အခန်း ၉၈၁
Vol. 66 Ch. 981
အခန်း ( ၉၈၁ ) နတ်ဆိုးနတ်ဘုရား ပုရွက်ဆိတ်။
လီကျိုးမင်သည် သူ အကူအညီတောင်းလျှင်ပင် ကျွင်းရှောင်ယောက်က လျစ်လျူရှုလိမ့်မည်ဟု တွက်ဆထားပြီးသား ဖြစ်သည်။
သို့သော်လည်း ထိုသို့ဖြစ်လျှင်ပင်၊ လီကျိုးမင်က ကျွင်းရှောင်ယောက်ကို ကြေးစစ်သည်များဆီသို့ ဆွဲဆောင်သွားလိမ့်မည်။
သို့ရာတွင်၊ ကျွင်းရှောင်ယောက်က အလွန်ရက်စက်ပြီး သူတို့ကို တိုက်ရိုက် တိုက်ခိုက်မည်ဟု မည်သူထင်ထားခဲ့မည်နည်း။
အလွန်အားကောင်းသော ဓားအလင်းတစ်ခုက ကောင်းကင်မှ ကျဆင်းလာခဲ့သည်။
ကစဉ့်ကလျားစွမ်းအားများဖြင့် ဓားအလင်းက အံ့မခန်းစွမ်းအားဖြင့် ဖရိုဖရဲစကြာဝဠာကို ဖြတ်သွားပုံ၏။
ဖူယောင်၊ ကျင်းကျန့်၊ ဂူချီ၊ ခေါင်းနှစ်လုံးနတ်ဘုရားသားရဲနှင့် အခြား ဘုရင်အဆင့် ပါရမီရှင်အားလုံး ဤဓားချက်အောက်တွင် ခန္ဓာကိုယ်များ ကွဲအက်သွားတော့သည်။
သူတို့ခမျာ အခြားသူများကို အသိပေးရန်ပင် သတင်းမပို့နိုင်ခဲ့ပေ။
ထို့အပြင်၊ ပျက်စီးခြင်းနယ်စပ်မှ နိယာမများက ဖရိုဖရဲဖြစ်ပြီး သတင်းပို့ရန် ခက်ခဲသည်။
သို့သော်လည်း၊ ဤမျှတိုတောင်းသော အခိုက်အတန့်တွင် ဘုရင်အဆင့် ပါရမီရှင်များကြား၌ လီကျိုးမင်တစ်ဦးသာ အသက်ရှင်ကျန်ရစ်ခဲ့ပြီ။
သူရှင်သန်နိုင်ရခြင်း အကြောင်းရင်းမှာလည်း ဧကရာဇ်တစ်ပိုင်းလက်နက် မိစ္ဆာမျက်လုံးက ဓားအလင်းကို ပိတ်ဆို့ထားခဲ့ခြင်းကြောင့်ဖြစ်သည်။
ကျွင်းရှောင်ယောက်က အေးစက်စက်မျက်လုံးများဖြင့်ကြည့်ပြီး ဓားချက် ထပ်မံထုတ်ဖော်လိုက်သည်။
"ယွီရှောင်ယောက်၊ မင်းရူးနေပြီလား။ ငါတို့ကြားမှာ ရန်ငြိုးတွေရှိနေရင်တောင် အင်မော်တယ်နယ်မြေကြီးလို ရန်ဘက်တွေနဲ့ ရင်ဆိုင်နေရချိန်မှာ စည်းလုံးနေသင့်တယ်"
လီကျိုးမင် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။
"ဘယ်သူက မင်းနဲ့ တစ်ဖက်တည်းကလူလဲ"
ကျွင်းရှောင်ယောက်က ပြုံးလိုက်သည်။
လီကျိုးမင်၏ အမူအရာက အေးခဲသွားပြီး ကျောရိုးတစ်လျှောက် စိမ့်တက်သွားသလို ခံစားလိုက်ရ၏။
"မင်း...မင်း..."
လီကျိုးမင် အနည်းငယ် မယုံနိုင်လောက်အောင် ဖြစ်သွားသည်။
ကျွင်းရှောင်ယောက်က အကြွင်းမဲ့ခွန်ပန်အမြန်နှုန်းကို ထုတ်ဖော်လိုက်ရာ လီကျိုးမင်နံဘေးသို့ ခဏချင်း ရောက်လာခဲ့သည်။
စကားတစ်ခွန်းကို ခပ်တိုးတိုးလေး ပြောလိုက်၏။
"ငါ့ရဲ့ မျိုးရိုးနာမည်က ကျွင်း"
ဤစကားလုံးများက လီကျိုးမင်၏ နှလုံးသားကို အေးခဲသွားစေသည်။
"ကျွင်း..."
"ကျွင်းရှောင်ယောက်..."
"မဟုတ်ဘူး၊ ဒါမဖြစ်နိုင်ဘူး..."
လီကျိုးမင် တုန်လှုပ်သွားသည်။ သူ့ရှေ့မှ သရဲမျက်နှာဖုံးနှင့် ကျွင်းရှောင်ယောက်ကိုကြည့်ရင်း တုန်လှုပ်ချောက်ချားသွားခဲ့၏။
ထို့နောက် ကျောက်စိမ်းစလစ်ကို အမြန်ထုတ်ယူပြီး သတင်းပို့ရန် ကြိုးစားလိုက်သည်။
သို့သော်...
"ရွှစ်"
တာ့လော့ဓားသန္ဓေက လီကျိုးမင်၏ဦးခေါင်းကို ဖောက်ထွက်သွားပြီး ရှေးဦးဝိညာဉ်ကိုပါ ဖျက်ဆီးလိုက်တော့သည်။
လီကျိုးမင် ကျဆုံးသွားခဲ့ပြီ ဖြစ်သည်။
ကျွင်းရှောင်ယောက်က တာ့လော့ဓားသန္ဓေဖြင့် ဧကရာဇ်တစ်ပိုင်းလက်နက် မိစ္ဆာမျက်လုံးကို ထပ်မံခုတ်ပိုင်းချလိုက်သည်။
မိစ္ဆာမျက်လုံးက ချက်ချင်း ကွဲအက်သွား၏။ ၎င်း၏အနှစ်သာရကိုတော့ တာ့လော့ဓားသန္ဓေက စုပ်ယူသွားတော့သည်။
ဓားသန္ဓေ၏ မျက်နှာပြင်ပေါ်မှ ဝိုးတဝါး အမှတ်အသားများက အနည်းငယ် ပို၍ ရှင်းလင်းလာကြောင်း မြင်လိုက်ရသည်။
"ပိအန်းမင်းသား ဒီမှာမရှိတာ စိတ်မကောင်းစရာပဲ"
ကျွင်းရှောင်ယောက်လည်း ခေါင်းကို အနည်းငယ်ခါယမ်းလိုက်လေသည်။
ထို့နောက် သူ၏လက်ဝှေ့ယမ်းပြီး ထိုရှီဧကရာဇ်မီးလျှံဖြင့် အလောင်းများကိုလောင်ကျွမ်းစေကာ ခြေရာများအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။
ယခုတော့ ထိပ်တန်း ကောင်းကင်ဘုရင်အဆင့် ပါရမီရှင်ဆယ်ဦးတွင် ပိအန်းမင်းသား တစ်ဦးတည်းသာ ကျန်တော့သည်။
ထိုအချိန်တွင် ကြေးစစ်သည်လေးဦးက အရှိန်အဟုန်ဖြင့် ပြေးလာတာကို မြင်လိုက်ရသည်။
ယင်းက တိုင်းတပါးသားများကို လိုက်လံတိုက်ခိုက်နေသော ကြေးစစ်သည်လေးဦးပင်။
"အဓိပဓိအဆင့် ရုပ်သေးရုပ်တွေပဲ။ ဒီအခွင့်အလမ်းက နည်းနည်းတော့ စိတ်ဝင်စားစရာကောင်းပုံရတယ်"
ကျွင်းရှောင်ယောက်က အနည်းငယ်ပြုံးသည်။
ထို့နောက် တာ့လော့ဓားသန္ဓေဖြင့် ရေပြင်ညီအတိုင်း ဓားချက် ထုတ်ဖော်လိုက်၏။
အင်မော်တယ်နယ်မြေကြီးမှ မျိုးစေ့အဆင့် ပါရမီရှင်များ သို့မဟုတ် တိုင်းတစ်ပါးပြည်ရှိ ဧကရာဇ်မျိုးနွယ်မှ ပါရမီရှင်များပင်လျှင်...
ဤကြေးစစ်သည်လေးဦးနှင့် ရင်ဆိုင်ရသောအခါ နောက်ဆုတ်သွားရမည် ဖြစ်သည်။
သို့ရာတွင်၊ ကျွင်းရှောင်ယောက်ကတော့ လုံးဝ မကြောက်ပေ။
ကစဉ့်ကလျားစွမ်းအားများ တဟုန်ထိုးထွက်ပေါ်လာပြီး တာ့လော့ဓားသန္ဓေက တောက်ပသွားခဲ့သည်။
တာ့လော့ဓားသန္ဓေကို မည်သည့်ရတနာဖြင့် ပြုလုပ်ထားမှန်း မသိရသော်လည်း နတ်သံမဏိနှင့် နတ်ရွှေများထက် ပို၍ မာကျောသည်။
မကြာမီ ကြေးစစ်သည်လေးဦးစလုံး သေဆုံးသွားခဲ့ရလေသည်။
ကျွင်းရှောင်ယောက်လည်း ရှေးဟောင်းမြို့တော်ဆီသို့ ဦးတည်ပျံသန်းသွားခဲ့သည်။
ထိုအချိန်တွင်၊ အခြားတစ်ဖက်မှာ...
မင်းသမီးလုံကျိနှင့် အခြားသူများက ရှေးမြို့ဟောင်းတံခါးကိုဖွင့်ပြီး ဝင်ရောက်သွားကြသည်။
မျက်စိဖြင့် မြင်နိုင်သမျှ မြို့ရိုးက လွန်စွာမြင့်မားပြီး ကြေးဖြင့်ပြုလုပ်ထား၏။
မင်းသမီးလုံကျိ၊ ကောင်းကင်ပိုးသားတော်၊ ကျိချင်းရီနှင့် အခြားသူများက မြို့ထဲသို့ ဝင်လာပြီးသည်နှင့် တပြိုင်နက် လူခွဲသွားကြသည်။
အားလုံးက တစ်ဦးကိုတစ်ဦး သတိထားပြီး ကြည့်လိုက်၏။
ကျိချင်းရီ၊ နေမင်းကာကွယ်သူနှင့် လမင်းကာကွယ်သူကို အဖွဲ့တစ်ခုဟု ဆိုနိုင်သည်။
မင်းသမီးလုံကျိ၊ ယွိချန်ကျွမ့်နှင့် ရန်ယုမန်ကလည်း တစ်ဖွဲ့ ဖြစ်၏။
ကောင်းကင်ပိုးသားတော်က တကိုယ်တော် ဖြစ်သည်။
ဟုတ်သည်၊ ဤနေရာတွင် ကောင်းကင်ပိုးသားတော်၏ ကျင့်ကြံခြင်းအခြေခံက အမြင်ဆုံးဖြစ်ပြီး အသန်မာဆုံးမို့ စိုးရိမ်စရာမလိုပေ။
"ဒီမြို့တော်ကြီးကို ဘယ်အကျော်အမော်က ချန်ထားခဲ့တာလဲ"
ကောင်းကင်ပိုးသားတော်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။
"စောစောက ချင်းရီလမ်းလျှောက်လာတော့ မြို့ရိုးပေါ်မှာ ရှေးဦးသားရဲပုံ အများကြီး ထွင်းထုထားတာကို တွေ့ခဲ့ရတယ်။ ပုံစံကို ကြည့်ရတာတော့ လူသားကျင့်ကြံသူတွေရဲ့ အမွေအနှစ် မဖြစ်နိုင်ဘူး"
"ဒါက ရှေးဟောင်းတော်ဝင်မိသားစုရဲ့ အမွေဖြစ်နိုင်တယ်။ ဒါမှမဟုတ် နဂါးမျိုးနွယ်ပေါ့"
ကျိချင်းရီက စဉ်းစားရင်းမှ ပြောလိုက်၏။
"မိန်းကလေးချင်းရီက တကယ်ကို ထက်မြက်တာပဲ"
ကောင်းကင်ပိုးသားတော်လည်း အနည်းငယ် အံ့အားသင့်သွားသည်။ ကျိချင်းရီကို ဤမျှသတိထားပြီး လေ့လာမှုအားကောင်းမည်ဟု မမျှော်လင့်ထားပေ။
တစ်ဖက်တွင်၊ မင်းသမီးလုံကျိသည်လည်း ကျိချင်းရီကို တစ်ချက်ကြည့်လိုက်သည်။
သူနှင့် ကျွင်းရှောင်ယောက်သည် မျိုးဆက်တစ်ခုတည်းမှ ဖြစ်၏။
ထိုအချိန်က တိုက်ပွဲတွင် ပါရမီရှင်များစွာ သေဆုံးသွားသော်လည်း ကျိချင်းရီကတော့ ယခုအချိန်အထိ ဘေးကင်းစွာ အသက်ရှင်နေဆဲပင်။ သူမ၏ အဆင့်အတန်းနှင့် ခွန်အားမှာလည်း ပို၍ မြင့်မားလာခဲ့သည်။
'ဒီမိန်းမက တကယ်ကို မရိုးရှင်းဘူး'
မင်းသမီးလုံကျိတို့ သုံးဦးစလုံး၏ စိတ်ထဲတွင် ပြိုင်တူ တွေးလိုက်မိကြသည်။
ဆိုရလျှင်၊ အဖွဲ့သုံးခုစလုံးတွင် ကိုယ်ပိုင်အတွေးများ ရှိပေသည်။
သူတို့သုံးဖွဲ့လည်း ရှေးဟောင်းမြို့တော်ထဲသို့ ပိုမိုနက်ရှိုင်းစွာ ဝင်သွားခဲ့ကြသည်။
မြို့လယ်တွင် မြူခိုးများက ထူထပ်ပြီး တိမ်တိုက်များ အုံ့ဆိုင်းနေပုံရ၏။
နိယာမအမျိုးမျိုးလည်း ရောယှက်နေပြီး ထူးကဲသော မြင်ကွင်းမျိုးကို ဖော်ဆောင်နေခဲ့ပေသည်။
အားလုံး စိတ်မရှည်နိုင်တော့ဘဲ ရှေ့သို့ ချက်ချင်း ပြေးလွှားသွားကြသည်။
ရှေ့တွင် ရေကန်တစ်ကန် ရှိ၏။
သို့သော်လည်း သာမန်ရေကန်မဟုတ်ဘဲ ကြွယ်ဝသော ဝိညာဉ်စွမ်းအင်နှင့် နိယာမ စွမ်းအားများက ပြည့်နေတော့သည်။
ယင်းက နိယာမများ ပေါင်းစုခြင်း ဖြစ်သည်။
ရုတ်တရက်၊ ရှေးမြို့ဟောင်းအောက်မှ ရှေးဟောင်းဝင်္ကပါကြီးကို လူတိုင်း ပြန်သတိရလိုက်၏။
ထိုဝင်္ကပါကြီးက ဤအတွက် အထူးပြုလုပ်ထားခြင်း ဖြစ်နိုင်သည်။
"ဒီနေရာမှာ တစ်ခုခုများ ရှိနေတာလား'
ကျိချင်းရီက သူ့စိတ်ထဲမှ တွေးလိုက်သည်။
ထို့နောက် ရေကန်ထဲတွင် သွေးရောင် ဆေးပင်တစ်ပင် ရှိနေသည်ကို လူတိုင်း တွေ့လိုက်ရသည်။
ဆေးပင်မှာ ဝိညာဉ်စွမ်းအင်အားလုံး စိမ့်ဝင်နေပုံရပြီး နိယာမစွမ်းအားများကလည်း ရောယှက်နေ၏။
"ဒါက ဝိညာဉ်တစ်သောင်းဆေးပင်ပဲ"
လူတိုင်း၏ နှလုံးသားများ ပို၍ပင် အခုန်မြန်လာတော့သည်။
ဤသည်မှာ အဆုံးစွန် နိယာမ စွမ်းအားများပါရှိသော ဆေးပင်တစ်ပင်ဖြစ်သည်။
ထို့ပြင် ဤနိယာမစွမ်းအားက အဓိပဓိနယ်တစ်ပိုင်းများကို အဓိပဓိနယ်ပယ်သို့ချိုးဖြတ်ပြီး စစ်မှန်သော အဓိပဓိဖြစ်လာရန် အလွန်အထောက်အကူ ဖြစ်ပေသည်။
လူတိုင်း အသက်ရှူမြန်လာခဲ့သည်။
ကောင်းကင်ပိုးသားတော်နှင့် ရန်ယုမန်ကတော့ အနည်းငယ်တည်ငြိမ်သည်။ တစ်စုံတစ်ခုကို ရှာဖွေနေသလို ပတ်ဝန်းကျင်ကိုလည်း အကဲခတ်နေ၏။
ရုတ်တရက်၊ သူတို့နှစ်ဦးစလုံး တစ်စုံတစ်ခုကို သတိပြုလိုက်မိသည်။
နိယာမရေကန် မျက်နှာပြင်ပေါ်တွင် လွင့်မျောနေပုံရသည့် သေးငယ်သော အလင်းတန်းတစ်ခု...
ဂရုတစိုက် ကြည့်လိုက်သောအခါ ယင်းက ခရမ်းရောင်ရွှေပိုးအိမ်တစ်ခုဖြစ်ကြောင်း တွေ့လိုက်ရလေသည်။
ခရမ်းရောင်ရွှေပိုးအိမ်က လက်ချောင်း တစ်ချောင်းခန့်သာရှိပြီး မထင်မရှား ဖြစ်သည်။
ထို့ကြောင့် မည်သူမျှ သတိမပြုမိတာ အံ့ဩစရာမဟုတ်တော့ပေ။
"အဲဒါက..."
ကောင်းကင်ပိုးသားတော်နှင့် ရန်ယုမန်တို့ နှစ်ဦးစလုံး အသက်ပြင်းပြင်းရှူလိုက်မိသည်။
တို့နှစ်ဦးအနက် တစ်ဦးက ကောင်းကင်ပိုးတောင်ကြားမှ ကောင်းကင်ပိုးဖြစ်ပြီး၊ ကျန်တစ်ဦးမှာ ကောင်းကင်အိပ်မက် နတ်ဆိုးလိပ်ပြာ ဖြစ်သည်။ အတိုင်းအတာတစ်ခုအထိ သူတို့ကို မျိုးနွယ်စုကြီးများအဖြစ် သတ်မှတ်နိုင်ပေသည်။
ထို့ကြောင့်ပင် ယခင်က၊ ယွမ်စန်းတောက်ဇီဟာ ရန်ယုမန်ကို အလွန်နှစ်သက်ခဲ့ခြင်း ဖြစ်သည်။
"နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်"
ကောင်းကင်ပိုးသားတော် အသက်ပြင်းပြင်းရှူရင်း ပြောလိုက်သည်။
ရန်ယုမန်လည်း တအံ့တသြ ဖြစ်သွား၏။
အခြားသူများလည်း ဤတော့မှ သတိပြုမိပြီး အံ့ဩမဆုံးအောင် ဖြစ်သွားကြတော့သည်။
နတ်ဆိုးနတ်ဘုရား ပုရွက်ဆိတ်။
ဤသည်မှာ ရှေးခေတ်က တန်ခိုးအကြီးဆုံး နတ်သားရဲများဖြစ်သည့် အစစ်အမှန်နဂါး၊ နတ်ဖီးနစ်၊ အမြီးကိုးချောင်းမြေခွေး၊ ခွန်ပန်တို့ကဲ့သို့ အသန်မာဆုံး စွမ်းအားရှိသည့် မျိုးနွယ်ကြီးတစ်ခု ဖြစ်သည်။
၎င်းက ပုရွက်ဆိတ်တစ်ကောင်မျှသာဖြစ်သော်လည်း သူတို့၏စွမ်းအားမှာ အံ့ဩစရာ ဖြစ်၏။
ခန္ဓာကိုယ်ကြံ့ခိုင်မှုကြောင့် ကျော်ကြားသော ရှေးဟောင်းမြင့်မြတ်ခန္ဓာပင်လျှင် အကြွင်းမဲ့ စွမ်းအားအရ နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်ထက် အနည်းငယ် အားနည်းသည်။
ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးတွင် ဤမျိုးနွယ်စုနှင့်ပတ်သက်ပြီး ပျံ့နှံ့နေသော စကားတစ်ခု ရှိပေသည်။
ယင်းမှာ...
ပုရွက်ဆိတ်တစ်ကောင်က နတ်ဆိုးသို့မဟုတ် နတ်ဘုရားကဲ့သို့ အားကောင်းသည်။