← Chapters

အခန်း ၉၈၂

Vol. 66 Ch. 982

အခန်း ၉၈၂

Vol. 66 Ch. 982

အခန်း ( ၉၈၂ ) မိန်းကလေးသုံးယောက်ကို ပစ်မှတ်ထားခြင်း။

ဤနေရာတွင် နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်၏ ခြေရာကို ရှာတွေ့မည်ဟု မည်သူမျှ မထင်ထားခဲ့ပေ။

အစစ်အမှန်နဂါးနှင့် နတ်ဖီးနစ်ကဲ့သို့ အခြားရှေးဟောင်းသားရဲမျိုးနွယ်များနှင့် နှိုင်းယှဉ်ပါက နတ်ဆိုးနတ်ဘုရား ပုရွက်ဆိတ်များမှာ အလွန်ရှားပါးပြီး အမွေအနှစ်များပင် ပြတ်တောက်လုနီး ဖြစ်ခဲ့သည်။

ဤမျိုးနွယ်မှာ ပုရွက်ဆိတ်မျိုးနွယ်ဖြစ်သော်လည်း ဘဝတစ်ခုလုံး အသိုက်ဆောက်ရင်း အချိန်ကုန်နေသည့် သာမန်ပုရွက်ဆိတ်များနှင့် မတူပေ။

သွေးမျိုးဆက်က အားကောင်းလေလေ၊ မျိုးဆက်ချန်ရန် ခက်ခဲလေ ဖြစ်သည်။

အစစ်အမှန်နဂါးနှင့် နတ်ဖီးနစ်ကဲ့သို့ မျိုးနွယ်များက အင်အားကြီးနေသေးခြင်းမှာ အခြားမျိုးနွယ်များနှင့် ‌ပေါင်းဖက်ကြခြင်းကြောင့် ဖြစ်ချေသည်။

ဥပမာအားဖြင့်၊ နဂါးမျိုးနွယ်တစ်ခုတည်းမှာပင် ထိုက်ရွှီရှေးနဂါးမျိုးနွယ်၊ နဂါးဘုရင်နန်းတော်နှင့် ဖျက်ဆီးခံခဲ့ရသော ဘိုးဘွားနဂါးသိုက် အစရှိသည့် အကိုင်းအခက်များ ရှိသည်။

နတ်ဖီးနစ်မျိုးရိုးတွင်လည်း အင်မော်တယ်နယ်မြေကြီးရှိ နတ်ဆိုးဖီးနစ် ရှေးဟောင်းဂူကဲ့သို့သော အမွေအနှစ်များ ရှိ၏။ ဖျက်ဆီးခံရသော ဖီးနစ်ဝိညာဉ်တောင်သည်လည်း ထိုအထဲမှ တစ်ခု ဖြစ်ချေသည်။

နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်များကတော့ အခြားမျိုးစိတ်များနှင့် ထိမ်းမြားခြင်းမပြုပေ။ ထို့ကြောင့် မျိုးဆက်ချန်ရန် ခက်ခဲပြီး အရေအတွက်မှာလည်း အလွန်နည်းပါးခဲ့ရသည်။

ကမ္ဘာနှစ်ဖက်ကြားရှိ ယခင်စစ်ပွဲများတွင် နတ်ဆိုးနတ်ဘုရား ပုရွက်ဆိတ်မျိုးနွယ်စုက ကြိုးစားမှုရှိပြီး အင်မော်တယ်နယ်မြေကြီးအတွက် ကောင်းကျိုးများစွာ ဆောင်ပေးခဲ့ပေသည်။

တချိန်က နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်မျိုးနွယ်မှ နတ်ဆိုးနတ်ဘုရားဧကရာဇ်ကြီးသည် တိုင်းတပါးမှ အင်မော်တယ်ဘုရင်ကို သုတ်သင်ပစ်ခဲ့သည်။ သို့သော်လည်း အဆုံးတွင်၊ သူကိုယ်တိုင်လည်း တိုင်းတပါးမှ သဘာဝကပ်ဘေးအဆင့် တားမြစ်တည်ရှိမှု၏လက်တွင် ကျဆုံးခဲ့ရပေသည်။

ဤမျိုးနွယ်စု၏ ဂုဏ်သိက္ခာမှာ အလွန်မြင့်မားသော်လည်း ဘဝများက လွန်စွာ ဝမ်းနည်းဖွယ်ကောင်းသည်ဟု ဆိုနိုင်သည်။

"တကယ်ကို နတ်ဆိုးနတ်ဘုရား ပုရွက်ဆိတ်ပဲ"

နေမင်းကာကွယ်သူ၊ လမင်းကာကွယ်သူနှင့် အခြားသူများ အသက်ရှုသံများ မြန်လာခဲ့သည်။

အခြားအရာများ ဘေးဖယ်ထားလျှင်ပင်...

နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်မျိုးရိုး၏ သဘာဝ နတ်ဘုရားစွမ်းရည်ကို ပထမဆုံး စဉ်းစားမိ၏။

ယင်းက အစစ်အမှန်နဂါး၏ မဟာနတ်ဘုရားစွမ်းရည်၊ ခွန်ပန် မဟာနတ်ဘုရားစွမ်းရည်နှင့် မိုးကြိုးဧကရာဇ်၏ မဟာနတ်ဘုရားသိုင်းနှင့် နှိုင်းယှဉ်နိုင်သော ထိပ်တန်း နတ်ဘုရားစွမ်းရည်တစ်ခု ဖြစ်ချေသည်။

နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်၏ နတ်ဘုရားစွမ်းရည်ကို ဆုပ်ကိုင်နိုင်ပါက၊ နိယာမအင်အားကို ထိန်းချုပ်နိုင်ကြမည် ဖြစ်သည်။

ယင်းက အပိုနိယာမတစ်ခုကို ဆုပ်ကိုင်နိုင်ခြင်းနှင့် မခြားပေ။

အဓိပဓိများက နိယာမများကို နားလည်ကာ ထိန်းချုပ်နိုင်ကြသည်။

နိယာမ အရေအတွက်များများကို နားလည်နိုင်လေ၊ ပို၍ အားကောင်းလေ ဖြစ်၏။

နိယာမကိုးခုအထိ နားလည်နိုင်ပါက အဓိပဓိများကြား၌ အထွတ်အထိပ် ဖြစ်နိုင်သည်။

"ဒီနတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်ကို ဖမ်းဆီးပြီး သခင်ကို ပေးနိုင်မယ်ဆိုရင်..."

နေမင်းကာကွယ်သူနှင့် လမင်းကာကွယ်သူတို့ နှစ်ဦးစလုံး စိတ်လှုပ်ရှားလာခဲ့ကြသည်။

အကယ်၍ သူတို့၏ ကစဉ့်ကလျားခန္ဓာသခင်သာ နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်ကို ရရှိခဲ့ပါက၊ ယွိချန်ကျွမ့်ကို ရရှိခြင်းထက် ပို၍ ကျေနပ်ပေလိမ့်မည်။

နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်ကို နောက်လိုက်အဖြစ် လက်ခံနိုင်ပါက၊ အနာဂတ်တွင် စွမ်းအားကြီးမားသော တိုက်ခိုက်သူကျွန်တစ်ဦး ဖြစ်လာမည်မှာ သေချာသည်။

ဟုတ်သည်၊ အင်မော်တယ်နယ်မြေကြီး၏ နယ်စပ်ရှိ အဘိုးကြီးများက နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်ကို တစ်စုံတစ်ယောက်၏ ကျွန်အဖြစ်ခံမည် မဟုတ်ပေ။

နောက်ဆုံးတွင် ဤမျိုးနွယ်စုက အင်မော်တယ်နယ်မြေကြီးအတွက် ကောင်းကျိုးများစွာ ဆောင်ယူပေးခဲ့ဖူးသည်။ ထိုမျိုးနွယ်၏မျိုးဆက်တစ်ဦး ရှိနေသေးကြောင်း သိလိုက်ပါက ထိုအဘိုးကြီးများ လွန်စွာ စိတ်လှုပ်ရှားသွားလိမ့်မည်။

နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်ကို အာရုံစိုက်နေသူက သူတို့နှစ်ဦးတည်းတော့ မဟုတ်ပါ။

ကျိချင်းရီ၏ မျက်လုံးများလည်း အရောင်လက်သွားသည်။ သို့ရာတွင်၊ သူမက ဘာမျှမပြောခဲ့ပေ။

ကောင်းကင်ပိုးသားတော်၏ အသက်ရှူနှုန်းက အနည်းငယ် မြန်လာသည်။

နောက်ဆုံးတွင်၊ ဤနေရာကို ဘာကြောင့် သူခံစားနေမိမှန်း နားလည်သွားပြီ ဖြစ်သည်။

ကောင်းကင်ပိုးကောင်၊ နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်နှင့် ကောင်းကင်အိပ်မက်စိတ်ညှို့လိပ်ပြာတို့အားလုံးက ရှေးကျသော မျိုးနွယ်စုကြီးများ ဖြစ်ပေသည်။

သို့ဖြစ်ပေရာ မသိနိုင်သော ဆက်နွယ်မှုမျိုး ရှိသည်။

"နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်ရဲ့ သဘာဝစွမ်းရည်ကို ငါရနိုင်မယ်ဆိုရင်၊ သူ့ရဲ့နည်းလမ်းကို အတုယူပြီး အသွင်ပြောင်းခြင်းဆယ်ခု နတ်ပိုးကောင်ဖြစ်လာစေနိုင်လောက်တယ်"

ကောင်းကင်ပိုးသားတော်၏ စိတ်နေစိတ်ထားဖြင့်ပင် မတည်ငြိမ်နိုင်တော့ပေ။

ရန်ယုမန်လည်း နားလည်သွားသည်။

နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်နှင့် သူမ၏ မူလခန္ဓာ ကောင်းကင်အိပ်မက်စိတ်ညှို့လိပ်ပြာဟာ ရင်းနှီးသောကြောင့် ထိုသိမ်မွေ့သော ခံစားချက်ကို ရရှိနိုင်ခြင်းပင်။

"ယုမန်၊ ဒီအခွင့်အလမ်းက နင့်အတွက် အရမ်းသင့်တော်တယ်။ နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်ရဲ့ အနှစ်သာရကို ရနိုင်ရင် နင် သေချာပေါက် အသွင်ပြောင်းနိုင်လိမ့်မယ်"

ယွိချန်ကျွမ့်က ပြောလိုက်သည်။

ယခုအခါ သူတို့က ညီအစ်မများကဲ့သို့ ဖြစ်နေပြီ။

"ဒါပေမယ့်..."

ရန်ယုမန်က ကောင်းကင်ပိုးသားတော်ကို တစ်ချက်ကြည့်လိုက်သည်။

ဤအခွင့်အရေးက ရဖို့မလွယ်ပေ။

ခဏလောက်တော့ ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

အတန်ကြာမှ ကျိချင်းရီက တိတ်ဆိတ်မှုကို ပထမဆုံး ဖြိုခွင်းခဲ့လေသည်။

"ဒီနေရာမှာ နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်ကို ရှာတွေ့နိုင်မယ်လို့ မမျှော်လင့်ထားဘူး။ ဒီရှေးဟောင်းမြို့တော်က နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်တွေရဲ့ ဘိုးဘေးတွေ ထားခဲ့တဲ့ အမွေအနှစ်ဖြစ်သင့်တယ်"

"ဒီနတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်က ငါ့အပေါ် အများကြီး သက်ရောက်မှုရှိတယ်"

ကောင်းကင်ပိုးသားတော်က ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

သူဟာ ကောင်းကင်ပိူးတောင်ကြား၏ အိပ်စက်နေရာမှ နိုးထလာသော မျိုးစေ့အဆင့် အဓိပဓိနယ်ပယ် ပါရမီရှင် ဖြစ်သည်။

ဤနေရာတွင် သူ၏ ကျင့်ကြံခြင်းနှင့် ခွန်အားက အမြင့်ဆုံး ဖြစ်၏။

ကျိချင်းရီ၊ နေမင်းကာကွယ်သူနှင့် လမင်းကာကွယ်သူက အဓိပဓိတစ်ပိုင်းနယ်ပယ်၌သာ ရှိ‌သေးသည်။

ဟုတ်သည်၊ ကျိချင်းရီ၏ နယ်ပယ်နှင့် ခွန်အားက အချိုးကျမှုရှိမရှိ သူကိုယ်တိုင်သာ သိလိမ့်မည်။

မင်းသမီးလုံကျိနှင့် အခြားသူများကတော့ သဘာဝအတိုင်း အဆိုးဆုံးအခြေအနေတွင် ရှိကြသည်။

သို့သော်လည်း ထိုမိန်းကလေးသုံးယောက်က လွန်စွာ ထက်မြက်ကြပေသည်။

သူတို့၏ အရည်အချင်းနှင့် သင့်၏၊ မသင့်၏ကို ကောင်းစွာသိနားလည်သည်။

"ဒီနတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်ကို ထားလိုက်ပါတော့။ ငါတို့တွေ ရှေးမြို့ဟောင်းရဲ့ အ‌ခြားနေရာတွေကို စူးစမ်းကြည့်ကြရအောင်"

မင်းသမီးလုံကျိက တည်ငြိမ်စွာပြောလိုက်သည်။

သူဟာ လက်ကိုးချောင်းသူတော်စင်နဂါးဧကရာဇ်ထံမှ အမွေရရှိခဲ့သော်လည်း နိမ့်ကျနေသေးသည်။ သူမ၏ အခြေခံအုတ်မြစ်က ဤပါရမီရှင်များနှင့် နှိုင်းယှဉ်ပါက အားနည်းသည်။

မျိုးစေ့အဆင့် ပါရမီရှင်များနှင့်ဆိုပါက အထူးပြောနေရန်ပင် မလိုတော့ပေ။

ရန်ယုမန်လည်း အများကြီး မပြောတော့ပါ။

နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်ကို လိုချင်မိသော်လည်း ကောင်းကင်ပိုးသားတော်နှင့် မယှဉ်နိုင်မှန်း သူသိသည်။

သို့သော်၊ ထိုအချိန်တွင် ထွက်ပေါ်လာသော စကားသံက သူတို့သုံးယောက်၏ နှလုံးသားကို အေးစက်သွားစေခဲ့သည်။

"ခဏနေဦး၊ ယွိချန်ကျွမ့်... မင်းကို အင်မော်တယ်အကယ်ဒမီမှာတုန်းက ရွေးချယ်ခွင့်တစ်ခု ပေးခဲ့တယ်။ အခု မင်းကို နောက်ထပ်အခွင့်အရေးတစ်ခု ပေးဦးမယ်"

နေမင်းကာကွယ်သူက ပြောလိုက်သည်။

ယွိချန်ကျွမ့်၏ လှပသော မျက်နှာလေးက အေးစက်သွားသည်။

"ငါ ပြောပြီးသားစကားကို ဒုတိယအကြိမ် ထပ်မပြောဘူး"

ယွိချန်ကျွမ့်က လျစ်လျူရှုစွာ ပြောလိုက်၏။

နေမင်းကာကွယ်သူက သူ့ကိုဂရုမစိုက်ဘဲ အနည်းငယ်ပြုံးပြီး ကောင်းကင်ပိုးသားတော်ကိုကြည့်ကာ ပြောလိုက်သည်။

"ကောင်းကင်ပိုးသားတော်၊ တချိန်က ကျွင်းရှောင်ယောက်ဟာ မင်းရဲ့မျိုးနွယ်က ယွမ်စန်းတောက်ဇီကို သတ်ခဲ့တယ်ဆိုတာ မင်းသိပြီးပြီ မဟုတ်လား"

"သူက ကောင်းကင်ပိုးတောင်ကြားရဲ့ ပိုးမင်းသမီးကိုလည်း ဖိနှိပ်ပြီး ကျန်းမိသားစုရဲ့ နတ်ဘုရားမ ကျန်းစန်းယီအတွက် အစေခံဖြစ်စေခဲ့တယ်"

"ဒီစာရင်းတွေကို မင်း မရှင်းချင်ဘူးလား"

"အရှက်မရှိလိုက်တာ"

ထိုစကားကိုကြားတော့ ရန်ယုမန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။

နေမင်းကာကွယ်သူက ကောင်းကင်ပိုးသားတော်ကို ဆွဲဆောင်ပြီး သူတို့ကိုပစ်မှတ်ထားရန် ကြိုးစားနေ၏။

မျှော်လင့်ထားသည့်အတိုင်း၊ ကောင်းကင်ပိုးသားတော်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။

နေမင်းကာကွယ်သူက သူ့ကို အမှန်တကယ် လှုံ့ဆော်နိုင်ခဲ့တာတော့ မဟုတ်ပေ။

မျိုးစေ့အဆင့် ပါရမီရှင်တစ်ယောက်အနေဖြင့် ဤစရိုက်မျိုး သူ့မှာ မရှိပါ။

ထိုအစား ကောင်းကင်ပိုးသားတော်ဟာ ရန်ယုမန်၏ မူလခန္ဓာက ကောင်းကင်အိပ်မက်စိတ်ညှို့လိပ်ပြာဖြစ်မည်ဟု ခန့်မှန်းမိခဲ့ခြင်း ဖြစ်သည်။

သူ့ကို ရနိုင်ပါက၊ နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်နှင့် ထပ်ပေါင်းလိုက်လျှင်...

အသွင်ပြောင်းခြင်းဆယ်ခု နတ်ပိုးကောင်အဖြစ်သို့ အသွင်ပြောင်းနိုင်ခြေ ခုနစ်ဆယ်၊ ရှစ်ဆယ်ရာခိုင်နှုန်းအထိ တိုးမြင့်လာပေမည်။

နောက်ဆုံးတွင်၊ ကောင်းကင်အိပ်မက်စိတ်ညှို့လိပ်ပြာက ရှေးဦးသားရဲမျိုးနွယ်တစ်ခု ဖြစ်သည်။

ရန်ယုမန် အားနည်း‌နေသေးသည့် အကြောင်းရင်းက၊ သူမ၏ သွေးမျိုးဆက်နိုးထမှု အတော်လေး နောက်ကျခဲ့ခြင်းကြောင့် ဖြစ်ချေသည်။ နောက်ပိုင်းမှသာ ကျွင်းရှောင်ယောက်၏ အကူအညီဖြင့် နိုးလာခဲ့ခြင်း ဖြစ်သည်။

ထိုသို့တွေးရင်း ကောင်းကင်ပိုးသားတော်က ရန်ယုမန်ကို လှမ်းကြည့်လိုက်၏။

ကျောက်စိမ်းပမာ နူးညံ့၍ ကြည်လင်သောမျက်နှာ၊ ခြေတံရှည်ရှည်နှင့်...

ရုပ်ရပ်၊ သွေးမျိုးဆက်၊ အရည်အချင်း အားလုံးပြည့်စုံသော မိန်းမလှတစ်ဦး...

သူမကို မယားအဖြစ် သိမ်းပိုက်နိုင်ပါက မဆိုးလှပေ။

"ရန်ယုမန်၊ မင်းလည်း နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်ရဲ့ လျှို့ဝှက်ချက်ကို နားလည်ချင်တယ်မဟုတ်လား။ ငါ မင်းကို ဝေမျှလို့ရတယ်"

ကောင်းကင်ပိုးသားတော်က ပြောလိုက်သည်။

"မလိုဘူး"

ရန်ယုမန် ပြတ်ပြတ် ပြောလိုက်၏။

ကောင်းကင်ပိုးသားတော်၏ သူမကို ကြည့်နေပုံက သူ့အား အလွန်စက်ဆုပ်သွားစေသည်။

"ငါက စေတနာနဲ့‌ပြောနေတာနော်။ ဒါကို မင်းငြင်းဆန်လို့မရဘူး"

ကောင်းကင်ပိုးသားတော်က ရှေ့သို့ အနည်းငယ် လှမ်းလိုက်သည်။

ယင်းကိုမြင်တော့ နေမင်းကာကွယ်သူကလည်း ရယ်မောပြီး လမင်းကာကွယ်သူနှင့်အတူ ရှေ့သို့တိုးလိုက်၏။

တစ်ဖက်မှာတော့ ကျိချင်းရီက တည်ငြိမ်စွာပင် စောင့်ကြည့်နေခဲ့သည်။

"နင်တို့ တကယ်လှုပ်ရှားရင် ကျွင်းမိသားစု၊ ကျွင်းဧကရာဇ်ခုံရုံးနဲ့ နတ်ဆိုးနတ်ဘုရားနန်းတော်တို့ကို အပြစ်ပြုမိမှာ မကြောက်ဘူးလား"

မင်းသမီးလုံကျိ၏ မျက်လုံးများက အေးစက်သွားသည်။

ကျွင်းရှောင်ယောက် မရှိတော့သော်လည်း သူ့နောက်ကွယ်မှ အင်အားစုများ ရှိနေကြသေးသည်။

"အတိတ်ကို ဘာကြောင့် ပြန်တူးဆွနေရတာလဲ။ ငါသာ စောစောမွေးခဲ့ရင် ကျွင်းရှောင်ယောက် ဒီလောက်နာမည်ကြီးမှာတောင် မဟုတ်ဘူး"

ကောင်းကင်ပိုးသားတော်က လှောင်ပြောင်ပြောဆိုရင်း ရန်ယုမန်ဆီသို့ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။

နေမင်းကာကွယ်သူနှင့် လမင်းကာကွယ်သူကလည်း ယွိချန်ကျွမ့်ကို ဖမ်းဆီးရန် ဟန်ပြင်လိုက်၏။

"အတင့်ရဲလိုက်တာ၊ သခင်လေးနဲ့ယှဉ်ရင် နင်က ဘာကောင်မှ မဟုတ်ဘူး"

မင်းသမီးလုံကျိက ဒေါသတကြီး အော်ဟစ်လိုက်သည်။

"မင်းသမီးလုံကျိ၊ မင်းရူးနေပြီထင်တယ်။ မင်းက ရှေးဟောင်းတော်ဝင်မိသားစုကို အရှက်ရစေတာပဲ"

ကောင်းကင်ပိုးသားတော်က လျစ်လျူရှုပြီး ဆက်လက်ဖိနှိပ်ခဲ့သည်။

ထိုစဉ်...

"ဝုန်း"

ဘီလူးကြီးတစ်ကောင် တိုးဝင်လာသလိုမျိုး ကျစ်ကျင်းရှေးမြို့တော်ဟောင်းတစ်ခုလုံး ရုတ်တရက် တုန်လှုပ်သွားသည်။

အဝေးတွင် ပြင်းထန်သော ကစဉ့်ကလျားစွမ်းအင်များက လှိုင်းလုံးကြီးကဲ့သို့ လိမ့်တက်လာ၏။

ထိုအခြေအနေကြောင့် နေမင်းကာကွယ်သူမှာ ဝမ်းသာအားရ ဖြစ်သွားတော့သည်။

သို့သော်၊ သူ့ပါးစပ်ကိုဟပြီး "သခင်"ဟု အော်ဟစ်ရန် ဟန်ပြင်ပြီးမှ ကစဉ့်ကလျားခန္ဓာဟာ မနိုးထသေးကြောင်း ပြန်သတိရသွားမိသည်။

သို့ဆိုလျှင်၊ ဤကစဉ့်ကလျားစွမ်းအင်၏ အရင်းအမြစ်က...

"ဝုန်း"

ကောင်းကင်ယံတွင် ပြည့်နှက်နေသော ကစဉ့်ကလျားစွမ်းအင်များကြားမှ အဖြူရောင် ၀တ်စုံဝတ်ဆင်ထားပြီး သရဲမျက်နှာဖုံးစွပ်ထားသည့် ရုပ်သွင်တစ်ခု ထွက်ပေါ်လာခဲ့သည်။

ထို့နောက်တော့ စကားတစ်ခွန်းမှ မပြောဘဲ လက်တစ်ဖက်ကို မြှောက်ကာ ကောင်းကင်ပိုးသားတော်ကို ရိုက်ချလိုက်တော့သည်။

All Chapters