တောင် ငါ့သခင်ရဲ့ ပြိုင်ဘက် ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး"

နေမင်းကာကွယ်သူနှင့် လမင်းကာကွယ်သူက အခိုင်အမာ ပြောဆိုလိုက်သည်။

နှစ်ယောက်စလုံးက ကစဉ့်ကလျားခန္ဓာ ဖြစ်နေကြလျှင်ပင် သူတို့၏ နှလုံးသားထဲမှာတော့ မိမိသခင်သာ အသန်မာဆုံး ဖြစ်လိမ့်မည်။

ထိုအချိန်တွင် အကြီးအကဲဖူက ထပ်မံပြောလိုက်သည်။

"စစ်နတ်ဘုရားအဆင့်ရှိ ကစဉ့်ကလျားခန္ဓာက အစွမ်းထက်ပေမဲ့ သူ့ချည်းဆိုရင် ငါတို့ မဖြေရှင်းနိုင်တာ မဟုတ်သေးဘူး။ အရေးကြီးဆုံးက..."

"ကစဉ့်ကလျားခန္ဓာမှာ အထောက်အထားတစ်ခု ရှိသေးတယ်။ ဒါက... ဖျက်ဆီးခြင်းဘုရင်ခြောက်ပါးထဲက တစ်ပါးပဲ"

ထိုစကားများ ထွက်ပေါ်လာပြီးနောက် အားလုံး တုန်လှုပ်သွားကြသည်။

ကစဉ့်ကလျားခန္ဓာမှန်း သိသွားစဉ်ကထက်ပင် ပိုတုန်လှုပ်သွား၏။

ဖျက်ဆီးခြင်း ဘုရင်ခြောက်ပါး၏ ဒဏ္ဍာရီသည် တိုင်းတစ်ပါးမှဖြစ်သော်လည်း...

အင်မော်တယ်နယ်မြေကြီးမှ လူများလည်းသိသည်။

အထူးသဖြင့်၊ ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီသည် အင်မော်တယ်နယ်မြေကြီး၏ ထိပ်တန်းပါရမီရှင်များကို ပြုစုပျိုးထောင်ပေးသည့် ကျောင်းတော်ဖြစ်သောကြောင့် တိုင်းတပါးပြည်များအကြောင်း အချက်အလက်များစွာကို ဤတပည့်များအား သဘာဝအတိုင်း ပြောပြကြပေသည်။

တိုင်းတပါး၏ ဖျက်ဆီးခြင်းဘုရင်ခြောက်ပါး ဒဏ္ဍာရီများကတော့ အရေးကြီးဆုံး ဖြစ်သည်။

"အဲ့ဒီ ကစဉ့်ကလျားခန္ဓာက တကယ်ကို ဖျက်ဆီးခြင်းဘုရင်ခြောက်ပါးထဲက တစ်ပါးလား"

ပါရမီရှင်အားလုံး အမူအရာပျက်ယွင်းသွားကြသည်။

ဤအထောက်အထားများကို ပေါင်းထားခြင်းက အလွန်ကြောက်စရာကောင်း၏။

တိုင်းတစ်ပါးမှာ ဤမျှကြောက်စရာကောင်းသော မကောင်းဆိုးရွားမျိုး အမှန်တကယ် ရှိသလော။

နေမင်းကာကွယ်သူနှင့် လမင်းကာကွယ်သူတို့ပင် သဘာဝမကျသလို ခံစားလာခဲ့ကြရသည်။

ယခုအခါ သူတို့၏သခင်သည်ပင် တိုင်းတစ်ပါး၏ ကစဉ့်ကလျားခန္ဓာကို အနိုင်ယူနိုင်မည်ဟု အာမမခံနိုင်တော့ပေ။

"တိုင်းတပါးရဲ့ ကစဉ့်ကလျားခန္ဓာက ဒီလောက်အားကောင်းနေတာလား"

ကူတိကျစ်က မျက်မှောင်ကြုတ်လိုက်သည်။

"ဒီကစဉ့်ကလျားခန္ဓာက ဘယ်လောက်တောင် သန်မာနေတာလဲ"

လုံယောက်အာလည်း အံ့သြသွား၏။

ပါရမီရှင်များ၏ လေးနက်သော အမူအရာများကို မြင်လိုက်ရတော့ အကြီးအကဲဖူလည်း ခေါင်းကို အနည်းငယ်ခါကာ သက်ပြင်းချလိုက်လေသည်။

"ဒါကြောင့် ဒီတစ်ခေါက် မင်းတို့မှာ အထူးတာဝန်တစ်ခု ရှိတယ်။ ဒါက ဝန်းရံပြီး ကစဉ့်ကလျားခန္ဓာကို သတ်ဖို့ပဲ"

"တစ်ယောက်တည်းဖြစ်ဖြစ်၊ အားလုံးပူးပေါင်းတာဖြစ်ဖြစ်... ကစဉ့်ကလျားခန္ဓာကို သတ်နိုင်သရွေ့ ကြီးမားတဲ့ ဆုလာဘ်တွေနဲ့ ဂုဏ်ထူးဆောင်မှုတွေကို ရရှိနိုင်လိမ့်မယ်"

အကြီးအကဲဖူ၏ စကားက ပါရမီရှင်များစွာ၏ မျက်လုံးများကို တစ်ဖန် တောက်ပလာစေခဲ့သည်။

သို့သော်လည်း လူတချို့၏ မျက်လုံးများကတော့ လေးနက်နေသေးသည်။

ကစဉ့်ကလျားခန္ဓာကိုသတ်ရန် အလွန်လွယ်ကူပါက ကစဉ့်ကလျားခန္ဓာဟူ၍ နာမည်ကြီးနေမည် မဟုတ်ပေ။

"အင်မော်တယ်အဆင့် အခွင့်အလမ်းတွေကို ရရှိထားတဲ့ ပါရမီရှင်တွေ ဒါမှမဟုတ် မျိုးစေ့အဆင့်ရှိသူတွေပဲ အခွင့်အလမ်းရှိလိမ့်မယ်"

ပါရမီရှင်အချို့က သက်ပြင်းချလိုက်ကြသည်။

အင်မော်တယ်နယ်မြေကြီးဘက်တွင် မျိုးစေ့အဆင့် ပါရမီရှင်အချို့ နိုးထလာသော်လည်း ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီ မရောက်ကြသေးပါ။

သို့ရာတွင် ထိုမျိုးစေ့အဆင့် ပါရမီရှင်များအားလုံး နယ်နိမိတ်အတွေ့အကြုံ၌ ပါဝင်မည် ဖြစ်သည်။

အချိန်တန်သောအခါ နယ်စပ်အတွေ့အကြုံက ၎င်းတို့၏ဇာတ်ခုံ ဖြစ်လာလိမ့်မည်။

"ဖျက်ဆီးခြင်းဘုရင်ဖြစ်တဲ့ ကစဉ့်ကလျားခန္ဓာက တိုင်းတပါးရဲ့ ကစဉ့်ကလျားခန္ဓာလည်း ဖြစ်နေသေးတယ်။ ငါတို့ရဲ့ မျိုးစေ့အဆင့် ပါရမီရှင်တစ်ဦးတည်းက သူ့ကို တားဆီးနိုင်မှာ မဟုတ်ဘူး"

တစ်ယောက်က စိုးရိမ်မကင်းသော လေသံဖြင့် ပြောလိုက်သည်။

"ငါတို့ အင်မော်တယ်နယ်မြေကြီးရဲ့ ကစဉ့်ကလျားခန္ဓာက အခြားသူတွေနဲ့ ပူးပေါင်းရင်တောင် ပြောရခက်လိမ့်မယ်"

ပါရမီရှင်များစွာတို့လည်း မအီမသာ ဖြစ်နေကြလေသည်။

"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်သာ ဒီမှာရှိနေရင် သူ့ကို တားဆီးနိုင်လိမ့်မယ်"

ရုတ်တရက် ထွက်ပေါ်လာသော စကားသံကြောင့် ရင်ပြင်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။

လူတော်တော်များများ၏ မျက်လုံးများက လေးစားမှုနှင့် အမှတ်ရမှုများ ပေါ်လာကြ၏။

ကျွင်းရှောင်ယောက်ကို မျိုးဆက်သစ်လူငယ်များ၏ ခေါင်းဆောင်အဖြစ် လူသိများပြီး မည်သည့်အခါမှ ရှုံးနိမ့်ခြင်း မရှိခဲ့ပေ။

နောက်ဆုံး သူကျဆုံးရခြင်းသည်ပင် နတ်ဘုရား၏မိစ္ဆာအတွေးများကြောင့် ဖြစ်သည်။

"အမှန်ပဲ၊ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ရှိနေရင် ဒီတိုင်းတပါးသား ကစဉ့်ကလျားခန္ဓာက ဘာကောင်လဲ"

ပါရမီရှင်တစ်ဦးကလည်း ယုံကြည်မှု၊ လွမ်းဆွတ်မှုဖြင့် ပြောလိုက်၏။

ထို့နောက်မှာတော့ ရွံရှာစက်ဆုပ်သော မျက်လုံးအကြည့်များက ကူတိကျစ်အပေါ်သို့ စုပြုံကျရောက်လာတော့သည်။

ကူတိကျစ်၏ မျက်နှာက အနည်းငယ် ရှုံ့မဲ့သွားသည်။

ယခုဆိုလျှင် သူက မြင်သူတိုင်း ဝိုင်းရိုက်ချင်ကြသည့် ကြွက်စုတ်‌တစ်ကောင်ကဲ့သို့ ဖြစ်နေပြီ။

သူ၏ အရည်အချင်းနှင့် အင်အားကြောင့်သာ မဟုတ်လျှင် သူဘယ်သွားသွား အရိုက်ခံရမည်မှာ သေချာသည်။

"သခင်လေး..."

ရန်ချင်းယင်၊ ယွိချန်ကျွမ့်နှင့် အခြားသူများ မျက်လုံးများက လွမ်းဆွတ်မှု အငွေ့အသက်များ ပေါ်လာခဲ့လေသည်။

ရန်ယုမန်၊ မင်းသမီးလုံကျိနှင့် အခြားသူများလည်း အလားတူ ဖြစ်သည်။

ကျွင်းရှောင်ယောက် ပြန်လာမည်ဟုလည်း သူတို့အားလုံး အခိုင်အမာ ယုံကြည်ထား၏။

သို့သော်လည်း နှစ်အနည်းငယ်ကြာပြီးနောက် လက်ခံလိုက်မရလို ဖြစ်ခဲ့ရပေသည်။

ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီမှ တိုင်းတပါး၏ ကစဉ့်ကလျားခန္ဓာအကြောင်း ကြေညာချက်က အားလုံးကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့သည်။

နိုးထလာကြသော မျိုးစေ့အဆင့် ပါရမီရှင်များစွာလည်း သတင်းရခဲ့ကြပေသည်။

"တိုင်းတပါးရဲ့ ကစဉ့်ကလျားခန္ဓာဆိုပါလား၊ စိတ်ဝင်စားစရာပဲ"

တွင်းနက်အတွင်းမှ ‌နတ်ဆိုးအငွေ့အသက်များ ဖုံးလွှမ်းနေသောလူရိပ်က တီးတိုး ရေရွတ်လိုက်သည်။

သူသည်ကား အမှောင်ဘုရင်မျိုးရိုးမှ မျိုးစေ့အဆင့် ပါရမီရှင်၊ သူတော်စင်ယာမာ ဖြစ်၏။

.........

"တိုင်းတပါးရဲ့ ကစဉ့်ကလျားခန္ဓာကိုသတ်နိုင်ရင် ဒါက မကြုံစဖူးသော စွမ်းဆောင်မှုတစ်ခု ဖြစ်လာလိမ့်မယ်"

နဂါးနန်းတော်မှ မျိုးစေ့အဆင့် ပါရမီရှင် ရွှမ်ဟောက်ချုံ၏ ရွှေမျက်လုံးများကလည်း တောက်ပလာခဲ့သည်။

.........

"ကစဉ့်ကလျားခန္ဓာ၊ ငါသာ အဲဒီကစဉ့်ကလျားခန္ဓာကို ရနိုင်ရင် ငါ့အတွက် ကြီးမားတဲ့ အကျိုးကျေးဇူးရလိမ့်မယ်"

မြင့်မြတ်ဝိညာဉ်ကျွန်း၏ ထာဝရဂူတစ်ခုတွင်... ဖြူဖပ်ဖြူရော် အသားအရေ၊ ကျဉ်းမြောင်းသော မျက်လုံးတို့ဖြင့် လူငယ်တစ်ဦး ရှိနေသည်။

သူသည်ကား မြင့်မြတ်ဝိညာဉ်ကျွန်း၏ အိပ်စက်နေသော မျိုးစေ့အဆင့် ပါရမီရှင် အရိုးဖြူသခင်လေး ဖြစ်ချေသည်။

.........

ဆန်းကျယ်ကောင်းကင် အင်မော်တယ်နယ်မြေကြီး၊ နေနတ်ဘုရားတောင်တွင်...

နေမီးလျှံများ တောက်လောင်နေပြီး ကြီးကျယ်ခမ်းနားသော အရှိန်အဝါများဖြင့် လူတစ်ယောက် ထွက်လာခဲ့သည်။

"လက်ရှိမျိုးဆက်ရဲ့ မင်းသားဆယ်ယောက်စလုံးက အမှိုက်တွေချည်းပဲ။ နောက်ဆုံးမှာတော့ နေနတ်ဘုရားတောင်ရဲ့နာမည်ကို ပြန်သန့်စင်ဖို့ ငါ့ကို လိုအပ်နေသေးတယ်"

လူငယ်က တစ်ယောက်တည်း ရေရွတ်လိုက်၏။

နေနတ်ဘုရားတောင်၏ အိပ်စက်နေသော မျိုးစေ့အဆင့် ပါရမီရှင်...

ရွှေကျီးကန်း သူတော်စင်ဘုရင်လေး နိုးထလာခဲ့ပြီ။

All Chapters